Chapter – 6.4 ” သော့်လော့တိုက်ရဲ့ နံပါတ်တစ် ကျောင်းတော် ”
°°°
အရှေ့ဆုံးမှာတော့ ရုပ်ထုသုံးခု ရှိနေခဲ့ပါတယ်။ အလယ်ရုပ်ထုကတော့ အဘိုးကြီးတစ်ယောက်ရဲ့ပုံစံပါ။ သူ့ရဲ့မျက်နှာက ကြည်လင်ပြီးတောက်ပလို့နေခဲ့တယ်။ ခန္ဓာကိုယ်ကတော့ ပုံမှန်လူသားတွေရှိတတ်တဲ့ ပြန်မျှပုံစံပါပဲ။ ဒါပေမယ့် အနည်းငယ်၀ဖိုက်ပြီး သဘောကောင်းတဲ့လူတစ်ယောက်ပုံစံ ရှိနေခဲ့တယ်။
ပေ့ပေ့က ဟို့ယွိဟောင်ကို ပြောလာခဲ့ပါတယ်။
” အလယ်မှာရှိတဲ့သူက ငါတို့အမျက်ဒေါသကျောင်းတော်ရဲ့ တည်ထောင်သူပထမဆုံးကျောင်းအုပ်ပဲ ဘယ်ဘက်မှာရှိနေတာက ငါတို့မျိုးနွယ်ရဲ့ ဘိုးဘေးကြီးသူကလက်ရှိအချိန်မှာ ကျောင်းတော်ထဲအဓိက အသုံးချတဲ့ သိုင်းပညာ၀ိညာဥ်တွေရဲ့ အခြေခံတွေကို ဖန်တီးခဲ့တယ်။ သူ့သာအပြင် အဓိကမူလသိုင်းပညာ၀ိညာဥ်လောကရဲ့ စံပြဆယ့်ယောက်ထဲက တစ်ယောက်ပဲ သူ့ကို မဟာဘိုးဘေးကြီးလို့ ခေါ်ကြတယ် ..နာမည်ကတော့ ယွိရှောင်ကန်းတဲ့ ငါ့အမေက သူ့တိုက်ရိုက်မျိုးနွယ်ကနေ ဆင်းသက်လာတဲ့သူ ညာဘက်မှာရှိတဲ့ အမျိုးသမီးက ငါ့ရဲ့ဘိုးဘေးပဲ သူ့နာမည်က လျှို့အယ်လုံလို့ခေါ်တယ် ..မဟာဘိုးဘေးရဲ့ဇနီးသည် သူတို့သုံးယောက်က အတူတူပေါင်းစည်းပြီး ရွှေသံမဏိတြိဂံကို ဖန်တီးနိုင်တယ် ..ကျောင်းအုပ်က အမျက်ဒေါသကျောင်းတော်ကို တည်ထောင်ခဲ့တယ်ဆိုရင် ဘိုးဘေးကြီးကတော့ ကျောင်းတော်ကို တိုးတက်လာအောင် စောက်ရှောက်ဆောင်မခဲ့တဲ့သူပဲ ဒါ့အပြင် သူ့အနောက်ဖက်မှာရှိနေတဲ့ အမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ဖော်ကို သူတစ်ယောက်ထဲနဲ့ မြေတောင်မြှောက်ပေးပြီး ပြုစုပျိုးထောင်ပေးခဲ့တာ ”
မဟာဘိုးဘေးကြီးရဲ့ ရုပ်ထုကတော့ တည်ကြည်ခန့်ညားတဲ့ လူကြီးတစ်ယောက်အသွင် ရှိပါတယ်။ လျှို့အယ်လုံကတော့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးကြီးတစ်ယောက်ပုံစံပါပဲ။
သူတို့ရဲ့ အနောက်ဖက်မှာတော့ ရုပ်ထုခုနှစ်ခု ရှိနေခဲ့တယ်။ ဟို့ယွိဟောင်လဲ အရှေ့မှာရှိနေသူကို မြင်ချိန်မှာတော့ စိတ်မထိန်းနိုင်ပဲ တုန်ရီလို့သွားခဲ့ပါပြီ။
အဲ့ဒီအရပ်ရှည်ရှည်နဲ့ခန့်ညားတဲ့သူက သူ့အတွက်တော့ အထူးခြားဆုံးသူပါပဲ။ သူ့ရဲ့နဖူးပေါ်မှာ ဘုရင်ဆိုတဲ့စာလုံးက ထင်ထင်ရှားရှားရှိနေခဲ့ပြီး ကြောက်စရာကောင်းတဲ့ အရှိန်အ၀ါတွေ ရှိနေခဲ့တယ်။
” အမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော်က ကျောင်းတော်ကို အဓိကတိုးတက်လာအောင် ဆောင်မပေးတဲ့သူတွေ အရှေ့ဆုံးမှာရပ်နေတဲ့သူက ကျားဖြူသော့်လော့ ထိုက်မုပိုင်ပဲ ဒုတိယသူကတော့ သော့်လော့အော်စကာ တတိယလူကတော့ ငါတို့ထန်မျိုးနွယ်ရဲ့ အသူရာသော့်လော့ထန်စန်း ”
ထန်စန်းကတော့ ခုနှစ်ယောက်ထဲမှာ အခန့်ညားဆုံးသူပါသူ့ရဲ့ အပြာရောင်ဆံပင်တွေက ပုခုံးပေါ်ကို ရေတံခွန်လိုကျဆင်းလို့နေပါတယ်။ ရိုးရှင်းတဲ့စစ်သည်တော်၀တ်ရုံကို ၀တ်ဆင်လို့ထားခဲ့ပြီး ပုခုံးပေါ်မှာရှိနေခဲ့တဲ့ အပြာရောင်နွယ်ကြိုးတွေကတော့ သူ့ရဲ့ကိုယ်ပိုင်းသင်္ကေတပါပဲ။ ဒါ့အပြင် နှုတ်ခမ်းကတော့ ခပ်ဖျော့ဖျော့ပြုံးနေခဲ့ပြီး တစ်ဖက်မှာရှိတဲ့ အမျိုးသမီးကို ကြည့်နေခဲ့တယ်။
” လေးယောက်မြောက်ကတော့ နတ်ဆိုးနတ်မီးငှက်သော့်လော့ မာဟုန်ကျွေ့ ငါးယောက်မြောက်ကတော့ ထန်စန်းရဲ့ဇနီးသည် အရိုးပျော့သော့်လော့ ရှောင်၀ူ ပုံပြင်တွေအရဆိုရင် သူမက နှစ်ပေါင်းတစ်သိန်းရှိတဲ့၀ိညာဥ်သားရဲကောင်တဲ့ ဒ့ါပြင် လူသားဖြစ်အောင် ကျင့်ကြံဖို့အတွက် ရွေးချယ်ခဲ့တယ်…အနောက်မှာရှိတဲ့သူကတော့ ရတနာကိုပါးသော့်လော့ နင်ရုန်ရုန် အထောက်အပံ့ပြုတဲ့၀ိညာဥ်ပညာရှင်တွေထဲမှာ အသန်မာဆုံးလို့သူ့ကိုပြောကြတယ်…သူကတော့ အရှေ့မှာရှိနေတဲ့ သူက ဘိုးဘေးအော်စကာရဲ့ ဇနီးသည်ပဲ နောက်ဆုံးရှိတာကတော့ ငရဲဘုံသော့်လော့ကျူးကျူးချင် သူက ကျားဖြူသော့်လော့ရဲ့ဇနီးသည် ”
အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ရုပ်ထုတွေက ပုံစံတွေမတူညီကြပါဘူး။ သူတို့တွေက အတိတ်အချိန်မှာ ဘယ်လောက်အထိ သန်မာခဲ့လဲဆိုရင် သော့်လော့ဆိုတဲ့ ဂုဏ်ပုဒ်ကို ကြည့်ရုံနဲ့တင် သိနိုင်နေခဲ့တယ်။
ထန်ယာ့ကတော့ အသူရာသော့်လော့ ထန်စန်းရဲ့ ရုပ်ထုကို သေချာကြည့်နေခဲ့ပါတယ်။ ရွှေသံမဏိတြိဂံနဲ့ ပထမမျိုးဆက်မိစ္ဆာခုနှစ်ဖော်က ကျောင်းတော်ကို အဓိကအခြေခိုင်အောင် လုပ်ပေးခဲ့တဲ့သူတွေပါ။ နှစ်ပေါင်းတစ်သောင်းကြာပြီတာတောင် ကျောင်းတော်က ဆက်တိုက်ဆိုသလို ပညာရှင်တွေကို မွေးထုတ်ပေးနေဆဲပါပဲ။ ရုပ်ထုတွေရဲ့ အရေအတွက်ကတော့ ဆယ့်ယောက်တိတိ အဖြစ်သာ ကျန်ရှိနေခဲ့တယ်။
ပေ့ပေ့က ဟို့ယွိဟောင်ကို ရှင်းပြပြန်ပါတယ်။
” ငါတို့ဒီနေရာမှာ လမ်းခွဲရတော့မယ် ဘယ်ဘက်ကို လျှောက်သွားလိုက်မယ်ဆိုရင် သိုင်းပညာ၀ိညာဥ် အသက်မွေး၀မ်းကြောင်းကျောင်းကိုရောက်လိမ့်မယ်…ညာဘက်ကို လျှောက်မယ်ဆိုရင်တော့ ၀ိညာဥ်တည်ဆောက်ရေးကျောင်းကို ရောက်မယ်…အဲ့ဒီနှစ်ခုက အမျက်ဒေါသကျောင်းတော်ရဲ့ အကြီးဆုံးကျောင်းတော်ခွဲတွေပဲ ဒါ့အပြင် အပြင်နယ်မြေကလူတွေ အဓိကနေထိုင်ကြတယ်…အကယ်၍ သူတို့နှစ်ခုကို ယှဥ်ကြည့်မယ်ဆိုရင် သိုင်းပညာ၀ိညာဥ်ကျောင်းတော်ကတော့ ပိုပြီးကြီးတယ်…၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်က နည်းနည်းပိုပြီးသေးတယ်…ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ကျောင်းတော်ကို အဖွဲ့တွေ ဌာနတွေအများကြီး ခွဲထားသေးတယ်…ငါတို့က အရင်ဆုံးသိုင်းပညာ၀ိညာဥ်ကျောင်းတော်ကို သွားပြီး စာရင်းသွင်းပေးမယ်…ပထမဆုံးအနေနဲ့ ၀ိညာဥ်တည်ဆောက်ရေး၀ိညာဥ်ကျောင်းတော်ကို ရောက်ရှိဖို့အတွက် လိုအပ်တာက ကျောင်းတော်သူကျောင်းတော်သားအသစ်တွေရဲ့ ၀င်ခွင့်စာမေးပွဲကို ဖြတ်ကျော်ဖို့ပဲ ”
ဟို့ယွိဟောင်ကတော့ ရုပ်ထုဆယ့်ခုကို အာရုံစိုက်နေဆဲပါ။ သူ့အမေပြောပြတဲ့ ဒဏ္ဍာရီတွေက စိတ်ထဲမှာဆက်တိုက်ဆိုသလို ၀င်ရောက်လာခဲ့ပါတယ်။ ဒါ့အပြင် နှလုံးသားထဲမှာလဲ ထိတ်လန့်တဲ့ခံစားချက်က မကြာခဏဆိုသလို ရစ်၀ဲလို့နေခဲ့တယ်။
ရုပ်ထုတွေရဲ့ ဘယ်ဘက်လမ်းက အတော်ကို ကျယ်ပြန့်ပြီး လှည်းလေးစီးငါးစီးလောက် အသာလေးယှဥ်ပြီးသွားလို့ရပါတယ်။ ဒါ့အပြင် လမ်းရဲ့ နောက်တစ်ဖက်မှာလဲ ရေကန်ဘေးလမ်းဆိုတဲ့ စာသားကို ရေးထွင်းထားခဲ့တယ်။
သစ်ပင်တွေရဲ့ ညာဘက်ကိုကြည့်မယ်ဆိုရင် ကြီးမားတဲ့ရေကန်ကြီးတစ်ကန် ရှိနေတာကိုမြင်ရမှာပါ။ ကျောင်းတော်ထဲကို ၀င်ပြီးပြီချင် ရုပ်ထုဆယ့်ခုရဲ့နောက်မှာ ရေကန်ကြီးရှိနေတာပါပဲ။
ဟို့ယွိဟောင်ရဲ့ အကြည့်ကို မြင်မြင်ချင် ထန်ယာ့က ဂုဏ်ယူ၀ံ့ကြွားမှုအပြည့် ပြောလာခဲ့ပါတယ်။
” အဲ့ဒီလူသားတွေ ပြုလုပ်ထားတဲ့ ရေကန်က ငါတို့ထန်မျိုးနွယ်ဘိုးဘေးကြီး ထန်စန်းရဲ့ ဖန်တီးမှုပဲလေ ပင်လယ်နတ်ဘုရားရေကန်လို့ ခေါ်တယ်…ဒဏ္ဍာရီတွေအရ ငါတို့ဘိုးဘေးကြီးထန်စန်းက ပင်လယ်နတ်ဘုရားရဲ့ အမွေဆက်ခံခွင့်ကို ရရှိခဲ့တယ်…ဒါကြောင့် ကြီးမားကျယ်ပြန့်တဲ့ ရေကန်ကြီးကို မြေအောက်ရေတွေနဲ့ ဖြည့်ပြီးဖွဲ့စည်းထားခဲ့တာ ကျောင်းတော်ရဲ့ အတွင်းနယ်မြေကတော့ ပင်လယ်နတ်ဘုရားရေကန်ရဲ့ အလယ်ဗဟိုမှာ တည်ရှိတာပဲ ဒါ့အပြင် ပင်လယ်နတ်ဘုရားရေကန်အလယ်ကျွန်းကို ရောက်ရှိနိုင်တဲ့ဘယ်သူမဆို ငါတို့ကျောင်းတော်ရဲ့ ဂုဏ်ယူစရာလို့ ပြောလို့ရနိုင်တယ် ”
ပေ့ပေ့ ရေကန်အတွင်းပိုင်းကိုကြည့်ရင်း သူ့ရဲ့ ခိုင်မာတဲ့အကြည့်က ပိုလို့ပြင်းပြလာပါတော့တယ်။
ပင်လယ်နတ်ဘုရားရေကန်က တကယ်ကို ကြီးမားလွန်လှပါတယ်။ ရေကန်ဘေးလမ်းအတိုင်းလျှောက်သွားပြီး တောင်ဖက်စွန်းစွန်းကို ရောက်ချိန်မှာ အနောက်ဖက်ကို ပြန်ကွေ့ပြီး ဆယ့်ငါးမိနစ်တိတိ ထပ်ပြီးလျှောက်ရပါတယ်။ နောက်ထပ် ဆယ့်ငါးမိနစ်တိတိ ထပ်ပြီးလျှောက်ပြီမှသာ လမ်းကဆုံးသွားတော့တယ်။ ကြီးမားကျယ်ပြန့်ပြီး စစ်တုရန်းပုံစံ ရှိနေခဲ့တဲ့ရင်ပြင်ကျယ်ကြီးကတော့ သူတို့မျက်စိရှေ့ကို ရောက်ရှိလာခဲ့ပါပြီး ဒါ့အပြင် အမျက်ဒေါသရင်ပြင်ဆိုတဲ့ ဆိုင်ဘုတ်တစ်ခုကလဲ အရှေ့မှာ ရှိနေခဲ့ပါသေးတယ်။
ရင်ပြင်ရဲ့အနောက်ဖက်မှာတော့ သင်ကြားတဲ့နေရာတွေအများကြီး ရှိနေခဲ့တယ်။ သင်ကြားတဲ့ နယ်မြေတွေရဲ့ အရောင်တွေကလဲ အမျိုးမျိုးကွာခြားနေခဲ့ပါတယ်။ အဓိက အဖြူအ၀ါခရမ်းရောင်နဲ့ အနက်ရောင် လေးမျိုးရှိပြီး ကျောင်းတော်ရဲ့တစ်ဖက်အဝေးမှာတော့ မီးခိုရောင်သင်ကြားရေးနယ်မြေရှိနေခဲ့တယ်။
ပေ့ပေ့ကတော့ နယ်မြေတွေကို လက်ညိုးထိုးပြရင်း ပြောလာခဲ့ပါတယ်။
” မတူညီတဲ့အရောင်တွေက အနှစ်တွေကို ဖော်ပြတယ်…ဒါ့အပြင် ၀ိညာဥ်စက်ကွင်းတွေရဲ့ အရောင်လိုက်စီးထားတာ အဖြူရောင်နယ်မြေက ကျောင်းသားသစ်တွေအတွက် အနှိမ့်ဆုံးဆယ့်နှစ်၀ိညာဥ်စက်ကွင်းရှိတာကို ကိုယ်စားပြုတယ် အ၀ါရောင်ကတော့ ဒုတိယနဲ့ တတိယ အပြင်နယ်မြေရဲ့ ကျောင်းတော်သားတွေပဲ ခရမ်းရောင်ကတော့ စတုတ္ထနဲ့ ပဥ္စမကျောင်းတော်သားတွေအတွက် ကိုယ်စားပြုတယ်….အနက်ရောင်ကတော့ ခြောက်နှစ်မြောက် ကျောင်းသားတွေအတွက် ကိုယ်စားပြုတယ်…အကယ်၍ အနက်ရောင်နယ်မြေကို ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ အပြင်နယ်မြေကနေ အသိအမှတ်ပြုတဲ့ ဘွဲ့တံဆိပ်ကို ရလိမ့်မယ် ”
” မီးခိုရောင်နယ်မြေတွေကတော့ ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကျောင်းတော်ရဲ့ နယ်မြေတွေပဲ အကယ်၍ အရွယ်အစားကို ယှဥ်မယ်ဆိုရင် သင်ကြားရေးရဲ့ နယ်မြေ သုံးပုံတစ်ပုံကို သူတို့ကယူထားတယ်…သိုင်းပညာ၀ိညာဥ်နယ်မြေကတော့ သုံးပုံနှစ်ပုံကို ယူထားတယ်…ဒါ့အပြင် သင်ကြားတဲ့နယ်မြေတွေရဲ့ အရှေ့ဆုံးမှာ ထူးခြားတဲ့သင်ကြားရေး နောက်ထပ်နေရာတွေ ထပ်ရှိနေသေးတယ်…အဲ့ဒါတွေကတော့ ပြိုင်ဆိုင်ရေးနယ်မြေတွေ ၀င်ခွင့်လျှောက်ထားရေးနယ်မြေတွေနဲ့ ဆရာတွေရဲ့ ရုံးခန်းတွေပဲ ”
အဖြူရောင်နယ်မြေမှာရှိတဲ့ ကျောင်းတော်သားတွေက တောင်ဖက်စွန်းစွန်းမှာ ရှိပြီ ရေကန်လမ်းနဲ့ အနီးဆုံးပါပဲ။ သူတို့သုံးယောက်လဲ တောင်ဘက်ကို ဆက်ပြီးလျှောက်လာရင်း သင်ကြားရေးနယ်မြေတွေဆီကို ရောက်လာပါတော့တယ်။ လက်ရှိအချိန်မှာ ကျောင်းတော်သားအသစ်တွေကို လက်ခံနေတဲ့ကာလကြောင့် ကျောင်းတော်သားတွေ သင်ကြားတဲ့နယ်မြေက အရမ်းကို သက်၀င်လှုပ်ရှားလို့နေခဲ့တယ်။ ဒါ့အပြင် ၀င်ခွင့်ကို ကျော်ဖြတ်ပြီးတဲ့ ကျောင်းတော်သားတစ်ချို့ကလဲ လက်ရှိအချိန်မှာ စတင်လေ့ကျင့်နေကြပါပြီ။
ပေ့ပေ့နဲ့ ထန်ယာ့ရဲ့ ညွှန်ကြားအောက်မှာ ဟို့ယွိဟောင်က အရမ်းကို ချောချောမွေ့မွေ့နဲ့ စာရင်းသွားနိုင်ခဲ့ပါတယ်။ ကျောင်းစရိတ်ကိုတော့ ပေ့ပေ့ကပေးတယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ ကျောင်းသားအသစ်တွေအတွက် ကျောင်းစရိတ်က ၀ိညာဥ်ရွှေပြားဆယ့်ပြားအထိကို ကျသင့်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ စား၀တ်နေရေးကိစ္စတွေမပါ၀င်သေးပါဘူး။ ကျောင်း၀င်ခွင့်ကို ဖြေဆိုအောင်မြင်ချင်မရှိလို့ ကျောင်းကနေ ထွက်ခွာသွားရမယ်ဆိုရင်လဲ ကျောင်းအပ်ခတွေကို ပြန်ပေးမှာမဟုတ်ပါဘူး။
နေဖို့အခန်းသော့ ကျောင်း၀တ်စုံနှစ်စုံနဲ့ အဖြူရောင်ကျောင်းသားအသစ်လိုအပ်တဲ့ပစ္စည်းတွေကို ယူဆောင်ပြီတဲ့နောက် ဟို့ယွိဟောင်က ထန်ယာ့ရဲ့ ပေ့ပေ့တို့နောက်ကိုလိုက်လာရင်း ကျောင်းသားအသစ်တွေ သင်ကြားတဲ့နေရာကို ရောက်လာပါတော့တယ်။ ထန်ယာ့က ပြောလိုက်တယ်။
” ယွိဟောင် ကျောင်းသားတွေနေရမဲ့နေရာက သင်ကြားတဲ့နေရာတွေရဲ့ အနောက်ဖက်မှာပဲရှိတယ်…ဒါ့အပြင် ကျောင်းတော်တစ်ခုလုံးမှာ အကြီးဆုံးနေရာပဲ အဲ့ဒီကို ကိုယ်ဘာသာကိုယ် နောက်မှသွားလို့ရတယ်…ကျောင်းသားအသစ်တွေအားလုံးက သုံးရက်အတွင်းမှာ အတန်းတွေကိုစကြရမှာ ဒါကြောင့် နောက်ရက်တွေမှာ ပတ်၀န်းကျင်ကို သေချာရင်းနှီးအောင် လေ့လာထား ပထမနှစ်ကျောင်းစရိတ်ကိုတော့ ပေးပြီးပြီ ဒါပေမယ့် နောက်နှစ်ကိုတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်…ကျောင်းတော်ထဲမှာ ပြိုင်ပွဲတွေက အများကြီးပဲ ဒါ့အပြင် အနိုင်ရတိုင်း ဆုလာဘ်ကို ငွေသားပေးတယ်…အခု၀ိညာဥ်ပညာရှင်ဖြစ်နေပြီးပြီဆိုတော့ ပထမနှစ်စာရင်းသွင်းတာလဲ အောင်မြင်သွားပြီ တစ်လတစ်ခါ နိုင်ငံတော်သုံးခုကနေပေးမဲ့ လစာကို ယူလို့ရတယ်…အဲ့ဒီထဲက တစ်ချို့ကို စုထားသင့်တယ်…ဒါပေမယ့် စားဖို့သောက်ဖို့တော့ လောက်မှာပါ ”
ဟို့ယွိဟောင်က ထန်ယာ့ပြောသမျှ အရာအားလုံးကို သေသေချာချာ မှတ်သားနေခဲ့ပါတယ်။ အဲ့ဒီနောက် ရှောင်ယာ့နဲ့ ပေ့ပေ့ကို နှုတ်ဆက်စကားဆိုလိုက်တယ်။ ပေ့ပေ့ကတော့ တစ်ဖက်မှာရှိတဲ့ ဘုတ်ပြားကြီးကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့ပါပြီး အဲ့ဒီအပေါ်မှာ သတိပေးချက်တွေ ကပ်ထားတာကို သူမြင်နေခဲ့ရတယ်။
ဟို့ယွိဟောင်က သွားကြည့်ဖို့မလိုပါဘူး။ သူ့ရဲ့ ၀ိညာဥ်စွမ်းအားကို လှည့်ပတ်လိုက်ရုံနဲ့တင် ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါပြီ။
ဟို့ယွိဟောင်ရဲ့အမေက သူငယ်ငယ်ထဲကနေ စာဘယ်လိုဖတ်ရမလဲသင်ပေးခဲ့တာကြောင့် ကျောင်းမတက်ရသေးပေမဲ့ သူ့ရဲ့အသိပညာက မဆိုးတော့မဆိုးပါဘူး။
” အတန်းနံပါတ်တစ်ဆရာ ကျိုးယိ ”
” နံပါတ်နှစ်ဆရာ ဘယ်သူ ”
ကျိုးယိ ငါက အတန်းနံပါတ်တစ်နေရာရောက်မယ်ထင်တယ် အစောဆုံးစာရင်းသွင်းတာကြောင့် အဲ့ဒီအတန်းလောက်မှာပဲ ရှိလောက်မယ်။ ဟို့ယွိဟောင် သူ့ဘာသာသူ တွေးနေခဲ့မိပါတယ်။ သူက အတန်းနံပါတ်တစ်မှာ ရှိနေမှာအသေအချာပါ။
ထန်ယာ့လဲ တအံ့တဩနဲ့ ပြောမိပါတော့တယ်။
” ဘာဖြစ်လို့ အဘွားကြီးကျိုးယိ အဲ့ဒီမှာရှိနေရတာလဲ သူက ပုံမှန်ဆိုသုံးတန်းမြောက်မှာသင်တာမဟုတ်လား ကျောင်းသားသစ်တွေကိုသင်ဖို့ ဘာဖြစ်လို့ရွေးလိုက်တာလဲ ”
” ငါကြားတာတော့ ဆရာကျိုးက တတိယနှစ်ကျောင်းတော်သားတွေကို သင်ကြားတဲ့အချိန်မှာ အရမ်းကိုတင်းကြပ်တယ်တဲ့ ဒါ့အပြင် သူ့သင်တဲ့အတန်းမှာ ဆယ့်ရာခိုင်းနှုန်းလောက်ပဲ စတုတ္ထနှစ်ကိုတက်လို့ရတယ်..ဒါ့အပြင် ကျောင်းတော်သားတွေ ခဏခဏတိုင်တာကိုလဲ ခံရတယ်…ဆရာတူညီလေး မင်းသေချာပေါက် သတိထားမှရမယ်…အပြင်နယ်မြေမှာ ကြောက်စရာကောင်းတဲ့ ကျောင်းတော်သားတွေ ရှိနေရုံတင်မကဘူး ကြောက်စရာကောင်းတဲ့ဆရာတွေလဲ ရှိနေတယ်…အဲ့ဒီအထဲမှာ အဆိုးဆုံးက ဆရာကျိုးပဲ ”
အပိုင်း ၆•၄ ပြီး၏။