အပိုင်း ၁၂၈•၂
” ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အလင်းတန်း ”
°`°
” နှမြောစရာပဲ ကြယ်တာရာလော့နိုင်ငံကတော့ အမှားကြီးမှားသွားပြီ သူတို့တွေက မင်းရဲ့တကယ်စွမ်းအားအစစ်အမှန်ကိုရှာမတွေ့သေးဘူး…ဒီတော့ ငါကသာနောက်ဆုံးအနိုင်ရမဲ့သူပဲ မင်းကသေချာပေါက် သာမန်နှစ်တစ်သိန်းသားရဲကောင်မဟုတ်ပဲ အနည်းဆုံးနှစ်တစ်သိန်းကိုးထောင်ကိုးရာကိုးဆယ်ကိုးနှစ်ရှိပြီဖြစ်လောက်တယ်မဟုတ်လား မင်းအနေနဲ့ အဆင့်ကျော်တိုးတက်မှုကို မလုပ်ရသေးတာကြောင့် ဒီလိုအခြေအနေရောက်သွားတာ ဟုတ်တယ်ဟုတ် ”
” ဒါကမင်းလို၀ိညာဥ်သားရဲကောင်အတွက် ပထမဆုံးအကြိမ် အဆင့်ကျော်တိုးတက်ဖို့ကြိုးစားတာ မဟုတ်လောက်ဘူး…မင်းက အဆုံးသတ်မှာ မအောင်မြင်ခဲ့ဘူးပေါ့ ဒါပေမယ့် ငါသိချင်တာတစ်ခုရှိတယ်..ငါတို့လူသားတွေသိရသလောက်အရဆိုရင် ၀ိညာဥ်သားရဲကောင်တွေက နှစ်ပေါင်းတစ်သိန်းပြီတဲ့နောက်မှာ လူသားအဖြစ် ပြန်လည်ကျင့်ကြံနိုင်ဖို့အခွင့်အရေးတစ်ခုပဲရှိတော့တယ်တဲ့ ဒါပေမယ့် မင်းက အဲ့ဒီကန့်သတ်ချက်ကို ဘယ်လိုများဖောက်ဖျက်လာတာလဲ ဒါက်ိုမင်းလုပ်နိုင်ခဲ့တယ်နော် ဒီအကြောင်းကိုငါသိချင်လိုက်တာ ”
” မစိုးရိမ်ပါနဲ့ ငါသိချင်ပေမဲ့ မင်းကိုဒီနေရာမှာအကောင်းဆုံးအပြည့်အ၀အသုံးချပေးမယ်…မင်းကိုကောင်းကောင်းလေ့လာပြီ မင်းရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားကို တစ်အောင်စချင်းဆီဆွဲထုတ်ပြီ နှစ်နှစ်သိန်းကျင့်ကြံဆင့်ကို အလဟာသမဖြစ်စေရပါဘူး…တကယ်ကိုအံ့ဩစရာကောင်းလိုက်တာ မင်းဆီကနေအင်အားကို ငှားရမ်းပြီမင်းရဲ့အင်အားတွေအားလုံးကို အသုံးပြုရင်း အဲ့ဒီအခက်အခဲကိုဖြတ်ကျော်နိုင်မယ်နဲ့တူတယ်…ဒါဆိုရင် ငါသာမင်းရဲ့စွမ်းအားကိုရယူပြီလို့ကတော့ မင်းလဲထူးကဲသာလွန်၀ိညာဥ်သားရဲကောင်ဖြစ်သွားလိမ့်မယ် ..ဒါပေမယ့် ၀ိညာဥ်ပညာရှင်တွေက မင်းရဲ့စွမ်းအားတွေကိုစုပ်ယူဖို့ခက်ခဲကောင်းခက်ခဲနိုင်ပေမဲ့ ငါ့အတွက်တော့ သိပ်ပြီပြဿနာမရှိနိုင်ပါဘူး..နှမြောစရာကောင်းလိုက်တာ ငါ့မှာ၀ိညာဥ်စက်ကွင်းက ကိုးခုရှိနေပြီးပြီ ဒီတော့မင်းရဲ့စွမ်းအားကိုငါ့ရဲ့ပါရမီရှင်မြေးအပေါ်မှာပဲ အသုံးချပေးလို့ရတော့မယ်..မိသားစုထဲမှာရှိတဲ့ လူတိုင်းကတော့ သေချာပေါက် အဆုံးသတ်မှာအတူတူပဲလေ ”
ခန်းမသခင်ရဲ့ မျက်လုံးတွေက နူးညံ့လို့နေခဲ့ပြီ သူ့ရဲ့ကိုယ်ပိုင်ကလေးကို စကားပြောနေတဲ့အတိုင်ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့အသံထဲမှာတောင် ချစ်ခင်မြတ်နိုးစိတ်တွေက အပြည့်ပါပဲ။
အဖြူရောင်မြူခိုတွေကတော့ ရုတ်တရက်ဆိုသလို ဒေါသတကြီးမြည်ဟီးလာပါတော့တယ်။ အဲ့ဒီနောက် သူက ခန်းမသခင်ရဲ့အသိစိတ်ထဲမှာ ရုတ်တရက်ပေါ်လာခဲ့တယ်။
ခန်းမသခင်ကတော့ ပြောလိုက်ပါတယ်။
” မင်းကိုမင်း ကံကောင်းတယ်လို့သာတွေးထားလိုက် ငါရဲ့ချီးမွမ်းမှုနဲ့ အာရုံစ်ိုက်မှုကိုရတဲ့ ရတနာတွေဆိုတာရှားပါးလွန်တယ်..လူတစ်ယောက်က ထိပ်ဆုံးကိုရောက်သွားပြီဆိုရင် ၀မ်းအနည်းဆုံးကိစ္စကဘာဖြစ်မယ်လို့ထင်လဲ သေချာပေါက် ပျော်ရွှင်မှုမရှိတာပဲပေါ့ မင်းဆီကနေဒီပျော်ရွှင်တဲ့ခံစားချက်ကို ငါခံစားမိနေတယ်…ဒီပျော်ရွှင်မှုက ငါနဲ့အချိန်အကြာကြီးရှိနေမယ်လို့လဲ ငါယုံကြည်တယ် ”
°°°
အမျက်ဒေါသကျောင်းတော်ရဲ့ အဓိကဂိတ်တံခါးကြီးမှာတော့ နေ့လည်နေ့ခင်းဖြစ်တာကြောင့် စာသင်ကြားချိန်ရောက်နေခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့အဓိကဂိတ်တံခါးကြီးက အရမ်းကိုတည်ငြိမ်အေးဆေးလို့နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ များပြားတဲ့ စျေးသည်တွေနဲ့ ကုန်သည်တွေအားလုံးက ပုံမှန်နေ့တွေမှာလိုမျိုး စုဝေးမနေခဲ့ကြပါဘူး။ ကျောင်းတော်ရဲ့တံခါးရှေ့မှာရပ်နေသူငါးယောက်သာရှိနေခဲ့ပါတယ်။
ဒါကတော့ ကျောင်းအုပ်ရန်ရှောင်ကျဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ ကျောင်းအုပ်ရှန်လင်းအယ်အပြင် နောက်ထပ်သုံးယောက်လဲ ရှိနေခဲ့တယ်။ ဒါတွေကတော့ လက်ထောက်ကျောင်းအုပ် ချိုက်မိန်အယ် လက်ထောက်ကျောင်းအုပ်ချင်းသောသောနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့အဓိကဆရာဖြစ်သူ ဖန်းယွီပါပဲ။ သူက ဟို့ယွိဟောင်ရဲ့ အဓိကဆရာလဲဖြစ်နေခဲ့သေးတယ်။
ကျောင်းအုပ်လေးယောက်လုံးက ဖန်းယွီနဲ့အတူရှိနေခဲ့ပါပြီ။ ဖန်းယွီကတော့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ နောက်ထပ်အသစ်တက်မဲ့လက်ထောက်ကျောင်းအုပ်လို့ပြောလို့ရနိုင်ခဲ့တယ်။ ဒီအုပ်စုက တခြားဆရာတွေကိုခေါ်ပြီရှိမနေခဲ့ပါဘူး။
သူတို့တွေကတော့ အဝေးနေရာကို ခေါင်းတမော့မော့နဲ့ကြည့်နေရင်း တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့ကြပါတယ်။
သူတို့မြင်ကွင်းထဲကို အနက်ရောင်အစက်ကလေးလိုလူတွေက တစ်စက်ပြီတစ်စက်၀င်ရောက်လို့လာခဲ့ပါပြီ။ အဝေးကောင်းကင်ကနေ သူတို့ဆီကို ဖြည်းဖြည်းချင်းဆင်းသက်လာခဲ့ပါတယ်။
” သူတို့ပြန်လာကြပြီ ”
ရန်ရှောင်ကျဲ့က ပြုံးနေခဲ့ပါတယ်။ ရှန်လင်းအယ်ကတော့ အရှေ့ကိုခြေတစ်လှမ်းတိုးလာရင်း ပြောခဲ့တယ်။
” သူတို့ပြန်လာကြပြီပဲ ”
သူမအတော်လေးစိတ်လှုပ်ရှားနေခဲ့တယ်ဆိုတာအသိအသာကြီးပါ။ ပုံမှန်အခြေအနေတွေမှာလို ရန်ရှောင်ကျဲ့နဲ့သွားပြီရန်ဖြစ်နေဖို့ စိတ်ပါပုံမပေါ်ပါဘူး။
ဟုတ်ပါတယ် အမျက်ဒေါသကျောင်းတော်ရဲ့ အဓိကသူရဲကောင်းတွေကို ဒီနေ့လာကြိုဆိုဖို့သူတို့ငါးယောက်စလုံးရောက်နေခဲ့တာပါ။
များပြားတဲ့လူတွေက မြေပြင်ပေါ်ကိုဆင်းသက်လာခဲ့ပါတယ်။ ပထမဆုံးဆင်းသက်လာခဲ့တဲ့သူကတော့ အင်္ကျီလက်ပြတ်ကို၀တ်ထားတဲ့ အကြီးအကဲရွှမ်ပါပဲ။ သူက သူ့ရဲ့ကြီးမားတဲ့လက်ကြီးတွေကို ဝှေ့ရမ်းလိုက်ချိန်မှာတော့ နောက်ဖက်မှာဆက်တိုက်ဆိုသလို ဆင်းသက်လာခဲ့ကြပါပြီ။ အဲ့ဒီနောက် လေပေါ်ကလူနှစ်ယောက်ကိုလဲ သူဖမ်းဆွဲလိုက်ပါတယ်။
ရှုစန်းရှီက လက်ရှိအချိန်သတိလစ်နေဆဲပါပဲ။ ကျန်းနန်နန်ကတော့ သတိရနေခဲ့ပြီဖြစ်ပါတယ်။ အမျက်ဒေါသကျောင်းတော်ဆိုတဲ့ စာတန်းကြီးကိုမြင်ချိန်မှာတော့ သူမရဲ့မျက်လုံးထဲမှာမျက်ရည်တွေက ရစ်၀ဲလို့လာပါတော့တယ်။
သူတို့တွေခရီးထွက်သွားတာနှစ်လလောက်မရှိသေးပေမဲ့ ဒီနှစ်လတာအတွင်းမှာတွေ့ကြုံခဲ့ရတဲ့ကိစ္စတွေက များပြားလွန်လှပါတယ်။
ပေ့ပေ့နဲ့ ထိုက်ယွဲ့ဟန်နှစ်ယောက်က ရှုစန်းရှီပါတဲ့အိပ်ရာလိုအရာကို ချီထားခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့၀မ်သုန့်တို့ကတော့ ကျန်းနန်နန်ကို တာ၀န်ယူထားခဲ့ကြတယ်။ အားလုံးကတော့ စိတ်လှုပ်ရှားတက်ကြွနေခဲ့ပါပြီ။ လူငယ်တွေကတော့ လက်ရှိအချိန်မှာ မျက်ရည်တွေတောင်၀ဲနေခဲ့ပါတယ်။
သူတို့တွေဒီကာလအတွင်းမှာဖြတ်သန်းခဲ့ရတာတွေက များပြားလွန်လှပေမဲ့ ကျောင်းတော်ရဲ့ဂုဏ်သိက္ခာအတွက် ကာကွယ်နိုင်ခဲ့ကြတယ်။ နောက်ဆုံးတော့အိမ်ကိုပြန်ရောက်ခဲ့ပါပြီ။ သူတို့ရင်းနှီးခဲ့တဲ့ အဓိကကျောင်းတော်ဂိတ်တံခါးကြီးမှာ ရပ်နေနိုင်ပါတယ်။
” အိမ်ပြန်လာတာကြိုဆိုပါတယ်ကလေးတို့ ”
ရန်ရှောင်ကျဲ့နဲ့ တခြားသူတွေက လက်ကမ်းရင်းကြိုဆိုနေခဲ့ကြပါတယ်။ သူတို့ငါးယောက်က အကြီးအကဲရွှမ်ကို စကားပြောတဲ့အချိန်မှာ အရမ်းကိုလေးလေးစားစားရှိကြပါတယ်။
ရန်ရှောင်ကျဲ့နဲ့ ချိုက်မိန်အယ်တို့ကလဲ သူတို့ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်လို့ထားပေမဲ့ ဖန်းယွီကတော့မလုပ်နိုင်ပါဘူး။ ချက်ချင်းဆိုသလို ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့တို့ကို သူအတင်းဆွဲခေါ်ပါတော့တယ်။ ဒီတပည့်သားနှစ်ယောက်ဘာမှမဖြစ်မှန်း သေချာအောင်လုပ်ပြီတော့မှသာ သူစိတ်အေးလက်အေးရှိသွားတော့တယ်။
ဟယ့်ချိုက်ထို့ကတော့ ပြောလာခဲ့ပါတယ်။
” ဆရာကျွန်တော် ဆရာကိုမျက်နှာမပျက်စေခဲ့ဘူး…ကျောင်းတော်ကိုလဲ မျက်နှာမပျက်စေခဲ့ဘူး ”
ဖန်းယွီက သူ့ကိုကြည့်နေခဲ့ပါတယ်။ အဲ့ဒီနောက် မျက်ရည်တွေကျနေတဲ့ဟို့ယွိဟောင်ကို ကြည့်လိုက်ပြီသူတပည့်သားနှစ်ယောက်ကိုဖက်ရင်း ပြောလာခဲ့တယ်။
” ငါတပည့်တို့ မင်းတို့နှစ်ယောက်ငါ့ကိုစိတ်ပျက်စေပါ ငါမကြောက်ဘူး…အားလုံးအန္တရာယ်ကင်းကင်းနဲ့ ပြန်လာဖို့ပဲ ငါ မျှော်လင့်ခဲ့တာ ”
ဒီအချိန်ကာလက ဖန်းယွီအတွက်စိတ်မအေးရဆုံးနေ့ စိတ်အပူရဆုံးကာလတွေပါပဲ။ သူသာ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့နောက်တက်ရမဲ့လက်ထောက်ကျောင်းအုပ်သာမဟုတ်ဘူးဆိုရင် ဒီနေရာမှာရှိနေခွင့်ရမှာတောင်မဟုတ်ပါဘူး။
အဓိကအဖွဲ့သားတွေပြင်းထန်တဲ့ အသက်အန္တရာယ်ရှိလုနီးပါးပြန်လာခဲ့ပြီတဲ့နေ့ကနေစပြီ ဖန်းယွီလဲ တစ်ရင်လေးမှကိုစိတ်မအေးရပဲ နေခဲ့ရတာပါ။ အကြီးအကဲမုက အကြိုအဖွဲ့နဲ့တင် ကျောင်းတော်ရဲ့ပြိုင်ပွဲကို ဆက်ပြိုင်ခိုင်းမယ်လို့ သိရပြီတဲ့နောက် သူသတိလစ်တော့မလိုတောင် ဖြစ်သွားခဲ့ပါတယ်။ ကျောင်းတော်ရဲ့အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲက လုံခြုံတဲ့ပြိုင်ပွဲဆိုတာ သူကောင်းကောင်းသိနေခဲ့တယ်။ ဒါ့အပြင် ပွဲတိုင်လိုလိုပါ၀င်ယှဥ်ပြိုင်တဲ့ကျောင်းသားတွေသေနေကြတာပါ။
သူ့မှာတိုက်ရိုက်တပည့်သားက နှစ်ယောက်သာရှိပါတယ်။ ဖန်းယွီနဲ့ ကျိုးယိနှစ်ယောက်က ကိုယ်ပိုင်သားသမီးမထွန်းကားတဲ့အတွက် သူတို့က ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်ကို သားသမီးတွေလိုပဲ သဘောထားကြတာပါ။ ကြယ်တာရာလော့မြို့တော်ကိုသူသွားဖို့အကြိမ်ကြိမ်ကြံစည်ပေမဲ့ ချင်းသောသောကသူ့ကိုတားထားခဲ့ပါတယ်။
အခုတော့သူ့ရဲ့သားသမီးလိုတပည့်သားတွေအိမ်ပြန်ရောက်လာချိန်မှာ ဖန်းယွီအနေနဲ့ မပျော်ရွှင်လို့ဘယ်နေပါ့မလဲ။ လူကြမ်းကြီးက လက်ရှိအချိန်မှာတော့ မျက်ရည်တွေကျနေခဲ့ပါပြီ။ ကျောင်းအုပ်လေးယောက်ကတော့ ဒီအုပ်စုကို လုံလုံခြုံခြုံပြန်လာတဲ့အတွက် ကြိုဆိုပြီတဲ့နောက် ပင်လယ်နတ်ဘုရားရေကန်ရဲ့ ကုန်မြင့်ကစောင့်ဆိုင်းနေတဲ့လှေဆီကို ခေါ်လာကြပါတော့တယ်။
အားလုံးကတော့ ကျောင်းအုပ်တွေကိုကြည့်ရင်း အထိတ်တလန့်ဖြစ်နေခဲ့တယ်။ ရန်ရှောင်ကျဲ့က ပြုံးပြရင်းရှင်းပြလာခဲ့ပါတယ်။
” မင်းတို့ကကျောင်းအတွက် အများကြီးစတေးခဲ့တယ်…လူအပြည့်အစုံရှိမနေတာတောင် တိုက်ကြီးရဲ့အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲကို ဆက်ပြီတိုက်ခိုက်ခဲ့တဲ့အပြင် ချန်ပီယံလဲဖြစ်ခဲ့ကြတယ်..ဒီမှတ်တမ်းက ကျောင်းတော်ရဲ့သမိုင်းတစ်လျှောက်မှာအမြဲတမ်းရှိနေခဲ့မှာပဲ ဒါ့အပြင် ပင်လယ်နတ်ဘုရားခန်းမဆောင်က အားလုံးကိုဆုချီးမြင့်ဖို့ဆုံးဖြတ်လိုက်ပါပြီးပြီ ပင်လယ်နတ်ဘုရားကျွန်းရဲ့အထဲက ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ ဒီလိုဆုချီးမြင့်လိမ့်မယ် ”
ဟို့ယွိဟောင်ရော ၀မ်သုန့်ရော နှစ်ယောက်စလုံးက လက်ရှိအချိန်မှာ ပင်လယ်နတ်ဘုရားခန်းမဆောင်ကို လုံး၀မသိပါဘူး။ ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့ကတော့သိကြတဲ့အတိုင်း ထိတ်လန့်ကုန်ကြပါတော့တယ်။
ပင်လယ်နတ်ဘုရားခန်းမဆောင်က အမျက်ဒေါသကျောင်းတော်ရဲ့အဓိကဗဟိုချက်ဖြစ်သလို အရာအားလုံးရဲ့ရတနာလို့လဲ ပြောလို့ရပါတယ်။ အစည်းအဝေးပွဲတွေကိုလဲဒီနေရာမှာသာ ကျင်းပတာပါ။ အမျက်ဒေါသကျောင်းတော်ရဲ့ ထိပ်တန်းလျှို့၀ှက်ချက်တွေအားလုံးကိုလဲ ဒီနေရာမှာသိမ်းဆည်းထားတဲ့ဘယ်သူကမှ သာမန်အချိန်တွေမျိုးမှာအထဲကို၀င်ရောက်ခွင့်မရှိပါဘူး။
ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ၀င်ရောက်လို့ရမဲ့အခွင့်အရေးက အရမ်းကိုဂုဏ်ယူစရာကောင်းလွန်လှပါတယ်။
ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်နှစ်ယောက်စလုံးက ဒီအထဲကို၀င်ခွင့်ရတဲ့ကျောင်းတော်သားတွေအကြောင်းကို တစ်ခါမှမကြားခဲ့ဖူးပါဘူး။ သူတို့ရဲ့အရင်အရင်တုန်းက ပြိုင်ပွဲမှာယှဥ်ပြိုင်တဲ့သူတောင် ချန်ပီယံရရင် ဒီလို၀င်ခွင့်ရတယ်ဆိုတာ မကြားခဲ့ဖူးတာပါ။
အားလုံးကလဲ လှေပေါ်ကိုရောက်လာခဲ့ပါပြီ ရန်ရှောင်ကျဲ့က ရှုစန်းရှီရဲ့ကျန်းမာရေးကို အဓိကစစ်ဆေးပြီခဲ့ပါတယ်။ ရှုစန်းရှီနဲ့ ကျန်းနန်နန်ကို ပင်လယ်နတ်ဘုရားကျွန်းစွယ်ထဲမှာ ကုသဖို့နဲ့နေဖို့အတွက် ခပ်မြန်မြန်ပဲ အမိန့်ချလိုက်ပါတယ်။
ဟို့ယွိဟောင်ကတော့ ပင်လယ်နတ်ဘုရားခန်းမဆောင်တည်ရှိနေတာကိုသိပေမဲ့ ဒီအကြောင်းကိုဘာမှများများစားစားမသိသလို စိတ်လဲလှုပ်ရှားလို့နေခဲ့တော့တယ်။ နတ်ဘုရားခန်းမဆောင်ဆိုတာက တိုက်ကြီးတစ်ခုလုံးထဲမှာရော အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းနယ်မြေထဲမှာတောင် အရမ်းကိုအထင်ကြီးစရာကောင်းတဲ့ တစ်ခုလို့သူသိထားခဲ့ရတာပါ။
တကယ်တော့ရှောင်းရှောင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့အားလုံးက ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ၀င်ခွင့်ရတဲ့အတွက် အရမ်းကိုစိတ်လှုပ်ရှားလို့နေခဲ့ပါတယ်။
အပိုင်း ၁၂၈•၂ ပြီး၏။