အပိုင်း ၁၂၂•၃
” ထိုက်ယွဲ့ဟန်ရဲ့ဆုံးဖြတ်ချက် ”
°°°
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပါတယ်။ သူတို့ရဲ့ စိတ်နှလုံးသားထဲမှာ စိတ်ဓာတ်ပြင်းပြမှုတွေက ဖြစ်ပေါ်လာခဲ့ပါပြီ။
” အမျက်ဒေါသကျောင်းတော် နိုင်ရမယ် ”
သူတို့တွေ တစ်ပြိုင်နက်ထဲအော်လိုက်ကြပါတယ်။ သူတို့ရဲ့အသံတွေက အက်ကွဲကြမ်းရှနေခဲ့ပေမဲ့ ရဲ၀ံ့မှုကတော့ အထင်သားပေါ်နေခဲ့ပါတယ်။ သူတို့တွေသေခြင်းတရားနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် နောက်ဆုတ်မှာမဟုတ်ပါဘူး။
၀မ်ယန်ကတော့ ဒါကိုမြင်ချိန်မှာ တခဏတာတွေဝေသွားခဲ့ပါတယ်။ ဒီအချိန်မှာ သူ့ရဲ့၀ိညာဥ်တောင် အခွံကနေအပြင်တောင်လျှံထွက်တော့မလိုဖြစ်နေခဲ့တယ်။ ဒီကလေးတွေက တကယ်ကိုချစ်စရာကောင်းလွန်လှပါတယ်။ သူ့ရဲ့လက်ရှိခံစားချက်ကို ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။
ဒါကြောင့် သူတို့ကိုကြည့်နေရင်းနဲ့ မျက်လုံးထဲကနေ မျက်ရည်တွေက စီးကျလာခဲ့ပါပြီ။ သုံးယောက်စလုံးကို သူဖက်လိုက်ပြီပြောပါတော့တယ်။
” ကလေးတို့ အားလုံးကမင်းတို့လက်ထဲမှာပဲ ”
အကြီးအကဲရွှမ်က ထိုင်နေဆဲပါ။ ဒါပေမယ့် လက်ရှိအချိန် သူ့ရဲ့ကြက်ပေါင်ကိုအောက်ချလိုက်ပြီ စောင့်နေခဲ့ပါတယ်။ တောက်ပတဲ့အလင်းတန်းတွေကလဲ သူ့ရဲ့မျက်လုံးထဲမှာ ဖြတ်ပြေးနေခဲ့တယ်။ ဒီကလေးတွေက အမျက်ဒေါသကျောင်းတော်ရဲ့ဂုဏ်သိက္ခာတွေဖြစ်ဖို့ ကံကြမ္မာဖန်လာတဲ့သူတွေပါ။ အဆုံးသတ်မှာ နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ ကိစ္စမရှိပါဘူး။ ကျောင်းတော်အတွက်ကြီးမားတဲ့ သမိုင်းမှတ်တမ်းကို ကျန်ရစ်ခဲ့မှာဖြစ်သလို ကျောင်းတော်ကလဲ သူတို့အတွက် အရမ်းဂုဏ်ယူနေမှာဖြစ်ပါတယ်။
” နှစ်ဖက်အဖွဲ့ စင်ပေါ်ကိုတက်ပါ ”
ကောင်းကင်ရန်သူတော်သော့်လော့ရဲ့အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပါတော့တယ်။ ကြယ်တာရာလော့ရင်ပြင်မှာတော့ ကြည့်ရှု့နေသူတွေအားလုံးက အရမ်းကိုတက်ကြွနေခဲ့ကြပြီ ဧကရာဇ်နဲ့ သူ့ရဲ့၀န်ကြီးတွေကတော့ လုံး၀ကိုတိတ်ဆိတ်နေခဲ့တယ်။ သူတို့အားလုံးက ဒီပြိုင်ပွဲကြီးတစ်ခုလုံးအတွက် စိတ်လှုပ်ရှားတယ်ဆိုတာကလွဲပြီ ဘာမှမပြောနိုင်တော့ပါဘူး။
အမျက်ဒေါသကျောင်းတော်နဲ့ နေလကျောင်းတော်နှစ်ခုစလုံးက လက်ရှိအချိန်မှာ စိတ်ပျက်အားလျော့မှုတွေကို ခံစားနေရတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဒီစိတ်ပျက်အားလျော့မှုတွေကပဲ လူတိုင်းရဲ့စိတ်ထဲက မျှော်လင့်နေခဲ့ရတဲ့ နောက်ဆုံးပွဲစဥ်ကိုရောက်ရှိစေခဲ့တာပါ။
အဖွဲ့လိုက်တိုက်ပွဲနဲ့ တစ်ယောက်ချင်းဆီတိုက်ပွဲထဲမှာ တစ်ပွဲဆီနိုင်ထားခဲ့တာကြောင့် အဆုံးအဖြတ်ပေးမှာကတော့ နှစ်ယောက်နှစ်ယောက် သုံးယောက်ဖြစ်နေခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်မှာက တိုက်ခိုက်နိုင်သူသုံးယောက်ရှိပြီ နေလကျောင်းတော်မှာက လေးယောက်ရှိပါတယ်။ လက်ရှိအချိန် နေလကျောင်းတော်ဖက်က အနိုင်ရနိုင်ချေပိုများနေခဲ့တယ်။ အမျက်ဒေါသကျောင်းတော်သာ ပထမနှစ်ပွဲမှာ အနိုင်မယူနိုင်ခဲ့ဘူးဆိုရင် နေလကျောင်းတော်က နိုင်သွားမှာပါ။ ဒါ့အပြင် နှစ်ပေါင်းထောင်ချိီအတွင်းမှာ ပထမဆုံးအနေနဲ့ ချန်ပီယံနေရာကနေ ဆင်းပေးရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ ယှဥ်ပြိုင်ဖို့လူအလုံအလောက်ရှိမနေတော့ကော သူတို့ပြိုင်ဘက်ကို မရင်ဆိုင်နိုင်ပဲနေရမှာလား။
၀မ်ယန် မျှော်လင့်ထားတဲ့အတိုင်း မာယုလုံနဲ့ ရှောင်ရှဖုန်းတို့နှစ်ယောက်က ထွက်လာခဲ့ပါတယ်။ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ကို သေချာပေါက် အချိန်ပေးပြီတော့ ကုသစေမှာပါ။
သူတို့သာ အနားယူဖို့အချိန်ကောင်းကောင်းရသွားခဲ့မယ်ဆိုရင် ပြည့်၀သွားပါလိမ့်မယ်။ မာရှောင်ထောင့်ကတော့ စင်ပေါ်ကိုတစ်ယောက်ထဲတက်လာတဲ့ သူဖြစ်နေခဲ့တယ်။
” မင်းတစ်ယောက်ထဲလား ”
ကောင်းကင်ရန်သူတော်သော့်လော့ကတော့ မာရှောင်ထောင့်ကို သံသယနဲ့ကြည့်နေခဲ့တယ်။
” ပထမအချီအတွက် ကျွန်မက ကျောင်းတော်ကိုကိုယ်စားပြုပြီး ယှဥ်ပြိုင်မှာပါ ဒါကိုခွင့်ပြုမယ်လို့တော့ သေချာပါတယ်…ဒုတိယလူကိုတော့ ဒီတိုက်ပွဲထဲမှာမထည့်တော့ပါဘူး ”
အများဆုံးလူနှစ်ယောက်အထိ ထည့်သွင်းပြီတိုက်ခိုက်ရမယ်လို့ပဲပြောတာပါ။ ဒါပေမယ့် တစ်ယောက်ထဲနဲ့ နှစ်ယောက်ကို မတိုက်ခိုက်ရဘူးလို့ မပြောထားပါဘူး။ ကောင်းကင်ရန်သူတော်သော့်လော့လဲ ခေါင်းညိတ်လိုက်ပါတယ်။
” ကောင်းပြီလေ ”
မာယုလုံက ဒီတစ်ကြိမ်မှာပြောလာပါတော့တယ်။
” မင်းက တကယ်ပဲစဥ်းစားဆက်ခြင်နိုင်စွမ်းမရှိပဲ မလေးမစားပြုမူနေတာပဲ မာရှောင်ထောင့် ”
မာရှောင်ထောင့်ကတော့ အေးစက်တဲ့အကြည့်နဲ့သာ ကြည့်နေခဲ့တယ်။
” နင်တို့နှစ်ယောက်ကို ငါအထင်သေးတာကရော ဘာဖြစ်လဲ ငါတစ်ယောက်ထဲနဲ့ နင်တို့ကို အနိုင်ယူဖို့လုံလောက်တယ်လား လာစမ်းပါ သေသွားရင်းနင်တို့အပေါင်းအဖော်တွေအတွက် လက်စားချေချင်တယ်ဆိုရင် ငါ့ကိုအနိုင်ယူလိုက်လေ ဒါပေမယ့် လုပ်နိုင်တဲ့အစွမ်းအစရှိမှပေါ့ ဘာကြောင့်လဲဆိုတော့ နင်တို့သာငါ့ကိုမနိုင်နိုင်ဘူးဆိုရင် ငါက နင်တို့အားလုံးကို ဖျက်ဆီးပြစ်မှာမလို့ပဲ ”
ဒီစကားတွေကိုကြားချိန်မှာတော့ ကောင်းကင်ရန်သူတော်သော့်လော့တောင် နှလုံးခုန်မြန်သွားခဲ့ရပါတယ်။ ဒီကလေးမက တကယ်ကြောက်စရာကောင်းပြီ အထိန်းအကွတ်မရှိတဲ့သူပါ။
သူမရဲ့စကားကိုကြားချိန်မှာ မာယုလုံနဲ့ ရှောင်ရှဖုန်းတို့နှစ်ယောက် မမုန်းပဲဘယ်နေပါ့မလဲ သူတို့သူငယ်ချင်းနှစ်ယောက်က သူမလက်ထဲမှာ သေသွားခဲ့ရတာပါ။ မတောတဆဖြစ်တယ်ဆိုပေမဲ့ သူငယ်ချင်းနှစ်ယောက်ကို သတ်ထားတဲ့သူ့ရဲ့အရှေ့မှာ ရပ်နေခဲ့တာက သူတို့အမုန်းတရားကိုပိုပြီး တိုးပွားလာစေပါတယ်။ ဒါ့အပြင် မာရှောင်ထောင့်ကလဲ သူတို့ကိုစိန်ခေါ်နေတဲ့ပုံပေါ်နေခဲ့တယ်။
အကယ်၍ မာရှောင်ထောင့်ကို သူတစ်ယောက်ထဲသာ တိုက်ခိုက်ရမယ်ဆိုရင် နိုင်နိုင်မယ်လို့ မာယုလုံလဲ ယုံကြည်ချက်မရှိပါဘူး။ ဒါပေမယ့် ရှောင်ရှဖုန်းသာရှိနေမယ်ဆိုရင် မတူညီပဲဖြစ်သွားပါပြီ။ ရှောင်ရှဖုန်းက သူ့ကိုကူညီမယ်ဆိုရင် မာရှောင်ထောင့်ကို တိုက်ခိုက်ဖို့လွယ်ကူပါလိမ့်မယ်။
မာရှောင်ထောင့်ရဲ့စကားတွေကြောင့် ဒေါသထွက်နေတဲ့ ရှောင်ရှဖုန်းက သူ့ကိုခုန်အုပ်ပြိီ တိုက်ခိုက်မလိုလုပ်နေခဲ့တာပါ။
မာယုလုံက ဆွဲထားခဲ့ရပါတယ်။
” မင်းက ကိုယ့်ကိုကိုယ်အခွင့်အရေးရှိမယ်လို့ ထင်နေတာလား ငါတို့ကို မင်းတိုက်ခိုက်နိုင်မှာမဟုတ်ဘူး..တိုက်ခိုက်နိုင်တော့ရော ဘယ်လိုဖြစ်မှာလဲ အဲ့ဒီကလေးနှစ်ယောက်က ရှောင်ဟုန်ချန်နဲ့ သူညီမကို နိုင်နိုင်မယ်လို့ မင်းထင်နေတာလား ဆုတောင်းနေတာတွေရပ်လိုက်တော့ မုန့်ဟုန်ချန်ရဲ့ အဆိပ်ကိုတန်ပြန်တိုက်ခိုက်ဖို့ သူတို့မှာ အစွမ်းအစမရှိဘူး ”
မာရှောင်ထောင့်ကတော့ ရယ်ရင်းနဲ့သာပြောလာခဲ့တယ်။
” ပါးစပ်ကနေ ပေါက်တမ်းလေးဆယ်တွေ လျှောက်ပြောနေတာက နင်လုပ်နိုင်တဲ့တစ်ခုတည်သောအရာပဲမဟုတ်လား အကယ်၍ ငါရဲ့တိုက်ခိုက်လိုစိတ်ကို ရိုက်ချဖို့ ကြိုးစားနေမယ်ဆိုရင်တော့ နင်အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်…အဲ့ဒီအဆိပ်က ဘာမှအသုံးမကျတဲ့အရာပါလေ အကယ်၍ အဲ့ဒီကလေးမသာ သတ္တိရှိမယ်ဆိုရင် ငါ့ကိုတိုက်ပွဲထဲမှာ လာရင်ဆိုင်ဖို့ နင်ပြောလိုက်ပါလား ငါသူ့ကိုအရှင်လတ်လတ်မီးမြိုက်ပြီပြာချပေးမယ်လေ ဒါမှသာ နင်တို့ရဲ့အဲ့ဒီပေါက်တမ်းလေးဆယ်ပြောနေတဲ့ ပါးစပ်ပေါက်တွေ အကုန်ပိတ်ကုန်မှာ ”
သူပြောရင်းနဲ့ အစွန်းဖက်ကိုလှည့်ထွက်သွားပါတော့တယ်။
မာယုလုံက လက်ရှိအချိန်အသက်ပြင်းပြင်းရှုသွင်းရင်း သူ့စိတ်သူထိန်းနေခဲ့ရပါတယ်။ မာရှောင်ထောင့်က ရင်ဆိုင်ဖို့မလွယ်ကူမှန်း သူသိပါတယ်။ သူ့ရဲ့စိတ်ဓာတ်က အရမ်းကိုပေါက်ကွဲမှုပြင်းထန်လို့နေခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့အတွေးနဲ့ အကြောင်းပြချက်တွေဆိုတာကလဲ လုံး၀ကို ပရမ်းပတာတွေကြီးပါ လက်ရှိအချိန်အထိ မာရှောင်ထောင့်ရဲ့တကယ်စွမ်းအားက ဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာ သူမသိပါဘူး။ မာရှောင်ထောင့်ရဲ့ သည်းခံနိုင်စွမ်းကို သူစမ်းသပ်နိုင်ဖို့ ဒီနေ့မှာတော့ကြိုးစားရမှာပါ။
မာယုလုံက ရှောင်ရှဖုန်းကို ဦးဆောင်ရင်းနဲ့အဆုံးဖက်ဆီကို ခေါ်သွားခဲ့ပါတယ်။
ဒီပြိုင်ပွဲကတော့ အမျက်ဒေါသကျောင်းတော်နဲ့ နေလကျောင်းတော်ကြားမှာ အင်အားပြသမှုတစ်ခုလို့ ပြောလို့ရနိုင်နေခဲ့တယ်။ သူတို့ရဲ့အသင်းခေါင်းဆောင်တွေက တိုက်ခိုက်မှာဖြစ်သလို အဆင့်အမြင့်ဆုံးတိုက်ပွဲပါပဲ။ အမျက်ဒေါသကျောင်းတော်က အကယ်၍ သူသာနိုင်မယ်ဆိုရင် နိုင်နိုင်ချေရှိပါတယ်။ ဒါပေမယ့် သူသာရှုံးနှိမ့်သွားမယ်ဆိုရင်တော့ ပြိုင်ပွဲရဲ့ရလဒ်ကလုံး၀ကို ဆုံးဖြတ်ခဲ့ပြီသားဖြစ်သွားခဲ့မှာပါ။
မာရှောင်ထောင့်က အစွန်းဖက်ကိုရောက်သွားပြီချိန်မှာပဲ သူ့ရဲ့အကြည့်တွေက ပိုအေးစက်သွားပါတော့တယ်။ သူ့ရဲ့ စိတ်ထဲမှာ ဘာတွေတွေးနေလဲဘယ်သူမှမသိနိုင်ပါဘူး။
မာယုလုံကတော့ ရှောင်ရှဖုန်းရဲ့နားနားကိုကပ်ပြီ တစ်စုံတစ်ရာပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်က သူတို့အစွန်းဖက်ဆီကို ဖြည်းဖြည်းချင်းသွားနေခဲ့တယ်။ မိုးဖွဲတွေက အခုအထိကျနေတုန်းပါပဲ။ လက်ရှိရာသီဥတုက အရမ်းကိုစိုစွတ်နေခဲ့သလို မာရှောင်ထောင့်အတွက် အတော်ကိုအားသာချက်မရှိတဲ့ အခြေအနေပါ။ ဒါပေမယ့် သူရရှိနိုင်တဲ့ ဆိုးကျိုးကလဲအဲ့ဒီလောက်ကြီး မကြီးမားပါဘူး။
ပြိုင်ပွဲစင်မြင့်မှာကတော့ အစောပိုင်းပြိုင်ပွဲတွေကြောင့် အတော်လေးပျက်စီးနေခဲ့သလို အက်ကွဲကြောင်းတွေလဲ ဖြစ်ပေါ်နေခဲ့ပါတယ်။
ကောင်းကင်ရန်သူတော်သော့်လော့က နှစ်ဖက်စလုံးအစွန်းရောက်သွားတာကိုကြည့်နေခဲ့တယ်။ နောက်ဆုံးပြိုင်ပွဲက မကြာခင်မှာအဆုံးသတ်တော့မှာပါ။ အချိန်အကြာကြီး အဲ့ဒီလောက်အထိ ပြင်းပြင်းထန်ထန် အာရုံစိုက်နေတာက သူတို့ရဲ့ကျင့်ကြံဆင့်မြင့်တဲ့ သူတွေတောင် အံ့ဩသွားရပါတယ်။
” ပြိုင်ပွဲစမယ် ”
ဒီအဆုံးစွန်းတိုက်ခိုက်မှုက စတင်ပါပြီ မာရှောင်ထောင့်က အရှေ့ကိုပြေး၀င်သွားပါတော့တယ်။ သူ့ရဲ့နတ်မီးငှက်မီးလျှံတွေက လေထဲမှာထွက်ပေါ်လို့ လာခဲ့ပါပြီ။ မာယုလုံနဲ့ ရှောင်ရှဖုန်းဆီကို ဥက္ကာပျံတစ်ခုလို ပြေး၀င်လို့သွားပါတယ်။ အဲ့ဒီလိုပြေး၀င်နေရင်း သူမ ပါးစပ်ဖွင့်လိုက်ချိန်မှာတော့ အဝေးအထိပြေးတဲ့မီးလျှံတွေက ဖြစ်ပေါ်လာတော့တယ်။
မာယုလုံနဲ့ ရှောင်ရှဖုန်းကလဲ မနှေးကွေးခဲ့ပါဘူး။ ကျန်းဖန်းနဲ့တိုက်ခိုက်ချိန်တုန်းက သုံးခဲ့တဲ့နည်းလမ်းတွေက မာရှောင်ထောင့်ကို တိုက်ခိုက်ချိန်မှာ အသုံးမ၀င်ပဲဖြစ်မယ်မှန်း မာယုလုံက သိနေခဲ့ပါတယ်။ ဒါကြောင့် သူ့ပုခုံးပေါ်မှာ အပြာနဲ့ခရမ်းရောင်ရောစပ်ထားတဲ့ သတ္ထုပြွန်က ပေါ်လာခဲ့ပါပြီ။ ဒါ့အပြင် မီးဘောလုံးတစ်လုံးက ချက်ချင်းဆိုသလို ပြစ်လွှတ်လိုက်ပါတော့တယ်။
သူနဲ့ရှောင်ရှဖုန်းတို့က အတော်လေးကို သဟဇာတဖြစ်တဲ့ တိုက်ခိုက်ရေးသမားတွေပါ။ ချက်ချင်းဆိုသလို နတ်မီးငှက်ရဲ့မီးလျှံတွေကို ကာကွယ်တဲ့အတားအဆီးကလဲ ဖြစ်ပေါ်လာပါတော့တယ်။ သူ့ကိုယ်သူမြေပြင်ပေါ်မှာ အခြေစိုက်ထားရင်း ရှောင်ရှဖုန်းက ၀ိညာဥ်ခံတပ်ကို ထုတ်လွှတ်တော့တယ်။ သတ္ထုထိခတ်သံတွေက ဆက်တိုက်ဖြစ်ပေါ်လာပြီတဲ့နောက် လျှပ်စီးလက်သလိုအပြောင်းအလဲတွေက စတင်ပါပြီ။ သူက သူ့ရဲ့ကြောက်စရာအကောင်းဆုံးစွမ်းအားကိုအသုံးပြုရင်း မာယုလုံနဲ့ ပူးပေါင်းဆောက်ရွက်ဖို့ ပြင်တော့တာအသိအသာကြီးပါ။ အစာအမျိုးအစား၀ိညာဥ်ပညာရှင်ရဲ့ အကောင်းဆုံးအထောက်အပံ့ကို အသုံးပြုရင်း နေလကျောင်းတော်ရဲ့ အဖွဲ့သားတွေထဲမှာ တိုက်ခိုက်နိုင်စွမ်းအကောင်းဆုံးသူတစ်ယောက်အဖြစ် သူကအမြဲတမ်းရပ်တည်နေခဲ့ပါတယ်။
မာယုလုံပြစ်လွှတ်လိုက်တဲ့ လျှပ်စီးတန်းတွေက မာရှောင်ထောင့်ကို တိုက်ရိုက်ဦးတည်နေတာမဟုတ်ပါဘူး။ အဲ့ဒီအစား စင်မြင့်ရဲ့အလယ်ဗဟိုကိုသွားပြီထိတွေ့ပါတယ်။ ချက်ချင်းဆိုသလို နံရံတစ်ခုကဖြစ်ပေါ်လာခဲ့ပြီ မာရှောင်ထောင့်ရဲ့ပြေး၀င်လာပုံကို တားဆီးလိုက်တယ်။ မာယုလုံရဲ့ တွက်ချက်မှုအရဆိုရင် မာရှောင်ထောင့်က ကြောက်စရာကောင်းပြီး အတော်လေးကို ဇွတ်တစ်ရွတ်နိုင်ပါတယ်။ ဒါကြောင့် သူမက အရှိန်ပြင်းပြင်းနဲ့ ဖောက်ထွက်လာမှာပါ။ ဒိီလိုလုပ်မယ်ဆိုရင် သူ့ရဲ့ထောင်ချောက်ထဲကို ရောက်ပါပြီ။
အပိုင်း ၁၂၂•၃ ပြီး၏။