အပိုင်း ၁၂၆•၁
” အလင်းမိုးတွေရွာသွန်းခြင်း ”
°°°
လက်ရှိအချိန်မှာတော့ ကြည့်ရှု့နေသူတွေလဲ သူတို့ကိုသတိထားမိပါတော့တယ်။ ဒီမောင်နှမနှစ်ယောက်ဘယ်လောက်တောင်အခြေအနေဆိုးနေလဲဆိုတာ ပြောပြဖို့တောင်မလိုတော့ပါဘူး။ ရှောင်ဟုန်ချန်တင်မက မုန့်ဟုန်ချန်ရဲ့ နှာခေါင်းနဲ့ပါးစပ်တွေပါ သွေးစီးကြောင်းတွေအပြည့် ဖြစ်နေပါတော့တယ်။ သူတို့တွေက အခုအချိန်မှာသာ အသိ၀င်လာပုံပါပဲ။ ဒါပေမယ့် ဘာမှမလုပ်နိုင်သလို အထိတ်တလန့်သာဖြစ်နေခဲ့ပါတယ်။
ရှောင်ဟုန်ချန်ကတော့ နာနာကျင်ကျင်အော်ဟစ်နေရင်း မြေပြင်ပေါ်ကို လဲကျလို့သွားခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေကတော့ မကျေနပ်မှုတွေအထင်သားပါ။
မုန့်ဟုန်ချန်ကတော့ ထိတ်လန့်လို့သာရှိနေခဲ့တာပါ။ မျက်စိရှေ့မှာရှိနေတဲ့ မြို့ကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်းပြစ်နိုင်လောက်အောင် လှပတဲ့မိန်းမချောက ပေါင်းစည်စွမ်းရည်ကြောင့် ဖန်တီးထားတယ်ဆိုတာကို မယုံနိုင်ပါဘူး။
ဒီပြိုင်ဘက်ကင်းတဲ့မိန်းမချောက ကောင်းကင်ကနေဆင်းသက်လာပြီတဲ့နောက် သူတို့နှစ်ယောက်ဆီကို ဖြည်းဖြည်းချင်း ဆင်းသက်လို့လာခဲ့ပါတယ်။ သူမရဲ့ ရွှေရောင်မျက်လုံးတွေကနေလဲ အေးစက်တဲ့အငွေ့အသက်တွေက ဆက်တိုက်တောက်ပလို့နေခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ပြိုင်ဘက်ကင်းမိန်းမချောရဲ့ နဖူးပေါ်က သင်္ကေတတွေကို မုန့်ဟုန်ချန် ရှင်းရှင်းလင်းလင်းမြင်ရပါပြီ။ ဒီသင်္ကေတက အရမ်းကိုသေးငယ်ပြီ တစ်လက်မကျော်သာ ကျယ်ပြန့်တဲ့ထင်ထင်ရှားရှား တြိဂံသဏ္ဍာန်ပါ။ ဒါ့အပြင် မိန်းမချောမြေပြင်ပေါ်ကို ကျရောက်လာတာနဲ့ အဲ့ဒီသင်္ကေတက ခပ်မြန်မြန်ပဲ မှိန်ဖျော့ပျောက်ကွယ်သွားပါတော့တယ်။ ဒါပေမယ့် သူမရဲ့ရုပ်သွင်ပေါ်မှာတည်ရှိခဲ့တဲ့ အဲ့ဒီသင်္ကေတက အရမ်းကိုမြင့်မားပြီ ခမ်းနားနေခဲ့တာအမှန်ပါ။
” နှုတ်ဆက်ပါတယ် ”
အဲ့ဒီမိန်းမချောရဲ့ နှုတ်ခမ်းတွေက ခပ်ဖွဖွလှုပ်ရှားလိုက်ချိန်မှာ နူးညံ့ချိုသာတဲ့အသံက ထွက်ပေါ်လာပါတော့တယ်။ အဲ့ဒီနောက် ညင်းသာတဲ့အတောင်ပံခတ်သံနဲ့အတူတူ သုံးရောင်ခြယ်အလင်းတန်းတွေက ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ရဲ့ခန္ဓာကိုယ်ထဲကို ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ ဒီအလင်းတန်းတွေက သူတို့ကို ထိခိုက်စေတဲ့ပုံမပေါ်ပါဘူး။ စင်ပေါ်ကနေ စင်အောက်ရောက်အောင်သာ ရွေ့ပြစ်လိုက်ပုံပေါ်ပါတယ်။
မုန့်ဟုန်ချန်လဲ ခုခံဖို့မကြိုးစားတော့ပါဘူး။ ရှောင်ဟုန်ချန်က ပြင်းထန်လွန်လှတဲ့ ဒဏ်ရာတွေကြောင့် သူတို့နှစ်ယောက်ကလဲ ပေါင်းစည်းစွမ်းရည်ကို ထပ်ပြီထုတ်မသုံးနိုင်တော့တာ အမှန်ပါ။ ဒါ့အပြင် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ စိတ်၀ိညာဥ်မုန်တိုင်းက သူတို့ကို ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်ပါသေးတယ်။ ဒီအချိန်မှာ သူတို့က တိုက်ခိုက်နိုင်တဲ့အင်အားမရှိတော့ပါဘူး။
သုံးရောင်ခြယ်အတောင်ပံတွေ ပျောက်ကွယ်သွားချိန်မှာတော့ ပြိုင်ဘက်ကင်းတဲ့မိန်းမချောက စင်ရဲ့အလယ်ဆီကို ရွေ့လျားလို့သွားပါတယ်။ သူမ ဖြတ်သန်းသွားလာတဲ့နေရာတိုင်းမှာ မြူခိုတွေကတော့ ဖြစ်ပေါ်လာခဲ့ပါပြီ။
စင်အောက်မှာရှိနေတဲ့ ၀မ်ယန်ကတော့ အားလုံးကိုကြည့်နေရင်း ၀ိုးတ၀ါးပြောလာခဲ့ပါတယ်။
” ငါတို့ ငါတို့တွေနိုင်သွားပြီလား အကြီးအကဲရွှမ် ကျွန်တော်တို့နိုင်ပြီလား ကျွန်တော်ချန်ပီယံဖြစ်ပြီ တကယ်ချန်ပီယံဖြစ်သွားပြီ ”
သူ့ရဲ့အသံတွေက အရမ်းကိုတုန်ရီနေပါတယ်။ နောက်ဆုံးစကားကို ပြောတဲ့အချိန်မှာ စိတ်ကူးယဥ်ဆန်ဆန်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာတာကို အင်မတန်၀မ်းသာတဲ့အတိုင်းအော်ဟစ်နေခဲ့ပါတော့တယ်။
အကြီးအကဲရွှမ်ကလဲ ထပ်တူနီးပါးပါပဲ။ သူ့ရဲ့မျက်နှာပေါ်မှာရှိနေတဲ့ အစိတ်အပိုင်းတစ်ခုချင်းဆီတိုင်းက အရမ်းကိုလှုပ်ရှားသက်၀င်နေပြီတဲ့နောက် သူပြောလာခဲ့တယ်။
” သူတို့တွေ ဘယ်လိုများလုပ်လိုက်တာလဲ ဒါကသူတို့သုံးလိုက်တဲ့ ပေါင်းစည်းစွမ်းရည်လား ”
” ဟုတ်တယ် ဟုတ်တယ် ”
၀မ်ယန်က စိတ်လှုပ်ရှားမှုအပြည့်နဲ့ပြောနေခဲ့ပါတယ်။
“‘ ဒီနောက်ဆုံးပေါင်းစည်းစွမ်းရည်အကြောင်း သူတို့ပြောထားတာ ကျွန်တော်တစ်ယောက်ပဲရှိတယ်…အကယ်၍ ကျွန်တော်ထင်တာသာ မမှားဘူးဆိုရင် ဒါကရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်နဲ့ ၀မ်သုန့်ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ပေါင်းစည်းထားတယ်…ဒါကိုနှင်းမြူတွေကြားက၀င်ရိုးစွန်းအကလို့ခေါ်တယ်…ဒါ့အပြင် အလင်းတန်းမိုးတွေရွာသွန်းချင်တဲ့ ဒီပေါင်းစည်းစွမ်းရည်က အဲ့ဒီလောက်ကြီးလှမယ်လို့ ကျွန်တော်မထင်ထားခဲ့မိဘူး…ဒါ့အပြင် ၀မ်သုန့် ထိန်းချုပ်နိုင်တဲ့၀ိညာဥ်ပေါင်းစည်းစွမ်းရည်လို့လဲ ပြောတယ် ”
” ငါတို့နိုင်သွားပြီ ”
ပြိုင်ဘက်ကင်းမိန်းမချောက ကောင်းကင်ရန်သူတော်သော့်လောာ့ရဲ့အရှေ့တည့်တည့်မှာ ဆင်းသက်လို့လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူ့ရဲ့အသက်နှစ်ဆလောက်ငယ်တဲ့ အရှေ့မှာရှိတဲ့ မိန်းမချောကိုကြည့်ရင်း ဒိုင်လူကြီးက ကြက်သေသေလို့နေခဲ့တယ်။ သူ့ရဲ့သူ့အသံက သိသိသာသာကြီးကို အက်ကွဲနေခဲ့ပါပြီ။
” ဟုတ်တယ် မင်းနိုင်သွားပြီ ”
သူပြောပြီတဲ့နောက် တစ်စုံတစ်ရာလွဲနေတာကို သတိထားမိပုံနဲ့ ခြေတစ်လှမ်းနောက်ဆုတ်ပြီမှသာ သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းလိုက်နိုင်ပါတယ်။
စိတ်၀ိညာဥ်မုန်တိုင်းက သန့်စင်တဲ့စိတ်၀ိညာဥ်တိုက်ခိုက်မှုတစ်ခုထဲတင် မဟုတ်ခဲ့ပါဘူး။ ပြိုင်ဘက်ရဲ့စိတ်၀ိညာဥ်ပင်လယ်တစ်ခုလုံးကို ပြင်းပြင်းထန်ထန်၀င်ရောက်နိုင်ပြီ များပြားတဲ့မှတ်ဉာဏ်တွေကိုလဲ တိုက်ခိုက်မှုဖြစ်စေပါတယ်။ ဒါ့အပြင် ပစ်မှတ်ရဲ့ စိတ်၀ိညာဥ်ကိုဖျက်ဆီးရုံနဲ့မရိုးရှင်းပဲ သူတို့ရဲ့အသိစိတ်ကိုပါ သက်ရောက်မှုဖြစ်စေခဲ့တယ်။
၀မ်ဟန်ယွီက သော့်လော့ဘွဲ့ခံ သော့်လော့တစ်ယောက်ဖြစ်နေခဲ့ပေမဲ့သူဘ၀မှာ ကြုံတွေ့ပြီခံစားခဲ့ရတဲ့ အရာတွေက အရမ်းကိုများပြားလွန်လှပါတယ်။ သူ့ရဲ့ ဆွေမျိုးသားချင်တွေနဲ့ မိတ်ဆွေတွေတစ်ယောက်ပြီတစ်ယောက် မျက်စိရှေ့မှာတင် သေဆုံးခဲ့တာကို ထိုင်ကြည့်လို့နေခဲ့ရတယ်။ ဒါကြောင့် ပြင်းထန်တဲ့နာကျင်မှုကို နှလုံးသားထဲမှာမြုပ်နှံထားခဲ့တာပါ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ စိတ်၀ိညာဥ်မုန်တိုင်းတိုက်ခိုက်မှုကို ခုခံဖို့လဲ ပြင်ဆင်မှုမလုပ်ထားခဲ့ပါဘူး။ ဒါကြောင့် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ထက် အများကြီးသက်ရောက်မှု ကြီးမားခဲ့ပါတယ်။
သုံးရောင်ခြယ်အလင်းတန်း ပျောက်ကွယ်လို့သွားချိန်မှာပဲ ပြိုင်ဘက်ကင်းတဲ့မိန်းမချောလေးက တောက်ပတဲ့ရောင်စဥ်တန်းတွေအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ ရောင်စဥ်အလင်းတန်းတွေက တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့ပြီတဲ့နောက်တစ်ယောက်ကိုတစ်ယောက်ဖက်ထားတဲ့ လူနှစ်ယောက်ပေါ်လာပါတော့တယ်။
သူတို့နှစ်ယောက်က အရမ်းကိုဖြူဖျော့ပြီ အဲ့ဒီနေရာမှာ အားပြုရင်ရပ်နေခဲ့ကြတယ်။
ဟို့ယွိဟောင်ရဲ့နောက်ကျောဖက်မှာရှိနေတဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကလဲ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ပါပြီ။ ဒါပေမယ့် ၀မ်သုန့်ကတော့ သူ့ရဲ့လက်မောင်းကြားထဲမှာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေခဲ့ပါတယ်။ နဖူးပေါ်မှာတော့ ရွှေရောင်တြိဂံပုံသင်္ကေတကသာ တိတ်တဆိတ်အရောင်ဖြာနေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ ဒါကိုမမြင်နိုင်ပါဘူး။ သူက အဲ့ဒီနေရာမှာ ၀မ်သုန့်ကို ချီထားပြီရပ်နေခဲ့ရုံသာ တတ်န်ိုင်ခဲ့ပါတယ်။ အလွန်အမင်စွမ်းအားကုန်ဆုံးမှုကြောင့် အာရုံခြောက်ပါးကလဲ ဆုံးရှုံးလို့သွားခဲ့ပါပြီ။ သူ့ရဲ့ဘေးပတ်လည်မှာ အမှောင်အတိကျသွားတာကိုသာ ခံစားလိုက်ရပါတယ်။ ဒါပေမယ့် သူတို့နောင်တမရခဲ့ပါဘူး။ လက်ရှိအချိန်မှာ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုကိုသာ သိနေခဲ့တယ်။ သူ့ရဲ့နောက်ဆုံးမှတ်ဉာဏ်ကတော့ စင်ပေါ်မှာ၀မ်သုန့်ကို ခပ်တင်းတင်းဖက်ထားခဲ့လိုက်တာပါပဲ။
ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးက ပျော်ရွှင်မှုတွေကြားမှာ အဆင့်တစ်ဆင့်မြင့်သွားတာကို ခံစားလိုက်ရပါတယ်။ အဲ့ဒီနောက် သူဘာတွေဆက်ဖြစ်သွားလဲမသိတော့ပါဘူး။
ဒီတစ်ကြိမ်မှာပဲ စင်တစ်ခုလုံးကို ဖုံးလွှမ်းပြီတုန်ခါစေနိုင်လောက်တဲ့ အော်ဟစ်အားပေးသံတွေက ထွက်ပေါ်လာခဲ့ပါပြီ။
ကြည့်ရှု့နေသူတစ်ယောက်ချင်းဆီတိုင်းကလဲ စိတ်လှုပ်ရှားမှုတွေကြောင့် မျက်နှာတွေနီရဲနေခဲ့ပါတယ်။
ခက်ခက်ခဲခဲစောင့်ဆိုင်းနေခဲ့ရတာတွေအားလုံးက လက်ရှိအချိန်မှာ တန်ကြေးရှိသွားခဲ့ပါပြီ။ ဒီပြိုင်ပွဲကြီးရဲ့ နောက်ဆုံးဗိုလ်လုပွဲက ခမ်းနားတယ်ဆိုတဲ့စကားနဲ့ဖော်ပြဖို့တောင် မလုံလောက်တော့ပါဘူး။ တစ်ဘ၀တာလုံး နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းမှတ်မိနေစေဖို့နိုင်လောက်မဲ့ ဂန္န၀င်ပွဲကြီးတစ်ပွဲဖြစ်သွားခဲ့ပါတယ်။
အထူးသဖြင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ထုတ်သုံးခဲ့တဲ့ စတုတ္ထမြောက်ပေါင်းစည်းစွမ်းရည်က တကယ်ကိုပွဲသိမ်းတိုက်ကွက်ပါပဲ။ မြို့တစ်ခုလုံးကို သိမ့်သိမ့်ခါနေစေလောက်တဲ့ မိန်းမချောက သူတို့ပေါင်းစည်းစွမ်းရည်ကြောင့် ထွက်ပေါ်လာခဲ့တာပါ။ နှင်းမြူတွေကြားက ၀င်ရိုးစွန်းအက အလင်းမိုးရွာသွန်းချင်က သူတို့ စိတ်နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းကျန်ရစ်နေခဲ့ပါပြီ။ အဲ့ဒီအမျိုးသမီးက တကယ်အရမ်းကိုလှလွန်ပါတယ်။ ဒီလိုအလှတရားမျိုးက လူသားတွေရဲ့ သေမျိုးလောကကနေတောင် မသက်ဆိုင်တဲ့အနေအထားပါပဲ။ အလင်းတန်းနတ်မိမယ်ဆီကနေ တိုက်ရိုက်ဆင်းသက်လာသလိုအသွင်ပေါ်နေခဲ့တယ်။
ဒီနတ်မိမယ်နဲ့ ပတ်သက်ပြီလူတိုင်းမှာ ကိုယ်ပိုင်ထွက်ဆိုချက်တွေရှိပါတယ်။ လက်ရှိအချိန်မှာကတော့ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တွေအားလုံးကို ပေါင်းစည်းစွမ်းရည်ကနေ ဖြစ်ပေါ်လာတဲ့မိန်းမချောလေးရုပ်သွင်က အစားထိုး၀င်ရောက်သွားခဲ့ပါပြီ။ ဒီပြိုင်ဘက်ကင်းမိန်းမချောက သူတို့ရဲ့နှလုံးသားထဲမှာ ကိုးကွယ်ယုံကြည်နိုင်လောက်တဲ့အဆင့်အထိကို တိုးတက်သွားခဲ့ပါတယ်။
အင်အားနဲ့အလှတရားကို ပေါင်းစည်းထားခဲ့တဲ့သူတွေက တိုက်ပွဲထဲမှာ အတောက်ပဆုံးသူတွေကြီးပါပဲ။ သူတို့အခုတင်ကြည့်လိုက်ရတဲ့ကိစ္စတွေအားလုံးက လန့်စရာကောင်းလွန်လှပါတယ်။
ကောင်းကင်ရန်သူတော်သော့်လော့၀မ်ချင်ရှုတောင်မှ လက်ရှိအချိန်မှာ သူ့အသက်ရှုသံကိုငြိမ်အောင်ထိန်းနေခဲ့ရပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်အတွင်းပိုင်းအထိ မွှေနှောက်သွားခဲ့တဲ့ မြင်ကွင်းတွေကို ပြန်လည်ဖယ်ချနေရင်း သူစတင်ပြီကြော်ငြာတော့တယ်။
” နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲက အဆုံးသတ်သွားပါပြီ အနိုင်ရသူကတော့ အမျက်ဒေါသကျောင်းတော်ပါ ဒီနှစ်ရဲ့၀ိညာဥ်လက်ရည်ယှဥ်ပွဲက အခုအဆုံးသတ်လို့သွားခဲ့ပါပြီ နောက်ဆုံးမှာအနိုင်ရသူတွေကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ကိုယ်စားပြုအဖွဲ့ပါပဲ ”
အားပေးသံတွေကတော့ သူ့ရဲ့ကြော်ငြာသံနဲ့အတူ ဆက်တိုက်ထွက်ပေါ်လာပါတော့တယ်။ ကြယ်တာရာလော့ရင်ပြင်တစ်ခုလုံးက လက်ရှိအချိန်မှာ အားပေးသံတွေနဲ့ ဆူပွက်နေခဲ့ပါပြီ။ ပြည်သူပြည်သားတွေရော ကုန်သည်တွေတင်မက မြို့နံရံပေါ်မှာရပ်နေတဲ့ ၀န်ကြီးတွေတောင်မှ အော်ဟစ်ပြီအားပေးလို့နေခဲ့ပါတယ်။
အပိုင်း ၁၂၆•၁ ပြီး၏။