Switch Mode

Chapter – 6.2

" သော့်လော့တိုက်ရဲ့ နံပါတ်တစ် ကျောင်းတော် "

Chapter – 6.2 ” သော့်လော့တိုက်ရဲ့ နံပါတ်တစ် ကျောင်းတော် ”
°°°
” စစ်ပွဲကြီးအဆုံးသတ်သွားခဲ့ပေမဲ့ ငါတို့ထန်မျိုးနွယ်ရဲ့ လျှိူ့၀ှက်လက်နက်တွေအသုံး၀င်မှုက မေးခွန်းထုတ်စရာဖြစ်လာခဲ့တယ်…အဲ့ဒီအချိန်ကနေစပြီး နိုင်ငံတွေက ငါတို့ရဲ့ လက်နက်တွေကို ၀ယ်ယူတဲ့နှုန်းအတော်ကြီးကို လျော့ကျသွားတော့တာပဲ ၀င်ငွေက မြင့်မားနေဆဲဖြစ်ပေမဲ့ အဓိကအများစုကို မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ စိတ်ဆန္ဒကြောင့် အပြင်ကို လှူဒါန်းပေးနေခဲ့ရတယ်….ဒါ့အပြင် အဲ့ဒီလှူဒါန်းတဲ့ငွေတွေက ကျေလက်တောရွာတွေနဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့လူတွေကို မြေတောင်မြှောက်ပေးဖို့နဲ့ ကျောင်းတော်တွေတည်ဆောက်ပြီး တခြားလူမှုကိစ္စတွေ ဖြည့်စည်းပေးဖို့အတွက် လှူဒါန်းပေးနေခဲ့တာ ဒါကြောင့် ငါတို့မှာ ၀င်ငွေအပိုလဲ မရှိခဲ့ဘူး ”

” အဲ့ဒီအချိန်မှာ ထန်မျိုးနွယ်ထဲနေထိုင်တဲ့ လူတွေက လူထောင်ချီရှိတယ်လေ…ဒါပေမယ့် ငါတို့မျိုးနွယ်စုရဲ့ ကျဆင်းတဲ့နှုန်းကတော့ အရမ်းကို မြန်ဆန်းခဲ့တယ်…နှစ်ပေါင်းနှစ်ရာအတွင်းမှာပဲ ငါတို့ထန်မျိုးနွယ်က အတော်ကို ကျဆင်းနေခဲ့ပြီး လောကနံပါတ်တစ်ဖြစ်ခဲ့တဲ့ မျိုးနွယ်စုကြီးက အရင်လိုမျိုးတောက်ပတဲ့နေ့ရက်တွေ ပြန်မရှိတော့ဘူး…ထန်မျိုးနွယ်က ငါတို့မျိုးဆက်ကိုရောက်တဲ့အချိန်မှာ ငါ့အဖေ ငါ့အမေနဲ့ ငါပဲ မျိုးနွယ်စုထဲ ကျန်တော့တယ်…ဒါ့အပြင် ငါတို့တွေက ၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်ကြရင်းနဲ့ အဖေနဲ့အမေက သေဆုံးသွားခဲ့တယ်…ထန်မျိုးနွယ်မှာ ငါတစ်ယောက်ထဲ ကျန်တော့တယ်လို့ ပြောရတော့မှာပေါ့ ”

ဒီအထိ ပြောပြီးချိန်မှာပဲ ထန်ယာ့ရဲ့မျက်နှာပေါ်မှာ မျက်ရည်တွေက စီးကျလို့လာခဲ့ပါတော့တယ်။

ဟို့ယွိဟောင်က ပြောလာခဲ့တယ်။

” ဆရာရှောင်ယာ့ ကျွန်တော်တို့ထန်မျိုးနွယ်ရဲ့ လက်နက်ပုန်းတွေက အဲ့ဒီ၀ိညာဥ်လက်နက်တွေကို တကယ်မယှဥ်နိုင်ဘူးလား ”

ထန်ယာ့က သက်ပြင်းချရင်း ပြောလာခဲ့ပါတယ်။ ​

” ပြောရမယ်ဆိုရင် တစ်ချို့နေရာတွေတော့ မယှဥ်နိုင်ဘူး နေလတိုက်က ငါတို့ဆီကိုယူလာခဲ့တဲ့ ၀ိညာဥ်လက်နက်တွေတင်မကပဲ သတ္ထုတွေအများကြီးလဲ ပါတယ်…အဲ့ဒီရှားပါးသတ္ထုတွေက ၀ိညာဥ်စွမ်းအားကို အများကြီးစည်းကူပေးနိုင်တဲ့အရာတွေကြီးပဲ ဒါကြောင့် ပုံမှန်ထက် သာလွန်ပြီး ကောင်းတဲ့၀ိညာဥ်လက်နက်တွေကို ထုတ်လုပ်ပေးနိုင်တယ်…စစ်ပွဲကြီးပြီးတဲ့နောက် နှစ်ထောင်ချီအတွင်းမှာပဲ အဲ့ဒီ၀ိညာဥ်လက်နက်တွေရဲ့ တိုးတက်မှုက အရမ်းကို မြန်ဆန်သွားခဲ့တာကြောင့် ငါတို့ထန်မျိုးနွယ်ရဲ့ လက်နက်တွေလဲ ရောင်းစရာစျေးကွက်တောင် မရှိတော့ဘူး…ဒါပေမယ့် တည်ထွင်းထုတ်လုပ်တဲ့ ဒီဇိုင်းပုံစံနဲ့ ပြိုင်ဘက်ကင်းတဲ့နေရာမှာတော့ လက်နက်ပုန်းတွေက ပိုပြီး သာလွန်တယ်လေ…ဒါ့အပြင် တစ်ချို့လက်နက်တွေရဲ့ ထက်ရှတဲ့နှုန်းထားက ၀ိညာဥ်လက်နက်တွေထက်ကို အများကြီးပိုပြီး သာလွန်တယ်…ဒါပေမယ့် အဲ့ဒီလက်နက်ပုန်းတွေကို ထုတ်လုပ်ဖို့လိုအပ်ချက်တွေကလဲ ရှုပ်ထွေးလွန်လှတယ် ”

ပေ့ပေ့က ထန်ယာ့ရဲ့ခေါင်းကို ပုတ်ပေးရင်း ပြောလာခဲ့ပါတယ်။

” ၀ိညာဥ်လက်နက်တွေ တိုးတက်လာတာက ငါတို့ထန်မျိုးနွယ်အတွက်တော့ တကယ်ကို ကြီးမားတဲ့ရိုက်ခတ်မှုကြီးပဲ ငါထန်ယာ့နဲ့ တွေ့တဲ့အချိန်တုန်းက ၀ိညာဥ်လက်နက်တွေထက် သူတို့ရဲ့လက်နက်ပုန်းတွေက ပိုသာတယ်လို့ ခေါင်းမာမာနဲ့ ယုံထားတုန်းပဲလေ ဒါပေမယ့် ငါတို့ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်နေရာတွေကို ၀ိညာဥ်လက်နက်တွေ အစားထိုးပြီး နေရာယူလာနိုင်တာက တခြားသူတွေအားလုံးရဲ့ လက်ခံမှုကြောင့်ပဲ ပထမဆုံးအနေနဲ့ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် သူတို့တွေကို လူအများက လက်ခံထားပြီးပြီ အထူးသဖြင့် ၀ိညာဥ်ပညာရှင်တွေမှာ တိုက်ခိုက်ရေးစွမ်းရည်မရှိကြတဲ့သူတွေက ၀ိညာဥ်လက်နက်တွေကို အဓိက အသုံးချကြတယ်…၀ိညာဥ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားပြီဆိုရင် သူတို့တွေက တိုက်ပွဲ၀ိညာဥ်ပညာရှင်အဖြစ် တခဏတာအတွင်းမှာ ပြောင်းလဲလို့သွားနိုင်တယ်လေ…ဒါ့အပြင် ၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး တိုက်ခိုက်ရုံပဲ ငါနဲ့ရှောင်ယာ့ ဒါကိုဆွေးနွေးပြီတဲ့နောက် ထန်မျိုးနွယ်က နည်းလမ်းဟောင်းတွေအတိုင်း ဆက်လုပ်မနေသင့်တာကို နားလည်သွားကြတယ်…ဒါ့အပြင် အပြင်လောကနဲ့လဲ သီးခြားမနေသင့်ဘူး…အကယ်၍ ငါတို့မျိုးနွယ်စုကို နောက်တစ်ကြိမ် ပြန်ပြီးတိုးတက် စည်ပင်ချင်တယ်ဆိုရင် ထန်မျိုးနွယ်တွေကို တည်ထောင်ချင်တယ်ဆိုရင် လျှို့၀ှက်လက်နက်ကို နားလည်ဖို့လိုရုံတင်မကပဲ ထုတ်လုပ်နည်းလမ်းတွေကိုလဲသိမှ လိုလိမ့်မယ်…ဒီလိုနည်းလမ်းနဲ့သာ ငါတို့ထန်မျိုးနွယ်က ပြန်လည်တိုးတက်လာနိုင်မှာ ငါတို့ထန်မျိုးနွယ်ရဲ့ တပည့်သားတစ်ယောက်ချင်းဆီတိုင်းကလဲ သိုင်းပညာ၀ိညာဥ်ကို ကျင့်ကြံနေတဲ့အချိန် ၀ိညာဥ်လက်နက်တွေကိုလဲ လေ့လာရမယ် ”

ဟို့ယွိဟောင်က ပြန်ဖြေလာခဲ့ပါတယ်။

” ဆရာရှောင်ယာ့နဲ့ ဆရာတူအစ်ကိုကြီး ၀ိညာဥ်လက်နက်တွေက ဒီလောက်သန်မာပြီးဆိုမှတော့ နေလနိုင်ငံက ကျွန်တော်တို့ကို ဘာလို့ရှုံးသွားရတာလဲ ”

ပေ့ပေ့က ပြုံးပြရင်း ပြန်ဖြေလာခဲ့ပါတယ်။

” ဘာကြောင့်လဲဆိုတော့ ၀ိညာဥ်လက်နက်တွေက သန်မာပေမဲ့ သူတို့ရဲ့ အသန်မာဆုံး၀ိညာဥ်လက်နက်ကတောင် သော့်လော့ပညာရှင်တွေကို ပြန်တိုက်ခိုက်နိုင်တဲ့စွမ်းရည်မရှိဘူးလေ…နှစ်ပေါင်းထောင်ချီကြာအောင် တိုးတက်အောင်လုပ်ပြီးတဲ့နောက် အရမ်းကို ထူးထူးခြားခြား အားကောင်းတဲ့၀ိညာဥ်လက်နက်တွေ ပေါ်လာခဲ့တယ်…အဲ့ဒီ၀ိညာဥ်လက်နက်တွေက သော့်လော့တွေကိုတောင် ခြိမ်းခြောက်နိုင်တယ်…ဒါပေမယ့် ၀ိညာဥ်လက်နက်တွေမှာ ကိစ္စကြီးတစ်ခုရှိနေတယ်မဟုတ်လား အသန်မာဆုံး၀ိညာဥ်လက်နက်ကို အသုံးချဖို့အတွက် သာလွန်ထူးချွန်တဲ့ ၀ိညာဥ်ပညာရှင်ကိုလိုအပ်တယ်…ဒါ့အပြင် စွမ်းအင်အပြည့်အ၀လဲ ထည့်သွင်းရဦးမယ်…လက်နက်တစ်ခုကို အသုံးချဖို့အတွက် သင့်တော်တဲ့စွမ်းအားသာ မရှိဘူးဆိုရင် လက်နက်ရဲ့အင်အားကလဲ အပြည့်အ၀ မပေါ်ထွက်နိုင်ဘူး…ဒါကြောင့် ငါတို့တိုက်ကြီးနှစ်တိုက် ပေါင်းစည်းတဲ့အချိန်မှာ စိတ်၀င်စားစရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာခဲ့တယ်…၀ိညာဥ်လက်နက်တွေကို ထုတ်လုပ်ဖို့အတွက် ငါတို့တွေက သင်ကြားနေသလို နေလနိုင်ငံတော်ရဲ့ လူတွေကလဲ သန်မာတဲ့ ၀ိညာဥ်ပညာရှင်တွေ ဖြစ်လာဖို့အကောင်းဆုံးကြိုးစားနေကြရတယ်…ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီအတွင်းမှာ ငါတို့တိုက်နှစ်တိုက်က လုံး၀ကို မျှချေညီနေခဲ့တာပဲ ”

ဟို့ယွိဟောင်လဲ နောက်ဆုံးမှာတော့ နားလည်သွားပါတော့တယ်။

ထန်ယာ့က မျက်ရည်တွေကိုသုတ်ပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့လက်ကိုဆွဲလိုက်ရင်း ပြောလာခဲ့တယ်။

” ယွိဟောင် အခုအချိန်မှာ နင်လုပ်ဖို့အရေးကြီးဆုံးအရာက ကျောင်းတော်ထဲမှာနေဖို့ပဲ ငါနဲ့ပေ့ပေ့ နှစ်ယောက်က တတိယနှစ်ကျောင်းသားတွေ ဖြစ်နေပြီး ဒါကြောင့် ငါ့ရဲ့နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းနဲ့ဆိုရင် စတုတ္ထနှစ်ကျောင်းသားတွေဖြစ်ဖို့ ပြဿနာမရှိတော့ဘူး…စတုတ္ထနှစ်ကျောင်းသားတွေ ဖြစ်လာပြီးဆိုရင် ထုတ်ပယ်တဲ့နှုန်းကလဲ တော်တော်လေးကို လျော့သွားတယ်…နောက်နှစ်အနည်းငယ်အတွင်းမှာ ငါတို့က အတွင်းနယ်မြေကို ၀င်ခွင့်ရပြီး အဲ့ဒီမှာသင်ကြားရလိမ့်မယ်…ဒါပေမယ့် နင်ကတော့ မတူဘူး ပထမနှစ်ကျောင်းတော်သားအဖြစ် ကျောင်းတော်ထဲ၀င်ရောက်မယ်ဆိုရင် ကြုံတွေ့ရမဲ့ပြိုင်ပွဲတွေက အရမ်းကို ပြင်းထန်လိမ့်မယ်….ဒါ့အပြင် ကျောင်းတော်ကလဲ သုံးလတစ်ကြိမ် ကျောင်းသားအသစ်တွေကို ခေါ်ယူတယ်…ပထမဆုံးအနေနဲ့ စမ်းသပ်စစ်ဆေးမှုကို အောင်မြင်တဲ့ကျောင်းတော်သားတွေသာ နေခွင့်ရှိမယ်…ငါတို့ထန်မျိုးနွယ်က ကျောင်းတော်သားတစ်ယောက်ကို ကျောင်းတော်ထဲထည့်သွင်းဖို့အတွက် အခွင့်အရေးရှိထားတယ်ဆိုပေမဲ့ ဆက်ပြီးနေနိုင်လား မနေနိုင်ဘူးလားဆိုတာက နင့်အပေါ်ပဲမူတည်လိမ့်မယ်…ဒါက ဘယ်သူမှကူညီနိုင်မှာ မဟုတ်ဘူး နားလည်လား ”

ဟို့ယွိဟောင်က လေးလေးနက်နက်ခေါင်းညိတ်ရင်းနဲ့ ပြောလိုက်ပါတယ်။

” ဆရာရှောင်ယာ့ သေချာပေါက် ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ် ဆရာနဲ့ ဆရာတူအစ်ကိုကြီးတို့ အင်အားနဲ့ဆိုရင် တကယ်ပဲ အခုအချိန်ထိ အတွင်းနယ်မြေရဲ့ ကျောင်းတော်သားတွေ ဖြစ်မလာသေးဘူးလား ”

ထန်ယာ့က ပြန်ဖြေလိုက်ပါတယ်။

” အတွင်းနယ်မြေကို ၀င်ဖို့က အပြောလွယ်ပေမဲ့ အလုပ်ခက်တယ်…ကျောင်းတော်ရဲ့စည်းမျဥ်းတွေက ဘယ်တုန်းကမှ မပြောင်းလဲဖူးဘူး အပြင်နယ်မြေကို ဖန်တီးထားတာက သိပ်မကြာသေးပေမဲ့ အဲ့ဒီလို ဖန်တီးထားတာက နိုင်ငံတော်သုံးခုရဲ့ တောင်းဆိုမှုကြောင့် ဖြစ်လာခဲ့တာ ဒါ့အပြင် ပါရမီရှိတဲ့သူတွေပိုပြီးလေ့လာနိုင်အောင် ဖန်တီးခဲ့တာပဲ အတွင်းနယ်မြေကို ၀င်နိုင်တဲ့ကျောင်းတော်သားတွေကသာ အမျက်ဒေါသကျောင်းတော်ရဲ့ တကယ်ကျောင်းတော်သားအစစ်တွေလို့ သတ်မှတ်လို့ရနိုင်တယ်…အတွင်းနယ်မြေထဲမှာ သင်ကြားခွင့်ရတဲ့သူတွေအားလုံးက ပါရမီရှင်တွေနဲ့ မိစ္ဆာဆန်ဆန်ပါရမီရှင်တွေကြီးပဲ တစ်ချို့သူတွေကတော့ လုံး၀မိစ္ဆာကြီးတွေလို့ပြောလို့ရနိုင်တယ်…အပြင်နယ်မြေရဲ့ ကျောင်းတော်သားတွေက ခြောက်နှစ်တိတိအပြင်နယ်မြေမှာ နေထိုင်ပြီရင်း စမ်းသပ်ချက်တစ်ခုကို ဖြတ်သန်းရမယ်…စမ်းသပ်ချက်ကို ဖြတ်သန်းပြီမှသာ အသိအမှတ်ပြုလက်မှတ်ကို ရနိုင်လိမ့်မယ်…အထူးချွန်ဆုံးသူတွေကသာ အဲ့ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်ပြီး အရေအတွက်ကလဲ နည်းပါးလွန်တဲ့အပြင် အတွင်းနယ်မြေကို ၀င်ရောက်ဖို့ စာမေးပွဲဖြေခွင့်လဲ ရကြတယ်…စမ်းသပ်ချက်ကိုအောင်မြင်ပြီးတဲ့သူတွေကပဲ အတွင်းနယ်မြေမှာ သင်ကြားခွင့်ရရုံတင်မကဘူး သင်ကြားတဲ့အချိန်ကလဲ ခြောက်နှစ်တိတိကြာမြင့်တယ်…အတွင်းနယ်မြေကနေ သင်ကြားမှုတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တဲ့သူက ၀ိညာဥ်ဧကရာဇ်ပညာရှင်အဆင့်တွေကြီးပဲ ဒါ့အပြင် အဲ့ဒါက အနှိမ့်ဆုံးအဆင့်သတ်မှတ်ထားတာ နိုင်ငံပေါင်းစုံက သူတို့ကို အကောင်းဆုံးဆက်ဆံကြရုံတင်မကဘူး နေလနိုင်ငံတော်ကတောင် သူတို့ကို လေးစားကြရတယ် ”

” အံ့ဩစရာကောင်းလိုက်တာ ”

ဟို့ယွိဟောင်က ဒါကိုကြားချိန်မှာ စိတ်နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ရှားရိုက်ခတ်လာပါတော့တယ်။ တစ်နေ့မှာ အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းနယ်မြေကနေ အသိအမှတ်ပြုမှုရရှိတဲ့ ကျောင်းတော်သားတစ်ယောက် ဖြစ်လာစေရမယ်လို့ စိတ်ထဲမှာ သူ့ကိုယ်သူတွေးနေခဲ့ပါတယ်။ ဒါမှသာ မြို့စားအိမ်တော်ကိုပြန်ပြီး သူ့အမေရဲ့အရိုးပြာတွေကို ပြန်တောင်းနိုင်မှာပါ။ သူ့အမေလဲ အေးအေးဆေးဆေးအနိုင်ယူနိုင်ပါပြီး ဒီအကြောင်းကို တွေးမိရုံနဲ့တင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပါတော့တယ်။

ပေ့ပေ့ကလဲ အလေးအနက်ပြောလာခဲ့တယ်။

” အံ့ဩစရာကောင်းတာထက်ကို ပိုတဲ့ကိစ္စတွေ ရှိသေးတယ်…အတွင်းနယ်မြေရဲ့ အထက်ပိုင်းကျောင်းတော်သားတစ်ယောက်ကို ငါမြင်ဖူးတယ်…သူက မဟာကြယ်တာရာသစ်တောထဲကို တစ်ယောက်ထဲ၀င်ပြီး လက်ဗလာနဲ့ နှစ်တစ်သောင်းသားရဲကောင် သုံးကောင်ကို အနိုင်ယူခဲ့ဘူးတယ်…ဒါ့အပြင် သူ့သတ်လဲမသတ်ခဲ့ဘူး အဲ့ဒီသားရဲကောင်သုံးကောင်ကို ကျောင်းတော်ဆီပြန်ခေါ်လာတယ်…ဒါက သူရဲ့ဆယ့်နှစ်သင်ကြားမှုအတွက် ဖြတ်ကျော်ရတဲ့ စာမေးပွဲတဲ့ ”

ထန်ယာ့က ဆက်ပြီးပြောပြန်ပါတယ်။

” ဒါ့အပြင် အထက်ကျောင်းတော်သားထဲမှာ ဆယ့်နှစ်နှစ်မြောက် ကျောင်းတော်သားကို ငါသတင်းကြားဖူးတယ်..
သူက အသိအမှတ်ပြုပြီး ဘွဲ့ရတဲ့အချိန်မှာ ၀ိညာဥ်သူတော်စင်အဆင့်ကို ရောက်ရှိနေပြီတဲ့ ဒါ့အပြင် နှစ်ပေါင်းတစ်သိန်း၀ိညာဥ်စက်ကွင်းကို ပိုင်ဆိုင်တယ်လို့တောင် ကြားဖူးတယ်…အဲ့ဒီသူက ကျောင်းတော်ထဲမှာ ဆက်နေပြီး နောက်နှစ်မှာဆိုရင် ကျောင်းတော်ရဲ့နောက်ထပ် ကျောင်းအုပ်အသစ်အဖြစ် မွေးမြူးခံရမယ်တဲ့ ”

သူတို့ရှင်းပြချက်ကိုကြားချိန်မှာ ဟို့ယွိဟောင်က ပိုပြီး စိတ်မရှည်လက်မရှည် ဖြစ်လာပါတော့တယ်။ ပေ့ပေ့နဲ့ ထန်ယာ့တို့နှစ်ယောက် သူ့ကိုပြောပြတာတွေကြောင့် ရက်အနည်းငယ်အတွင်းမှာပဲ အများကြီးအသိပညာရရှိနေပါပြီးပြီ အမျက်ဒေါသကျောင်းတော်က သူ့အတွက် လုံး၀ကို အကောင်းဆုံးရွေးချယ်မှုပါပဲ။ ဒါကြောင့် သူ့ဘာသာသူ တိတ်တဆိတ် ကျိန်ဆိုလိုက်ပါတယ်။ ဘယ်လောက်ပဲ ကြိုးစားဖို့လိုပါစေ သေချာပေါက် အပြင်နယ်မြေမှာ လုံး၀ကျန်ရှိနေရမယ်။ အတွင်းနယ်မြေထဲကို သေချာပေါက် ၀င်နိုင်စေရမယ်။

အပိုင်း ၆•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset