အပိုင်း ၁၂၅•၂
” သေမျိုးလောကကို တမ်းတခြင်း ”
°°°
ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့အစွမ်းတွေက အမှောင်ထုထဲက မီးတောက်လိုမျိုး ပျောက်ကွယ်သွားပါတော့တယ်။
၀မ်သုန့်က အတောင်ပံတွေကို ပြန်သိမ်းလိုက်ရင်းလေထဲမှာလှုပ်ရှားနိုင်တဲ့အစွမ်းအစကို ထုတ်ဖော်ပြသလို့နေခဲ့ပါပြီ။ စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့ ဆက်တိုက်ဆိုသလို လမ်းညွှန်ပေးမှုတွေကြောင့် ၀ိညာဥ်လက်နက်တွေရဲ့ တိုက်ခိုက်မှုကိုးဆယ်ရာခိုင်နှုန်းကို သူအပြည့်အ၀ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဟုန်ချန်မောင်နှမက ၀မ်သုန့်ခန္ဓာကိုယ်ကို မကြာခင်မှာပဲ လိုက်မီလာပါတော့တယ်။
လက်ရှိအချိန်မှာ မုန့်ဟုန်ချန်က အသက်ကိုခပ်ပြင်းပြင်းရှုသွင်းနေခဲ့ရပါတယ်။ သူမက စတုတ္ထ၀ိညာဥ်စွမ်းရည်ကို အခုမှအသုံးပြုလာခဲ့တာပါ။ လက်ရှိအချိန်မှာ မီးကိုအဓိကလောက်စာအဖြစ် အသုံးပြုထားခဲ့တာကြောင့် သူမအနေနဲ့ ရေခဲဖားပြုတ်ရဲ့အဆိပ်ကို အသုံးပြုပြီး စွမ်းအားအဖြစ်ပြောင်းလဲကာသူမရဲ့ ခန္ဓာကိုယ်ကို စွမ်းအင်ဖြည့်တင်းရင်းတိုက်ခိုက်မှုစွမ်းအားကိုလဲ လုံး၀သိသာထင်ရှားတဲ့အဆင့်တစ်ခုအဖြစ်ကို ပြောင်းလဲနိုင်ပါတယ်။
ဒါပေမယ့် ဒီလိုအပြောင်းအလဲလုပ်ပြီချိန်မှာတော့ ရေခဲဖားပြုတ်ကို အချိန်တချို့အထိ သုံးနိုင်မှာမဟုတ်ပါဘူး။ အပေါ်ယံမှာတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ပြိုင်ဘက်ကိုတိုက်ခိုက်ဖို့ အင်အားပိုကုန်နေပုံပေါ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတိုက်ခိုက်မှုက မုန့်ဟုန်ချန်ကိုလဲ အများကြီးသက်ရောက်သွားစေခဲ့တယ်။
ရေခဲဖားပြုတ်ရဲ့အဆိပ်ကို သူမနောက်ထပ်သုံးနိုင်မှာမဟုတ်သလို သူ့ရဲ့တိုက်ခိုက်မှုစွမ်းအားကလဲ အများကြီးမတိုးတက်လာနိုင်တော့ပါဘူး။ လက်ရှိအချိန်မှာ လှုပ်ရှားနိုင်ဖို့အစွမ်းအစတချို့သာ ပြန်ရလာခဲ့ပါတယ်။ ဘာကြောင့်များ ဒီလောက်များပြားတဲ့ အင်အားတွေကို သူမ ထုတ်သုံးလိုက်တာလဲ ဒါ့အပြင် ထိုက်ယွဲ့ဟန်ရဲ့ တိုက်ခိုက်မှုကြောင့် ရရှိထားခဲ့တဲ့ ဒဏ်ရာကိုတောင် အဆုံးစွန်းရေခဲက ပိုဆိုးသွားခဲ့ပါတယ်။
ဟို့ယွိဟောင်လဲ စိတ်ထဲမှာသက်ပြင်းချနေခဲ့မိတယ်။ အကယ်၍ သူတို့ရဲ့အစောပိုင်းတိုက်ခိုက်မှုကသာ အောင်မြင်ခဲ့မယ်ဆိုရင် ဒီပြိုင်ပွဲကိုအနိုင်ရရှိမှုက လွယ်ကူသွားမှာပါ။ ဒါပေမယ့် အဆုံးစွန်းအထိမတိုက်ခိုက်ပဲ နိုင်မဲ့ပုံတော့မပေါ်ပါဘူး။ လက်ရှိအချိန်မှာ ဟုန်ချန်မောင်နှမနှစ်ယောက်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကြားကို အတော်လေးဖိအားများနေခဲ့ပါပြီ။ ကြောက်စရာအကောင်းဆုံးအရာကတော့ ဘာတွေဖြစ်နေလဲဆိုတာကို သေချာနားမလည်နိုင်တဲ့ကိစ္စပါပဲ။ ဒါပေမယ့် လက်ရှိအချိန် သူတို့ထက် ပိုပြီးငယ်ရွယ်တဲ့လူငယ်တွေက နိုင်နိုင်ချေရှိနေခဲ့တယ်။
” ငါ့ညီမလာခဲ့ သူတို့ကိုအပြတ်ရှင်းရအောင် ငါတို့တွေ တွေဝေနေလို့မဖြစ်ဘူး ”
ရှောင်ဟုန်ချန်က အော်လိုက်ပါတယ်။ မုန့်ဟုန်ချန်ကတော့ တွေဝေနေခဲ့တယ်။
” ဒါပေမယ့် အစ်ကိုရဲ့ခန္ဓာကိုယ်က ”
” ဒီဒဏ်ရာတွေကို ဘာထည့်တွက်စရာလိုဦးမှာလဲ ”
ရှောင်ဟုန်ချန်က မောက်မာမှုအပြည့်နဲ့ ပြောနေခဲ့တယ်။
” ငါတို့ရဲ့အသန်မာဆုံးတိုက်ခိုက်မှုကို ထုတ်ပြကြတာပေါ့ မြန်မြန်လုပ်ငါတို့တွေ ရှုံးလို့မဖြစ်ဘူး…သူတို့တွေကို အခွင့်အရေးလုံး၀ပေးလို့မရပါဘူး…ငါတို့သာ သူတို့ကို အနိုင်ယူလိုက်နိုင်မယ်ဆိုရင် ငါတို့က ကျောင်းတော်ရဲ့ဂုဏ်ကျက်သရေတွေဖြစ်လာလိမ့်မယ်…ဒါ့အပြင် နိုင်ငံတစ်ခုလုံးရဲ့ သူရဲကောင်းတွေ ဖြစ်လာမှာပဲ ”
အဲ့ဒီနောက် ရှောင်ဟုန်ချန်ရဲ့ ခန္ဓာကိုယ်မှာ ရှိရှိသမျှ၀ိညာဥ်လက်နက်တွေအားလုံးက မြေပြင်ပေါ်ကိုပြုတ်ကျပါတော့တယ်။ ၀ိညာဥ်လက်နက်တွေအားလုံးက ချက်ချင်းဆိုသလို ဖုံးမှုန့်တွေဖြစ်သွားခဲ့ပါပြီ။ မြေပြင်ပေါ်ကို အစီအစဥ်မကျပြုတ်ကျသွားခဲ့ပြီ ရှောင်ဟုန်ချန်က လက်ဆန့်ထုတ်လိုက်ပါတယ်။
မုန့်ဟုန်ချန်ရဲ့ လက်ပေါ်မှာရှိတဲ့ဓားကလဲ ပျောက်ကွယ်လို့သွားခဲ့ပြီ သူကရှောင်ဟုန်ချန်ကို ပွေ့ဖက်လိုက်တော့တယ်။ ချက်ချင်းဆိုသလို ရွှေရောင်နဲ့ ရေခဲပြာရောင်တောက်ပနေတဲ့ အလင်းတန်းနှစ်ခုက လေထဲမှာ ဖြစ်ပေါ်လာပါတော့တယ်။
” မကောင်းတော့ဘူး ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ဒီလှုပ်ရှားမှုနဲ့ ရင်းနှီးဆုံးသူတွေပါ။ ဒါက သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ရဲ့ သင်္ကေတပါပဲ။ ဟုန်ချန် မောင်နှမနှစ်ယောက်ရဲ့ စွမ်းရည်ကို သူတို့အစောပိုင်းကထဲက တွက်ချက်ပြီသားပါ။ ဒါပေမယ့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေမှာလဲ ပေါင်းစည်းစွမ်းရည်သုံးနိုင်မယ်လို့ မတွေးထားခဲ့မိပါဘူး။ ဒါ့အပြင် အရမ်းကိုအရေးကြီးတဲ့အချိန်မှာ သူတို့က ထုတ်သုံးနေခဲ့တာဖြစ်ပါတယ်။
၀ိညာဥ်ဘုရင်နှစ်ယောက်သာ ပေါင်းစည်းစွမ်းရည်ကို အတူတူသုံးလိုက်မယ်ဆိုရင် သူတို့ရဲ့တိုက်ခိုက်မှုက ဘယ်လောက်တောင် အင်အားကြီးလိုက်မလဲ။ သေချာပေါက် ဟို့ယွိဟောင်တို့နှစ်ယောက်ကို သေချာပေါက် တစ်ချက်ထဲအလဲထိုးဖို့ ကြိုးစားနေတာအသိအသာကြီးပါ။
” သူတို့ကို ထိပ်တိုက်တိုက်ခိုက်ရအောင် ”
ဟို့ယွိဟောင်က အော်လိုက်ပါတယ်။ သူက အရမ်းကိုစိတ်လှုပ်ရှားနေခဲ့တာဖြစ်သလို အသံထဲမှာလဲ နူးညံ့တဲ့အငွေ့အသက်ကလဲ ထွက်ပေါ်လာခဲ့တယ်။
ဟို့ယွိဟောင်လဲ အသက်ပြင်းပြင်းရှုသွင်းရင်း နောက်ထပ်တွေဝေဖို့မဖြစ်မှန်း သိသွားခဲ့ပါပြီ။ မဟုတ်ရင် ဒီပြိုင်ပွဲကို နိုင်နိုင်ချေက ပျက်ပြားသွားပါလိမ့်မယ်။
ရေခဲဧကရီရဲ့ သံချပ်ကာကို သူချက်ချင်းဖျောက်လိုက်ပြီ ၀မ်သုန့်ကို သူဖက်လိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်က သူ့ခန္ဓာကိုယ်ထဲကို ပြန်၀င်လို့သွားခဲ့ပြီ စိတ်၀ိညာဥ်မျက်လုံးကသာ ကျန်ရှိတော့တယ်။
၀မ်သုန့်ရဲ့အတောင်ပံတွေကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ၀မ်သုန့်က ဟို့ယွိဟောင်ကို ဖက်လိုက်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့လက်ထဲမှာ ကြီးမားတဲ့အနက်ရောင်တူကြီးတစ်လက်က ပေါ်လာခဲ့တယ်။ ဒါကတော့ သူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ဖြစ်တဲ့ ကြည်လင်ကောင်းကင်တူပါ။
သူတို့နှစ်ယောက်မြေပြင်ပေါ်ကို ပြုတ်ကျတော့မဲ့အချိန်မှာပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ခန္ဓာကိုယ်ကနေ တောက်ပတဲ့အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။
ဒါကတော့ ဗလာဟင်းလင်းဖြစ်မှုကနေ ထွက်ပေါ်လာတဲ့အလင်းတန်းပါ။ လောကကြီးမှာကျန်ရှိနေတဲ့တစ်ခုတည်သောအရာကတော့ ပုံရိပ်ယောင်တစ်ခုပါပဲ။ ဒီပုံရိပ်ယောင်က တစ်နည်းတစ်ဖုံထူးဆန်းနေခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ထွင်းဖောက်မြင်ရအောင် ကြည်လင်လို့နေခဲ့ပြီ မျက်နှာကိုလဲရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ ဒါပေမယ့် သူ့ရဲ့လက်တွေကတော့ နှလုံးသားပုံသဏ္ဍာန်ရှိနေခဲ့ပါတယ်။
ဒီလူကအရွယ်ရောက်ပြီသား အမျိုးသားအသွင်ရှိသလို အကယ်၍ သေချာသာကြည့်ခဲ့မယ်ဆိုရင် ဒါကဟို့ယွိဟောင်ရဲ့ ရုပ်သွင်နဲ့တူညီနေတာကို မြင်ရမှာပါ။
လက်ရှိအချိန်မှာ ကောင်းကင်ဧကရာဇ်ရဲ့တူပေါင်းစည်းစွမ်းရည်က တစ်နည်းတစ်ဖုံထူးခြားလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ရွှေရောင်လမ်းကိုအသုံးမပြုပဲ ကြည်လင်ကောင်းကင်တူနဲ့ စိတ်၀ိညာဥ်မျက်လုံးကို ပေါင်းစည်းပြီ ထူးခြားတဲ့ပေါင်းစည်းစွမ်းရည်တစ်ခုကို ထုတ်သုံးလိုက်ပါတယ်။
အရာအားလုံးဖြစ်ပျက်သွားတာ မြန်ဆန်လွန်းလှပါတယ်။ နှစ်ဖက်စလုံးကလဲ ပေါင်းစည်းစွမ်းရည်တွေကို အသီးသီးထုတ်သုံးနေခဲ့ကြပါပြီ။ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်လက်ရည်ယှဥ်ပွဲမှာ ဒီလိုဖြစ်ပေါ်လာတယ်ဆိုတာ ပထမဆုံးအကြိမ်ပါ။ ကြည့်ရှု့နေသူတွေကလဲ သူတို့ရဲ့နှလုံးသားတောင် လည်ချောင်းကနေ အန်ထွက်တော့မလို ခံစားနေခဲ့ရပါတယ်။ ဒီလိုမြင်ကွင်းမျိုးက နှစ်ပေါင်းတစ်ရာမှာ တစ်ကြိမ်မြင်ဖို့တောင် ခက်ခဲလွန်လှတာပါ။
လောကမှာဘယ်၀ိညာဥ်ပညာရှင်ကများ ပေါင်းစည်းစွမ်းရည်တစ်ခုကို ပိုင်ဆိုင်နိုင်ကြလို့လဲ လက်ရှိအချိန်မှာတော့ ပေါင်းစည်းစွမ်းရည်ကို ပြိုင်ဘက်နှစ်ဖွဲ့က အသုံးချနေခဲ့တာ လန့်စရာကောင်းလွန်လှပါတယ်။
အမျက်ဒေါသကျောင်းတော်ရဲ့ အကြီးအကဲရွှမ်တောင်မှ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပါတယ်။ နတ်မီးငှက်မီးလျှံတွေကို ဖိနှိမ့်နေခဲ့တာကြောင့်သာ မဟုတ်ရင် သူအခုအချိန် အထိ စိတ်လှုပ်ရှားနေမှာပါ။
ဒီလှုပ်ရှားမှုကြီးကနေ ဖြစ်ပေါ်လာခဲ့တဲ့ စိတ်လှုပ်ရှားမှုက အရမ်းကိုကြီးမားနေခဲ့ပါတယ်။ ၀မ်ယန်တောင်မှ ကြည့်ဖို့၀န်မလေပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ကိုလက်နှစ်ဖက်နဲ့ ဖုံးကွယ်ထားခဲ့ရင်း မျက်လုံးတွေကိုသာ ဖွင့်ပြထားခဲ့ပါတယ်။ ဒီပေါင်းစည်းစွမ်းရည်အကြောင်းကိုသိတဲ့သူကလဲ ပြိုင်ပွဲတစ်ခုလုံးမှာ သူတစ်ယောက်တည်သာရှိနေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီစွမ်းရည်ရဲ့ တကယ်စစ်မှန်တဲ့ အစွမ်းအစကိုတော့ သူလဲ မသိခဲ့ပါဘူး။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်က အဲ့ဒီလိုအံ့ဖွယ်ရာမျိုးတွေကို ဖန်တီးနိုင်တယ်ဆိုတာ ဘယ်သူမှမသိနိုင်ပဲရှိနေခဲ့ပါတယ်။
အကယ်၍ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့သာ ပြီးပြည့်စုံတဲ့အခြေအနေမှာ ရှိနေမယ်ဆိုရင် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို သူစင်ပေါ်မှာဘယ်တော့မှလွှတ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ရှောင်ဟုန်ချန်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီ မုန့်ဟုန်ချန်ကလဲ ဒဏ်ရာတချို့ရထားခဲ့ပါတယ်။ ဒါကြောင့်သာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့အနိုင်ရနိုင်ချေက ဖြစ်ပေါ်လာတာပါ။
ဒါပေမယ့် ဟုန်ချန် မောင်နှမနှစ်ယောက်မှာလဲ ပေါင်းစည်းစွမ်းရည်ရှိနေမယ်လို့ ၀မ်ယန်လဲမတွေးထင်ထားခဲ့မိတာအမှန်ပါ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့လောကမှာ တွေးကြည့်ဖို့တောင် မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ ဒါပေမယ့် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့နှစ်ယောက်က နေလကျောင်းတော်အနေနဲ့ ပထမဆုံးထုတ်သုံးတဲ့၀ိညာဥ်ပညာရှင်တွေ ဖြစ်ပါလိမ့်မယ်။
မြို့နံရံပေါ်မှာ ဧကရာဇ်ရှုကျားဝေက အထိတ်တလန့်ပုံစံနဲ့ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲကြီးရဲ့နောက်ဆုံးတိုက်ခိုက်မှုဖြစ်နေခဲ့တဲ့အတွက် ဒီလိုပေါင်းစည်းစွမ်းရည်နှစ်ခုက ပေါ်ထွက်လာခဲ့တာအရမ်းကို ထိတ်လန့်စရာကြီးပါ။
တခြားတစ်ဖက်မှာတော့ စိတ်ဖိစီးမှုအကြီးမားဆုံးနဲ့ အနာကျင်ရဆုံးသူကတော့ ဒိုင်ဖြစ်တဲ့ ကောင်းကင်ရန်သူတော်သော့်လော့ပါပဲ။ နှစ်ဖက်စလုံးကိုလဲ သူတားလို့မရတော့ပါဘူး။ ဒါပေမယ့် ဒီနှစ်ဖွဲ့ရဲ့ ပေါင်းစည်းစွမ်းရည်က ဘယ်လောက်အခြေအနေကို ရောက်ရှိနိုင်မလဲ သူမသေချာသလို ရှုံးနှိမ့်မဲ့ဘက်ကိုလဲ ကာကွယ်နိုင်ဖို့နဲ့ ထိန်းထားနိုင်ဖို့ဆိုတာ သူလဲ မလုပ်နိုင်ပါဘူး။ ဒီအချိန်မှာ သူခံစားနေခဲ့ရတဲ့စိတ်ဖိအားက အရမ်းကိုကြီးမားလို့နေခဲ့ပါပြီ။ သူက ဒီပွဲကြီးရဲ့အလယ်တည့်တည့်မှာရှိနေခဲ့ပြီ အရင်ပြိုင်ပွဲတုန်းက သေဆုံးခဲ့တဲ့လူတွေနဲ့ ထူးမခြားနား ခံစားနေခဲ့ရပါတယ်။
ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်နှစ်ယောက်ကတော့ လေထဲမှာစတင်လို့လွှင့်မျောရင်း အသွင်ပြောင်းနေခဲ့ပါပြီ။ သူတို့အပေါ်မှာရှိနေခဲ့တဲ့အလင်းတန်းကြီးက ကြီးမားတဲ့ဖားပြုတ်ကြီးအသွင်ကို ပြောင်းလဲသွားပါတယ်။ ထူးထူးဆန်းဆန်းအရောင်တွေနဲ့ ဒီဖားပြုတ်က ဖြည်းဖြည်းချင်းဆိုသလို အကောင်အထည်ဖော်လာရင်း ဆက်တိုက်လှုပ်ရှားနေခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ခြေထောက်သုံးချောင်းရွှေဖားပြုတ်နဲ့ တံတားနီဖားပြုတ်တို့က ပျောက်ကွယ်လို့သွားခဲ့ပြီ သတ္ထုအလင်းတန်းတွေအပြည့်နဲ့ အနီရောင်ကြီးကသာ ကျန်ရှိခဲ့ပါတယ်။ ကြက်သွေးရောင်နဲ့ ရွှေရောင်တောက်ပနေတဲ့ ဒီကြီးမားတဲ့ဖားပြုတ်ကြီးက ငါးမီတာကျော်မြင့်မားပြီ သူ့ရဲ့မျက်လုံးတွေကတော့ ချောက်နက်ကြီးတစ်ခုလိုမျိုး နက်ရှိုင်းနေခဲ့တယ်။
ပါးစပ်ကျယ်ကြီးကို ဖွင့်လိုက်ချိန်မှာတော့ ရွှေရောင်နဲ့အနီရောင်ရောထားတဲ့ ရေ၀ဲကြီးတစ်ခုကို မြင်လိုက်ရပါတယ်။ ဒီရေ၀ဲကြီးကို အချိန်မရွေးထွေးထုတ်နိုင်တော့မဲ့အတိုင်းပါပဲ။
ရှောင်ဟုန်ချန်ရဲ့အသံက ဒီတစ်ကြိမ်မှာ နယ်မြေတစ်ခွင်လုံးကို ပြန့်နှံ့လို့လာခဲ့ပါပြီ။ ဒီလိုအချိန်မျိုးမှာ သူက တိုက်ပွဲကိုကယ်တင်မဲ့ သူရဲကောင်တစ်ယောက်လိုမျိုး စကားပြောဆိုဖို့မမေ့ခဲ့ပါဘူး။
” ကလေးတို့ ဒီတိုက်ကွက်ကို ခံယူလိုက်ကြ တကယ်အားကောင်းတဲ့ပေါင်းစည်းစွမ်းရည်က ဘာလဲဆိုတာ မင်းတို့မြင်တွေ့စေရမယ်ဒါက ငါတို့ဟုန်ချန်မောင်နှမရဲ့ လွမ်းဆွတ်တမ်းတမှုပဲ ”
မှန်ပါတယ် ဒါကသူတို့ မောင်နှမရဲ့နာမည်ကို အဓိကယူထားခဲ့တာပါ။ အကယ်၍ သေချာကြည့်မယ်ဆိုရင် ဒီဖားပြုတ်ကြီးမှာလဲ ခြေထောက်သုံးချောင်းရှိနေတာကို မြင်ရပါလိမ့်မယ်။ ဒါပေမယ့် မျက်လုံးကတော့ တံတားနီရေခဲဖားပြုတ်ရဲ့မျက်လုံးအတိုင်းတောက်ပနေခဲ့တယ်။
လက်ရှိအချိန်မှာ အပြောင်းအလဲကတော့ ဟို့ယွိဟောင်နဲ့၀မ်သုန့်တို့ဖက်မှာရှိတဲ့ ပုံရိပ်ဆီမှာဖြစ်ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့မျက်လုံးတွေက ရုတ်တရက်ပွင့်လာပါတော့တယ်။ တစ်ကိုယ်လုံးက ကြည်လင်ပြတ်သားပြီ လေဟာနယ်လိုဖြစ်နေခဲ့တဲ့အတွက် မျက်လုံးရဲ့တောက်ပမှုကလဲ ပိုမိုထင်ရှားလို့နေခဲ့ပါတယ်။ စကားနဲ့တောင် ဖော်ပြလို့မရတဲ့မျက်လုံးတစ်စုံဖြစ်နေခဲ့သလို တောက်ပတဲ့ရွှေရောင်က ကောင်းကင်မှာရှိတဲ့ကြယ်အလင်းတန်းတွေအားလုံးကိုတောင် စုပ်ယူပြီ၀ါးမြိုလိုက်တယ်။ ချက်ချင်းဆိုသလို တောက်ပတဲ့ရွှေရောင်အလင်းတန်းက နယ်မြေတစ်ခွင်လုံးကို မှောင်မိုက်လို့သွားစေခဲ့ပါပြီ။ ကောင်းကင်ကနေကျဆင်းနေတဲ့ မိုးစက်တွေကလဲ ရုတ်တရက်ရပ်တန့်လို့သွားခဲ့ပါတယ်။ မိုးစက်တွေက ဒီစင်ပေါ်ကိုနောက်ထပ်မကျနိုင်တော့ပါဘူး။
အဲ့ဒီလေဟာနယ်ထဲမှာရှိနေသူရဲ့ နဖူးအလယ်တည့်တည့်ကနေ ထောင့်လိုက်မျက်လုံးတစ်လုံးက ပေါ်ထွက်လာခဲ့ပါတယ်။ အသက်စွမ်းအားတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ အလင်းတန်းက နေရာတစ်ခွင်လုံးကို ချက်ချင်းဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် တောက်ပတဲ့ရွှေရောင်တူကြီးတစ်လက်က ဘယ်ကမှန်းမသိထွက်လာပြီ မရေမတွက်နိုင်တဲ့တူတွေအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ ဒီသေးငယ်တဲ့တူတွေက ရွှေရောင်အလင်းတန်းတွေနဲ့ လွှမ်းခြုံလို့ထားခဲ့ပြီ လေဟာနယ်သဏ္ဍာန်ပုံရိပ်ရဲ့ နဖူးပေါ်မှာရွှေရောင်အလင်းလှိုင်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့တယ်။
အချိန်တွေအားလုံးက ရပ်တန့်သွားသလိုပါပဲ။ စင်ပေါ်မှာရှိတဲ့လေဟာနယ်ထဲကတော့ ပင့်ကူမျှင်လိုအက်ကွဲကြောင်းတွေက ဖြစ်ပေါ်လာတော့တယ်။ အလင်းတန်းဖြတ်သန်းသွားလာတဲ့ နေရာတိုင်းမှာ လေဟာနယ်က ဖျက်ဆီးခံလိုက်ရပါပြီ။
ကောင်းကင်ရန်သူတော်သော့်လော့တောင်မှ ဒီတစ်ကြိမ်မှာ တအံ့တဩဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေအားလုံးက မထိန်းချုပ်နိုင်လောက်အောင်ပဲ နှေးကွေးသွားသလို သူခံစားမိခဲ့လို့ပါပဲ။ ဒါတွေမကပဲ သူ့ရဲ့ရင်ဘတ်ကလဲ အရမ်းကိုလေးလံနေခဲ့ပါတယ်။ အဲ့ဒီနောက် ကြီးမားတဲ့တူကြီးတစ်လက်က စိတ်၀ိညာဥ်ပင်လယ်ကို ရိုက်ချလိုက်ရင်း စိတ်တစ်ခုလုံးကို ဗဟာဟင်းလင်းဖြစ်သွားစေခဲ့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ အနက်ရှိုင်းနေရာက ရုတ်တရက်ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ပြီ ရှိရှိသမျှမှတ်ဉာဏ်တွေအားလုံးက ပေါက်ကွဲထွက်လို့လာပါတော့တယ်။
ဒါကသော့်လော့တစ်ယောက်ရဲ့ တုန့်ပြန်မှုပါပဲ သူက မခုခံနိုင်ခဲ့ပါဘူး။ လက်ရှိအချိန်မှာ ရန်သူတော်သော့်လော့၀မ်ချင်ရှုအနေနဲ့ ဒီရွှေရောင်အလင်းတန်းကို သူဘယ်လိုခုခံရမလဲတောင် ဖြစ်နေခဲ့ပါတယ်။ တိုက်ပွဲကို ဒိုင်အဖြစ်လဲ၀င်ရောက်မနှောင့်ယှက်နိုင်သလို တားဆီးနိုင်တာမျိုးမရှိတော့ပါဘူး။
အပိုင်း ၁၂၅•၂ ပြီး၏။