အပိုင်း ၁၂၁•၃
” ထန်မျိုးနွယ်ရဲ့လျှို့၀ှက်နည်းလမ်းတွေ ”
°`°
” နောက်တစ်ယောက်တက်လာခဲ့ ”
မုန့်ဟုန်ချန်ရဲ့အသံက သေခြင်းတရားရဲ့ရှေ့ပြေးနိမိတ်လိုပါပဲ။ သူမရဲ့အမူအရာကတော့ အရမ်းကိုမောက်မာနေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့စကားတစ်ခွန်းချင်ဆီးတိုင်းက စောင့်ဆိုင်းနယ်မြေမှာရှိနေတဲ့ အမျက်ဒေါသကျောင်းတော်ကို ကြီးမားတဲ့ဖိအားရစေခဲ့တယ်။
သူက လူနှစ်ယောက်ကို တစ်ပြိုင်နက်ထဲအနိုင်ယူလိုက်တာပါ။ ဒါ့အပြင် အရမ်းကိုလွယ်လွယ်ကူကူအနိုင်သွားတာလဲ ဖြစ်နေခဲ့တယ်။
မုန့်ဟုန်ချန်က နေလကျောင်းတော်ရဲ့ လက်ရှိအချိန် အဓိကလူဖြစ်နေခဲ့ပါပြီ။ နှစ်ဖက်စလုံးက တူညီတဲ့အခြေအနေမှာ ရောက်နေခဲ့ကြပါတယ်။
ထိုက်ယွဲ့ဟန်က မျက်မှောင်ကြုတ်နေခဲ့သလို ၀မ်ယန်ကလဲ ဒီအဆိပ်အကြောင်းကို တတ်နိုင်သလောက်ရှင်းပြထားခဲ့ပါတယ်။
ကျားဖြူကတွန်းအားကောင်းပေမဲ့ ပေ့ပေ့နဲ့တူညီတဲ့အနေအထားမှာရှိပါတယ်။ ဒါကြောင့် မုန့်ဟုန်ချန်ရဲ့အဆိပ်ကို မရင်ဆိုင်နိုင်ဘူးဆိုရင် သူဘယ်လိုရင်ဆိုင်နိုင်မှာလဲ။
အကယ်၍ သူရင်မဆိုင်နိုင်ဘူးမှန်းသိရင် ဘာကြောင့်ထွက်သွားရမှာလဲ။
လက်ရှိအချိန်မှာ သူကြောက်နေသင့်လား ဧကရာဇ်ရော သူ့ရဲ့အဖေပါ ကြည့်နေတဲ့အချိန်မှာ အတော်လေးစိတ်ဖိစီးလာပါတော့တယ်။ လက်ရှိအချိန် ထိုက်ယွဲ့ဟန်ရဲ့စိတ်ထဲမှာ ပဠိပက္ခတွေက အဆုံးစွန်းအထိရောက်ရှိလို့သွားရင်း သွေးကြောတွေက နဖူးကနေပေါက်ကွဲထွက်မတတ်ထောင်နေခဲ့ပါပြီ။
မုန့်ဟုန်ချန်လူမျ်ိုးကို တိုက်ခိုက်မဲ့အစား ၀ိညာဥ်သူတော်စင်တစ်ယောက်ကိုသွားပြီ စိန်ခေါ်ချင်ပါတယ်။ အကယ်၍ သူနိုင်နိုင်မယ်ဆိုရင်တောင် သိပ်ပြီကိစ္စမရှိသလို သူရှုံးမယ်ဆိုရင်လဲ ရှက်စရာဖြစ်သွားမှာပါ။ များပြားတဲ့ လူတွေရှေ့မှာ အရှက်ကွဲအကျိုးနည်းဖြစ်ရပါလိမ့်မယ်။
ဒါ့အပြင် ပြိုင်ပွဲ၀င်တွေရဲ့ အခြေအနေက အသေအတည်ပြုထားတာဖြစ်တာကြောင့် အပြောင်းအလဲလုပ်လို့မရနိုင်ပါဘူး။ ဒါကြောင့် သတ္တိကို စုစည်းရင်းနဲ့သာ ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့လုပ်ရပါတော့တယ်။
” ထိုက်ယွဲ့ဟန် ”
အသံတစ်သံက သူ့ရဲ့ဘေးမှာထွက်ပေါ်လာခဲ့ပါတယ်။ ထိုက်ယွဲ့ဟန် လှည့်ကြည့်လိုက်ချိန်မှာတော့ မာရှောင်ထောင့်ကို မြင်လိုက်ရပါတယ်။
မာရှောင်ထောင့်က မိစ္ဆာမိီးလျှံတွေကို ဖိနှိမ့်သွားပြီဖြစ်သလို သူ့ရဲ့အင်အားတွေအများကြီးကိုလဲ ပြန်လည်ရရှိထားပါပြီ။
မာရှောင်ထောင့်က အလေးအနက်ကြည့်ရင်း ခပ်တိုးတိုးပြောလာခဲ့ပါတယ်။
” သူ့ရဲ့အဆိပ်ကအင်အားကြီးတယ်…ဒါပေမယ့် အဆင့်က ငါတို့ရဲ့အောက်မှာပဲရှိတယ်…နင်ရဲ့အသွင်ပြောင်းနိုင်တဲ့ အင်အားကြီးစွမ်းရည်သုံးခုက ခုခံနိုင်စွမ်းကို အဆုံးစွန်းအထိ မြင့်တင်ပေးနိုင်မှာမလား သူနင့်ကိုအဆိပ်နဲ့တိုက်ခိုက်ဖို့ကြိုးစားမယ်ဆိုရင် သူကိုအပေါ်ကနေ တစ်ချိန်လုံးမိုးပြီတိုက်ခိုက်နေလိုက် ”
သူတို့နှစ်ယောက်စလုံးက အတော်ကိုထက်မြက်တဲ့သူတွေပါ။ ဒီလိုညွှန်ကြားပြသမှုတစ်ခုက လုံလောက်ပါတယ်။ ထိုက်ယွဲ့ဟန်လဲ သူမပြောတာကို ချက်ချင်းနားလည်သွားပြီတဲ့နောက် ခေါင်းညိတ်လိုက်တယ်။ အဲ့ဒီနောက် မာရှောင်ထောင့်ကို လက်မထောင်ပြရင်းနဲ့ အပေါ်ကိုခုန်တက်သွားခဲ့ပါပြီ။
ဘေးကနေကြည့်သူအနေနဲ့ သူလဲစိတ်ထဲမှာ တွေးထားတာရှိပါတယ်။ ဒါကြောင့် မာရှောင်ထောင့်ရဲ့အချိန်ကိုက်သတိပေးမှုကို ကြားချိန်မှာ သူချက်ချင်းဆိုသလို ဘာလုပ်ရမှန်းသိသွားတော့တယ်။ သူက အားကောင်းတဲ့သိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားပြီ အဆင့်ခြောက်ဆယ်အထက် ၀ိညာဥ်ဧကရာဇ်တစ်ယောက်ပါ။ သိုင်းပညာ၀ိညာဥ်ကို အားဖြည့်ပေးမှုက သူခန္ဓာကိုယ်ကို အများကြီးကြောက်စရာကောင်းစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင့်တော်တဲ့အချိန်တစ်ခုကသာ သူ့ရဲ့ခန္ဓာကိုယ်ကိုထိခိုက်အောင်လုပ်မှာဖြစ်ပါတယ်။
ပေ့ပေ့ရဲ့ကျင့်ကြံဆင့်က သူ့ပြိုင်ဘက်ထက် နောက်ကျနေသလို သူလဲသတိလစ်သွားခဲ့ရတယ်။
လင်းလော့ချန်ကိုရော ဘယ်လိုစဥ်းစားရမှာလဲ သူတို့ရဲ့တိုက်ခိုက်မှုက ဆယ်မိနစ်သာကြာပေမဲ့ သူ့ရဲ့ရေခဲမြူခိုတွေက နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားခဲ့တာပါ။ မုန့်ဟုန်ချန်လဲ ပြောထားပြီသားဖြစ်သလို ရေခဲကသူ့ကိုမတိုက်ခိုက်နိုင်ပါဘူး။ ဒါကြောင့် လင်းလော့ချန်ကို တိုက်ခိုက်ဖို့အတွက် သူအတွက် အချိန်စောင့်ဆိုင်းဖို့လိုသာ ဖြစ်နေခဲ့တယ်။ လင်းလော့ချန်က ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် သူက အားသုံးပြီတိုက်ခိုက်မဲ့အစား တိုက်ပွဲကိုထိန်းချုပ်တဲ့အချိန်မှာ ပိုပြီးအားသာမှာပါ။ သူကတော့ မတူညီပါဘူး။
မုန့်ဟုန်ချန်ကတော့ ခေါင်းမော့ရင်ကော့နေရင်း ထိုက်ယွဲ့ဟန် တက်လာတာကိုကြည့်နေခဲ့ပါတယ်။ နေလကျောင်းတော်ဖက်မှာရှိတဲ့ဆရာတွေကတော့ သူ့ကို လက်ဟန်ပြရင်းနဲ့ ညွှန်ပြနေခဲ့တယ်။ မုန့်ဟုန်ချန်က ခေါင်းညိတ်ရင်းနဲ့နားလည်သွားခဲ့ပါပြီ။ ဒါကြောင့် ယုံကြည်ချက်အပြည့် သူမျက်နှာပေါ်မှာပေါ်လာပါတော့တယ်။
” နောက်ဆုတ်ကြမယ် ”
ကောင်းကင်ရန်သူတော်သော့်လော့က ပုံမှန်အတိုင်းပြောလိုက်တယ်။ ထိုက်ယွဲ့ဟန်က မုန့်ဟုန်ချန်ကို မျက်မှောင်ကြုတ်ရင်း ကြည့်နေခဲ့ပါပြီ။ မုန့်ဟုန်ချန် တစ်ကိုယ်လုံးလဲ တောင့်တင်းသွားခဲ့ပြီ သူကျောတစ်လျှောက်လုံးအေးသွားခဲ့ပါတယ်။ လက်ရှိအချိန် ကျားရဲတစ်ကောင်နဲ့ သူမျက်နှာချင်ဆိုင်နေရသလိုပါပဲ။ တစ်ဖက်လူက အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်ဧကရာဇ်ပါ။ ဒါကြောင့် သူ့ရဲ့ပုံသဏ္ဍာန်တူတဲ့အရှိန်အ၀ါက သူမရဲ့ဗိုက်တွေကိုတောင် နာလာစေပါတယ်။ ခပ်မြန်မြန်ပဲ သတိပြန်၀င်လာခဲ့ပြီ သူမရဲ့ အရှေ့နိုင်ပွဲနှစ်ခုကြောင့် ဒီလိုယုံကြည်ချက်ရှိနေခဲ့တာပါ။
ထိုက်ယွဲ့ဟန်ကတော့ စင်ရဲ့အစွန်းကိုရောက်ချိန်မှာ သူပုံသဏ္ဍာန်က အနည်းငယ်ပြောင်းလဲသွားပါတော့တယ်။ သူက မြန်မြန်ဆန်ဆန်မလှုပ်ရှားပါဘူး။ ဒါ့အပြင် သူလှမ်းလာခဲ့တဲ့ ခြေလမ်းတစ်လှမ်းချင်းဆီတိုင်းက အရမ်းကို ဟန်ချက်ညီနေခဲ့တယ်။ တစ်ချက်ခြေလမ်းလှမ်းလိုက်တိုင်းမှာ သူ့ရဲ့အရှိန်အ၀ါကလဲ ပိုမိုအားကောင်းလာခဲ့ပါပြီ။ ဒါ့အပြင် ဖြည်းဖြည်းချင်း ပုံသဏ္ဍာန်ပေါ်လာနေတဲ့ တောင်ကြီးတစ်လုံးလိုပါပဲ။
မြို့နံရံပေါ်မှာတော့ ကြယ်တာရာလော့ဧကရာဇ်က မေးလာခဲ့ပါတယ်။
” ငါ့သူငယ်ချင်း ထိုက်ယွဲ့ဟန်က အဲ့ဒီနေလနိုင်ငံတော်ရဲ့ ရှားပါးအဆိပ်ပညာရှင်ကို အနိုင်ယူနိုင်မယ်ထင်လား ”
ကျားဖြူမြို့စားမင်းက မျက်မှောင်ကြုတ်ရင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။
” အကယ်၍ သူသာ ဉာဏ်ကောင်းပြီ ထက်ထက်မြက်မြက်နဲ့ ကစားမယ်ဆိုရင် နိုင်နိုင်ပါတယ်.. ဒါပေမယ့် အကယ်၍ သူနိုင်နိုင်မယ်ဆိုရင်တောင် သူ့ကိုယ်သူတော့ ထိခိုက်စေမှာအမှန်ပဲ အဆိပ်ပညာရှင်တွေက ရင်ဆိုင်ရတာအန္တရာယ်များတယ်လေ… အထူးသဖြင့် နေလနိုင်ငံတော်ကနေလာမယ်ဆိုရင်ပေါ့ အရှင်ဧကရာဇ်မင်း အဲ့ဒီကောင်မလေးကို အလေးအနက်ထားသင့်တယ် ”
” အမှန်ပဲ နေလကျောင်းတော်က ပိုပိုပြီးအထိန်းအကွတ်မဲ့လာတယ်..ဒါ့အပြင် မနေ့တုန်းက အမျက်ဒေါသကျောင်းတော်ကို ပို့လိုက်တဲ့သတင်ပေးက ပြန်လာပြီ ”
” ဒါဆိုရင် အမျက်ဒေါသကျောင်းတော်ဘက်က ဘာပြောလဲ ”
ကျားဖြူမြို့စားမင်းက ကြယ်တာရာလော့ဧကရာဇ်မင်း ကြိုးစားနေတာကိုသိပုံပါပဲ။
” ဘာများဖြစ်နိုင်ဦးမှာလဲ အဲ့ဒီကောက်ကျစ်တဲ့မြေခွေးကြီးတွေကတော့လေ သူတို့က ငါ့ရဲ့ကမ်းလှမ်းချက်ကို ယဥ်ယဥ်ကျေးကျေးငြင်းပယ်လိုက်တယ်…သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေရဲ့ကျောင်းအုပ်ရန်ရှောင်ကျဲ့က ငါ့ကိုပြောတယ်…အမျက်ဒေါသကျောင်းတော်က ဘယ်တုန်းမှကျရှုံးမှာမဟုတ်ဘူးတဲ့ သူတို့က မွေးမြူးစောင့်ရှောက်ပြီကာကွယ်ပေးတယ်…အမျက်ဒေါသကျောင်းတော်ရဲ့ လွှမ်းမိုးမှုက သူမြို့ကနေခွာမှာမဟုတ်ဘူးတဲ့ ”
” သူတို့ကတော့ တိုက်ကြီးတစ်ခုလုံးရဲ့ အစောင့်အကြပ်တွေပဲလေ ဒါတောင်မှ မြို့အပြင်ကို ထွက်မလာဘူးလား တကယ်ပဲ အပြင်ကိုခြေမဆန့်ကြဘူးလား ”
ကျားဖြူမြို့စားမင်းက ပြောလိုက်ပါတယ်။
” ငါတို့တွေ အမျက်ဒေါသကျောင်းတော်ရဲ့ သူ့တပည့်သားတွေအပေါ် ယုံကြည်ချက်ကြောင့် မူလနိုင်ငံတော်သုံးခုရဲ့အခြေအနေက တည်မြဲနေတာလို့ ၀န်ခံရမှာပဲ ဒါ့အပြင် နေလနိုင်ငံတော်ရဲ့တည်ရှိမှုကြောင့်သာ မဟုတ်ရင် ငါတို့လဲ တိုက်ကြီးတစ်ခုလုံးကို စုစည်းနိုင်ဖို့ အခွင့်အရေးရနိုင်တယ်…ဒါပေမယ့် အမျက်ဒေါသကျောင်းတော်က အတွင်းပိုင်တိုက်ခိုက်မှုကို ဘယ်တုန်းကမှခွင့်မပြုခဲ့ဘူးလေ ဒီလိုနိုင်ငံရေးအခြေအနေတွေအောက်မှာ အားလုံးကို စုစည်းဖို့လဲ အခွင့်အရေးမရှိတော့ဘူး ”
ကျားဖြူမြို့စားမင်းက ပြန်ဖြေလိုက်ပါတယ်။
” နေလနိုင်ငံတော်က အခုတလောမှာ တိုးတိုးတိတ်တိတ်လှုပ်ရှားနေတာတွေ အများကြီးရှိပြီ သူတို့တွေက မကြာတော့မဲ့အနာဂတ်မှာ သေချာပေါက် ကြီးမားတဲ့လှုပ်ရှားမှုတော့ ဖြစ်စေဦးမှာမဟုတ်ဘူး ”
” ပြိုင်ပွဲစပြီ ကြည့်ကြရအောင် ”
ထိုက်ယွဲ့ဟန်နဲ့ မုန့်ဟုန်ချန်တို့ရဲ့ ပြိုင်ပွဲက စတင်ပါတော့တယ်။ လက်ရှိအချိန်မှာ လူတွေလဲ သူတို့ရဲ့နိုင်ငံရေးအမြင်တွေ ဆွေးနွေးနေတာကို တခဏတာရပ်လိုက်ကြပါပြီ။
ထိုက်ယွဲ့ဟန်က ကျားတစ်ကောင်လို ဟိန်းဟောက်ရင်းနဲ့ အစိမ်းရောင်အလင်းတန်းတွေကို စတင်ထုတ်လွှတ်တော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က မြားတစ်စင်းလိုပြေး၀င်သွားခဲ့ပါပြီ။ ပထမ တတိယနဲ့ ပဥ္စမ၀ိညာဥ်စက်ကွင်းတွေက စတင်တောက်ပလာပါတော့တယ်။ သူက မြန်နိုင်သလောက်မြန်အောင် ပုံပြောင်းလို့နေခဲ့တယ်။ ရွှေရောင်လက်သည်းတွေနဲ့ ရွှေရောင်အမွေးတွေက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့သလို အားကောင်းတဲ့ပုံသဏ္ဍာန်ပြောင်းမှုနဲ့ စွမ်းအားဖြည့်တင်းမှုတွေကို စက္ကန့်ပိုင်းအတွင်းမှာ သူ့ရဲ့အင်အားတွေကို မြင့်တင်းပေးလိုက်ပါတယ်။
စင်ရဲ့အလယ်တည့်တည့်ကို တတိယ၀ိညာဥ်စက်ကွင်းပုံပြောင်းပြီချိန်မှာ သူကရောက်ရှိသွားခဲ့ပါပြီ။ သူလှုပ်ရှားမှုတွေက ဘယ်လောက်တောင် မြန်ဆန်နေလဲဆိုတာ ကြည့်ရုံနဲ့သိနေခဲ့တယ်။ ဒါ့အပြင် အရှိန်အ၀ါတွေကလဲ အရှေ့မှာရှိသမျှအရာအားလုံးကို ဆွဲဖြဲပြစ်တော့မလိုပါပဲ။
စင်အောက်မှာတော့ မာယုလုံးရဲ့အမူအရာက ဆက်တိုက်ပြောင်းနေခဲ့တယ်။ သူကလဲ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ပါ။ ဒါပေမယ့် သူ့နဲ့ထိုက်ယွဲ့ဟန်ကြားမှာ ကွာခြားချက်က အတော်ကိုကြီးလွန်နေပါတယ်။ သိုင်းပညာ၀ိညာဥ်ရော ကျင့်ကြံဆင့်ရောလုံး၀မတူပါဘူး။ အကောင်းဆုံးကြိုးစားမယ်ဆိုရင်တောင် ထိုက်ယွဲ့ဟန်ကို အနိုင်ယူနိုင်ဖို့သူ့ရဲ့အစွမ်းအစက ငါးဆယ်ရာခိုင်နှုန်းလောက်သာ အခွင့်အရေးရှိပါတယ်။ အမျက်ဒေါသကျောင်းတော်က သက်တူရွယ်တူအဆင့်တူ ကျင့်ကြံရေးသမားတွေထဲမှာ ပိုသာလွန်တဲ့လူတွေကို မွေးထုတ်ပေးတယ်ဆိုတာ ၀န်ခံရမှာပါ။ ဒါ့အပြင် မာရှောင်ထောင့်နဲ့သာ တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်လို့ကတော့ အောင်မြင်နိုင်ချေက သုံးဆယ်ရာခိုင်နှုန်းတောင်မရှိပါဘူး။
မုန့်ဟုန်ချန်က နောက်ဆုံးမှာသူ့ရဲ့၀ိညာဥ်လက်နက်တွေကို ထုတ်သုံးရပါပြီ။
သူမခန္ဓာကိုယ်ပေါ်မှာ ရေခဲအပြာရောင်အလင်းတန်းတွေက ဆယ့်သုံးနေရာတိတိ ပေါ်လာပါတော့တယ်။ ဒီဆယ့်သုံးနေရာက သူမရဲ့နဖူး ပုခုံးနှစ်ဖက် ရင်ဘတ် တံတောင်နှစ်ဖက် ၀မ်းဗိုက် တင်ပါးဘေးနှစ်ဖက် ဒူးနဲ့ လက်နှစ်ဖက်မှာပါ။
အေးစက်တဲ့အပြာရောင်အလင်းစာလုံးတွေက ခပ်မြန်မြန်ပဲ ဖြစ်ပေါ်လာပြီတဲ့နောက် သူ့တစ်ကိုယ်လုံးကို သံချပ်ကာက ကာကွယ်လိုက်ပါတော့တယ်။
သံချပ်ကာက တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားပေမဲ့ လေးလံတဲ့ပုံတော့မပေါ်ပါဘူး။ အရမ်းကို နူးညံ့ပြီ အသေးစိတ်ကြလွန်သလို ထူးခြားတဲ့ပန်းပွင့်သဏ္ဍာန်တွေလဲ ပါ၀င်နေခဲ့တယ်။
မုန့်ဟုန်ချန်က အရင်ကထဲက လှပြီသားပါ။ ဒီကိုယ်ကြပ်သံချပ်ကာက ပိုပြီးကြောက်စရာကောင်းစေပါတယ်။
နှစ်ဖက်စလုံးမှာလဲ ရေခဲပြာရောင်ဓားနှစ်လက်က ရှိနေခဲ့ပါပြီ။ ဒီဓားတွေက သေးငယ်ပေမဲ့ သုံးပေကျော်ရှည်လျားပြီ သူမရဲ့နောက်ကျောဖက်မှာကလဲ ခေါက်လို့ရတဲ့အတောင်ပံတွေသုံးစုံရှိနေခဲ့ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးကလဲ သိပ်သည်းပြီကြောက်စရာကောင်းတဲ့အငွေ့အသက်တွေကိုအပြင် လွှင့်ထုတ်လို့နေခဲ့တယ်။
ဟယ့်ချ်ိုက်ထို့ရဲ့ ၀ိညာဥ်လက်နက်တွေကို အကဲဖြတ်နိုင်စွမ်းက ဆက်တိုက်ဆိုသလို တိုးတက်နေခဲ့ပါပြီ။ ဒါကြောင့် ချက်ချင်းဆိုသလို သူပြောပါတော့တယ်။ အဲ့ဒါက အဆင့်ခြောက်၀ိညာဥ်လက်နက်ပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အ၀ကာကွယ်ပေးနိုင်ပြီ လက်နက်တွေကို ထိန်းချုပ်နေရင်းနဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်တစ်ခုကို ထည့်သွင်းထားတဲ့သံချပ်ကာတစ်ခုဖြစ်နေခဲ့တယ်။ ဒါ့အပြင် အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေထဲမှာ အဆင့်ခြောက်ကိုသုံးနိုင်ပြီဆိုတာ မလွယ်ကူနိုင်ပါဘူး။ မုန့်ဟုန်ချန် ပြုလုပ်ထားတာမဟုတ်ပဲ ပညာရှင်တစ်ယောက်ပြုလုပ်ထားတယ်လို့ သူထင်နေခဲ့တယ်။
အပိုင်း ၁၂၁•၃ ပြီး၏။