Switch Mode

Chapter – 121.1

ထန်မျိုးနွယ်ရဲ့လျှို့ဝှက်နည်းလမ်းတွေ

အပိုင်း ၁၂၁•၁

” ထန်းမျိုးနွယ်ရဲ့လျှို့၀ှက်နည်းလမ်းတွေ ”
°°°
” နေလကျောင်းတော်ရဲ့ စတုတ္ထမြောက်ပြိုင်ပွဲ၀င် မုန့်ဟုန်ချန်အရှေ့ကိုတက်ခဲ့ပါ ”

မုန့်ဟုန်ချန်က စင်ပေါ်ကို တက်လာခဲ့ပါတယ်။ သူမရဲ့ရုပ်ရည်သွင်ပြင်က ကျန်းနန်နန်နဲ့ ယှဥ်လိုမရနိုင်ပေမဲ့ ငယ်ရွယ်ချောမောလှတဲ့မိန်းမငယ်လေးဖြစ်နေဆဲပါ။ ကျန်းနန်နန်နဲ့လဲ သက်တူရွယ်တူလောက်ရှိပါတယ်။ သူမရဲ့ဆံပင်တွေက ရှားပါးတဲ့၀ိုင်အနီရောင်ဖြစ်ပြီ မာရှောင်ထောင့်ရဲ့ တောက်ပနီစွေးတဲ့အနီရောင်ထက် ပိုပြီးအနည်းငယ်ဖြူဖျော့ပါတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေက မာအနီရောင်မဟုတ်ပဲ အပြာရောင်ပါ။ ဒီလိုမျိုး၀ိသေနလက္ခာဏာတွေက သူ့အစ်ကိုရှောင်ဟုန်ချန်နဲ့ ကွာခြားနေခဲ့ပါတယ်။

တစ်ယောက်ချင်းဆီ ထုတ်ပယ်မှုပြိုင်ပွဲမှာ နေလကျောင်းတော်ဘက်ကနေ လူလေးယောက်သာကျန်ပါတော့တယ်။ ဒါ့အပြင် အဲ့ဒီလူထဲမှာ သူနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ သူ့အစ်ကိုလဲပါနေခဲ့တယ်။

နေလကျောင်းတော်က အဖွဲ့လိုက်တိုက်ပွဲမှာ အောင်မြင်သွားခဲ့ပါပြီ။ ဒါပေမယ့် အားလုံးက ၀မ်ယန်ရဲ့အစီအစဥ်နဲ့ ထိန်းချုပ်မှုအောက်မှာရှိနေခဲ့တယ်။ နေလကျောင်းတော်အဖွဲ့က တိုက်ပွဲဗျူဟာနဲ့ နည်းဗျူဟာတွေမှာ ပိုမိုသာလွန်ပြီ တိုက်ပွဲဗျူဟာကို စိတ်ရှည်ရှည်ထိန်းချုပ်ထားနိုင်ခဲ့အတွက် သူတို့အရှုံးပေးလိုက်တာ တန်တယ်လို့ပြောလို့ရပါတယ်။

ဒီတစ်ကြိမ်မှာ တစ်ယောက်ချင်းဆီပြိုင်ပွဲအတွက် ဘယ်သူကိုများအမျက်ဒေါသကျောင်းတော်က စေလွှတ်မှာလဲ။ ပေ့ပေ့အပြင် နောက်ထပ်စေလွှတ်နိုင်သူတွေက ထပ်ရှိနေပါသေးတယ်။ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင် လင်းလော့ချန် ကျားဖြူဧကရာဇ်ထိုက်ယွဲ့ဟန်အပြင် မီးလျှံငှက်မာရှောင်ထောင့်တို့က ဆက်ရှိနေသေးတာပါ။

နေလကျောင်းတော်ဖက်မှာတော့ မုန့်ဟုန်ချန်အပြင် အစာအမျိုးအစား၀ိညာဥ်ပညာရှင်ရှောင်ရှဖုန်းနဲ့ သူတို့ရဲ့အဖွဲ့ခေါင်းဆောင်မာယုလုံ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ ရှောင်ဟုန်ချန်သာရှိတာပါ။

၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက အဆင့်တူ၀ိညာဥ်ပညာရှင်တွေထက်ကို ပုံမှန်အခြေအနေမှာ အသာစီးရပါတယ်။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ရဲ့ ပြိုင်ပွဲ၀င်တွေအားလုံးက မိစ္ဆာတွေမဟုတ်ပါလား။

မိုက်ကယ်ဘာကြောင့်ရှုံးနှိမ့်သွားတာလဲ ပေ့ပေ့ရဲ့တိုက်ပွဲနည်းစနစ်တွေကို သူမမျှော်လင့်ထားနိုင်ခဲ့လို့ပါ။ သူတို့ရှာဖွေတွေ့ရှိထားသလောက်အရဆိုရင် ပေ့ပေ့ရဲ့အကြီးမားဆုံးအင်အားက သူ့ရဲ့သိုင်းပညာ၀ိညာဥ်အဆင့်တက်မှုပါပဲ။ လျှပ်စီးပြာဧကရာဇ်နဂါးကနေ ရွှေရောင်မြင့်မြတ်နဂါးအဖြစ်ကို ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် ဆက်တိုက်ဆိုသလို သတိကြီးကြီးသူတို့အာရုံစိုက်နေခဲ့ရင်း အသန်မာဆုံးတိုက်ခိုက်မှုကို မသုံးခဲ့ပါဘူး။ လက်ရှိအချိန် သူကတော့ ပြိုင်ပွဲကိုလျှို့၀ှက်လက်နက်တွေသုံးပြီး အနိုင်ရသွားခဲ့ပါတယ်။

စစ်မြေပြင်ဆိုတာက ဆက်တိုက်အပြောင်းအလဲတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ တစ်ယောက်ချင်းဆီတိုင်းကလဲ အံ့ဩစရာကောင်းလောက်အောင် သန်မာပါတယ်။

၀ိညာဥ်ဘိုးဘေးနှစ်ယောက်က စစ်မြေပြင်ထဲကိုခြေချပြီ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်သုံးယောက်ဖြစ်တဲ့ ၀ိညာဥ်ဘုရင်တွေကို အနိုင်ယူနိုင်ခဲ့ပါတယ်။ သူတို့ရဲ့၀ိညာဥ်ဘုရင်တွေနဲ့ ၀ိညာဥ်ဧကရာဇ်တွေက ဘယ်လောက်တောင် အင်အားကြီးလိုက်မလဲ။

ထိုက်ယွဲ့ဟန်ကို ထည့်မတွက်ရင်းတောင်မှ မာရှောင်ထောင့်ရဲ့ ကြောက်စရာမီးလျှံတွေက အမျက်ဒေါသကျောင်းတော်အတွက်ကို မားမားမတ်မတ်ရှိနေခဲ့ပြီးပါပြီ။

နေလကျောင်းတော်အဖွဲ့က ဒီပြိုင်ပွဲမှာ အခွင့်အရေးထပ်ရှိနိုင်ဦးမှာလား။ နောက်ထပ် နှစ်ယောက်နှစ်ယောက် သုံးယောက်တိုက်ပွဲတွေကို သူတို့ဘယ်လိုလုပ်ကြမှာလဲ။

နောက်ဆုံးအခြေအနေကတော့ အပြောင်းအလဲတွေဖြစ်လာခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ဖက်မှာကတော့ အောင်နိုင်ချေက ပိုမြင့်လာပါတော့တယ်။ ဒါက နှစ်ပေါင်းတစ်သောင်းကြာအောင် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တဲ့ သမိုင်းထဲက မိစ္ဆာပါပဲ။

မုန့်ဟုန်ချန်က စင်ပေါ်ကိုရောက်လာခဲ့ရင်း သူ့ရဲ့ပြိုင်ဘက်ကို ရင်ဆိုင်လိုက်ပါတယ်။ တစ်ဖက်မှာတော့ ပေ့ပေ့က ရှိနေခဲ့တယ်။

” စတင်မယ် ”

နေလကျောင်းတော်ကတော့ ကောင်းကင်ရန်သူတော်သော့်လော့ရဲ့အော်ဟစ်သံနဲ့အတူ လှုပ်ရှားလိုက်ပါပြီ။

ပေ့ပေ့က ခြေဖျားကိုထောက်လိုက်ရင်း သူ့တစ်ကိုယ်လုံးက ပြိုင်ဘက်ဆီကို လျှပ်စီးလက်သလိုပြေး၀င်သွားပါတော့တယ်။ တကယ်တမ်းမှာတော့ မိုက်ကယ်ကို အနိုင်ရသွားတာက သူ့ရဲ့မူလတာ၀န်ကို အောင်မြင်ပြီဖြစ်ပါတယ်။ တူညီတဲ့ရလဒ်ကိုရရှိဖို့ တူညီတဲ့နည်းလမ်းကို မသုံးနိုင်တာသူသိနေခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူရှုံးသွားမယ်ဆိုရင်တောင် မုန့်ဟုန်ချန်ရဲ့စွမ်းအားကို ထိခိုက်စေရင်း လင်းလော့ချန်အတွက် ခိုင်မာတဲ့အခြေခံကိုတော့ ဖန်တီးပေးချင်ခဲ့တယ်။

၀မ်ယန်ရဲ့လက်ရှိအခြေအနေကတော့ သိပ်ပြီမကောင်းလှပါဘူး။ စင်အောက်ကနေမတ်တပ်ရရင်း လေးလေးနက်နက်ကြည့်နေခဲ့တယ်။ စင်ပေါ်ကိုရောက်လာခဲ့တဲ့မုန်ဟုန်ချန်ရဲ့ ရုတ်တရက်မှောင်မိုက်သွားတဲ့ အငွေ့အသက်တွေကြောင့် သူ့စိတ်ထဲမှာ မသက်မသာဖြစ်လာခဲ့ပါပြီ။

နေလကျောင်းတော်မှာ ပါရမီရှင်တွေက အများကြီးပါ။ ရှုစန်းရှီနဲ့ ပေ့ပေ့တို့က အပြင်နယ်မြေရဲ့ ထိပ်တန်းတွေဖြစ်ကြသလို အနာဂတ်ရဲ့ပါရမီရှင်တွေလဲ ဖြစ်နေခဲ့တယ်။ သူတို့ပြိုင်ဘက်တွေကကော ဘယ်သူတွေပါလိမ့် သေချာပေါက် နေလကျောင်းတော်ရဲ့ ထိပ်တန်းတွေကြီးပါပဲ။

ရှောင်ဟုန်ချန်ရဲ့စွမ်းအားတွေကကော ၀မ်ယန်ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ရှောင်ဟုန်ချန်က ကျန်းနန်နန်ရဲ့ရုတ်တရက်တိုက်ခိုက်မှုကြောင့်သာမဟုတ်ရင် အမျက်ဒေါသကျောင်းတော်ကို အများကြီးပြဿနာတက်စေမှာပါ။ အသက်ဆယ့်ငါးနှစ်တောင်မပြည့်သေးတဲ့ ကျန်းနန်နန်ကတော့ သူ့အသက်ကိုရင်းပြီ ရုတ်တရက်ထတိုက်ခိုက်ရင်း ထိုက်ယွဲ့ဟန်ကို အစွမ်းကုန်ကာကွယ်ပေးခဲ့ပါတယ်။ ဒါဆိုရင် မုန့်ဟုန်ချန်ကတော့ ဘယ်သူလဲ။

ရှောင်ဟုန်ချန်က နေလနိုင်ငံတော်ရဲ့ ၀ှက်ဖဲဖြစ်သလို သူ့ရဲ့စွမ်းရည်က သတ္ထုတွေကို ထိန်းချုပ်နိုင်တာပါ။ မုန့်ဟုန်ချန်က ဘာကိုပိုင်ဆိုင်ထားမှာလဲ။ ဒီမေးခွန်းတွေက သူ့စိတ်ထဲကို ဆက်တိုက်၀င်ရောက်နေခဲ့တယ်။

ပေ့ပေ့ပြေး၀င်လာနေပေမဲ့ မုန့်ဟုန်ချန်ကတော့ အေးအေးဆေးဆေးဖြစ်နေဆဲပါ။ သူက သူ့အပေါင်းအဖော်တွေနဲ့ မတူပါဘူး။ တိုက်ခိုက်ရေးအတွက် လက်နက်တွေကိုမသုံးပဲ သူ့ရဲ့ခြေထောက်ကိုအနည်းငယ်ကြွကာ ပေ့ပေ့ဆီကို တူညီတဲ့အရှိန်နဲ့ပြေး၀င်ပါတော့တယ်။ ဒီတစ်ကြိမ်မှာပဲ သူ့ခန္ဓာကိုယ်တစ်လျှောက်အပြောင်းအလဲတွေက ဖြစ်ပေါ်လာခဲ့ပါပြီ။

သူ့ရဲ့ရှည်လျားတဲ့အနီရောင်ဆံပင်တွေက အဖြူရောင်ပြောင်းသွားခဲ့ပြီ အပြာရောင်မျက်လုံးတွေကလဲ အနီရောင်ပြောင်းသွားခဲ့ပါတယ်။ ဒီလိုအနီရောင်တောက်ပတဲ့မျက်၀န်းတွေက သူ့မျက်လုံးတစ်ခုလုံးကို သွေးတွေနဲ့ပြည့်နေသလိုပါပဲ။

မျက်လုံးအပြောင်းအလဲက ကြည့်လိုက်သူတိုင်းကို ထိတ်လန့်ကြောက်ရွံ့စေပါတယ်။

ပေ့ပေ့လဲ မိစ္ဆာ၀ိညာဥ်ပညာရှင်နဲ့ ရင်ဆိုင်ရချိန်တုန်းကအတိုင်း တူညီတဲ့အာရုံခံမှုတွေကို ခံစားလိုက်ရပါပြီ။ သေခြင်းတရားရဲ့တမန်တော်နဲ့ တူညီတဲ့အငွေ့အသက်တွေကို သူမဆီက ရရှိနေတာပါ။ သူကျောတစ်ခုလုံး အေးသွားပါတော့တယ်။

ဒီတစ်ကြိမ်မှာပဲ မိုးကောင်းကင်ပေါ်ကနေ မိုးကြိုးတစ်ခုနဲ့အတူ မိုးစက်မိုးပေါက်တွေက စီးကျလာခဲ့ပါပြီ။

မုန့်ဟုန်ချန်က လက်နှစ်ဖက်စလုံးကို လေထဲမြောက်လိုက်ရင်း ရုတ်တရက် အရှေ့ကိုတွန်းလိုက်ပါတယ်။ သူမရဲ့မြင်သာနေရတဲ့ အရေပြားတစ်ခုချင်းဆီတိုင်းက နှင်းဖြူရောင်ဖြစ်သလို ကြည်လင်ပြီတောက်ပလို့နေခဲ့ပါတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ လုံး၀ကို မကိုက်ညီတဲ့တစ်စုံတစ်ရာပါ။ ဒါ့အပြင်အသက်ရှုမှားနိုင်လောက်နိုင်စရာကောင်းပြီ တုန်ရီခြောက်ခြားစရာလဲကောင်းနေခဲ့တယ်။

သူ့ရဲ့လက်ဖ၀ါးတွေက အစိမ်းရောင်အမွေးတွေ ထွက်ပေါ်လာခဲ့ပါပြီ။ မုန့်ဟုန်ချန်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်နဲ့ လုံး၀ကိုမတူညီပါဘူး။ အဲ့ဒီအစား ၀ိညာဥ်ပညာရှင်တွေသာနဲ့တူနေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့သိုင်းပညာ၀ိညာဥ်က ဘာဖြစ်မလဲဆိုတာ အမျက်ဒေါသကျောင်းတော်က ဘယ်သူမှမသိသလို ထျောင်ထျဲ့သော့်လော့နဲ့ ၀မ်ယန်တို့လဲ မသိပါဘူး။

အကြီးအကဲရွှမ်ကတော့ မျက်မှောင်ကြုတ်နေခဲ့ရင်း သူ့မျက်လုံးတွေက ထိတ်လန့်နေခဲ့ပါတယ်။ မုန့်ဟုန်ချန်ရဲ့ သိုင်းပညာ၀ိညာဥ်တွေကဘာမှန်းသူမသိပေမဲ့ သေချာပေါက် သာမန်၀ိညာဥ်ပညာရှင်တွေ ပိုင်ဆိုင်ထားတဲ့ သိုင်းပညာ၀ိညာဥ်တွေထက်အားကောင်းနေမှန်းသိနေခဲ့တယ်။ ရှောင်ဟုန်ချန်နဲ့ မယှဥ်နိုင်ရင်တောင် သိပ်ပြီမကွာလောက်ပါဘူး။

ရှောင်ဟုန်ချန်ရဲ့ သတ္ထုကိုထိန်းချုပ်နိုင်တဲ့ သိုင်းပညာ၀ိညာဥ်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆိုတဲ့ ဂုဏ်သတင်းနဲ့တူပါတယ်။ သူ့ရဲ့အလားအလာကလဲ အဆုံးမဲ့လာပါတယ်။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့တောင် ၀ိညာဥ်ဘုရင်ဖြစ်နေခဲ့ပါပြီ။ သူသာ ကြီးပြင်းလာခဲ့မယ်ဆိုရင် ဘယ်လိုစွမ်းအားကိုပိုင်ဆိုင်မှာလဲ တွေးကြည့်လို့တောင်ရနေခဲ့တယ်။

မုန့်ဟုန်ချန်က သူ့အစ်ကိုနဲ့မတူညီတဲ့လမ်းကို ရွေးချယ်ထားပုံပါပဲ။ အားလုံးက သူမရဲ့သိုင်းပညာ၀ိညာဥ်ကြောင့် အံ့အားသင့်နေချိန်မှာ တိုက်ခိုက်နေသူနှစ်ယောက်ကတော့ မြန်ဆန်းတဲ့အရှိန်နှုန်းနဲ့ တစ်ယောက်နဲ့တစ်ယောက်၀င်တိုက်ဖို့အသင့်ဖြစ်နေခဲ့ပါပြီ။ သူတို့ရဲ့အကွာအဝေးက သုံးဆယ်မီတာတောင်မရှိတော့ပါဘူး။ ပထမဆုံးတိုက်ခိုက်သူက မုန့်ဟုန်ချန်ပါ။ ညာလက်ကိုမြောက်လိုက်ရင်း အထဲကို၀ိုင်းတဲ့ စက်၀ိုင်းခြမ်းနှစ်ခုပုံသဏ္ဍာန်အတိုင်း လှုပ်ရှားပြီ ပေ့ပေ့ဆီကို တွန်းထုတ်လိုက်ပါတယ်။ သူ့ရဲ့စက်ကွင်းတွေကလဲ ခန္ဓာကိုယ်အောက်မှာ တောက်ပလာခဲ့ပါပြီ။ အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်တစ်ခုတို့ပါပဲ။ အကောင်းဆုံးပေါင်းစပ်မှုဖြစ်နေခဲ့တဲ့အပြင် သူမရဲ့အနောက်ဖက်မှာလဲ အလင်းတန်းအသွင်ပြောင်းမှုက ဖြစ်ပေါ်လာပါတော့တယ်။

ဒါကတော့ ဖားပြုတ်တစ်ကောင်ပါ။ ခြောက်ပြစ်ကင်းသဲလဲစင်ဖြူဖွေးပြီ ​ကျောက်စိမ်းအရာ၀တ္ထုနဲ့ ပြုလုပ်ထားတဲ့အတိုင်းတောက်ပနေတဲ့အပြင် သူမရဲ့မျက်လုံးအတိုင်း နီရဲနေတဲ့ဖားပြုတ်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သိုင်းပညာ၀ိညာဥ်သားရဲကောင်ရဲ့အသွင်ပြောင်းမှုက ရှောင်ဟုန်ချန်ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာသလိုမျိုး သူမမှာတော့ ပေါ်မလာပါဘူး။

” ဒါကြီးက ”

၀မ်ယန်ရဲ့ ချက်ချင်းဆိုသလို မျက်လုံးပြူးသွားခဲ့ပါပြီ။ သူအမျက်ဒေါသကျောင်းတော်ကို ၀င်ရောက်ချိန်ကထဲက စတင်လို့ ရှိရှိသမျှမှတ်တမ်းတွေအားလုံးကို ဖတ်ရှု့ရင်း သိုင်းပညာ၀ိညာဥ်တွေအကြောင်းကို လေ့လာခဲ့သမျှကိစ္စတွေက သူ့စိတ်ထဲမှာ ဆက်တိုက်ပေါ်လာပါတော့တယ်။ အရှေ့မှာရှိနေခဲ့တဲ့ ကျောက်စိမ်းဖြူရောင်ဖားပြုတ်ကို ရှေ့မှတ်တမ်းတွေထဲမှာ သူမြင်ဖူးခဲ့မှန်း သူသိနေခဲ့တယ်။

တစ်မီတာကျော်ရှည်လျားတဲ့ အဖြူရောင်အလင်းတန်းက မုန့်ဟုန်ချန်ရဲ့လက်ထဲကနေ ထွက်ပြေးပြီ ပေ့ပေ့ဆီကိုရောက်ရှိလာခဲ့ပါပြီ။ သူမရဲ့ပထမ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလာပါတယ်။ ဒီလိုအလင်းတန်းကို ထုတ်လွှတ်တာက ဒီအလင်းတန်းတွေရဲ့အရှိန်ကို သူသိနေလို့ပါပဲ။ အဖြူရောင်အလင်းတန်းထဲမှာ အစိမ်းရောင်ရောယှက်နေတဲ့ အလင်းတန်းတွေက မြူခိုတွေလိုတစ်စုံတစ်ရာဖြစ်နေခဲ့တယ်။

ဒါပေမယ့် ပိုပြီးထိတ်လန့်စရာကောင်းတာက ကောင်းကင်ကနေစီးကျနေတဲ့ မိုးသီးမိုးပေါက်တွေနဲ့ ပေါင်းစည်းလို့သွားခဲ့ပြီ ရေ၀ဲတစ်ခုအသွင် ပြောင်းလဲသွားတာပါပဲ။

အမျိုးအမည်မသိရတဲ့ သိုင်းပညာ၀ိညာဥ်ကို ပေ့ပေ့လုံး၀အထင်မသေး၀ံ့ပါဘူး။ သူက ရှုစန်းရှီထက် အများကြီး ပိုပြီးတည်ငြိမ်လေးနက်တဲ့သူပါ။ ဒါကြောင့် ပြေးနေတာကို ချက်ချင်းရပ်လိုက်ပါတယ်။ သူ့ရဲ့တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မိုးကြိုးဒေါသက စတင်ဖြစ်ပေါ်လာပြီ စတုတ္ထ၀ိညာဥ်စက်ကွင်းကလဲ လင်းလက်လာပါတော့တယ်။ သူက အားအကောင်းဆုံးတိုက်ခိုက်မှုကို အသုံးချလိုက်တာပါ။

မုန့်ဟုန်ချန်ရဲ့ ရုပ်သွက်ကိုကြည့်လိုက်တာနဲ့ သေချပေါက် နိုင်ဖို့ခက်မယ်မှန်း သူသိနေခဲ့ပါပြီ။ မုန့်ဟုန်ချန်က ထူးဆန်းမှုတွေအပြည့် ထုတ်လွှတ်နေပြီ ရှိရှိသမျှအရာအားလုံးနဲ့ ပေါင်းစပ်နိုင်ဖို့ပါပဲ။ ဒါကြောင့် သူ့ကိုယ်သူရိုးရှင်းတဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ရင်း သူပြိုင်ဘက်ကို အထိနာနိုင်သလောက် နာအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

မရေမတွက်နိုင်တဲ့ လျှပ်စီးတန်းတွေက သူ့ဘေးနားမှာဖြစ်ပေါ်လာရင်း ပေ့ပေ့ရဲ့ခန္ဓာကိုယ်ညာဘက်တစ်ခြမ်းလုံး နဂါးအကြေးခွံတွေ ပြည့်နှက်လို့သွားခဲ့ပါပြီ။ ခရမ်းပြာရောင်အလင်းတန်းကလဲ သူတစ်ကိုယ်လုံးကို လွှမ်းခြုံသွားပါတော့တယ်။

ဒီတစ်ကြိမ်မှာပဲ သူ့ရဲ့ကြောက်စရာနဂါးအငွေ့အသက်က မိုးစက်မိုးပေါက်တွေကြားမှာ ဖြစ်ပေါ်လာပါတော့တယ်။ မာကြောတဲ့နဂါးအော်သံကို ကြားလိုက်ရပြီတဲ့နောက် မိုးကြိုးဒေါသရဲ့အောက်မှာ ဒီတိုက်ခိုက်မှုက အားကောင်းတဲ့၀ိညာဥ်ဘုရင်တစ်ယောက်ကို ကောင်းကောင်းထိခိုက်နိုင်တဲ့ အနေအထားဖြစ်သွားပါတော့တယ်။

လျှပ်စီးတွေနဲ့ မိုးကြိုးတွေက ကောင်းကင်ပေါ်မှာအော်ဟစ်နေခဲ့ရင်း ပိုပြီးတော့တောင် ကြမ်းတမ်းလာပါတော့တယ်။ ကြီးမားတဲ့နဂါးခေါင်းကြီးက မိုးစက်မိုးပေါက်တွေကို ပျက်စီးသွားခဲ့ရင်း အဖြူရောင်ရေ၀ဲတွေဆီကို တိုက်ခိုက်တော့တယ်။

ဒီတစ်ကြိမ်မှာပဲ မုန့်ဟုန်ချန်က ဘယ်သူမှမခန့်မှန်းနိုင်တဲ့ လှုပ်ရှားမှုကိုပြုလုပ်လိုက်ပါပြီ။ သူက မီးကိုမီးနဲ့တိုက်ခိုက်ဖို့မပေါ်ပဲ ခြေဖျားပေါ်မှာ ရပ်နေရင်းကောင်းကင်ပေါ်ကို ထိုးတက်သွားပါတော့တယ်။ သူမက လျှပ်စီးတန်းတစ်ခုမိုးကောင်းကင်ပေါ် ပျံတက်နေသလိုပါပဲ။

သူမ ထုတ်လွှတ်ထားခဲ့တဲ့ အဖြူရောင်မြူခိုတွေက နဂါးခေါင်းနဲ့တိုက်မိပါတယ်။ အဲ့ဒီနောက် သူမရဲ့အနောက်ကို မိုးခြိမ်းသံတွေက လိုက်လာတော့တယ်။

မုန့်ဟုန်ချန်ကတော့ သူ့ရဲ့ကြောက်စရာကောင်းလွန်လှတဲ့ အမြန်နှုန်းကို စင်ပေါ်မှာနှစ်ချက်ခုန်လိုက်ရင်း ထုတ်ဖော်ပြသပြီးပါပြီ။

နဂါးခေါင်းတွေက သူတို့ရဲ့ပစ်မှတ်ကို နောက်ကနေလိုက်ဖမ်းနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူမကိုလိုက်ဖမ်းမဲ့အစား အကာအကွယ်အတားအဆီးနဲ့ ၀င်တိုက်မိသွားခဲ့တယ်။

မရေမတွက်နိုင်တဲ့ လျှပ်စီးတန်းတွေကတော့ အတားအဆီးပေါ်မှာ ပေါက်ကွဲပါပြီ။ ဒါ့အပြင် သုံးမီတာကျော်ရှိတဲ့ လျှပ်စီးလုံးကြီးလဲဖြစ်ပေါ်လာပါတော့တယ်။ စက္ကန့်ပိုင်းကြာပြီမှသာ ဒီအလင်းလုံးကြီးက ပျောက်ကွယ်သွားခဲ့တယ်။

မုန့်ဟုန်ချန်ကတော့ တစ်လက်မလေးတောင် ရွေ့မသွားခဲ့တဲ့အတိုင်း အောက်ဖက်ကိုပြန်ဆင်းလာခဲ့ပါပြီ။ နောက်တစ်ကြိမ် သူစပြီမတိုက်ခိုက်ခဲ့သလို ဘာမှလဲမလုပ်ပါဘူး။ တခြားတစ်ဖက်က ပေ့ပေ့ကိုသာ ကြည့်နေခဲ့တယ်။

ပေ့ပေ့က အဲ့ဒီနေရာမှာရပ်နေခဲ့ပြီ မယုံနိုင်မှုအပြည့်နဲ့ ရှိနေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးထဲမှာကတော့ တောက်ပမှုတွေက အများကြီးလင်းလက်လာခဲ့ပါပြီ။

အဲ့ဒီနောက် ပေ့ပေ့က စင်ပေါ်ကိုနောက်ပြန်ပြုတ်ကျသွားပါတော့တယ်။ သူ့ရဲ့ကြီးမားပြင်းထန်တဲ့ အရှိန်ကြောင့် စင်ကစတင်ပြီ အက်ကွဲပါပြီ။

ကြည့်နေသူတွေကတော့ အထိတ်တလန့်နဲ့သာ ရှိနေခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ဖက်မှာလဲ လူတ်ိုင်းကထရပ်ရင်း မယုံနိုင်ကြပါဘူး။

ဒါကဘယ်လိုဖြစ်နိုင်မှာလဲ ပေ့ပေ့ရဲ့မိုးကြိုးဒေါသက ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို တန်းတန်းမတ်မတ်ရင်ဆိုင်တယ်ဆိုတာ သိနေခဲ့တယ်။ ဒါ့အပြင် သူက ပြိုင်ဘက်ကိုလက်ဖျားနဲ့တောင် မထိခဲ့ပါဘူး။ တကယ်ပဲ ဘာတွေဖြစ်သွားတာလဲ။

ကောင်းကင်ရန်သူတော်သော့်လော့တောင် ထိတ်လန့်နေခဲ့ပါတယ်။ ပေ့ပေ့ကဘာကြောင့်နေရာမှာတင် သတိလစ်သွားလဲသူမသိပါဘူး။ သူသတိလစ်ဖို့အကြောင်းအရင်းရှာမရသလို ဘယ်ရှု့ထောင့်ကနေကြည့်ကြည့်ပါ ဘာမှမဖြစ်နိုင်မှန်းလဲ သိနေခဲ့တယ်။

ဒါပေမယ့် အမှန်တရားကတော့ သူသတိလစ်သွားခဲ့ပါပြီ။ နေလကျောင်းတော်ကလဲ ဒီတစ်ချီမှာ နိုင်သွားခဲ့တယ်။

ကောင်းကင်ရန်သူတော်သော့်လော့က ညင်းသာသိမ်မွေ့တဲ့ ၀ိညာဥ်စွမ်းအားကိုအသုံးပြုရင်း ပေ့ပေ့ရဲ့ သတိလစ်နေတဲ့ခန္ဓာကိုယ်ကို အမျက်ဒေါသကျောင်းတော်ဆီ ပြန်ပို့ပေးလိုက်ပါတော့တယ်။

ဟို့ယွိဟောင်က ခပ်မြန်မြန်ပဲ သူ့အစ်ကိုကြီးကိုလာဆွဲတော့တယ်။ မျက်နှာက ဖြူဖျော့နေတာကို သူသိလိုက်ရပါပြီ။ ဒါ့အပြင် သူ့အသက်ရှုသံကလဲ အရမ်းကိုအားနည်းနေခဲ့ပါတယ်။ အသက်စွမ်းအားတွေအားလုံးကို တားဆီးခံလိုက်ရသလိုပါပဲ။

ပိုကြောက်စရာကောင်းတဲ့အရာကတော့ ပေ့ပေ့ရဲ့အသားအရေးက မုန့်ဟုန်ချန်လို ချက်ချင်းဖြူဖျော့သွားတာပါ။ သူ့လိုမျိုး ကြည်လင်မတောက်ပတာကလွဲပြီ နှင်းလိုဖြူဖျော့ပါတော့တယ်။

မုန့်ဟုန်ချန်ကတော့ စင်ရဲ့အလယ်ကိုပြန်ရောက်လာခဲ့ပါပြီ။ အဲ့ဒီနောက် သူက အမျက်ဒေါသကျောင်းတော်ဖက်ကို အေးစက်တဲ့မျက်လုံးတွေနဲ့ကြည့်ရင်း ညာဘက်လက်ကိုညွှန်ကာ ပြောလိုက်ပါတော့တယ်။

” နောက်တစ်ယောက်တက်ခဲ့ ”

လင်းလော့ချန်က လက်ရှိအချိန်မှာ အမျက်ဒေါသကျောင်းတော်ဖက်ကနေ တက်ရမဲ့သူဖြစ်နေခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို ၀မ်ယန်နဲ့ ဟို့ယွိဟောင်တို့က တစ်ကြိမ်ထဲမှာပြောမိတော့တယ်။

” သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကဘာလဲသိပြီ ”

” ငါနောက်ဆုံးတော့ မှတ်မိပြီ ”

ပထမပြောတာက ဟို့ယွိဟောင်ဖြစ်ပြီ နောက်ပြောတာကတော့ ၀မ်ယန်ပါ။ ဟို့ယွိဟောင်ရဲ့ အကဲဖြတ်မှုက ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ဆီကနေ လာတာဖြစ်ပါတယ်။ ရေခဲဧကရီက သူ့စိတ်ထဲမှာ ရုတ်တရက်နိုးထလာရင်း လှုပ်ရှားနေခဲ့တယ်။ ၀မ်ယန်ကတော့ သူမှတ်မိတဲ့အသိပညာတွေကနေလာတာပါ။

ဟို့ယွိဟောင်နဲ့ ၀မ်ယန်နှစ်ယောက်စလုံးက တစ်ချိန်ထဲမှာအော်လိုက်ကြပါတယ်။

” သူ့ရဲ့သိုင်းပညာ၀ိညာဥ်က တံတားနီ ရေခဲဖားပြုတ်ပဲ အရမ်းအဆိပ်ပြင်းတယ် ”

ရေခဲဧကရီက သူ့ရဲ့စိတ်၀ိညာဥ်ထဲမှာ အိပ်နေခဲ့တာပါ။ ဒါပေမယ့် ပေ့ပေ့ကို ဟို့ယွိဟောင်ဖမ်းလိုက်တဲ့အချိန်မှာပဲ ဒီနာမည်ကိုသူထုတ်ပြောလာပါတယ်။

အပိုင်း ၁၂၁•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset