Switch Mode

Chapter – 124.2

ကြီးမားတဲ့ကွာခြားချက် နောက်ဆုံးတိုက်ပွဲ

အပိုင်း ၁၂၄•၂

” ကြီးမားတဲ့ကွာခြားချက် နောက်ဆုံးတိုက်ပွဲ ”
°°°
မုန့်ဟုန်ချန်ရဲ့ အဆင့်ခြောက်၀ိညာဥ်လက်နက်သံချပ်ကာက သူမကို နောက်ဆုံးတစ်ကြိမ်တိုက်ခိုက်ချိန်တုန်းက ထိုက်ယွဲ့ဟန့်ရဲ့လက်ကနေ ကယ်တင်ခဲ့ပါတယ်။ ဒါပေမယ့် သူမက ထိခိုက်ထားဆဲပါပဲ။ လက်ရှိအချိန်မှာ အစွမ်းအစက ခုနှစ်ဆယ်ရာခိုင်နှုန်းသာကျန်ပါတော့တယ်။ ဒါ့အပြင် သူမက သူ့ရဲ့အဆိပ်ကြောင့် ယုံကြည်ချက်အပြည့်အ၀ရှိနေခဲ့ပြီသားပါ။

ထိုက်ယွဲ့ဟန်က သူ့ရဲ့၀ိညာဥ်ဧကရာဇ်ကျင့်ကြံဆင့်ကြောင့် အဆိပ်ပြန့်မှုကို နှေးကွေးအောင်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အရှေ့မှာရှိနေတဲ့နှစ်ယောက်ကိုရော ဘယ်လိုလုပ်မှာလဲ သူတို့ရဲ့ကျင့်ကြံဆင့်ကရော ဘယ်လိုများလဲ အကယ်၍ အဆိပ်ငွေ့နဲ့ အနည်းငယ်သာ ထိခံလိုက်ရမယ်ဆိုရင် ပြိုင်ပွဲကသေချာပေါက် ပြီးဆုံးသွားမှာပါ။

မုန့်ဟုန်ချန်လဲ လက်ရှိအချိန် တွေးမရတဲ့အရာကတော့ ဒီနှစ်ယောက်ရဲ့မျက်လုံးထဲမှာရှိနေတဲ့ အနိုင်ရမယ်လို့သေချာနေတဲ့အကြည့်ပါပဲ။ ဒီပြိုင်ပွဲမှာ အခွင့်အရေးရမယ်လို့ သူတို့ထင်နေခဲ့တာလား။ အမျက်ဒေါသကျောင်းတော်ရဲ့ နောက်ဆုံးကျန်ရစ်တဲ့ လူနှစ်ယောက်က သူတို့သာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးချယ်စရာမရှိပဲ သေချာပေါက် ယှဥ်ပြိုင်ရမှာပါ။ မုန့်ဟုန်ချန်က အေးစက်တဲ့အကြည့်နဲ့ရှိနေခဲ့ပါတယ်။

သူက ၀မ်သုန့်ကို အတော်လေးသဘောကျပေမဲ့ ဒီပြိုင်ပွဲက နေလကျောင်းတော်ရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်နေခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ကြီးတစ်ခုလုံးလဲ သက်ဆိုင်နေခဲ့တာကြောင့် သူမရှုံးနှိမ့်လို့မရပါဘူး။ သူမရဲ့နှလုံးသားထဲမှာ ရှိနေခဲ့တဲ့ဂုဏ်ယူ၀ံ့ကြွားမှုက သူအစ်ကိုထက်လုံး၀မလျှော့ကြပဲ ရှိနေခဲ့ပါတယ်။

ကောင်းကင်ရန်သူတော်သော့်လော့က အသက်ပြင်းပြင်းရှုသွင်းရင်း ညာဘက်လက်ကိုမြောက်ပြီ အောက်ကိုပြန်ချလိုက်ပါတယ်။

” ပြိုင်ပွဲစတင်မယ် ”

သူအော်လိုက်တာနဲ့ အားလုံးက မျက်လုံးကိုကျယ်ကျယ်ဖွင့်ထားရင်း ပြိုင်ပွဲကိုကြည့်နေခဲ့ကြပါတော့တယ်။ ရှိရှိသမျှလူတွေအားလုံးက ပြိုင်ပွဲစင်မြင့်ကို အာရုံစိုက်နေခဲ့ကြတာပါ။

မြို့နံရံမှာတော့ ကြယ်တာရာလော့ဧကရာဇ်နဲ့ ကျားဖြူမြို့စားမင်းတို့က စကားမပြောတော့ပါဘူး။ သူတို့ရဲ့လက်တွေက ထိုင်ခုံတွေပေါ်မှာအင်အားပြင်းပြင်းနဲ့ ဖိထားရင်း တိုက်ပွဲကို စ်ိုးရိမ်မှုအပြည့်နဲ့ စိတ်၀င်တစားကြည့်နေခဲ့ပါတယ်။

ကျားဖြူမြို့စားမင်းက မျက်မှောင်ကြုတ်ထားခဲ့ပြီ မျက်လုံးတွေက အလင်းတန်းတွေနဲ့တောက်ပလာခဲ့ပါပြီ။ ဟို့ယွိဟောင်ကို မြင်ချိန်မှာတော့ သူ့ရဲ့စိတ်ထဲထူးခြားတဲ့ခံစားချက်တချို့က ၀င်ရောက်လာခဲ့ပါတယ်။ ဒါက ဘာမှန်းမသိပေမဲ့ ဟို့ယွိဟောင်က သူ့ရဲ့စိတ်အာရုံကို ဖမ်းစားထားနိုင်ခဲ့တယ်။ ဒီလူငယ်လေးက အံ့ဖွယ်ရာတစ်ခုကိုများ ဖန်တီးနိုင်မှာလား။

နှစ်ဖက်စလုံးက သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေကို ပြိုင်ပွဲစတင်တာနဲ့ ထုတ်လွှတ်လိုက်ပါတယ်။ မုန့်ဟုန်ချန်က သူ့ရဲ့ညာဘက်လက်ကိုမြောက်လိုက်ချိန်မှာတော့ ရေခဲပြာရောင်အလင်းတန်းနှစ်ခုက ပေါ်ထွက်လာခဲ့ပါပြီ။ သူမရဲ့ဒိုင်းကာကပျက်စီးလို့သွားခဲ့ပါတယ်။ ဒါပေမယ့် ဓားတွေကတော့ ရှိနေဆဲပါပဲ။ သူ့ရဲ့ခုခံစစ်က လက်ရှိအချိန်မှာ အားနည်းကောင်းအားနည်းပေမဲ့ တိုက်ခိုက်မှုကတော့ သိပ်ပြီမထိခိုက်ခဲ့ပါဘူး။

ရှောင်ဟုန်ချန်ကတော့ မုန့်ဟုန်ချန်ရဲ့အနောက်ဖက်မှာရှိနေရင်း သူ့ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေကို ထိန်းချုပ်ထားခဲ့ပါတယ်။ သူလဲ သူ့ရဲ့ခြေထောက်သုံးချောင်းရွှေဖားပြုတ်ကို ထုတ်လွှတ်လိုက်ပါပြီ။ ချက်ချင်းဆိုသလို ရွှေရောင်သတ္ထုအမြုပ်တွေက ထွက်ပေါ်လာပါတော့တယ်။ သူ့တစ်ကိုယ်လုံးမှာလဲ အမြောက်ပြောင်တွေက ပေါ်ထွက်လာခဲ့ပါပြီ။

ဒီသတ္ထုပြွန်တွေက အစောပိုင်းတိုက်ခိုက်ချိန်ကရဲ့ သုံးပုံတစ်ပုံသာရှိနေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ တည်ငြိမ်တဲ့အဓိကဗျုူဟာကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့အရှိန်အ၀ါတွေက ဖောင်ပွလာရုံတင်မကပဲ အမြောက်ပြွန်တွေရဲ့ အ၀တွေကတောင် တောက်ပတဲ့အလင်းတန်းနဲ့ တောက်ပလို့နေခဲ့ပါတယ်။ အားလုံးက ပြစ်လွှတ်ဖို့အဆင်သင့်ဖြစ်နေကြပုံပါပဲ။

ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်နှစ်ယောက်က အဝေးပြစ်တိုက်ခိုက်မှုမှာရော အနီးကပ်တိုက်ခိုက်မှုမှာရော ကျွမ်းကျင်တဲ့သူတွေပါ။ သူတို့တွေက ကောင်းကောင်းအခြေအနေကို ခွဲခြားထားရင် သူတို့သက်ဆိုင်ရာလက်နက်တွေကို ထုတ်သုံးလိုက်ပါတော့တယ်။ ရှောင်ဟုန်ချန်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပေမဲ့ အကယ်၍ သူ့ကိုသာအထင်သေးမိမယ်ဆိုရင် အထင်သေးမိတဲ့သူက အထိနာမှာပါ။

သတ္ထုပြွန်တွေပေါ်လာချိန်မှာတော့ ရှောင်ဟုန်ချန်ရဲ့ပုခုံးပေါ်မှာလဲ ကြီးမားတဲ့အမြောက်ကြီးတစ်ခု ထပ်မံပေါ်ထွက်လာပါတော့တယ်။ အဲ့ဒီအမြောက်ကို မြောက်လိုက်ချိန်မှာ သူ့ရဲ့မျက်နှာကတော့ အနည်းငယ်ဖြူဖျော့လို့သွားရင်း ခန္ဓာကိုယ်လဲ တုန်ရီလို့သွားပါတယ်။ ဒီ၀ိညာဥ်လက်နက်ဘယ်လောက်အထိ လေးလံနေလဲဆိုတာကို ကြည့်ရုံနဲ့သိနေခဲ့ပါပြီ။

၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့နှစ်ယောက်ကလဲ သူ့ရဲ့၀ိညာဥ်လက်နက်ကိုထုတ်သုံးရင်း အရှေ့ကိုပြေးထွက်လာခဲ့ပါတယ်။ တောက်ပနေတဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က ၀မ်သုန့်ရဲ့အနောက်ဖက်မှာ ပေါ်လာခဲ့သလို ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကိုတော့ မမြင်ရတော့ပါဘူး။

၀မ်သုန့်က သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို အရင်အချိန်မှာလဲ ထုတ်သုံးခဲ့ပါတယ်။ ဒါပေမယ့် သူ့လို၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိတဲ့ ၀ိညာဥ်ပညာရှင်ကို ဘယ်သူကမှ သတိမထားမိပါဘူး။ လက်ရှိအချိန်မှာတော့ သူကအားလုံးရဲ့ အာရုံစိုက်မှုဗဟိုကို ရောက်ရှိနေခဲ့ပါပြီ။ အပြာရောင်အတောင်ပံတွေကို ခတ်နေချိန်မှာ ရွှေရောင်အလင်းတန်းတွေက မျက်နှာပြင်ပေါ်ကိုဖြတ်ပြေးလို့နေခဲ့ပါတယ်။ ပြင်းထန်လွန်လှတဲ့ အလင်းတန်းရဲ့အရှိန်အ၀ါတွေက သူ့ရဲ့ခန့်ညားတဲ့ရုပ်သွင်ကို ပိုလို့တောင်ပံ့ပိုးပေးလို့နေပါသေးတယ်။ မုန့်ဟုန်ချန်ကတော့ တခဏတာ ရပ်တန့်လို့သွားခဲ့ရပါပြီ။ ဒီလိုတောက်ပတဲ့သိုင်းပညာ၀ိညာဥ်မျိုးက ၀မ်သုန့်နဲ့တကယ်ကိုလိုက်ဖက်ညီတယ်လို့ သူခံစားလိုက်မိပါတယ်။

၀မ်သုန့်ကတော့ အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်ရင်း လေပေါ်ကိုမြင့်တက်သွားပါတော့တယ်။ ဒီလိုအတောင်ပံဖြန့်ရင်း သူက မုန့်ဟုန်ချန်နဲ့ ရှောင်ဟုန်ချန်ရှိလာနေရာကို ခုန်၀င်လာခဲ့တယ်။

ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ရဲ့အနောက်ဖက်မှာ ကပ်နေခဲ့တာပါ။ သူ့ရဲ့လက်တွေက ၀မ်သုန့်ခါးကိုဖက်ထားခဲ့ပါတယ်။ သူတို့နှစ်ယောက်က လက်ရှိအချိန် တစ်ယောက်ထဲလိုပါပဲ။

ဒါပေမယ့် မုန့်ဟုန်ချန်နဲ့ ရှောင်ဟုန်ချန်ကတော့ ဟို့ယွိဟောင်ရဲ့ လက်တွေကို ၀မ်သုန့်ရဲ့ခါးပေါ်မှာ မမြင်နိုင်ပဲရှိခဲ့ပါတယ်။ ဟို့ယွိဟောင်က သူ့ရဲ့အသွင်ပြောင်းမှုကို စတင်ပြီအသုံးပြုနေခဲ့လို့ပါ။

၀မ်သုန့်ရဲ့အရှိန်နှုန်းက သေချာပေါက် မာရှောင်ထောင့်ကို မမီနိုင်ပါဘူး။ အတောင်ပံတွေကို ခတ်လိုက်ချိန်မှာ တောက်ပတဲ့ရွှေရောင်နဲ့ အပြာရောင်ရောစပ်ထားတဲ့ အလင်းတန်းတွေက သူ့ရဲ့အရှိန်နှုန်းကို လေနဲ့အတူပိုပြီး မြန်ဆန်လာစေခဲ့ပါတယ်။

ဟို့ယွိဟောင်ကလဲ သူ့ရဲ့အရှိန်မြင့်တဲ့၀ိညာဥ်လက်နက်ကို ထုတ်သုံးလို့ထားခဲ့တယ်။ ဒီအရာက အဆင့်နှစ်သာဖြစ်တယ်ဆိုပေမဲ့ ၀မ်သုန့်ရဲ့အရှိန်နှုန်းကို အနည်းဆုံးသုံးဆယ်ရာခိုင်နှုနိးအထိ တိုးမြင့်စေပါတယ်။

ရှောင်ဟုန်ချန်ရဲ့တိုက်ခိုက်မှုက စတင်ပြန်ပါပြီ။ အလင်းတန်းတွေက ၀မ်သုန့်တစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့သွားပါတော့တယ်။

သူက၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်တာကြောင့် အဝေးပြစ်တိုက်ခိုက်မှုတွေကို အသုံးပြုပြီး ပြိုင်ဖက်ကိုတစ်နေရာထဲမှာ ချုပ်နှောင်တိုက်ခိုက်တာက အတော်ကိုအခြေခံကျတဲ့ လှုပ်ရှားမှုပါ။ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတာတောင် ပြိုင်ဘက်ကိုထိအောင်တိုက်ခိုက်နိုင်ဖို့ ယုံကြည်ချက်အပြည့်အ၀ရှိပါသေးတယ်။

၀ိညာဥ်လက်နက်အလင်းတန်းတွေနဲ့ အမြောက်ဆံတွေက ၀မ်သုန့်တစ်ကိုယ်လုံးကို မုန်တိုင်းမွှေသလိုမျိုး ၀န်းရံသွားခဲ့ရပါတယ်။ ဒါ့အပြင် ပြိုင်ဘက်ဘယ်သွားသွားလိုက်နိုင်မဲ့၀ိညာဥ်လက်နက်တွေပါ ပါနေခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်အနိုင်ရတော့မယ်လို့ ထင်နေချိန်မှာပဲ ရှောင်ဟုန်ချန်နဲ့ တိုက်ခိုက်မှုနဲ့ နေရာလိုက်ဖမ်းမှုတွေက အလုပ်မဖြစ်တော့ပါဘူး။

ဘာတွေဖြစ်ကုန်တာလဲ ရှောင်ဟုန်ချန် အထိတ်တလန့်ဖြစ်ကုန်ပါတော့တယ်။ ဒါပေမယ့် သူကတစ်ချိန်ထဲမှာပဲ အဝေးပြစ်တိုက်ခိုက်မှု ၀ိညာဥ်လက်နက်တွေအများကြီးကို အသုံးပြုထားခဲ့တာပါ။ သူ့ရဲ့ပတ်ပတ်လည်တိုက်ခိုက်မှုက စတင်ပြီးနေပါပြီ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ အရည်အချင်းနဲ့ဆို သူ့ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်ဖို့အရမ်းကို ခက်ခဲမယ်လို့ သူအပြည့်အ၀ယုံကြည်ထားခဲ့ပါတယ်။ သူက အဆင့်ငါး၀ိညာဥ်လက်နက်ကို အသုံးပြုထားတာကြောင့် ၀ိညာဥ်ဘုရင်တွေတောင် သေချာပေါက် အာရုံစိုက်ရမှာပါ။ ဒါ့အပြင် သူ့ရဲ့တိုက်ခိုက်မှုတွေက အရမ်းကိုသိပ့်သည်းပြီ များပြားလွန်ပါတယ်။ အကယ်၍ ရွှေရောင်လမ်းကို ထုတ်သုံးမယ်ဆိုရင်တောင် ဘယ်လိုအရှိန်အ၀ါမျိုးက ဖြစ်ပေါ်လာနိုင်မှာလဲ။ အဲ့ဒီသိုင်းပညာပေါင်းစည်းစွမ်းရည်က ထိန်းချုပ်မှုအမျိုးအစားဖြစ်တာကြောင့် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်နှစ်ယောက်ကို ထိနိုင်ဖို့မလွယ်ပါဘူး။ အကယ်၍ သူတို့ထိမိမယ်ဆိုရင်တောင် ဘာမှဖြစ်လာနိုင်မှာမဟုတ်တာကြောင့် သူတို့တွေ အနိုင်ရမယ်လို့ သေချာနေခဲ့တယ်။

ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ အတွေးကအတူတူပါပဲ။ ဒါပေမယ့် မကြာခင်မှာပဲ မျက်လုံးအပြူးသားဖြစ်သွားခဲ့ရပါပြီ။ သူတို့တွေးထားတာတွေက မှားယွင်းလို့နေခဲ့ပါတယ်။

အဆင့်ငါး၀ိညာဥ်လက်နက်တွေရဲ့ တိုက်ခိုက်မှုကို ခုခံမဲ့အစား ကောင်းကောင်းကြီးခုန်ရှောင်နိုင်ပါတယ်။ ၀မ်သုန့်ရဲ့အတောင်ပံတွေက အသက်ရှုမှားလောက်အောင် လှလှပပလေးလှုပ်ခတ်နေခဲ့ရင်း နောက်ကိုပြန်ဆုတ်သွားခဲ့ပါတယ်။ သူ့ရဲ့အတောင်ပံတွေက အသက်ရှိနေသလိုပါပဲ။ ရှေ့တိုးနောက်ဆုတ်ရင်းနဲ့ ဆက်တိုက်ဆိုသလို လှုပ်ရှားနေခဲ့ရင်း ပုံစံပြောင်းမှုတစ်ခုချင်းဆီတိုင်းက သူ့ရဲ့ပျံသန်းနေတဲ့ကိုယ်ဟန်ကိုလဲ ထိန်းညှိပေးထားခဲ့ပါတယ်။

၀ိညာဥ်လက်နက်အလင်းတန်းတွေရဲ့ တောက်ပမှုနဲ့ အမြောက်ဆံတွေက သူ့ကိုဘယ်လိုမှလိုက်ဖမ်းလို့မရပဲ ဆက်တိုက်ဆိုသလို နေရာရွေ့ပြောင်းနေစေခဲ့တယ်။

၀မ်သုန့်က တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကို အသုံးပြုရင်းကြီးမားတဲ့အမြောက်ဆံတွေရဲ့ ကွန်ယက်ထဲမှာ ဆက်တိုက်ဆိုသလို ချော်ထွက်နေခဲ့တာပါ။ ဒီကြောက်စရာကောင်းတဲ့အမြောက်ကွန်ယက်ကြီးက သူ့ကိုဘယ်လောက်ပဲလွှမ်းခြုံထားပါစေ သေချာပေါက် ဟာကွက်ကိုရှာပြီသူထွက်ခွာနိုင်ပါတယ်။

သူ့ရဲ့လန့်စရာကောင်းလွန်လောက်တဲ့ လှုပ်ရှားမှုတွေက ကြည့်ရှု့နေသူတွေကို တအံ့တဩအော်ဟစ်ချီးမွမ်းသံတွေ ထွက်ပေါ်လာစေခဲ့တယ်။

အားလုံးက သူ့ရဲ့လှုပ်ရှားမှုတွေကို အာရုံစိုက်နေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့ မယုံနိုင်စရာကောင်းတဲ့ လျင်မြန်မှုကို ကိုယ်တိုင်မြင်တွေ့ရချိန်မှာတော့ ကြည့်ရှု့နေသူတွေက မယုံနိုင်ဖြစ်လာပါတော့တယ်။

သူတို့တွေက အမျက်ဒေါသကျောင်းတော်အတွက် ဆုတောင်းပေးခဲ့တာပါ။ ဘယ်သူကနေလကျောင်းတော်ကို အနိုင်ရဖို့ လောင်းကြေးထပ်ထားပါစေ ကိစ္စမရှိပါဘူး။

ဆိုးရိုးစကားရှိတဲ့အတိုင်းပါပဲ။ အတွင်းလူတွေက အကျိုးရှိတဲ့နေရာကို သိတဲ့အပြင် လူတွေကတော့ ဘယ်လိုမောင်းနင်းနေလဲဆိုတာကိုသာ မြင်ကြရတယ်။

ပြိုင်ပွဲကိုကြည့်နေရင်း ကြည့်ရှု့နေသူတွေက အရမ်းစိတ်လှုပ်ရှားနေခဲ့ပါပြီ။ ဒါပေမယ့် စစ်မှန်တဲ့ပညာရှင်တွေကသာ ပိုပြီးတအံ့တဩဖြစ်နေခဲ့တာပါ။

ကြယ်တာရာလော့ဧကရာဇ်နဲ့ ကျားဖြူမြို့စားမင်းအပါအ၀င် ကြည့်ရှု့နေသူအားလုံးက အမြင်စွမ်းအားကောင်းလွန်တာကြောင့် ၀မ်သုန့်လှုပ်ရှားလိုက်တဲ့အချိန်တိုင်းမှာ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်လက်နက်က အပြောင်းအလဲဖြစ်နေတာကို သူတို့သိပါတယ်။

ဟို့ယွိဟောင်ရဲ့၀ိညာဥ်လက်နက်က လက်ရှိအချိန်မှာ ၀မ်သုန့်ရဲ့အစွမ်းအစနဲ့ သိသိသာသာပေါင်းစပ်ပြီ ညင်းသာတဲ့လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေရင်း အချိန်နဲ့အမျှအောင်မြင်နေစေခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပေါင်းစည်းမှုက အရမ်းကိုသဟဇာတဖြစ်တယ်လို့ ပြောရရုံတင်မကပဲ လူတစ်ယောက်ထဲက တိုက်ခိုက်နေသလိုပါပဲ။

အကယ်၍ ဟို့ယွိဟောင် ဘာတွေတွေးနေလဲဆိုတာ သူတို့သိသွားခဲ့မယ်ဆိုရင် သေချာပေါက် သွေးတောင်အန်သွားပါဦးမယ်။

ရှောင်ဟုန်ချန်ကတော့ ၀မ်သုန့်ကိုလုံး၀အမိမဖမ်းနိုင်ဘူးဆိုတာ ဟို့ယွိဟောင်က သူ့ကိုစိတ်၀ိညာဥ်နှောင့်ယှက်မှုနဲ့ တစ်ချိန်လုံးတိုက်ခိုက်နေခဲ့လို့ပါ။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေက ပိုမိုသန်မာလာခဲ့ပါပြီ။ စိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်မှုကလဲ လက်ရှိအချိန်မှာ သိသိသာသာကို အစွမ်းပြနေခဲ့ပါတော့တယ်။ ၀မ်သုန့်ရဲ့လျင်မြန်မှုကို ရှောင်ဟုန်ချန် လိုက်မမီနိုင်တာက စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုရှိနေခဲ့လို့ပဲ။ ဒီလိုအစွမ်းအစတွေအားလုံးပေါင်းသုံးလိုက်ချိန်မှာတော့ သူတို့နှစ်ယောက်ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ မခက်ခဲပဲရှိလာပါတော့တယ်။

ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ တစ်၀ှီး၀ှီးမြည်သံတွေက ဖြစ်နေခဲ့ပါပြီ။ သူက ၀မ်သုန့်ရဲ့ခါးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားပေမဲ့ အရမ်းကြီးအနှောင့်အယှက်မပြုမိအောင်လဲ လုပ်နေခဲ့ရပါတယ်။

ဒါပေမယ့် ၀မ်သုန့်ရဲ့ လုံး၀င်တဲ့တင်ပါးတွေက သူဗိုက်ကိုလာဖိနေခဲ့တာကြောင့် မသက်မသာတော့ ဖြစ်နေခဲ့ရပါတယ်။

ဒီလိုပြင်းထန်တဲ့ပြိုင်ပွဲကြီးထဲမှာ အခုလိုအတွေးမျိုးဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာ ဟို့ယွိဟောင် မသေချာပါဘူး။

၀မ်သုန့်ရဲ့ဆက်တိုက်ဆိုသလို ခုန်ရှောင်မှုတွေက ရှိရှိသမျှတိုက်ခိုက်မှုတွေကို ချော်ထွက်လို့သွားစေခဲ့တယ်။ အကယ်၍ ရှောင်ဟုန်ချန်သာ သူ့ရဲ့အစွမ်းအစကထိပ်ဆုံးမှာ ရှိနေခဲ့မယ်ဆိုရင် သူ့ရဲ့တိုက်ခိုက်မှုတွေက အခုထက်အနည်းငယ်သုံးဆပိုပြီး သိပ့်သည်းနေခဲ့မှာပါ။ ဟို့ယွိဟောင် ဘယ်လောက်ပဲအင်အားကြီးကြီးထောက်လှမ်းနိုင်ပါစေ ၀မ်သုန့်ကိုလွှတ်မြောက်စေဖို့ မလွယ်ကူပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ အောင်မြင်ခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာပဲ နှစ်ဖက်ကြားက အကွာအဝေးက သုံးဆယ်မီတာအောက်ကို လျော့ကြသွားပါတော့တယ်။ မုန့်ဟုန်ချန်ရဲ့ ခြေဖျားတွေက မြေပြင်မှာထောက်ထားနေခဲ့ရင်း သူမရဲ့ခန္ဓာကိုယ်က လှုပ်ရှားသွားပါတော့တယ်။ သူ့ရဲ့ဓားတွေကို လေထဲမှာဝှေ့ရမ်းလိုက်ရင်း ၀မ်သုန့်ရဲ့လမ်းကြောင်းရှိရာနေရာကို ခုန်ပြီတိုက်ခိုက်တော့တယ်။

ဒီတိုက်ခိုက်မှုကို စတင်လှုပ်ရှားချိန်မှာတော့ သူ့ရဲ့စိတ်ဓာတ်မခိုင်မာမှုက ပေါ်လာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ တိုက်တိုက်ဆိုင်ဆိုင်ကြီးကို သူမအော်ဟစ်မိလိုက်လို့ပါပဲ။

” သတိထားဦး ”

၀မ်သုန့်က သူမကို လေးလေးနက်နက်စိုက်ကြည့်နေခဲ့သလို သူမျက်လုံးထဲမှာရှိတဲ့ အလင်းတန်းကလဲ နူးညံ့လို့သွားခဲ့ပါပြီ။ ဒါက မုန့်ဟုန်ချန်ကို တခဏတာ ရပ်တန့်လို့သွားစေခဲ့ပါတယ်။ သူမဘာသာသူမ တွေးနေခဲ့မိတယ်။

” ၀မ်သုန့် ဘာတွေများတွေးနေတာလဲ ”

၀မ်သုန့်က ချက်ချင်းဆိုသလို ဘယ်ဘက်ကိုလှည့်လိုက်ရင်း ဒီတိုက်ခိုက်မှုနှစ်ခုလုံးကို ကပ်သီးလေးရှောင်​ရှားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မုန့်ဟုန်ချန်ရဲ့တိုက်ခိုက်မှုက အဲ့ဒီလောက်ရှောင်ဖို့မလွယ်ပါဘူး။ အလင်းတန်းတွေက ၀မ်သုန့်ရဲ့အနောက်ဖက်မှာ တစ်ခုနဲ့တစ်ခု ကပ်သွားကြရင်း ရေခဲမြူခိုတွေအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။

နောက်ဆုံးမှာတော့ ဒီလိုအခြေအနေမျိုးမှာ တံတားနီရေခဲဖားပြုတ်ရဲ့ သေစေနိုင်တဲ့အဆိပ်က ပေါ်လာခဲ့ပါပြီ။

စင်အောက်မှာရှိနေခဲ့တဲ့ အကြီးအကဲရွှမ် ၀မ်ယန် ဟယ့်ချိုက်ထို့နဲ့ ရှောင်းရှောင်းတို့အားလုံးအရမ်းကိုစိုးရိမ်နေခဲ့ကြပါတယ်။ အဓိကပြဿနာကတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက် ဒီအဆိပ်ကို ခံနိုင်ရည်ရှိမရှိဆိုတဲ့အပေါ် မူတည်နေခဲ့တယ်။

ရေခဲမြူခိုတွေက နေရာအနှံ့ကိုပြန့်သွားခဲ့တာပါ။ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်နှစ်ယောက်က ဒီမြူခိုတွေကြားထဲရောက်နေခဲ့ပါပြီ။ ဒါပေမယ့် ၀မ်သုန့်ကတော့ အနောက်ကလာနေတဲ့ အဆိပ်ကိုမသိတဲ့ပုံပါပဲ။ သူ့ရဲ့အတောင်ပံတွေက ရွှေရောင်သင်္ကေတတွေကို ဆက်တိုက်ဆိုသလို တောက်ပနေစေခဲ့ရင်း ဒုတိယ၀ိညာဥ်စက်ကွင်းက ဆက်တိုက်အရောင်တက်လာပါတော့တယ်။

ကြီးမားတဲ့ရွှေရောင်အလင်းလုံးတွေကလဲ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီ ဒုတိယတိုက်ခိုက်မှုကို စတင်ထုတ်လွှတ်နေတဲ့ ရှောင်ဟုန်ချန်ဆီရောက်ရှိဖို့လုပ်ပါတော့တယ်။

တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်က ပေါ်ထွက်လာခဲ့ပါပြီ။ သိပ့်သည်းပြင်းထန်တဲ့ အလင်းတန်းတွေက နယ်မြေတစ်ခွင်လုံးကို စတင်ပြီဖုံးလွှမ်းသွားပါတော့တယ်။ ဒီအချိန်မှသာ အားလုံးလဲ ၀မ်သုန့်ရဲ့၀ိညာဥ်စွမ်းရည်တွေအစွမ်းအစကို မြင်ရပါတော့တယ်။

အပိုင်း ၁၂၄•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset