Switch Mode

Chapter – 120.2

ထန်မျိုးနွယ်ရဲ့လျှို့ဝှက်နည်းလမ်းတွေ

အပိုင်း ၁၂၀•၂

” ထန်မျိုးနွယ်ရဲ့လျှို့၀ှက်နည်းလမ်းတွေ ”
°`°
ထူးကဲသာလွန်သော့်လော့တွေက နေရာမှာ ရှိသမျှလူတိုင်းကို ဖိနှိမ့်နိုင်တယ်ဆိုတာ သက်သေပြခဲ့ပြီသားဖြစ်သွားခဲ့ပါပြီ။ ကြယ်တာရာလော့ဧကရာဇ်နဲ့ ကျားဖြူမြို့စားမင်းတို့တောင် အခုအချိန်မှာ စကားတောင်၀င်မပြောကြပါဘူး။ အဲ့ဒီအစား အဝေးကနေသာ ကြည့်နေခဲ့ကြတယ်။ ကြယ်တာရာလော့ဧကရာဇ် ရှု့ကျားဝေကတော့ လက်ရှိအချိန်မှာ တည်ကြည်တဲ့အနေအထားမှာရှိနေခဲ့ပြီ ကျားဖြူမြို့စားမင်းကတော့ မျက်မှောင်ကြုတ်ထားရင်း တစ်စုံတစ်ရာကို တွေးတောနေပုံပါပဲ။

ကောင်းကင်ရန်သူတော်သော့်လော့က အရမ်းကို မာနကြီးပြီ တော်ရုံတန်ရုံနောက်မဆုတ်တတ်တဲ့သူပါ။ အကယ်၍ တခြားသူသာရှိခဲ့မယ်ဆိုရင် ကြည့်ရှုနေသူတွေက လူတစ်သိန်းဖြစ်ပါစေဦးတော့ သေချာပေါက် သူဂရုစိုက်ပါတယ်။ အခုအချိန်မှာတော့ အကြီးအကဲရွှမ် ဖြစ်နေခဲ့တဲ့အတွက် သူမလုပ်၀ံ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကာလမှာ အကြီးအကဲရွှမ်ရဲ့ တိုက်ခိုက်ခဲ့လို့ပါ။ ဒါ့အပြင် ကြယ်တာရာလော့တော်၀င်မိသားစုရဲ့ အကာအကွယ်သော့်လော့အဖြစ်ကိုလဲ သူမျက်နှာသာမရခဲ့ပါဘူး။

၀မ်ချင်ရှုက အသက်ပြင်းပြင်းရှုသွင်းရင်းနဲ့ သူ့ကိုသူစိတ်ငြိမ်အောင်ထိန်းဖို့ကြိုးစားနေခဲ့ပါတယ်။ အကြီးအကဲရွှမ် အရှက်ကွဲခံရတာက ရှက်စရာကောင်းတဲ့အရာမဟုတ်ခဲ့ပါဘူး။ အကြီးအကဲရွှမ်က သူ့ကိုအပြစ်တင်သွားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ သူ​ပြန်ပြီမငြင်းခုန်ပဲနဲ့ အရှက်ကွဲမှုကို ဒီအတိုင်းသာသည်းခံနေခဲ့ပါပဲ။

” နှစ်ဖက်အဖွဲ့ ပြိုင်ပွဲ၀င်တွေကို စင်ပေါ်ဆီစေလွှတ်ကြပါ အမျက်ဒေါသကျောင်းတော်က ပေ့ပေ့တက်လာပါ့မယ်..နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဖက်မှာတော့ မိုက်ကယ် နှစ်ဖက်အဖွဲ့ရဲ့လူတွေစင်ပေါ်ကိုတက်ခဲ့ကြတာပါ နှစ်ဖက်ပြိုင်ပွဲ၀င်တွေ ကျေးဇူးပြုပြီး စင်မြင့်ပေါ်ကိုတက်ခဲ့ပါ ”

လက်ရှိတစ်ယောက်ချင်းဆီပြိုင်ပွဲမှာတော့ အမျက်ဒေါသကျောင်းတော်က အသာစီးရတဲ့အခြေအနေမှာ ရှိနေခဲ့ပါတယ်။ သူတို့တွေက လာမဲ့နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲအတွက်တောင် ခိုင်မာတဲ့အခြေခံတစ်ခုကို ဖန်တီးနိုင်ခဲ့ပါပြီ။

အမျက်ဒေါသကျောင်းတော်က ၀ိညာဥ်ဘိုးဘေးတစ်ယောက်ပဲ ဖြစ်သေးတယ်။ ရှုစန်းရှီကို စေလွှတ်ခဲ့ပေမဲ့ သူက အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်နှစ်ယောက်တိတိကို ကျော်ဖြတ်နိုင်ခဲ့တယ်။ သူ့ရဲ့စွမ်းဆောင်မှုက အတော်လေးကို ကြီးမားနေခဲ့ပါပြီ။ ဒါ့အပြင် သူ့ပြိုင်ဘက်တစ်ယောက်က သေဆုံးလို့သွားခဲ့ပါတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တယ်။ သူတို့တွေက နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲမှာ မယှဥ်ပြိုင်နိုင်တော့ပါဘူး။ အမျက်ဒေါသကျောင်းတော်က နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲထဲမှာ တစ်ပွဲကိုနိုင်ပြီနေပြီလို့ ပြောလို့ရပါတယ်။ ဒါကြောင့် နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲထဲမှာ နှစ်ပွဲထဲကိုပဲနိုင်ဖို့လိုတော့မှာပါ။

အမျက်ဒေါသကျောင်းတော်က ရှုစန်းရှီကို ဆုံးရှုံးသွားပေမဲ့ သူတို့ရဲ့၀ိညာဥ်ဧကရာဇ်နှစ်ယောက်က မယှဥ်ပြိုင်ရသေးပါဘူး။ သူတို့ရဲ့အသာစီးရမှုက တော်တော်လေးကို ထင်ရှားနေခဲ့ပါပြီ။

နေလကျောင်းတော်ရဲ့ဆရာတွေက မျက်မှောင်ကြုတ်နေခဲ့ပါတယ်။ သူ့ရဲ့အမုန်းတရားက ပိုပြီးကြောက်စရာကောင်းနေခဲ့ပါပြီ။ ဒါပေမယ့် လက်ရှိအချိန်မှာ သူထိတ်လန့်နေလို့မဖြစ်မှန်း သူသိနေခဲ့တယ်။ အကယ်၍ သူတို့လှုပ်ရှားတာမှားသွားခဲ့မယ်ဆိုရင် ပြိုင်ပွဲတစ်ခုလုံးကို ရှုံးနှိမ့်သွားနိုင်ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အသာစီးရမှုက ထာ၀ရကြာရှည်နေမှာတော့ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာပဲ အသာစီးရနေခဲ့တာပါ။ နောက်ဆုံးတော့လဲ တစ်ယောက်ချင်းဆီပြိုင်ပွဲက စတုန်းပဲရှိပါသေးတယ်။ မုန့်ဟုန်ချန်ကို သူဘေးနားခေါ်လိုက်တယ်။

” ရှောင်မုန့် အားလုံးက နောက်ပိုင်းမင်းအပေါ်မှာပဲ မူတည်နေလိမ့်မယ်…သူပြီရင်းမင်းသွားရမှာ ကျောင်းတော်ရဲ့အောင်မြင်မှုအတွက် မင်းအစွမ်းကုန်သာတိုက်ခိုက် ”

ဆရာကလေးလေးနက်နက် ပြောနေခဲ့ပါတယ်။

မုန့်ဟုန်ချန်ရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့အလင်းတန်းတွေက တောက်ပလာခဲ့ပြီတဲ့နောက် သူမခေါင်းညိတ်လိုက်ပါတယ်။

” မစိုးရိမ်နဲ့ဆရာ ရလဒ်ကို ကျွန်မမဆုံးဖြတ်ပေးနိုင်ရင်တောင် သေချာပေါက် အခြေအနေကို ပြောင်းလဲနိုင်တယ်…အမျက်ဒေါသကျောင်းတော်လွယ်လွယ်ကူကူနဲ့ မနိုင်စေရဘူး ”

” ကောင်းပြီ ငါတို့မင်းကိုယုံကြည်ထားမယ် ”

ဆရာက မုန့်ဟုန်ချန်ကို အနည်းငယ်ဦးညွတ်လိုက်ပါတယ်။

ရှောင်ဟုန်ချန်ကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း ကြည့်နေခဲ့တယ်။ သူအတော်ကို မကျေနပ်ပါဘူး သူကသာ ဒီလိုအလှည့်အပြောင်းတွေကို ဖန်တီးရမဲ့သူဖြစ်တယ်လို့ တွေးနေခဲ့ရတာပါ။ သူညီမရဲ့အစွမ်းအစတွေက ထူးခြားပါတယ်။ ဒါ့အပြင် မယုံနိုင်စရာကောင်းတဲ့ရလဒ်ကိုလဲ ဖြစ်စေနိုင်လောက်တယ်။ သူမက အခြေအနေတချို့အောက်မှာတော့ အတော်လေးကို တားဆီးခံထားရမဲ့သူပါ။

ဒါ့အပြင် သူ့ရဲ့အစွမ်းအစတွေလဲ သူ့လောက်ကြီးမညီမျှပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာ သူကဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့အတွက် နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲမှာ ယှဥ်ပြိုင်နိုင်မယ်ဆိုရင်တောင် တစ်ယောက်ချင်းဆီပြိုင်ပွဲအတွက်တော့ အဆင်မပြေပါဘူး။ မကျေမနပ်ဖြစ်ရုံကလွဲပြီ သူဘာမှမလုပ်နိုင်ပဲရှိနေခဲ့ပါတယ်။

ပေ့ပေ့နဲ့ မိုက်ကယ်တို့ကတော့ စင်အစွန်းအထိကို ဆုတ်ခွာသွားခဲ့ပါပြီ။ ကောင်းကင်ရန်သူတော်သော့်လော့ကတော့ မျက်နှာတစ်ချက်လေးတောင် အမူအရာမပြောင်းပဲနဲ့ အော်လိုက်ပါတော့တယ်။

” ပြိုင်ပွဲစမယ် ”

မိုက်ကယ်က အဓိကအဖွဲ့ရဲ့လူခုနှစ်ယောက်ထဲက တစ်ယောက်ပါ။ ဒါကြောင့် သူ့ရဲ့၀ိညာဥ်စွမ်းအားတွေက သူ့ရှေ့မှာရှိတဲ့ ပြိုင်ပွဲ၀င်နှစ်ယောက်ထက်ကို သာလွန်ခဲ့ပါတယ်။ ဒါ့အပြင် ကျန်းဖန်းနဲ့ရင်ဆိုင်ချိန်တုန်းက မြင်ရသလိုမျ်ိုး အစွမ်းအစတွေက မရိုးရှင်းခဲ့ပါဘူး။

ပြိုင်ပွဲစတင်တာနဲ့ သူ့ရဲ့အစွမ်းအစအစစ်အမှန်ကို စတင်ထုတ်ပြလိုက်ပါပြီ။ ဆက်တိုက်ဆိုသလို သံသတ္ထုရဲ့ တချွင်ချွင်မြည်သံတွေက ထွက်ပေါ်လို့လာခဲ့ပြီ များပြားတဲ့၀ိညာဥ်လက်နက်တွေက သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာပါတော့တယ်။

ဒါပေမယ့် သူကတခြားအဖွဲ့၀င်တွေနဲ့မတူညီခဲ့ပါဘူး။ လက်ရှိအချိန် သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ လက်နက်တွေအများကြီးရှိနေတာမဟုတ်ပဲ ခြေထောက်ပတ်လည်နဲ့ နောက်ကျောဖက်မှာအဓိကတည်ရှိနေခဲ့တာဖြစ်ပါတယ်။

အပြာရောင်သတ္ထုဘွတ်ဖိနပ်က သူ့ရဲ့ခြေထောက်ပတ်လည်မှာ ပေါ်လာခဲ့ပြီ တစ်ချိန်ထဲမှာပဲ နောက်ကျောဖက်မှာကတော့ သတ္ထုအမြောက်နှစ်ခုပေါ်လာခဲ့ပါတယ်။ ဒီအမြောက်နှစ်ခုက သုံးလက်မသာရှည်လျားခဲ့ပြီ အ၀ိုင်းကတော့ခြောက်လက်မထက်ကို ပိုကြီးပါတော့တယ်။ ဒီအမြောက်တွေရဲ့အနောက်ဖက်မှာကတော့ ဘောလုံးလိုအရာတွေက ဖြစ်ခဲ့ပြီ သူတို့ရဲ့လာရာက အလျင်အမြန်ပြောင်းလဲလို့ရနိုင်ပါတယ်။

ဒီလိုမျိုး အဆင့်မြင့်လက်နက်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဟို့ယွိဟောင် တွေးနေခဲ့မိပါတယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားက မလောက်တဲ့အတွက် ဒါကိုထိန်းချုပ်ထားဖို့မလွယ်ပါဘူး။ မိုက်ကယ်ကတော့ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်တာကြောင့် အလွယ်လေးထိန်းချုပ်ပြနေခဲ့တယ်။

ဒီ၀ိညာဥ်လက်နက်နှစ်ခုအပြင် မိုက်ကယ်ရဲ့နံရိုးဘက်မှာ နောက်ထပ်အတောင်ပံလေးခုက ထွက်ပေါ်လာခဲ့ပါတယ်။ ဒါတွေက ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တွေ မဟုတ်ပါဘူး။ သူ့ကိုပစ်မှတ်ပြစ်တဲ့အချိန်မှာ မျှချေညီအောင်ထိန်းထားပေးတဲ့တစ်စုံတစ်ရာဖြစ်နေခဲ့တယ်။

ဒါ့အပြင် မိုက်ကယ်မှာလဲ ကြီးမားတဲ့သတ္ထုအမြောက်တွေ ရှိနေခဲ့ပါသေးတယ်။ အဲ့ဒီအမြောက်တွေမှာလဲ နေရာကိုအလွယ်တကူချိန်ညှိနိုင်တဲ့အလွယ်တကူ ရှိနေခဲ့တယ်။ ပေ့ပေ့က ၀ိညာဥ်ပညာရှင်အများစုနဲ့တူညီတဲ့ပုံစံအတိုင်း တိုက်ခိုက်နေတာပါ။ ပြိုင်ပွဲအစကို ကြော်ငြာလိုက်တာနဲ့ သူ့ရဲ့ပြိုင်ဘက်ကို အမြန်ဆုံးတိုက်ခိုက်ပါလိမ့်မယ်။

သူတို့ကြားမှာရှိနေတဲ့ အကွာအဝေးကို ပိတ်မိနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အဝေးပြစ်တိုက်ခိုက်တဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို ခုခံပါတယ်။ မိုက်ကယ်က လှုပ်ရှားမှုစတင်ပါပြီ သူ့ခြေထောက်မှာရှိတဲ့ ဘွတ်ဖိနပ်အရှည်တွေက အလင်းတန်းတွေထွက်ပေါ်လာခဲ့ပြီတဲ့နောက် သူကကြောက်စရာကောင်းတဲ့အရှိန်နှုန်းနဲ့အတူ စတင်လှုပ်ရှားပါတော့တယ်။

သူ့ရဲ့အရှိန်က ချန်းအန်ကိုယှဥ်လို့မရပေမဲ့ မနှေးလဲမနှေးခဲ့ပါဘူး။ နောက်ကျောဖက်မှာရှိနေတဲ့ အရှိန်မြင့်လက်နက်တွေက သူဘေးတိုက်ရွေ့လျားချိန်တိုင်းမှာ အလင်းတန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အလင်းတန်းကတော့ မသိပ့်သည်းခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့အရှိန်နှုန်းကို သိသိသာသာမြင့်မားနေစေခဲ့တယ်။ နောက်ကျောဖက်မှာရှိတဲ့ အတောင်ပံတွေကတော့ သူ့ပျံသန်းနေတဲ့အချိန်မှာ ဟန်ချက်ကိုမပျက်အောင်ထိန်းထားပေးထားပါတယ်။

ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ နှစ်ယောက်စလုံးကတော့ ဒီ၀ိညာဥ်လက်နက်တွေရဲ့ လှုပ်ရှားမှုကိုမြင်ချိန်မှာ အံ့အားသင့်နေခဲ့ပါပြီ။ မိုက်ကယ်က တိုက်ကြီးတစ်ခုလုံးမှာ အကောင်းဆုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ တပည့်သားပီသပါပေးတယ်။ သူ့ရဲ့ ၀ိညာဥ်လက်နက်တွေကို ထိန်းချုပ်နိုင်စွမ်းက သူတို့နှစ်ယောက်ကို တအံ့တဩဖြစ်စေခဲ့တယ်။

တိုက်ပွဲတစ်လျှောက်လုံးမှာ ခုန်ရှောင်တာမျိုး မလုပ်ပါဘူး။ အဲ့ဒီအစား လက်ကိုသာမြောက်ထားရင်း ဆက်တိုက်ရွေ့လျားပြီ ပေ့ပေ့ကို အမြောက်နဲ့ပြစ်နေခဲ့ပါတယ်။ ကြက်သွေးရောင်ဘဲဥပုံသဏ္ဍာန်အလင်းလုံးက လေထဲကိုပြေးထွက်လို့သွားခဲ့ပြီ စည်းချက်မရှိပဲနဲ့ ပျံသန်းသွားခဲ့တယ်။ ပေ့ပေ့ကတော့ ဘယ်လိုပဲဖြစ်ပါစေ သူ့ရဲ့ပစ်မှတ်အဖြစ်ရှိနေဆဲပါ။ ဒီထူးဆန်းတဲ့လှုပ်ရှားမှုက တစ်ချက်လေးတောင် အသံမထွက်တာပိုပြီးအံ့ဩစရာကောင်းနေခဲ့ပါတယ်။

ပေ့ပေ့ကတော့ လက်ရှိအချိန်လမ်းကြောင်းကို ရပ်တန့်လိုက်ရင်း အမူအရာကိုလဲ လေးနက်တည်ငြိမ်သွားပါတော့တယ်။ ညာဘက်လက်ကိုဝှေ့ရမ်းရင်း သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်ဖော်လိုက်ပါပြီ။ ပထမဆုံး၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာပါတော့တယ်။ အဲ့ဒီနောက် မိုးကြိုးလက်သည်းကိုအသုံးပြုရင်း အလင်းလုံးကို ဖမ်းဆွဲလိုက်တယ်။

သူပြိုင်ဘက်မှာ ဘယ်လိုတိုက်ခိုက်ရေးစွမ်းရည်ရှိနေလဲဆိုတာကို နားလည်ဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပြိုင်ဘက်ရဲ့ လက်မောင်းပေါ်မှာရှိတဲ့၀ိညာဥ်အမြောက်နှစ်ခုကိုတော့ သူကောင်းကောင်းမြင်နေခဲ့ရပါတယ်။ အဲ့ဒီလိမ္မော်နီရောင်အလင်းလုံးကို ဖမ်းဆုပ်လိုက်ချိန်မှာပဲ ထူးဆန်းတဲ့မြင်ကွင်းက ဖြစ်ပေါ်လာပါတော့တယ်။

မိုးကြိုးလက်သည်းမှာရှိနေခဲ့တဲ့ မိုးကြိုးလျှပ်စီးတွေက ဘောလုံးနဲ့ထိတွေ့ချိန်မှာပဲ ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားပါတယ်။ ဘောလုံးကတော့ လေထဲမှာရပ်နေခဲ့ပြီ အရင်ကထက်ပိုပြီးတော့တောင် တောက်ပလို့လာခဲ့ပါတယ်။

ဟယ့်ချိုက်ထို့က မတ်တပ်ထရပ်ရင်းနဲ့ ပြောပါတော့တယ်။

” ဒါကအလုံအလောက်ဖြစ်နိုင်တဲ့ ၀ိညာဥ်အမြောက်ပဲ သူတို့မှာ အဲ့ဒါကြီး တကယ် ရှိနေတယ်ပေါ့ ”

အဲ့ဒီ၀ိညာဥ်လက်နက်အကြောင်း ဖန်းယွီကိုယ်တိုင်ပြောပြတာကြောင့် ဟို့ယွိဟောင်ကြားဖူးပါတယ်။ အမျက်ဒေါသကျောင်းတော်မပိုင်ဆိုင်နိုင်တဲ့ အင်အားကြီး၀ိညာဥ်လက်နက်တစ်ခုပါပဲ။

အလိုအလောက် ၀ိညာဥ်အမြောက်ကို ပြစ်လွှတ်ပြီတာနဲ့ အမြောက်က ပတ်၀န်းကျင်မှာရှိရှိသမျှအင်အားတွေအားလုံးကို စုပ်ယူပြီ ပြိုင်ဘက်ကိုထိတွေ့ချိန်မှာ အားအကုန်လုံးကို ပေါင်းစည်းရင်းဖောက်ခွဲပြစ်ပါတော့တယ်။ ကြောက်စရာအကောင်းဆုံးကတော့ အချိန်မရွေးပျက်စီးသွားနိုင်ပါပြီ။ မိုက်ကယ်အနေနဲ့ စက္ကန့်ပိုင်းအတွင်းမှာ ဒီအမြောက်ခွံကို ဖျက်ဆီးနိုင်တယ်ဆိုတာ သိသာနေခဲ့ပါပြီ။ အမှန်အတိုင်းပြောရမယ်ဆိုရင် ထိတွေ့ပြီတာနဲ့ တစ်စက္ကန့်ကနေ ငါးစက္ကန့်အတွင်းပေါက်ကွဲမှာပါ။ အမြောက်ဆိုတာက ၀ိညာဥ်စွမ်းအားတွေကို အများကြီးဖိနှိမ့်ထားနိုင်တဲ့ပစ္စည်းတစ်ခုဖြစ်နေခဲ့တယ်။ အချိန်အကြာကြီးလဲ ထိန်းချုပ်ထားလို့မရပါဘူး။

ကိစ္စတွေကိုအားလုံးကို ထိန်းချုပ်ပြီဆုံးဖြတ်ပေးမဲ့အရာကတော့ အချိန်ဖြစ်နေခဲ့တယ်။

ရုတ်တရက်ဆိုသလို အလင်းတန်းတွေရဲ့စုစည်းမှုကြောင့် ပေ့ပေ့လဲ ရွေးချယ်စရာမရှိပဲ ဘေးကိုခုန်ရှောင်လိုက်ရပါတယ်။

ကြက်သွေးနီရောင်အလင်းလုံးက စက္ကန့်ပိုင်းအတွင်းမှာပေါက်ကွဲပါပြီ။ ကြောက်စရာကောင်းလွန်လှတဲ့ပေါက်ကွဲမှုက ပတ်ပတ်လည်တစ်မီတာခွဲအထိကို လောင်ကျွမ်းပါတော့တယ်။ ဒီအလင်းတန်းက သူဖြတ်သန်းသွားလာတဲ့လေဟာနယ်တွေကိုတောင် ကြုံတွေ့စေခဲ့တယ်။ ပေ့ပေ့ကတော့ အခုအချိန်မှာ အော်ဆဲချင်နေခဲ့ပါပြီ။ ဒီ၀ိညာဥ်လက်နက်က အင်အားကြီးလွန်ပါတယ်။ အကယ်၍ သူသာထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်လောက်တယ်။

ကံကောင်းစွာနဲ့ပဲ အင်အားကြီးတဲ့လူတစ်ယောက်က အရှိန်နှေးကွေးတာကြောင့် သူလဲ အချိန်ရလိုက်ပါသေးတယ်။ ဒါ့အပြင် အင်အားကိုစုစည်းဖို့အတွက်လဲ လုံလောက်တဲ့၀ိညာဥ်စွမ်းအားကို ထည့်သွင်းဖို့လိုအပ်နေတယ်။

ပထမအမြောက်ကိုပေါက်ကွဲပြီတဲ့နောက် မိုက်ကယ်ရဲ့ဒုတိယအမြောက်ခွံကနေ နောက်တစ်ကြိမ်ပြစ်လွှတ်မှုစတင်ပါတယ်။

ဒီလို၀ိညာဥ်လက်နက်မျိုးက အရမ်းကိုအသုံး၀င်လှပြီ အပူရှိန်ကလဲ အကာအကွယ်ကို ပျက်စီးစေနိုင်တာကြောင့် ဆက်တိုက်ပြစ်လွှတ်လို့မရပါဘူး။ ဒါကြောင့် မိုက်ကယ်က ဘယ်နဲ့ညာကို ပြောင်းပြီသုံးနေခဲ့တာပါ။

အနီးကပ်တိုက်ပွဲက သူ့အတွက်အဆင်မပြေနိုင်ဘူးလို့ မာယုလုံက ပြောခဲ့ပါတယ်။ ဒီအလိုအလောက်ပြစ်လွှတ်တဲ့ အမြောက်တွေက ပြိုင်ပွဲထဲမှာ ပထမဆုံးသူထုတ်သုံးတာဖြစ်ပြီ သူ့ရဲ့ဝှက်ဖဲတွေပါပဲ။ ဒါပေါ့ သူ့ရဲ့ရင်ဘတ်ရှေ့မှာ နောက်ထပ်ကြက်သွေးရောင်ဘောလုံးတွေ ရှိပါသေးတယ်။ သူ့ကိုအားဖြည့်နေပုံပါပဲ။

မိုက်ကယ်ကတော့ ပေ့ပေ့ကို အဝေးဆုံးကနေတိုက်ခိုက်နေရင်း မြန်မြန်ဆန်ဆန်လှုပ်ရှားနေခဲ့ပါတယ်။ ဒုတိယအမြောက်ကတော့ ပေ့ပေ့ရှိတဲ့လမ်းဆီကို ပြေး၀င်သွားခဲ့ပါပြီ။ အေးစက်တဲ့အလင်းတန်းတွေက ပေ့ပေ့မျက်လုံးထဲမှာထွက်ပေါ်လာပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ သူက မြန်မြန်ဆန်ဆန်လှုပ်ရှားရင်း အမြောက်ခွံနဲ့တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ ၀ိညာဥ်စွမ်းရည်ကို သူအသုံးမပြုတော့ပါဘူး။

မိုက်ကယ်ရဲ့ မျက်နှာပေါ်မှာကတော့ အေးစက်တဲ့အပြုံးတစ်ခုက ပေါ်လာပါတော့တယ်။ သူ့ဘာသာသူတွေးနေခဲ့မိတယ်။

” မင်းကငါရဲ့တိုက်ခိုက်မှုကို ခုန်ရှောင်ဖို့စဥ်းစားနေတာလား ငါရဲ့အမြောက်က မင်းဘယ်သွားသွားလိုက်နိုင်တယ်…ပြေးလို့မလွှတ်နိုင်ဘူး မင်းထိလိုက်ပြီဆိုတာနဲ့ ရပ်တန့်သွားမှာပဲ ဒါဆိုရင် ငါညီနောင်တွေအတွက် ငါလက်စားချေနိုင်ပြီ ”

အမြောက်ခွံက ပေ့ပေ့ရှေ့ကို ရောက်ရှိလာပြီတဲ့နောက် သူဘယ်ဘက်လက်ကိုအသုံးပြုရင်း ဆွဲယူလိုက်ပါတယ်။ ဘာကြောင့်များ ဒီလိုဆွဲယူလိုက်တာလဲ။ ကြည့်နေသူတွေအားလုံးက အံ့ဩသွားခဲ့ရတယ်။ နေလကျောင်းတော်ရဲ့မျက်လုံးထဲမှာတော့ သူတို့သေရင်တောင် လက်မောင်းတစ်ခုလုံး ပျက်စီးသွားမှာပါ။ ပေ့ပေ့ရဲ့လှုပ်ရှားမှုတွေက ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။ သူအမြောက်ခွံကို ဖမ်းဆွဲလိုက်တာနဲ့ ခြေလှမ်းတွေက ပိုမြန်ဆန်းလာခဲ့ပြီ အမြောက်ခွံကိုတစ်ဖက်စောင်းရင်း ခန္ဓာကိုယ်ကတော့ ဝေ၀ါးသွားပါတော့တယ်။ အဲ့ဒီနောက် အမြောက်ခွံကို လက်လွှတ်လိုက်ပေမဲ့ အမြောက်ခွံကတော့ သူနဲ့ကပ်နေခဲ့တယ်။

ဒါပေမယ့် ပေ့ပေ့က လက်ရှိအချိန် ဘယ်ဘက်လက်ကိုအောက်ဖက်စိုက်ချလိုက်ပါပြီ။ အမြောက်ခွံက သူ့လက်၀ါးညွှန်တဲ့အတိုင်းသွားရင်း မြေပြင်ပေါ်ကို ရိုက်မိပါတော့တယ်။ ဒါ့အပြင် ပွတ်တိုက်မှုကြောင့် ချက်ချင်းဆိုသလို ချေမွခံလိုက်ရတယ်။

ပေ့ပေ့ကတော့ ခြေဖျားကိုထောက်ရင်း ချက်ချင်းဆိုသလို နောက်ကိုပြန်ဆုတ်သွားခဲ့ပြီ သူတို့နဲ့အမြောက်ခွံကြားက အကွာအဝေးကို သုံးမီတာအထိ ကွာခြားလိုက်ပါတယ်။

သူ့အနောက်ဖက်မှာကတော့ အလင်းတန်းကြီးတစ်ခုက ဖြစ်ပေါ်လာခဲ့ပါပြီ အဲ့ဒီနောက် သူ့ရဲ့နောက်ကျောဖက်မှာတောင် နေမင်းလိုအရာတစ်ခုက ပေါက်ကွဲထွက်လာပါတော့တယ်။

” ငါကမင်းကို ကျေးဇူးပြန်ဆပ်ရမှာပေါ့ မင်းကငါ့ကို ဥနှစ်လုံးတောင်ပေးမှာတော့ ငါတစ်ခုပြန်ပေးလိုက်မယ် ”

ပေ့ပေ့ရဲ့ညာဘက်လက်ကို ခါချလိုက်ချိန်မှာတော့ အနက်ရောင်ဘောလုံးနဲ့တူတဲ့ပစ္စည်းတစ်ခုက မိုက်ကယ်ဆီ ပြေး၀င်သွားပါတော့တယ်။

ဘဲဥပုံသဏ္ဍာန်ဒီဘောလုံးက အစောပိုင်းတုန်းက ၀ိညာဥ်အမြောက်နဲ့တူညီစွာပဲ ပြေးထွက်လို့သွားခဲ့တယ်။ လေထဲမှာ စက်၀ိုင်းပုံသဏ္ဍာန်က မိုက်ကယ်ဆီကို ပျံသန်းသွားပါတယ်။

မိုက်ကယ်က သူ့ရဲ့တတိယအမြောက်ကို အခုအချိန်မှာပြစ်လွှတ်လိုက်တာပါ။ ဒါပေမယ့် သူ့ရဲ့ ဒုတိယတိုက်ခိုက်မှုကို ပေ့ပေ့ချေမွပြစ်လိုက်ကြည့်ရင်း အံ့ဩသွားခဲ့ပါတယ်။ တတိယ၀ိညာဥ်အမြောက်ကို သူက ခပ်မြန်မြန်ထိန်းညှိပေးနေခဲ့တယ်။ အကယ်၍ ပေ့ပေ့ကသာ တူညီတဲ့နည်းလမ်းကို သုံး၀ံ့မယ်ဆိုရင် ဒီအမြောက်ကသူနဲ့ထိတွေ့တာနဲ့ ပျက်စီးမှာပါ။ ဒါပေမယ့် ပေ့ပေ့ရဲ့၀ိညာဥ်စွမ်းရည်ကို အသုံးမပြုစေတဲ့အတွက် သူ၀ိညာဥ်စွမ်းအားမကုန်ဆုံးစေတာတော့ နှမြောစရာပါပဲ။ ပေ့ပေ့က နောက်ထပ်သုံးမဲ့ပုံမပေါ်ပါဘူး။

ဘောလုံးနဲ့တူညီတဲ့ အရာ၀တ္ထုနှစ်ခုက ပေ့ပေ့ဆီကို ခပ်မြန်မြန်ရောက်ရှိလာပါတော့တယ်။ ပေ့ပေ့ကတော့ မမျှော်လင့်ထားတဲ့လှုပ်ရှားမှုတွေနဲ့အတူ အရှေ့ကိုခုန်၀င်လာခဲ့ပါပြီ။ အဲ့ဒီနောက် ဆက်တိုက်ဆိုသလို ခုန်၀င်နေခဲ့ရင်း သူ့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းက အနောက်ကိုတစ်၀က်ခေါက်ချိုးလှန်သွားပါတော့တယ်။ အဲ့ဒီနောက် လက်နှစ်ဖက်စလုံးကို အသုံးပြုရင်း ထောက်ထားခဲ့တယ်။ ကြက်သွေးရောင်ဘောလုံးတွေက သူ့ကိုထူးခြားတဲ့အရာတစ်ခုနဲ့ အတူ ဖြတ်ကျော်လာခဲ့ပါပြီ။ ဒါပေမယ့် ပေ့ပေ့အပေါ်မှာတော့ရှိနေဆဲပါပဲ။ သူ့နောက်ကိုသုံးမီတာအထိ ပျံသန်းသွားပြီတော့မှသာ ပြန်လိုက်လာပါတော့တယ်။ ပေ့ပေ့ရဲ့လက်ထဲမှာဖုံးကွယ်ထားခဲ့တဲ့ မြားတစ်စုက ရုတ်တရက်ဆိုသလို ပျံထွက်သွားခဲ့ရင်း အဲ့ဒီအလင်းလုံးတွေနဲ့ တိုက်ခိုက်တော့တယ်။ မိုက်ကယ်ရဲ့အမြောက်ခွံတိုက်ခိုက်မိတာနဲ့ ပေါက်ကွဲမှုက စတင်ဆိုသလိုထွက်လာပါတော့တယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် သူ့ရဲ့ပစ်မှတ်ကိုနောက်ထပ်မတိုက်ခိုက်နိုင်တော့ပါဘူး။ သူတို့မှာ အသိဉာဏ်လဲမရှိတော့အတွက် လူကိုလဲ လိုက်မဖမ်းနိုင်ပဲရှိနေခဲ့တယ်။

နားစည်ကွဲမတတ်ပေါက်ကွဲမှုတွေက ချက်ချင်းဆိုသလို ပေ့ပေ့ရဲ့နောက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ပေ့ပေ့ကတော့ မတိုက်ခိုက်ခံခဲ့ရပါဘူး။

” လုပ်တာကောင်းတယ် ”

အကြီးအကဲရွှမ်တောင်မှ ဒီမြင်ကွင်းကို မြင်ချိန်မှာ ချီးမွမ်းရင်းတအံ့တဩဖြစ်နေခဲ့ပါတယ်။ ပေ့ပေ့က သူ့ရဲ့ပြိုင်ဘက်ကိုကိုင်တွယ်ပုံက အတော်လေးကို ကောင်းမွန်လွန်လှတယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ တအံ့တဩဖြစ်နေဆဲပါ။

ပေ့ပေ့က သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကိုမသုံးပဲ ထန်မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်တွေနဲ့ပဲ တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ ထန်မျိုးနွယ်ရဲ့အကြီးဆုံးတပည့်သားဖြစ်တဲ့သူက လက်ရှိအချိန်မှာ သူဖုံးကွယ်ထားတဲ့အစွမ်းအစကို ထုတ်ပြနေခဲ့ပါပြီ။

ပေ့ပေ့က တတိယ၀ိညာဥ်အမြောက်ကို ရင်ဆိုင်နေချိန်မှာပဲ သတ္ထုဘောလုံးက မိုက်ကယ်ဆီကို ရောက်သွားပါတော့တယ်။ မိုက်ကယ်က သတိလက်လွှတ်ရှိတတ်တဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် အတော်လေးကို သံသယ၀င်နေခဲ့တယ်။ နေလကျောင်းတော်အနေနဲ့ ၀ိညာဥ်လက်နက်သမိုင်းအကြောင်းကိုသူကောင်းကောင်းသိပါတယ်။ ၀ိညာဥ်လက်နက်တွေက တည်ရှိနေတာကြာလှနေပါပြီ။ ဒါပေမယ့် သူမျက်စိရှေ့မှာ ရှိနေတဲ့ တစ်စုံတစ်ရာနဲ့ပတ်သက်တဲ့ အရာကိုတော့ သူမသိပါဘူး။

ပေ့ပေ့က သူ့လိုအဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ကို ဘယ်လို၀ိညာဥ်လက်နက်နဲ့ တိုက်ခိုက်တာလဲ ဒါကသူ့ကိုယ်သူအထင်ကြီးပြီ သွေးနားထင်ရောက်နေတာထက်တောင် ဆိုးပါသေးတယ်။

ဘယ်လိုပဲဖြစ်ပါစေ သူကတော့ ပြန်တိုက်ခိုက်ဖို့စိတ်ကူးလိုက်ပါပြီ။ ညာဘက်လက်ကိုမြောက်ရင်းနဲ့ ကျန်းဖန်းကို ရင်ဆိုင်ချိန်တုန်းကလက်နက်တွေပေါ်လာပါတော့တယ်။

လျှပ်စီးတန်းတွေနဲ့အတူ သူစတင်တိုက်ခိုက်တော့တယ်။ လျှပ်စီးတွေက သတ္ထုတွေကိုဆွဲငင်ပါတယ်။ ဒီဘောလုံးကို သူအနားကပ်မရှိပါဘူး။ ရိုးရှင်းတဲ့ပေါက်ကွဲမှုကလဲ ဒီဘောလုံးနဲ့ နေနေသရွေ့ သူဆီမသက်ရောက်မှာ သိနေခဲ့တယ်။ ဒါ့အပြင် သူက လက်ကိုမြန်မြန်ဆုပ်နိုင်တဲ့သူပါ ပေ့ပေ့က ခုန်ရှောင်တဲ့နေရာမှာ အတော်ကိုမြန်ဆန်ပေမဲ့ ပေ့ပေ့သူ့အနားကပ်လာမှာကို မကြောက်ပါဘူး။ ဒါ့အပြင် အစောပိုင်းတိုက်ခိုက်မှုတွေကြောင့် ပေ့ပေ့က အင်အားအတော်လေးကို ကုန်နေပြီလို့သူပြောနိုင်နေခဲ့တယ်။

စတုတ္ထမြောက် အမြောက်က ပေ့ပေ့ရဲ့အရှေ့မှာရှိနေခဲ့ရင်း သူ့ရဲ့ပြိုင်ဘက်ကို မလှုပ်ရှားနိုင်အောင်လုပ်နိုင်ခဲ့ပါတယ်။

မိုက်ကယ်ရဲ့စိတ်ထဲမှာက ဗျူဟာတွေဆက်တိုက်ထွက်ပေါ်လာခဲ့ပါပြီ။ သူ့စိတ်ထဲမှာ မရှိတဲ့တစ်ခုတည်သောအရာကတော့ အဲ့ဒီသတ္ထုဘောလုံးက သူ့ကိုဘာပြဿနာပေးနိုင်မလားဆိုတာပါပဲ။

သတ္ထုဘောလုံးနဲ့ လျှပ်စီးထိခိုက်မိသွားချိန်မှာတော့ ပေါက်ကွဲမှုက အတော်ကိုနူးညံ့ပါတယ်။ ဖရဲသီးတစ်လုံးချေခံလိုက်ရတဲ့အတိုင်း ဘာမှထူးထူးခြားခြားမရှိပါဘူး။

ဒါပေမယ့် မြူခိုတွေက ချက်ချင်းဆိုသလိုဖြစ်ပေါ်လာရင်း ချိုမြိန်တဲ့အနံ့က လေထဲမှာပြန့်ထွက်ပေါ်လာပါတော့တယ်။ လျှပ်စီးတန်းတွေက အဲ့ဒီမြူခိုတွေကို ဖြတ်သန်းသွားခဲ့ပါတယ်။

အဲ့ဒါအဆိပ်လား မိုက်ကယ်ရဲ့စိတ်ထဲမှာဒါကိုပထမဆုံးတွေးနေမိပါတယ်။ ချက်ချင်းဆိုသလို သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အတားအဆီးက ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒီအတားအဆီးက သူ့ရဲ့အဆင့်နဲ့လိုက်ဖက်တဲ့အဆင့်ငါး၀ိညာဥ်လက်နက်ပါပဲ။ ဒီလက်နက်က မာရှောင်ထောင်ရဲ့ တိုက်ခိုက်မှုနဲ့ ရှုစန်းရှီရဲ့တိုက်ခိုက်မှုတွေကို မခုခံနိုင်ပေမဲ့ ၀ိညာဥ်ဘုရင်အတွက်တော့ မြန်မြန်ရဲ့တိုက်ခိုက်မှုကိုတော့ ခုခံနိုင်ပါတယ်။

သူ့ရဲ့ခုခံမှုက အတော်ကို ခိုင်မာမယ်လို့ ယုံကြည်နေခဲ့တယ်။ ပေ့ပေ့ကတော့ အဆိပ်ကိုအသုံးပြုရင်း စဥ်းစားထားပြီ မိုက်ကယ်ကို အနည်းငယ်နှေးကွေးအောင်လုပ်မယ်လို့သာ တွေးထားခဲ့တာပါ။ ဒီအဆိပ်တွေက သူတို့ကို တိုက်ခိုက်ဖို့တကယ်အသုံးမ၀င်နိုင်ပါဘူး။ ဒါကတကယ်ပဲ အဆိပ်ငွေ့တွေလား။

ဆက်တိုက်ဆိုသလို အက်ကွဲသံတွေပေါက်ကွဲလာပြီတဲ့နောက် မလုံလောက်တဲ့နေအလင်းရောင်ကြောင့် မိုက်ကယ်လဲ အနက်ရောင်လူတစ်ယောက်ပေါ်လာတာကိုသာမြင်လိုက်ရပါတယ်။ ဒါ့အပြင် တချွင်ချွင်မြည်သံတွေက သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့တာပါ။

မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်ကထုံထိုင်လာခဲ့ပြီ ဓားနဲ့အထိုးခံလိုက်ရတဲ့အတိုင်း ခံစားလိုက်ရပါတယ်။ အဆိုးဆုံးကတော့ သူအစောပိုင်းတုန်းက ပြစ်လိုက်တဲ့အမြောက်ခွံက သူအရှေ့တည့်တည့်မှာရပ်နေတာပါပဲ။ ဒါဘာတွေဖြစ်နေတာလဲ။

မိုက်ကယ်ရဲ့စိတ်ထဲမှာ အတွေးနှစ်ခုရှိနေခဲ့ပါတယ်။ ဒါမျ်ိုးကိုသူမမျှော်လင့်ထားပါဘူး။ ဒါ့အပြင် ပေ့ပေ့ရဲ့ လှည့်ကွက်ကိုလဲသူမသိပါဘူး။

လက်ရှိအချိန် အလင်းတန်းက ကောင်းကင်ကနေ ဆင်းသက်လာခဲ့ပြီ သူ့ရဲ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်ပါပြီ။ ဒီအလင်းတန်းက အမြောက်ခွံပေါက်ကွဲတဲ့အအချိန်မှာ သူ့ကိုကာကွယ်လိုက်ပါတယ်။

မိုက်ကယ်ရှေ့မှာရှိရှိသမျှ အရာအားလုံးက အနီရောင်ပြောင်းသွားခဲ့ပြီ သူ့ရဲ့ဆံပင်တွေလဲ ထောင်ထလာသလိုကျောမှာလဲ ချွေးတွေစီးကျနေခဲ့ပါပြီ။ အလင်းတန်းက တစ်ခဏတာသာ ကြာမြင့်ခဲ့ပြီတဲ့နောက် သူလဲဘာလုပ်လို့လုပ်ရမှန်းမသိတော့ပါဘူး။ မကြာခင်မှာပဲ သူရဲ့အပေါင်းအဖော်တွေ သွားခဲ့တဲ့ခြေရာအတိုင်း လိုက်ရတော့မယ်လို့သာ သူထင်နေခဲ့ပါတယ်။ ဒါက တကယ်ကို သေရေးရှင်ရေးကြားကာလပါပဲ။

ကောင်းကင်ရန်သူတော်သော့်လော့တစ်ယောက်သာ သူ့ကိုကယ်တင်ဖို့ရှိမှာပါ။

ဒီကိစ္စ စတင်ချိန်မှာ သော့်လော့ကအဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် တစ်စုံတစ်ရာလွဲမှားနေပြီမှန်း သိတာနဲ့ချက်ချင်းဆိုသလို မိုက်ကယ်ကို သူကာကွယ်တော့တယ်။ သူ့ရဲ့လက်ထဲမှာ ခုခံရေးအမျိုးအစား၀ိညာဥ်လက်နက်က ရှိနေပြီသားပါ။

ပေ့ပေ့ကတော့ နောင်တအပြည့်နဲ့ ပြောလိုက်ပါတယ်။

” ကြည့်ရတာ ငါကပိုတော်တဲ့ပုံပဲ ငါကဥအများကြီးသုံးလာတာတောင် ငါရဲ့ဥသေးသေးလေးတစ်လုံးကို မမီဘူး ”

ကြက်သွေးရောင်အလင်းတန်း ပျောက်ကွယ်သွားချိန်မှာတော့ ကောင်းကင်ကနေ မိုးကြိုးထွက်ပေါ်လာသံတွေကို ကြားလိုက်ရပါတယ်။ ရာသီဥတုကပိုဆိုးလာခဲ့ပါပြီ ဒါပေမယ့် အဲ့ဒီပိုဆိုးလာတဲ့ ရာသီဥတုရဲ့မှောင်မိုက်မှုက နေလကျောင်းတော်သားတွေရဲ့ စိတ်အခြေအနေကိုတော့ ယှဥ်လို့မရနိုင်ပါဘူး။

ကောင်းကင်ရန်သူတော်သော့်လော့က ကယ်တင်လိုက်ရတဲ့အတွက် မိုက်ကယ်ကတော့ ရှုံးသွားပါပြီ။ မိုက်ကယ်ရှုံးသွားတာကို သူတို့ဘယ်လိုများ နားလည်ရမှာလဲ။ ပေ့ပေ့ ပြစ်လွှတ်လိုက်တဲ့အရာကြီးက ဘာကြီးလဲ။

လျှို့၀ှက်လက်နက်ပါ ဒါကထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်ဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ အံကြိတ်ရင်းပေ့ပေ့ကို အထိတ်တလန့်ကြည့်နေဆဲပါ။

ထန်မျိုးနွယ်ရဲ့လျှို့၀ှက်နည်းလမ်းတွေက နှစ်ပေါင်းများစွာပျောက်ကွယ်သွားပြီတဲ့နောက် နောက်ဆုံးမှာစင်ပေါ်ကိုထွက်ပေါ်လာခဲ့ပါပြီ။ ဒီလိုနည်းလမ်းတွေ ဘယ်လောက်များထပ်ရှိဦးမှာလဲ။

ထန်မျိုးနွယ်ရဲ့ အဲ့ဒီအင်အားကြီးတဲ့ လျှို့၀ှက်လက်နက်က ၀ိညာဥ်လိုက်ဖမ်းတဲ့ ဘောလုံးတွေလို့ခေါ်ပါတယ်။ ဒီဘောလုံးတွေရဲ့အနောက်မှာအနက်ရောင်တစ်စုံတစ်ရာက ပေါ်လာနိုင်တဲ့အပြင် မရေမတွက်နိုင်တဲ့ နွားမွေးအပ်တွေကိုလဲ ထုတ်လွှတ်နိုင်ပါတယ်။ ဒီအပ်တွေက အရမ်းကိုအဆိပ်ပြင်းလွန်တဲ့အပြင် သူတို့ရဲ့ဖြစ်တည်မှုကို ကာကွယ်နိုင်ဖို့အတွက် အပေါ်ယံမှာလဲ မြူခိုတွေကိုထုတ်လွှတ်တယ်။

ထန်မျိုးနွယ်ရဲ့ထိပ်တန်းလျှို့၀ှက်လက်နက်ဆယ်ခုထဲမှာ ဒီဘောလုံးက အပါအ၀င်ပါပဲ။ ဒါ့အပြင် ခုခံမှုတွေအားလုံးကို ဖျက်ဆီးနိုင်တယ်လို့ နာမည်ကြီးပါတယ်။ အဆင့်ငါး ခုခံမှုတွေက ဒီအပ်တွေကိုတခဏတာသာ တားဆီးနိုင်ပြီ အပ်တွေကဘယ်လိုဖြစ်ဖြစ်ပဲ ဖောက်၀င်တာဖြစ်ပါတယ်။ ဒါကြောင့် အလိုအလောက်အသုံးပြုနိုင်တဲ့ ၀ိညာဥ်အမြောက်ကလဲ ဖျက်ဆီးခံရမှာပါ။ ပေ့ပေ့ကတော့ ဒါကိုလုပ်ဖို့စိတ်မကူးခဲ့ပေမဲ့ နောက်ဆုံးမှာတော့ တိုက်ဆိုင်မှုဖြစ်လာခဲ့တယ်။

မိုက်ကယ်ကတော့ အဲ့ဒီလိုပဲ စင်အလယ်မှာ ဒူးထောက်လျက်သားကျသွားခဲ့ပါပြီ။ ကောင်းကင်ရန်သူတော်သော့်လော့ရဲ့ မျက်နှာတွေက တွန့်နေရင်း မိုက်ကယ်ကို ခပ်မြန်မြန်စစ်ဆေးခဲ့တယ်။

” အဆိပ်လား ”

ကောင်းကင်ရန်သူတော်သော့်လော့က အထိတ်တလန့်နဲ့ ပေ့ပေ့ကို လှမ်းကြည့်ပါတယ်။ ပေ့ပေ့က ပုခုံးတွန့်ပြလိုက်တယ်။

” မစိုးရိမ်ပါနဲ့ မသေနိုင်ပါဘူး ပြိုင်ပွဲပြီးသွားတာနဲ့ ဖြေဆေးပေးမှာပါ အခုတော့ဖြေဆေးပေးလို့မရဘူး ဟုတ်တယ်ဟုတ် ”

နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲက မစတင်ရသေးပါဘူး။ သူ့ပြိုင်ဘက်ကို လက်ရှိအချိန်ဖြေဆေးပေးတာက နောက်တစ်ပွဲမှာရင်ဆိုင်ဖို့ ရန်သူတိုးလာရုံပဲဖြစ်မှာပါ။ ၀မ်ချင်ရှုက ဘာများပြောနိုင်မှာလဲ သူက မိုက်ကယ်ကို ကိုယ်တိုင်စင်အောက်လိုက်ပို့ပေးလိုက်ရပါတယ်။ အမျက်ဒေါသကျောင်းတော်က နောက်တစ်ကြိမ် နိုင်သွားပြန်ပါပြီ။ အခုအချိန်အထိ အမျက်ဒေါသကျောင်းတော်ရဲ့ခုနှစ်ယောက်ထဲက တစ်ယောက်သာထုတ်ပယ်ခံရပါသေးတယ်။ နေလကျောင်းတော်ကတော့ သုံးယောက်ဆုံးရှုံးသွားပါပြီ ကြည့်ရတာ ပြိုင်ပွဲရဲ့အခြေအနေကတော့ နောက်ဆုံးရောက်လာပုံပါပဲ။

ကုသရေး၀ိညာဥ်ပညာရှင်တွေက ခပ်မြန်မြန်န်ပဲ ရောက်လာပေမဲ့ ဒီအဆိပ်ကိုဘာလုပ်လို့လုပ်ရမှန်းမသိတော့ပါဘူး။ ဒဏ်ရာတွေကိုပဲ ကုပေးန်ိုင်ပါတယ်။ ဒါ့အပြင် ထန်မျိုးနွယ်ရဲ့အဆိပ်ကို ဖြေပေးဖို့ဆိုတာက မလွယ်ပါဘူး။

အကြိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ပေ့ပေ့ရဲ့လှုပ်ရှားမှုတွေက အရမ်းကိုအံ့ဩစရာကောင်းပါတယ်။ တစ်ယောက်ကို အဆိပ်ခပ်လိုက်နိုင်ရုံတင်မကပဲ နေလကျောင်းတော်ရဲ့လူတွေကတော့ ပိုပြီးသတိကြီးကြီးထားတော့မှာပါ။ အကယ်၍ အစွမ်းကုန်တိုက်ခိုက်မယ်ဆိုရင်တောင် အဆုံးသတ်ပြိုင်ပွဲမှာ အဆိပ်ဖြေဆေးမရပဲဖြစ်နေရင်း ဘယ်လိုလုပ်မလဲ။

အပိုင်း ၁၂၀•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset