အပိုင်း ၁၂၇•၁
” ပြိုင်ပွဲကြီးပြီးဆုံးမှုနဲ့ ဆုလာဘ်တွေ ”
°°°
ကခုန်နေတဲ့အမျိုးသမီးရဲ့ပုံရိပ်က သူ့စိတ်ထဲကို၀င်ရောက်လာပါတယ်။ ဟို့ယွိဟောင်ကတော့ လုံး၀ကိုမှိန်မောလို့နေခဲ့ပါပြီ။
ခြေဖျားအထိရှည်လျားနေတဲ့ အပြာရောင်နဲ့ ပန်းရောင်ဆံပင်တွေက ၀မ်သုန့်ဆံပင်နဲ့တော့ အတူတူပါပဲ။ ကောင်းကင်ဧကရာဇ်ရဲ့ တူကိုထုတ်သုံးချိန်တုန်းက ကိစ္စအကြောင်း သူပြန်တွေးမိပါတော့တယ်။ သိုင်းပညာ၀ိညာဥ်တွေရဲ့ ပေါင်းစည်းမှုက သူ့ရဲ့အရွယ်ရောက်ပြီးသားပုံရိပ်ကို မီးမှောင်ထိုးပြခဲ့သလို အရမ်းကိုအင်အားကြီးတဲ့တိုက်ခိုက်မှုတစ်ခုလဲ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုရဲ့ အင်အားကိုဟို့ယွိဟောင်ရှင်းရှင်းလင်းလင်း မှတ်မိဆဲဖြစ်သလို တကယ်ကိုအံ့ဩစရာကောင်းတဲ့ ခံစားချက်ပါပဲ။
ဒါပေမယ့် အလင်းတန်းမိုးတွေက ဘာကြောင့်များတုနှိုင်းမဲ့တဲ့အလှတရားအဖြစ်ကို ပြောင်းလဲသွားတာလဲ။ ဒါက တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့မျိုးဆက်များလား။ ဖြစ်နိုင်တဲ့ပုံတော့သိပ်မရှိပါဘူး။
ဒီသိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို ထိန်းချုပ်တဲ့သူက ၀မ်သုန့်ဖြစ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ ပထမဆုံးအမြင်ကတော့ သိပ်ပြီနက်နက်ရှ်ိုင်းရှိုင်းမရှိခဲ့ပါဘူး။ ၀မ်သုန့်ကတော့ ဒီတိုက်ခိုက်မှုပြီးတဲ့နောက်တော့ သတိတောင်လစ်သွားခဲ့ရပါတယ်။
ဟုတ်တယ် အခုဆို၀မ်သုန့်ဘယ်လိုများဖြစ်နေမလဲ သူတို့နှစ်ယောက်က စွမ်းအားကိုအလွန်အကျွံအသုံးချပြီ ကုန်ဆုံးလို့သွားခဲ့တာပါ။ ၀မ်သုန့်လဲ သူ့လိုပဲဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မှတ်မိမယ်ဆိုတာ ဟို့ယွိဟောင်သတိထားမိပါတယ်။ ဒါကြောင့် သူချက်ချင်းဆိုသလို စိုးရိမ်ပူပန်လာခဲ့ပါပြီ။
သူ့ခန္ဓာကိုယ်က စွမ်းအားကုန်ဆုံးသွားတာကြောင့် အလွန်အမင်မောပန်းလို့နေခဲ့ပါတယ်။ ရွှေလိုအသက်ရဲ့အင်အားဖြည့်တင်းမှုနဲ့အတူ သူ့ရဲ့သူမတူအောင်ထူးခြားတဲ့အသက်စွမ်းအားကြောင့်သာ ခန္ဓာကိုယ်က ရက်ပိုင်းလေးအတွင်းပြန်လည်ကောင်းမွန်လာတာပါ။
လက်ရှိအချိန်မှာတောင် ရွေ့လျားဖို့အတော်ခက်ခဲနေဆဲပါပဲ။ သူ့အနေနဲ့ ၀မ်သုန့်ကို စိတ်ရှိတိုင်းသွားမရှာနိုင်ပါဘူး။ စိတ်ငြိမ်ငြိမ်ထားရင် ထူးဆန်းကောင်းကင်နည်းလမ်းကို အသုံးပြုကာ၀ိညာဥ်စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့ကြိုးစားရပါတော့တယ်။
ထူးဆန်းကောင်းကင်နည်းလမ်းက ကုသတဲ့နေရာမှာ အတော်ကိုအသုံး၀င်တဲ့အရာပါ။ သူ့ကိုအသက်သွင်းလိုက်ချိန်မှာ ကျင့်ကြံမှုက ပုံမှန်အတိုင်းမြန်ဆန်နေခဲ့ပြီ စွမ်းအားတွေပိုလျှံတာမျိုးလဲမရှိတော့ပါဘူး။
ဒါပေမယ့် ၀ိညာဥ်စွမ်းအားအမြင်လေးတစ်ခုက သူ့ရဲ့ခြေထောက်အောက်ဖက်မှာ သုံးရက်ကြာပြီတဲ့နောက်မှသာ ဖြည်းဖြည်းချင်းဖြစ်ပေါ်လာခဲ့တာပါ။ အဲ့ဒီနောက် သူတို့တွေစတင်ပြီ အသက်၀င်လာခဲ့ပါပြီ။
၀ိညာဥ်စွမ်းအားကို ခံစားရပြီချိန်မှာတော့ အရာအားလုံးက ကွာခြားသွားပါတော့တယ်။ ဟို့ယွိဟောင် ခက်ခက်ခဲခဲနဲ့ ထထိုင်လိုက်ပြီ သူ့ရဲ့စိတ်ကို၀ိညာဥ်စွမ်းအားဆီသာ အာရုံပြုလိုက်ပါတော့တယ်။ ထူးဆန်းကောင်းကင်နည်းလမ်းက သူ့ရဲ့အင်အားကိုကြီး ပြန်လည်ဖြည့်တင်းပေးတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကိုလဲ ပိုအားကောင်းစေပါတယ်။ နာကျင်ရောင်ရမ်းနေခဲ့တဲ့ ခံစားချက်တွေက ၀ိညာဥ်စွမ်းအားနဲ့အတူ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် နဖူးပေါ်မှာရွှေလိုအသက်ကနေ ဖွင့်ထားခဲ့တဲ့မျက်လုံးရှိနေတာကို မမြင်ရတော့ပါဘူး။ သူ့တစ်ကိုယ်လုံးကို စိမ်းစိုလန်းဆန်းတဲ့ အငွေ့အသက်တွေက ပြည့်နှက်လို့သွားပါတော့တယ်။
ကျင့်ကြံမှုကနေနိုးထလာချိန်မှာတော့ အပြင်တစ်ခုလုံးက မှောင်နေခဲ့ပါပြီ။ တကယ်တော့ညနေတောင်စောင်းပြီ နေ၀င်သွားခဲ့ပြီဖြစ်ပါတယ်။
အကြောဆန့်လိုက်ပြီတဲ့နောက် အံ့ဩစရာကောင်းလောက်အောင်ရှာဖွေတွေ့ရှိသွားရတာကတော့ သူ့ရဲ့၀ိညာဥ်စွမ်းအားအဆင့်ကိုးနီးပါးကို နီးကပ်နေပြီဖြစ်တာပါပဲ။ လက်ရှိကာလမှာ သူကြိုးကြိုးစားစားကျင့်ကြံခဲ့တာမှန်ပေမဲ့ သူ့ရဲ့အနာဂတ်အလားအလာက သေရှင်ရှင်ရေးအခြေအနေတွေမှာ တိုးတက်နိုင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိလို့သွားခဲ့တယ်။
ဒီကိစ္စကြောင့် သူမပျော်နိုင်သေးပါဘူး။ သူ့စိတ်ထဲမှာ ကိစ္စတွေအများကြီးရှိနေသေးတာကြောင့် အိပ်ရာကနေခုန်ထွက်ပြီ အ၀တ်အစားတွေကို လဲလိုက်ပါတယ်။ သူမျက်နှာတောင် မသစ်နိုင်တော့ပဲ အခန်းအပြင်ကို ပြေးထွက်လို့သွားခဲ့တယ်။ ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့အခန်းထဲကို ချက်ချင်းပြေး၀င်သွားချင်ပေမဲ့ ပိုပြီးအရေးကြီးတဲ့အရာတွေရှိနေသေးတာကို သူသတိထားမိသွားပါတယ်။ ဒါကြောင့်သာ ၀မ်ယန်ရဲ့တံခါးကိုသာ သူသွားခေါက်ခဲ့တာပါ။
ဆရာ၀မ်ယန်က တံခါးလာဖွင့်ဖွင့်ချင် မျက်ကွင်းပြီ မျက်နှာတစ်ခုလုံးအရောင်သွေးမကောင်းတာကို သူမြင်လိုက်ရပါတယ်။ သူကြည့်ရတာ အတော်လေးကို အိပ်ရေးပျက်ထားပုံပါပဲ။
” ဆရာ၀မ် အခြေအနေ ”
” ယွိဟောင် မင်းအဆင်ပြေသွားပြီလား မင်းခန္ဓာကိုယ်ဘယ်လိုလဲ ”
၀မ်ယန်က သူ့ကိုမြင်မြင်ချင်အပျော်လွန်ပြီမေးပါတော့တယ်။
” ဆရာ၀မ် အစ်မကြီးကော ဘယ်မှာလဲ အဲ့ဒီအနက်ရောင်မီးတောက်တွေကောဘယ်လိုလဲ ”
၀မ်ယန်ကတော့ မျက်မှောင်ကြုတ်ရင်းနဲ့သာ ဖြေလာခဲ့ပါတယ်။
” အဲ့ဒါကတော့ ပြဿနာပဲ သူတို့တွေမနေ့တုန်းကပြိုင်ပွဲကို ပြီးဆုံးအောင်အနိုင်ရပြီတဲ့နောက် ချန်ပီယံဖြစ်လာခဲ့တယ်…ငါတို့ပြန်ပြန်လာချင် အကြီးအကဲရွှမ်က ရှောင်ထောင့်ကိုမီးလျှံတွေ ထိန်းချုပ်ပြီ မျှတအောင်ဖိနှိမ့်ပေးခဲ့တယ်..မီးလျှံတွေရဲ့ အကုန်လုံးက အကြီးအကဲရွှမ်ကို မယှဥ်နိုင်ပေမဲ့ သူတို့က အရမ်းခေါင်းမာလွန်တယ်…သူတို့ဘာသာသူတို့ လွှတ်မြောက်အောင်ကြိုးစားနေတာကြောင့် အကြီးအကဲရွှမ်က အချိန်အတော်တော်ကြာတဲ့အထိ ဖိနှိမ့်ခဲ့ရတယ်လေ..ရှောင်ထောင့်ရဲ့အသိစိတ်ကတော့ မကြည်မလင်ရှိနေတုန်းပဲ လက်ရှိအချိန်မှာ တကယ်ပြဿနာက ကြီးမားနေပြီ ငါတို့ဆုကိုယူပြီတာနဲ့ ကျောင်းတော်ကိုချက်ချင်းပြန်ရမယ်…ကျောင်းတော်မှာသာ သူ့ကိုကုသလို့ရလိမ့်မယ်…အထဲကို၀င်လာခဲ့ ”
သူပြောပြီတာနဲ့ ဟို့ယွိဟောင်ကိုအထဲ၀င်ခိုင်းလိုက်ပါတော့တယ်။ ၀မ်ယန်ရဲ့အခန်းကတော့ ရှုပ်ပွလို့နေခဲ့ပြီ အ၀တ်တွေကလဲ ပုံနေခဲ့ပါတယ်။
ဟို့ယွိဟောင်မလာခင်အချိန်အထိ သူမနားရသေးတာ သိသာနေခဲ့တယ်။ အရမ်းကိုပင်ပန်းလွန်နေခဲ့ပြီဖြစ်သလို ပြိုင်ပွဲကိုတာ၀န်ယူရတဲ့ဆရာဖြစ်တာကြောင့် သူကအားလုံးထက်ဖိအားအများဆုံးပါ။ ချန်ပီယံဖြစ်သွားတာကို သိသိပြီချင်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက လဲကျသွားမလို့တောင်ဖြစ်သွားသလို ခံစားမိလိုက်ပါတယ်။ သူပြန်လာပြီတဲ့နောက် ကိစ္စတွေတချို့ကို ရှင်းလင်းပေးရင် အိပ်ရာပေါ်မှာချက်ချင်းလဲပြီ အိပ်ပျော်လို့သွားခဲ့တယ်။ သူ့ရဲ့ကျောင်းသားတွေ အခြေအနေကိုစိုးရိမ်နေတာကြောင့်သာ အမြဲတမ်းအိပ်ရာပေါ်ကနေ ခက်ခက်ခဲခဲတွားသွားပြီထရင်း ကြည့်နေခဲ့ရတာပါ။ ဒါကြောင့်သာ အခုလောက်အထိ ပင်ပန်းနေတဲ့အခြေအနေရောက်နေတာသာဖြစ်ပါတယ်။ ချိန်ညှိမှုသာမလုပ်ဘူးဆိုရင် သူ့အနေနဲ့ လန်လန်ဆန်းဆန်းဖြစ်ဖို့တောင် မလွယ်ကူပါဘူး။ ဒါပေမယ့် ဒီအတွေ့အကြုံက ၀မ်ယန်အတွက်တော့ အရမ်းကို အရေးကြီးလွန်ပါတယ်။ လက်ရှိအချိန်မှာ သူက အတွေ့အကြုံပိုင်ဆိုင်ရာမှာအများကြီးထူးချွန်တဲ့ဆရာတစ်ယောက်ဖြစ်လာခဲ့သလို စိတ်ပိုင်ဆိုင်ရာလဲ တခြားအချက်အလက်တွေမှာ တိုးတက်ခဲ့ပါတယ်။
၀မ်ယန်က ဟို့ယွိဟောင်ကို တခဏတာထိုင်ခိုင်းစေရင်း ရေတစ်ခွက်ကို ငှဲ့ပေးလာခဲ့တယ်။
” မင်းခန္ဓာကိုယ်ကောင်းသွားပြီလား ”
သူမေးလာခဲ့တယ်။ ဟို့ယွိဟောင်က ရေသောက်လိုက်ပြီမှသာ ပြန်ဖြေလိုက်တယ်။
” ကျွန်တော်အဆင်ပြေပါတယ်…ကျွန်တော်အရမ်းကြီးအားကုန်သွားတာကြောင့် မောပန်းနေရုံသာဖြစ်တာပါ ဆရာ၀မ် အစ်မကြီးရဲ့သိုင်းပညာ၀ိညာဥ်က မိစ္ဆာသိုင်းပညာ၀ိညာဥ်အဖြစ်ကို ပြောင်းလဲသွားမှာလား ”
သူက မာရှောင်ထောင့်ရဲ့ မိစ္ဆာမီးလျှံနဲ့ပတ်သက်ပြီ တခြားသူတွေထက် ပိုရင်းနှီးတဲ့သူတွေပါ။ အဲ့ဒီမီးတွေက တော်တော်လေးကို အားကောင်းလွန်လှပါတယ်။ ဒါ့အပြင် နတ်မီးငှက်မီးလျှံကသာ သူ့ကိုအနိုင်ယူနိုင်တယ်။ လက်ရှိအချိန်မှာတော့ ဒီလိုအသွင်ပြောင်းလဲပြီတဲ့အချိန်မှာ မာရှောင်ထောင့်ပိုင်ဆိုင်နေတဲ့နတ်မီးငှက်မီးလျှံတွေရဲ့ ခမ်းနားမှုနဲ့ ကျက်သရေရှိမှုကို ဟို့ယွိဟောင်မခံစားရတော့ပါဘူး။ အဆုံးစွန်းကြမ်းတမ်းမှုနဲ့ စိတ်ပျက်အားလျော့မှုတွေသာ ကျန်ရစ်ခဲ့ပါတော့တယ်။ ဒါကသေချာပေါက် သာမန်၀ိညာဥ်ပညာရှင်တစ်ယောက်တော့မဖြစ်နိုင်တော့ပါဘူး။
၀မ်ယန်ကတော့ အတော်လေးခါးသီးတဲ့အမူအရာရှိနေခဲ့ပါတယ်။
” အကယ်၍ အနက်ရောင်မီးလျှံတွေကိုသာ အပြည့်အ၀မဖိနှိမ့်ထားဘူးဆိုရင် သူက မိစ္ဆာ၀ိညာဥ်ပညာရှင်ဖြစ်လာလိမ့်မယ်..အရမ်းကိုအင်အားကြီးတဲ့သူ ဖြစ်လာမှာ ရှောင်ထောင့်ရဲ့၀ိညာဥ်စွမ်းအားတွေက အဆင့်ခုနှစ်ဆယ်ကို ရောက်ရှိသွားပြီရင် သူ့ရဲ့မီးလျှံတွေက အနက်ရောင်ပြောင်းသွားမယ်လို့ အကြီးအကဲရွှမ်ပြောဖူးတယ်…၀ိညာဥ်စက်ကွင်းသုံးကွင်းကို ရပြီးပြီဆိုရင် သူ့အတွက်သေချာပေါက် နောက်ထပ်တိုးတက်မှုဖြစ်လာနိုင်မယ်..ဘယ်လောက်အထိ အလားအလာကောင်းလဲဆိုတာ အကြီးအကဲရွှမ်မသိဘူး…ဒါပေမယ့် ရှောင်ထောင့်က မိစ္ဆာ၀ိညာဥ်ပညာရှင်ဖြစ်မလာဖို့တော့ ငါတို့သေချာပေါက် ပြောင်းလဲမှရမယ်…သူ့ရဲ့အသိစိတ်ကို မိစ္ဆာအမှောင်ထုက ၀ါးမြိုသွားပြီ ဒီလိုဖြစ်လာရင် သူကအရင်ကလို မာရှောင်ထောင့်မဟုတ်တော့ဘူး…မိစ္ဆာအမှောင်ထုနတ်မီးငှက်ပဲ ”
” ဒါဆိုကျွန်တော်တို့ဘာလုပ်ရမလဲ အစ်မကြီးကို ဘယ်လိုလုပ်ရမလဲ ”
၀မ်ယန်ကလဲ သက်ပြင်းချရင်း ခေါင်းခါနေခဲ့ပါတယ်။
” အခုတော့ငါတို့ဖြေရှင်းချက်မရှိသေးဘူး…ငါတို့တွေကျောင်းတော်ကို ပြန်ရောက်မှပဲ ကြည့်ကြတာပေါ့ အကြီးအကဲရွှမ်က ရှောင်ထောင့်ကို ကျောင်းပြန်ခေါ်သွားပြီ အဲ့ဒီနောက်မှသာ ပြန်လာလိမ့်မယ်…ငါတို့ကိုပြန်ခေါ်ဖို့ပြန်လာလိမ့်မယ် ”
မာရှောင်ထောင့် ကျောင်းပြန်သွားပြီဆိုတဲ့အကြောင်း ကြားပြီချိန်မှာ ဟို့ယွိဟောင်လဲ စိတ်သက်သာရာရသွားပါတော့တယ်။ သူက ကျောင်းတော်ကိုအများကြီးယုံကြည်တဲ့သူပါ ဒါကြောင့် သူ့ကို မေးလာခဲ့တယ်။
” ဆရာ၀မ် အကြီးအကဲရွှမ်က ကျွန်တော်တို့ကိုဘာလို့လာကြိုမှာလဲ ကျွန်တော်တို့ကိုယ်ဘာသာကိုယ် ပြန်လို့ရတယ်မဟုတ်လား ဒဏ်ရာတွေက အဲ့ဒီလောက်မဆိုးဘူးလေ ”
၀မ်ယန်ကတော့ လေးလေးနက်နက်စိုက်ကြည့်ရင်း ပြောလာခဲ့ပါတယ်။
” ယွိဟောင် ငါတို့တွေဒီတစ်ခေါက်ပြန်ရမဲ့ခရီးက မလွယ်ကူဘူး…မင်းဒီလမ်းတစ်လျှောက်လုံးမှာ လုံး၀အားလပ်ရက်ဆိုတာ မရှိနိုင်ဘူး…ပြိုင်ပွဲကြီးရဲ့ အဓိကချန်ပီယံတွေဖြစ်လာပြီတဲ့နောက် တခြားသူတွေရဲ့ပစ်မှတ်ဖြစ်လာတာ အတူတူပဲလေ အကယ်၍ တစ်စုံတစ်ယောက်ကသာ မင်းတို့ကိုထိခိုက်အောင်လုပ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ ကျောင်းတော်ကသတိကြီးကြီးထားရတာ ပုံမှန်ပဲလေ မင်းခန္ဓာကိုယ်မျိုးနွယ်ကို မေ့နေပြီလား ”
ယွိဟောင်က မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။
” ဒါဆိုရင် ဆရာ၀မ်ပြောချင်တာ တစ်ယောက်ယောက်က ”
၀မ်ယန်က ခေါင်းညိတ်ရင်းပြန်ဖြေလိုက်တယ်။
” ဖြစ်နိုင်ချေတွေအားလုံးကို ငါတို့တွေထည့်တွက်ထားရမယ်..ဒီကောင်တွေက အကြီးအကဲရွှမ်သာရှိနေမယ်ဆိုရင် ဘာမှကြီးကြီးမားမား လုပ်၀ံ့မှာမဟုတ်ဘူး…လောကကြီးမှာရှိတဲ့ကောင်းတာတွေကို အထင်မသေးလိုက်လေနဲ့ မင်းတို့အားလုံးကဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့တင် အရမ်းထူးချွန်နေကြပြီ နောက်ဆယ်နှစ် အနှစ်နှစ်ဆယ်ကြာပြီတဲ့နောက်မှာ ဘယ်လိုဖြစ်လာမလဲ ငါတို့ပြိုင်ဘက်တွေက သူတို့အတွက် ခြိမ်းခြောက်မှုဖြစ်လာမဲ့အဆင့်အထိ ရောက်တာကိုမြင်ချင်တာလား ”
ဟို့ယွိဟောင် မျက်မှောင်ကြုတ်လိုက်ပါတယ်။ သူက အသက်အရွယ်မကြီးရင့်သေးပေမဲ့ သက်တူရွယ်တူတွေထက် အများကြီးပိုပြီး ရင့်ကျက်နေတဲ့သူပါ။ ၀မ်ယန် ပြောချင်တာကို ချက်ချင်းနားလည်သွားခဲ့တယ်။
” ဆရာ၀မ် ၀မ်သုန့်ရောဘယ်လိုလဲ ”
” သူ့အခြေအနေက အတော်လေးတည်ငြိမ်တယ်…မင်းလိုပဲ သူ့ခန္ဓာကိုယ်က စွမ်းအားအလွန်အမင်ကုန်ဆုံးသွားတာကြောင့် အဲ့ဒီလိုဖြစ်သွားတာ မင်းတို့နှစ်ယောက်က နောက်ဆုံးတိုက်ပွဲမှာ အဆုံးစွန်းတိုက်ခိုက်ခဲ့တယ်လေ ရိုးရိုးသားသားပြောရမယ်ဆိုရင် မင်းတို့ရဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်က အားလုံးကိုထိတ်လန့်စေခဲ့တယ်…တိုက်ကြီးတစ်ခုလုံးရဲ့ သမိုင်းတစ်လျှောက်မှာအမြွှာသိုင်းပညာ၀ိညာဥ်ပညာရှင်နှစ်ယောက်က သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်လေးခုကို ထုတ်သုံးနိုင်တယ်ဆိုတာ ပထမဆုံးအကြိမ်ပဲ ဒါကြောင့် မင်းတို့နှစ်ယောက်ရဲ့လုံခြုံစိတ်ချမှုကို ပို့ပြီးအာရုံစိုက်ရမယ်..ကောင်းပြီ သူ့ကိုသွားကြည့်လိုက် မင်းဒီတည်ခိုဆောင်ကနေ စားချင်တာကိုမှာစား အခုလက်ရှိအချိန် မင်းကကြယ်ပွင့်ဖြစ်နေပြီ ”
စိတ်သက်သောက်သက်သာဖြစ်စေတဲ့ အမူအရာတစ်ခုသာ သူ့မျက်နှာပေါ်မှာပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်ကိုကြည့်နေတဲ့ သူ့ရဲ့အကြည့်က သူ့ရဲ့သွေးရင်းသားရင်းသားလေးတစ်ယောက်ကို ကြည့်နေတဲ့အတိုင်းပါပဲ။
ဟို့ယွိဟောင်မှာ ၀မ်သုန့်ရဲ့အခန်းသော့တစ်ချောင်းအမြဲရှိနေခဲ့တာပါ။ ၀မ်သုန့်က သူ့အခန်းကို ကိုယ်အခန်းလိုအမြဲတမ်း၀င်ထွက်သွားလာလို့ရတာပါပဲ။
ဟို့ယွိဟောင်လဲ တံခါးဖွင့်ပေးပြီတဲ့နောက် သူ့အခန်းထဲ၀င်သွားခဲ့ပါတယ်။ ၀မ်သုန့်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပါ။ သူ့တစ်ကိုယ်လုံးကို နွေးထွေးတဲ့စောင်က ခြုံထားခဲ့ပြီ မျက်နှာကတော့ ဖြူဖျော့နေခဲ့ပါတယ်။ ပန်းရောင်ဆံပင်တွေကတော့ ရှုပ်ပွလို့နေခဲ့ပြီ မျက်နှာကပိုနူးညံ့လို့နေခဲ့တယ်။
ဟို့ယွိဟောင်လဲ အိပ်ရာဘေးမှာထိုင်လိုက်ရင်း သူ့မျက်နှာကိုစိတ်ဆွဲလိုက်ပါတယ်။ အဲ့ဒီနောက် သေသေချာချာခေါင်းငုံ့ကြည့်ရင်း ပြောလာခဲ့တယ်။ တကယ်ကို တစ်ရုပ်ထဲပဲ။
အဲ့ဒီဆံပင် မျက်နှာဖွဲ့စည်းတည်ဆောက်ပုံအားလုံးက ၀မ်သုန့်နဲ့ အဲ့ဒီအမျိုးသမီးအတူတူပါပဲ။
ဒါပေမယ့် ၀မ်သုန့်ကတော့ ပိုမိုအပြစ်ကင်းစင်တဲ့မျက်နှာမျိုးရှိပြီ အမျိုးသမီးတစ်ယောက်ရဲ့ဆွဲဆောင်မှုမျိုးမရှိပါဘူး။
ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ အနားကိုသေသေချာချာကပ်နေရင်း မျက်နှာကိုကြည့်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပန်းနုရောင်ဆံပင်တွေက သူ့မျက်နှာတစ်လျှောက်ကို မွေးပွအလုံးတစ်လုံးဖိနေသလိုပါပဲ။ သူ့ရဲ့မျက်စိရှေ့မှာအပြာရောင်မျက်လုံးတောက်တောက်တစ်စုံက ပေါ်လာပါတော့တယ်။ ရှည်လျားပြီကွေးညွတ်နေတဲ့ မျက်တောင်တွေက အနည်းငယ်တုန်ရီလို့သွားခဲ့တယ်။
” မင်းနိုးလာပြီလား ”
ဟို့ယွိဟောင်က အထိတ်တလန့်နဲ့ ချက်ချင်းဆိုသလို ကိုယ့်ကိုကိုယ်ပြန်မတ်လိုက်မိပါတယ်။ ဘာအကြောင်းရင်းမှမသိရပဲ သူနှလုံးခုန်သံကတော့ အရမ်းကိုမြန်ဆန်လို့နေခဲ့တယ်။
” မင်းငါမျက်နှာကို စိတ်ဆွဲရဲတယ်ပေါ့ စောင့်နေစမ်းပါ “:
ဟို့ယွိဟောင်ကတော့ ရယ်နေခဲ့ပါတယ်။
” မင်းနိုးပြီဆိုမှ ငါလာတဲ့အချိန်ဘာလို့ဘာမှမပြောတာလဲ ”
အပိုင်း ၁၂၇•၁ ပြီး၏။