Switch Mode

Chapter – 122.2

ထိုက်ယွဲ့ဟန်ရဲ့ ဆုံးဖြတ်မှု

အပိုင်း ၁၂၂•၂

” ထိုက်ယွဲ့ဟန်ရဲ့ ဆုံးဖြတ်မှု ”
°°°
ရေခဲမီးနဂါးက လက်ရှိအချိန် ထိုက်ယွဲ့ဟန်ဆီကို ရောက်လာပါတော့တယ်။ ဒါ့အပြင် ထိုက်ယွဲ့ဟန်က အခုအချိန်မှာ အကြည့်တွေပိုမိုဝေ၀ါးလာပြီ အားနည်းလာသလိုပါပဲ။ ကောာင်းကင်ရန်သူတော်သော့်လော့ရဲ့ လက်တွေက လေထဲကို ရောက်နေပြီသားဖြစ်နေပါတယ်။ အဲ့ဒီအချိန်မှာပဲ ထိုက်ယွဲ့ဟန်က ရုတ်တရက်လှုပ်ရှားတော့တယ်။ သူ့ရဲ့လှုပ်ရှားမှုက ရိုးရှင်းပါတယ်။ သူက ဘယ်ဘက်ခြေထောက်ကို အရှေ့ထုတ်လိုက်တာပါ။ ဒီလိုလှုပ်ရှားမှုနဲ့အတူ သူ့ရဲ့လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ပိုက်လိုက်ပါတယ်။

ထိုက်ယွဲ့ဟန်ရဲ့ ညာဘက်လက်ထဲမှာ ပေါက်ကွဲမှုတွေက ဆက်တိုက်ပေါ်လာခဲ့ပြီ သူ့တစ်ကိုယ်လုံးကို ရွှေရောင်အလင်းတန်းတွေက ဖုံးလွှမ်းသွားရင်း မုန့်ဟုန်ချန်ရဲ့တိုက်ခိုက်မှုကို တားဆီးလိုက်ပါတယ်။ ဘာမှလဲ မအောင်မြင်ခဲ့ပါဘူး။

အဖြူရောင်အလင်းတန်းတွေက နောက်တစ်ကြိမ်ချက်ချင်းပေါ်ထွက်လာပါတော့တယ်။ ထိုက်ယွဲ့ဟန်ရဲ့ ခန္ဓာကိုယ်ကတော့ ကျားတစ်ကောင်လိုပုံစံနဲ့ မုန့်ဟုန်ချန်ကို တိုက်ခိုက်ပါပြီ။

သူကကျားဖြူသတ်ဖြတ်မှုကို နောက်တစ်ကြိမ်အသက်သွင်းပါတော့တယ်။ မုန့်ဟုန်ချန်က ထိုက်ယွဲ့ဟန်ကို အားအနည်းဆုံးအချိန်စောင့်ပြီ တိုက်ခိုက်တာပါ။ ဒါပေမယ့် ထိုက်ယွဲ့ဟန်ကလဲ တူညီတဲ့အချိန်ကို စောင့်နေတာဖြစ်ပါတယ်။

သူ့ရဲ့အသွင်ပြောင်းမှုသုံးခုကနေ ဖန်တီးပေးနိုင်တဲ့အတားအဆီးက မုန့်ဟုန်ချန် ထင်ထားတာထက် အများကြီးသန်မာပါတယ်။ ဒါ့အပြင် ထိုက်ယွဲ့ဟန်က တမင်တကာအားနည်းချက်တွေကို ဖော်ထုတ်ပြသလို့သာ သူမတိုက်ခိုက်နိုင်တာပါ။

မုန့်ဟုန်ချန်က အရမ်းကိုမြန်ဆန်ပြီ ချော်ထွက်လွန်ပါတယ်။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်လဲဖြစ်တာ​ကြောင့် သူမအနေနဲ့ အသက်ကိုကာကွယ်ဖို့လက်နက်တွေအများကြီးရှိနေမှန်း သိနေခဲ့တယ်။ ဒါကြောင့်သာ အားနည်းချက်ကို ထုတ်ပြဖို့အတွက် ဆုံးဖြတ်လိုက်ပြီ သူ့ရဲ့ရန်သူကို ဆွဲထုတ်လိုက်တာပါ။ ဒါမှသာဆက်ပြီမစဥ်းစားနိုင်တော့ဘူး ဖြစ်ပါတယ်။ မုန့်ဟုန်ချန်ရဲ့အတွေ့အကြုံက ထိုက်ယွဲ့ဟန်လိုမျိုး တကယ်စစ်မှန်တဲ့ပညာရှင်နဲ့ ယှဥ်လို့ရမှာလဲ။ ထိုက်ယွဲ့ဟန်က ညာဘက်လက်က အလင်းတန်းတွေနဲ့ တောက်ပလာခဲ့ပါပြီ။ ဒါကတော့ ၀ိညာဥ်အရိုးရဲ့တစ်ခုပါ။ ပြိုင်ပွဲတစ်ခုလုံးမှာ သူတစ်ခါမှမသုံးရသေးပါဘူး။ အဆုံးစွန်းအတားအဆီးလို့ခေါ်ပါတယ်။

မင်းသမီးကျိုးကျိုးရဲ့ အဆုံးစွန်းအတားအဆီးနဲ့ မတူညီပဲ ဒါကိုတစ်ခါမှတစ်ကြိမ်သာ သုံးလို့ရပါတယ်။ သေးငယ်တဲ့လှုပ်ရှားမှုက သူ့ကိုမဖျက်ဆီးနိုင်လောက်အောင် ဖြစ်စေသလို ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုတွေအားလုံးကို ဖယ်ရှားပြစ်နိုင်တယ်။

ထိုက်ယွဲ့ဟန်ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ဆိုရင် သူက သူ့ပြိုင်ဘက်သာ ထူးကဲသာလွန်သော့်လော့မဟုတ်သရွေ့ သေချာပေါက် ဘယ်တိုက်ခိုက်မှုမျိုးကိုမဆို ဖယ်ရှားနိုင်မှာပါ။ မုန့်ဟုန်ချန်က အတော်လေးကို သန်မာပါတယ်။ ထိုက်ယွဲ့ဟန်က သူ့ရဲ့ရေခဲအဆိပ်ကို သုံးဖို့နည်းလမ်းမရှိပါဘူး။ ဒါပေမယ့် မာရှောင်ထောင့်ပြောသလိုပဲ အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းနယ်မြေ၀ိညာဥ်ဧကရာဇ်တစ်ယောက်က မတူညီတဲ့အတွေးအခေါ်တွေရှိပါတယ်။ ထိုက်ယွဲ့ဟန်က သူ့ရဲ့ကိုယ်ပိုင်တိုက်ပွဲအတွက် အတွေ့အကြုံကိုအသုံးပြုရင်း သူ့ရဲ့ပြိုင်ဘက်ကို တွန်းအားပေးနိုင်ခဲ့တယ်။

မုန့်ဟုန်ချန်က ၀ိညာဥ်စွမ်းအားတွေအများကြီးကို ကုန်ဆုံးအောင်သုံးထားခဲ့ပြီးပါပြီ။ ဒါ့အပြင် သူမရဲ့ နောက်ဆုံးတိုက်ကွက်ကို အသုံးပြုလိုက်ပြီ ထိုက်ယွဲ့ဟန်ကို ဖယ်ရှားဖို့ဆုံးဖြတ်ထားခဲ့တာပါ။ လက်ရှိအချိန် သူက အသက်ဆယ်ငါးနှစ်တောင် မပြည့်သေးတဲ့အတွက် အခြေအနေတွေက စိတ်ကူးသက်သက်သာဖြစ်သွားခဲ့ပါတယ်။

လက်ရှိအချိန်သူ့ရဲ့ မပျက်သုန်းနံရံကလဲ ချက်ချင်းပေါ်လာခဲ့သလို သူမရဲ့၀ိညာဥ်စွမ်းအားတွေကလဲ လျှပ်စီးလက်သလို ကုန်ဆုံးနေခဲ့ပါပြီ။ နှစ်စက္ကန့်သာကြာမြင့်ပြီတဲ့နောက် ကျားဖြူသတ်ဖြတ်မှုရဲ့အောက်မှာ ပျက်စီးသွားပါတော့တယ်။

သူမရဲ့ သံချပ်ကာအပေါ်ကို ကျားလက်သည်းတွေက အရှိန်ပြင်းပြင်းနဲ့ တိုက်ခိုက်နေခဲ့ပါပြီ။

” ငါတို့အရှုံးကိုလက်ခံတယ် ”

နေလကျောင်းတော်ဖက်မှာ ဆရာတွေက ရုတ်တရက်အော်လိုက်ပါတယ်။ တောက်ပတဲ့ကြယ်တာရာအလင်းတန်းက မုန့်ဟုန်ချန်ရဲ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်ပါပြီ။

အချိန်တိုအတွင်းမှာ မုန့်ဟုန်ချန်ရဲ့သံချပ်ကာအပေါ် များပြားတဲ့အက်ကွဲကြောင်းတွေက ဖြစ်ပေါ်လာပါတော့တယ်။ သူ့ရဲ့ခုခံနိုင်စွမ်းက ကြောက်စရာကောင်းလွန်ပေမဲ့ သူနဲ့ ထိုက်ယွဲ့ဟန်တို့ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုတွေကလဲ ကြောက်စရာကောင်းလွန်နေခဲ့တယ်။ နေလကျောင်းတော်ရဲ့ဆရာတွေ၀င်တားတာကြောင့်သာ မဟုတ်ဘူးဆိုရင် ထိုက်ယွဲ့ဟန်က သူမရဲ့သံချပ်ကာကို အပိုင်းပိုင်းဆွဲဖြဲပြစ်မှာပါ။ မုန့်ဟုန်ချန်ကလဲ အပိုင်းပိုင်းပြတ်သွားနိုင်ပါတယ်။ ဒါကအဆုံးစွန်းအင်အားပါပဲ။ ကျားဖြူအသွင်ပြောင်းထားတဲ့ ၀ိညာဥ်ဧကရာဇ်က သူ့ရဲ့အဆုံးစွန်းအားကောင်းတဲ့ စွမ်းအားကို လူတိုင်းရဲ့အရှေ့မှာ ထုတ်ဖော်ပြသလိုက်ဖြစ်ပါတယ်။

မုန့်ဟုန်ချန်ကတော့ ကျားဖြူတိုက်ခိုက်မှု ကုန်ဆုံးသွားတဲ့အထိ ထိတ်ထိတ်လန့်လန့်နဲ့သာရှိနေခဲ့တယ်။ သူဘယ်လောက်အထိ သေခြင်းတရားနဲ့ နီးကပ်သွားခဲ့မှန်း ခံစားလို့ရနေဆဲပါ။ ရှိရှိသမျှအသက်က ပေါက်ကွဲမှုတွေအားလုံး ဖျက်ဆီးခံလိုက်ရပြီတဲ့နောက် သူမရဲ့၀ိညာဥ်သံချပ်ကာကလဲ ပျက်စီးလို့သွားခဲ့ပါပြီ။ ဒီတန်ဖိုးကြီးတဲ့ ၀ိညာဥ်သံချပ်ကာက လုံး၀ကို သုံးစားမရဖြစ်သွားခဲ့တဲ့အတွက် သူ့မှာကျန်တာကတော့ ဓားနှစ်လက်သာရှိပါတော့တယ်။

မုန့်ဟုန်ချန်က ပါးစပ်အပြည့်သွေးတွေကိုအန်ရင်း တစ်ကိုယ်လုံးတုန်ရီပြီ လဲကျမတတ်ဖြစ်နေခဲ့ပါပြီ။ အကယ်၍ ဓားတွေကိုသာအသုံးပြုပြီး ထောက်မထားလို့ကတော့ သေချာပေါက် သေသွားမှာပါ။

ထိုက်ယွဲ့ဟန်က သူ့ကိုအေးစက်စက်နဲ့သာ ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ကြောက်စရာကောင်းတဲ့အကြည့်က မုန့်ဟုန်ချန်ကို တစ်ချက်တုန်သွားစေခဲ့တယ်။ သူမရဲ့ရေခဲဖားပြုတ်နဲ့ ၀ိညာဥ်လက်နက်တွေသာမရှိဘူးဆိုရင် အဲ့ဒီလူနဲ့ တိုက်ခိုက်ဖို့အတွက် သူ့မှာတန်ကြေးတောင်ရှိမနေခဲ့ပါဘူး။

ပိုပြီးအံ့ဩစရာကောင်းတဲ့ အရာကတော့ ထိုက်ယွဲ့ဟန်က သူ့ကိုတစ်ချက်သာကြည့်ပြီ စင်အောက်ခုန်ဆင်းပြီ ပြန်သွားခဲ့တာပါပဲ။

မာရှောင်ထောင့်ရဲ့အရှေ့ကို သူလျှောက်သွားခဲ့ပါတယ်။ သူ့ရဲ့အသွင်ပြောင်းမှုက တလက်လက်ဖြစ်ပေါ်လာရင်း မူလရုပ်သွင်ကို ပြောင်းလဲသွားခဲ့ပါပြီ။

” ကျွန်တော် ကျောင်းတော်ကို စိတ်မပျက်စေခဲ့ဘူး အဖွဲ့ခေါင်းဆောင် ”

ထိုက်ယွဲ့ဟန်က မာရှောင်ထောင့်ကို ပြောလာခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ မာရှောင်ထောင့်ကို အဖွဲ့ခေါင်းဆောင်အဖြစ် သူခေါ်ဆိုတာပါ။ မာရှောင်ထောင့်ကလဲ သူ့ကိုခေါင်းညိတ်ပြပါတယ်။ အဲ့ဒီနောက် သူ့ရဲ့လက်ကိုမြောက်ရင်းနဲ့ ဘယ်ဘက်လက်ပေါ်က ကြီးမားတဲ့ အကွင်းကြီးတစ်ခုကို ဖယ်လိုက်ပါတယ်။ အဲ့ဒီအကွင်းက ငွေနဲ့ပြုလုပ်ထားတာဖြစ်ပြီ ကြောက်စရာကောင်းတဲ့ ကျားခေါင်းတစ်ခုပါ၀င်နေခဲ့တယ်။

” ဒါကခေါင်းဆောင်အတွက်ပါ ခေါင်းဆောင်သုံးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်…ကျောင်းတော်က ရှုံးလို့မရဘူး ကျေးဇူးပြုပြီး အသုံးချပေးပါ ”

မာရှောင်ထောင့်ရဲ့လက်ထဲကို အဲ့ဒိီအကွင်းအပ်လိုက်ပြီတဲ့နောက် ချက်ချင်းဆိုသလို သူမျက်လုံးပြူးသွားရင်း နောက်ပြန်လဲကျသွားပါတော့တယ်။

မာရှောင်ထောင့်က သူ့ကို ဆွဲထားရင်း မြေပြင်ပေါ်ကို ပြုတ်ကျမသွားစေခဲ့ပါဘူး။ သူမက နှုတ်ခမ်းကိုတင်းတင်းစေ့ထားခဲ့ရင်း အသက်ရှုသံတွေလဲ မြန်နေခဲ့ပါတယ်။

” လေးစားစရာကောင်းတဲ့ စိတ်ဆုံးဖြတ်ချက်ပဲ နင်ကတော့လေ တကယ်ဘာမှမကောင်းတဲ့လူတော့ မဟုတ်ဘူးဆိုတာ အသေအချာပဲပေါ့ “:

ထိုက်ယွဲ့ဟန်က မုန့်ဟုန်ချန်ကို အနိုင်ယူရင်း အောင်မြင်ခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့ပြင်းထန်တဲ့အဆိပ်ကြောင့် သတိလစ်သွားခဲ့သလို ဆက်လဲမတ်ိုက်ခိုက်နိုင်တော့ပါဘူး။

ဒါပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုက အမျက်ဒေါသကျောင်းတော်ရဲ့လူတစ်ယောက်ချင်းဆီတိုင်းကို တွန်အားပေးနိုင်ခဲ့သလို သူ့ရဲ့နှလုံးသားထဲမှာရှိတယ်။ မီးလျှံကိုလဲ အသက်ပြန်သွင်းနိုင်ခဲ့ပါပြီ။ ဟုတ်ပါတယ် အမျက်ဒေါသကျောင်းတော်က အနိုင်ရတာပါ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ လှမ်းကြည့်လိုက်ပါတယ်။ သူတို့နှစ်ယောက်က မာရှောင်ထောင့်နဲ့အတူတူရှိနေခဲ့တယ်။ လက်ရှိအချိန် အမျက်ဒေါသကျောင်းတော်ရဲ့ သတိလစ်နေတဲ့ သူကသုံးယောက်ဖြစ်သွားတာကြောင့် သူတို့တွေသာ ဆက်ယှဥ်ပြိုင်ရတော့မှာပါ။

သတိလစ်နေတဲ့သူနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့သူတွေကိုကြည့်ရင်း သူတို့ရဲ့စိတ်ထဲက တိုက်ခိုက်လိုစိတ်ပိုမိုပြင်းထန်လာပါတော့တယ်။ လက်ရှိအချိန်မှာ အသက်ကိုပဓာနမထားပဲ တိုက်ခိုက်ရမယ်ဆိုရင်တောင် ကျောင်းတော်အတွက် တိုက်ခိုက်ရမှာဖြစ်ပါတယ်။

” ငါ့အလှည့်ပဲ ”

မာရှောင်ထောင့်က ထိုက်ယွဲ့ဟန်ရဲ့ငွေရောင်ကွင်းကို ညာဘက်လက်မမှာစွပ်လိုက်ပြီတဲ့နောက် စင်ပေါ်ကိုတက်သွားပါတော့တယ်။

ဒီတစ်ကြိမ်မှာပဲ ကောင်းကင်ရန်သူတော်သော့်လော့က ကြော်ငြာတော့တယ်။

ဒိုင်အနေနဲ့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ကျန်တဲ့တိုက်ပွဲတွေကို ကြော်ငြာလိုက်ပြိီလို့ သူတို့ကိုယ်စားကြော်ငြာပါ့မယ်…အမျက်ဒေါသကျောင်းတော်က တစ်ယောက်ချင်းဆီပြိုင်ပွဲမှာ နိုင်သွားပါပြီ… နှစ်ဖက်စလုံးနားဖို့ နှစ်မိနစ်အချိန်ရပါ့မယ်…နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲတွေက စတင်လိမ့်မယ်..နှစ်ဖက်စလုံးမှာ တတိယအချီကို ယှဥ်ပြိုင်ဖို့လူမရှိတာကြောင့် အရှေ့နှစ်ချီအတွက် တစ်ယောက်ချင်းဆီက နိုင်တယ်လို့ ဆုံးဖြတ်ပါ့မယ်..တတိယအချီကိုတော့ သက်ဆိုင်ရာအဖွဲ့၀င်တွေနဲ့ဆက်ပြီ ပြီးဆုံးအောင်လုပ်ပါတော့မယ်..ပထမတစ်ယောက်ချင်းဆီထုတ်ပယ်တဲ့အချီတွေမှာ မပြိုင်ဆိုင်ခဲ့တဲ့အဖွဲ့၀င်တွေနဲ့ ပြိုင်ဆိုင်ရပါ့မယ် ”

နေလကျောင်းတော်က အရှုံးကို၀န်ခံလိုက်တယ်လား။ မာရှောင်ထောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က လန့်နေကြပါတော့တယ်။ သူမရဲ့ပြိုင်ဘက်အဖွဲ့မှာလဲ လူသုံးယောက်ရှိနေဆဲပါ။ မာယုလုံက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီ အင်အားအကြီးဆုံးပါပဲ။ သူအကောင်းကြီးရှိနေသားရဲ့ ဘာလို့အရှုံးကို၀န်ခံလိုက်တာလဲ။ ၀မ်ယန်က ပြောလာခဲ့ပါတယ်။

” အထင်ကြီးစရာကောင်းတာပဲ ”

မာရှောင်ထောင့်က မျက်မှောင်ကြုတ်လိုက်တယ်။

” ဘာများဖြစ်လို့လဲ ဆရာ၀မ် ”

၀မ်ယန်ကတော့ အရင်ကလိုမျက်နှာမကောင်းပါဘူး။

” သူတို့က တစ်ယောက်ချင်းပြိုင်ပွဲမှာ လက်လျှော့လိုက်ပေမဲ့ အရှေ့ကိုတိုးဖို့ နောက်တစ်လှမ်းဆုတ်တယ်လို့ ပြောတာပဲ မင်းကိုတစ်ယောက်တစ်ယောက်ချင်း ဘယ်သူမှမနိုင်နိုင်ဘူးဆိုတာ သူသိတယ်…၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအနေနဲ့ သူတို့က အတူတူရှိမယ်ဆိုရင် ပိုသန်မာတယ်…ဒါကြောင့် နှစ်ယောက်နှစ်ယောက် သုံးယောက်တိုက်ပွဲက သူတို့အတွက် ပိုပြီးအားကောင်းလိမ့်မယ်..ဒါ့အပြင် မူလအဖွဲ့ရဲ့ လူခုနှစ်ယောက်မှာ မင်းတို့သုံးယောက်ပဲ တိုက်ခိုက်လ်ို့ရတော့တယ်….သူတို့ဖက်မှာလဲ သုံးယောက်ပဲကျန်တယ်…မုန့်ဟုန်ချန်ကလဲ အစွမ်းအစတွေမပျောက်သေးဘူး…မောနေရုံသက်သက်ပဲ ဒါကြောင့် အချိန်တိုအတွင်းမှာ ပြန်ကောင်းလာမှာ ”

” သူတို့ပထမဆုံးနှစ်ယောက်နှစ်ယောက် သုံးယောက်တိုက်ပွဲအတွက် စေလွှတ်မဲ့သူက မာယုလုံနဲ့ ရှောင်ရှဖုန်းပဲ ဖြစ်လိမ့်မယ်..ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့လဲ အဲ့ဒါမှသာ အနားယူချိန်ရမှာ ဒါပေမယ့် ငါတို့မှာတော့ မင်းတို့သုံးယောက်ပဲကျန်တော့တယ်။ ရှောင်ထောင့်က မင်းတို့ထဲက တစ်ယောက်နဲ့ တွဲပြီအနိုင်ယူနိုင်မယ်ဆိုရင်တောင် သူတို့က သေချာပေါက် နောက်တစ်ပွဲကိုနိုင်မှာပဲ အကယ်၍ ငါတို့နိုင်မယ်ဆိုရင်တောင် သေချာပေါက် အရှုံးမဲ့သွားပြီ ညီလိုက်မယ် ”

သူတို့သုံးယောက်လဲ ၀မ်ယန်ပြောတဲ့စကားတွေကြောင့် အခြေအနေကိုနားလည်သွားပါတော့တယ်။ သူပြောတာအမှန်ပါပဲ လက်ရှိအချိန် သူတို့အဖွဲ့မှာ ဘယ်သူကျန်သေးလို့လဲ။

ဟယ့်ချိုက်ထို့နဲ့ ရှောင်းရှောင်းသာကျန်တာပါ။ ရှောင်းရှောင်းရဲ့ဒဏ်ရာတွေကလဲ အပြည့်အ၀ပြန်မကောင်းသေးပါဘူး။ ဟယ့်ချိုက်ထို့ကတော့ အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်သာ ရှိပါသေးတယ်။

နောက်ဆုံးပွဲက သုံးယောက်သုံးယောက်ချင်းပြိုင်ပွဲဖြစ်မှာပါ။ ဒါကြောင့် တစ်ဖက်မှာရှိတဲ့သူတွေအနေနဲ့ အခွင့်အရေးက ပိုသာနေပြီ အမျက်ဒေါသကျောင်းတော်ကတော့ အခွင့်အရေးမရှိပါဘူး။

လာမဲ့တိုက်ပွဲတွေမှာ သူတို့ရဲ့ပြိုင်ဘက်က ပြိုင်ပွဲတိုင်းကိုနိုင်နိုင်မဲ့အခြေအနေပိုများနေခဲ့ပါတယ်။

မုန့်ဟုန်ချန်နဲ့ ရှောင်ဟုန်ချန် နှစ်ယောက်စလုံးက ဒဏ်ရာရထားပြီ အခြေအနေက အပြည့်အ၀ပြန်မကောင်းသေးပါဘူး။ ဒါပေမယ့် မုန့်ဟုန်ချန်ရဲ့အဆိပ်က သူတို့နှစ်ယောက်စလုံး၀ိညာဥ်ဘုရင်တွေဖြစ်နေတာတောင်မှ ပေါင်းစပ်လိုက်မယ်ဆိုရင် ကြောက်စရာကောင်းလွန်လှပါတယ်။

ဒါ့အပြင် မာယုလုံနဲ့ ရှောင်ရှဖုန်းရှိသေးတုန်းပါပဲ။ မာယုလုံက အားကောင်းတဲ့အဆင့်ခြောက်၀ိညာဥ်ပညာရှင်ပါ။ ရှောင်ရှဖုန်းကတော့ အဆင့်ငါးဖြစ်နေခဲ့တယ်။ ဒါကြောင့် အမျက်ဒေါသကျောင်းတော်အတွက် အနိုင်ရဖို့ပွဲစဥ်တစ်ခုချင်းဆီတိုင်းမှာ ရုန်းကန်ရပါလိမ့်မယ်။ ဒါကြောင့်သာ အဖွဲ့နှစ်ဖွဲ့ရဲ့ ကွာခြားချက်က ကြီးနေတာပါ။ အမျက်ဒေါသကျောင်းတော်ထဲမှာတော့ အဓိကယှဥ်ပြိုင်နိုင်မဲ့သူ သုံးယောက်သာရှိပါတော့တယ်။

၀မ်ယန်က စင်ပေါ်ကိုကြည့်ရင်း သက်ပြင်းချနေခဲ့သလို အနိုင်ယူခံလိုက်ရတဲ့ မျက်နှာက အထင်သားပေါ်လာခဲ့ပါပြီ။ သူနဲ့ သူ့အသင်းက အများကြီးပေးဆပ်ခဲ့ရပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ဘယ်လိုများ ရှုံးနှိမ့်သွားရမှာလဲ။ ဒီကံတရားကို တကယ်ပဲ ရှောင်လွဲလို့မရနိုင်ဘူးလား။ နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲကိုသာ ရင်ဆိုင်ရမယ်ဆိုရင် အခွင့်အရေးမရှိတော့မှာအမှန်ပါ။

” ယွိဟောင်နဲ့ ၀မ်သုန့် ”

မာရှောင်ထောင့်က ရုတ်တရက်သူတို့နှစ်ယောက်ရဲ့ပုခုံးကို လက်တင်ရင်း ပြောလာခဲ့ပါတယ်။

” ပထမတိုက်ပွဲကို ငါ့လက်ထဲသာအပ်လိုက် မင်းတို့နှစ်ယောက်က ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်ကို ရင်ဆိုင်လိုက် ငါတို့တွေနောက်ဆုတ်လို့မဖြစ်ဘူး..အဆုံးအထိတိုက်ခိုက်ရမယ်..အခုသတိလစ်နေတဲ့ အပေါင်းအဖော်တွေကိုကြည့်လိုက် သူတို့က အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာနဲ့သမိုင်းကိုကာကွယ်ဖို့လုပ်ခဲ့ကြတာ..ငါတို့နိုင်ရမယ် ”

မာရှောင်ထောင့်ရဲ့ မျက်လုံးတွေက နီရဲနေခဲ့ပါပြီ။ သူမရဲ့ တိုက်ခိုက်လိုစိတ်က တစ်ချက်လေးတောင် လျော့ပါးမသွားခဲ့ပါဘူး။ ၀မ်ယန် ဘယ်လိုပဲပြောပါစေ သူက ဆက်တိုက်ဆိုသလို သန်မာနေခဲ့တယ်။

” လုပ်နိုင်လား မလုပ်နိုင်ဘူးလားဆိုတာ တစ်ခါထဲပြောလိုက် ”

မာရှောင်ထောင့်ရဲ့အသံက ချက်ချင်းဆိုသလို ပိုမိုအားကောင်းလာခဲ့ပါတယ်။

အပိုင်း ၁၂၂•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset