Switch Mode

Chapter – 126.2

အလင်းမိုးတွေရွာသွန်းခြင်း

အပိုင်း ၁၂၆•၂

” အလင်းမိုးတွေရွာသွန်းခြင်း ”
°°°
ကြယ်တာရာလော့ဧကရာဇ် ရှုကျားဝေက လက်ရှိအချိန်မှာ အရမ်းကိုစိတ်လှုပ်ရှားနေတာကြောင့် မျက်နှာတွေတောင်နီရဲနေခဲ့ပါပြီ။ နိုင်ငံတစ်ခုလုံးကို ပြောင်းပြန်လှန်ပြစ်နိုင်လောက်တဲ့ မိန်းမချောရဲ့ပုံရိပ်ကလဲ သူ့ရဲ့စိတ်ထဲမှာကို ထင်ထင်ရှားရှားကိုရှိနေပါတော့တယ်။

ကျားဖြူမြို့စားမင်းကတော့ သူ့ထက်အများကြီးပိုပြီး ငြိမ်သက်လို့ငြိမ်နေခဲ့တယ်။ တစ်ယောက်ကိုတစ်ယောက် ဖက်ထားတဲ့ ဒီလူငယ်လေးတွေကိုကြည့်ရင်း သူပြောလာနေခဲ့ပါတယ်။

” စိတ်အင်အားက သံမဏိလိုခိုင်မာတာပဲ သူတို့တွေက အနာဂတ်မှာသေချာပေါက် အများကြီးအသုံး၀င်ကြလိမ့်မယ် ”

ရင်ပြင်တစ်ခုလုံးက စိတ်ခံစားချက်တွေအပြည့်နဲ့ ပူပြင်းလောင်မြိုက်နေခဲ့ပါပြီ။ ယှဥ်ပြိုင်တဲ့အဖွဲ့နှစ်ဖွဲ့စလုံးရဲ့ ဒဏ်ရာတွေက တော်တော်လေးပြင်းထန်တာကြောင့်သာ ဆုချမဲ့အစီအစဥ်က နောက်ထပ်ရွေ့ဆိုင်းသွားရတာပါ။

ထျောင်ထျဲ့သော့်လော့ဖြစ်တဲ့ အကြီးအကဲရွှမ်က နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်အရှေ့ကို ရောက်သွားပြီ လမ်းကိုတားဆီးလိုက်ပါတော့တယ်။

” မင်းတို့ဘယ်သူမှမထွက်သွားရဘူး ငါတပည့်တွေမိနေတဲ့အဆိပ်ကို အရင်ဖြေပေး ”

အကြီးအကဲရွှမ်က အရမ်းကိုအေးစက်လို့နေခဲ့ပြီ လုံး၀ကို အလေးအနက်ပြောနေခဲ့တာပါ။ သူက မာရှောင်ထောင့်ကိုလဲ ချီထားပါသေးတယ်။

နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဖက်မှာရှိတဲ့ဆရာတွေကတော့ ကိစ္စနဲ့ပတ်သက်ပြီ စိတ်ရှုပ်ထွေးနေကြဆဲပါ။ ဖြစ်သွားတာက မြန်လွန်တဲ့အတွက် သူတို့တွေအစပိုင်းတုန်းက အောင်နိုင်ချေရှိတဲ့ပြိုင်ပွဲကြီးကို ဘယ်လိုလုပ်ရှုံးနှိမ့်သွားမှန်တောင် မသိတော့ပါဘူး။ အဆုံးမဲ့တဲ့ အလှတရားမပေါ်လာခင်အချိန်အထိ သူက ကြက်သေသေနေခဲ့တာပါ။ နောက်ဆုံးမှာ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်နှစ်ယောက် အောက်ဖက်ကိုရောက်လာချိန်မှာ သူတို့သတိပြန်၀င်လာခဲ့ပါတယ်။

၀မ်သုန့်နဲ့ ဟို့ယွိဟောင်က ဘာကြောင့်များ မုန့်ဟုန်ချန်ကို ထိခိုက်အောက်မလုပ်ခဲ့တာလဲ။ သူတို့ရဲ့အဖွဲ့သားတွေ ခန္ဓာကိုယ်မှာရှိနေတဲ့အဆိပ်ကို ဖြေပေးချင်လို့ပါ။

” ငါပြောတာကို မင်းတို့မကြားဖူးလား ”

အကြီးအကဲရွှမ်က ပြောရင်းနဲ့ မုန့်ဟုန်ချန်ကို ဆွဲယူတော့မလိုပုံစံနဲ့ လုပ်လိုက်ပါတယ်။

” ခဏလေးပါ ”

တာ၀န်ရှိတဲ့ဆရာက ခပ်မြန်မြန်ပဲ မုန့်ဟုန်ချန်အရှေ့ကိုပြေးလာခဲ့ပါတယ်။ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် သူတကယ်ပဲ အကြီးအကဲရွှမ်ကို ခုခံချင်ပြီဒီအမျက်ဒေါသကျောင်းတော်ရဲ့ ထိတ်လန့်စရာကောင်းတဲ့ အဖွဲ့၀င်တွေကို အသက်ရှင်ခွင့်မပေးချင်ပါဘူး။

လူတစ်ယောက်မှာရှိတဲ့ မျှော်လင့်ချက်ကြီးက မျှော်လင့်ချက်ကြီးမားသလောက် စိတ်ပျက်မှုအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ လက်ရှိအချိန် သူခံစားနေရတဲ့ နာကျင်မှုက သူ့ကိုယ်ပေါ်ကိုတောင်ကြီးတစ်လုံးဖိထားတာနဲ့ တူညီနေခဲ့တယ်။ သူ့အဖွဲ့သူ့တာ၀န်ယူရမှာဖြစ်တာကြောင့်မှာသာ သူက သန်မာအောင်နေရမှာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ သူမလုပ်နိုင်ပါဘူး။

သူတကယ်ပဲ အကြီးအကဲရွှမ်ကို ဒီအချိန်မှာ မတားဆီး၀ံ့ပဲရှိနေခဲ့ပါတယ်။

ရှောင်ဟုန်ချန်က အခုအချိန်မှာ သတိလစ်နေခဲ့ပါပြီ။ မုန့်ဟုန်ချန်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ ဒီကလေးနှစ်ယောက်ကို ပြန်မခေါ်သွားနိုင်ဘူးဆိုရင် သူ့အသက်ကို ဆုံးရှုံးလုနီးပါးထပ်တူကြတဲ့ အပြစ်ဒဏ်ကို ရင်ဆိုင်ရပါလိမ့်မယ်။ သူ့ရဲ့မိသားစုတောင်မှ ဒီကိစ္စထဲမှာ ပါ၀င်ပတ်သက်ကောင်း ပတ်သက်နိုင်လိမ့်မယ်။

” အကြီးအကဲရွှမ်က ဒါကပြိုင်ပွဲတစ်ခုပါ အကြီးအကဲတို့ရဲ့ ကျောင်းသားတွေမိထားတဲ့အဆိပ်ကို ကျွန်တော်ဖြေပေးပါ့မယ် ”

တာ၀န်ရှိတဲ့ဆရာက စိတ်ထဲမှာဘယ်လောက်ပဲ မကျေနပ်ပါစေ သူခပ်မြန်မြန်ပဲ စကားလုံးကို ရွေးချယ်သုံးနှုန်းပြီပြောလာခဲ့ပါတယ်။

” ဒါပဲအကောင်းဆုံးဖြစ်လိမ့်မယ် ဒါ့အပြင် မာယုလုံသုံးတဲ့ဓားကိုငါပေးလိုက် ”

အကြီးအကဲရဲ့အမူအရာက ချက်ချင်းပြောင်းလဲသွားပါတော့တယ်။

” ဒါတော့မဖြစ်နိုင်ပါဘူး…ဒါက နေလနိုင်ငံတော်ပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ ထွင်းထုထားတဲ့ အဆင့်ရှစ်၀ိညာဥ်လက်နက်ပါ သူ့ရဲ့ တန်ဖိုးကိုတွက်ချက်လို့တောင် မရနိုင်ပါဘူး ”

” ဒါဆိုမေးဦးမယ်…မင်းတို့ငါကိုပေးမှာလား မပေးဘူးလား ”

အကြီးအကဲရွှမ်ရဲ့အသံကတော့ အစဥ်အမြဲမာကြောပြီ ကြမ်းတမ်းလို့နေခဲ့ပါတယ်။ သူက ဘာဖိအားကိုမှမထုတ်လွှတ်ထားခဲ့ပါဘူး။ ဒါပေမယ့် ဒီမေးခွန်းတစ်ခုထဲကတင် ဆရာတွေကိုချွေးပြန်လာစေခဲ့ပါတော့တယ်။

အကြီးအကဲရွှမ်က သူ့ကိုကြည့်နေတာမဟုတ်ပဲ သတိလစ်နေတဲ့ ရှောင်ဟုန်ချန်ကိုကြည့်နေခဲ့တာပါ။ ဆရာရဲ့အသံကတော့ တုန်ရီနေခဲ့ရင်း သူပြောလာခဲ့ပါတော့တယ်။

” အကြီးအကဲရွှမ် မင်းကထူးကဲသာလွန်သော့်လော့တစ်ယောက်ပါ ဒီလူငယ်မျိုးဆက်သစ်တွေအတွက် ငါတို့ကိုဒီလိုအားလုံးရဲ့အရှေ့မှာ အနိုင်ကျင့်တော့မှာလား ”

အကြီးအကဲရွှမ်က ထူးမခြားနဲ့လေသံနဲ့သာ ပြောလာခဲ့ပါတယ်။

” ဒီအဘိုးကြီးက အဲ့ဒါမျိုးတွေတော့မကြိုက်ဘူး…ဒါပေမယ့် မင်းကငါ့လက်ထဲမှာရှိနေတဲ့ ကလေးဘာဖြစ်သွားလဲဆိုတာကို မြင်ပြီးပြီမဟုတ်လား ရှောင်ထောင့်က မင်းတို့၀ိညာဥ်လက်နက်ကြောင့် ထိခိုက်ခံလိုက်ရတာ ဒါ့အပြင် သူသိုင်းပညာ၀ိညာဥ်ကအသွင်ပြောင်းပြီ ပုံစံအမျိုးအစားပြောင်းသွားပြီ သူဆက်ပြီအသက်ရှင်နိုင်မရှင်နိုင်ဆိုတာ ပြောဖို့ခက်လိမ့်မယ်…ငါကအားနည်းတဲ့သူတွေကို အနိုင်ကျင့်နေတာမဟုတ်ဘူး…မင်းတို့ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ အဘိုးကြီးကိုကိစ္စတွေရှင်းပြဖို့အတွက် ငါလာရှာမယ်…ဒီကလေးနှစ်ယောက်က သူ့ရဲ့မြေးတွေမဟုတ်လား သူတို့ကို ငါအမျက်ဒေါသကျောင်းတော်ဆီခေါ်သွားမယ်…ဒါ့အပြင် မင်းတို့ရဲ့ အဲ့ဒီခွေးမသားအဘိုးကြီးတွေ ငါ့ကိုအမျက်ဒေါသကျောင်းတော်မှာ လာရှာခိုင်းလိုက် ”

အဲ့ဒီနောက် သူသတိလစ်နေတဲ့ရှောင်ဟုန်ချန်ကို ဆွဲယူလိုက်ပါတယ်။

” မလုပ်ပါနဲ့ အကြီးအကဲလိုချင်တာပေးပါ့မယ် ”

နေလကျောင်းတော်ရဲ့ဆရာက လက်ရှိအချိန်မှာအံကြိတ်ရလွန်လို့ သူသွားတွေတောင် ကျွတ်ထွက်မတတ်ပါပဲ။ အကြီးအကဲရွှမ်သာ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်ကို ခေါ်သွားမယ်ဆိုရင် သူဘယ်လိုလုပ်အသက်ရှင်ရတော့မှာလဲ။ သူဒါမျိုးကိုလဲ အဖြစ်မခံနိုင်ပါဘူး။

အကယ်၍ သူတို့ကို အမျက်ဒေါသကျောင်းတော်ဆီ ခေါ်သွားခွင့်ပြုလိုက်မယ်ဆိုရင် တစ်စစီပြန်ကောက်လို့တောင် ရနိုင်ပါဦးမှာလား။ ပြန်လည်ရှင်သန်ထမြောက်မှုဓားနဲ့ ယှဥ်လိုက်မယ်ဆိုရင် ဒီဟုန်ချန်မောင်နှမက နေလနိုင်ငံတော်အတွက် အများကြီးပိုပြီးအ​ရေးကြီးပါတယ်။

ပြန်လည်ရှင်သန်ထမြောက်မှုဓားက အကြီးအကဲရွှမ်ရဲ့လက်ထဲကို ခပ်မြန်မြန်ရောက်ရှိလို့သွားခဲ့ပါပြီ။ အကြီးအကဲရွှမ်က ဆက်တိုက်ဆိုသလို စောင့်ကြည့်နေခဲ့ရင်း မုန့်ဟုန်ချန်က သူမရဲ့ ၀ိညာဥ်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းကာ သတိလစ်နေတဲ့အဆိပ်မိသူတွေကို ဆက်တိုက်ဆိုသလို ပင်ပင်ပန်းပန်းကယ်တင်နေခဲ့ရပါတယ်။

ကံကောင်းစွာနဲ့ပဲ မိုက်ကယ်ကလဲ ပေ့ပေ့ရဲ့၀ိညာဥ်အဆိပ်ကြောင့် ဒဏ်ရာရထားတာကြောင့်သာ သူမက သူ့ရဲ့အဖွဲ့သားတွေထပ်ပြီး မသေစေဖို့အတွက် တစ်ဖက်လူတွေကို အဆိပ်ပိုမိအောင်မလုပ်နိုင်ပါဘူး။ မဟုတ်ရင် သူမရဲ့ တံတားနီဖားပြုတ်အဆိပ်က သေချာပေါက် သေစေနိုင်လောက်ပါတယ်။

အဆုံးသတ်မှာတော့ အကြီးအကဲရွှမ်က တခြားလူတွေကိုမျက်နှာသာပေးခဲ့တယ်။ အနည်းဆုံးတော့ ပေ့ပေ့ကို နိုးနိုးခြင်းမိုက်ကယ်အဆိပ်ကို သွားဖြေခိုင်းခဲ့ပါတယ်။ ဒါ့အပြင် နွားမွေးအပ်တွေကိုလဲ ဖြေဖို့ကူညီပေးခဲ့သေးတယ်။

နှစ်ဖက်စလုံးကိစ္စတွေတော်တော်လေးရှင်းပြီသွားလို့ထင်ရပေမဲ့ ဒါကတော့ သေချာပေါက် အပေါ်ယံသာဖြစ်နေခဲ့တာပါ။ ဒီဖြစ်သွားတဲ့ကိစ္စတွေကို သေချာပြန်ကြည့်ပြီကုသမှုအချိန်ဘယ်လောက်ကြာမလဲဆိုတာ ပြောလို့တောင်မရနိုင်ပါဘူး။

ကြယ်တာရာလော့ရင်ပြင်ပေါ်မှာ ရှုပ်ထွေးနေခဲ့မှုက နာရီပေါင်းများစွာကြာမြင့်နေခဲ့ပါတယ်။ မြို့ထဲမှာထောင်ချီတဲ့စစ်သားတွေရှိနေခဲ့တာကြောင့်သာ သာမန်လူတွေက ခပ်မြန်မြန်ပဲဖယ်ရှားခံလိုက်ရတာပါ။

ကြယ်တာရာလော့ရင်ပြင်ကျယ်မှာ ဆက်တိုက်လူစုလူဝေးနားနေတာကို ရှင်းလင်းပြစ်ဖို့အတွက် ကြယ်တာရာလော့ဧကရာဇ်က အမိန့်စာတစ်ခုချမှတ်ရင်း ဆုပေးပွဲအခမ်းအနားကို လူသိရှင်ကြားမလုပ်ဖို့ကြော်ငြာလိုက်ပါတယ်။ ဒီအမိန့်စာထွက်လာလာပြီချင်မှာတော့ ကြယ်တာရာလော့ရဲ့သာမန်ပြည်သူတွေက စတင်ပြီထွက်ခွာခဲ့ပါပြီ။ နောက်ဆုံးတော့လဲ လူတော်တော်များများက မြို့ထဲမှာနေကြတဲ့သူတွေမဟုတ်ပါဘူး။ ဒါ့အပြင် မြို့ထဲမှာလက်ရှိအချိန်နေထိုင်ဖို့နဲ့ တည်ခိုဆောင်စရိတ်ကလဲ ကြောက်စရာကောင်းလောက်အောင် စျေးကြီးလို့နေခဲ့ပါတယ်။ ကြည့်စရာဘာမှမရှိဘူးဆိုမှတော့ သူတို့ဘာလို့ဒီနေရာမှာနေရဦးမှာလဲ။

အမျက်ဒေါသကျောင်းတော်နဲ့ နေလကျောင်းတော်နှစ်ခုရဲ့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတွေကြောင့်သာ တော်၀င်တည်ခိုဆောင်က အစောင့်အကြပ်တွေကို သုံးဆပိုပြီးချထားခဲ့ရပါတယ်။ ဒါမှသာလူတွေရူးသွပ်သွားမှာကို ကာကွယ်နိုင်ဖို့ပါ။

ဟို့ယွိဟောင်ကတော့ ဒါတွေကိုမသိတော့ပါဘူး။ သူသတိလစ်ရာကနေ နိုးထလာချိန်မှာတော့ နောက်တစ်နေ့ရဲ့နေ့လည်ရောက်နေခဲ့ပါပြီ။

” နေလို့မကောင်းလိုက်တာ ”

ချောင်းဆိုးပြီနိုးထလာခဲ့တဲ့ ဟို့ယွိဟောင်က မူးဝေနေခဲ့ပါတယ်။ သူရဲ့တစ်ကိုယ်လုံးက အားပျော့နေတာကိုခံစားရပြီ ရှိရှိသမျှစွမ်းအင်တွေအားလုံး စုပ်ယူခံလိုက်ရသလိုပါပဲ။ ဒါတင်မကပဲ ကြွက်သားတွေက ရောင်ရမ်းနေခဲ့သလို အချိန်အကြာကြီးအိပ်ထားခဲ့ရတဲ့အတွက် ၀ိညာဥ်စွမ်းအားပြန်ကောင်းလာဖို့လမ်းကို မမြင်ပဲဖြစ်နေခဲ့တော့တယ်။

ဒီလိုမျိုးအရာအားလုံးစုပ်ထုတ်ခံလိုက်ရတဲ့ခံစားချက်က မသက်မသာဖြစ်လွန်တာပဲ။ ဟို့ယွိဟောင်က စိတ်တော့မပူနေခဲ့ပါဘူး။ သူ့ရဲ့အသိစိတ်ပြန်၀င်၀င်လာချင်မှာ တစ်ကိုယ်လုံးမောပန်းနေတာကိုသာ ခံစားနေရပါတယ်။ နိုးနိုးလာခြင်းခေါင်းကလဲ ကြည်လင်နေခဲ့သလို ဖြစ်သွားသမျှအရာအားလုံးကလဲ စိတ်ထဲကိုရှင်းရှင်းလင်းလင်း၀င်ရောက်လာပါတော့တယ်။ ၀မ်သုန့်နဲ့ သူတို့နှစ်ယောက်ပြိုင်ဘက်တွေကို ဘယ်လိုအနိုင်ယူခဲ့လဲဆိုတာကို ခပ်မြန်မြန်သတိရသွားခဲ့တယ်။

” ငါတို့နိုင်သွားပြီ ငါတို့က နောက်ဆုံးချန်ပီယံတွေပဲ အမျက်ဒေါသကျောင်းတော်ကို ကာကွယ်နိုင်လိုက်ပြီ ”

သူ့ရဲ့စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးတွေလဲ ပိုမိုတောက်ပလာပါတော့တယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်က စိတ်၀ိညာဥ်ပင်လယ်ထဲမှာ တစ်စုံတစ်ရာပြောင်းလဲသွားတာကို ခံစားမိတဲ့အတွက် စတင်စစ်ဆေးတော့တယ်။

သူစစ်ဆေးပြီသွားချိန်မှာပဲ ချက်ချင်းဆိုသလို ပျော်ရွှင်လို့သွားခဲ့ရပါတယ်။ စိတ်၀ိညာဥ်ပင်လယ်က နှစ်ဆယ်ရာခိုင်းနှုန်းအထိကို တိုးမြင့်သွားပြီဖြစ်သလို စိတ်၀ိညာဥ်စွမ်းအားတွေကလဲ ပိုမိုသိပ့်သည်းလာခဲ့ရုံကာ အရောင်တွေပါပိုတောက်ပနေခဲ့ပါသေးတယ်။

တစ်ချိန်ထဲမှာပဲ တစ်စုံတစ်ယောက်က ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာပေါ်ထွက်လို့လာတော့တယ်။ အဲ့ဒါကတော့ အပြာရောင်နဲ့ ပန်းရောင်ဆံပင်တွေရောနှောနေတဲ့ မျက်လုံးရွှေရောင်မိန်းမချောပါပဲ။ သူမရဲ့နဖူးပေါ်မှာတော့ တြိဂံပုံသဏ္ဍာန်အမှတ်အသားလေးတစ်ခုရှိနေခဲ့တယ်။ ဒါကတကယ်ပဲတောက်ပရောင်စဥ်နတ်မိမယ်ရဲ့ မျိုးဆက်များလား။

အပိုင်း ၁၂၆•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset