Switch Mode

Chapter – 124.3

ကြီးမားတဲ့ကွာခြားမှု နောက်ဆုံးတိုက်ပွဲ

အပိုင်း ၁၂၄•၃

” ကြီးမားတဲ့ကွာခြားမှု နောက်ဆုံးတိုက်ပွဲ ”
°°°
ဟို့ယွိဟောင်ရဲ့အသွင်တူတုပမှုက သူတို့ကိုဖုံးကွယ်ထားတာကြောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်ရဲ့ ၀ိညာဥ်စက်ကွင်းတွေက အဖြူရောင်တွေဖြစ်နေခဲ့ပါတယ်။ သူတို့ဘယ်လို၀ိညာဥ်စွမ်းရည်ကို ထုတ်သုံးနေလဲဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး။ ဒါပေမယ့် ဒီ၀ိညာဥ်စွမ်းရည်ရဲ့အင်အားကတော့ အသွင်တူတုပမှုကြောင့် မပြောင်းလဲပဲရှိနေခဲ့ပါတယ်။

ရှောင်ဟုန်ချန်ကို သူ့ရဲ့အစွမ်းအစတွေကို အထင်သေးတာက ကြီးမားတဲ့အမှားတစ်ခုလို့ ၀မ်သုန့်က ခပ်မြန်မြန်ပဲ ပြောပြနိုင်ခဲ့ပါတယ်။

ပေါက်ကွဲမှုတွေက မီတာနှစ်ဆယ်အတွင်းမှာ ဆက်တိုက်ထွက်ပေါ်လို့လာခဲ့ပါပြီ။ ၀မ်သုန့်ရဲ့ အလင်းတန်းတွေက ၀ိညာဥ်လက်နက်အမြောက်ကို ခုခံနိုင်မယ်ဆိုရင်တောင် ၀ိညာဥ်လက်နက်အလင်းတန်းတွေတောင် မခုခံနိုင်တော့ပါဘူး။

ဒါပေမယ့် ရှောင်ဟုန်ချန်ရဲ့ တိုက်ခိုက်မှုတွေကိုတော့ သူကောင်းကောင်းခုခံနိုင်ခဲ့ပါတယ်။ ပေါက်ကွဲမှုက သူတို့နှစ်ယောက်ကြားထဲမှာသာ ဖြစ်နေခဲ့တယ်။ အဲ့ဒီနောက် ၀မ်သုန့်ရဲ့အလင်းတန်းတွေကနေ ဖြစ်ပေါ်လာတဲ့ဘောလုံးတွေက ရှောင်ဟုန်ချန်ကို သူ့ရဲ့အကာအကွယ်အတားအဆီးအသုံးပြုရတဲ့အထိ တွန်းအားပေးနိုင်ခဲ့ပါတယ်။

၀ိညာဥ်ဘိုးဘေးတစ်ယောက်ရဲ့ အသန်မာဆုံးစွမ်းအားက ဒီလိုမျိုးအစွမ်းအစရှိတယ်လား။ ရှောင်ဟုန်ချန်စိတ်ထဲမှာ ကျိန်ဆဲနေခဲ့မိပါတယ်။ သူ့ရဲ့ကျင့်ကြံဆင့်က အခုလက်ရှိအချိန်မှာ လျော့ကျနေခဲ့တဲ့ ၀ိညာဥ်လက်နက်ကိုလဲ အပြည့်အ၀ထုတ်မသုံးနိုင်ပါဘူး။ ၀မ်သုန့်ရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ကြောင့် ဖိနှိမ့်ခံထားရတဲ့အတွက် အတော်လေး စိတ်ဖိစီးနေပါတယ်။

၀မ်သုန့်မှာက ၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိပါတယ်။ ဟို့ယွိဟောင်ရဲ့အမြွှာသိုင်းပညာအကူအညီနဲ့ဆိုရင် သူက ၀ိညာဥ်စက်ကွင်းသုံးကွင်းကျင့်ကြံဆင့်ကို နီးကပ်လို့သွားမှာပါ။ ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ ပေါင်းစည်းထားတဲ့၀ိညာဥ်စွမ်းအားက အဆင့်လေးဆယ်အထက်မှာရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားက အဆင့်နှစ်ဆယ်ရှစ်မှာသာရှိတာပါ။ ဒါပေမယ့် သူ့ရဲ့၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကလဲ ၀မ်သုန့်ထက် အားမနည်းခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒုတိယသိုင်းပညာ၀ိညာဥ်မှာလဲ ၀ိညာဥ်စက်ကွင်းတစ်ကွင်းရှိနေခဲ့တာကြောင့်ပါပဲ။ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းရဲ့ စွမ်းအားအများစုကို ချိတ်ပ်တ်ထားပေမဲ့ သူ့ရဲ့စုစုပေါင်း၀ိညာဥ်စွမ်းအားကတော့ အနည်းငယ်တိုးတက်လာစေဆဲပါ။၊

ဟောင်သုန့်စွမ်းအားက လက်ရှိအချိန်မှာ အများကြီးမလုပ်ဆောင်ပေးနိုင်ပဲ ရှိခဲ့ပါတယ်။ ၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်ဖြစ်တာကြောင့် ဒီလိုအခြေအနေမျိုးမှာ ပေါင်းစည်းတိုက်ခိုက်မှုက ထိပ်တန်းအဆင့်၀ိညာဥ်ဘိုးဘေးတစ်ယောက်နဲ့ ညီနေခဲ့ပါပြီ။ သူတို့တွေက သိုင်းပညာ၀ိညာဥ်ပုံစံမပြောင်းလဲခင်က ပေ့ပေ့နဲ့ ရှုစန်းရှီတို့အင်အားရဲ့ယှဥ်လို့ရနိုင်ပါတယ်။ ဒါက သူတို့ရဲ့ ပေါင်းစည်းစွမ်းရည်တွေကို ထုတ်မသုံးရတဲ့အခြေအနေမှာပါ။

၀မ်သုန့်ရဲ့အစွမ်းကို မြင်လိုက်ရပြီချိန်မှာတော့ မုန့်ဟုန်ချန်က အနည်းငယ်လန့်သွားပါတော့တယ်။ သူမရဲ့ စိတ်ပိုင်ဆိုင်ရာအပြောင်းအလဲကို ခပ်မြန်မြန်ထိန်းလိုက်ပြီတဲ့နောက် အရှေ့ကိုပြေးထွက်လို့သွားခဲ့တယ်။ သူ့ရဲ့ဓားတွေက ကောင်းကင်မှာဆက်တိုက်ဆိုသလို အလင်းတွေဖြာနေခဲ့ပြီ ၀မ်သုန့်ကို ဆက်တိုက်ထိုးခုတ်နေခဲ့ပါတယ်။ သူမရဲ့သံချပ်ကာပျက်စီးသွားတာကတော့ နှမြောစရာပါပဲ။ မဟုတ်ရင် လေထဲကို တိုက်ရိုက်ပျံသန်းပြီ ၀မ်သုန့်နဲ့ တိုက်ခိုက်နိုင်မှာပါ။

လက်ရှိအချိန် မုန့်ဟုန်ချန်ရဲ့စိတ်ထဲမှာ မေးခွန်းတစ်ခုပေါ်နေခဲ့ပါတယ်။ ဘာကြောင့်များသူ့ရဲ့စိတ်က အခုအချိန်အထိ အစွမ်းမပြသသေးတာလံ။ သူ့ရဲ့အဆိပ်တွေက ၀မ်သုန့်နဲ့ ဟို့ယွိဟောင်နှစ်ယောက်စလုံးကို ဖုံးလွှမ်းသွားခဲ့တာအမှန်ပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ကို မထိခိုက်စေနိုင်တာကတော့ နှမြောစရာပါပဲ။

ဘာကြောင့်များ ဒီလိုဖြစ်ရတာလဲ ဟို့ယွိဟောင်တစ်ယောက်သာ နားလည်နိုင်ပါတယ်။ ပေ့ပေ့ အဆိပ်မိပြီတဲ့နောက် ဟို့ယွိဟောင်က ပေ့ပေ့ကို ချီခေါ်ပြီအောက်ဖက်ကို ချပေးခဲ့တယ်။

” ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲ့ဒီလို၀ိညာဥ်သားရဲကောင်က ရှိနေသေးတုန်းပဲလား ”

” ရေခဲဧကရီ ဘာများဖြစ်နေတာလဲ ကျွန်တော်အစ်ကိုကြီးဘယ်လိုဖြစ်သွားရတာလဲ ”

” သူက အဲ့ဒီမုန်းစရာကောင်းတဲ့ ရေခဲဖားပြုတ်အဆိပ်မိသွားတာလေ အဲ့ဒီသိုင်းပညာ၀ိညာဥ်က တံတားနီရေခဲဖားပြုတ်ဆိုတဲ့ ၀ိညာဥ်သားရဲကောင်ကနေ ဖြစ်လာတာ သူတို့ရဲ့ စွမ်းအားက အတော်လေးကို ထူးခြားပြီရှားပါးတယ်…ရေခဲရဲ့အစွမ်းအစအပြည့်အ၀မရှိပေမဲ့ ရေခဲနဲ့မီးနဲ့ကြားမှာ သူတို့ရဲ့ အစွမ်းအစက တည်ရှိနေတယ်.. ဒါကြောင့်သာ သူတို့ရဲ့အဆိပ်တွေက အရမ်းကိုပြင်းထန်ပြီ ဖယ်ရှားဖို့ခက်တာပဲ ”

” ဒါဆိုရင် ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ ရေခဲဧကရီဒီအဆိပ်ကို ဖြေပေးနိုင်လား ”

” ငါမလုပ်ပေးနိုင်ဘူး မင်းရဲ့အစ်ကိုကြီးက အဆုံးစွန်းရေခဲရဲ့ အစွမ်းကိုခံနိုင်ရည်ရှိမှာမဟုတ်ဘူးလေ အကယ်၍ သူ့ရဲ့ခန္ဓာကိုယ်ထဲကို အဆုံးစွန်းအေးခဲမှုသာ ၀င်ရောက်မယ်ဆိုလို့ရှိရင်တော့ အဆိပ်ဖြေပေးနိုင်တယ်…တခြားနည်းလမ်းတော့မရှိတော့ဘူး…အကယ်၍ အဲ့ဒီနည်းလမ်းကိုသာ အသုံးပြုမယ်ဆိုရင် သူခန္ဓာကိုယ်က ဒီလိုဖိအားကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး..သူ့ရဲ့ကိုယ်တွင်းကလီစာတွေအားလုံးလဲ ခဲသွားလိမ့်မယ် ”

” ဒါဆို ကျွန်တော်ရော အဆိပ်မိနိုင်လား ”

” ယွိဟောင် နင်ငါ့ကို နှောက်နေတာလား မြောက်၀င်ရိုးစွန်းရဲ့ ကောင်းကင်ဘုရင်သုံးပါးထဲမှာ တစ်ပါးဖြစ်တဲ့ ငါက ရေခဲသားရဲကောင်အားလုံးရဲ့ဘုရင်ပဲ တံတားနီရေခဲဖားပြုတ်က သန်မာပြီအားကောင်းတဲ့၀ိညာဥ်သားရဲကောင်ဖြစ်ပေမဲ့ ဘာကြောင့် မြောက်၀င်ရိုးစွန်းအထဲကို ၀င်မလာရဲတာလဲသိလား ငါတို့ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေကသာ အဲ့ဒီနေရာရဲ့အရှင်သခင်ဖြစ်နေလို့လေ ”

” ငါတို့တွေက အဆုံးစွန်းရေခဲကို အောင်မြင်နိုင်ဖို့အတွက် သေစေနိုင်တဲ့အဆိပ်ကို လက်လျှော့ခဲ့တယ်…ဒါကြောင့် ငါတို့ကိုဘယ်ရေခဲအဆိပ်ကမှ မထိခိုက်စေနိုင်ဘူး…သူနဲ့တိုက်ခိုက်တဲ့အချိန် သူ့အဆိပ်ကိုလဲ နင်ကြောက်နေစရာမလိုဘူး..ရေခဲဘယ်မီးအဆိပ်ကမှ အဆုံးစွန်းရေခဲကို တန်ပြန်တိုက်ခိုက်တာမျိုး မလုပ်နိုင်ပါဘူး ”

အကယ်၍ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းရည်တွေထဲမှာ ဘယ်၀ိညာဥ်စွမ်းရည်က အကောင်းဆုံးလဲလို့ မေးခဲ့ဆိုရင် သေချာပေါက် ရေခဲဧကရီပေးခဲ့တဲ့ စွမ်းရည်လေးခုထဲက တစ်ခုလို့ပြောရမှာပါ ရေခဲဧကရီက သူနာမည်နဲ့ လိုက်ဖက်အောင်ညီအောင်ပဲ တိုက်ခိုက်မှုရော ခုခံမှုမှာရော သေချာပေါက် ထိပ်တန်းကိုရောက်နေခဲ့တယ်။

ဒါပေမယ့် လက်တွေ့အကျဆုံး၀ိညာဥ်စွမ်းရည်ကို ရွေးချယ်ရမယ်ဆိုရင် သူဘယ်တစ်ခုကိုများ ရွေးရမှာလဲ အကယ်၍ သူ့အစွမ်းအစတွေကိုသာ သေချာနားလည်မယ်ဆိုရင် သေချာပေါက် စိတ်၀ိညာဥ်ထောက်လှမ်းမှုလို့ပြောရမှာပါ။ ဟို့ယွိဟောင်ကတော့ သူကိုယ်ပိုင်အတွေးအခေါ်နဲ့ ရွေးရမယ်ဆိုရင် စိတ်၀ိညာဥ်မျက်လုံးရဲ့ ဒုတိယစွမ်းရည်ဖြစ်တဲ့ ပုံစံတူတုပမှုကိုပဲ ရွေးပါလိမ့်မယ်။

ဒီနှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်က သူ့ကိုကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ မျိုးနွယ်တူလူတစ်ယောက်ဆီကနေ ရရှိလာစေခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းရည်တွေအားလုံးထဲမှာ ပုံစံတူတုပမှုက အင်အားအနည်းဆုံးပါပဲ။ ဒါပေမယ့် သူ့အတွက်တော့ အ​ရေးကြီးဆုံးဖြစ်နေခဲ့တယ်။ စိတ်၀ိညာဥ်ထောက်လှမ်းမှုထက်တောင် ပိုအရေးကြီးပါသေးတယ်။

နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်သာဖြစ်ပေမဲ့ သူ့ရဲ့ထူးခြားတဲ့ ၀ိသေနလက္ခဏာကြောင့် မဟုတ်ဘူး။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားအသုံးချချိန်မှာ ကုန်ဆုံးမှုကလဲ အနည်းငယ်ဆုံးဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ပြိုင်ဘက်တွေမသိအောင် အချိန်အကြာကြီးကို ကောင်းကောင်းထိန်းချုပ်ထားနိုင်လောက်တဲ့အပြင် သူ့ပြိုင်ဘက်ရဲ့စိတ်၀ိညာဥ်စွမ်းအားက သူထက်သာမနေသရွေ့ ဘယ်သူမှလဲ ဒါကိုထိုး​ဖောက်မြင်ရမှာမဟုတ်ပါဘူး။

နှမြောစရာကောင်းတဲ့ တစ်ခုတည်သောအရာကတော့ သုံးမီတာပတ်လည်အတွင်းမှာရှိတဲ့ ပစ္စည်းတွေကိုပဲ သူပုံစံပြောင်းလို့ရတာဖြစ်ပါတယ်။ ဟို့ယွိဟောင်ကိုလဲ ဗဟိုပြုထားရမှာပါ။ မဟုတ်ရင် ဒီ၀ိညာဥ်စွမ်းရည်က သေချာပေါက် အရမ်းကို အင်အားကြီးနေမှာဖြစ်ပါတယ်။

ဟို့ယွိဟောင်က ဒီအချိန်မှာတော့ ပုံစံတူတုပမှုကို အပြည့်အ၀အသုံးချနေခဲ့ပါတယ်။ သူ့ပြိုင်ဘက်ကို မမြင်အောင်ဖုံးကွယ်ထားနိုင်ရုံတင်မကပဲ သူဘာလုပ်နေလဲဆိုတာပါ မမြင်ရအောင် လုပ်ထားခဲ့ပါသေးတယ်။

ကြည့်ရှု့နေသူတွေ ဘယ်သူမှလဲ မမြင်ရပါဘူး။ ပုံစံတူတုပမှုကိုသူသုံးတဲ့အချိန်မှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်စလုံးကို စိန်ပွင့်တွေနဲ့ တူညီတဲ့ သံချပ်ကာတစ်ခုက ဖုံးလွှမ်းလို့ထားပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေအားလုံးကလဲ ဒီသံချပ်ကာရဲ့ အကာအကွယ်အောက်မှာ ရှိနေခဲ့တယ်။ ဒါကတော့ ရေခဲဧကရီရဲ့အတားအဆီးပါပဲ။ ဟို့ယွိဟောင်ရဲ့အသန်မာဆုံးခုခံရေးအမျိုးအစား၀ိညာဥ်စွမ်းရည်ဖြစ်သလို ရေခဲဧကရီရဲ့ ၀ိညာဥ်စက်ကွင်းကနေ ရရှိတဲ့ စွမ်းအားလေးခုထဲက တစ်ခုဖြစ်နေခဲ့တယ်။

အဆုံးစွန်းရေခဲရဲ့ ခုခံနိုင်စွမ်းက ရေခဲဧကရီရဲ့ အကာအကွယ်အောက်မှာ ထိပ်ဆုံးကိုရောက်ရှိနေခဲ့ပါပြီ။ ဒါကို တံတားနီရေခဲဖားပြုတ်ရဲ့အဆိပ်က ဘယ်လိုများ ဖြတ်ကျော်လွှားနိုင်မှာလဲ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်က တစ်သားထဲဖြစ်နေခဲ့ချိန်မှာပဲ ဟို့ယွိဟောင်ကတော့ ၀ိညာဥ်စွမ်းအားတွေကို အများကြီးကုန်ဆုံးနေခဲ့ပါတယ်။

စိတ်၀ိညာဥ်ထောက်လှမ်းမှု စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေဖို့ နှောင့်ယှက်မှုနဲ့ ရေခဲဧကရီရဲ့ အတားအဆီးတို့ကို သုံးထားခဲ့တာက ဟို့ယွိဟောင်ရဲ့ ရှိရှိသမျှအကုန်နီးပါးပါပဲ။

သိသာထင်ရှားတဲ့ရလဒ်ကို အောင်မြင်နိုင်ဖို့အတွက် ရွှေလိုအသက်ရဲ့ အစွမ်းအစကိုတောင် သူထည့်သုံးနေရပါသေးတယ်။ သူ့ရဲ့ခန္ဓာကိုယ်က အသက်အရွယ်ထက် လုပ်နိုင်စွမ်းကိုအများကြီးကျော်လွန်လို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာ သူ့ရဲ့ခန္ဓာကိုယ်အင်အားက ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်ထက်ကို အားမနည်းတော့ပါဘူး။

မှိန်ဖျော့ဖျော့အလင်းတန်းတစ်ခုနဲ့အတူ ဟို့ယွိဟောင်ရဲ့ အေးစက်ပြီ နတ်ဘုရားဆန်တဲ့အလင်းတန်းက သူ့မျက်နှာပေါ်မှာပေါ်လာပါတော့တယ်။ နောက်ဆုံးအောင်ပွဲကို ဆင်နွှဲဖို့အချိန်ရောက်ပြီ။

မုန့်ဟုန်ချန် ဖန်တီးထားခဲ့တဲ့ ဓားပုံရိပ်တွေက ၀မ်သုန့်ကို လွှမ်းခြုံလို့သွားခဲ့ပါတယ်။ သူမရဲ့အဆင့်ခြောက်၀ိညာဥ်ဓားက တိုက်ခိုက်တဲ့နေရာမှာ စွမ်းအားအမြင့်ဆုံးပါ။ ဒါ့အပြင် ဖျက်ဆီးနိုင်စွမ်းကလဲ ကြီးမားလွန်လှတာကြောင့် ထိုက်ယွဲ့ဟန်ကိုတောင် ထိခိုက်စေခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ရေခဲဖားပြုတ်အဆိပ်ကလဲ ပါနေခဲ့သေးတယ်။

ပျံသန်းနိုင်စွမ်းမရှိတော့ပေမဲ့ သူမရဲ့ကျင့်ကြံဆင့်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ထက် အများကြီးသာလွန်နေခဲ့တာကြောင့် သူ့ဓားကို ထုတ်သုံးလိုက်ချိန်မှာ ဓားတွေကကောင်းကင်ပေါ်ကို ပျံသန်းသွားပါတော့တယ်။

ဒီပြိုင်ပွဲရဲ့ အတားအဆီးခုခံမှုကလဲ အကန့်အသတ်ရှိနေခဲ့ပါတယ်။ မုန့်ဟုန်ချန်က ရေခဲဖားပြုတ်ရဲ့ ခုန်နိုင်တဲ့အစွမ်းကြောင့် အရမ်းကိုမြင့်မားတဲ့ အမြင့်အထိကို ကောင်းကောင်းခုန်နိုင်ခဲ့တယ်။

၀မ်သုန့်ရဲ့ပျံသန်းမှုက ဘယ်လောက်ပဲကောင်းပါစေ သူမရဲ့တိုက်ခိုက်မှုကနေ မလွှတ်မြောက်နိုင်ပါဘူး။ ဒါပေမယ့် ၀မ်သုန့်က ခုန်မရှောင်ပဲရှိနေခဲ့တယ်။

မုန့်ဟုန်ချန် ခုန်တက်လာချိန်မှာ သူမရဲ့ လိပ်ပြာအတောင်ပံတွေက တဖျတ်ဖျတ်ခတ်ရင်း အနောက်ဖက်ကိုပြန်ရွေ့သွားခဲ့ပါတယ်။ တစ်ချ်န်ထဲမှာပဲ ရွှေရောင်အလင်းလုံးကြီးတစ်ခုလုံးက သူ့ရင်ဘတ်မှာတောက်ပလာခဲ့ပါပြီ။ လိပ်ပြာအတောင်ပံရဲ့အစွန်းဖက်ဆီကနေ ရွှေရောင်အလင်းတန်းတွေအားလုံးက ၀မ်သုန့်ရဲ့ ရင်ဘတ်ပေါ်မှာ စုစည်းလို့လာပါတယ်။

သေးငယ်တဲ့နေမင်းတစ်စင်းက ၀မ်သုန့်ရဲ့ရင်ဘတ်ပေါ်မှာ ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒီနေမင်းရဲ့တောက်ပမှုက အရမ်းကိုမျက်စိကျိန်စရာကောင်းနေခဲ့တယ်။

မုန့်ဟုန်ချန်ရဲ့ တိုက်ခိုက်မှုက ရပ်တန့်သွားခဲ့သလို ၀မ်သုန့်ကလဲ သူ့ရင်ဘတ်မှာရှိတဲ့ အလင်းလုံးကို အရှေ့တွန်းလွှတ်လိုက်ပါတယ်။ ဒါက မုန့်ဟုန်ချန်ရဲ့ ဓားအလင်းတန်းတွေရဲ့အလယ်ဗဟိုချက်နဲ့ သွားပြီထိမိခဲ့တယ်။

အပိုင်း ၁၂၄•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset