အပိုင်း ၁၂၃•၃
” အမှောင်ထုနတ်မီးငှက်အသွင်ပြောင်းခြင်း ”
°°°
ဘာတွေဖြစ်သွားခဲ့တာလဲ အားလုံးကတော့ ထိတ်လန့်နေခဲ့ကြပါပြီ။ မာရှောင်ထောင့် ဒီလောက်အင်အားကြီးလာမယ်လို့ ဘယ်သူမှမထင်ထားခဲ့ပါဘူး။ ကောင်းကင်ရန်သူတော်သော့်လော့တောင်မှ မာရှောင်ထောင့်ရဲ့အနက်ရောင်မီးတွေကို မခုခံနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။
၀မ်ချင်ရှုက ပြိုင်ပွဲပြီးဆုံးသွားတဲ့အကြောင်း ကြော်ငြာပြီချိန်မှာ အမျက်ဒေါသကျောင်းတော်ရဲ့ စောင့်ဆိုင်းရေးနယ်မြေကနေ လူတစ်ယောက်ပြိုင်ပွဲစင်မြင့်ပေါ်ကို ပြေးထွက်လာပါတော့တယ်။
” ရှောင်ထောင့် စိတ်လျှော့ထား ”
အကြီးအကဲရွှမ်ရဲ့အသံက ထွက်ပေါ်လာခဲ့ပါပြီ။ မာရှောင်ထောင့်ကတော့ တစ်ကိုယ်လုံးပြင်းပြင်းထန်ထန် တုန်ရီနေခဲ့ပါတယ်။ သူမက အရမ်းကိုနာကျင်နေတဲ့ပုံပါပဲ။
အကြီးအကဲရွှမ်က သူ့လက်ကိုမြောက်လိုက်ပြီ သူမရဲ့လည်ပင်းကို တစ်စောင်းရိုက်ချလိုက်ပါတယ်။ မာရှောင်ထောင့်ရဲ့လက်တွေက တခဏတာလှုပ်ရှားသွားခဲ့ပြီ ခုခံတော့မဲ့ပုံစံပြင်ပေမဲ့ အဆုံးသတ်မှာတော့ လက်တွေကို မမှလာခဲ့ပါဘူး။ အကြီးအကဲရွှမ်က သူ့ကိုလဲကျသွားအောင်ရိုက်လိုက်ပါတယ်။ အဲ့ဒီနောက် အ၀ါရောင်အလင်းတန်းတွေက သူ့ခန္ဓာကိုယ်အပြင်ဘက်ကို ထွက်လာပါတော့တယ်။
မာရှောင်ထောင့်က ဒီအ၀ါရောင်အလင်းတန်းတွေနဲ့ လွှမ်းခြုံခံလိုက်ရပါပြီ။ ဒါပေမယ့် သူမရဲ့မီးလျှံတွေကတော့ အထဲမှာ ပြင်းပြင်းထန်ထန် တောက်လောင်နေဆဲပါပဲ။ အကြီးအကဲရွှမ်ရဲ့ ၀ိညာဥ်စွမ်းအားတွေကသာ ဒီကိုတွေကို ငြိမ်သက်သွားအောင်မလုပ်နိုင်ခဲ့ပါဘူး။
အကြီးအကဲရွှမ်ကတော့ စင်မြင့်ပေါ်ကနေ ခုန်ချလာပြီ စောင့်ဆိုင်းနယ်မြေကို ပြန်လာရင်း အတော်ကိုအလေးအနက်ဖြစ်နေခဲ့ပါတော့တယ်။
၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့က သူ့အနားကိုကပ်လာပြီ မာရှောင်ထောင့်ကို အကြီးအကဲရွှမ်ကနေ ခေါ်ယူချင်ခဲ့ပါတယ်။ ဒါပေမယ့် အကြီးအကဲရွှမ်ကတော့ သူ့ကိုတားဆီးလိုက်တယ်။
” သူ့ကိုထိလို့မရဘူး “:
ဟို့ယွိဟောင်မျက်လုံးပြူးသွားတော့တယ်။
” အကြီးအကဲရွှမ် ကျွန်တော်က အစ်မကြီးအတွက် မိစ္ဆာမီးလျှံကို အမြဲတမ်းဖြေရှင်းပေးခဲ့တဲ့သူပါ ”
အကြီးအကဲရွှမ်က ခေါင်းခါရင်း သဘောမတူခဲ့ပါဘူး။
” အခုကမိစ္ဆာစွမ်းအင်တွေတင်ပါနေတာမဟုတ်ဘူး…သူ့ရဲ့သိုင်းပညာ၀ိညာဥ်က လုံး၀ကို ပြောင်းလဲသွားပြီ တကယ်ကိုကြီးမားတဲ့ ပြောင်းလဲမှုကြီးဖြစ်နေတယ်…ဒါကြောင့် ငါစိုးရိမ်မိတာက ”
၀မ်ယန်ကတော့ ပိုပြီးထိတ်လန့်သွားခဲ့ရပါတယ်။
” အကြီးအကဲရွှမ်ပြောချင်တာက ”
အကြီးအကဲရွှမ်လဲ ခေါင်းညိတ်လိုက်ပါတယ်။ အခုအချိန်မှာ မှောင်မိုက်တဲ့အကြည့်က သူ့မျက်နှာတစ်လျှောက်ဖြတ်သန်းစီးဆင်းနေခဲ့တယ်။ ၀မ်ယန်ကတော့ အခုအချိန်ရူးသွပ်လို့သွားမတတ်ပါပဲ။
” ဒါဆိုကျွန်တော်တို့ ဘာလုပ်ကြမလဲ အဲ့ဒါနေလကျောင်းတော်ရဲ့၀ိညာဥ်လက်နက်ကြောင့်မလား ကျွန်တော်တို့ဒီကိစ္စနဲ့ ပတ်သက်ပြီ သူတို့ကို စာရင်းသွားရှင်းရမှာလား ”
အကြီးအကဲရွှမ်က ခေါင်းခါလိုက်ပါတယ်။
” အသုံးမ၀င်ဘူး…ရှောင်ထောင့်ရဲ့သိုင်းပညာ၀ိညာဥ်အသွင်ပြောင်းတာက သူတို့ရဲ့ ၀ိညာဥ်လက်နက်ကြောင့် ဖြစ်လာပေမဲ့ ဒီလိုအသွင်ပြောင်းပြီတဲ့နောက်မှာ သူ့အပေါ်မသက်ရောက်တော့ဘူး…ရှောင်ထောင့်ရဲ့အခြေအနေက အတော်လေးကို မတည်မငြိမ်ဖြစ်နေတယ်…သူ့ရဲ့ပြောင်းလဲနေတဲ့ သိုင်းပညာ၀ိညာဥ်ကို ငါရဲ့၀ိညာဥ်စွမ်းအားနဲ့ ဖိနှိမ့်ထားရုံကလွဲပြီ မတတ်နိုင်ဘူး…ကျောင်းတော်ကိုပြန်ရောက်အထိ ငါတို့စောင့်မှရမယ်…အကြီးအကဲမုမှာ တခြားနည်းလမ်းတွေ ရှိဦးမလားငါကြည့်သေးတာပေါ့ ”
ဟို့ယွိဟောင်လဲ စိတ်ရှုပ်ထွေးနေခဲ့ပါတယ်။ အဲ့ဒီနောက် သူအထိတ်တလန့်နဲ့ ပြောတော့တယ်။
“အကြီးအကဲရွှမ် ကျွန်တော်အစ်မကြီးမှာ ဘာတွေဖြစ်နေတာလဲကျွန်တော်က အဆုံးစွန်းရေခဲဆိုတော့ သူ့ကိုကူညီနိုင်မလား ”
အကြီးအကဲရွှမ်က သက်ပြင်းချရင်းပြောလာခဲ့ပါတယ်။
” အကယ်၍ မင်းရဲ့ကျင့်ကြံဆင့်ကသာ မာရှောင်ထောင့်လောက်ရှိမယ်ဆိုရင်တော့ အခွင့်အရေးရှိမှာပေါ့ ဒါပေမယ့် မင်းကသူ့နဲ့အများကြီးအလှမ်းကွာဝေးလွန်နေတယ်…အကယ်၍ မင်းကြိုးစားကြည့်မယ်ဆိုရင် သူ့ရဲ့အနက်ရောင်မီးတွေက မင်းကိုလောင်ကျွမ်းသွားစေမှာပဲ ရှောင်ထောင့်က အခုပြဿနာအကြီးကြီးတက်နေပြီ အကယ်၍ ကိစ္စတွေသာဆိုး၀ါးသွားမယ်ဆိုရင် သူက မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်အချိန်မရွေးဖြစ်သွားနိုင်တယ် ”
” ဘာဖြစ်တယ် ”
မိစ္ဆာ၀ိညာဥ်ပညာရှင်ဆိုတဲ့ စကားကိုကြားပြီတဲ့နောက် ဟို့ယွိဟောင်လဲ အခြေအနေတွေ ဘယ်လောက်ဆိုးရွားနေမှန်း နားလည်လာပါတော့တယ်။ မာရှောင်ထောင့်ရဲ့ နတ်မီးငှက်မီးလျှံတွေက ဒီလိုကြီးမားတဲ့အသွင် ပြောင်းလဲမှုကိုတကယ်ကြုံတွေ့နေခဲ့ရတာပါ။ အကြီးအကဲရွှမ်က အရမ်းအင်အားကြီးတာကြောင့် သူမကိုမကူညီနိုင်တာ အံ့ဩစရာမရှိတော့ပါဘူး။
အကြီးအကဲရွှမ်က ဆက်ပြောလာခဲ့ပါတယ်။
” မိစ္ဆာနတ်မီးငှက်က ထိပ်တန်းအဆင့်သိုင်းပညာ၀ိညာဥ်ဖြစ်နေပြီ ဒီအသွင်ပြောင်းမှုက တကယ်ကြီးမားတာပဲ ဒါပေမယ့် သူမခန္ဓာကိုယ်ထဲမှာရှိတဲ့ မိစ္ဆာစွမ်းအင်တွေအားလုံးကို အမှောင်ထုရဲ့စွမ်းအားက လွှမ်းခြုံလိုက်တာကြောင့် လုံး၀ကို အဆင့်ကျော်တိုးတက်သွားတယ်..ဒီဆင့်ကဲတိုးတက်မှုက အမှောင်ထုဘက်ကိုဦးတည်နေတယ်…သူမရဲ့စိတ်ကိုလဲ ဒီပြောင်းလဲမှုကနေ တိုက်ရိုက်သက်ရောက်ခံလိုက်ရပြီ အနက်ရောင်မီးတွေက အဆုံးစွန်းရေခဲအထိကို အဆင့်မြင့်သွားပြီလေ ဒါပေမယ့် မိစ္ဆာနဲ့ အမှောင်ထုစွမ်းအင်တွေ ပြည့်နှက်နေတဲ့ မီးလျှံပဲ သူ့ရဲ့ကျင့်ကြံဆင့်က လက်ရှိအချိန်မှာ အဆင့်ခုနှစ်ဆယ်ကိုရောက်နေလောက်ပြီ အကယ်၍ သူသာ တကယ်ပဲမိစ္ဆာ၀ိညာဥ်ပညာရှင် ဖြစ်လာလိမ့်မယ်ဆိုရင် သာမန်ဘွဲ့ခံသော့်လော့တွေတောင် သူ့ရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ အနက်ရောင်မီးလျှံတွေကို တားဆီးနိုင်မှာမဟုတ်ဘူး “‘
ဟို့ယွိဟောင်လဲ မျက်လုံးပြူးနေခဲ့ပါတယ်။ ဒါကြောင့်သူအထိတ်တလန့်ထပြီ အော်မိတော့တယ်။
” ငါအစ်မကြီး ”
သူက မာရှောင်ထောင့်ကို သူ့အမေနဲ့ ထပ်တူထပ်မျှညီမျှတဲ့ မိသားစု၀င်အဖြစ် အသိအမှတ်ပြုထားခဲ့တာပါ။ သူ့ကိုယ်သူအမြဲတမ်းမိဘမဲ့အဖြစ် မှတ်ထင်ထားရာကနေ မိသားစု၀င်လိုမျိုး ထပ်တူသဘောထားရမဲ့အစ်မကြီးတစ်ယောက်ကို ရှာတွေ့ခဲ့ပါပြီ။ ဒါ့အပြင် အဲ့ဒီအစ်မကလဲ မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်လုမတတ်အခြေအနေနီးပါးရောက်နေခဲ့တာကြောင့် သူအတော်လေးကို ၀မ်းနည်းပူဆွေးမိပါတော့တယ်။
ကောင်းကင်ရန်သူတော်သော့်လော့ကတော့ နှစ်ဖက်စလုံးကို နောက်တစ်ချီစဖို့အတွက် အလောတကြီးမတိုက်တွန်းခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ စင်မြင့်ပေါ်မှာ အပျက်အစီးတွေက အရမ်းကိုများလွန်တာကြောင့်ပါ။ မာရှောင်ထောင့်ရဲ့ အနက်ရောင်မီးလျှံတွေက မပျောက်ကွယ်ခင်အချိန်အထိ တစ်မိနစ်လုံးလုံးလောင်ကျွမ်းတောက်လောင်နေခဲ့ပါတယ်။ အကယ်၍ အချိန်မီသာမပြုပြင်လိုက်ဘူးဆိုရင် ပြိုင်ပွဲကိုဆက်ပြီ လုပ်လို့ရမှာတောင်မဟုတ်တော့ပါဘူး။
မြေကမ္ဘာအမျိုးအစား၀ိညာဥ်ပညာရှင်တွေက ချက်ချင်းဆိုသလို ပစ္စည်းတွေယူလာပြီ စတင်ပြင်ဆင်နေခဲ့ရပါတယ်။
ဒီတိုက်ပွဲကြီးပြီးတဲ့နောက် ကြောက်စရာကောင်းတဲ့ ပျက်စီးဆုံးရှုံးမှုတွေက ပိုမိုများပြားလာခဲ့ပါပြီ။ ပြိုင်ပွဲကိုကြည့်နေတဲ့သူတွေတောင်မှ အသက်ရှုရတာခက်ခဲနေပါတော့တယ်။ အမျက်ဒေါသကျောင်းတော်ကတော့ တစ်ပွဲမှာနိုင်သွားခဲ့ပါပြီ။ သူတို့ရဲ့အသန်မာဆုံး၀ိညာဥ်ဧကရာဇ်ကတော့ ပြဿနာတက်နေခဲ့ပါတယ်။ နှစ်ဖက်စလုံးမှာ ယှဥ်ပြိုင်နိုင်မဲ့သူကလဲ အကန့်အသတ်တချို့ရှိနေတာကြောင့် မကြာခင်မှာလဲ စတင်ရတော့မှာဖြစ်ပါတယ်။ အကယ်၍ အမျက်ဒေါသကျောင်းတော်သာ ရှုံးနှိမ့်သွားခဲ့မယ်ဆိုရင် သူတို့တွေက ချန်ပီယံဂုဏ်ကျက်သရေကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်။
အကြီးအကဲရွှမ်က သက်ပြင်းချရင်းပြောလိုက်တယ်။
” မေ့လိုက်တော့ ဒီကိစ္စကို ခဏထားလိုက်ရအောင် ”
ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ၀မ်ယန်တို့အရှေ့မှာတင် အကြီးအကဲရွှမ်ရဲ့မျက်နှာပေါ်မှာ မျက်ရည်တွေစီးကျလာတာကို မြင်လိုက်ရပါတော့တယ်။
” ကလေးတို့ မင်းတို့အားလုံးက ငါတို့ကျောင်းတော်အတွက် အများကြီးကြိုးစားအားထုတ်ခဲ့တယ်…မင်းတို့နှစ်ယောက်ကိုရော သေတွင်းထဲငါတို့ကဘယ်လိုပို့နိုင်မှာလဲ ရှောင်ထောင့်က အသန်မာဆုံးဖြစ်နေပေမဲ့ သူတောင်အခုအချိန်မှာ ထိခိုက်လို့သွားခဲ့ရပြီ အကယ်၍ မင်းတို့နှစ်ယောက်သာ တစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင် ငါတို့ကျောင်းတော်ကြီးတစ်ခုလုံးက ကပ်ဆိုက်တာပဲ မင်းတို့နှစ်ယောက်ကို ကျောင်းတော်အတွက် ဒီလိုမျိုးစွန့်စားခွင့်မပေးနိုင်တော့ဘူး ”
” မဟုတ်ဘူး အကြီးအကဲရွှမ် ကျွန်တော်တို့တိုက်ခိုက်ချင်တယ် ”
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။ သတိလစ်နေတဲ့ ရှောင်ထောင့်နဲ့ ထိခိုက်သွားရတဲ့အဖွဲ့သားတွေကိုကြည့်ရင်း ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ပိုပြီးပူပြင်းလောင်မြိုက်လာခဲ့ပါပြီ။
” အကြီးအကဲရွှမ် ကျွန်တော်တို့ကြယ်တာရာလော့မြို့တော်ကို ပထမဆုံးလာတဲ့အချိန်ကထဲက စိတ်ထဲမှာ ပဠိပက္ခတွေအများကြီးရှိခဲ့တယ်….ကျွန်တော်တို့ကို ဘယ်သူကမှ အဓိကရွေးချယ်ခံအဖွဲ့တွေ မဟုတ်ခဲ့ဘူး…အဖွဲ့တစ်ဖွဲ့လုံးကလဲ အကြိုအဖွဲ့၀င်တွေနဲ့ ဖြစ်နေခဲ့တာ အကယ်၍ အမျက်ဒေါသကျောင်းတော်ရဲ့ဂုဏ်သိက္ခာက သာ ကျွန်တော်တို့အတွက် အားဖြစ်စေခဲ့တယ်…အကယ်၍ ခက်ခဲတဲ့အခြေအနေမှာလဲ ကျွန်တော်တို့ရင်ဆိုင်ရသမျှအရာအားလုံးကို ရင်ဆိုင်စေဖို့အင်အားဖြစ်ပေးခဲ့တယ်…ကျွန်တော်တို့အားလုံးက လိုလိုလားလားနဲ့ တိုက်ခိုက်ခဲ့ကြတာပါ ဒီလိုဂုဏ်သိက္ခာက ကျောင်းတော်တစ်ခုထဲက ပိုင်ဆိုင်ထားတာမဟုတ်ပါဘူး…ကျွန်တော်တို့အားလုံး ပေါင်းစည်းထားသလို အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်ကျက်သရေတည်မြဲနေဖို့အတွက် ကျွန်တော်တို့လဲဆက်ပြီ တိုက်ခိုက်ရမယ်…ကျွန်တော်တို့ရဲ့အစ်ကိုကြီးတွေ အစ်မကြီးတွေတော်တော်များများက ကျောင်းတော်ကိုကာကွယ်ဖို့အတွက် သူ့ကိုယ်သူတို့ အများကြီးအထိခိုက်ခံခဲ့ရတယ်…ဒါ့အပြင် အပေါင်းအဖော်တွေလဲ အတူတူပဲ ဒီလိုမျိုးထိခိုက်နေခဲ့ရပြီ သူတို့တွေအားလုံးက နောင်တမရှိပဲ ကြိုးစားနေခဲ့ကြတာပါ ကျောင်းတော်အတွက် ကျွန်တော်တို့က အားလုံးကို ရင်းထားခဲ့ပြီးပြီ အကယ်၍ ကျွန်တော်တို့သာ လက်လျှော့လိုက်မယ်ဆိုရင် အသက်လုံခြုံရင်တောင် စိတ်နှလုံးသားတွေကတော့ ဘယ်တော့မှကျေနပ်နိုင်မှာမဟုတ်ဘူး…ကျောင်းတော်အတွက် ကျွန်တော်တို့ထန်မျိုးနွယ်အတွက် လာရောက်ယှဥ်ပြိုင်တဲ့အဖွဲ့သားတွေအားလုံး ဒီတိုက်ပွဲကိုတိုက်ခိုက်ရမယ်…ကျွန်တော်တို့သေချာပေါက် နိုင်မှာ ”
ဟို့ယွိဟောင်ရဲ့ စိတ်နှလုံးသားထဲကနေ ပြင်းပြတဲ့ခံစားချက်နဲ့ ဒီစကားတွေကို ပြောနေခဲ့တာပါ။ သူပြောနေရင်းနဲ့ မျက်နှာကတောင် တော်တော်လေး ဖြူဖျော့နေခဲ့ပါပြီ။
၀မ်သုန့်ကတော့ ဟို့ယွိဟောင်ဘေးမှာရပ်နေရင်း သူလဲပုံသဏ္ဍာန်အတူတူရှိနေခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့အတွေးက အတူတူပါပဲ။ ဟို့ယွိဟောင်ပြောလိုက်တဲ့စကားတွေအားလုံးက သူခံစားနေရတဲ့အတိုင်း အတိအကျဖြစ်နေခဲ့တယ်။
အကြီးအကဲရွှမ်က မျက်လုံးတွေနောက်တစ်ကြိမ် ပွင့်လာခဲ့ပါပြီ။ ဒီကလေးတွေကိုကြည့်ရင်း သူအသက်ပြင်းပြင်းရှုသွင်းလိုက်ပါတော့တယ်။ အဲ့ဒီနောက် နှစ်ယောက်စလုံးကို သူဦးညွတ်လိုက်တယ်။
“:ငါအခုနားလည်သွားပြီ ငါမင်းတို့နှစ်ယောက်ကို တားဆီးဖို့ဘာအခွင့်အရေးမှရှိမနေခဲ့ပါဘူး…ဒါပေမယ့် မင်းတို့သိထားဖို့လိုတာက ဘယ်လိုရလဒ်ပဲဖြစ်လာပါစေ မင်းတို့တွေက ငါတို့ကျောင်းတော်ရဲ့ ဂုဏ်ယူရမဲ့သူရဲကောင်းတွေပဲ ငါတို့သာပြန်ရောက်သွားပြီဆိုရင် ကျောင်းတော်က ဒီလိုဂုဏ်သိက္ခာအတွက် မင်းတို့အားလုံးကို ထိုက်ထိုက်တန်တန် အလေးအမြတ်ပြုမှာပါ မင်းတို့အားလုံးက ကျောင်းတော်ရဲ့သမိုင်းအတွက်အရေးကြီးတဲ့ အမှတ်အသားတစ်ခုကို ချန်ထားခဲ့ပြီးပြီ ငါမှာတောင်းဆိုစရာတစ်ခုပဲရှိတယ်…ဒါကတော့ မင်းတို့ကိုမင်းတို့ကာကွယ်ပါ အကယ်၍ မင်းတို့နှစ်ယောက်မှာသာ အသက်အန္တရာယ်ရှိလာနိုင်တယ်လို့ ခံစားရမယ်ဆိုရင် ဒီပြိုင်ပွဲကိုငါတားဆီးဖို့ လုံး၀တွေဝေနေမှာမဟုတ်ဘူး ”
” ကောင်းပါပြီ ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က တစ်ပြိုင်နက်ထဲပြန်ဖြေကြပါတယ်။ အဲ့ဒီနောက် သူတို့တစ်ယောက်လက်ကိုတစ်ယောက်ဆွဲလိုက်ချိန်မှာ ဟောင်သုန့်စွမ်းအားက ချက်ချင်းဆိုသလို ဖြစ်ပေါ်လာပါတော့တယ်။ ၀မ်ယန်ကတော့ လက်ရှိအချိန်မှာ ဘာမှ၀င်မပြောခဲ့ပါဘူး။ သူ့ရဲ့အဆုတ်တစ်ခုလုံး နာကျင်နေတာကိုသာ မေ့ပြစ်ဖို့အသက်ပြင်းပြင်းရှုသွင်းနေခဲ့ရပါတယ်။ သူကိုယ်သူတည်ငြိမ်အောင်ထိန်းဖို့အတွက် အကောင်းဆုံးကြိုးစားနေခဲ့ရတယ်။ မငိုမိအောင်ထိန်းထားနေရင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုသူပြောလိုက်ပါတယ်။
” ယွိဟောင်နဲ့ ၀မ်သုန့် မင်းတို့နှစ်ယောက်က ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်ကို ရင်ဆိုင်ရမှာ သူတို့ရဲ့အစွမ်းအစကို မင်းတို့မြင်ပြီးပြီပဲ ပထမဆုံးက မုန့်ဟုန်ချန်ရဲ့ အဆိပ်ကိုရင်ဆိုင်ရလိမ့်မယ်…အကယ်၍ မင်းမလုပ်နိုင်ဘူးဆိုရင် မင်းတို့ဘယ်လောက်ပဲ စိတ်ဆုံးဖြတ်ချက် ခိုင်မာပါစေ ငါမင်းတို့ကို ယှဥ်ပြိုင်ခွင့်ပြုမှာမဟုတ်ဘူး ”
၀မ်သုန့်က တွေဝေနေပေမဲ့ ဟို့ယွိဟောင်က အခိုင်အမာပြောလာခဲ့ပါတယ်။
” ဆရာ၀မ် ကျွန်တော်ခုခံနိုင်တယ်.. ”
၀မ်ယန်က သက်ပြင်းချရင်းခေါင်းညိတ်လိုက်ပါတယ်။
” ဒါဆိုကောင်းပြီ သူတို့က တကယ်အင်အားကြီးပေမဲ့ ဒဏ်ရာရထားတဲ့သူတွေပဲ သူတို့တိုက်ခိုက်လိုစိတ်က မင်းတို့ရဲ့အောက်မှာပဲရှိနေလိမ့်မယ်..မင်းတို့နှစ်ယောက်အတွက် ငါဗျူဟာတစ်ခုကို ဆွဲပြီးပြီ ကိုယ့်ကိုကိုယ်ယုံကြည်ပြီ အကောင်းဆုံးသာကြိုးစားကြ ငါတို့တွေ ဒီပြိုင်ပွဲကို ရှုံးနှိမ့်ခံလို့မဖြစ်ဘူးဆိုတာ ယွိဟောင်ပြောတဲ့အတ်ိုင်းမှန်တယ်..မင်းတို့အားလုံး အစွမ်းကုန်တိုက်ခိုက်ကြ လုပ်လိုက်ပါ ”
သူပြောပြီတဲ့နောက် လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ ၀မ်ယန်လက်ပေါ်မှာ လက်ထပ်လိုက်တယ်။ အခုအချိန်မှာ နောက်ထပ်စကားပြောနေလဲ အသုံးမ၀င်တော့ပါဘူး။ ပြိုင်ပွဲရဲ့စည်းမျဥ်းပေါ်မှာ တိုက်ခိုက်လိုစိတ်ကသာ စွမ်းအားထက် ပိုအရေးကြီးတာပါ။ ပြိုင်ပွဲစင်မြင့်ကို ပြင်ဆင်သွားပြီဖြစ်တာကြောင့် ကြီးကြပ်သူသော့်လော့ကလဲ တည်ငြိမ်လို့သွားခဲ့ပါပြီ။
” ဒုတိယပြိုင်ပွဲစတင်ပါ့မယ် နှစ်ဖက်အဖွဲ့ ယှဥ်ပြိုင်ရမဲ့သူတွေကို စေလွှတ်ကြပါ ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပါတယ်။ သူတို့တွေက ပြိုင်ပွဲတစ်ခုလုံးမှာ မမျှတဆုံးပြိုင်ပွဲကို ယှဥ်ပြိုင်ရတော့မှာပါ။ သမိုင်းတစ်လျှောက်လုံးမှာ အဆိုးဆုံးပြိုင်ပွဲလဲ ဖြစ်နိုင်ပါတယ်။
အပိုင်း ၁၂၃•၃ ပြီး၏။