Switch Mode

Chapter – 123.2

အမှောင်ထုနတ်မီးငှက်အသွင်ပြောင်းခြင်း

အပိုင်း ၁၂၃•၂

” အမှောင်ထုနတ်မီးငှက်အသွင်ပြောင်းခြင်း ”
°°°
မာရှောင်ထောင့်က သူ့ရဲ့မီးလျှံတွေကို နောက်ထပ်မထိန်းချုပ်နိုင်တော့ပါဘူး။ သူလုပ်ချင်တယ်ဆိုရင်တောင် လုပ်မရပဲဖြစ်နေခဲ့တယ်။ အပြင်ဘက်ကရှိနေတဲ့ အလင်းရဲ့အရှိန်အ၀ါက သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အမှောင်ထုမီးလျှံတွေနဲ့ စတင်တိုက်ခိုက်ပြီ မီးတွေကိုငြိမ်သက်နေခဲ့ပါတော့တယ်။ မိစ္ဆာမီးလျှံရဲ့ နတ်မီးငှက်တွေက သူမရဲ့ခန္ဓာကိုယ်ထဲမှာ အမှောင်ထုက ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ မာရှောင်ထောင့်ရဲ့ ခန္ဓာကိုယ်က ပျက်စီးပြိုကွဲတော့မဲ့အခြေအနေအစွန်းအစအထိကို ရောက်လာပါတော့တယ်။

မိစ္ဆာအရှိန်အ၀ါတွေဆိုတာက အမှောင်ထုရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ပြန်လည်ရှင်သန်ထမြောက်မှုဓားက သူ့မအပေါ်မှာ သက်ရောက်မှုရှိလာချိန်မှာတော့ သာမန်၀ိညာဥ်ပညာရှင်တွေကို တိုက်ခိုက်ချိန်ထက် အများကြီးပိုပြီး ကျော်လွန်နေခဲ့ပါတယ်။ မူလတုန်းက မီးလျှံလိုတောက်ပနေတဲ့ မျက်၀န်းကနေ ချက်ချင်းဆိုသလို မှောင်မိုက်လို့သွားခဲ့ပါပြီ။

ဒါက အဆုံးသတ်လား သူမရှုံးနှိမ့်တော့မှာလား။ အမျက်ဒေါသကျောင်းတော်ကရော ရှုံးနှိမ့်တော့မှာလား။ အမျက်ဒေါသကျောင်းတော်ရဲ့ဂုဏ်ကျက်သရေက ဒီနေရာမှာ အဆုံးအဖြတ်ဖြစ်လာတော့မှာပါ။

မာရှောင်ထောင့်က အရမ်းကို ဒေါသတကြီးဖြစ်နေခဲ့ပါပြီ။ မကျေနပ်မှုတွေကလဲ အပြည့်ပါပဲ။ ကျန်းနန်နန် ရှုစန်းရှီ ပေ့ပေ့နဲ့ လင်းလော့ချန်တို့အားလုံးက အနိုင်ယူခံလိုက်ရပါတယ်။ ထိုက်ယွဲ့ဟန်တောင်မှ ပြိုင်ဘက်ရဲ့အဆိပ်ကြောင့်ဆက်ပြီ မတိုက်ခိုက်နိုင်တော့ပဲ ရှုံးနှိမ့်သွားခဲ့ရပါတယ်။ သူတို့တွေက အမျက်ဒေါသကျောင်းတော်အနိုင်ရဖို့အတွက် အရာအားလုံးကို စတေးထားခဲ့တာပါ။ ကျောင်းတော်အတွက် သူတို့ရဲ့အသက်ကိုတောင် ရင်းထားခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ သူမကဒီလိုမျိုး ရန်သူတွေရဲ့ရှေ့မှာလဲကျသွားလို့ဖြစ်မှာလား။

” စီရင်ချက်ချတာတဲ့ ဘယ်လိုစီရင်ချက်ချတာလဲ ငါလုံး၀မကျေနပ်ဘူး…ဒီလောကမှာငါ့ကို စီရင်ချက်ချပြီ အကဲဖြတ်နိုင်တဲ့တစ်စုံတစ်ရာရှိမယ်ဆိုတာ ငါမယုံကြည်ဘူး ”

မာရှောင်ထောင့်ရဲ့ ရှင်သန်လိုစိတ်က အရမ်းကိုပြင်းပြပါတယ်။ သူမရဲ့ပြင်းပြလွန်လှတဲ့မကျေနပ်မှုတွေနဲ့ ပေါင်းစည်းလိုက်ချိန်မှာကတော့ ရှင်သန်လိုစိတ်ကပိုပြီး တိုးထွက်လို့လာခဲ့ပါပြီ။

အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းအုပ်နေရာကို ဆက်ခံရမဲ့အမွေဆက်ခံရသူဖြစ်ရတဲ့ မာရှောင်ထောင့်က သူ့ရဲ့အသက်အရွယ်ပိုင်းခြားမှာ အတော်ဆုံးကျောင်းသားတစ်ယောက်ပါ။ သူ့ရဲ့သက်တူရွယ်တူတွေထဲမှာ ယှဥ်ပြိုင်နိုင်သူက ဘယ်သူမှရှိမနေခဲ့ပါဘူး။ ကျောင်းတော်ရဲ့အနာဂတ်ရည်မှန်းချက်လဲ ဖြစ်နေခဲ့ပါသေးတယ်။ သူမအရည်အချင်း ပါရမီနဲ့ဆိုရင် အသက်နှစ်ဆယ်တစ်မတိုင်ခင်မှာ ၀ိညာဥ်သူတော်စင်အဆင့်ကို ရောက်ရှိနိုင်တဲ့ ကျောင်းတော်ရဲ့သမိုင်းကြီးလဲ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် သူမရဲ့မိစ္ဆာမီးတွေကို ဆက်တိုက်ဆိုသလို ဖိနှိမ့်နေခဲ့ရတာကြောင့် နှမြောစရာကောင်းလောက်အောင်ပဲ နှောင့်နှေးလို့နေခဲ့ရပါတယ်။ ဒါကြောင့်သာ အသက်နှစ်ဆယ်တစ်မှာ ၀ိညာဥ်သူတော်စင်ဖြစ်မယ်ဆိုတဲ့ကိစ္စကို မအောင်မြင်နိုင်ခဲ့ပါဘူး။

ချက်ချင်းဆိုသလို ဖိနှိမ့်မှုတွေအားလုံးက ဒီအချိန်မှာ ပျောက်ကွယ်သွားပါတော့တယ်။ သူမရဲ့ သိုင်းပညာ၀ိညာဥ်ကလဲ ဒီဖိအားတွေနဲ့ သန့်စင်မှုကြောင့် စတင်အပြောင်းအလဲစတင်ဖြစ်ပေါ်လာခဲ့ပါပြီ။

နတ်မီးငှက်ဆိုတာက ငှက်တွေအားလုံးရဲ့ဘုရင်ပါပဲ။ အင်အားကြီးတဲ့ နဂါးတွေနဲ့အတူတူ မွေးဖွားလာခဲ့ပြီ အဆင့်အတန်းလဲ အတူတူရှိနေခဲ့ပါတယ်။ နတ်မီးငှက်တွေထဲမှာ နတ်မီးငှက်မီးလျှံက အသန့်စင်ဆုံးသွေးဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေ ဒီလိုအလွန်အမင်သန့်စင်တဲ့သွေးသားကို ပိုင်ဆိုင်ထားတာမဟုတ်ပါဘူး။

မာရှောင်ထောင့်ရဲ့ ခန္ဓာကိုယ်ထဲမှာလဲ နတ်မီးငှက်ရဲ့သွေးတွေရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့သွေးကမသန့်စင်တော့ပါဘူး။ သူမရဲ့ခန္ဓာကိုယ်ထဲမှာ တည်ရှိနေတဲ့မိစ္ဆာစွမ်းအားကြောင့် စစ်မှန်တဲ့မီးလျှံနတ်မီးငှက် ဘယ်တော့မှာဖြစ်မလာနိုင်တာ အသေအချာကြီးပါပဲ။

ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေက ရုတ်တရက်ပြောင်းလဲသွားပါတော့တယ်။ အမှောင်ထုနတ်မီးငှက်ရဲ့ ကြမ်းတမ်းမှုတွေနဲ့ သီခြားဆန်လွန်တဲ့ အရှိန်အ၀ါတွေအဖြစ်ကို အသွင်ပြောင်းသွားခဲ့ပါပြီ။ ဒီနတ်မီးငှက်ရဲ့ တစ်ခုတည်သောရည်ရွယ်ချက်ကတော့ ဖျက်ဆီးမှုနဲ့ အရာအားလုံးကို မွှေနှောက်ပြစ်ဖို့ပါပဲ။ ဒါကလဲ မီးလျှံနတ်မီးငှက်ရဲ့မကောင်းတဲ့ဘက်ခြမ်းဖြစ်နေခဲ့ပါတယ်။ နတ်မီးငှက်က လောကကြီးရဲ့ သိုင်းပညာ၀ိညာဥ်တွေထဲမှာ ပထမဆုံးအဖြစ် ပေါ်ထွက်လို့လာခဲ့ပါပြီ။

ကြည်လင်ပြီ မာကျောတဲ့နတ်မီးငှက်အော်သံက မာရှောင်ထောင့်ရဲ့လည်ချောင်းထဲကနေ အပြင်ဘက်ကို လျှံထွက်လို့လာခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ကြီးမားတဲ့ရွှေရောင်အလင်းတန်းဓားသွားကြီးက သူမဆီကို ရောက်ရှိလို့လာပါပြီ။ ရွှေရောင်အလင်းတန်းတွေနဲ့ ထိတွေ့ချိန်မှာ အနက်ရောင်မီးလျှံတွေက ခပ်မြန်မြန်ငြိမ်သက်လို့သွားပါတယ်။ ဒီဓားရဲ့ခုတ်ချက်နဲ့အတူ ပြိုင်ပွဲကလဲ အဆုံးသတ်သွားမဲ့ပုံစံရှိနေခဲ့တာကြောင့် ကောင်းကင်ရန်သူတော်သော့်လော့က မာရှောင်ထောင့်ဆီ ကျရောက်လာတော့မဲ့ဓားချက်ကို သေချာပေါက် ၀င်တားရမှာပါ။

ဒါပေမယ့် မာရှောင်ထောင့်ရဲ့ကိုယ်ပေါ်မှာရှိနေခဲ့တဲ့ အနက်ရောင်မီးလျှံတွေက ခပ်မြန်မြန်ပဲ ဝေ၀ါးလို့သွားခဲ့ပြီ သူမရဲ့ဘေးဘက်မှာစတင်စုစည်းလာတော့တယ်။ အဲ့ဒီနောက် သူမရဲ့ အနောက်ဖက်မှာကြီးမားတဲ့ပုံရိပ်ယောင်ကြီးတစ်ခုက ပေါ်ထွက်လာခဲ့ပါပြီ။ တစ်ကိုယ်လုံးမှောင်မိုက်နေခဲ့တဲ့ နတ်မီးငှက်က မူလမိစ္ဆာမီးလျှံငှက်ထက် အများကြီးပိုပြီးသေးငယ်ပါတယ်။ ဒါပေမယ့် သူ့မရဲ့ကြောက်စရာကောင်းလွန်လှတဲ့ အရှိန်အ၀ါတွေက ပိုမိုအားကောင်းလို့နေခဲ့ပါပြီ။ လုံး၀ကိုမဲမှောင်နေတဲ့အပြင် နက်ရှိုင်းလွန်လှတဲ့ ခရမ်းရောင်တောက်တောက်မျက်လုံးတွေက ရူးသွပ်မှုတွေ အထီးကျန်မှုတွေနဲ့ ပြည့်နှက်လို့နေခဲ့ပါတယ်။

” မကောင်းတော့ဘူး ရှောင်ထောင့်ပြောင်းလဲသွားပြီ ”

အကြီးအကဲရွှမ်က ရုတ်တရက်ထရပ်ပါတော့တယ်။ သူလဲအတော်လေး စိတ်ဖိစီးနေပုံပါပဲ။ သူ့ရဲ့အတွေ့အကြုံနဲ့တောင်မှ မာရှောင်ထောင့်ရဲ့အပြောင်းအလဲတွေက ကောင်းမှန်ဆိုးမှန်းကို မသိနိုင်တော့ပါဘူး။

မှောင်မိုက်တဲ့မီးလျှံတွေက မာရှောင်ထောင့်ရဲ့အနောက်ဖက်မှာ တောင်ပံတစ်စုံအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ သူမရဲ့ခန္ဓာကိုယ်က လေထဲကိုထိုးတက်လို့သွားခဲ့ပြီ ပြန်လည်ရှင်သန်ထမြောက်မှုဓားကို ခုန်ရှောင်လိုက်တယ်။

ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မာယုလုံ မျက်လုံးအပြူးသားဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့အသက်စွမ်းအားကိုတောင် သူအများကြီးအသုံးချပြီးပါပြီ။ အကယ်၍ မာရှောင်ထောင့်ကို အမြန်ဆုံးမဖယ်ရှားနိုင်ဘူးဆိုရင် သူ့ရဲ့ဓားကိုလဲဆက်အသုံးပြုလို့မရတော့ပါဘူး။ ဒီလိုဆိုးကျိုးက သူ့ရဲ့ကျင့်ကြံမှုတစ်နှစ်စာကို ပျက်စီးသွားစေပါလိမ့်မယ်။

မာရှောင်ထောင့်ကတော့ ခေါင်းမော့ရင်းလေထဲမှာဖယ်ရှားလို့နေခဲ့ပါပြီ။ သူမရဲ့ တောက်ပနီရဲတဲ့ဆံပင်တွေ အခုအချိန်မှာလုံး၀ကို အနက်ရောင်ကို ပြောင်းလဲသွားပါတော့တယ်။

မာရှောင်ထောင့်က နာနာကျင်ကျင်အော်ဟစ်ရင်းနဲ့ မျက်လုံးကိုဖွင့်လိုက်ချိန်မှာတော့ ခရမ်းရောင်အလင်းတန်းတွေကလဲ အစားထိုး၀င်ရောက်လာခဲ့ပါတယ်။ ကြောက်စရာအရှိန်အ၀ါတွေက သူမရဲ့အနက်ရောင်မီးလျှံတွေနဲ့အတူထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် သူမရဲ့ဘေးဖက်မှာရူးသွပ်နေတဲ့ ကျားတစ်ကောင်ရဲ့အော်သံနဲ့အတူ ကြီးမားတဲ့အ၀ါရောင်ဓားကြီးတစ်လက်က ထွက်ပေါ်လာတော့တယ်။ အဲ့ဒီဓားကြီးက ပြန်လည်ရှင်သန်ထမြောက်မှုဓားကို ဘေးကနေခုတ်ချလိုက်ပြီ ကျယ်လောင်တဲ့တ၀ုန်း၀ုန်းမြည်သံတွေကလဲ ပဲ့တင်ထပ်လာခဲ့ပါတယ်။

မာယုလုံရဲ့ ​ပြန်လည်ရှင်သန်ထမြောက်မှုဓားကနေရာမှာတင် ရပ်တန့်လို့သွားခဲ့ပါပြီ။ မာရှောင်ထောင့်ကတော့ တူညီစွာပဲ ဓားကြီးကို သူ့လက်ထဲမှာကိုင်ထားခဲ့ပါတယ်။ ဒီဓားက ထိုက်ယွဲ့ဟန်ပေးခဲ့တဲ့ လက်စွပ်ထဲမှာ သိမ်းဆည်းထားခဲ့တာပါ။ အဆင့်ရှစ်နီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်ဖြစ်တဲ့ ဧကရာဇ်ကျား၀ိညာဥ်ဓားပါပဲ။ သူတို့တွေက အဲ့ဒါကိုထိပ်တန်းအဆင့် လေလံပွဲထဲမှာ ရရှိတာဖြစ်နေခဲ့တယ်။ ဒီ၀ိညာဥ်ဓားက လေးပေခွဲကျော်ရှည်လျားပါတယ်။ ဒါ့အပြင် အထူကလဲ တစ်လက်မအထိရှိပြီ ဓားကောက်ပုံသဏ္ဍာန်ဖြစ်နေခဲ့တာပါ။ ဓားရဲ့လက်ကိုင်ကတော့ အရိုးတွေနဲ့ပြုလုပ်ထားပြီ အတော်ကို ကျယ်ပြန့်ပါတယ်။ ဒါ့အပြင် အဆုံးဖက်မှာကတော့ ကျားခေါင်းပုံသဏ္ဍာန်ထွင်းထုထားတာ တစ်ခုရှိနေခဲ့တယ်။

အရည်အသွေးအရ ဒီဓားက ပြန်လည်ရှင်သန်ထမြောက်မှုဓားနဲ့ ယှဥ်လို့မရပါဘူး။ ဒါ့အပြင် သူ့ရဲ့ အင်အားကိုအသုံးချနိုင်ဖို့အနည်းဆုံး၀ိညာဥ်သူတော်စင်အဆင့်ရောက်နေဖို့လိုပါတယ်။

ဒါပေမယ့် လက်စွပ်ကိုလက်ခံလိုက်ချိန်ကထဲက ထိုက်ယွဲ့ဟန်ရဲ့ အကြံကို မာရှောင်ထောင့်နားလည်ခဲ့တယ်။ အကယ်၍ သူမသာ သူမရဲ့နတ်မီးငှက်မီးလျှံတွေကို စွမ်းအားမြင့်လိုက်မယ်ဆိုရင် ဒီဓားနဲ့အချက်အနည်းငယ်လောက် တိုက်ခိုက်နိုင်မှန်း သိနေခဲ့ပါပြီ။

ဒါပေမယ့် အခုလိုအခြေအနေမျိုးမှာ ၀ိညာဥ်ဓားကိုသုံးနိုင်မယ်လို့ မတွေးထားခဲ့မိပါဘူး။ သူမက အမှောင်ထုနတ်မီးငှက်အဖြစ်ကို ပြောင်းလဲသွားပြီဖြစ်တာကြောင့် အရာအားလုံးက ကွာခြားသွားပါတော့တယ်။ အဆုံးမဲ့တဲ့ကြမ်းတမ်းရက်စက်မှုတွေက သူမရဲ့နှလုံးသားထဲမှာ မုန်တ်ိုင်းထန်နေခဲ့ပြီ ကြောက်စရာကောင်းတဲ့အရှိန်အ၀ါတွေကလဲ အပြင်ကိုလျှံထွက်လို့နေခဲ့ပါတယ်။ ကျားဧကရာဇ်ဓားက အဆင့်ခုနှစ်ကန့်သတ်ချက်ရှိနေခဲ့ပေမဲ့ သူမကို မတားဆီးနိုင်တော့ပါဘူး။

၀ိညာဥ်ဓားကိုကိုင်ထားခဲ့ရင်း အနက်ရောင်မီးလျှံတွေက ဓားထဲကိုဆက်တိုက်၀င်ရောက်နေခဲ့ပါတယ်။ မာရှောင်ထောင့်က နောက်တစ်ကြိမ်အော်ဟစ်လိုက်ရင်း သူမရဲ့အနောက်ဖက်မှာရှိတဲ့ နတ်မီးငှက်က သူ့ရဲ့ဓားနဲ့ပေါင်းစည်းလို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ဓားလက်ကိုင်ကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီ သူမရဲ့ခန္ဓာကိုယ်ကို လေထဲမှာတစ်ပတ်လှည့်လိုက်ရင်း ဓားနဲ့ခုတ်ချပြစ်လိုက်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ မာယုလုံလဲ မခုခံနိုင်တော့ဘူး။ သူ့ရဲ့ကျင့်ကြံဆင့်က သူမရဲ့အောက်ဖက်မှာရှိနေခဲ့ပါတယ်။ ဒါ့အပြင် ပြန်လည်ရှင်သန်ထမြောက်ရေးဓားကို အသုံးပြုဖို့သူအများကြီးပေးဆပ်ထားခဲ့တာပါ။ ၀ိညာဥ်ဓားရဲ့ တိုက်ခိုက်မှုက သူ့ရဲ့သုံးထားသမျှစွမ်းအားအားလုံးကို ဖျက်ဆီးချေလုမတတ်ဖြစ်သွားခဲ့ပါတယ်။

မာရှောင်ထောင့် နောက်တစ်ကြိမ် တိုက်ခိုက်ချိန်မှာကတော့ ပြန်လည်ရှင်သန်ထမြောက်မှုဓားက သူ့လက်ထဲကနေ လွှင့်ထွက်လို့သွားခဲ့ပါပြီ။ ကြီးမားတဲ့ ၀ိညာဥ်ဓားကြီးက သူ့ခန္ဓာကိုယ်ပေါ် အနက်ရောင်အလင်းတန်းတွေနဲ့အတူ ရောက်ရှိလို့လာပါတော့တယ်။

မပျက်သုန်းအတားအဆီးကလဲ ဒီတစ်ကြိမ်မှာတောက်ပလို့လာခဲ့တယ်။ ဒါပေမယ့် လန့်စရာကောင်းလွန်တဲ့တစ်စုံတစ်ရာကတော့ဖြစ်ပေါ်လာခဲ့ပါပြီ။ ပထမဆုံးတစ်စက္ကန့်မှာတင် မပျက်သုန်းအတားအဆီးက ဖျက်ဆီးခံလိုက်ရပါတော့တယ်။ မာယုလုံရဲ့ခန္ဓာကိုယ်က နောက်ကိုလွှင့်ထွက်လို့သွားခဲ့ပြီ ပြိုင်ပွဲစင်မြင့်ရဲ့ အတားအဆီးနံရံနဲ့ ပြင်းပြင်းထန်ထန် ရိုက်ခတ်မိပါတော့တယ်။

မာရှောင်ထောင့်က သူ့ရဲ့ ဓားကိုနောက်တစ်ကြိမ် ဝှေ့ရမ်းလိုက်ရင်း ရှောင်ရှဖုန်းဆီကို ပြေး၀င်သွားခဲ့ပါတယ်။

ရှောင်ရှဖုန်းကတော့ မာရှောင်ထောင့်အသွင်ပြောင်းပြီတဲ့နောက် တိုက်ခိုက်မှုကို ခုခံဖို့အတွက် ကြိုးစားနေဆဲပါ။ ဒါပေမယ့် သူ့ရဲ့အဆင့်ငါး၀ိညာဥ်လက်နက်တွေအားလုံးက အသုံးမ၀င်တော့တာကို ရှာဖွေတွေ့ရှိသွားချိန်မှာတော့ အရမ်းကို ထိတ်လန့်သွားခဲ့ရပါတယ်။ မာရှောင်ထောင့်ရဲ့ အနက်ရောင်မီးလျှံတွေရဲ့အောက်မှာ သူ့ရဲ့၀ိညာဥ်ခံတပ်ကသုံးစားမရတော့ပါဘူး။ ဒါ့အပြင် ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမှ မခုခံနိုင်လောက်တဲ့အခြေအနေ ဖြစ်သွားပါတော့တယ်။

မာယုလုံနဲ့ ရှောင်ရှဖုန်းတို့ရဲ့ အစီအစဥ်က ရှောင်ရှဖုန်းကိုအသုံးချပြီ မာရှောင်ထောင့်ကို ထိန်းထားရမှာပါ။ မာယုလုံကတော့ တိုက်ခိုက်ပါလိမ့်မယ်။

ပြန်လည်ရှင်သန်ထမြောက်ရေးဓားက အဆင့်ရှစ်၀ိညာဥ်လက်နက်ဖြစ်သလို အဆင့်ကိုး၀ိညာဥ်လက်နက်နီးပါးလဲအစွမ်းထက်ပါတယ်။ ဒါ့အပြင် အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်တစ်ခုပါ။ ၀ိညာဥ်သူတော်စင်တွေပဲဖြစ်ဖြစ် ၀ိညာဥ်သော့်လော့တွေပဲဖြစ်ဖြစ် ဒီဓားရဲ့အောက်မှာ အင်မတန်ကို ဖိနှိမ့်ခံရနိုင်ပါတယ်။ အခုအချိန်မှာတော့ အဆင့်ခြောက်ဆယ်ကိုး၀ိညာဥ်ဧကရာဇ်တစ်ယောက်ကို သူတို့တိုက်ခိုက်မယ်ဆိုရင် လုံး၀အပြတ်အသတ်အနိုင်ရမယ်လို့ ခန့်မှန်းထားခဲ့တာပါ။

ဒီ၀ိညာဥ်လက်နက်က ပြိုင်ပွဲတစ်ခုလုံးမှာ အင်အားအကြီးဆုံးပါပဲ။ အဖွဲ့လိုက်ပွဲစဥ်မှာတောင် ဒါကိုထုတ်မသုံးခဲ့ပဲ အခြေအနေတွေကို ပြောင်းပြန်လှန်ပြစ်ဖို့အတွက် ပြင်ဆင်ထားခဲ့တာပါ။

ဒါပေမယ့် ဒီအင်အားကြီးတဲ့ ၀ိညာဥ်လက်နက်က မာရှောင်ထောင့်ကို အသွင်ပြောင်းစေပြီ သူမကို ပိုမိုအားကောင်းလာစေမယ်လို့ ဘယ်သူများတွေးမိမှာလဲ။ သူမက လက်ရှိအချိန်မှာ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေခဲ့ပါပြီ။

အနက်ရောင်မီးလျှံတွေက အားကောင်းလွန်လှတဲ့မာရှောင်ထောင့်ရဲ့ ၀ိညာဥ်စက်ကွင်းတွေက မြင်တောင်မမြင်ရတော့ပါဘူး။ ကြီးမားတဲ့အနက်ရောင်ဓားသွားကြီးက ကောင်းကင်ကနေ ဆင်းသက်လာရင်း ရှောင်ရှဖုန်းဆီကိုရောက်ရှိလာပါတယ်။ သူက မခုခံနိုင်တော့ကြောင့် ခုန်ရှောင်ဖို့ဆိုတာ ပိုလို့မဖြစ်နိုင်ပါဘူး။

အနက်ရောင်မီးလျှံတွေက ရှိရှိသမျှ အလင်းတန်းတွေအားလုံးကို ၀ါးမြိုလိုက်ပါတယ်။ စင်ကြီးတစ်ခုလုံး နှစ်ခြမ်းကွဲထွက်မတတ်ဖြစ်နေခဲ့ပါပြီ။

ရှောင်ရှဖုန်းရဲ့ အရှေ့မှာ ကြယ်တာရာအလင်းတန်းတွေက ထွက်ပေါ်လာပါတော့တယ်။ ကောင်းကင်ရန်သူတော်သော့်လော့က အဲ့ဒီနေရာကို ရောက်ရှိလာခဲ့ပါပြီ။ ငါးထောင်ကြယ်တစ်ခုက ဒိုင်းကာအသွင်နဲ့ပေါ်လာခဲ့ပြီဓားကိုခုခံလိုက်ပါတယ်။

အနက်ရောင်မီးလျှံတွေက ချက်ချင်းပြိုကွဲလို့သွားခဲ့ပြီ နေရာတစ်ခုလုံးကို ဖုံးလွှမ်းလို့သွားပါတယ်။ အနက်ရောင်မီးလျှံတွေ မြေပြင်ပေါ်ကို ကျရောက်လာချိန်မှာတော့ နယ်မြေတစ်ခွင်လုံးက မီးပင်လယ်အဖြစ်ကို လောင်ကျွမ်းပါတော့တယ်။ ဒီနေရာမှာရှိရှိသမျှအရာအားလုံးက အရည်ပျော်ကျမတတ်ဖြစ်နေခဲ့ပါပြီ။

မာရှောင်ထောင့်ရဲ့ ခရမ်းရောင်အကြည့်တွေက ရှောင်ရှဖုန်းဆီကိုသာ ဦးတည်လို့နေခဲ့တယ်။ သူမက ဓားကိုလက်နှစ်ဖက်နဲ့ကိုင်ထားခဲ့ရင်း သူမရဲ့မျက်လုံးထဲကနေ ခရမ်းရောင်အလင်းတန်းတွေက ဖြာထွက်လာခဲ့ပါတယ်။ ကြောက်စရာအရှိန်အ၀ါတွေက နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လို့လာခဲ့ရင်း သူမဓားကြီးဆီကနေ ထိတ်လန့်ဖွယ်ရာအော်သံကြီးတစ်သံထွက်ပေါ်လာပါတော့တယ်။

” ရပ်လိုက် ပြိုင်ပွဲကပြီးသွားပြီ ”

၀မ်ချင်ရှုက မာရှောင်ထောင့်ကို လမ်းတစ်၀က်ကနေတားဆီးလိုက်ပါတယ်။ မာရှောင်ထောင့်ရဲ့ပတ်လည်မှာရှိနေတဲ့အနက်ရောင်မီးလျှံတွေက အနည်းငယ်အားနည်းလို့သွားခဲ့ပြီတဲ့နောက် သူမရဲ့ဓားတွေကို ဖြည်းဖြည်းချင်းအောက်ချလိုက်ပါပြီ။ ခရမ်းရောင်အလင်းတန်းတွေက သူမမျက်လုံးထဲမှာ တောက်ပနေဆဲဖြစ်ပေမဲ့ သူမက ကိုယ့်ကိုကိုယ် ထိန်းထားဆဲပါ။

၀မ်ချင်ရှုကတော့ ဘွဲ့အမည်ခံသော့်လော့တစ်ယောက်ဖြစ်နေတာတောင် ဒီအခြေအနေကိုမြင်ချိန်မှာ ထိတ်လန့်နေခဲ့ပါတယ်။ အဲ့ဒီနောက် ရှောင်ရှဖုန်းကို ကြယ်အလင်းတန်းတွေနဲ့ ခပ်မြန်မြန်ဖုံးလွှမ်းလို့ထားပြီ မာယုလုံဆီခေါ်သွားပါတော့တယ်။ အစောပိုင်းတုန်းက ဒိုင်းကာပျောက်ကွယ်လို့သွားချိန်မှာတော့ သူ့ရဲ့၀တ်ရုံပေါ်မှာ အပေါက်တွေအများကြီးဖြစ်နေတာကို မြင်တွေ့လိုက်ရပါတယ်။ သူ့ရဲ့ဆံပင်အပိုင်းအစတချို့တောင်မှ မီးကျွမ်းလို့သွားခဲ့ပါပြီ။

အပိုင်း ၁၂၃•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset