အပိုင်း ၁၂၂•၁
” ထိုက်ယွဲ့ဟန်ရဲ့ ဆုံးဖြတ်ချက် ”
°°°
ပုံမှန်ပြောရမယ်ဆိုရင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက သူနဲ့အဆင့်တူတဲ့၀ိညာဥ်လက်နက်ကိုသာ အသုံးပြုနိုင်တာပါ။ အကယ်၍ သူများလုပ်ထားတဲ့ ၀ိညာဥ်လက်နက်ကို အဆင့်ကျော်ပြီသုံးမယ်ဆိုရင် ကွာခြားချက်ကများလာပါလိမ့်မယ်။
မုန့်ဟုန်ချန်က အသက်ဘယ်လောက်ရှိပြီလဲ သူမက ၀ိညာဥ်ဘုရင်တစ်ယောက်ဖြစ်နေတာနဲ့တင် အတော်လေးထူးခြားနေပါပြီ။ နေလကျောင်းတော်က သူ့ကို ဘယ်လောက်အထိ အလေးထားလဲဆိုတာ မေးကြည့်ဖို့တောင်မလိုပါဘူး။ လက်ရှိအခြေအနေနဲ့ သူမရဲ့ ကျင့်ကြံဆင့်ကို ရောက်ရှိဖို့ဆိုတာက တစ်ယောက်ထဲအင်အားနဲ့ မဖြစ်နိုင်တာတော့ အမှန်ပါ။ သေချာပေါက် သူမက ၀ိညာဥ်လက်နက်အတတ်ပညာကိုလဲ လေ့ကျင့်နေရပါလိမ့်မယ်။
ဟို့ယွိဟောင်က အမွှာသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားခဲ့တဲ့ရေခဲဒါ့အပြင် ရေခဲဧကရီ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ လျှပ်စီးဧကရာဇ်တို့က သူ့ခန္ဓာကိုယ်ထဲမှာ ပူးတွဲပြီနေထိုင်တာပါ။ ဒါပေမယ့် အသက်ဆယ့်ငါးနှစ်အရွယ်မှာ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ပြီ အဆင့်ငါးဆယ်ကို ရောက်နိုင်ပါ့မလားဆိုတာ သူကိုယ်သူ ယုံကြည်ချက်မရှိပါဘူး။
မုန့်ဟုန်ချန်နဲ့ ရှောင်ဟုန်ချန်နှစ်ယောက်စလုံးကတော့ ထူးခြားချက်အပြည့်နဲ့ အဲ့ဒီအခြေအနေကို ရောက်ရှိနေခဲ့ပါပြီ။ သူတို့ဘယ်လိုရှားပါးတဲ့ ရတနာတွေကိုစားသုံးပြီ ဆေး၀ါးတွေကို မှီ၀ဲထားလဲဆိုတာ ပြောနေရင်းအသုံးမ၀င်ပါဘူး။ ဒါပေမယ့် ကျင့်ကြံဆင့်ဆိုတာက အမြန်အဆင့်တက်လေ မခိုင်မြဲလေဆိုတာ သိသာပါတယ်။
အဆင့်သုံးဆယ် ခြောက်ဆယ် ခုနှစ်ဆယ် ကိုးဆယ် ဒီကြီးမားတဲ့အတားအဆီးလေးခုက ၀ိညာဥ်ပညာရှင်တိုင်းရင်ဆိုင်ရပါတယ်။ မုန့်ဟုန်ချန်နဲ့ ရှောင်ဟုန်ချန်တို့သာ ခိုင်မာတဲ့ကျင့်ကြံဆင့်ကို မပိုင်ဆိုင်ထားခဲ့ဘူးဆိုရင် သူတို့ရဲ့ကျင့်ကြံတဲ့နှုန်းက ကျဆင်းမှုကိုရင်ဆိုင်ရမှာပါ။ ဒါ့အပြင် အနာဂတ်မှာ မှန်ကန်ကောင်းမွန်တဲ့ အောင်မြင်မှုကိုရရှိဖို့အတွက် အချိန်လုံလုံလောက်လောက် အခြေခံကိုလဲ စုစည်းဖို့လိုပါတယ်။
ဒါကြောင့်သာ မုန့်ဟုန်ချန်က သူအသုံးပြုနေတဲ့ အဆင့်ခြောက်၀ိညာဥ်သံချပ်ကာကို ကိုယ်တိုင်ပြုလုပ်ထားတယ်လို့ ဟယ့်ချိုက်ထို့မထင်ထားတာပါပဲ။
ဒါပေမယ့် သူမလုပ်တာတောင် အစွမ်းအစအပြည့်အ၀ကို ထုတ်သုံးနိုင်မယ်လို့ ထင်နေခဲ့တယ်။ သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစကို အမျက်ဒေါသကျောင်းတော်ဆီ ထုတ်ပြရင်းနဲ့ တိုက်ကြီးတစ်ခုလုံးမှာ ၀ိညာဥ်လက်နက်တွေက ဘယ်လောက်အထိတိုးတက်လာတော့မယ်ဆိုတာ ပြသနေခဲ့ပါတယ်။
မုန့်ဟုန်ချန်က လှုပ်ရှားပြီဆိုတာနဲ့ အရမ်းကို မြန်ဆန်နေခဲ့တယ်။ သူက ထိုက်ယွဲ့ဟန်နဲ့ တိုက်ရိုက်တိုက်ခိုက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ အဲ့ဒီအစား သူ့ရဲ့ဓားက လေထဲမှာရှပ်ပြေးလို့သွားခဲ့ပါတယ်။ အပြာရောင်အလင်းတန်းတွေက လေထဲမှာလျှပ်စီးတန်းလိုပေါ်ထွက်လာခဲ့ရင်း ကြက်ခြေခတ်လိုတစ်စုံတစ်ရာကို ပြုလုပ်လိုက်ပါပြီ။ ကြက်ခြေခတ်လိုအရာတွေက ထိုက်ယွဲ့ဟန်ဆီကို ပြေး၀င်သွားပါတော့တယ်။ သူတို့တွေက မပျောက်ကွယ်သွားခဲ့ပြီ ၀ိညာဥ်စွမ်းရည်တစ်ခုဖြစ်တဲ့အတိုင်း ရှိနေခဲ့ပါတယ်။
ထိုက်ယွဲ့ဟန်က ခုန်ရှောင်ဖို့စဥ်းစားမနေခဲ့ပါဘူး။ သူအချိန်အများကြီးမရှိမှန်း သိနေခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ကျားအသွင်ပြောင်းထားတဲ့လက်ကို ဝှေ့ရမ်းလိုက်ရင်း ၀ိညာဥ်စွမ်းအားကိုထုတ်လွှတ်လိုက်ပါပြီ။ ရွှေရောင်အလင်းတန်းငါးခုက အဲ့ဒီကြက်ခြေခတ်နဲ့ အလယ်ဗဟိုမှာတိုက်မိပါတော့တယ်။ သူ့ရဲ့အရှေ့ကိုပြေး၀င်နေတဲ့ အရှိန်ကတော့ မပြောင်းလဲပဲရှိနေဆဲပါပဲ။
ကြက်ခြေခတ်ကတော့ အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့ပြီ အဖြူရောင်မြူခိုတွေက ခပ်မြန်မြန်ထွက်ပေါ်လာပါတော့တယ်။ ဒါတွေက အဆိပ်ငွေ့တွေပါ။ ထိုက်ယွဲ့ဟန်က အသက်အောင့်ထားပေမဲ့ သူ့ခန္ဓာကိုယ်အေးလာကိုတော့ ခန့်မှန်းမိပါတယ်။ တစ်စုံတစ်ရာက တားဆီးလို့မရနိုင်အောင် ခန္ဓာကိုယ်ထဲ ကျူးကျော်လာသလိုပါပဲ။ ဒါကြောင့် ၀ိညာဥ်စွမ်းအားကို စုစည်းရင်းနဲ့ အရှေ့ကိုဆက်ပြေး၀င်နေခဲ့သလို ခုလဲခုခံနေခဲ့ပါတယ်။
မုန့်ဟုန်ချန်ရဲ့ ပထမ၀ိညာဥ်စက်ကွင်းက တောက်ပလာခဲ့ပြန်ပါပြီ။ ဒါက သူ့မရဲ့အဆင့်ကို ဖော်ပြတာပါပဲ။ အဲ့ဒီနောက် ဒုတိယ တတိယနဲ့ နောက်၀ိညာဥ်စက်ကွင်းတွေက တစ်ခုပြီတစ်ခု အရောင်တောက်လာပါတော့တယ်။
ရေခဲပြာရောင်အလင်းတန်းက သူမရဲ့ခြေထောက်အောက်ကနေ ဆန့်ထွက်လာပြီ စင်တစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်းလွှမ်းခြုံလို့သွားပါတော့တယ်။ ဒါကသူမရဲ့ရေခဲအဆိပ်စက်ကွင်းပါ။
သူမ ပိုင်ဆိုင်ထားတဲ့ ရေခဲအဆိပ်ကရေခဲအဆိပ်စက်ကွင်းထဲမှာဆိုရင် အစာအများကြီးအင်အားကြီးနိုင်ပါတယ်။ လင်းလော့ချန်ရဲ့ ရေခဲမြူခိုတွေကို အသုံးချပြီ ဒီလိုစက်ကွင်းကို ထုတ်သုံးရင်းနဲ့ လင်းလော့ချန်ကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။
တတိယ၀ိညာဥ်စက်ကွင်းတောက်ပလာချိန်မှာတော့ ထူးဆန်းတဲ့အရာက ဖြစ်ပေါ်လာခဲ့ပါပြီ။ မှန်လိုမျိုးကြည်လင်နေတဲ့ ရေခဲအပိုင်းအစတွေက သူမရဲ့ခြေထောက်အောက်မှာ ငါးမီတာအချင်းနဲ့အတူ ပေါ်လာပါတော့တယ်။ ရေခဲတုံးက သူမရဲ့ရန်သူရန်ဟမှုကို ထိုးပြနေခဲ့ရင်း ထူးခြားတဲ့မြင်ကွင်းက အတော်ကို တအံ့တဩဖြစ်ပေါ်လာပါတော့တယ်။
ထိုက်ယွဲ့ဟန်က သူမအရှေ့ကို ရောက်လာခဲ့ပါပြီ။ အဲ့ဒီနောက် ကျားဖြူအလင်းလုံးတွေကို အသုံးပြုရင်း သူမဆီကို ပြေး၀င်တိုက်ခိုက်ပါတော့တယ်။
ကျားဖြူအလင်းလှိုင်းတွေက ပုံသဏ္ဍာန်ပြောင်းမှုကြောင့် ပိုပြီးအားကောင်းပါတယ်။ အကယ်၍ ပစ်မှတ်ကိုသာ တိုက်ရိုက်ထိတွေ့သွားခဲ့မယ်ဆိုရင် အဆင့်ငါး၀ိညာဥ်စုစည်းရေးအမြောက်နဲ့တူညီတဲ့ ပေါက်ကွဲမှုကို ရင်ဆိုင်ရမှာပါ။
ကောက်ကျစ်တဲ့မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။ မုန့်ဟုန်ချန်နှစ်ယောက်က ရေခဲတုံးပေါ်မှာ ဖြစ်ပေါ်လာခဲ့ပါပြီ။ အဖြူရောင်အလင်းတန်းက ဖြစ်ပေါ်လာချိန်မှာ မုန့်ဟုန်ချန်က အရိပ်လိုပျောက်ကွယ်သွားတော့တယ်။ မူလမုန့်ဟုန်ချန်က နောက်တစ်နေရာကို ရောက်သွားခဲ့ပြီ တိုက်ခိုက်မှုကို ရှောက်ရှားနိုင်ရုံတင်မက ထိုက်ယွဲ့ဟန်ရဲ့အနောက်ကိုပါ ရောက်သွားခဲ့ပါတယ်။
သူမရဲ့ဓားက ထိုက်ယွဲ့ဟန်ကို ထိုးချလိုက်တယ်။
ဓားပေါ်မှာတော့ တစ်ပေကျော်ရှည်လျားတဲ့ အလင်းတန်းတွေက ပိုမိုသိပ်သည်းလာခဲ့ပြီ တချွင်ချွင်မြည်သံတွေတောင် ထွက်ပေါ်လာခဲ့ပါပြီ။
ဒါကတော့ မုန့်ဟုန်ချန်ရဲ့ တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ရေခဲပြာရောင် ရောင်ပြန်ဟပ်မှုပါပဲ။ သူမကနေ သူမရဲ့ပုံရိပ်ယောင်တွေကို နေရာပြောင်းဖို့ခွင့်ပြုပေးနိုင်သလို အားကောင်းတဲ့သယ်ယူပို့ဆောင်မှုမဟုတ်ပေမဲ့ သူမရဲ့ ၀ိညာဥ်သံချပ်ကာနဲ့ပေါင်းစည်းလိုက်မယ်ဆိုရင် ပြီးပြည့်စုံလို့သွားခဲ့ပါတယ်။
ထိုက်ယွဲ့ဟန်ကရော ဘယ်လိုများပါလိမ့် သူက ကျားဖြူမြို့စားမင်းရဲ့ မျ်ိုးဆက်ဖြစ်တဲ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းနယ်မြေက ၀ိညာဥ်ဧကရာဇ်ပါ။ ဒါ့အပြင် မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို တွေ့ကြုံလာပြီသားဖြစ်တဲ့ ရင့်ကျက်လာသူလဲ ဖြစ်နေခဲ့ပါတယ်။
သူ့ပြိုင်ဘက်မှာ ပြိုင်ဘက်ကင်းစွမ်းရည်တွေ ရှိနေမယ်ဆိုရင်တောင် သူက တစ်စက်လေးမှ မကြောက်ပါဘူး။ ဒါ့အပြင် သူ့ရဲ့ကျားလိုလက်သည်းတွေကို အသုံးပြုပြီး အနောက်ဖက်မှာရှိတဲ့ပုံရိပ်ကို ရိုက်ချလို့လုပ်ပါတော့တယ်။ သူ့ရဲ့ကျားလက်သည်းတွေက ရွှေရောင်အလင်းတန်းတွေကို ထုတ်လွှတ်ရင်း အနောက်မှာရှိတဲ့ဓားနဲ့ ၀င်တိုက်မိတယ်။
မုန့်ဟုန်ချန်ရဲ့လက်ထဲမှာရှိနေတဲ့ဓားတွေက အဆင့်ခြောက်၀ိညာဥ်လက်နက်တွေပါ။ သူ့ရဲ့တိုက်ခိုက်မှုကလဲ ထိုက်ယွဲ့ဟန်ရဲ့ကျားလက်သည်းတွေလိုမျိုး သန်မာလှပါတယ်။ သူမက ၀ိညာဥ်လက်နက်တွေရဲ့အင်အားကို မှီခိုရင်း သူတို့ကြားက အဆင့်ကွာခြားချက်ကို လိုက်မီဖို့လုပ်နေခဲ့တယ်။
အစောပိုင်းတုန်းက ထိုက်ယွဲ့ဟန်ကြောင့် ရှောင်ဟုန်ချန်က ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ ဒါကြောင့် မုန့်ဟုန်ချန်အနေနဲ့ သူ့ရဲ့အစွမ်းအစကို အပြည့်ထုတ်သုံးဖို့ဆက်တိုက်ဖိအားရှိနေတာအမှန်ပါပဲ။
ဒါပေမယ့် ထိုက်ယွဲ့ဟန်ကတော့ ၀ိညာဥ်ဧကရာဇ်တစ်ယောက် ဖြစ်နေဆဲပါ။ သူ့အနေနဲ့ မုန့်ဟုန်ချန်ကို အင်အား၀ိညာဥ်စွမ်းအားနဲ့ သိုင်းပညာတိုက်ခိုက်မှုတွေအရ ပိုပြီးသာလွန်နိုင်ပါတယ်။ အဆိပ်ရဲ့စွမ်းအားကိုသာ စိတ်မပူခဲ့ဘူးဆိုရင် သေချာပေါက် သာလွန်မှာပါ။ အဆင့်ခြောက်၀ိညာဥ်လက်နက်တွေက အင်အားကြီးပေမဲ့ မုန့်ဟုန်ချန်က အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်မဟုတ်သေးပါဘူး။ ဒီဟန်ချက်ညီမှုကို ယာယီသာထိန်းထားနိုင်ပါလိမ့်မယ်။ ထိုက်ယွဲ့ဟန်ကတော့ အခွင့်အရေးကိုအသုံးချရင်း တစ်ဖက်လှည့်ကာ သူမကို တိုက်ရိုက်ရင်ဆိုင်ပါတော့တယ်။ သူမလဲ စတင်ပြီ ဖိအားကိုခံစားရပါပြီ။
မုန့်ဟုန်ချန်က နောက်တစ်ကြိမ် နေရာပြောင်းသွားရင်း သူ့ရဲ့ဓားတွေကို လေထဲမှာခုတ်ချလိုက်ပါတယ်။ သူ့ရဲ့အရိပ်တွေကတော့ ဆက်တိုက်ဆိုသလို လှည့်ပတ်နေခဲ့ပြီ ထိုက်ယွဲ့ဟန်ရဲ့ ခုခံမှုထဲမှာ အားနည်းချက်ကို ရှာဖွေတော့တယ်။
သူမက စောင့်ဆိုင်းနေပါတယ်။ ထိုက်ယွဲ့ဟန်က သူ့ရဲ့ခုခံနိုင်စွမ်းကို အသုံးပြုရင်း တားဆီးထားမှန်းသူမ သိနေခဲ့တယ်။ ဒါပေမယ့် ဒီခုခံမှုကလဲ အချိန်အတိုင်းအတာတစ်ခုသာ ရှိနေမှာပါ။ ထိုက်ယွဲ့ဟန်လဲ ရေခဲအဆိပ်က ပိုပိုပြီးတိုး၀င်လာတာကို ခံစားမိပါတယ်။ ဒါက သူမကို အနိုင်ရစေမှာအမှန်ပါပဲ။
ထိုက်ယွဲ့ဟန်အနေနဲ့ သူ့ရဲ့အရိုးထဲအထိ တိုက်ခိုက်နေတဲ့ တစ်စုံတစ်ရာကို ခံစားမိပါတယ်။ သူခန္ဓာကိုယ်က မာကြောပေမဲ့ဒီလိုအဆိပ်ရဲ့တိုက်စားမှုကို အချိန်တစ်ခုအထိသာ ခုခံနိုင်မှာပါ။ အပြည့်အ၀တားဆီးဖို့က မဖြစ်နိုင်ပါဘူး။
မုန့်ဟုန်ချန်က အနီးကပ်တိုက်ပွဲမှာ သူပြိုင်ဘက်မဟုတ်ပေမဲ့ သူမက အရမ်းကိုမြန်ဆန်ပြီ နေရာလဲရွေ့ပြောင်းနိုင်နေပါတယ်။ ထိုက်ယွဲ့ဟန်ကို သူမတတ်နိုင်သလောက် ထိန်းထားဖို့အတွက် ပေါက်ကွဲတဲ့၀ိညာဥ်လက်နက်တွေကိုလဲ ဆက်တိုက်သုံးနေရင်း ဆက်တိုက်ဆိုသလို အာရုံလွဲနေခဲ့တယ်။
ဒီတိုက်ပွဲက ကြည့်ရတာအတော်ကို ခေါင်းမူးလှတဲ့အပြင် အသံတွေကလဲ အတော်ဆူလှပါတယ်။ ထိုက်ယွဲ့ဟန်က မနှေးကွေးပါဘူး။ ဒါပေမယ့် မုန့်ဟုန်ချန်ကိုတော့ ဘယ်သူမှအသာစီးမရပဲ ရှိနေခဲ့ပါတယ်။ အခြေအနေက ဒီအတိုင်းသာဆက်သွားနေခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်ဖက်မှာတော့ စိတ်ညစ်နေကြပါပြီ။ ဒါ့အပြင် သူတို့လဲ စိတ်မထိန်းနိုင်ပဲ ကျိန်ဆဲနေကြပါတယ်။ မုန့်ဟုန်ချန် အသုံးပြုနေတဲ့ တိုက်ပွဲနည်းဗျူဟာတွေက အနီးကပ်တိုက်ပွဲတွေမှာ ကြောက်စရာကောင်းလွန်နေခဲ့တယ်။ သူက ထိုက်ယွဲ့ဟန်ကိုတောင် အချိန်ဆွဲထားနိုင်ပြီ အနိုင်ရနိုင်မဲ့ပုံလဲမပေါ်ပါဘူး။
ထိုက်ယွဲ့ဟန်က ဖြည်းဖြည်ချင်း နှေးလာပါတော့တယ်။ တစ်ကိုယ်လုံးကလဲ တုန်ရီလာခဲ့ပြီ ရေခဲပြာရောင်အလင်းတန်းက သူ့ပုခုံးပေါ်မှာ ဖြတ်သွားခဲ့ပါပြီ။
ဒါပေမယ့် သူ့မှာအင်အားဖြည့်တဲ့ စွမ်းရည်သုံးခုရှိနေတာကြောင့် ဒီအလင်းက သူ့ရဲ့အမွေးကိုသာ အနည်းငယ်ပြတ်သွားစေခဲ့ပါတယ်။ ခန္ဓာကိုယ်ကိုတော့ မထိခိုက်စေပါဘူး။
” မဖြစ်ဘူး ”
၀မ်ယန်က ရုတ်တရက်အမူအရာပြောင်းသွားပါတော့တယ်။
” ယွဲ့ဟန် ဒီအဆိပ်ကို ထပ်ပြီတောင့်ခံထားနိုင်ပုံမပေါ်ဘူး ”
ထိုက်ယွဲ့ဟန်က တိုက်ပွဲအစကနေ စွမ်းအားကိုအပြည့်အ၀ထုတ်သုံးထားခဲ့တာပါ။ သူ့ရဲ့ခုခံမှုကို ဒီလိုနည်းနဲ့သာ မြင့်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါက သူ့ရဲ့တိုက်ခိုက်မှုကိုလဲ အဆုံးစွန်းအထိ မြင့်တင်နိုင်ခဲ့တယ်။
ဒါပေမယ့် မုန့်ဟုန်ချန်က သူနဲ့တိုက်ရိုက်မတိုက်ခိုက်ပဲ ငါးရှဥ့်လိုမျိုး ချော်ထွက်နေခဲ့တာပါ။ ထိုက်ယွဲ့ဟန်က သူ့ရဲ့ခုခံမှုကို ဖျက်ဆီးနိုင်လုနီးပါးဖြစ်ပေမဲ့ အမြဲတမ်းသူမရဲ့ မပျက်သုန်းနံရံအကာအကွယ်က ထွက်ပေါ်လာရင်း သူ့ကို ကာကွယ်လိုက်ပါတယ်။ မုန့်ဟုန်ချန်ရဲ့ ၀ိညာဥ်စွမ်းအားက ဒီလိုဖြစ်တိုင်းအများကြီးလျော့ကျသွားခဲ့ရတယ်။ ဒါပေမယ့် ထိုက်ယွဲ့ဟန်ရဲ့ အားအင်ကုန်ဆုံးမှုက ပိုပြီးတော့ကိုများပြားပါတယ်။
” သူ့ကိုယုံလိုက်ပါ အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းတပည့်သားတစ်ယောက်အနေနဲ့ သူ့ထက်အဆင့်တစ်ဆင့်နှိမ့်တဲ့ ပြိုင်ဘက်ကိုတောင် အနိုင်မယူနိုင်ဘူးဆိုရင် အတွင်းနယ်မြေထဲကို၀င်လာဖို့မတန်ဘူးလို့ပြောရမယ် ”
မာရှောင်ထောင့်တစ်ယောက်ထဲသာ အေးအေးဆေးဆေးရှိပါတယ်။ အတွင်းနယ်မြေရဲ့ တပည့်သားတွေကသာ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းကောင်းကောင်းနားလည်နေခဲ့တယ်။ အခုအချိန်အထိ စင်ပေါ်မှာအခြေအနေက သိပ်ပြီမကောင်းလှပါဘူး။ ထိုက်ယွဲ့ဟန်က ပထမတိုက်ခိုက်မှုကို ခံစားရပြီတဲ့နောက် ပိုမိုနှေးကွေးလို့သွားခဲ့ရပါတယ်။ ရေခဲအဆိပ်က ပြန့်လာပုံပေါ်ပါပြီ။ ဒါ့အပြင် သူမရဲ့ပြိုင်ဘက်လက်ထဲမှာရှိနေခဲ့တဲ့ ဓားတွေကလဲ ပိုပိုပြီးကြမ်းတမ်းရက်စက်လာပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကိုလဲ အကြိမ်ကြိမ်ဒဏ်ရာရစေခဲ့တဲ့အတွက် အသွင်ပြောင်းမှုသုံးခုရှိထားတာတောင် မခုခံနိုင်တော့ပါဘူး။ ထိုက်ယွဲ့ဟန်ရဲ့ခန္ဓာကိုယ်ပေါ်မှာ သွေးစသွေးနတွေပေါ်လာပါတော့တယ်။ ပိုပြီးအရေးကြီးတဲ့အချက်ကတော့ မုန့်ဟုန်ချန်ရဲ့ လက်နက်တွေကလဲ အဆိပ်တွေအပြည့် ဖြစ်နေတာပါပဲ။ ဒီအဆိပ်က သွေးနဲ့ထိတွေ့ချိန်မှာ ပိုပြီးမြန်ဆန်လာပါတယ်။
ထိုက်ယွဲ့ဟန်ကတော့ အတော်ကိုဒေါသထွက်နေခဲ့ပါပြီ။ လက်ရှိသူ့ရဲ့ခန္ဓာကိုယ်အခြေအနေကို ပိုမိုနားလည်သွားတဲ့အတွက် သူထအော်မိပါတော့တယ်။ ရုတ်တရက်ကောင်းကင်ပေါ်ကိုအော်ဟစ်ရင်း ခုန်တက်သွားခဲ့ပြီ ခန္ဓာကိုယ်ပေါ်မှာ ရွှေရောင်အလင်းတွေက စုစည်းလာပါတော့တယ်။ သူ့ရဲ့ နောက်ဆုံးခြောက်ခုမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပါပြီ။ ဒါကတော့ ထိုက်ယွဲ့ဟန်ရဲ့အကြီးမားဆုံး၀ိညာဥ်စွမ်းအားဖြည့်တဲ့ ကျားဖြူဖယ်ရှားမှုပါပဲ။ နောက်ဆုံးမှာ သူထုတ်သုံးပါတော့တယ်။
ကြောက်စရာကောင်းတဲ့အရှိန်အ၀ါက ဘေးပတ်လည်ငါးမီတာအထိကို ဖုံးလွှမ်းလို့သွားခဲ့ပြီတဲ့နောက် ကြီးမားတဲ့သတ်ဖြတ်ဆိုတဲ့ စကားလုံးကြီးက လေထဲမှာပေါ်လာပါတော့တယ်။ ကျားဖြူရဲ့အရိပ်ကလဲ ထိုက်ယွဲ့ဟန်ရဲ့အနောက်မှာ ဖြစ်ပေါ်လာခဲ့ပါပြီ။
ဒါက သူ့ရဲ့နောက်ဆုံးတိုက်ခိုက်မှုလား မုန့်ဟုန်ချန်ကတော့ အေးစက်စက်ပြုံးနေခဲ့ရင်း သူ့ခန္ဓာကိုယ်ထဲက ရွှေရောင်အလင်းတန်းတွေကို ထုတ်သုံးပါတော့တယ်။ သူမက တစ်ဖက်လူရဲ့စွမ်းအားကို နားလည်နေခဲ့သလို ဒီရလဒ်က သူမရဲ့ခန္ဓာကိုယ်မှာ အလိုအလောက်အတားအဆီးကို ဖြစ်ပေါ်လာစေမှာပါ။
၀ိညာဥ်စွမ်းအားတွေရဲ့ ကွာခြားချက်က အရမ်းကို ကြီးမားလွန်လှပါတယ်။ ကျားဖြူ၀ိညာဥ်ဧကရာဇ်ရဲ့ အင်အားအကြီးဆုံးတိုက်ခိုက်မှုက သူမရဲ့ ၀ိညာဥ်စွမ်းအားတွေအများကြီးကို စုပ်ယူနိုင်သလို သူမကိုလဲ လဲကျစေဖို့လုံလောက်တယ်။
ရွှေရောင်အလင်းတန်းက မပျက်သုန်းအတားအဆီးမဟုတ်ပါဘူး။ ဒါပေမယ့် ရွှေရောင်အလင်းတန်းက လိုက်မီလာခဲ့ပါတယ်။ မုန့်ဟုန်ချန်ကတော့ ဆယ်မီတာအကွာအဝေးကို ရွေ့လျားသွားခဲ့ပြီ ထိုက်ယွဲ့ဟန်ရဲ့အကြီးမားဆုံးတိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပါတော့တယ်။
ဆယ်မီတာအကွာအဝေးကို ရွေ့လျားနိုင်တဲ့အစွမ်းအစကို လုံး၀အထင်သေးလို့မရပါဘူး။ ဒါကတော့ အဆင့်ခုနှစ်၀ိညာဥ်လက်နက်ဖြစ်ပြီ သယ်ယူပို့ဆောင်မှုနယ်မြေပါ။ ဒါမျိုးကို ရှောင်ဟုန်ချန်တောင်မပိုင်ပါဘူး။
သယ်ယူပို့ဆောင်မှုက တစ်ရက်ကိုတစ်ခေါက်သာ သုံးလို့ရပါတယ်။ ဒါ့အပြင် တစ်ခေါက်သုံးပြီ ကုန်သွားတာလဲ မဟုတ်သလို အံ့ဩစရာကောင်းတဲ့ ပစ္စည်းတစ်ခုပါပဲ။ ဒီလိုပစ္စည်းမျိုးကို ပိုင်ဆိုင်တာက အရေးကြီးတဲ့အခြေအနေမျိုးမှာ အသက်နှစ်ချောင်းရထားတာနဲ့ တူညီနေခဲ့တယ်။ ဒါ့အပြင် မီတာတစ်ရာအထိကို ယူသွားနိုင်တာက ကန့်သတ်ချက်အဆုံးစွန်းပါ။
မုန့်ဟုန်ချန်က ဆယ်မီတာအထိကို ရွေ့လျားသွားပြီတဲ့နောက် ဒီလိုအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။
ကျားဖြူသတ်ဖြတ်မှုလွဲချော်သွားချိန်မှာတော့ သူမရဲ့ ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလာပါတော့တယ်။
ဒီတိုက်ခိုက်မှုကို အသုံးပြုဖို့အတွက် သူစောင့်ဆိုင်းနေခဲ့တာကြာပါပြီ။ မုန့်ဟုန်ချန်ရဲ့ နှလုံးသားတစ်ခုလုံးက ယုံကြည်ချက်အပြည့်အ၀ရှိနေခဲ့ပြီ လုံး၀နိုင်တော့မယ်လို့ ထင်နေခဲ့တယ်။ သူ့တစ်ကိုယ်လုံးက ကောင်းကင်ပေါ်ကို ဆက်တိုက်ဆိုသလို တစ်၀ှီး၀ှီးမြည်ရင်း တက်သွားခဲ့ပါပြီ။ ရေ၀ဲတစ်ခုလိုမျိုး ပုံသဏ္ဍာန်ပြောင်းသွားပါတော့တယ်။ ထိုက်ယွဲ့ဟန်ကို တိုက်ရိုက်တိုက်ခိုက်တာပါ။
လက်ရှိအချိန် ထိုက်ယွဲ့ဟန်က အားအနည်းဆုံးအခြေအနေမှာ ရှိနေခဲ့ပါတယ်။ သူမရဲ့အဆိပ်ကြောင့် ထိခိုက်ခံနေရသလို အင်အားအကုန်လုံးကိုလဲ နောက်ဆုံးတိုက်ခိုက်မှုမှာ သုံးခဲ့တာဖြစ်နေခဲ့တယ်။ မုန့်ဟုန်ချန်ရဲ့ အခွင့်အရေးရွေးချယ်မှုက တကယ်ကိုတော်လွန်လှတယ်လို့သာ ပြောရမှာပါ။
တိုက်ပွဲရဲ့အောက်ဖက်မှာ ကောင်းကင်ရန်သူတော်သော့်လော့ကတော့ ရောက်နေပါပြီ။ အချိန်မရွေးကူညီနိုင်ဖို့ သူကအသင့်ပြင်ထားခဲ့တယ်။
ရေ၀ဲရဲ့အစွန်းမှာ အနီရောင်အလင်းတန်းက ထွက်ပေါ်လာခဲ့ပြီ ရေခဲပြာရောင်နဲ့ ရောနှောသွားပါတော့တယ်။ အဲ့ဒီဖြူဖျော့ဖျော့အနီရောင်အလင်းတန်းက ကြည့်နေသူတွေကို ကျေချမ်းလို့သွားစေတယ်။ ရေ၀ဲထဲမှာ မီးတွေလာလောင်နေသလိုပါပဲ။
ဒါကတော့ မုန့်ဟုန်ချန်သုံးနိုင်တဲ့အင်အားအကြီးဆုံးတိုက်ခိုက်မှုဖြစ်တဲ့ ရေခဲမီးနဂါးအဆိပ်ပါပဲ။
ပြီးပြည့်စုံအောင် ပေါင်းစည်းထားတဲ့နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်နဲ့ အဆင့်ခြောက်၀ိညာဥ်လက်နက်တို့ရဲ့ ပေါင်းစည်းမှုပါ။ သူတို့စွမ်းအားကလဲ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ကို ရင်ဆိုင်ဖို့လုံလောက်နေခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်ကို သူဒီတစ်ချက်နဲ့ အပြတ်သိမ်းတိုက်ခိုက်တော့မှာပါ။
အပိုင်း ၁၂၂•၁ ပြီး၏။