အပိုင်း ၁၂၁•၂
” ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်နည်းလမ်းတွေ ”
°°°
ဟို့ယွိဟောင်က တံတားနီရေခဲဖားပြုတ်ရဲ့ သတင်းအချက်အလက်တွေအကြောင်းကို ခပ်မြန်မြန်ပဲသိလာခဲ့ရပါတယ်။ ရေခဲဧကရီက သူ့ကိုပြောပြခဲ့တယ်။ အဲ့ဒါက ရေခဲအမျိုးအစား၀ိညာဥ်သားရဲကောင်ပါ ဒါ့အပြင် အလွန်တစ်ရာမှကို အားကောင်းတဲ့အဆိပ်ကိုပိုင်ဆိုင်ထားခဲ့ပြီ မြောက်၀င်ရိုးစွန်းမှာတော့ အဆိပ်သတ္တ၀ါတွေရဲ့ကြားက ဘုရင်အဖြစ်လူသိများပါတယ်။ ဒါ့အပြင် မြောက်၀င်ရိုးစွန်းရဲ့ အစွန်းဖက်မှာရှိနေပြီ လူသားလောကရဲ့ အစွန်းအဖျားမှာရောက်နေတာကြောင့်သာ လူသိနည်းတာပါ။
သူတို့ရဲ့တည်ရှိမှုက အတော်ကိုအားနည်းပြီ ခန့်မှန်းလို့လဲမရနိုင်ပါဘူး။ တစ်နေရာကနေတစ်နေရာအမြဲတမ်းရွေ့ပြောင်းသွားလာနေတာရှိသလို အတော်ကို မြင်ရခဲရပြီ အဆိပ်ပြင်းတဲ့အမျိုးအစားပါ။
တံတားနီရေခဲဖားပြုတ်က အအေးဆုံးနေရာကလေထုကို စုပ်ယူထားပြီ ကောင်းကင်နဲ့ မြေကြီးကြားက စွမ်းအားတွေကို သူတို့ရဲ့အဆိပ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ သူတို့တွေက မြောက်၀င်ရိုးစွန်းရဲ့အလယ်အထိကို မလာနိုင်ခဲ့တာ အရှေ့ဆုံးမှာရှိနေတဲ့ဘုရင်သုံးပါးကြောင့်ပါ။ ဒါ့အပြင် တံတားနီရေခဲဖားပြုတ်ရဲ့ ခန္ဓာကိုယ်က ရေခဲအမျိုးအစား၀ိညာဥ်သားရဲကောင်ဖြစ်ပါတယ်။ မျက်လုံးကတော့ မီးအမျိုးအစားဖြစ်ပြီ သူ့ရဲ့ပေါင်းစည်းမှုက ထူးခြားနေခဲ့တယ်။ ဒါကြောင့်အလွန်အမင်အေးစိမ့်တဲ့နေရာတွေက သူတို့အတွက် နေထိုင်ဖို့မသင့်တော်ပါဘူး။
မီးနဲ့ရေခဲရဲ့ ပြီးပြည့်စုံတဲ့ပေါင်းစည်းမှုက သူတို့အတွက် ထူးခြားတဲ့ရေခဲအဆိပ်ကို ထုတ်လွှတ်နိုင်ပါတယ်။ တံတားနီရေခဲအဆိပ်က ထိတွေ့တဲ့နေရာတိုင်းကို တိတိကျကျတိုက်ခိုက်နိုင်တဲ့ အစွမ်းအစရှိသလို အဆုံးမဲ့အောင်လဲ ယုံကြည်ချက်ရှိနိုင်ပါတယ်။ ဒါ့အပြင် သူ့ထက်ပိုအားကောင်းတဲ့ ၀ိညာဥ်သားရဲကောင်တွေတောင် သူ့ကိုထိခိုက်အောင်လုပ်ဖို့ ခက်ခဲနေခဲ့တယ်။ ဒါကြောင့်သာ ဒီလိုသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်တဲ့၀ိညာဥ်ပညာရှင်က အရမ်းကို ရှားပါးလွန်တာပါပဲ။
မာရှောင်ထောင့်ရဲ့ နတ်မီးငှက်မီးလျှံအခြေအနေနဲ့ တူညီပြီ သူ့ရဲ့ရေခဲအဆိပ်ကလဲ အသုံးပြုတဲ့သူကို တန်ပြန်ရိုက်ခတ်မှုဖြစ်စေနိုင်ပါတယ်။ တစ်ချက်လေးသာ မှားသွားခဲ့မယ်ဆိုရင် အသုံးပြုတဲ့သူက သူနှလုံးထဲကို ရေခဲအဆိပ်တိုက်ခိုက်တာခံရပြီ အသက်သေသွားမှာဖြစ်ပါတယ်။ ဒါကြောင့်သာ အရမ်းကိုရှားပါးတဲ့၀ိညာဥ်ပညာရှင်တွေက မြင့်မားတဲ့အဆင့်အထိ ကျင့်ကြံနိုင်တာဖြစ်ပါတယ်။
အရာအားလုံးမှာတော့ အစွန်းနှစ်ဖက်ရှိတာမှန်ပါတယ်။ အဆိပ်ကပိုပြီးသန်မာလေလေ သူ့ရဲ့အင်အားက ပိုကြီးလေပါပဲ။ တိုက်ပွဲထဲမှာသုံးနိုင်တဲ့ အဆိပ်ရဲ့အင်အားကလဲ ပိုမိုအားကောင်းလာလိမ့်မယ်။
မုန့်ဟုန်ချန် ထုတ်သုံးလိုက်တဲ့ အဖြူရောင်အလင်းလုံးတွေက သူ့ရဲ့အဆိပ်တွေဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ပေ့ပေ့က သူတို့ရဲ့မျက်စိရှေ့မှာတင် အဆိပ်ခပ်ခံလိုက်ရပါတယ်။ ဒါကြောင့်သာ သူ့ရဲ့ နဂါးခေါင်းတွေကို မထိန်းချုပ်နိုင်တော့တာပါ။ ပစ်မှတ်ကိုလဲ နောက်ထပ်မတိုက်ခိုက်နိုင်တော့ပါဘူး။
မုန့်ဟုန်ချန်က အားကောင်းပြီပြိုင်ဘက်ကင်းရုံတင်မက သူမရဲ့တိုက်ခိုက်မှုတွေက အတော်ကိုတိကျပါတယ်။ ဒါ့အပြင် ပေ့ပေ့ကို ချွေးတစ်စက်မှမထွက်ပဲ အနိုင်ရသွားခဲ့တယ်။ သူမက တံတားနီရေခဲဖားပြုတ်ရဲ့ ပြင်းထန်တဲ့အဆိပ်ကို အသာလေးထိန်းချုပ်နိုင်သလို ကောင်းကင်ရန်သူတော်သော့်လော့ကိုလဲ မထိခိုက်အောင်ထိန်းထားခဲ့ပါတယ်။ ဒါကြောင့် သူမအနေနဲ့ အဆိပ်ရဲ့တန်ပြန်ရိုက်ခတ်မှုရှိမရှိဆိုတာ ပြောပြဖို့မလွယ်ကူနိုင်ပါဘူး။
ပေ့ပေ့က မိုက်ကယ်ကို အစွမ်းကုန်မတိုက်ခိုက်နိုင်အောင် တားဆီးထားခဲ့သလို သူလဲတူညီတဲ့အနေအထားနဲ့ အဆုံးသတ်လို့သွားခဲ့ပါတယ်။ ရွှေရောင်မြင့်မြတ်နဂါးရဲ့တောက်ပမှုက လက်ရှိအချိန်မှာ မတောက်ပနိုင်တော့ပါဘူး။
ဟို့ယွိဟောင်နဲ့ ၀မ်ယန်တို့ရဲ့တူညီတဲ့တအံ့တဩပြောသံက ကျယ်လောင်လွန်တာကြောင့် မုန့်ဟုန်ချန်လဲ ကြားလိုက်ရပါတယ်။ ဒါကြောင့် အမျက်ဒေါသကျောင်းတော်ရဲ့ စောင့်ဆိုင်းတဲ့နယ်မြေကိုကြည့်ရင်း ပြောလာလိုက်တယ်။
” နောက်ဆုံးတော့လဲ တကယ်အမျက်ဒေါသကျောင်တော်က ပီသလိုက်တာ ကြည့်ရတာတစ်ခုခုကို သိသွားပုံပါပဲ ”
ပြိုင်ပွဲက ဆက်သွားနေခဲ့ပါတယ်။ တစ်ယောက်ချင်းဆီပြိုင်ပွဲက လမ်းတစ်၀က်မှာရပ်လို့မဖြစ်ပါဘူး။ ဟို့ယွိဟောင်နဲ့ ၀မ်ယန်တို့ရဲ့ စကားတွေက လင်းလော့ချန်ကို သတိပေးရုံသာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်အတော်ကို စိုးရိမ်နေခဲ့တယ်။ မိုးကလဲ ပိုသည်းလာခဲ့ပါပြီ။ လင်းလော့ချန်ရဲ့ ရေခဲအစွမ်းအစကတော့ အများကြီးအားကောင်းလာမှာပါ။ ဒါပေမယ့် အဆိပ်ကလဲ ပြန့်နိုင်ချေပိုများနေခဲ့ပါတယ်။
ပေ့ပေ့လိုလူမျိုးက သဘာ၀အကာအကွယ်ရှိနေတာတောင် အချိန်တိုလေးအတွင်းမှာ တိုက်ခိုက်နိုင်စွမ်းပျောက်ကွယ်သွားခဲ့ရပါတယ်။ တစ်ဖက်ရဲ့အရှိန်က ဘယ်လောက်ပြင်းလဲဆိုတာ တွေးကြည့်ရုံနဲ့သိနေခဲ့ပါပြီ။ ဒါ့အပြင် မုန့်ဟုန်ချန်က အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ဖြစ်နေခဲ့တယ်။
လင်းလော့ချန်ကတော့ တည်ကြည်အေးဆေးမှုအပြည့်နဲ့ စင်ပေါ်ကိုတက်သွားခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်က တစ်ယောက်ချင်းဆီပြိုင်ပွဲမှာ အားသာချက်ရှိနေခဲ့ပါတယ်။ တတိယပြိုင်ပွဲ၀င်ဖြစ်သလို မုန့်ဟုန်ချန်ကတော့ စတုတ္ထပါ။
မိုးဖွဲတွေကျနေတဲ့ကြားမှာ နှစ်ယောက်စလုံးက အစွန်းတစ်ဖက်ဆီကို ဆုတ်သွားခဲ့ကြပါတယ်။ မုန့်ဟုန်ချန်ကတော့ လက်ရှိအချိန်မှာ မောက်မာ၀ံ့ကြွားနေတာ ဒေါင်းမလေးတစ်ကောင်အတိုင်းပါပဲ။
လင်းလော့ချန်ကတော့ ဖြည်းဖြည်းလေးအသက်ရှုနေခဲ့ရင်း သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့မိုးစက်တွေကို ထိန်းချုပ်ကာမိုးရေမစိုအောင်လုပ်လိုက်ပါတယ်။
” စတင်မယ် ”
လင်းလော့ချန်က အရမ်းကိုလှပပြီ မျက်စိပဒါသဖြစ်စေတယ်။ လှုပ်ရှားမှုကို လုပ်ဆောင်လိုက်ပါပြီ။ သူ့သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်လိုက်ချိန်မှာတော့ ၀ိညာဥ်စက်ကွင်းတွေက ဆက်တိုက်ပေါ်လာပါတော့တယ်။ သူမရဲ့၀ိညာဥ်စက်ကွင်းတွေအားလုံးကလဲ တလက်လက်တောက်ပလာခဲ့ပါပြီ။ လင်းလော့ချန်က အသက်ရှုချိန်သုံးကြိမ်အတွင်းမှာပဲ သူ့ရဲ့၀ိညာဥ်စွမ်းရည်ငါးခုကို တစ်ခုပြီတစ်ခုသုံးပါတော့တယ်။ အလင်းစက်ကွင်းငါးခုက ဆက်တိုက်တောက်ပနေတာကို လူတိုင်းမြင်နေခဲ့ရပါပြီ။
ဒီနေရာမှာ လှည့်ကွက်တွေဗျူဟာတွေရှိမနေခဲ့ပါဘူး။ သူမရဲ့ရေခဲအပေါ်နားလည်ဖို့သာရှိပါတယ်။
၀ိညာဥ်ပညာရှင်တွေက ပုံမှန်အခြေအနေမျိုးမှာ မျာပြားတဲ့၀ိညာဥ်စွမ်းရည်တွေကို တစ်ပြိုင်နက်ထဲထုတ်မသုံးနိုင်တာအမှန်ပါ။ ဒါပေမယ့် လင်းလော့ချန်ကတော့ လုပ်နိုင်ပါတယ်။ သူက ရေခဲကိုအပြည့်အ၀ထိန်းချုပ်နိုင်တာဖြစ်ပြီ သူမရဲ့၀ိညာဥ်စွမ်းရည်တွေကြားမှာက နားလည်မှုကလဲအတော်လေးကို မြင့်မားနေပါတယ်။ ၀ိညာဥ်စွမ်းရည်ငါးခုကို အချိန်တိုအတွင်းအသုံးပြုရုံတင်မကပဲ သူတို့ရဲ့၀ိညာဥ်စွမ်းအားသုံးစွဲမှုကို သုံးဆယ်ရာခိုင်နှုန်းအထိ လျော့ကျလိုက်ပါတယ်။
အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းတော်သားတစ်ယောက်ချင်းဆီတိုင်းက စစ်မြေပြင်ကို ၀င်နိုင်ပြီဆိုရင် သေချာပေါက် သူမတူအောင်ထူးခြားပြီ ပါရမီရှိတဲ့သူတွေလို့ ပြောရမှာပါ။
၀ိညာဥ်စက်ကွင်းငါးခုက ဆက်တိုက်တောက်ပလာချိန်မှာပဲ ပထမဆုံးပေါ်လာတာကတော့ ရေခဲတုတ်ချောင်းပါ။ သူ့ရဲ့ရေခဲတုတ်ချောင်းကို လေထဲမှာဝှေ့ရမ်းလိုက်ရင်း တစ်ကိုယ်လုံးက သံချပ်ကာနဲ့ဖုံးလွှမ်းလို့သွားပါတော့တယ်။ ပါးစပ်နဲ့နှာခေါင်းတွေတောင် အပြည့်အ၀ကာကွယ်ခံလိုက်ရပါပြီ။ တစ်ချိန်ထဲမှာပဲ ရေခဲအဆိပ်က ချက်ချင်းဆိုသလို ပေါ်ထွက်လာပါတော့တယ်။ တောက်ပတဲ့မြူခိုတွေကြားမှာ လင်းလော့ချန်က ရပ်နေခဲ့ပြီ သူမရဲ့ရေခဲအလင်းတန်းတွေက ဖြာထွက်လို့နေခဲ့တယ်။
လက်ရှိအချိန်စင်ပေါ်မှာအပူရှိန်က ရေခဲထဲအနေအထားအထိကို ရောက်ရှိသွားခဲ့ပါပြီ။ လင်းလော့ချန်မှာ အဆုံးစွန်းရေခဲအစွမ်းကို မပိုင်ဆိုင်ပါဘူး။ သူမရဲ့လက်ရှိထိန်းချုပ်နိုင်စွမ်းက အနှုတ်ရှစ်ဆယ်ဒီဂရီအောက်အထိ ထိန်းချုပ်နိုင်ပေမဲ့ ဟို့ယွိဟောင်ကတော့ အနှုတ်နှစ်ရာဒီဂရီလောက်အထိ ထိန်းချုပ်နိုင်ပါတယ်။ ဒါက အဆုံးစွန်းရေခဲရဲ့အစွမ်းကြောင့်ပါပဲ။ ဒါကြောင့်သာ လူတိုင်းက အရိုအသေပြုကြတာပါ။
အဆုံးစွန်းရေခဲလင်းလော့ချန်က အင်အားမကြီးဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ သူမက အမျက်ဒေါသကျောင်းတော်ရဲ့ အဓိကအဖွဲ့သားတွေထဲမှာ တစ်ယောက်ဖြစ်နေသလို ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်လဲ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ရေခဲစွမ်းအားက အပြည့်အ၀ကို လွှတ်လပ်နေခဲ့တယ်။
တစ်ဖက်ရဲ့စိတ်ကြောင့် သူမထိခိုက်ခံရမလားဆိုတာ မသေချာပါဘူး။ ဒါကြောင့် အားကောင်းဆုံးစွမ်းရည်တွေကို ထုတ်သုံးဖို့လိုပါတယ်။ အပြည့်အ၀ခုခံထားပြီမှသာ သူ့ရဲ့ပြိုင်ဘက်ကိုတိုက်လို့ရမှာပါ။
သူမကို အံ့ဩစေတဲ့အရာကတော့ မုန်ုဟုန်ချန်က ရေခဲထောင်ထဲမှာ ပိတ်မိနေတာတောင် ဘာမှမလုပ်တာပါပဲ။ သူ့အနေနဲ့ အထဲကနေ အပြင်ကိုထွက်လာချင်ပုံမရပါဘူး။ ဒါ့အပြင် သူမက ပြုံးနေပုံလဲ ရပါတယ်။
ရေခဲမြူခိုတွေနဲ့ ရေခဲအလင်းတန်းတွေက အရမ်းကို အေးစက်တဲ့အရှိန်နှုန်းအထိ လျော့ကျလို့သွားပြီတဲ့နောက် နှစ်ဖက်ရဲ့မျက်စိတစ်စုံကို ရေခဲတွေကဖုံးလွှမ်းလို့သွားပါတော့တယ်။
ကြည့်နေသူတော်တော်များများကတော့ လင်းလော့ချန်လိုလူမျိုးကို သိပ်ပြီသဘောမကျပါဘူး။ ဘာကြောင့်လဲဆိုတော့ပြိုင်ပွဲကို သူကမမြင်အောင်ဖုံးကွယ်ထားနိုင်လို့ပါ။
ရေခဲမြူခိုတွေက စင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတာကြောင့် ဘယ်သူမှလဲ ရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ အမျက်ဒေါသကျောင်းတော်နဲ့ နေလကျောင်းတော်နှစ်ခုက စောင့်ဆိုင်းရင်း စိတ်ရှုပ်ထွေးနေကြပါတယ်။ အမျက်ဒေါသကျောင်းတော်က မှားနေခဲ့ပြီ တစ်ချက်သာရှုံးနှိမ့်သွားခဲ့ရင်း သူတို့ရဲ့ အသာစီးရမှုက ပျောက်ကွယ်သွားမှာပါ။ အင်အားကြီးတဲ့ ၀ိညာဥ်ဧကရာဇ်နှစ်ယောက်ရှိနေပေမဲ့ သူတို့ပြိုင်ဘက်မှာလဲ အဖွဲ့ခေါင်းဆောင်က ထွက်မလာသေးပါဘူး။ တစ်မိနစ် နှစ်မိနစ်ကနေ ငါးမိနစ်အထိကို ကုန်ဆုံးလို့သွားခဲ့ပါပြီ။
ရေခဲမြူခိုတွေက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပါတော့တယ်။ စင်ပေါ်မှာရှိတဲ့ ဒီအရာတွေအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါပြီ။ ရေခဲထောင်က ရှိနေဆဲဖြစ်သလို မုန့်ဟုန်ချန်ရဲ့ အရေပြားက ပိုလို့တောင်ဖြူဖွေးလာပါတော့တယ်။
လင်းလော့ချန်ကလဲ ဒီအတိုင်းရှိနေဆဲပါပဲ။ ပြီးဆုံးသွားပြီလား ဘယ်သူနိုင်သွားလဲ။
ကောင်းကင်ရန်သူတော်သော့်လော့ ၀မ်ချင်ရှုကတော့ စင်အလယ်တည့်တည့်မှာ ရပ်နေခဲ့ပါတယ်။ သူကဒိုင်ဖြစ်နေတာကြောင့် သူ့တစ်ကိုယ်လုံးက ကြယ်တာရာအလင်းတန်းတွေ ထုတ်လွှတ်ထားပြီ အကာအကွယ်ထားနေခဲ့ရတယ်။ သူလဲ သူရှေ့မှာရှိတဲ့တိုက်ပွဲတွေကြောင့် လန့်နေတာ အသိအသာကြီးပါ။
ဒီတစ်ကြိမ်မှာပဲ မုန့်ဟုန်ချန်ရဲ့ခန္ဓာကိုယ်က ရေခဲတွေက တစ်ခုပြီတစ်ခု ကွာကြသွားပါတော့တယ်။ အဲ့ဒီနောက် သူမရဲ့မျက်နှာပေါ်မှာ စိတ်ပျက်လက်ပျက်အပြုံးတစ်ခုက ဖြစ်ပေါ်လာခဲ့တယ်။
” ရေခဲကငါစိတ်ကို တားနိုင်မယ်လို့ထင်နေတာလား နှမြောစရာပဲ ငါ့ရဲ့သိုင်းပညာ၀ိညာဥ်ကလဲရေခဲပဲလေ ဒီတော့ရေခဲကို စိတ်ပျက်ရတာက ရှင်းရှင်းလေးပဲ ဒါကြောင့် နင်ရှုံးသွားတယ်ဆိုတာ မတရားတာတော့မဟုတ်ဘူး “:
သူမရဲ့ညာလက်ကနေ အပြာရောင်အလင်းတန်းတွေက ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဓားရှည်က သူ့ရှေ့မှာပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် ခန္ဓာကိုယ်ကိုအရှေ့ကုန်လိုက်ချိန်မှာ အေးစက်တဲ့အပြာရောင်အလင်းတန်းတွေက ဖြစ်ပေါ်လာခဲ့ရင်း ရေခဲထောင်ကိုသူဖျက်ဆီးလိုက်ပါတော့တယ်။ လင်းလော့ချန်က ဒါကိုမထိန်းချုပ်နိုင်တော့တာကြောင့် သူမက အထဲကနေဖျက်ဆီးလိုက်တာပါ။
” နေလကျောင်းတော် နိုင်သွားပြီ အမျက်ဒေါသကျောင်းတော် နောက်ထပ်ပြိုင်ပွဲ၀င်ကိုပို့လွှတ်ပါ ”
ကောင်းကင်ရန်သူတော်သော့်လော့က လက်ဝှေ့ရမ်းရင်း လင်းလော့ချန်ကို ပြန်ပို့လိုက်ပါတယ်။ လင်းလော့ချန်က လက်ရှိအချိန်ရေခဲရုပ်ထုကြီးဖြစ်နေပါပြီ။
နောက်တစ်ကြိမ် ဟို့ယွိဟောင်ကပဲ ပြန်ဖမ်းလိုက်ပါတယ်။ အဲ့ဒီနောက် သူမခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ ရေခဲသံချပ်ကာကို ဖယ်ရှားပေးလိုက်တယ်။ လင်းလော့ချန်က ပေ့ပေ့လိုပဲ သတိလစ်နေခဲ့သလို မျက်နှာနဲ့ခန္ဓာကိုယ်အရောင်ကလဲ အတူတူပါပဲ။ အတော်ကိုပြင်းထန်လွန်တဲ့အဆိပ်ပါ။ ၀မ်ယန်လဲ တကယ်ကို ထိတ်လန့်လာပါတော့တယ်။
သူဘယ်လောက်ပဲ အသိဉာဏ်ကြွယ်၀ပါစေ ဘယ်လောက်ပဲတိုက်ပွဲဗျူဟာကောင်းပါစေ လက်ရှိအချိန်မှာကတော့ သူ မရင်ဆိုင်နိုင်တဲ့ကိစ္စကိုကြုံတွေ့နေရပါပြီ။ ဒီလိုအခြေအနေမျိုးကို ထိုင်ကြည့်နေရုံကလွဲပြီ မတတ်နိုင်ပါဘူး။
တစ်ဖက်က ကြောက်စရာကောင်းလွန်လှတဲ့အဆိပ်ပညာရှင်တစ်ယောက်ရှိနေခဲ့မယ်လို့ ဘယ်သူများထင်မိမှာလဲ။ ပေ့ပေ့နဲ့ လင်းလော့ချန် နှစ်ယောက်စလုံးကတော့ ပြိုင်ဘက်ကိုမထိနိုင်ပဲနဲ့ ရှုံးနှိမ့်ခဲ့ရတာပါ။
ဟို့ယွိဟောင်က ဒီအဆိပ်သာသန့်စင်တဲ့ရေခဲအဆိပ်ဆိုရင် ဖယ်ရှားကောင်းဖယ်ရှားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် မုန့်ဟုန်ချန်ရဲ့ အဆိပ်မူလက ရေခဲရောမီးပါ ပါ၀င်နေခဲ့တဲ့အတွက် အပေါ်ယံကရေခဲကို ဖယ်ရှားနိုင်မယ်ဆိုရင်တောင် အထဲမှာရှိတဲ့မီးက အပြင်ကိုပေါက်ကွဲထွက်လာခဲ့မှာပါ။ တစ်ချက်လေး မှားယွင်းတာနဲ့ လင်းလော့ချန်လဲ အသက်ဆုံးသွားနိုင်ပါတယ်။
ဟို့ယွိဟောင် ဒီလိုမျိုးကို ဘယ်လိုမျိုးလုပ်ဆောင်နိုင်မှာလဲ။
အပိုင်း ၁၂၁•၂ ပြီး၏။