အပိုင်း ၁၂၇•၃
” ပြိုင်ပွဲကြီးပြီးဆုံးမှုနဲ့ ဆုလာဘ်တွေ ”
°°°
ဒီအကြီးအကဲက အမျက်ဒေါသကျောင်းတော်နတ်ဘုရားခန်းမဆောင်ရဲ့ အင်အားအကြီးဆုံးသူဖြစ်တဲ့ အကြီးအကဲမုပါပဲ။
သူဒီခုံပေါ်မှာအမြဲတမ်းလှဲလျောင်နေရတာ အံ့ဩစရာမရှိတော့ပါဘူး။ သူ့ရဲ့ကျောရိုးက ဖြောင့်ဖြောင့်တန်းတန်းမရှိနိုင်ပဲ ဖြစ်နေခဲ့ပါတယ်။ ဒီလိုလူကြီးက ထူးကဲသာလွန်သော့်လော့တစ်ယောက်ရဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားမယ်လို့ ဘယ်သူကများ တွေးမိမှာလဲ။ လေးစားတာထက်ကိုပိုတဲ့ အဆင့်အတန်းတစ်ခုကို သူပိုင်ဆိုင်ထားတာပါ။
အကြီးအကဲမုက ပြောလာခဲ့ပါတယ်။
” မင်းပြောတာမှန်တယ်..ဒီအမှောင်ထုနတ်မီးငှက်မီးလျှံတွေကို ငါမြင်ဖူးတာပထမဆုံးအကြိမ်ပဲ ရှောင်ရွှမ် ယူလာခဲ့တဲ့ဓားကိုငါကြည့်ပြီးပြီ တကယ်ကောင်းလိုက်တဲ့ ပြန်လည်ရှင်သန်ထမြောက်မှုဓားပဲ ဘယ်၀ိညာဥ်စွမ်းအားကိုမဆို အလင်းအမှောင်အဖြစ် စိတ်ကြိုက်ပြောင်းလဲနိုင်တယ်…၀ိညာဥ်လက်နက်တွေအပေါ် ငါခန့်မှန်းတွက်ချက်ထားတာက အတော်ကိုကြီးမားတယ်…ဒါပေမယ့် နေလနိုင်ငံတော်ရဲ့ ၀ိညာဥ်လက်နက်အပေါ် ဖွံ့ဖြိုးတိုးတက်မှုက ငါထင်ထားတာထက်ကို ပိုပြီးကြီးမားနေခဲ့မယ်လို့ ဘယ်သူကသိမှာလဲ ”
” ရှောင်ထောင့်ရဲ့ သိုင်းပညာ၀ိညာဥ်အတွေ့အကြုံက အသွင်ပြောင်းမှုဖြစ်သွားတာပြန်လည်ရှင်သန်ထမြောက်မှုဓားရဲ့ အမှောင်ထုစွမ်းအားက သူမရဲ့ခန္ဓာကိုယ်ထဲ၀င်ရောက်ပြီ မိစ္ဆာစွမ်းအားတွေရဲ့ အရှိန်အ၀ါကိုနိုးထလိုက်လို့ပဲ ဒီအရာတွေက တစ်ခုနဲ့တစ်ခု လိုက်ဖက်ညီနေပြီ သူမရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သွားတယ်..ရှောင်ထောင့်က ခေါင်းမာမာနဲ့သူကိုယ်ပိုင်ခန္ဓာကိုယ်ကို ထိန်းချုပ်မှုရဖို့အတွက် တိုက်ခိုက်နေတုန်းပဲ မိစ္ဆာစွမ်းအားရဲ့ အင်အားက သန်မာပေမဲ့ သူက မီးအမျိုးအစားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်လေ ဒါကြောင့် သူမရဲ့ခန္ဓာကိုယ်ထဲမှာ အင်အားနှစ်ခုက ကြီးမားတဲ့တိုက်ခိုက်မှုဖြစ်နေကြတယ် ”
” ရှောင်ထောင့်က အရမ်းကိုခေါင်းမာတဲ့သူပဲ သူက လုံး၀ကိုစိတ်ပြောင်းလဲမှာမဟုတ်ဘူး…အကယ်၍ တခြားသူတွေသာ သူ့ကို ဒီလိုထိခိုက်လာမယ်ဆိုရင် တစ်ဖက်သူနဲ့အတူတူပျောက်ကွယ်သွားဖို့လောက်အထိ သူစီစဥ်ထားတာကို ကျွန်တော်တွေးကြည့်လို့ရတယ်…သူက လက်ရှိအချိန်မှာ နည်းနည်းအားနည်းနေသေးပေမဲ့ အမှောင်ထုနဲ့ မိစ္ဆာစွမ်းအားနှစ်ခုရဲ့အင်အားကို အားသုံးပြီ ရောနှောနိုင်ခဲ့တယ်လေ ဒါကြောင့် သူတို့တွေက သူမနဲ့တိုက်ခိုက်နေတာ ရပ်သွားပြီ နတ်မီးငှက်မီးလျှံတွေနဲ့ ပေါင်းစည်းလို့သွားတာပဲ လက်ရှိအချိန်မှာ နတ်မီးငှက်မီးလျှံတွေနဲ့ သူ့ကိုတိုက်ခိုက်ဖို့လုပ်နေတယ်..ရှောင်ထောင့်က ဒီပြောင်းလဲတဲ့အချိန်ကိုယူပြီ အောင်မြင်မှုရနိုင်စေမယ်လို့ မျှော်လင့်ပါတယ် ”
” မင်းပြောတာတစ်ခုတော့မှန်တယ်..ဖိနှိမ့်မှုက ပိုများလေလေ ပြန်ကန်ထွက်တာက ပိုများလေပဲ မိစ္ဆာစွမ်းအားနဲ့ အမှောင်ထုရဲ့စွမ်းအားနှစ်ခုက နတ်မီးငှက်မီးလျှံတွေနဲ့ပေါင်းစည်းပြီတဲ့နောက်မှာ သူကရူးချင်စရာကောင်းတဲ့ ပြောင်းလဲမှုကြီးကိုစတင်နေပြီ အသေးစိတ်ကိုငါမရှင်းလင်းပေမဲ့ အားလုံးကဆိုးနေတာတော့ မဟုတ်ပါဘူး ”
အကြီးအကဲမုရဲ့စကားကို ကြားပြီချိန်မှာတော့ ရန်ရှောင်ကျဲ့က ထိတ်လန့်သွားပါတော့တယ်။
” ဆရာ ဒါကဆိုးနေရုံတင်မကဘူးပိုနေလို့လား အကယ်၍ ကျွန်တော်တို့သာ ရှောင်ထောင့်ကို မထိန်းချုပ်နိုင်ဘူးဆိုရင် သူက မိစ္ဆာ၀ိညာဥ်ပညာရှင်ဖြစ်သွားလိမ့်မယ် ”
အကြီးအကဲမုက ခေါင်းကိုစောင်းရင်း သူ့ကိုကြည့်လိုက်ပါတယ်။ အဲ့ဒီနောက် မျက်မှောင်ကြုတ်ရင်း ဆက်ပြောလာခဲ့တယ်။
” မင်းရဲ့အသက်က တစ်ရာနီးပါးရှိတော့မယ်..ဘာကြောင့်ကိစ္စတွေကို ဒီလောက်အံ့ဩနေရတာလဲ တခြားကိစ္စတွေအားလုံးကို မင်းကောင်းပေမဲ့ မင်းရဲ့စိတ်ဓာတ်ပိုင်ဆိုင်ရာမှာ ပြစ်ချက်ရှိနေတယ်..မဟုတ်ရင် မင်းရဲ့ကျောင်းပေါ်မှာသက်ရောက်တဲ့ ဩဇာအာဏာကို ကန့်သတ်ဖို့ လင်းအယ်ကိုတောင် ငါပြောနေမှာမဟုတ်ဘူး ”
ရန်ရှောင်ကျဲ့က လေးလေးစားစားနဲ့ ပြန်ဖြေလိုက်ပါတယ်။
” ဟုတ်ကဲ့ပါဆရာ ကျွန်တော်မှားသွားပါတယ် ”
” မင်းမှားတာသိရင်ကောင်းတာပေါ့ ”
အကြီးအကဲမုက ပြောလာခဲ့ပါတယ်။
” ဒီလိုကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ မင်းအနေနဲ့တည်ငြိမ်နေရမယ်…ဒင်္ဂါပြားမှာ အမြဲတမ်းနှစ်ဖက်ရှိနေတာပဲ ရှောင်ထောင့်ရဲ့ နတ်မိီးငှက်မီးလျှံတွေက လက်ရှိအချိန်မှာ အစွန်းထင်ခံလိုက်ရပြီ အရင်ကလိုမိစ္ဆာအငွေ့အသက်ကို ငြိမ်လို့မရတာတော့မှန်တယ်…ဒါပေမယ့် အမှောင်ထုရဲ့စွမ်းအားက သူမရဲ့နတ်မီးငှက်မီးလျှံတွေကို ရှေ့အကျဆုံးတစ်ခုဖြစ်လာအောင် လုပ်ဆော်ပေးန်ိုင်တယ်..မဟုတ်ရင် ဘာကြောင့်များ ဒီအနက်ရောင်မီးလျှံတွေက ဒီလောက်အင်အားကြီးနေမှာလဲ ”
ရန်ရှောင်ကျဲ့ကလဲ အတော်ကိုအင်အားကြီးတဲ့ကိစ္စပါ။ ဒါ့အပြင် ထူးကဲသာလွန်သော့်လော့တစ်ယောက်ကျင့်ကြံဆင့်ကိုလဲ ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ဘ၀သက်တမ်းတစ်လျှောက်မှာ သိုင်းပညာ၀ိညာဥ်တွေကို လေ့လာမှုထဲမှာသာ အများကြီးအချိန်ဖြုန်းထားခဲ့တယ်။ အကြီးအကဲမုရဲ့စကားတွေကို ကြားချိန်မှာတော့ သူနားလည်သွားခဲ့ပါပြီ။
” ဆရာပြောတာ ရှောင်ထောင့်ရဲ့ နတ်မီးငှက်မီးလျှံက လက်ရှိအဆင့်တက်ပြီ တိုးတက်မှုရှိတယ်လို့ပြောချင်တာလား ”
အကြီးအကဲမုက ခေါင်းညိတ်ရင်းပြန်ဖြေလိုက်ပါတယ်။
” အမှန်ပဲ အဆင့်တက်သွားရုံတင်မကဘူး လုံး၀ကို အပြည့်၀ပြောင်းလဲသွားပြီ ဒါ့အပြင် သူလဲမထိန်းချုပ်နိုင်ဘူး သူ့ရဲ့မီးတွေက လက်ရှိမီးတွေရဲ့ တည်ရှိမှုထဲမှာ အသန်မာဆုံးလို့ပြောလို့ရမယ်…နောက်တစ်နည်းပြောရမယ်ဆိုရင် အဆုံးစွန်းမီးလျှံဖြစ်သွားတာပဲ ”
” နတ်မီးငှက်မီးလျှံက သဘာ၀အတိုင်းဆိုရင် အဆုံးစွန်းမီးလျှံပဲလေ ဒါပေမယ့် ရှောင်ထောင့်ရဲ့ မိစ္ဆာမီးလျှံတွေကြောင့် သူတို့က မသန့်စင်နိုင်ဘူး..သူမရဲ့မျိုးဆက်တွေကလဲ အဲ့ဒီပြဿနာကို ရင်ဆိုင်နေရတယ်..သူမရဲ့သိုင်းပညာ၀ိညာဥ်အသွင်ပြောင်းတာက နတ်မီးငှက်ရဲ့ရှေးအသွေးအသားကို အစပြုလိုက်တာပဲ ဒါက အမှောင်ထုနတ်မီးငှက်အဖြစ် ပြောင်းလဲသွားပေမဲ့ သူ့ရဲ့အင်အားတွေကအရမ်းကိုကြီးတယ်လေ အကယ်၍ ရှောင်ထောင့်သာ နိုးလာမယ်ဆိုရင် သူက၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းကျင့်ကြံဆင့်နဲ့တောင် သာမန်သော့်လော့တစ်ယောက်ကို ကောင်းကောင်းတိုက်ခိုက်နိုင်ပြီ ”
ရန်ရှောင်ကျဲ့ရဲ့မျက်လုံးတွေက တောက်ပလာပါတော့တယ်။
” အဆုံးစွန်းမီးလျှံတဲ့လား တကယ်အဆုံးစွန်းမီးလျှံပေါ့ ဒါပေမယ့် ရှောင်ထောင့်က လက်ရှိအခြေအနေသူ့ရဲ့ အဆုံးစွန်းမီးကို မထိန်းချုပ်နိုင်တာကတော့ နှမြောစရာပဲ ”
အကြီးအကဲမုက သက်ပြင်းချလိုက်ပါတယ်။
” ဒါကြောင့်သာ ဒင်္ဂါပြားတစ်ဖက်မှာ မျက်နှာနှစ်ဖက်ရှိတယ်လို့ ငါပြောတာပေါ့ ငါတို့အခုအချိန်မှာ သူ့ကိုချိတ်ပိတ်ထားလို့ရမယ်..မဟုတ်ရင် သူက ထိန်းချုပ်မှုလွှတ်သွားလို့ကတော့ တိုက်ကြီးရဲ့သမိုင်းတစ်လျှောက်လုံးမှာ အသန်မာဆုံးမိစ္ဆာ၀ိညာဥ်ပညာရှင်ဖြစ်သွားလိမ့်မယ်…သူ့ရဲ့ကျင့်ကြံဆင့်ကသာ သော့်လော့အဆင့်ကိုရောက်ရှိသွားမယ်ဆိုရင် သူကိုထိန်းချုပ်ထားဖို့က လှုပ်ခတ်သွားလိမ့်မယ်…မိစ္ဆာ၀ိညာဥ်ပညာရှင်တွေရဲ့ တိုးတက်မှုဆိုတာက အရမ်းကြောက်စရာကောင်းတာမဟုတ်လား ”
ရန်ရှောင်ကျဲ့ကတော့ အတော်လေးကို စိုးရိမ်နေခဲ့ပါပြီ။
” ဒါပေမယ့် ကျွန်တော်တို့သူ့ကိုဒီအတိုင်းထားလို့မရဘူးလေ နတ်မီးငှက်ရဲ့မီးလျှံတွေက ခန္ဓာကိုယ်ထဲမှာ တောက်လောင်နေပြီးပြီ ကျွန်တော်တို့တွေ ထပ်ပြီမထိန်းချုပ်နိုင်တော့တဲ့ နေ့တစ်နေ့ရောက်လာမှာပဲ အဲ့ဒီနေ့ရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့တကယ်ပဲ ”
အကြီးအကဲမုက ခေါင်းခါပြီပြောလိုက်ပါတယ်။
” အဲ့ဒီလောက်ကြီး စိတ်မပူပါနဲ့ မျှော်လင့်ချက်က လုံး၀မဲ့နေတာမဟုတ်ဘူးလေ ငါတို့တွေအခုတော့ တွေဝေနေလို့မရတော့ဘူးလေ ”
ရန်ရှောင်ကျဲ့က မျက်လုံးပြူးသွားခဲ့ပါတယ်။
” ဆရာမှာ ဖြေရှင်းချက်ရှိလို့လား ”
အကြီးအကဲမုက တစ်စုံတစ်ရာကို ရန်ရှောင်ကျဲ့နားနားကပ်ရင်း တီးတိုးပြောကြားလိုက်ပါတယ်။
ရန်ရှောင်ကျဲ့ကတော့ ဒီစကားတွေကို နားထောင်နေရင်း ဆက်တိုက်ခေါင်းညိတ်နေကာ ပိုပြီးစိတ်သက်သာရာရသွားခဲ့တော့တယ်။
” အကယ်၍ ကိစ္စတွေသာဒီလိုဖြစ်လာခဲ့မယ်ဆိုရင် ဒီနည်းလမ်းအတိုင်းသွားတာပေါ့ အချိန်ကြလာရင် ကျွန်တော်လဲ လူဆိုးဖြစ်ချင်ဖြစ်ပါစေ နောက်ထပ်ရွေးချယ်စရာမှမရှိတော့တာ ”
အကြီးအကဲမုက ပြောလာခဲ့ပါတယ်။
” တခြားကလေးတွေပြန်လာတော့မယ် သူတို့တွေက အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာအတွက် ဒီလောက်အထိခုခံပြီ တိုက်ခိုက်ပေးနိုင်မယ်လို့ ငါယုံတောင်မယုံကြည်နိုင်ဘူး..သူတို့တွေက တကယ်အများကြီးအားနည်းတဲ့ကလေးတွေပဲလေ သူတို့ရဲ့အောင်မြင်မှုက လက်ခံနားလည်နိုင်တာထက်ကို ပိုနေပြီ ဒီအတွေ့အကြုံပြီးတဲ့နောက်မှာ တိုးတက်ဖို့အတွက် အများကြီးရှိနေဦးမယ်..ကျောင်းတော်က သူတို့စွမ်းဆောင်ခဲ့သမျှ ကိစ္စတွေအားလုံးအတွက် ကပ်စီးနည်းလို့မဖြစ်ဘူး ”
ရန်ရှောင်ကျဲ့လဲ အတော်လေးစိတ်လှုပ်ရှားနေခဲ့ပါတယ်။
” ဆရာမစိုးရိမ်ပါနဲ့ ကျွန်တော်အားလုံးကို ဆွေးနွေးထားတဲ့အတိုင်း ဆုချမှာပါ ၀မ်ယန်ပြန်လာတဲ့အချိန်မှာ ဒီပြိုင်ပွဲကြီးတစ်ခုလုံးရဲ့ပတ်သက်တဲ့မှတ်တမ်းတွေအားလုံးကလဲ သူနဲ့အတူပါလာလိမ့်မယ်…ဒါတွေအားလုံးကို သမိုင်းရဲ့မှတ်တမ်းမှာ မှတ်တမ်းတင်ထားပါလိမ့်မယ်..ဒါ့အပြင် သူတို့အတွက်လဲ ထိုက်ထိုက်တန်တန်ဆုချီးမြင့်မှာပါ ”
ကြယ်တာရာလော့မြို့တော်က ပြိုင်ပွဲကြီးပြီးဆုံးသွားပြီတဲ့နောက် အတော်လေးငြိမ်ငြိမ်သက်သက်ဖြစ်သွားခဲ့ပါပြီ။
ဆုချီးမြင့်တဲ့အခမ်းအနားကို လူသိရှင်ကြားမကြော်ငြာခဲ့ပါဘူး။ ဒါပေမယ့် ခမ်းနားမှုမရှိတာလဲ မဟုတ်ခဲ့ပဲ ဆုတွေအားလုံးက ထိပ်တန်းအရည်အသွေးကြီးဖြစ်နေခဲ့တယ်. ”
ချန်ပီယံမဖြစ်ခဲ့တဲ့ နေလကျောင်းတော်ကတော့ ကြယ်တာရာလော့မြို့တော်ကနေ ပြိုင်ပွဲပြီးပြီချင်ဒုတိယရက်မှာ ထွက်ခွာလို့သွားခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်ကတော့ အကြီးအကဲရွှမ်ကို တစ်ရက်စောင့်ဆိုင်းဖို့ပြောနေခဲ့တယ်။ ဒါ့အပြင် သူတို့တွေက ၀ိညာဥ်ရွှေပြားတွေကိုရရှိရုံတင်မက ၀ိညာဥ်အရိုးလေးခုတိတိကိုပါ ဆုလာဘ်အဖြစ် ရရှိသေးတာပါ။ ပုံမှန်ချန်ပီယံတွေကိုပေးနေကြ ၀ိညာဥ်အရိုးသုံးခုအပြင် ရေခဲကျောက်စိမ်းကင်းမြီးကောက်ရဲ့ ဘယ်ဘက်လက်မောင်းအရိုးတစ်ခုကိုပါ ပေးအပ်ခဲ့ပါတယ်။
ကြယ်တာရာလော့ဧကရာဇ်ရှုကျားဝေက အကြီးအကဲရွှမ်ကို ဖိတ်ခေါ်ပြီတော်၀င်ဘဏ္ဍာတိုက်ထဲကနေ ဆက်တိုက်ရွေးချယ်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အကြီးအကဲရွှမ်က သူ့ကိုငြင်းပယ်ခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အသန်မာဆုံးသူဖြစ်တာကြောင့် သူက အမျက်ဒေါသကျောင်းတော်ကို ကိုယ်စားပြုနေတဲ့သူပါ။ အပြင်လောကကိုထွက်လာတာရှားပါးသလို ကြယ်တာရာလော့နိုင်ငံတော်နဲ့ အများကြီးအချိတ်အဆက်မလုပ်ချင်ပါဘူး။
၀မ်ယန်ကတော့ ကျောင်းတော်ကိုကိုယ်စားပြုရင်း ရွေးချယ်မှုတွေပြုလုပ်ခဲ့ပါတယ်။ သူက သူ့ရဲ့ကျောင်းသားတွေကိုလဲ ကောင်းကောင်းနားလည်သူဖြစ်တာကြောင့် သူ့ရဲ့၀ိညာဥ်အရိုးတွေအပေါ် အာရုံစိုက်မှုက အကြီးအကဲရွှမ်ထက် အားမနည်းခဲ့ပါဘူး။
ကြယ်တာရာလော့ဧကရာဇ်ကတော့ သူ့ရဲ့နောက်ဆုံးရွေးချယ်မှုကိုမြင်ချိန်မှာ အတော်လေး နှမြောပေမဲ့ နောက်ဆုံးမှာသူဘာမှမလုပ်နိုင်ပဲရှိခဲ့ပါတယ်။
၀ိညာဥ်အရိုးသုံးခုရဲ့တန်ဖိုးက ပိုက်ဆံနဲ့တောင် တိုင်တာလို့မရပါဘူး။ ဒါတွေကိုယူဆောင်ဖို့ကြသင့်တဲ့တန်ကြေးနဲ့ ဖိအားကလဲ ပိုပြီးတော့များပြားလွန်လှပါတယ်။ အကြိုဗိုလ်လုပွဲအထိရောက်ရှိတဲ့သူတွေအားလုံးကလဲ ဆုချီးမြင့်ခံရပေမဲ့ ချန်ပီယံတွေကသာ ၀ိညာဥ်အရိုးသုံးခုကိုရရှိတာပါ။ ချန်ပီယံမဟုတ်တဲ့ ဒုတိယအဖွဲ့ကတော့ ၀ိညာဥ်အရိုးတစ်ခုကို ရရှိပါတယ်။
၀ိညာဥ်အရိုးတွေက ကိုယ်ပိုင်အသက်မရှိတော့သလို သူတို့ရဲ့စွမ်းအားကို ခန္ဓာကိုယ်ထဲထည့်သွင်းပြီမှသာ ရရှိနိုင်ပါတယ်။ ဒါကြောင့်သာ နိုင်ငံတော်အနေနဲ့ မျိုးနွယ်တွေက ၀ိညာဥ်အရိုးတွေကိုသူတို့ရဲ့ထူးချွန်ထက်မြက်တဲ့ ဆက်ခံသူတွေကြီးတိုက်ရိုက်ပေးအပ်တာလဲ ဖြစ်ပါတယ်။ ၀ိညာဥ်အရိုးတစ်ခုနဲ့ ၀ိညာဥ်စက်ကွင်းကြားမှာရှိတဲ့ အကြီးမားဆုံးကွာခြားချက်ကတော့ ၀ိညာဥ်အရိုးတွေက ၀ိညာဥ်ပညာရှင်သေဆုံးသွားပြီချိန်မှာ ကျန်ရှိနိုင်ပြီ ၀ိညာဥ်စက်ကွင်းတွေကတော့ပျောက်ကွယ်သွားနိုင်တာပါပဲ။
၀ိညာဥ်ပညာရှင်တွေက နှစ်ပေါင်းများစွာကြာအောင်၀ိညာဥ်အရိုးတွေကို စုဆောင်းရပါတယ်။ ဒါပေမယ့် ၀ိညာဥ်အရိုးတွေဆိုတာက စုဆောင်းဖို့မလွယ်ကူခဲ့ပါဘူး။ အရေးကြီးဆုံးကတော့ ၀ိညာဥ်ပညာရှင်တွေရဲ့လောာကမှာ နည်းလမ်းတွေက ဆက်တိုက်ဆိုသလို တိုးတက်နေခဲ့ပြီ ၀ိညာဥ်အရိုးတွေအပေါ် စမ်းသပ်လေ့လာမှုတွေက ပိုမိုတိုးတက်လာနေခဲ့တာပါပဲ။
ဒါကြောင့်သာ ၀ိညာဥ်အရိုးတွေကို လိုအပ်ချက်ကလဲ ပိုပြီးတိုးမြင့်နေခဲ့ပါတယ်။ အကယ်၍ ၀ိညာဥ်လက်နက်တွေတိုးတက်လာတဲ့ ဖြစ်တည်မှုကြောင့်သာ မဟုတ်ရင် နေလနိုင်ငံတော်နဲ့ သော့်လော့တိုက်ကြားအတော်လေး ပဠိပက္ခတွေက ၀ိညာဥ်အရိုးကြောင့်ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။
၀ိညာဥ်အရိုးတွေရဲ့ ခွဲခြားသုတေသနပြုမှုက ထူးခြားတဲ့၀ိညာဥ်အရိုးတွေကို ပေါင်းစည်းပြီ ထူးဆန်းတဲ့နည်းလမ်းတစ်ခုနဲ့ ဆက်တိုက်လေ့လာစမ်းသပ်တာပါ။ ဒါကလုံး၀ကို အသစ်ဖြစ်တဲ့၀ိညာဥ်အရိုးတစ်ခုကို ဖန်တီးနိုင်ပါလိမ့်မယ်။ လူတွေပြုလုပ်ထားတဲ့ ၀ိညာဥ်အရိုးတွေက အင်အားပိုကြီးပေမဲ့ သူတို့တွေရဲ့ တစ်၀က်နီးပါးက တခဏတာချင်အတွင်း ပျက်စီးသွားန်ိုင်ပါတယ်။
၀ိညာဥ်အရိုးတွေရဲ့ တန်ကြေးကဘယ်လောက်ကြီးမှန်းသိတာကြောင့်သာ လူတချို့ကသာဒီလို၀ိညာဥ်အရိုးပေါင်းစည်းမှုကို လုပ်၀ံ့ကြတာပါ။
ဟို့ယွိဟောင်ကနေ ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေနဲ့ ပေါင်းစည်းပြီတဲ့နောက် သူကလျှို့၀ှက်ဥပဒေအရိုးကိုလဲ သုံးခဲ့ပါတယ်။ အဲ့ဒါကလူတွေပြုလုပ်ထားတဲ့ ၀ိညာဥ်အရိုးနဲ့အတူတူပါပဲ။ ရေခဲဧကရီကင်းမြီးကောက်ရဲ့ စွမ်းအားကအရမ်းကိုအင်အားကြီး လွန်တာကြောင့် ဒီလိုလူတွေပြုလုပ်ထားတဲ့အရိုးကို ရေခဲဧကရီက ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ကျရှုံးမှုဆိုတာကလဲ မဖြစ်ခဲ့ပါဘူး။
အကြီးအကဲရွှမ်က ကြယ်တာရာလော့မြို့တော်နဲ့ အမျက်ဒေါသကျောင်းတော်ကို တစ်ပတ်ပတ်မိဖို့အတွက် တစ်ရက်သာအချိန်ကြာခဲ့ပါတယ်။ သူက ၀မ်ယန်ကို ဒီအရိုးလေးခုစလုံးယူခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ရဲ့ ကြယ်အလင်းလေလံအိမ်မှာ တင်နေတဲ့ငွေကြေးအကြွေးတွေကို အရင်ဆုံးဖြေရှင်းဖို့ လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှသာ အားလုံးကိုအထုတ်သိမ်းစေပြီ အမျက်ဒေါသကျောင်းတော်ကို ပြန်စေလိုက်ပါတယ်။ သူတို့ကျောင်းတော်ရောက်မှသာ အေးအေးဆေးဆေးဖြစ်မှာပါ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ အပြည့်အ၀ပြန်ကောင်းသွားခဲ့ပါပြီ။ ဒါ့အပြင် လင်းလော့ချန်နဲ့ ထိုက်ယွဲ့ဟန်တို့ကလဲ သူတို့အဆိပ်တွေကိုဖြေပေးပြီတဲ့နောက် ပြန်ကောင်းသွားပါတော့တယ်။ ကျန်းနန်နန်ရဲ့ဒဏ်ရာတွေကတော့ မပေါ့ပါးခဲ့ပါဘူး။ ဒါပေမယ့် သူမကပြန်လည်ကုသကောင်းမွန်တဲ့အခြေအနေမှာရှိနေခဲ့ပါတယ်။ ရှုစန်းရှီရဲ့ဒဏ်ရာကတော့ အဆိုးဆုံးပါပဲ နှစ်ရက်တိတိသတိလစ်နေပြီတော့မှသာ သူက သတိပြန်လည်လာခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန် အားနည်းနေဆဲဖြစ်သလို စကားပြောဖို့တောင် ခက်ခဲနေတုန်းပါပဲ။ ဒါကြောင့် ပြန်လည်ကောင်းမွန်လာဖို့အတွက် အချိန်ကလိုနေဦးမှာပါ။
အကြီးအကဲရွှမ်က အမျက်ဒေါသကျောင်းတော်ကို ပြန်သွားခဲ့ပြီတဲ့နောက် လုံလောက်တဲ့ပျံသန်းရေး၀ိညာဥ်လက်နက်တွေကို ယူလာခဲ့ပါတယ်။ အဲ့ဒီနောက် အရင်တစ်ခေါက်ကတုန်းကလိုပဲ သူကိုယ်တိုင်ဦးဆောင်ပြီ ခေါ်လာပါတော့တယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားကို ထုတ်လွှတ်ရင်း ရှုစန်းရှီနဲ့ ကျန်းနန်နန်ကိုလဲ အဓိကကာကွယ်ပေးထားပါတယ်။ ကျန်းနန်နန်နဲ့ တခြားသူတွေကတော့ ပျံသန်းရေး၀ိညာဥ်လက်နက်တွေကိုအသုံးပြုပြီး အလာတုန်းကအတိုင်းသာ ပြန်ခဲ့ကြတယ်။
ဆုယူပြီတဲ့ဒုတိယနေ့မနက်မှာတော့ အားလုံးက ပုံမှန်၀တ်စုံတွေကိုပြန်လဲလိုက်ကြပါပြီ။ ကြယ်တာရာလော့နိုင်ငံရဲ့အမတ်တွေကို အသိမပေးပဲသူတို့က မြို့အပြင်ကိုထွက်လာခဲ့ပြီ ကျောင်းတော်ဆီကိုသာ တိုက်ရိုက်ပျံသန်းလာခဲ့ပါတယ်။ အခုအချိန်မှာတော့ အိမ်ပြန်ဖို့အချိန်တန်ပါပြီ။ ပထမဆုံးလာတုန်းက ခံစားခဲ့ရတဲ့စိတ်ဖိစီးမှုတွေအားလုံးကလဲ ဂုဏ်ယူ၀ံ့ကြွားမှုနဲ့ ဂုဏ်ကျက်သရေအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။
အပိုင်း ၁၂၇•၃ ပြီး၏။