အပိုင်း ၁၂၇•၂
” ပြိုင်ပွဲအဆုံးသတ်မှုနဲ့ ဆုလာဘ်တွေ ”
°°°
၀မ်သုန့်က နှာခေါင်းရှုံ့ရင်းနဲ့ ပြန်ဖြေလာခဲ့ပါတယ်။
” ငါက ဘာဖြစ်လို့ အသံထွက်ရမှာလဲ မင်းဘာလုပ်မလဲဆိုတာကို ငါသိချင်နေလို့ တကယ်ပဲ မင်းဒီလိုမျိုးငါ့မျက်နှာလာလိမ်ဆွဲတာကို တွေ့လိုက်ရတယ်ပေါ့ ”
ဟို့ယွိဟောင်ကတော့ ရယ်မောရင်း ပြောနေခဲ့ပါတယ်။
” ၀မ်သုန့် မင်းအခုအရမ်းအားနည်းနေတာမဟုတ်ဘူးလား မင်းစွမ်းအားတွေကို မသုံးနိုင်ဘူးမလား ”
၀မ်သုန့်က နိုးလာပြီဖြစ်သလို သူ့အသံကအရမ်းကိုတိုးနေခဲ့ပါသေးတယ်။ သူ့အခြေအနေက ဟို့ယွိဟောင်နိုးနိုးချင်အချိန်ကနဲ့ အတူတူပါပဲ။
၀မ်သုန့်က မျက်စောင်းထိုးရင်းမေးလာခဲ့တယ်။
” အားလုံးက မင်းလောက်ကျန်းမာကြံ့ခိုင်တယ်လို့ ထင်နေလို့လား ”
ဟို့ယွိဟောင်ကတော့ စနှောက်ရင်းနဲ့ ရယ်မောနေခဲ့ပါတယ်။
” မင်းဒီလောက်အားနည်းနေတာလဲ ကောင်းတာပေါ့ ငါမင်းရဲ့မျက်နှာကို လိမ်ဆွဲမယ်ဆိုရင်တောင် မင်းငါ့ကိုဘာလုပ်နိုင်သေးလို့လဲ ”
သူပြောရင်းနဲ့ လက်နှစ်ဖက်စလုံးကို အသုံးပြုပြီး ၀မ်သုန့်ရဲ့မျက်နှာကို လိမ်ဆွဲပါတော့တယ်။ ဒါ့အပြင် ပါးနှစ်ဖက်ကိုတောင် ခဏခဏပွတ်နေခဲ့သေးတယ်။ ၀မ်သုန့်ရဲ့မျက်နှာကတော့ ထူးဆန်းတဲ့ပုံစံတွေအမျိုးမျိုးပြောင်းလဲနေခဲ့ပါပြီ။ ဒါကြောင့် သူနှုတ်ခမ်းဆူပြီစအော်ပါတော့တယ်။
” ခွေးမသား ”
၀မ်သုန့်က မပီမသပြောနေခဲ့တယ်။
ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့မျက်နှာကို ပြန်လွှတ်ပေးပြီတဲ့နောက် သူ့ရဲ့လည်ပင်းကို ကိုင်ထားရင်းပြောလိုက်ပါတယ်။
” မင်းဒီလောက်အားနည်းနေပြီဆိုမှတော့ ကောင်းကောင်းမွန်မွန်နေသင့်တယ်…ငါကတော့ ဒီလိုနေရတာကောင်းလိုက်တာ ”
၀မ်သုန့်ကတော့ ဒေါသထွက်လွန်လို့ မျက်နှာတွေနီရဲလို့နေခဲ့ပါပြီ။ သူက ဟို့ယွိဟောင်ကို စိုက်ကြည့်လို့နေခဲ့ပြီ သူ့ရဲ့မျက်လုံးထဲမှာလဲ ရယ်ချင်တဲ့အငွေ့အသက်တွေကနေ အနည်းငယ်လျှံထွက်လို့နေခဲ့တယ်။
တိုက်ကြီးရဲ့အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲကြီးက နောက်ဆုံးမှာ ပြီးဆုံးလို့သွားခဲ့ပါပြီ။ သူတို့တွေက အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဓိကနောက်ဆုံးပြိုင်ပွဲကြီးရဲ့ အောင်နိုင်မှုကိုလဲ ဆုံးဖြတ်ပေးသူက သူတို့တွေဖြစ်နေခဲ့တယ်။ လက်ရှိအချိန်မှာ ပြိုင်ပွဲကြီးပြီးဆုံးသွားပြီဖြစ်တာကြောင့် သူတို့က ပိုပြီးအေးအေးဆေးဆေးဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဟို့ယွိဟောင်က အခုလိုလာစနှောက်နေတာပါ။ ၀မ်သုန့်လဲ ပြုံးနေခဲ့တာကို ဟို့ယွိဟောင်လဲ မြင်လိုက်ရပါတော့တယ်။ ဒါပေမယ့် သူက အပြုံးကိုမမြင်သာအောင် ကြိုးစားနေခဲ့တာပါ။
” ၀မ်သုန့် ငါတို့တွေက အကောင်းဆုံးပဲမဟုတ်ဘူးလား ”
၀မ်သုန့်က မျက်လုံးပြူးသွားခဲ့ပါတယ်။ အဲ့ဒီနောက် သူ့မျက်နှာပေါ်မှာ အပြုံးကပျောက်ကွယ်လို့သွားခဲ့ပြီ ခေါင်းညိတ်ရင်းပြောလာခဲ့တယ်။
“:ဟုတ်တယ်ငါတို့ကအကောင်းဆုံးပဲ ငါတို့တွေက ချန်ပီယံတွေလေ ”
ဟို့ယွိဟောင်က ပြုံးနေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ မျက်လုံးမှာ မျက်ရည်စတွေက စတင်ပေါ်ပေါက်လာခဲ့ပါပြီ။ အဲ့ဒီနောက် ခပ်မြန်မြန်ပဲ ၀မ်သုန့်ရဲ့လှဲနေတဲ့ခန္ဓာကိုယ်ပေါ်ကို ဖက်ဖို့အတွက် ကွေးချလိုက်ပါတော့တယ်။
” ကျေးဇူးပဲ ၀မ်သုန့် ”
၀မ်သုန့်ကတော့ ခဏတာငြိမ်သက်လို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ရုပ်သွင်စိတ်ခံစားချက်ပေါက်ကွဲဖို့ သူခံစားမိပေမဲ့ အခုအချိန်မှာ ဘာလုပ်ရမှန်းမသိဘာပြောရမှန်းသူမသိတော့ပါဘူး။ ဒါပေမယ့် ကြိုးစားပြီလက်ကိုလှုပ်ရင်းဖြည်းဖြည်းချင်း ပြန်ဖက်ပါတယ်။ သူက အားနည်းနေပေမဲ့ ဟို့ယွိဟောင်ရဲ့နောက်ကျောကို ဖက်ဖို့တော့လုပ်နိုင်ခဲ့ပါတယ်။
” မြို့စားမင်းအိမ်တော်ကနေ ငါထွက်ခွာလာတဲ့နေ့ကနေစပြီ ငါပြန်ရောက်တဲ့အချိန်မှာ အမေအတွက်လက်စားချေပေးမယ်လို့ ငါကျိန်ဆိုခဲ့တယ်…သူတို့အားလုံးထက် ငါပိုပြီးသန်မာရမယ် ငါအမေခံစားခဲ့ရတဲ့ဒုက္ခတွေအတွက် သူတို့တွေကို ဆယ်နှစ်အတွင်းပြန်လက်စားချေပြမယ်…မြို့စားမင်းတို့ရဲ့မျိုးဆက်တစ်ခုလုံးကိုတောင် ငါမျိုးဆက်ဖြတ်ပြစ်ချင်တယ် ”
” ဒီလိုစိတ်မျိုးက ဘယ်လောက်အထိကလေးဆန်လဲဆိုတာကို ငါတကယ်ပဲ နားမလည်ခဲ့မိဘူး ”
” ကြယ်တာရာသစ်တောထဲမှာ ဆရာရှောင်ယာ့နဲ့ အစ်ကိုကြီးကိုငါတွေ့ခဲ့တယ်..အမျက်ဒေါသကျောင်းတော်ကို၀င်ရောက်ပြီတဲ့နောက်မှသာ ငါကဘယ်လောက်တောင် သေးငယ်ပြီအားနည်းနေလဲဆိုတာကို နားလည်ခဲ့ရတယ်..ငါရဲ့ဒီခေါင်းမာလွန်တဲ့စိတ်ဆန္ဒကို ပြည့်မြောက်စေဖို့အတွက် တတ်နိုင်သလောက်ကြိုးစားခဲ့တယ်လေ..ဒါပေမယ့် ငါဒီလိုပိုကြိုးစားလေလေ ငါရဲ့အတွေးတွေက ဘယ်လောက်တောင် လက်တွေ့မကျဖြစ်နေလဲဆိုတာကို ပိုနားလည်လာလေပဲ..ငါက မြို့မင်းအိမ်တော်နဲ့ ယှဥ်လိုက်မယ်ဆိုရင် အားနည်းတဲ့မိဘမဲ့တစ်ယောက်ပဲလေ သူတို့ကိုနည်းနည်းလေးမှ မခြိမ်းခြောက်နိုင်ဘူး ”
” ငါအနေနဲ့ လုံး၀ကို အထီးကျန်းစရာကာလတွေတောင်ရှိနေခဲ့တယ်…ဘ၀မှာနောက်ထပ်တစ်ကြိမ်ထပြီရပ်တည်ဖို့တောင် မဖြစ်နိုင်တော့ဘူးလို့ တွေးမိခဲ့တယ်…မင်းနဲ့ကျောင်းတော်မှာရှိတဲ့လူတွေကသာ ငါ့ကိုနွေးထွေးမှုပေးခဲ့တာ ဆရာရှောင်ယာနဲ့ အစ်ကိုကြီးတို့ရဲ့တွေ့ရတာတကယ်ကံကောင်းလွန်လှတယ်..မင်းနဲ့ထပ်ပြီတွေ့ရတာပိုကံကောင်းသေးတယ်..မင်းတို့အားလုံးကြောင့်သာ ငါက အမျက်ဒေါသကျောင်းတော်ဆိုတဲ့ မိသားစုကြီးကို ၀င်ရောက်ခဲ့ရတာ မင်းတို့အားလုံးကပဲ ငါကိုဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ နွေးထွေးမှုနဲ့ အမှတ်တရကောင်းတွေကို ခံစားစေခဲ့ရတာပဲ ”
” ငါတို့တွေက တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ ရင်ပေါင်တန်ပြီ တိုက်ခိုက်ရင်းလက်ရှိတော့ချန်ပီယံဖြစ်လာခဲ့ပြီ အဲ့ဒီအချိန်ကနေစပြီ ကြိုးစားရုံနဲ့ အရာအားလုံးက ဖြစ်နိုင်နေတာမဟုတ်ဘူးလို့ ငါနားလည်သွားတယ်..၀မ်သုန့် ငါ့ကိုသတ္တိရှိစေပြီ ပိုသန်မာလာအောင်ကူညီပေးတဲ့အတွက်ပဲ ကျေးဇူးပဲ ၀မ်သုန့် မင်းကအမြဲတမ်းငါရဲ့တကယ်အကောင်းဆုံးညီနောင်ပဲ ”
ဟို့ယွိဟောင်ရဲ့စကားတွေကိုကြာပြီချိန်မှာ ၀မ်သုန့်အကြည့်က ပိုမိုနူးညံ့ညင်းသာလာပါတော့တယ်။ ဟို့ယွိဟောင်ကိုဖက်ထားတဲ့ သူ့ရဲ့လက်တွေကလဲ ပိုအားရှိလို့လာခဲ့ပါပြီ။
သူတို့တွေအဲ့ဒီနေရာမှာ မိနစ်အနည်းငယ်နေပြီတဲ့နောက် ၀မ်သုန့်ရဲ့ခေါင်းအုံတစ်ဖက်ကလဲ ဟို့ယွိဟောင်ငိုထားတဲ့မျက်ရည်တွေကြောင့် စိုရွှဲလို့နေပါတော့တယ်။
” ယွိဟောင် မင်းငါ့ကိုဖိနေတာတအားကြာပြီ ”
တော်တော်လေးကြာပြီမှသာ ၀မ်သုန့်က ပြောလာခဲ့တယ်။ ဟို့ယွိဟောင်လဲ အနောက်ဖက်ကိုပြန်မတ်လိုက်ရတယ်။ ဒီအချိန်မှာသာ ၀မ်သုန့်ပြုံးနေတာကို သူမြင်လိုက်ရပါတယ်။ အဲ့ဒီမျက်နှာကိုကြည့်ရင်း ဟို့ယွိဟောင်လဲ စိတ်မထိန်းနိုင်ပဲနောက်တစ်ကြိမ် သူ့မျက်နှာကိုကြည့်ကာ ပါးတွေကိုလိမ်ဆွဲတော့တယ်။
” ၀မ်သုန့် မင်းသာမိန်းကလေးဖြစ်နေရင် ဘယ်လောက်ကောင်းမလဲ အဲ့ဒီနေ့က အလင်းတန်းမိုးနဲ့အတူ ထွက်ပေါ်လာတဲ့သူနဲ့ တစ်ရုပ်ထဲဖြစ်နေမှာ ”
ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။
၀မ်သုန့်ရဲ့မျက်နှာကတော့ နီရဲလို့သွားခဲ့ပြီ ပြန်ပြောတော့တယ်။
” ငါမိန်းကလေးဖြစ်ရင်တောင် အဲ့ဒါမင်းနဲ့ဘာဆိုင်လဲ ”
ဟို့ယွိဟောင်ရဲ့မျက်နှာပေါ်မှာ မျက်ရည်စက်တချို့က ကပ်ကျန်နေဆဲပါပဲ။ ဒါပေမယ့် အဲ့ဒါကိုသူ သတိမထားမိပဲ ရယ်မောနေခဲ့ပါတယ်။
” ဒါပေါ့ ငါနဲ့ဆိုင်တာပေါ့ ငါမင်းကိုသေချာပေါက် အရှက်မရှိလိုက်ပြီကပ်တွယ်နေမှာပေါ့ အစ်ကိုကြီးရှု ပြောဖူးတယ်…မိန်းမကောင်းလေးတွေက သူတို့ကို လိုက်တွယ်ကပ်တဲ့ကောင်တွေကို ကြောက်တယ်တဲ့ ဒါကြောင့် သူလဲ ကျန်းနန်နန်ကို တစ်ရက်တော့သေချာပေါက် အရယူနိုင်လိမ့်မယ်..ဒါပေါ့ မင်းမှာညီမတစ်ယောက်ရှိလား ရှိမယ်ဆိုရင် ငါနဲ့မိတ်ဆက်ပေးလေ အပြင်လူတွေနဲ့တွေ့တာနဲ့ဆိုင်ရင် ကိုယ်သူငယ်ချင်းနဲ့ တွေ့တာက ပိုကောင်းတယ်မဟုတ်ဘူးလား ”
၀မ်သုန့်ရဲ့မျက်နှာက နီရဲလို့နေပြီတဲ့နောက် ဟို့ယွိဟောင်ကိုဆက်ပြီမကြည့်တော့ပါဘူး။ ဟို့ယွိဟောင်ကတော့ သူဒေါသထွက်သွားတယ်ထင်သွားလို့သာ ခပ်မြန်မြန်ပြောတော့တယ်။
” ငါစနေတာပါ အမှန်တကယ်မတွေးပါနဲ့ ”
၀မ်သုန့်က ခေါင်းကိုလှည့်ကြည့်ရင်းပြောလာခဲ့တယ်။
” မင်းဘာပြောချင်တာလဲ မင်းစကားတွေကို ပြောချင်တိုင်းပြောလို့ရမယ်များထင်နေတာလား ငါပြောမယ်.ငါမှာတကယ်တော့ ငါ့မှာအစ်မကြီးတစ်ယောက်ရှိတယ် ”
” ဘာဖြစ်တယ် ”
ဟို့ယွိဟောင်က မျက်လုံးအပြူးသားနဲ့ပြောလာခဲ့တယ်။
” တကယ်ကြီးလား ”
” ဒါပေါ့ တကယ်ကြီးပေါ့ ငါ့မှာအမြွှာအစ်မကြီးတစ်ယောက်ရှိတယ်…သူက ငါထက်နှစ်နာရီစောပြီ မွေးလာတာ အကယ်၍ မင်းသူ့ကိုတကယ်သိချင်တယ်ဆိုရင် ငါသူနဲ့မိတ်ဆက်ပေးလို့ရတယ်..သူက အခုတခြားကျောင်းမှာရောက်နေတယ်…သူကတော်တော်လေးလှပြီ အမျိုးသမီးဖြစ်နေတာကြောင့် အဝေးကြီးကိုအိမ်ကမသွားခိုင်းတာ ဒါပေမယ့် ငါအစ်မကြီးရဲ့သိုင်းပညာ၀ိညာဥ်က ငါနဲ့အတူတူပဲ ငါတို့အမျက်ဒေါသကျောင်းတော်က ထူးချွန်တဲ့ကျောင်းသားတွေကို အတွင်းနယ်မြေစာမေးပွဲမှာ ၀င်ရောက်ဖို့အတွက် ခွင့်ပြုပေးတယ်…အဲ့ဒီအချိန်စာမေးပွဲဖြေရမယ်လေ ငါ့ရဲ့အစ်မကြီးလဲလာပြီ စာမေးပွဲဖြေချင်ဖြေမှာပေါ့ ဒါဆိုငါမင်းကို မိတ်ဆက်ပေးမယ်ရလား ”
ဟို့ယွိဟောင်က မျက်လုံးပြူးသွားခဲ့ရင်း ၀မ်သုန့်ကို ပြောပါတော့တယ်။
” အမြွှာအစ်မကြီးရှိတယ်လား ဒါဆိုသူကမင်းနဲ့တစ်ရုပ်ထဲပေါ့ ”
” ဒါပေါ့ ငါတို့ကအမြွှာတွေဆိုမှတော့ ရုပ်မတူပဲနေမလား သူက ငါတို့အဲ့ဒီနေ့တုန်းက အဲ့ဒီပေါင်းစည်းစွမ်းရည်နဲ့တစ်ရုပ်ထဲလို့ ပြောလို့ရမယ်ထင်တယ်…ဘာလဲမင်းစိတ်လှုပ်ရှားသွားပြီလား အကယ်၍ မင်းသာငါ့စကားကိုကောင်းကောင်းနားထောင်မယ်ဆိုရင် ငါမင်းကို သူနဲ့မိတ်ဆက်ပေးမယ် ”
ဟို့ယွိဟောင်က ရယ်မောပြီတဲ့နောက် ခေါင်းခါရင်းပြောလိုက်ပါတယ်။
” မေ့ထားလိုက်တော့ အကယ်၍ မင်းအစ်မကတအားလှလွန်နေတယ်ဆိုရင် ဘာလို့များငါ့ကိုပြန်ကြိုက်မှာလဲ ငါကစနေတာပါ အဲ့ဒီပေါင်းစည်းစွမ်းရည်က တကယ်ကိုလှလွန်တယ် ”
” ကိုယ့်ကိုကိုယ်လဲ အရမ်းအထင်သေးမနေနဲ့ မင်းကိုယ်မင်း ဘာမှမထင်မရှားကောင်လို့တွေးနေတုန်းလား အမြွှာသ်ိုင်းပညာ၀ိညာဥ်ပိုင်တဲ့အပြင် အဆုံးစွန်းသိုင်းပညာ၀ိညာဥ်လဲ ရှိနေတယ်…ဒါ့အပြင် တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ ချန်ပီယံတွေကတစ်ယောက်ဖြစ်နေသေးတယ်လေ ဒါ့အပြင် မင်းက အဖွဲ့ရဲ့အဓိကအင်အားစုတွေထဲက တစ်ယောက်ပဲ အခုမင်းနဲ့သက်တူရွယ်တူတွေထဲမှာ ဘယ်သူကများ မင်းထက်ပိုပြီးသာနိုင်ဦးမှာလဲ ဒါပေါ့ ငါကမင်းထက်နည်းနည်းလေးသာတယ် ”
ဟို့ယွိဟောင်လဲ မျက်လုံးပြူးသွားပါတော့တယ်။ ဟုတ်တယ် သူကဘယ်သူထက်များ နောက်ကျနေလို့လဲ။ သူ့ဘာသာသူ မေးခွန်းပြန်ထုတ်နေခဲ့မိပါတယ်။ သူ့ရဲ့အဖြေကိုတောင် ပြန်ဖြေဖို့ခက်ခဲနေခဲ့ပါပြီ။
၀မ်သုန့်က စကားကိုဖြတ်ပြောလိုက်တယ်။
” ဒီလိုမျိုးအတွေးလွန်မနေနဲ့တော့ ငါ့ကိုပြန်ကောင်းလာအောင်ကူညီပေးဦး မင်းလူမှဟုတ်ရဲ့လား မင်းသိတာက ငါကိုအနိုင်ကျင့်ဖို့ပဲ ငါရဲ့အင်အားလေးတွေပြန်ရလာအောင် ကူညီမပေးဘူး ”
” အား အား ဟုတ်သားပဲ ”
ဟို့ယွိဟောင်လဲ ခပ်မြန်မြန်ပဲ လက်တွေကိုဆုပ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် သူရဲ့ထူးဆန်းကောင်းကင်နည်းလမ်းကို ၀ိညာဥ်စွမ်းအားတွေက ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးတော့တယ်။
၀မ်သုန့်ကလဲ သူ့လိုမောပန်းနေတဲ့သူပါ ဒါပေမယ့် သူ့ရဲ့စွမ်းအင်ဖြတ်သန်းမှုလမ်းကြောင်းတွေက အတော်ကိုခေါင်းမာလွန်လှပါတယ်။ ပျက်စီးမဲ့အရိပ်အယောင်တစ်ခုတောင် ရှိမနေခဲ့ပါဘူး။
ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ ၀ိညာဥ်စွမ်းအားက အရမ်းကိုကြီးမားလွန်လှပါတယ်။ ဟို့ယွိဟောင်ရဲ့ အသက်စွမ်းအားကလဲ ၀ိညာဥ်စွမ်းအားတွေထဲမှာ ပါ၀င်နေခဲ့တာကြောင့် သူ့ရဲ့၀ိညာဥ်စွမ်းအားက ခပ်မြန်မြန်ပဲ တိုးတက်လာခဲ့ပါပြီ။ ဟောင်သုန့်စွမ်းအားကလဲ စတင်ပြီလှည့်ပတ်ပါတော့တယ်။
သူတို့နှစ်ယောက်အတူတူအလုပ်လုပ်ကြရင်း နှစ်နာရီအချိန်အတွင်းမှာ ၀မ်သုန့်က အတော်လေးအားပြည့်လာခဲ့ပါပြီ။ ကောင်းကင်ကြီးက မှောင်ပြီအေးနေဆဲဖြစ်သလို ၀မ်သုန့်၀ိညာဥ်စွမ်းအားကလဲ အပြည့်အ၀ပြန်ဖြစ်လာပါတော့တယ်။ သူက အရင်လိုအားနည်းနေတဲ့အခြေအနေမှာ ရှိမနေတော့ပါဘူး။
ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ရဲ့ လက်တွေကိုလွှတ်ရင်း သက်ပြင်းချလိုက်ပါတယ်။
” အခုမင်းသက်သောက်သက်သာဖြစ်သွားလောက်ပြီ ဒီနေ့လေ့ကျင့်တာကို ရပ်လိုက်ပြီကောင်းကောင်းနားရအောင် လာသွားကြမယ် ငါတို့အစားအသောက်သွားစားကြတာပေါ့ ”
၀မ်သုန့်က ရုတ်တရက်ထထိုင်ရင်းနဲ့ ဟို့ယွိဟောင်ရဲ့ပါးကိုလိမ်ဆွဲပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ပါးကိုလိမ်ဆွဲနေရင်း သူကတော့ပျော်နေပုံပါပဲ။
ဟို့ယွိဟောင်လဲ ဒီအတိုင်းလုပ်ခွင့်ပြုထားခဲ့တယ်။
” မင်းရဲ့ဒီလိုကပ်စီးနဲတဲ့ စိတ်ကတော့ အရမ်းကြီးကောင်းတာပဲ ”
၀မ်သုန့်က မျက်လုံးပြူးကြီးနဲ့ အားပိုစိုက်ရင်း ဟို့ယွိဟောင်မျက်နှာကို ညစ်ပါတော့တယ်။
” ဟုတ်လား ဒါဆိုရင် ငါမျက်နှာကို ဘယ်သူအရင်စပြီလိမ်ဆွဲတာလဲ ပြောစမ်းပါဦး ”
ဟို့ယွိဟောင်ကတော့ ထအော်ပါတော့တယ်။
” ငါအဲ့ဒီလောက် အားမသုံးဘူးလေ အကယ်၍ မင်းမရပ်ဘူးဆိုရင် ငါမင်းကိုပြန်လုပ်ရလိမ့်မယ် ”
သူပြောပြီတဲ့နောက် သူ့ရဲ့လက်က ၀မ်သုန့်ရဲ့လက်မောင်းအောက်ကိုရောက်လာခဲ့ပါပြီ။ ၀မ်သုန့်ကတော့ ကလိထိုးတာကြောင့် ယားယံတဲ့အတွက် စတင်ရယ်မောပါတော့တယ်။
°°°°
အမျက်ဒေါသကျောင်းတော် ပင်လယ်နတ်ဘုရားကျွန်း ပင်လယ်နတ်ဘုရားခန်းမ
တိတ်ဆိတ်နေတဲ့အခန်းထဲမှာ မာရှောင်ထောင့်က ချောမွေ့တဲ့အိပ်ရာတစ်ခုအပေါ် လှဲလျောင်နေခဲ့ပါတယ်။ အနက်ရောင်မီးလျှံတွေကတော့ သူမရဲ့ခန္ဓာကိုယ်ကနေ ဆက်တိုက်လောင်ကျွမ်းနေဆဲပါပဲ။ လက်ရှိအချိန်မှာ မီးတောက်တွေက ဖြည်းဖြည်းချင်းအားနည်းလာပြီ မှိန်ဖျော့ပျောက်ကွယ်မတတ်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူမကတော့ အရမ်းကိုအားနည်းနေဆဲပါ။ သူမရဲ့မျက်နှာပေါ်မှာတောင် အနက်ရောင်အငွေ့တွေက တစ်ချက်လာပြီလွှမ်းမိုးလာပါသေးတယ်။
ရွှေရောင်အလင်းတန်းတွေက အိပ်ရာတစ်ခုလုံးကိုဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ မာရှောင်ထောင့်ကလဲ ချိတ်ပိတ်ခံထားရတဲ့အတိုင်းပါပဲ။ သူမဘေးမှာရပ်နေသူကတော့ နှစ်ယောက်ရှိနေခဲ့တယ်။ ဘယ်ဘက်မှာကတော့ ကျောင်းအုပ်ရန်ရှောင်ကျဲ့ဖြစ်ပြီ သူ့ဘေးမှာကတော့ အကြီးအကဲကြီးရှိနေခဲ့ပါတယ်။
အကြီးအကဲက ခေါင်းကိုမတ်မတ်မထားနိုင်ခဲ့ပါဘူး။ သူအဲ့ဒီနေရာမှာရှိနေပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က ကိုးဆယ်ဒီဂရီကွေးညွတ်လို့နေခဲ့ပါတယ်။ ဒါ့အပြင် လက်နှစ်ဖက်မှာလဲ သူ့ကိုမားမားရပ်နိုင်စေဖို့ အားပြုတဲ့ကိရိယာရှိနေခဲ့သေးတယ်။
ရန်ရှောင်ကျဲ့က မာရှောင်ထောင့်ကို အလေးအနက်ကြည့်ရင်း ပြောလာခဲ့ပါတယ်။
” ဆရာ ကျွန်တော်တို့ဆရာရဲ့ အလင်းစွမ်းအင်နဲ့ ဒီထူးဆန်းရေခဲကျောက်ဖြာကို အသုံးပြုပြီး ရှောင်ထောင့်ရဲ့နတ်မီးငှက်မီးလျှံတွေကို ယာယီပြီထိန်းသိမ်းပေးထားနိုင်မယ်ထင်တယ်…ဒီမီးလျှံတွေက အရမ်းကိုအားကောင်းလွန်တယ်…သူတို့တွေသာ အတားအဆီးကနေလွှတ်လာပြီဆိုရင် ပြဿနာတွေအများကြီးရှိကုန်လိမ့်မယ်…ရှောင်ထောင့်ရဲ့အာရုံတွေက အတူတူပဲ ”
အပိုင်း ၁၂၇•၂ ပြီး၏။