Switch Mode

Chapter – 124.1

ကြီးမားတဲ့ကွာခြားချက် နောက်ဆုံးတိုက်ပွဲ

အပိုင်း ၁၂၄•၁

” ကြီးမားတဲ့ကွာခြားချက် နောက်ဆုံးတိုက်ပွဲ ”
°°°
ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်နှစ်ယောက်က ပြိုင်ပွဲစင်မြင့်ပေါ်ကို တက်လာခဲ့ပါတယ်။ မာယုလုံနဲ့ ရှောင်ရှဖုန်းတို့ရဲ့ ရှုံးနှိမ့်စဥ်တုန်းက ကြည့်ခဲ့တဲ့အကြည့်တွေက သူ့တို့စိတ်ထဲမှာ နေရာယူလို့ထားပါတယ်။

အစောပိုင်းပြိုင်ပွဲမှာ မာရှောင်ထောင့်က ကြောက်စရာကောင်းတဲ့ အဆင့်ရှစ်ပြန်လည်ရှင်သန်ထမြောက်ရေးဓားရဲ့ တိုက်ခိုက်မှုကို သူတို့ရင်ဆိုင်ပြီ နေလကျောင်းတော်ကို အနိုင်ယူခဲ့ပါတယ်။ မာရှောင်ထောင့်က အနိုင်ရရုံတင်မကပဲ သူတို့ရဲ့ယုံကြည်ချက်ကိုလဲ တိုက်ခိုက်ခဲ့တယ်။

အထူးသဖြင့် မာယုလုံအတွက်ပါပဲ။ သူ့ရဲ့ဒဏ်ရာတွေက မကြီးမားပေမဲ့ စိတ်ထဲမှာတော့ အတော်ကို ပြင်းပြင်းထန်ထန် ဖိနှိမ့်ခံလိုက်ရပါတယ်။

အဖွဲ့ခေါင်းဆောင်အနေနဲ့ ဒီလိုအင်အားကြီးလွန်လှတဲ့ ၀ိညာဥ်လက်နက်ကိုထုတ်သုံးထားတာတောင် ရှုံးနှိမ့်ခဲ့ရပါတယ်။ သူ့ရဲ့အသက်စွမ်းအားကလဲ ထိခိုက်သွားသလို မာရှောင်ထောင့်ကို ရင်ဆိုင်နိုင်မဲ့ အစွမ်းအစအများကြီးရှိနေလျက်နဲ့ ရှုံးနှိမ့်သွားခဲ့ရတယ်။

၀ိညာဥ်စွမ်းအားတွေကို အလွန်အကျွံအသုံးပြုတာက သူ့ရဲ့ စွမ်းအားတွေ တစ်နှစ်တိတိ တန့်နေရုံနဲ့ပြီးသွားမှာမဟုတ်ပါဘူး။ မာရှောင်ထောင့်ရဲ့အနက်ရောင်မီးလျှံတွေက သူနှလုံးသားထဲမှာ ဖြေဖျောက်လို့မရနိုင်တဲ့စိတ်ဒဏ်ရာအဖြစ်ကို ကျန်ရစ်ခဲ့ပါပြီ။ သူရော ရှောင်ရှဖုန်းနှစ်ယောက်စလုံးပါ နောက်ထပ် တိုက်ခိုက်လိုစိတ်မရှိအောင်ဖြစ်သွားရပါတော့တယ်။

ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ကလဲ အခြေအနေမကောင်းနေခဲ့ပါဘူး။ သူတို့မှာ လူစားလဲစရာမရှိတော့တဲ့ အခြေအနေကို ရောက်နေပါပြီ။ ဒါပေမယ့် အကယ်၍ သူတို့သာလာတိုက်ပွဲမှာ အနိုင်ရနိုင်ခဲ့မယ်ဆိုရင် ဒီပြိုင်ပွဲကြီးရဲ့ ချန်ပီယံဖြစ်သွားပါလိမ့်မယ်။

” ညီမလေး အမျက်ဒေါသကျောင်းတော်အပေါ် အရင်တုန်းက ငါတွေးခဲ့တာတွေအားလုံးမှားသွားတယ်လို့ ငါ၀န်ခံရမှာပဲ အမျက်ဒေါသကျောင်းတော်က တကယ်ကိုအင်အားကြီးတယ် “:

ရှောင်ဟုန်ချန်က နောက်ထပ် မောက်မာတဲ့ပုံစံမပေါ်တော့ပါဘူး။ သူရထားတဲ့ဒဏ်ရာတွေကြောင့် မျက်နှာကလဲ ဖြူဖျော့လို့နေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ မမြင်ဖူးခဲ့ရတဲ့ ခံနိုင်ရည်စွမ်းအားတွေက သူ့ရဲ့မျက်နှာပေါ်မှာအထင်သားပေါ်နေခဲ့တယ်။

မုန့်ဟုန်ချန်ကတော့ သက်ပြင်းချနေခဲ့ပါတယ်။

” အကယ်၍ သူတို့ရဲ့ အဓိကအဖွဲ့၀င်တွေအားလုံးသာ ဒီနေရာမှာရှိနေမယ်ဆိုရင် ငါတို့က အခွင့်အရေးတောင်ရနိုင်မှာမဟုတ်ဘူး ”

ရှောင်ဟုန်ချန်လဲ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပါတယ်။ မိုးကအခုအချိန်မှာ ပိုသည်းလာခဲ့ပါပြီ။ လေထဲမှာတောင် မြူခိုလိုရေငွေ့တွေက ဆက်တိုက်ရှိနေခဲ့ပါသေးတယ်။ သူတို့ရဲ့ အ၀တ်အစားတွေလဲ လုံး၀ကို စိုစွတ်နေခဲ့ပြီ ၀ိညာဥ်စွမ်းအားတချို့တောင် မိုးရေတွေနဲ့အတူ အငွေ့ပျံသွားပုံပါပဲ။

” ဒီပြိုင်ပွဲကြီးပြီရင်း ငါကိုယ်ငါ တည်ငြိမ်အောင်ထိန်းချုပ်ထားရမယ်…အဘိုးပြောတာမှန်တယ်…ငါတို့ရဲ့ကျင့်ကြံဆင့်တွေကို အရမ်းမြန်မြန်ကြီးမြင့်တင်ထားတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူး…ငါတို့ရဲ့ခန္ဓာကိုယ်တွေက ဖိအားကို မခံနိုင်လို့မဟုတ်ပဲ ငါတို့ရဲ့အတွေးအခေါ်နဲ့ စိတ်ပိုင်ဆိုင်ရာထိခိုက်စေလို့ပဲဖြစ်ရမယ်…အကယ်၍ ငါကိုယ်ငါတည်ငြိမ်အောင် မထိန်းချုပ်နိုင်ဘူးဆိုရင် စွမ်းအားကိုထိပ်ဆုံးရောက်အောင် မလုပ်နိုင်မှာစိုးရိမ်မိတယ် ”

မုန့်ဟုန်ချန်ကတော့ ခက်ခက်ခဲခဲနဲ့ ခေါင်းညိတ်ရင်းပြောလာခဲ့ပါတယ်။

” ကောင်းပြီ အစ်ကိုနဲ့အတူ ငါလဲအတူတူ လေ့ကျင့်မယ် ”

မုန့်ဟုန်ချန်ရဲ့ မျက်လုံးတွေက ရုတ်တရက်တောက်ပလာပါတယ်။

” ဒါပေမယ့် ဒီပြိုင်ပွဲကိုအရင်ဆုံးနိုင်မှဖြစ်မယ်..အပေါင်းအဖော်တွေသေသွားရတာက အလဟာသဖြစ်လို့မဖြစ်ဘူး ….အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို သေချာပေါက် ပြန်ဆွဲယူရမယ်…ဒီတိုက်ပွဲကိုနိုင်ကိုနိုင်ရမယ် ”

လက်ရှိအချိန် မုန့်ဟုန်ချန်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက် လက်ချင်ချိတ်ပြီ အပေါ်တက်လာတာကို မြင်လိုက်ရပါတယ်။ ၀မ်သုန့်ရဲ့ အပြာရောင်နဲ့ ပန်းရောင်ရောစပ်ထားတဲ့ မျက်လုံးတွေက သူ့ရဲ့တိုက်ခိုက်လိုစိတ်နဲ့အတူ တောက်ပလို့နေခဲ့တယ်။ မုန့်ဟုန်ချန်က သူ့ကိုကြည့်နေရင်း သူမရဲ့ နှလုံးသားတွေတောင် နာကျင်လာခဲ့ပါပြီ။

” ဟုတ်တယ်ငါတို့နိုင်ရမယ် ”

သူတို့လေးယောက်က စင်ပေါ်ကိုတစ်ဖက်တစ်ချက်ဆီမှာ နေရာယူထားခဲ့ပါတယ်။ တိုက်ခိုက်လိုစိတ်က တစ်ဖက်နဲ့တစ်ဖက်ကြည့်နေရင်း ပိုမိုမြင့်တက်လာခဲ့ပါပြီ။ မုန့်ဟုန်ချန်ရဲ့ အကြည့်ကတော့ ၀မ်သုန့်အပေါ်ရောက်ချိန်မှာ အနည်းငယ်နှေးကွေးလို့သွားပေမဲ့ ကျန်တဲ့သူကတော့ လုံး၀ကို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာရှိပြီသားပါပဲ။

သူတို့လေးယောက်က လက်ရှိအချိန်မှာ နောက်ထပ်ခံစားချက်တွေ ရှိနေခဲ့ပါတယ်။ တစ်စုံတစ်ရာက သူတို့အားလုံးကို စင်မြင့်ပေါ်မှာ စုစည်းစေပြီ အ​ရေးကြီးတဲ့တိုက်ပွဲကြီးထဲမှာ ထိပ်တိုက်စေဖို့ တမင်တကာလမ်းညွှန်လိုက်တဲ့ပုံပါပဲ။

ဒါကတကယ်ကံတရားပဲလား အကယ်၍ ကံတရားကသာ ဖြစ်ခဲ့မယ်ဆိုရင် သူတို့က ပြိုင်ဘက်တွေဖြစ်ဖို့မွေးဖွားလာတာပါ။ နောင်ငါးနှစ်ကြာပြီနောက်မှာလဲ သက်ဆိုင်ရာကျောင်းတော်အသီးသီးအတွက် ကိုယ်စားပြုပြီး ယှဥ်ပြိုင်ရလိမ့်မယ်။ သူတို့ရဲ့သက်ဆိုင်ရာအဖွဲ့တွေအတွက်လဲ အဓိကအင်အားတွေ ဖြစ်လာကြဦးမှာပါ။ ငါးနှစ်ကြာပြီတဲ့နောက်မှာ ဘာများပြောင်းလဲသွားနိုင်ဦးမှာလဲသူတို့မသိပါဘူး။ လက်ရှိအချိန်မှာတော့ ချန်ပီယံဖြစ်ဖို့ တစ်ခုထဲသာ အားစိုက်လို့ထားပါတော့တယ်။

ပြိုင်ပွဲကြီးစတင်ပြီကထဲက တစ်လကျော်အချိန်ကုန်သွားခဲ့ပါပြီ။ ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတဲ့ တိုက်ပွဲတွေနဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကိုရင်းပြီး ဒီနေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါက အမျက်ဒေါသကျောင်းတော်ရဲ့ လူတိုင်းအတွက် တကယ်ကိုမလွယ်ကူခဲ့ပါဘူး။ နောက်ဆုံးဗိုလ်လုပွဲအထိ ရောက်လာဖို့တောင် တကယ်ကိုခက်ခဲခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ မျက်၀န်းတွေထဲမှာ ပြင်းထန်လိုတဲ့တိုက်ခိုက်လိုစိတ်က အပြင်အထိတောင် လျှံထွက်လာခဲ့ပါတယ်။ ဒီမျက်လုံးတွေထဲမှာ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းဖျော့တွေက စတင်ပေါ်ထွက်လာခဲ့ပါပြီ။ သူက အတော်လေးကို အပြစ်ကင်းစင်တဲ့ ရုပ်သွင်မျိုးရှိပေမဲ့ လန့်စရာကောင်းတဲ့ တည်ငြိမ်မှုကိုလဲ ပိုင်ဆိုင်ထားခဲ့ပါတယ်။

၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့ကမတူညီကြပါဘူး။ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ပေါ်မှာလဲ အလင်းတချို့က စတင်တောက်ပလာခဲ့ပါပြီ။ ဒီသန့်စင်တဲ့အလင်းတန်းရဲ့ ခံစားချက်က သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးတောင် လောင်မြိုက်လာစေခဲ့ပါတယ်။ ရာသီဥတုက ဘယ်လောက်ပဲမှောင်မိုက်နေပါစေ မိုးစက်မိုးပေါက်ဘယ်လောက်ပဲကျဆင်းနေပါစေ အရာအားလုံးသာ သူသာရှိနေမယ်ဆိုရင် ကြည်လင်ရှင်လင်သွားပုံပါပဲ။

ရှောင်ဟုန်ချန်က ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ပညာရှင်ဖြစ်ပါတယ်။ သူက ခြေထောက်သုံးချောင်းရွှေဖားပြုတ်ဖြစ်ပြီ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ပါ။ မုန့်ဟုန်ချန်ကလဲ ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ ၀ိညာဥ်ဘုရင်ဖြစ်ပါတယ်။ သူမရဲ့ သိုင်းပညာ၀ိညာဥ်က တံတားနီရေခဲဖားပြုတ်ဖြစ်ပြီ သူမကလဲ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ပါပဲ။

ဟို့ယွိဟောင်က ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိပါတယ်။ စိတ်၀ိညာဥ်မျက်လုံးနဲ့ ရေခဲဧကရီသိုင်းပညာ၀ိညာဥ်နှစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီ အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ပါ။ ၀မ်သုန့်ကတော့ ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိပြီ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်နဲ့ ကြည်လင်ကောင်းကင်တူနှစ်ခုကို သိုင်းပညာ၀ိညာဥ်အဖြစ်ပိုင်ဆိုင်ထားပါတယ်။

ကျင့်ကြံမှုရဲ့ ကွာခြားချက်က နှစ်ဖက်စလုံးအတွက် အရမ်းကိုသိသာထင်ရှားနေခဲ့ပါပြီ။ ဒါပေမယ့် နေလကျောင်းတော်ဖက်ကနေ အပြတ်အသတ်အနိုင်ရမယ်လို့ ဘယ်သူကမှမတွေးထားခဲ့ပါဘူး။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က ပြိုင်ပွဲတစ်လျှောက်မှာ ဆက်တိုက်ဆိုသလို အံ့ဖွယ်ရာတွေအများကြီး ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်နှစ်ယောက်က လက်ရှိအချိန်မှာ ဒဏ်ရာရထားခဲ့တဲ့အပြင် သူတို့ရဲ့၀ိညာဥ်စွမ်းအားတွေက အများကြီးကုန်ဆုံးထားခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားကို နို့ပုလင်းပစ္စည်းမျိုးနဲ့ ပြန်ဖြည့်တင်းနိုင်ပေမဲ့ သူတို့ရဲ့စိတ်ဓာတ်ကရော ဘယ်လိုလဲ။ သူတို့ရဲ့ဒဏ်ရာတွေကရော ဘယ်လိုလုပ်မှာလဲ။ သူတို့ရဲ့စွမ်းအားတွေက အစုန်အဆင်းဖြစ်နေခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့ အဆင့်ကွာခြားချက်နဲ့ ကျန်တဲ့ကွာခြားချက်တွေက အတော်များများပြန်ပြီ နီးစပ်လို့သွားခဲ့ပါပြီ။

” နှစ်ဖက်စလုံး နောက်ဆုတ်ကြပါ ”

ကောင်းကင်ရန်သူတော်သော့်လော့က အော်လိုက်ပါတယ်။ ဒါက သူဒိုင်လုပ်ရမဲ့နောက်ဆုံးပြိုင်ပွဲပါပဲ။ ၀မ်ချင်ရှုက သူ့ဘာသာသူစိတ်ထဲမှာ ကတိပေးပြီကျိန်ဆိုနေခဲ့တယ်။ အကယ်၍ နောက်တစ်ကြိမ်သာ ရှိခဲ့မယ်ဆိုရင် ဘယ်တော့မှလုံး၀ဒိုင်မလုပ်နိုင်တော့ပါဘူး။

လက်ရှိအချိန်မှာ သူလောက်လန့်နေမယ်သူမရှိနိုင်တာအသေအချာပါ။ ဒိုင်အနေနဲ့ သူလဲ ဒီလူငယ်တွေရဲ့ အင်အားအစစ်အမှန်ကို ကောင်းကောင်းခံစားမိပါတယ်။ တစ်ဘ၀လုံးမှာ မမြင်ခဲ့ဘူးတဲ့အရာတချို့ကို ဒီလူငယ်တွေဆီကနေ မြင်တွေ့ခဲ့ရတဲ့ ထိပ်တန်းအဆင့်သိုင်းပညာ၀ိညာဥ် အမြွှာသိုင်းပညာ၀ိညာဥ်တွေတင်မကပဲ အဆင့်ရှစ်၀ိညာဥ်လက်နက်ပါ ပါနေခဲ့တာပါ။ ဒါ့အပြင် မာရှောင်ထောင့်ရဲ့ သိုင်းပညာ၀ိညာဥ်အဆင့်တက်အသွင်ပြောင်းမှုကလဲ သူ့ကိုပိုပြီးထိတ်လန့်စေခဲ့ပါတယ်။ သူ့လိုကောင်းကင်ရန်သူတော်အထီးကျန်ကြယ်ပွင့်တောင်မှ မာရှောင်ထောင့်ရဲ့ အနက်ရောင်မီးလျှံကို ခုခံဖို့အပြည့်အ၀မလုပ်နိုင်ခဲ့ပါဘူး။ ဒါကဘာများလဲ ဒီလူငယ်က အသက်နှစ်ဆယ်တွေတောင် မပြည့်ကြသေးဘူးမလား။

အထူးသဖြင့် အမျက်ဒေါသကျောင်းတော်ကို ကိုယ်စားပြုပြီးယှဥ်ပြိုင်ရမဲ့ လူငယ်နှစ်ယောက်က အသက်ဆယ့်ငါးနှစ်တောင် မရှိသေးတဲ့ကလေးတွေပါ။ အသက်နှစ်ဆယ်ပြည့်ဖို့ ဝေးတောင် ဝေးပါသေးတယ်။

ဒါပေမယ့် သူတို့ရဲ့မျက်လုံးထဲမှာရှိနေတဲ့ အမူအရာတွေက သူတို့နိုင်ဖို့ယုံကြည်ချက်အပြည့်အ၀ရှိနေတယ်ဆိုတာကို အထင်သားပေါ်နေခဲ့ပါတယ်။

ကောင်းကင်ရန်သူတော်သော့်လော့က လက်ရှိအချိန်မှာ အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့ပါပြီ။ သူအသက်ဆယ့်ငါးနှစ်တုန်းက ပုံသဏ္ဍာန်ကို ပြန်လည်တွေတောမိလိုက်လို့ပါပဲ။ အဲ့ဒီတုန်းက သူ့ရဲ့မိသားစုတွေလဲ ကောင်းကင်ရန်သူတော်အထီးကျန်ကြယ်ပွင့်ရဲ့ကျိန်စာကြောင့် မသတ်ဖြတ်ခံခဲ့ရသေးသလို သူကလဲ အကောင်းဆုံးလေ့ကျင့်ပြီ ကြိုးစားနေခဲ့တဲ့လူငယ်လေးတစ်ယောက်ပါ။ လောကကြီးရဲ့၀ိညာဥ်ပညာရှင်တွေအကြောင်းကိုတောင် ဘာမှမသိသေးပါဘူး။

ဒီလူငယ်တွေသာ အသက်နှစ်ဆယ် သုံးဆယ်ကိုရောက်သွားမယ်ဆိုရင် ဘယ်လောက်အခြေအနေအထိ တိုးတက်လာနိုင်လဲဆိုတာကို သူမတွေးတတ်တော့ပဲဖြစ်နေခဲ့ပါတယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ တစ်ယောက်လက်ကိုတစ်ယောက်တွဲရင်း အနောက်ကိုဆုတ်သွားခဲ့ပါတယ်။ ဒီပြိုင်ပွဲက သူတို့အမျက်ဒေါသကျောင်းတော်ကို ၀င်ရောက်ချိန်ကထဲကနေ စတင်ပြီ အခုချိန်ကာလအထိ ကြမ်းတမ်းဆုံးနဲ့ အခက်ခဲဆုံးပြိုင်ပွဲ တိုက်ခိုက်မှုဖြစ်လာမယ်ဆိုတာ သိနေခဲ့ကြလို့ပါ။

ဒါကပြိုင်ပွဲတစ်ခုတောင်မဟုတ်တော့ပါဘူး။ စစ်မြေပြင်တစ်ခုပါပဲ။ သူတို့ရဲ့အသက်တွေကို ရင်းထားရမဲ့စစ်ပွဲတစ်ခုဖြစ်နေခဲ့တယ်။

ဒါပေမယ့် ဒီလိုဖြစ်လာလေလေ သူတို့ရဲ့စိတ်တက်ကြွမှုက ပိုမြင့်တက်လာလေပါပဲ။ လက်ရှိအချိန်မှာတော့ မြင့်မားနိုင်တဲ့အနာဂတ်အလားအလာကလဲ လုံး၀ကို အပြည့်အ၀ဖြစ်ပေါ်လာခဲ့ပါပြီ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က ရေတွေကိုအပြည့်အ၀စုပ်ယူနိုင်တဲ့ ဖော့တုံးတွေလိုပါပဲ။ သူတို့တွေက အဲ့ဒီလိုပုံသဏ္ဍာန်နဲ့ ပါရမီရှင်လူငယ်တွေ ဖြစ်နေခဲ့တယ်။ ဖိအားက များလေလေ သူတို့ရဲ့အစွမ်းအစက ပိုထွက်လာလေပါပဲ။ ပြိုင်ပွဲမစခင်ထဲက သူတို့ရဲ့ စွမ်းအားတွေ ထိပ်ဆုံးကိုရောက်နေခဲ့ပါပြီ။

လက်နှစ်ဖက်ကို ချိတ်ထားလိုက်ချိန်မှာတော့ စိတ်တွေကလဲ ချိတ်ဆက်လို့သွားပါတော့တယ်။

ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့အနောက်ကို ချက်ချင်းရောက်သွားခဲ့ပါပြီ။ သူ့ရဲ့လက်နှစ်ဖက်ကို ၀မ်သုန့်ရဲ့ခါးနားမှာထားထားခဲ့ရင်း ၀မ်သုန့်ကတော့ သူ့ရဲ့ဆန့်ကျင်ဖက်ကိုကြည့်ကာ တည်ငြိမ်လို့နေခဲ့ပါတယ်။

ဒီလိုတည်ငြိမ်မှုမျိုးက ပြိုင်ပွဲတစ်လျှောက် သူတို့ပြသခဲ့တဲ့ပုံစံနဲ့ ကွာခြားနေခဲ့ပါတယ်။

အစောပိုင်းပြိုင်ပွဲတွေမှာ ဟို့ယွိဟောင်က အဓိကဦးဆောင်လို့လာရင်း သူတို့ရဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို ထုတ်လွှတ်ခဲ့တယ်။ ၀မ်သုန့်က သူ့ရဲ့ အစ်ကိုတစ်ယောက်ဖြစ်တယ်လို့ အားလုံးကထင်ထားခဲ့တာပါ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို ထုတ်သုံးချိန်မှာ ၀မ်သုန့်ကဘယ်တုန်းကမှအပြင်ကို ထွက်မလာခဲ့ပါဘူး။ ဒါပေမယ့် သူ့ဆီကနေ အံ့ဩစရာကောင်းတဲ့အရာတစ်ခုက ကြည်လင်ကောင်းကင်တူထပ်ထွက်လာတာပါ။ ဒါကလဲ တစ်ကြိမ်ထဲသာဖြစ်ခဲ့ပါတယ်။

၀မ်သုန့်ကို မှတ်မိတဲ့သူက တော်တော်လေးကို နည်းပါးပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ဟို့ယွိဟောင်ရဲ့နှစ်ပေါင်းတစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းကို မမေ့ခဲ့ကြပါဘူး။ အတုအယောင်ဖြစ်မှန်း သိသွားခဲ့တာတောင် သူတို့ရဲ့စိတ်ထဲမှာ ဒီမြင်ကွင်းက ထင်ထင်ရှားရှားကြီးရှိနေဆဲပါ။

ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ အနောက်ဖက်က်ိုဆုတ်ရင်း ဘေးမှာရပ်နေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ၀မ်သုန့်က ဦးဆောင်မှာအသိအသာကြီးပါပဲ။ သူတို့ရဲ့ပြိုင်ဘက်တွေတောင် ဒါကို မခန့်မှန်းထားခဲ့ပါဘူး။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ လှုပ်ရှားမှုကို မြင်ပြီတဲ့နောက် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့အမူအရာကလဲ အနည်းငယ်ပြောင်းလဲလို့သွားပါတော့တယ်။ သူတို့တွေက ၀မ်သုန့်အကြောင်း ဘာမှမသိလောက်ဖြစ်နေခဲ့တယ်ဆိုတာကို နားလည်သွားခဲ့လို့ပါ။

အားလုံးအတွက်တော့ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်ဆိုတာ တစ်ယောက်ထဲလိုပါပဲ။ သူတို့တွေက အစကနေအခုအချိန်အထိ အတူတူတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အစွမ်းအစတွေကဘယ်မှာလဲ။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကရောဘာလဲ ဒီမေးခွန်းကိုသူတို့တွေ စတင်စဥ်းစားမိပါပြီ။

ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်ကလဲ ပြိုင်ပွဲရဲ့အစွန်းဖက်ကို ရောက်သွားခဲ့ပါတယ်။ မုန့်ဟုန်ချန်က အရှေ့မှာရပ်နေခဲ့ပြီ ရှောင်ဟုန်ချန်ကတော့ အနောက်မှာပါ ဘယ်သူကမှ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မထားခဲ့ပါဘူး။ ရှောင်ဟုန်ချန်ရဲ့ခန္ဓာကိုယ်က အပြည့်အ၀ပြန်မကောင်းသေးပဲ ရှိနေခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို ထိုက်ယွဲ့ဟန်က ပြင်းပြင်းထန်ထန် ဖျက်ဆီးလို့သွားခဲ့တာပါ။ ဒါကြောင့် ၀ိညာဥ်စွမ်းအားတွေကို ပြန်လည်ကောင်းမွန်စေဖို့အတွက် နို့ပုလင်း၀ိညာဥ်လက်နက်ကိုတောင် ထုတ်မသုံး၀ံ့ပါဘူး။ သူ့ရဲ့စွမ်းအားဖြတ်သန်းမှုလမ်းကြောင်းတွေက ခံနိုင်ရည်မရှိမှာကို သိနေခဲ့တာပါပဲ။

လွဲသွားတဲ့အဆစ်တွေနဲ့ ကျိုးသွားတဲ့အရိုးတွေတော်တော်များများကိုတော့ နေရာပြန်ချပြီးပါပြီ။ ဒါပေမယ့် ဒဏ်ရာတွေကတော့ ကုသနေဆဲကာလမှာရှိနေခဲ့တယ်။ လက်ရှိအချိန် လှုပ်ရှားလိုက်တိုင်းမှာ ပြင်းထန်တဲ့နာကျင်မှုကို ခံစားနေခဲ့ရပါတယ်။ သူ့ရဲ့မူလအစွမ်းအစအပြည့်အစုံအချိန်ရဲ့ သုံးဆယ်ရာခိုင်နှုန်းတောင် သူအစွမ်းရှိမနေခဲ့ပါဘူး။ ဒါကြောင့်သာ သူညီမငယ်ကို အဓိကကူညီပေးရင်း တိုက်ခိုက်ရမှာပါ။ မုန့်ဟုန်ချန်ကသာ ဦးဆောင်ရမဲ့သူဖြစ်ပါတယ်။

အပိုင်း ၁၂၄•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset