အပိုင်း ၁၂၈•၁
“ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အလင်းတန်း ”
°°°
နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော် ပုံရိပ်ယောင်အစစ်အမှန်ခန်းမ
ဒီကျယ်၀န်းလှတဲ့ခန်းမကြီးမှာ ရှိရှိသမျှအလှဆင်မှုတွေအားလုံးက သံသတ္ထုနဲ့သာ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် အားလုံးကလဲ အဖြူရောင်နဲ့ ရွှေရောင်ကိုပါပေါင်းစည်းထားတဲ့ အရောင်တွေကြီးပါ။ အထွတ်အမြတ်ထားတဲ့ပစ္စည်းတွေက ကြီးမားပြီခမ်းနားနေတာမရှိပေမဲ့ အားလုံးရဲ့အရည်အသွေးကတော့ ထိပ်တန်းကြီးပါပဲ။
လက်ရှိအချိန်မှာ ခန်းမကြီးရဲ့နံရံထိပ်ဆုံးကနေ တွဲလောင်ကျနေတဲ့ အဖြူရောင်စာလုံးတွေက အတော်လေးကို ခမ်းနားတဲ့အငွေ့အသက်တွေ ပြည့်နှက်လို့နေခဲ့ပါတယ်။ ဒါကတော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမပါပဲ။
” ထကြ ”
ခုံပေါ်မှာထိုင်နေတဲ့သူက ခန်းမကြီးရဲ့အတွင်းအလယ်မှာရှိနေခဲ့ပါတယ်။ သူက အသက်လေးဆယ်ထက်ပိုကြီးပုံမပေါ်သလို အရပ်လဲအရှည်ပဲ ခန္ဓာကိုယ်က ကြံ့ကြံ့ခိုင်ခိုင်တောင့်တောင့်တင်းတင်းရှိနေခဲ့တယ်။ သူ့ရဲ့ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်းပြောပြမယ်ဆိုရင် သေချာပေါက် ပုကွကွဂင်တိုတိုလူပါ။
ဆံပင်ရှည်တွေက ဒီလိုပုကွကွဂင်တိုတိုလူမျိုးနဲ့ မသင့်တော်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ခေါင်းပေါ်မှာတော့ ကျောအထိရေတံခွန်လိုစီးကျနေတဲ့ နီညိုရောင်ဆံပင်ရှည်တွေရှိနေပါတယ်။ ဒါကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကိုယ်လုံးကိုယ်ပေါက်က ကြောက်စရာကောင်းတယ်။ မြေပြင်မှာတော့ ဒူးထောက်နေသူတစ်ယောက်ရှိပါတယ်။ ဒီလိုအမိန့်အာဏာသံကိုကြားပြီးပြီချင်မှာပဲ သူထရပ်တော့တယ်။
” ခန်းမသခင် ကျွန်တော်ကိုကျေးဇူးပြုပြီး အပြစ်ပေးပါ အဖွဲ့ကိုအောင်မြင်အောင် မစွမ်းဆောင်နိုင်လို့ ကျရှုံးခဲ့ပါတယ် ”
ထရပ်လိုက်ချိန်မှာတော့ ဒူးထောက်နေသူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရပါပြီ။ ဒါကတော့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ကျောင်းသားတွေကို ဦးဆောင်ခဲ့တဲ့ဆရာပါပဲ။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာ လက်ရှိအချိန် အကြောက်တရားအပြည့်ဖြစ်နေခဲ့သလိုတတ်နိုင်သလောက်ဒါကို မပေါ်အောင်ထိန်းထားလို့နေခဲ့ပါတယ်။
သူ့ရှေ့မှာရှိနေတဲ့သူကတော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ကျော်ကြားတဲ့ခန်းမသခင်ပါပဲ။ ဒါကြောင့် သူက ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ရဲ့ အဘိုးဆိုတာသေချာနေခဲ့တယ်။ လူတစ်ယောက်က သူ့ရဲ့ရုပ်ရည်သွင်ပြင်ကိုကြည့်ရုံနဲ့တင် အသက်အမှန်ကိုပြောဖို့မလွယ်ပါဘူး။
” မင်းလုပ်ခဲ့တာ အမှားအယွင်းမပါဘူး…ငါတို့တွေထိန်းချုပ်လို့မရနိုင်တဲ့ ကြိုမမြင်ရတဲ့တိုက်ဆိုင်မှုတွေ ကိစ္စတွေဆိုတာရှိနိုင်တာပဲလေ ဒါ့အပြင် မင်းနဲ့ မင်းရဲ့ကျောင်းသားတွေက လူနည်းနည်းသေဆုံးသွားပေမဲ့ အကျိုးရှိခဲ့တာပဲ ပြန်လည်ရှင်သန်ထမြောက်မှုဓားနဲ့ပတ်သက်တဲ့ကိစ္စကတော့ အမျက်ဒေါသကျောင်းတော်ကို ငါကိုယ်တိုင်သွားပြီယူမယ်..ဒါကိုသူ့တို့လက်ထဲ အဆုံးသတ်မခံနိုင်ဘူး…ဒီပြိုင်ပွဲရဲ့ရလဒ်က စိတ်ပျက်စရာကောင်းပေမဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းပိုင်းပြဿနာတွေရှိနေတဲ့အချိန်ဒီလိုမျိုးဖြစ်သွားတာကို ငါဂရုမစိုက်နိုင်ဘူးလေ ”
ခန်းမသခင်ရဲ့ ရက်ရောပြီသနားကြင်နာတတ်တဲ့ပုံစံက အခုဒူးထောက်ထရာလာတဲ့ဆရာကို တအံ့တဩဖြစ်သွားစေခဲ့ပါတယ်။ အကယ်၍ သူသာ မှတ်ဉာဏ်ကောင်းကောင်းရှိသေးဦးမယ်ဆိုရင် ခန်းမသခင်ရဲ့ဒေါသဆိုတာက ရှောင်လွဲလို့မရနိုင်ပါဘူး။ သူခေါင်းမော့ရင် တစ်ချက်ခိုးကြည့်လိုက်ချိန်မှာတော့ ခန်းမသခင်ရဲ့၀ဖောင်းဖောင်းမျက်နှာပေါ်မှာ အပြုံးခပ်ရေးရေးရှိနေတာကို မြင်လိုက်ရပါတယ်။ သူက လုံး၀ကို ဒေါသထွက်မနေခဲ့ပါဘူး။
” ကျေးဇူးတင်ပါတယ် ခန်းမသခင် ”
ဒီတစ်ကြိမ်မှသာ ဆရာလဲစိတ်ချလက်ချရှိပါတော့တယ်။
ဒီနေ့ခန်းမသခင်ရဲ့စိတ်ကကြည်လင်နေပုံပါပဲ။
” ဒီတစ်ခေါက် မင်းရဲ့အောင်မြင်မှုထဲမှာဘာကိုငါအကျေနပ်ဆုံးလဲဆိုတာ မင်းသိလား ”
ဆရာက လက်ရှိအချိန်မှာသူသွေးတိုးစမ်းရင်း မေးကြည့်ပါတယ်။
” နှစ်ပေါင်းတစ်သိန်းကျော်တဲ့ ၀ိညာဥ်သားရဲကောင်ရဲ့ သန္ဓေသားကြောင့်လား ”
ခန်းမသခင်က ခေါင်းခါလိုက်ပါတယ်။
” ဒါကအကျိုးအမြတ်တွေထဲပါပေမဲ့ ငါတို့တွေက ချမ်းသာကြွယ်၀မှုတွေတော်တော်များများကို ပေးလိုက်ရတယ်လေ ဒီတော့မျှမျှတတလှဲလာတယ်လို့ပဲပြောရမှာပေါ့ ငါတို့ရဲ့ လက်ထဲမှာရှိနေတဲ့ ဒီသန္ဓေသားက တခြားသူရဲ့လက်ထဲမှာ အဆုံးသတ်သွားတဲ့သန္ဓေသားတွေနဲ့မတူဘူး…ပြဿနာလဲ တော်တော်များလိမ့်မယ်…ဒါ့အပြင် ပုံရိပ်ယောက်အစစ်အမှန်ခန်းမကနေ ဒါကိုခေါ်လာပြီ ခိုးယူဖို့ကြိုးစားနေတဲ့အုပ်စုက သုံးခုရှိနေပြီ ဒီရတနာတွေဆိုတာက သေချာပေါက် ပြဿနာများတဲ့ပစ္စည်းတွေပဲလေ ဒါ့အပြင် နတ်ဘုရားချိတ်ပိတ်ယက်ပလ္လင်ကြီးလဲ ရှိနေသေးတယ်…နတ်ဘုရားချိတ်ပိတ်ယက်ပလ္လင်က အဆင့်ကိုး၀ိညာဥ်လက်နက်တွေထဲမှာ တန်ဖိုးအကြီးဆုံးပဲ ဒါကိုအဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်ကပဲ ထွင်းထုနိုင်တယ်…နေလနိုင်ငံတော်ရဲ့ ဘယ်အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်ကများ ဒီလိုအထူးရတနာကို ငါတို့ပုံရိပ်ယောင်အစစ်အမှန်ခန်းမလက်ထဲမအပ်ပဲ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ဧကရာဇ်ဆီကို အပ်လိုက်လဲဆိုတာ ငါသိချင်တယ် ”
ခန်းမသခင်ရဲ့ တောက်ပနေတဲ့အကြည့်က လက်ရှိအချိန်မှာ ပိုလို့တောင်ပူပြင်းတောက်ပလာခဲ့ပါပြီ။ လက်ရှိအချိန်မှာကတော့ ကြောက်လန့်နေတဲ့ဆရာက တစ်ချက်တုန်သွားပါတော့တယ်။
” ဆက်ပြီမှန်လိုက်ပါဦး ”
ခန်းမသခင်က ပြောလာခဲ့တယ်။ နဖူးမှာချွေးတွေအပြည့်နဲ့ စကားပြောတာတောင် ထစ်နေခဲ့ပါပြီ။
” အမျက်ဒေါသကျောင်းတော်နဲ့ပတ်သက်တဲ့ သတင်းတွေကြောင့်များလား ”
” ဒါလဲအစိတ်အပိုင်းတစ်ခုပဲပေါ့ အမြွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့သူသုံးယောက် အမျက်ဒေါသကျောင်းတော်က တကယ်ပုံမှန်မဟုတ်အောင် ထူးခြားတာပဲ သူတို့မှာအဆုံးစွန်းသိုင်းပညာ၀ိညာဥ်လဲရှိနေသေးတယ်….အခုငါတို့ရဲ့ကျောင်းသားတွေကို အသီးသီးလဲလှယ်ပြီ သဘောတူဖို့အတွက် သူတို့တွေပြောပြီးပြီ ဒါပေမယ့် ဒီသတင်းအရတော့ ကျောင်းတော်ထဲမှာအတွင်းကိစ္စတွေကို သူတို့ကအပြောင်းအလဲတွေလုပ်ဦးမယ်တဲ့..ဒီလိုအရာတွေအတွက် ထူးဆန်းတဲ့အရာတွေလုပ်ဖို့လိုမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ် ”
” သူတို့ရဲ့တခြားကျောင်းသားတွေကို ငါတို့၀င်ပြီပြဿနာရှာမှာကြောက်နေပုံပဲ အမျက်ဒေါသကျောင်းတော်က တိုက်ကြီးတစ်တိုက်လုံးပေါ်မှာ ပါရမီရှင်တွေနဲ့ ၀ိညာဥ်ပညာရှင်တွေကိုဆွဲဆောင်တဲ့နေရာမှာ အတော်ဆုံးလို့ငါ၀န်ခံရမှာပဲ အမှန်ပဲ နှမြောစရာတော့ကောင်းလိုက်တာ ဒါပေမယ့် အကောင်းဆုံးသူတွေကို ဖယ်ရှားခံနိုင်ချေရှိနေတာကို မေ့လို့မရဘူးမလား ”
အခုလက်ရှိအချိန်မှာတော့ ဒီစကားတွေပြောနေတဲ့ ခန်းမသခင်ကိုရှုပ်ထွေးတဲ့မျက်လုံးနဲ့ကြည့်ရင်း တာ၀န်ရှိတဲ့ဆရာကတော့ ဘာတွေးလို့တွေးရမှန်းမသိဖြစ်နေခဲ့ပါတယ်။
ခန်းမသခင်က ဖြည်းဖြည်းချင်းထရပ်လာခဲ့ပါပြီ။ သူက တစ်ဒဿမငါးမီတာတောင် မြင့်မားတဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်လုံးပတ်ကတော့ တစ်ဒဿမငါးမီတာထက်တောင်ကြီးမားလို့နေပါသေးတယ်။ ဒါ့အပြင် ရှည်လျားတဲ့၀တ်ရုံနက်ကြီးပေါ်မှာ ရွှေချည်ထိုးထားတဲ့ သင်္ကေတတွေကတော့အပြည့်ပါပဲ။ သူ့ရဲ့လုံး၀င်တဲ့ဗိုက်ကိုလဲ ရွှေရောင်သင်္ကေတတွေက ဖုံးလွှမ်းလို့ထားနေခဲ့တယ်။
တာ၀န်ရှိသူဆရာနားကိုရောက်ချိန်မှာတော့ ရုတ်တရက်ခြေထောက်ကိုမြောက်ရင်း သူ့ကိုကန်ထုတ်ပြစ်လိုက်ပါတယ်။
” မင်းကိုငါဘာကြောင့်မသတ်လဲဆိုတဲ့အဓိကတစ်ခုတည်သောအကြောင်းအရင်းကတော့ မုန့်ဟုန်ချန်နဲ့ ရှောင်ဟုန်ချန်နှစ်ယောက်ကို အန္တရာယ်အကြောင်းနားလည်စေပြီ ဒီပြိုင်ပွဲကိုအလေးအနက်ထားတဲ့စိတ်ရှိသွားစေလို့ပဲ အခုလက်ရှိအချိန်မှာ သူတို့တွေက အာရုံစိုက်ပြီကြိုးစားအားထုတ်နေကြပြီ ဒါ့အပြင် ပြန်လာလာပြီချင်မှာ တံခါးပိတ်ကျင့်ကြံမှုကိုလုပ်ဖို့ အရင်ဆုံးတောင်းဆိုထားခဲ့တယ်…ဒါကမင်းရဲ့အကြီးမားဆုံးစွမ်းဆောင်မှုပဲ ထွက်သွားလိုက် ငါမင်းကို နောင်အနာဂတ်မှာ ဆက်ပြီမမြင်ချင်ဘူး..မဟုတ်ရင် သေဆုံးသွားတဲ့ကလေးတွေကို ငါပြန်သတိရပြီ မင်းကိုလဲ သူတို့နဲ့အတူတူမြုပ်နှံဖို့လုပ်မိလိမ့်မယ် ”
” ဟုတ် ဟုတ်ကဲ့ပါ ”
ဆရာကတော့ ချက်ချင်းဆိုသလို ဒေါသထွက်သွားပေမဲ့ သူအသက်ရှင်လိုမယ်မှန်းသိတာကြောင့် တွားသွားပြီအခန်းကနေ ထွက်သွားပါတော့တယ်။
ခန်းမသခင်ကတော့ ဒီလိုတွားသွားနေတာကိုကြည့်ရင်း မျက်မှောင်ကြုတ်လို့နေခဲ့တယ်။
” ထျောင်ထျဲ့သော့်လော့ကိုယ်တိုင်ကြယ်တာရာလော့မြို့တော်ကို ရောက်နေပြီဆိုမှတော့ ကောင်းပြီလေ နောက်တစ်ခေါက်တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပြိုင်ပွဲမှာ ပြန်တွေ့ကြတာပေါ့ ဒီဖားပြုတ်ကြီးကို ထျောင်ထျဲ့က ယှဥ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့ ”
အဲ့ဒီနောက် သူပြန်လှည့်ရင်းခန်းမထဲကို ၀င်သွားပါတော့တယ်။ အဓိကခန်းမကြီးတစ်လျှောက်ဖြတ်လျှောက်လာပြီတဲ့နောက် တစ်နေရာထဲမှာရှိနေတဲ့ သတ္ထုရုပ်ထုကြီးရဲ့ရှေ့မှာရုတ်တရက် ရပ်တန့်လိုက်ပါပြီ။ ရင်ဘတ်ရှေ့မှာအလင်းလုံးတစ်လုံးက ပေါ်လာခဲ့ပြီ ထူးခြားတဲ့ရွှေရောင်သင်္ကေတတွေကို နံရံပေါ်မှာဖိနှိမ့်လိုက်ပါတော့တယ်။
ခန်းမတစ်ခုလုံးက ချက်ချင်းဆိုသလို အသက်၀င်လာခဲ့ပြီ နှစ်ခြမ်းကွဲထွက်လို့သွားခဲ့တယ်။ အထဲမှာကတော့ သတ္ထုစက်ယန္တရားတွေရဲ့လှည့်ပတ်သံတွေရှိနေခဲ့ပါတယ်။ များပြားတဲ့စွမ်းအင်လှိုင်းတွေက နံရံပေါ်မှာပေါ်ထွက်လို့လာခဲ့တော့တယ်။ ဒါပေမယ့် ခန်းမသခင်ကတော့ အစကနေအဆုံးအထိ မလှုပ်ရှားသေးပါဘူး။
အဲ့ဒီနောက် သူအထဲကို၀င်သွားချိန်မှာတော့ တံခါးကြီးကလဲ ပိတ်သွားခဲ့ပါတော့တယ်။
ပြတင်းပေါက်တစ်ခုတောင်မရှိတဲ့ အခန်းတစ်ခုထဲကို ခန်းမသခင်က ဆယ်မိနစ်အတွင်းမှာရောက်လို့သွားခဲ့တယ်။ ဒီအခန်းထဲမှာရှိရှိသမျှ အရာအားလုံးက သတ္ထုတွေနဲ့ပြုလုပ်ထားခဲ့တာပါ။ မျက်နှာကြက်တွေနံရံတွေကြမ်းပြင်တွေအားလုံးကလဲ သတ္ထုတွေနဲ့သာပြည့်နှက်လို့နေခဲ့တယ်။ ဒါ့အပြင် သတ္ထုရုပ်လုံးရုပ်ကြွတွေကိုလဲ ထွင်းထုလို့ထားပါသေးတယ်။
ဒီရုပ်ကြွတွေက ဗျူဟာတစ်ခုဖန်တီးထားတယ်ဆိုတာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်က ကြည့်ရုံနဲ့တင်သိနိုင်နေခဲ့တယ်။ အရမ်းသက်၀င်လှုပ်ရှားနေခဲ့ပြီ ခမ်းနားတဲ့တန်ဖိုးကြီးအရှိန်အ၀ါတွေကို ထုတ်လွှတ်နေခဲ့တာကြောင့်ပါ။
အခန်းရဲ့အလယ်ဗဟိုမှာတော့ လေးထောင့်သဏ္ဍာန်တိုင်လုံးကြီးရှိနေခဲ့ပါတယ်။ တစ်ဒဿမငါးမီတာကျော် မြင့်မားတဲ့သတ္ထုတိုင်လုံးကြီးက တစ်စုံတစ်ရာကိုသူ့ရဲ့ထိပ်ပေါ်မှာတင်ထားခဲ့တယ်။ ဒါကတော့ သစ်သားလုံးကြီးတစ်လုံးပါ။
မျက်နှာပြင်ပေါ်မှာကတော့ ရာနဲ့ချီတဲ့ကျောက်မျက်ရတနာတွေရှိနေခဲ့ပြီ အပေါ်လေထုထဲမှာကတော့ မတည်ငြိမ်တဲ့တစ်စုံတစ်ရာက ပျံသန်းလို့နေခဲ့ပါတယ်။ အပေါ်မှာရှိတဲ့လေတွေက အဖြူရောင်ပါ။ ဒီဖြူဖွေးနေတဲ့တစ်စုံတစ်ရာက ရေစီးကြောင်းလိုစီးဆင်းလို့နေခဲ့ပြီ တလက်လက်တောက်ပမှုလေတွေလဲ မြင်သာနေခဲ့ပါတယ်။ ဒါပေမယ့် တစ်ချက်ကြည့်လိုက်ရုံနဲ့ဘယ်အရာလဲဆိုတာ ခိုင်ခိုင်မာမာမြင်တွေ့မနေခဲ့ရပါဘူး။
ဒီအလုံးထဲမှာ လေတွေက သိပ့်သည်းလို့နေခဲ့ပြီ ဘယ်နဲ့ညာနှစ်ဖက်ကိုပြေးနေပုံပေါ်ပါတယ်။ ဒါ့အပြင် အတားအဆီးတစ်ခုခုကိုဖောက်ထွက်ချင်နေပုံပါပဲ။ အောက်ဖက်မှာရှိနေတဲ့ သစ်သားဇလုံးကြီးကတော့ ဆက်တိုက်ဆိုသလို ရုန်းကန်နေတဲ့အရာကို ထိန်းချုပ်လို့နေခဲ့ပါတယ်။ မလွှတ်မြောက်ခွင့်မပေးခဲ့ပါဘူး။ ဟုတ်ပါတယ် ဒီသစ်သားတုံးကြီးက ကြယ်အလင်းလေလံအိမ်ရဲ့နောက်ဆုံးပစ္စည်းဖြစ်တဲ့ နတ်ဘုရားချိတ်ပိတ်အခင်းအကျင်းပါပဲ။ ဒီပစ္စည်းက နှစ်ပေါင်းတစ်သိန်းကျော်ရှည်လျားတဲ့၀ိညာဥ်သားရဲကောင်ရဲ့သန္ဓေသားကို ထိန်းသိမ်းလို့ထားခဲ့တယ်။
ခန်းမသခင်ကတော့ မျက်မှောင်ကြုတ်ရင်း နတ်ဘုရားချိတ်ပိတ်အကာအကွယ်နားမှာရပ်နေခဲ့ပါတယ်။ သူက အဲ့ဒီသန္ဓေသားကိုတိုက်ရိုက်စကားပြောနေခဲ့တယ်။
” မင်းရဲ့ကြီးမားတဲ့စွမ်းအားတွေကို ငါခံစားမိတယ်..သေချာပေါက် မင်းကသာမန်တွေ့နေတဲ့နှစ်တစ်သိန်းသားရဲကောင်မဖြစ်နိုင်ဘူး..မင်းကိုစုပ်ယူဖို့ကြိုးစားတဲ့ဘယ်သူမဆို နာနာကျင်ကျင်သေဆုံးမှုတိုက်ခိုက်တာကို ပြန်ခံရမှာပါပဲ မင်းရဲ့စွမ်းအားတွေကိုစုပ်ယူဖို့ဆိုရင် သော့်လော့တစ်ယောက်လို့ထင်တယ်…ဒါ့အပြင် အဆိပ်ပြင်းတဲ့တန်ပြန်ရိုက်ခတ်မှုတွေလဲ ဖြစ်သေးတယ်ဟုတ်တယ်ဟုတ် ”
အဖြူရောင်လေတွေက ခဏတာသာရပ်တန့်လို့သွားခဲ့ပါတယ်။ ခန်းမသခင်ရဲ့စကားကိုနားထောင်နေသလိုပါပဲ။ အဲ့ဒီနောက်လူသားကလေးငယ်တစ်ယောက်ရဲ့ ရုပ်သွင်နဲ့အတူ ဖြူဖျော့ဖျော့မြူခိုတွေက ဖြစ်ပေါ်လာပါတော့တယ်။
” ဒါဆိုရင် ငါရဲ့ခန့်မှန်းချက်က မှန်နေတာပေါ့ ”
ခန်းမသခင်က ရယ်မောရင်ပြောလာခဲ့ပါတယ်။
” ကြယ်အလင်းလေလံအိမ်ရဲ့ နောက်ကြောင်းကို ငါရှင်းရှင်းလင်းလင်းသိတယ်…ဒါက ကြယ်တာရာလော့နိုင်ငံတော်ကတော်၀င်မိသားစုပိုင်တာပဲလေ သူတို့ရဲ့ရည်ရွယ်ချက်က မင်းကိုဒီလိုရောင်းတယ်ဆိုတာ ငါအတွက်ပြဿနာဖြစ်စေချင်လို့ပဲ ဒါပေမယ့် ငါသိချင်တာကတော့ ဘယ်သူကများဒီနတ်ဘုရားချိတ်ပိတ်အခင်းအကျင်းကို ထွင်းထုထားခဲ့တာလဲ လူတစ်ယောက်က ရတနာတွေကိုသာ မြင်မယ််ဆိုရင် လောဘတက်လာနိုင်တာကို ကောင်းကောင်းသိတယ်…ဒါပေမယ့် ဒီလူကပုံရိပ်ယောင်အစစ်အမှန်ခန်းမကိုလဲ သူ့ရဲ့လက်ရာမပေးအပ်ထားဘူးလာလိုက်စမ်းပါ ငါတို့ခန်းမရဲ့ခုခံမှုကောင်းတဲ့ စက်စွမ်းအားတွေအကြောင်းကို သိသွားစေရလိမ့်မယ်…ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ တပည့်သားတွေလဲ အသက်ရှင်သန်နေတယ်ဆိုတာ ချောချောမွေ့မွေ့နေတာမဟုတ်ဘူး..သူတို့ကရော ဒါတွေကိုဖြတ်ကျော်လာနိုင်မှာလား ”
အပိုင်း ၁၂၈•၁ ပြီး၏။