Switch Mode

Chapter – 125.3

သေမျိုးလောကကို တမ်းတခြင်း

အပိုင်း ၁၂၅•၃

” သေမျိုးလောကကို တမ်းတခြင်း ”
°°°
ရွှေရောင်အလင်းတန်းတွေက ပြန့်ထွက်လာခဲ့ပါပြီ။ ဟုန်ချန် မောင်နှမရဲ့ လွမ်းဆွတ်တမ်းတမှုဆိုတဲ့ ပေါင်းစည်းစွမ်းရည်က ရေ၀ဲလိုပုံသဏ္ဍာန်နဲ့အတူ လေထုထဲမှာ ရှိနေခဲ့တဲ့ ပုံရိပ်ဆီကို လေလှိုင်းလိုအသွင်နဲ့ စတင်တိုက်ခိုက်ပါတော့တယ်။

ရွှေနီရောင်အလင်းတန်းက တချွင်ချွင်မြည်နေတဲ့ သတ္ထုတွေနဲ့ ရေခဲရဲ့မာကြောမှုကို ပေါင်းစည်းလို့ထားခဲ့ပါတယ်။ ပိုပြီးကြောက်စရာကောင်းတာကတော့ သူ့ရဲ့အပူရှိန်ပေါ်ထွက်လာချိန်မှာ လေဟာနယ်တွေတောင် အကျုံ့အဆန့် ဖြစ်ကုန်ကြတာပါပဲ။ များပြားတဲ့ ဓာတ်သဘောသဘာ၀က အတူတူပေါင်းစည်းလို့ထားခဲ့တာကြောင့် ဒီနေရာကြီးထဲမှာ စိတ်ကူးယဥ်ဆန်ဆန်ရူးသွပ်မှုတစ်ခုက စတင်ဖြစ်ပေါ်လာပါတော့တယ်။ ဟုန်ချန် လွမ်းဆွတ်တမ်းတမှုရဲ့ ရွှေနီရောင်အလင်းတန်းက ပြိုင်ပွဲစင်မြင့်တစ်ခုလုံးကို ချော်ရည်ပူပင်လယ်ကြီးအဖြစ် ပြောင်းလဲပြစ်လိုက်ပါပြီ။

ဒါပေမယ့် သူဘယ်လောက်ပဲသန်မာနေပါစေ ရွှေရောင်အလင်းတန်းကြီးကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ အရမ်းကိုနူးညံ့တဲ့ရွှေရောင်အလင်းတန်းက ခရမ်းရောင် ရွှေနီရောင်လှိုင်းတွေကို အတားအဆီးမရှိဖြတ်ထွက်လို့လာခဲ့ပါတယ်။ အဲ့ဒီနောက် ရှိနေတဲ့လှိုင်းတွေကို ပြင်းပြင်းထန်ထန်တုန်ခါသွားစေခဲ့တယ်။ နောက်ဆုံးမှာတော့ ရွှေနီရောင်အလင်းတန်းတွေက ရုတ်တရက်ဆိုသလို ပျက်စီးလို့သွားခဲ့ပြီ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့လဲ မြေပြင်ပေါ်ကို ပြုတ်ကျလာပါတော့တယ်။

ဟုန်ချန် မောင်နှမရဲ့ ပေါင်းစည်းစွမ်းရည်က သူ့စွမ်းအားရဲ့ သုံးပုံတစ်ပုံကိုတောင် မထုတ်လွှတ်နိုင်သေးခင်အချိန်မှာပဲ မမျှော်လင့်ထားလောက်အောင် အဆုံးသတ်လို့သွားခဲ့ရတယ်။ မောင်နှမနှစ်ယောက်ကတော့ ဘာမှကိုတွေးလို့မရတဲ့အကြည့်တွေနဲ့ ရှိနေခဲ့ပါတယ်။ သူတို့က ကိုယ့်ကိုကိုယ် ခံစားနိုင်စွမ်းမရှိတော့သလို သူတို့ရဲ့အစွမ်းအစတွေကိုလဲ မထိန်းချုပ်နိုင်တော့ပါဘူး။ အဲ့ဒီနောက် မြေပြင်ပေါ်ကို ပြုတ်ကျလာချိန်မှာတော့ ရှောင်ဟုန်ချန်ရဲ့ ဒွာယခုနှစ်ပေါက်ကနေ သွေးတွေကမြွေလိုပုံသဏ္ဍာန်နဲ့ စီးကျလာနေခဲ့ပါတော့တယ်။

ကြောက်စရာကောင်းလှတဲ့ ဟုန်ချန်လွမ်းဆွတ်တမ်းတမှုကို တခဏတာသာ ကြုံတွေ့လိုက်ရပေမဲ့ ဒီချော်ရည်ပင်လယ်ကြီးက ပြိုင်ပွဲစင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းလို့သွားခဲ့ပြီ ဘာမှလဲဆက်မဖြစ်လာခဲ့ပါဘူး။

ဒါပေမယ့် သေချာပေါက် အလွယ်တကူမတားဆီးနိုင်မှာတော့ အမှန်ပါ။ ဒီလိုကြောက်စရာကောင်းလွန်လှတဲ့ လှိုင်းတွေကရွှေတွေကိုတောင် အရည်ပျော်စေနိုင်ပြီ စင်မြင့်တစ်ခုလုံးကို မီးတောင်ပေါက်ကွဲမှုထဲ ရောက်သွားသလိုမျိုး စတင်ဆူပွက်လာစေပါတော့တယ်။ သတ္ထုတွေနဲ့ အဆိပ်တွေရဲ့ ရူးသွပ်ပူလောင်မှုက စင်တစ်ခုလုံးကို မြေကမ္ဘာပေါ်က ငရဲကြီးတစ်ခုအဖြစ်ပြောင်းလဲလို့သွားစေခဲ့တယ်။

အခုအချိန်မှာ ၀ါးမြိုခံရမတတ်ဖြစ်နေခဲ့တဲ့ လေဟာနယ်ပုံရိပ်က လက်ရှိအချိန်မှာ ကောင်းကင်ရန်သူသော့်လော့ ၀မ်ချင်ရှုတောင် တားဆီးလို့မရတဲ့အခြေအနေကို ရောက်နေခဲ့ပါပြီ။ သူက လက်ရှိအချိန်မှာ ဒိုင်အဖြစ်လဲမလုပ်ဆောင်နိုင်သလို ဘယ်သူကိုမှလဲ ကယ်တင်နိုင်မှာမဟုတ်ပါဘူး။

အကြီးအကဲရွှမ်ကလဲ အပြင်ကိုထွက်လာဖို့ ခြေလှမ်းတစ်လှမ်းသာထုတ်ပြီးနေပါပြီ။ ဒါပေမယ့် ၀မ်ယန်က အကြီးအကဲရွှမ် မထွက်သွားနိုင်အောင် တားထားခဲ့တယ်။

” အကြီးအကဲစောင့်ပါဦး ”

အကြီးအကဲရွှမ်က ဒေါသထွက်လာခဲ့ပါတယ်။

” ငါဘာကိုစောင့်နေရမှာလဲ ဒီကလေးတွေသေတာကို ကြည့်ရမှာလား ”

ဒါပေမယ့် အဲ့ဒီစကားကို ပြောပြီးပြီချင်မှာပဲ သူရပ်တန့်ငြိမ်သက်လို့သွားပါတော့တယ်။ သူတွေ့လိုက်ရတဲ့အရာကတော့ လေဟာနယ်ထဲမှာ ရှိနေတဲ့အလင်းတန်းအသွင်ပုံရိပ်က ဟုန်ချန် မောင်နှမရဲ့ ပေါင်းစည်းစွမ်းရည်ကြောင့် ပျောက်ကွယ်မသွားခဲ့တာပါ။ အဲ့ဒီအစား အနောက်ဖက်ကို လျှပ်စီးလက်သလိုအရှိန်နှုန်းနဲ့ ပြေးသွားနေပြီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ခန္ဓာကိုယ်တွေက ပေါ်လာပါတော့တယ်။

လက်ရှိအချိန်အထိ ကြည့်ရှု့နေသူပရိတ်သတ်တွေရဲ့မျက်စိရှေ့မှောက်မှာတင် နောက်ထပ် ထူးဆန်းအံ့ဖွယ်ရာတစ်ခုကပြောင်းလဲစတင်ဖြစ်ပေါ်လာပြန်ပါတော့တယ်။

ရွှေပြာရောင်အတောင်ပံတွေက လက်ရှိအချိန်မှာ ပြန့်ထွက်လာခဲ့ပြီ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကလဲ ပေါ်လာပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ အ၀တ်အစားကတော့ ရုတ်တရက်ပွင့်ထွက်လို့သွားပြီ ကြီးမားတဲ့ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရုပ်သွင်ကြီးက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် သူ့ရဲ့ဖောင်ကြွနေတဲ့ကြွက်သားတွေနဲ့ အရိုးတွေဆီကနေ ထူးခြားတဲ့စွမ်းအားတစ်ခုက ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒီကျောက်စိမ်းအမြီးက သူ့ရဲ့ခါးတစ်၀ိုက်အထိ ရှိနေခဲ့ပြီ အောက်ဖက်ပိုင်းကိုတော့ မမြင်ရပါဘူး။

အခုအချိန်မှာ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကြီးတစ်ကောင်လုံးအသက်၀င်လာသလိုပါပဲ။ အထူးသဖြင့် သူ့ရဲ့ အ၀ါရောင်တောက်တောက်မျက်လုံးတွေက အရမ်းကိုရိုင်းစိုင်းကြမ်းတမ်းနေခဲ့ပြီ တစ်လောကလုံးကို အုပ်ချုပ်တော့မဲ့ဥသျှောင်တစ်ပါးလိုပါပဲ။

ဒီလိုအခြေအနေမျိုးမှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြပါတယ်။ သူတို့တွေအချင်းချင်းစိုက်ကြည့်နေခဲ့ကြပြီ အရာအားလုံးက ​ပျောက်ကွယ်သွားသလိုစိတ်ဆုံးဖြတ်ချက် ခိုင်မာမှုကသာ မျက်လုံးထဲမှာ ကျန်ရစ်နေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့အမြွှာသိုင်းပညာ၀ိညာဥ်ထဲမှာ စိတ်၀ိညာဥ်မျက်လုံးနဲ့ ရေခဲဧကရီနှစ်ခုရှိပေမဲ့ လက်ရှိအချိန်မှာ အပြောင်းအလဲပေါင်းစည်းမှုတွေက ဆက်ဖြစ်လာခဲ့ပါပြီ။ စိတ်၀ိညာဥ်မျက်လုံးက တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်နဲ့ ပေါင်းစည်းချိန်မှာ ရွှေရောင်လမ်းက ပထမဆုံးပေါင်းစည်းစွမ်းရည်အဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ စိတ်၀ိညာဥ်မျက်လုံးက ကောင်းကင်ကြည်လင်တူနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင်တော့ အစောပိုင်းတုန်းက တွေ့ခဲ့ရတဲ့ရွှေရောင်အလင်းဖြာမှုက မီတာတစ်ရာကျော်အထိကို လွှမ်းခြုံလိုက်ပါတယ်။

တတိယပေါင်းစည်းစွမ်းရည်ကတော့ စိတ်၀ိညာဥ်မုန်တိုင်းကြီးလို့ခေါ်ပါတယ်။ လေဟာနယ်ထဲမှာ တည်ရှိတဲ့စိတ်၀ိညာဥ်မုန်တိုင်းက ကြည်လင်ကောင်းကင်တူရဲ့ အကြီးမားဆုံးတိုက်ခိုက်မှုနဲ့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုနှစ်ခုကို ပေါင်းစည်းထားတာနဲ့ တူညီနေခဲ့တယ်။ ဒါ့အပြင် နေရာအများအပြားကိုလဲ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းက အရှေ့နှစ်ခုထက်ကို အများကြီးပိုသာပါတယ်။

တခြားတစ်ဖက်မှာကတော့ သူ့ရဲ့စွမ်းအားကုန်ဆုံးမှုက အတော်လေးကို နည်းပါးခဲ့တယ်။ ဒါပေမယ့် စိတ်၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကတော့ ကြောက်စရာကြီးပါပဲ။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်က ရွှေလိုအသက်ကြောင့် အလွန်အမင်အင်အားကြီးနေတာသာ မဟုတ်ခဲ့ရင် သေချာပေါက် ဒါကိုသုံးပြီတာနဲ့ သူသတိလစ်မေ့မြောသွားမှာပါ။

ရွှေလိုအသက်က ဟို့ယွိဟောင်ရဲ့ တတိယမျက်လုံးကို ဖွင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် အကြီးအကဲလျှပ်စီးဧကရာဇ်လဲ အဲ့ဒီအထဲမှာ၀င်ရောက်အိပ်စက်နိုင်ဖို့ ခွင့်ပြုပေးနေခဲ့တယ်။ ဒါပေမယ့် ရွှေလိုအသက်ကို အသုံးပြုပြီး ဒုတိယစိတ်၀ိညာဥ်တစ်ခုကို ထွင်းထုထားခဲ့တယ်ဆိုတာ ဟို့ယွိဟောင်ကတော့ မသိခဲ့ပါဘူး။

အစောပိုင်းစမ်းသပ်ချက်အရ ဒီအရာကိုသူတို့အသုံးပြုတာ ဒုတိယအကြိမ်မြောက်ပါ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျက်လုံးကြောင့် ဒီတစ်ကြိမ်မှာ ပေါက်ကွဲစွမ်းအားက ပိုမိုမြင့်မားလာခဲ့ပါပြီ။ ဒါ့အပြင် အသက်ကိုစောင့်ရှောက်တဲ့ အစောင့်အရှောက်ရဲ့ အကာအကွယ်နဲ့ ပေါင်းစည်းလိုက်ချိန်မှာတော့ ဟုန်ချန် မောင်နှမရဲ့ပေါင်းစည်းစွမ်းရည်ကို လုံး၀မွှေနှောက်လိုက်ပါတယ်။

ပေါင်းစည်းစွမ်းရည်နှစ်ခုကို နောက်ထပ် ထပ်သုံးဖို့ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ရေခဲကျောက်စိမ်းဧကရီကို အစားထိုး၀င်သုံးလိုက်ချိန်မှာ ဘယ်လိုဖြစ်လာမလဲ ရေခဲကျောက်စိမ်းဧကရီနဲ့ ကြည်လင်ကောင်းကင်တူနှစ်ခုကို ပေါင်းစည်းပြီအသုံးပြုတာက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ အင်အားအကြီးဆုံးတိုက်ခိုက်မှုပါပဲ။ အစောပိုင်းတုန်းက အဆုံးစွန်းအတားအဆီးတောင် ဒီတိုက်ခိုက်မှုကြောင့် ပျက်စီးလို့သွားခဲ့ပါတယ်။ ဒါကတော့ ကောင်းကင်ဧကရာဇ်ရဲ့တူလို့ခေါ်ရတဲ့အရာပါ။

တခြားတစ်ဖက်မှာတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က နောက်ဆုံးပေါင်းစည်းစွမ်းရည်ကို အသုံးပြုခဲ့ပါတယ်။ ဒါကတော့ ပိုးကောင်အမျိုးအစား သိုင်းပညာ၀ိညာဥ်ဖြစ်တဲ့ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်နဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်တို့ရဲ့ ပေါင်းစည်းမှုပါပဲ။

တိုက်ခိုက်မှုအင်အားကိုကြည့်မယ်ဆိုရင် ဒီပေါင်းစည်းစွမ်းရည်က ကောင်းကင်ဧကရာဇ်ရဲ့တူလောက် အင်အားမကြီးခဲ့ပါဘူး။ ဒါပေမယ့် ၀မ်သုန့် ထိန်းချုပ်ထားနိုင်တဲ့ တစ်ခုသောပေါင်းစည်းစွမ်းရည်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် လှုပ်ရှားမှုအပိုင်းမှာ ကောင်းကင်ဧကရာဇ်ရဲ့တူထက် အများကြီးပိုသန်မာပြီ အစွမ်းကုန်တိုက်ခိုက်နိုင်တဲ့ တစ်ခုတည်သော တိုက်ခိုက်မှုဖြစ်ပါတယ်။

သောင်းနဲ့ချီတဲ့အလင်းတန်းတွေက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ခန္ဓာကိုယ်အပြင်ဘက်ဆီကို ပေါက်ကွဲထွက်လာခဲ့ပါတယ်။ ဒီအလင်းတန်းတွေက စူးရှတောက်ပလွန်လို့ ဘယ်သူမှလဲ မကြည့်၀ံ့ကြပါဘူး။

လက်ရှိအချိန်မှာ ဟုန်ချန်မောင်နှမရဲ့ပေါင်းစည်းစွမ်းရည်တောင် ဒီပြင်းထန်တဲ့အလင်းတန်းတွေကြောင့် နှေးကွေးလို့သွားခဲ့ရပါပြီ။

အဲ့ဒီနောက် ရွှေပြာရောင်အလင်းအတောင်ပံတွေက ရွှေရောင်အပြင်ဘက်ဆီကို ကြောက်စရာကောင်းတဲ့ အရှိန်းနှုန်းနဲ့ ပြန့်ထွက်လာခဲ့ပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူတို့တွေက နှစ်ဆကြီးမားသွားခဲ့ကြတယ်။

အစောပိုင်းမှာ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က အရှေ့တောင်ပံနဲ့ အနောက်တောင်ပံတစ်စုံသာရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာကတော့ ကျောက်စိမ်းရောင်အတောင်ပံတစ်ခုလဲ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီအတောင်ပံက အရမ်းကို ဆွဲဆောင်ငြို့ငင်နိုင်စွမ်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ အသက်စွမ်းအားရဲ့ ပြင်းထန်တဲ့အငွေ့အသက်တွေက အပြင်ကိုလျှံထွက်လာချိန်မှာတော့ အလင်းနဲ့ရေရဲ့စစ်မှန်တဲ့စွမ်းအားအရင်းအမြစ်တွေက ပါ၀င်လို့နေခဲ့တော့တယ်။ ဒီအသက်စွမ်းအားရဲ့ သိပ့်သည်းတဲ့အရှိန်အ၀ါတွေက အရမ်းကို ပြင်းပြင်းထန်ထန်နဲ့ တောက်ပနေခဲ့ပါတယ်။

လိပ်ပြာအတောင်ပံတွေကို ဆန့်ထုတ်လိုက်ချိန်မှာတော့ အပြာရွှေရောင်နဲ့ အစိမ်းရောင်သုံးခုတို့က မရေမတွက်နိုင်တဲ့အလင်းတန်းတွေလိုအသွင်နဲ့ ဆက်တိုက်လှည့်ပတ်လို့နေခဲ့ပါပြီ။

ရေစက်ရေပေါက်တွေအသွင်နဲ့ ဒီလိုအလင်းတန်းတွေက ပတ်၀န်းကျင်တစ်ခုလုံးမှာရှိရှိသမျှအရောင်တွေကို အလင်းတွေဖြာနေခဲ့ပါတယ်။ အလင်းတန်းပေါင်းတစ်သောင်းက လက်ရှိအချိန်မှာ စုစည်းလို့သွားခဲ့ရင်း ပိန်ပါးသေးသွယ်တဲ့ ကျက်သရေရှိရှိပုံရိပ်တစ်ခုအဖြစ်ကို အသွင်ပြောင်းလို့သွားခဲ့ပါတယ်။

မြူခိုတွေက ခပ်မြန်မြန်ပဲပျက်စီးလို့သွားခဲ့ပါပြီ။ ပတ်၀န်းကျင်တစ်ခုလုံးကလဲ ရေခဲနဲ့နှင်းတွေအဖြစ်ကို အသွင်ပြောင်းလို့သွားပါတော့တယ်။ ဒီလေထဲမှာပေါ်လာတဲ့ပုံရိပ်က အရောင်သုံးရောင်တောက်ပနေခဲ့တဲ့ အလင်းတန်းပုံရိပ်တစ်ခုပါ။ အမျိုးသမီးတစ်ယောက်ဖြစ်ပြီ တစ်ဒသမရှစ်မီတာကျော် မြင့်မားတဲ့အပြင် သူမရဲ့ ပိန်ပါးသေးသွယ်တဲ့ ခန္ဓာကိုယ်က အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းပြီ ကျောချမ်းစရာလဲ ကောင်းနေခဲ့ပါတယ်။

ခြေဖျားအထိ ရှည်လျားတဲ့အပြာရောင်နဲ့ ပန်းရောင်ရောယှက်ထားတဲ့ ဆံပင်တွေကိုပိုင်ဆိုင်လို့ထားခဲ့ပြီ သူ့ရဲ့မျက်လုံးကတော့ တောက်ပတဲ့ရွှေရောင်ပါ။ ဒါ့အပြင် ပြီးပြည့်စုံမှုဆိုတဲ့စကားကတောင် သူမရဲ့ လှုပ်ရှားနေတဲ့ကိုယ်ဟန်ကို ဖော်ပြဖို့မလုံလောက်ခဲ့ပါဘူး။ သူမရဲ့ ပြီးပြည့်စုံတဲ့ရုပ်သွင်က နယ်မြေထဲမှာ ရှိရှိသမျှအမျိုးသမီးတွေတိုင်းထက်ကို ကျော်လွန်လို့နေခဲ့ပါတယ်။ ဒါ့အပြင် အလင်းတန်းတွေနဲ့ ဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်တောင်မှ အရမ်းကိုလှပတဲ့ကောက်ကြောင်းရှိနေခဲ့တယ်။ ဘယ်သူကမှ သူမကို ပထမဆုံးမြင်ရချိန်မှာ အသံမထွက်၀ံ့တော့ပါဘူး။ လူတိုင်းရဲ့အာရုံက သူမဆီမှာသာ ရောက်နေခဲ့ပါတယ်။

အဲ့ဒီနောက် ဘယ်ဘက်ခြေထောက်ကိုရွေ့လိုက်ရင်း အရင်ဆုံးစတင်ပြီ လှုပ်ရှားလိုက်ပါတယ်။ သူမရဲ့နောက်ကျောဖက်မှာရှိနေခဲ့တဲ့ သုံးချောင်းခြယ်အတောင်ပံတွေက ညင်းညင်းသာသာလေး လှုပ်ရှားရင်းကျက်သရေရှိမှုအပြည့်နဲ့ တိုးသွားခဲ့တယ်။

သိပ်သည်းတဲ့မြူခိုတွေက သူမရဲ့ခြေထောက်အောက်ကနေ စတင်ပြန့်နှံ့လို့သွားပြီတဲ့နောက် နှင်းဆီပန်းတွေအပြည့်နဲ့ ကြောင်လိမ်လှေကားအသွင်ကို ပြောင်းလဲသွားခဲ့ပါပြီ။ အဲ့ဒီအပေါ်မှာတော့ အက်ကွဲကြောင်းတစ်ခုပေါ်လာခဲ့ပြီ နေရောင်က သူမအပေါ်ကိုဖြာချလာပါတော့တယ်။

ရွှေရောင်တောက်ပနေတဲ့နေရောင်က သူမရဲ့ပြီးပြည့်စုံရုပ်သွင်နဲ့ ပေါင်းစည်းလိုက်ချိန်မှာတော့ မြို့တစ်ခုလုံးကို ပြောင်းပြန်လှန်းစေနိုင်လောက်တဲ့အထိ လှပတဲ့နတ်ဘုရားမတစ်ပါးကို သူတို့မြင်တွေ့လိုက်ရပါတယ်။ ဟုန်ချန်လွမ်းဆွတ်တမ်းတမှုရဲ့ရေလှိုင်းတွေက လက်ရှိအချိန်မှာ အမျိုးသမီးဆီရောက်ရှိပြီဖြစ်ပေမဲ့ ချက်ချင်းဆိုသလို နှစ်ပိုင်းကွဲထွက်လို့သွားခဲ့ပါတယ်။

သူမကတော့ လေထဲမှာကျက်သရေရှိမှုအပြည့်နဲ့ ကခုန်နေခဲ့တယ်။ ဒါ့အပြင် သူမလှမ်းလိုက်တဲ့ခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းက အင်မတန်ကိုနူးညံ့ပြီ ပြီးပြည့်စုံနေခဲ့ပါတယ်။ လှုပ်ရှားနေတဲ့ပုံရိပ်က အလင်းတန်းတွေ မျှော်လင့်ချက်တွေနဲ့ပြည့်နှက်လို့နေခဲ့ပြီ ကျောဖက်မှာရှိနေခဲ့တဲ့ အတောင်ပံခြောက်ခုကလဲ အလင်းနတ်ဘုရားတစ်ပါးရဲ့ ကောင်းချီမင်္ဂလာအပြည့်နဲ့ လင်းလက်လို့နေခဲ့တယ်။

မြို့တစ်ခုလုံးကို ပြောင်းပြန်လှန်းစေနိုင်လောက်အောင်လှပတဲ့ ဒီမိန်းမချောက သူမဆီကို ဘယ်လိုအန္တရာယ်မျိုးလာနေတယ်ဆိုတာမသိတဲ့အတိုင်း လှလှပပလေးကခုန်နေခဲ့ပါတယ်။ သူ့ရဲ့သုံးရောင်ခြယ်အတောင်ပံတွေက ဆန့်လိုက်ကွေးလိုက်လုပ်နေခဲ့ပြီ သူမရဲ့ခမ်းနားတဲ့ရုပ်သွင်ကို ပိုလို့တောင်တောက်ပလာစေခဲ့တယ်။

နဖူးပေါ်မှာတော့ ရွှေရောင်သင်္ကေတတချို့က မှိန်ဖျော့ဖျော့ပေါ်လာပြီ ဒါပေမယ့် ဘယ်သူကမှလဲ သေချာမမြင်ရပါဘူး။ သူမရဲ့လှုပ်ရှားမှုတွေက မြန်သထက်မြန်လာခဲ့ပါတယ်။ အဲ့ဒီနောက် ရွှေရောင်သင်္ကေတတွေကလဲ နူးညံ့ညင်းသာတဲ့အလင်းတန်းတွေကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်လို့နေခဲ့ပါပြီ။

အဲ့ဒီနောက် စိတ်၀ိညာဥ်စွမ်းအားတွေရဲ့ သန်မာတဲ့ပေါင်းစည်းမှုက သူမကို ပိုမိုထူးဆန်းတဲ့အနေအထားကို ရောက်ရှိလို့သွားစေခဲ့တယ်။ လှပတဲ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ ရစ်ပတ်နေခဲ့တဲ့ နှင်းဆီရေ၀ဲကြောင့် ဟုန်ချန်မောင်နှမရဲ့ပေါင်းစည်းစွမ်းရည်က တိတ်တဆိတ်ပဲပြိုကွဲလို့သွားခဲ့ပါတယ်။ ဒီမိန်းမလှလေးကို သူတို့ရဲ့တိုက်ခိုက်မှုက အားဖြည့်ပေးနေသလိုပါပဲ။

ကျားဖြူမြို့စားမင်းလို မယိုင်လဲတဲ့နှလုံးသားကို ပိုင်ဆိုင်ထားတဲ့သူတောင်မှ ဒီမိန်းမချောကို မြင်တွေ့ရချိန်မှာ မျက်လုံးအကြည့်နဲ့တခဏတာ မှေးမိန်းလို့သွားခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးကိုတော့ သူမယုံနိုင်ပဲစိတ်ထဲမှာ မေးခွန်းပြန်ထုတ်နေခဲ့မိတယ်။ ဒီလောက်လှပတဲ့မိန်းမချောက လောကမှာတည်ရှိနိုင်မှာလား။

သုံးရောင်ခြယ်အလင်းတန်းပျောက်ကွယ်သွားချိန်မှာတော့ တလက်လက်တောက်ပနေတဲ့ပုံရိပ်က ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်ဆီကို ရောက်ရှိလာပါတော့တယ်။

အပိုင်း ၁၂၅•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset