Switch Mode

Chapter – 120.1

ထန်မျိုးနွယ်ရဲ့လျှို့ဝှက်နည်းလမ်းတွေ

အပိုင်း ၁၂၀•၁

” ထန်မျိုးနွယ်ရဲ့လျှို့ဝှက်နည်းလမ်းတွေ ”
°°°
ဒိုင်းကာကအရည်အဖြစ်ကို ပြောင်းလဲနိုင်တာလား ဒီအပြောင်းအလဲက အရမ်းကိုရုတ်တရက်ဆန်လွန်လှပါတယ်။ ဒါပေမယ့် တိုက်ပွဲရဲ့ရလဒ်ကိုတော့ ပြောင်းလဲပေးနိုင်လိုက်ပါပြီ။

ရှုစန်းရှီနဲ့ အရင်းနှီးဆုံးသူဖြစ်တဲ့ ပေ့ပေ့တောင်မှ သူ့ရဲ့သူငယ်ချင်းမှာ အဲ့ဒီအစွမ်းအစရှိနေတာကို မသိခဲ့ပါဘူး။ ရှုစန်းရှီရဲ့ ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ ၀ိညာဥ်စွမ်းရည်က ဒီလိုပြောင်းလဲနိုင်တယ်ဆိုတာကို ဘယ်သူမှမတွေးမိပဲရှိနေခဲ့ပါတယ်။ ဒါ့အပြင် ကြောက်စရာကောင်းတဲ့အင်အားက မခုခံနိုင်အောင်ကြီးမားနေခဲ့တယ်။ ဒါက ရွှမ်၀ူလိပ်နတ်ဘုရားရဲ့ သွေးသားကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာ အသိအသာကြီးပါပဲ။

ရွှမ်၀ူလိပ်နတ်ဒိုင်းကာပိုင်ဆိုင်ထားခဲ့တဲ့ အပိုစွမ်းအားလဲဖြစ်နေခဲ့တယ်။ ဒါပေမယ့် ရှုစန်းရှီက အနီးကပ်အကွာအဝေးမှာသာ တိုက်ခိုက်နိုင်တာပါ။ ဒိုင်းကာကိုလဲ အပြည့်အ၀မထိန်းချုပ်နိုင်သေးပါဘူး။ ဒါ့အပြင် သူထိန်းချုပ်တိုက်ခိုက်နိုင်တဲ့ နေရာပတ်၀န်းကျင်တစ်၀ိုက်ကလဲ အတော်လေးကို သေးငယ်ပါတယ်။ ဒါကြောင့် သူမှာအခွင့်အရေးတစ်ခုသာ ရှိနေခဲ့တယ်။ သူ့ရဲ့ပြိုင်ဘက်က တိုက်ခိုက်မှုကို ခုခံတာနဲ့ နိုင်နိုင်ချေထပ်မရှိတော့ပါဘူး။

ဒါကြောင့်သာ သူစောင့်ဆိုင်းနေခဲ့တာပါ။ ပြိုင်ဘက်က မီးလျှံဓားကို အသုံးပြုပြီး သူ့ညာဘက်ရင်ဘတ်ကို ထိုးစိုက်လာခဲ့အောင် တမင်တကာထုတ်ဖော်ပေးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာအခွင့်အရေးရောက်လာမှာကို သူသိနေခဲ့တယ်။

ချန်းအန်သတိလစ်သွားတဲ့အဲ့ဒီအချိန်မှာပဲ သူလဲလိုချင်တာကို ရသွားပြီတဲ့နောက် တခဏတာနှေးကွေးလို့သွားခဲ့ပါတယ်။ ဒါကြောင့်သာ ရှုစန်းရှီက အစွမ်းကုန်တိုက်ခိုက်မှုကို အသုံးချလိုက်တာပါ။

မီးလျှံဓားက ရှုစန်းရှီကို ဘာမှမထိခိုက်စေခဲ့ပါဘူး။ ဓားသွားက သူ့ရဲ့ညာဘက်ကိုအပေါ်ယံရှပ်ထိလို့သွားခဲ့ပြီ နာကျင်ပြင်းထန်မှု ကဖြစ်ပေါ်လာစေပါတယ်။

ရေကလျှပ်စီးကူးစက်မှုအကောင်းဆုံးအရာတွေထဲက တစ်ခုပါ။ ဒါ့အပြင် ရှုစန်းရှီရဲ့ဒိုင်းကာက ရေစွမ်းအားတွေအများကြီးပါ၀င်နေခဲ့ပါတယ်။ ပြိုင်ဘက်ကိုသိုင်းပညာ၀ိညာဥ်အသုံးပြုရင်း အပြည့်အ၀ဖိနှိမ့်ထားနိုင်ခဲ့ပေမဲ့ တစ်ဖက်မှာရှိနေခဲ့တဲ့ လျှပ်စီးဓားကြောင့် တစ်ကိုယ်လုံးလျှပ်စီးတွေစီးကူးသွားတာကို ခံလိုက်ရတယ်။ ဒါပေမယ့် ခုခံရေးအမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက်ကို ထိခိုက်စေဖို့အတွက်တော့ မလွယ်ကူနိုင်ပါဘူး။

ချန်းအန်က ရေလှိုင်းတွေပေါက်ကွဲလာတာကို ပထမဆုံးတုံ့ပြန်မိပါတယ်။ သူ့ရဲ့ဓားကိုပြန်ထုတ်ချင်ပေမဲ့ မလှုပ်ရှားနိုင်တော့ပါဘူး။ ရှုစန်းရှီက သူ့ရဲ့ကြွက်သားတွေကို အားပြုထားရင်းလက်နှစ်ဖက်စလုံးရဲ့ ဓားသွားတွေကို တင်းတင်းကျပ်ကျပ်ဆွဲထားခဲ့ပါတယ်။

ချန်းအန်လဲ ရွေးချယ်စရာမရှိတော့ပဲ သူ့ရဲ့ဓားတွေကို လက်လွှတ်လိုက်ရတယ်။ ဒါ့အပြင် သူ့ရဲ့အရှိန်နှုန်းကလဲ နှေးကွေးသွားတာကြောင့် မဖမ်းမိဘူးဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။

ဓားရဲ့တစ်ဖက်ကနေ လျှပ်စီးတန်းတွေက ပေါက်ကွဲထွက်လာပြီ ပြင်းထန်တဲ့တစ်၀ုန်း၀ုန်းမြည်သံတွေလဲ ထွက်ပေါ်လာခဲ့ပါတယ်။

ရေကလျှပ်စီးနဲ့ စီးကူးသွားပြီတဲ့နောက် ဒိုင်းကာရဲ့အပေါ်မှာ တောက်ပမှုတွေ ဖြစ်ပေါ်လာတော့တယ်။ အဲ့ဒီအရည်တွေက အဆင့်ငါး၀ိညာဥ်လက်နက်ပညာရှင်တွေဖြစ်တဲ့ ချန်းအန်ကို မလွှတ်မြောက်နိုင်တော့အောင် တားဆီးလိုက်ပါပြီ။

ရှုစန်းရှီရဲ့ ရင်ဘတ်အပေါ်နဲ့ လက်၀ါးကနေသွေးတွေက တစ်စက်စက်စီးကျနေခဲ့သလို ပိတ်မိနေတဲ့ချန်းအန်ကို အေးစက်တဲ့အကြည့်တွေနဲ့ စူးစိုက်ကြည့်နေခဲ့တယ်။ ချန်းအန်ကတော့ အနက်ရောင်အလင်းတန်းတွေအောက်မှာ ဖုံးလွှမ်းခံထားရတယ်။

” နှုတ်ဆက်ပါတယ် ”

ရှုစန်းရှီရဲ့ အနောက်ဖက်မှာရှိနေခဲ့တဲ့ ပုံရိပ်ယောင်က နောက်ထပ်ဒိုင်းကာတစ်ခုအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒိုင်းပေါ်မှာရှိနေတဲ့ မြွေမျက်လုံးကနေ အနီရောင်အလင်းတန်းတွေ ထွက်ပေါ်လာရင်းပိတ်မိနေတဲ့ချန်းအန်ကို နီရဲလို့သွားစေခဲ့တယ်။

” ရပ်လိုက်တော့ ”

ကောင်းကင်ရန်သူတော်သော့်က အရှေ့ကိုတိုးလာရင်း ရှုစန်းရှီရဲ့ တိုက်ခိုက်မှုကို တားဆီးဖို့လုပ်ပါတယ်။

ဒါပေမယ့် ဒိုင်းကာရဲ့အတွင်းပိုင်းတိုက်ခိုက်မှုက အတော်ကိုထူးဆန်းလွန်လှတယ်။ ကောင်းကင်ရန်သူတော်သော့်လော့က အလင်းအလွှာတစ်ခုကို ထုတ်လွှတ်လိုက်ရင်း နှစ်ယောက်ကိုခွဲထွက်ပြီ သူ့ရဲ့လက်တွေကို ဆန့်ရင်း ချန်းအန်ကို ဆွဲထုတ်ပါတော့တယ်။ ဒါပေမယ့် အနီရောင်အလင်းတန်းတွေနဲ့ ထိမိချိန်မှာ အထိတ်တလန့်နဲ့ သူ့ရဲ့လက်ကိုခပ်မြန်မြန်ပဲ ပြန်လုပ်လိုက်ရတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ ခံစားချက်ကို တွေ့ကြုံလိုက်ရတာကြောင့် သူ့ရဲ့အမူအရာကလဲ ရုတ်တရက်ပြောင်းလဲသွားခဲ့ပါပြီ။

ရွှမ်၀ူလိပ်နတ်ဘုရားအရှိန်အ၀ါရဲ့ သီးခြားခွဲထုတ်မှုကြောင့် သူရဲ့စိတ်၀ိညာဥ်က တုန်လှုပ်သွားခဲ့ရပါတယ်။ အဲ့ဒီနောက် အနီရောင်အရည်တွေကြားမှာ ချန်းအန်ပျောက်ကွယ်သွားတာကို သူဒီအတိုင်းသာကြည့်နေခဲ့ရတယ်။ ဒါမှမဟုတ် ချန်းအန်က အနီရောင်အရည်တွေထဲမှာ အရည်ပျော်ပြီအငွေ့ပျံသွားတာလား။

ဒီတိုက်ခိုက်မှုက ရှုစန်းရှီရဲ့အင်အားနဲ့တောင် လိုက်ဖက်ညီမှုမရှိတော့ပါဘူး။ သူကရွှမ်၀ူဒိုင်းကာရဲ့ထိန်းချုပ်မှုအထဲမှာ အပြည့်အ၀ကျရောက်နေခဲ့ပြီ ရေနဲ့မြေကြီးရဲ့ ဓာတ်သဘောသဘာ၀တွေကို အပြည့်အ၀ထိန်းချုပ်လို့ထားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကျရောက်လာတာကို တားဆီးနိုင်ဖို့ နည်းလမ်းကသုံးခုသာရှိပါတယ်။ ပထမတစ်ခုကတော့ ရွှမ်၀ူဒိုင်းကာကနေ ကူးပြောင်းထားတဲ့အနက်ရောင်အလင်းတန်းနဲ့ တိုက်မိဖို့ပါပဲ။ သုံးမီတာကျော်သာရှိတဲ့ အဲ့ဒီအလင်းတန်းကို ပုံသဏ္ဍာန်သုံးမျိုးအဖြစ် သုံးလို့ရပါတယ်။ ၀မ်သုန့်နဲ့ဟို့ယွိဟောင်တို့ရဲ့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်လို့ အာနိသင်ကအတူတူပါပဲ။ ဒါ့အပြင် ရွှမ်၀ူလိပ်နတ်ဘုရားအသက်၀င်လာမှသာ အသုံးပြုနိုင်တာပါ။

ဒုတိယနည်းလမ်းကတော့ ရှုစန်းရှီရဲ့ ရွှမ်၀ူလိပ်နတ်ဘုရားသွေးတွေအပြည့်အ၀မနိုးထလာခင်အချိန်မှာ အလဲထိုးနိုင်ဖို့ပါပဲ။ ဒါမှသာ ရွှမ်၀ူလိပ်နတ်ဘုရားရဲ့သွေးတွေကို သူဆင့်ခေါ်တဲ့အခမ်းအနားကို အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးနည်းလမ်းကတော့ ရွှမ်၀ူလိပ်နတ်ဘုရားထက်ကို ပိုပြီးအစွမ်းထက်တဲ့သိုင်းပညာ၀ိညာဥ်တစ်ခုနဲ့ သူ့ကိုဖိနှိမ့်ရမှာပါ။ ဒီနည်းလမ်းကတော့ ခက်ခဲလွန်လှပါတယ်။

မွေးရာပါစွမ်းအားကို ပထမဆုံးအ​ကြိမ်အနေနဲ့ ရှုစန်းရှီအသုံးပြုတာဖြစ်နေခဲ့ပါတယ်။ ချန်းအန်ကလဲ ဒီလိုစတေးပြီ ပူဇော်မှုအတွက် ပထမဆုံးသားကောင်ဖြစ်သွားခဲ့ရပါပြီ။

၀မ်းပမ်းတနည်းအော်သံတွေက စင်အောက်ကနေ ထွက်ပေါ်လာပါတော့တယ်။ နေလကျောင်းတော်ရဲ့ လူတိုင်းနီးပါးက ရူးချင်နေကြပါပြီ။ သူတို့ဆရာတွေတောင်မှ စင်ပေါ်ကိုပြေးတက်လာဖို့ပြင်နေခဲ့ပါတယ်။

ဒါကသုံးယောက်မြောက်ပါ။ သူတို့ကျောင်းတော်ရဲ့ သုံးယောက်မြောက်ပါရမီရှင်က ပြိုင်ပွဲထဲမှာ သေဆုံးသွားခဲ့ရပါပြီ။ ဒါကဘယ်လိုများဖြစ်နိုင်မှာလဲ။ သူတို့ရဲ့ဆရာတွေထိတ်လန့်နေတာမဆန်းပါဘူး။ ကျောင်းတော်ရဲ့အထူးချွန်ဆုံးပါရမီရှင်သုံးယောက်တိတိအသတ်ခံရပြီတဲ့နောက် သူဒါကိုကျောင်းအုပ်ဆီဘယ်လိုများပြောရတော့မှာလဲ။

ရှုစန်းရှီကတော့ ဒါတွေအားလုံးကို မြင်မနေခဲ့ပါဘူး။ ချန်းအန်ကို အနီရောင်အရည်တွေဖုံးလွှမ်းတာမြင်တာနဲ့ သူလဲ လဲကျပြီသတိလစ်သွားပါတော့တယ်။ သူခံစားနေရခဲ့ရတဲ့ ၀န်ထုတ်၀န်ပိုးတွေက ဒီတစ်ကြိမ်မှာပိုပြီးကြီးမားတာကြောင့် အခုအချိန်လုပ်တောင်မလုပ်နိုင်တော့ဘူး။

သူက ၀ိညာဥ်ဘုရင်နှစ်ယောက်ကို ၀ိညာဥ်ဘိုးဘေးအဆင့်နဲ့တင် အနိုင်ယူနိုင်ခဲ့တာပါ။ အမျက်ဒေါသကျောင်းတော်အတွက် သူအများကြီးစွမ်းဆောင်နိုင်ခဲ့ပြီးပါပြီ။ ဒါ့အပြင် ခုခံရေးအမျိုးအစားပညာရှင်တစ်ယောက်အတွက် ဒါကများလွန်နေခဲ့ပါတယ်။

ပြိုင်ပွဲစင်မြင့်ရဲ့ ပတ်ပတ်လည်ကိုထိန်းချုပ်ထားတဲ့အတားအဆီးက အပြင်ဘက်ကို ဘယ်လိုစွမ်းအားကမှစိမ့်မထွက်လာအောင်ကာကွယ်ပေးထားခဲ့တာပါ။ ဒါကြောင့်သာ နေလကျောင်းတော်ရဲ့လူတွေက စင်ပေါ်ကိုပြေးတက်လာပြီ ရှုစန်းရှီဆီရောက်လာနိုင်ဖို့အတွက် အရမ်းကိုလွယ်ကူလှပါတယ်။

” ရပ်လိုက်စမ်း ”

ကောင်းကင်ရန်သူတော်သော့်လော့က အော်လိုက်ပါတယ်။ သူ့ရဲ့မျက်နှာက မှောင်မိုက်နေပေမဲ့ နေလကျောင်းတော်ဘက်ကို သူတားဆီးနိုင်ခဲ့တယ်။ ပြီးတော့သူကဒိုင်ဖြစ်နေဆဲပါ။

နေလကျောင်းတော်အဖွဲ့ကတော့ အရမ်းကိုစိတ်ထိခိုက်နေတဲ့အတွက် သူတို့ကိုထိန်းလို့တောင်မရတော့ပါဘူး။

မရေမတွက်နိုင်တဲ့၀ိညာဥ်လက်နက်အလင်းတန်းတွေက ရှုစန်းရှီဆီကို ပြေး၀င်လာပါတော့တယ်။ အခုအချိန် ရှုစန်းရှီကတော့သတိလစ်မေ့မြောနေခဲ့တာပါ။

ဒါပေမယ့် ရုတ်တရက်ဆိုသလို လူတစ်ယောက်က စင်လယ်ဆီရောက်လာခဲ့ပြီ အလင်းတန်းတွေအားလုံးကို ဖျက်ဆီးလိုက်ပါတော့တယ်။

သဏ္ဍာန်မဲ့တဲ့ အ၀ါရောင်အလင်းတန်းတွေက စင်ပေါ်မှာရှိတဲ့လေထုတစ်ခုလုံးကို ထိန်းချုပ်လို့ထားခဲ့ပါတယ်။ ကောင်းကင်ရန်သူတော်သော့်လော့အပြင် ဒီနေရာမှာရှိရှိသမျှလူတိုင်းက အချိန်နဲ့အတူအေးခဲသွားသယောင်ထင်ရပြီ သူတို့ရဲ့လှုပ်ရှားမှုတွေအားလုံးက ရပ်တန့်သွားခဲ့ပါပြီ။

စင်ပေါ်ကိုရောက်လာသူကတော့ ဘူးသီးခြောက်ကြီးတစ်ခုကိုကိုင်ထားပြီ အရက်သောက်နေတဲ့ လူတစ်ယောက်ပါ။ သူကတော့ နေလကျောင်းတော်ဘက်မှာရှိနေတဲ့လူတွေကို အေးအေးဆေးဆေးသာကြည့်နေခဲ့ပါတယ်။

” ဘာလဲမင်းတို့က ပုန်ကန်ချင်ကြတာလား ”

ဒီရိုးရှင်းတဲ့စကားတွေက နေလကျောင်းတော်ဖက်မှာရှိရှိသမျှလူတိုင်းကို ကြီးမားတဲ့စိတ်ဓာတ်ပိုင်ဆိုင်ရာကို လုပ်လိုက်သလိုပါပဲ။ ဘယ်သူမှစကားကျယ်ကျယ်မပြောတော့ပါဘူး။

စင်ပေါ်ကို ရုတ်တရက်ရောက်ရှိလာသူကတော့ သေချာပေါက် အမျက်ဒေါသကျောင်းတော်ရဲ့ ထျောင်ထျဲ့သော့်လော့အကြီးအကဲရွှမ်ပါ။

အကြီးအကဲရွှမ်က ထူးမခြားနားလေသံနဲ့သာ ပြောလိုက်ပါတယ်။

” တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်စာမေးပွဲရဲ့ သမိုင်းတစ်လျှောက်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းအထိကို ပြန်ကြည့်မယ်ဆိုရင် သိုင်းပညာ၀ိညာဥ်ခန်းမက ၀ိညာဥ်ပညာရှင်တွေအားလုံးကို ထိန်းချုပ်ထားတယ်…ဒီပွဲတော်ကိုလဲ ဘယ်တုန်းကမှ မနှောင့်ယှက်ခံရဖူးဘူး အကယ်၍ တစ်စုံတစ်ယောက်သာ အသတ်ခံရပြီ တရားမျှတမှုကို လိုချင်ရင် ဒိုင်ကိုသွားပြောလိုက်လေ စည်းမျဥ်းတွေအရ ယှဥ်ပြိုင်နေတဲ့ ပြိုင်ပွဲ၀င်တွေအားလုံးက သူတို့ရဲ့စစ်မှန်တဲ့ အစွမ်းအစကိုထုတ်ပြနိုင်ဖို့အတွက် အစွမ်းကုန်တိုက်ခိုက်ကြရတယ်…ဘယ်သူကများအစွမ်းကုန်တိုက်ခိုက်ကြရမယ်ဆိုရင် ကိုယ့်ကိုကိုယ်ထိန်းချုပ်ထားတာရှိမှာလဲ ဒါ့အပြင် ဒိုင်ကဒီပြိုင်ပွဲတစ်ခုလုံးကို အမြဲတမ်းစောင့်ကြည့်နေရတဲ့သူ ..အကယ်၍ တစ်ယောက်ယောက်ကသာ သေမယ်ဆိုရင် အဲ့ဒါဒိုင်ရဲ့အမှားပဲလေ ငါတို့ကျောင်းကလူတွေနဲ့ ဘာဆိုင်လို့လဲ အကယ်၍ နှစ်ပေါင်းတစ်သောင်းကျော်ကြာရှည်တည်တံ့လာတဲ့ အဲ့ဒီစည်းမျဥ်းကို ချိုးဖောက်ချင်တဲ့တစ်ယောက်ယောက်ရှိမယ်ဆိုရင် ငါ့ကိုလာရှာလိုက် ”

အဲ့ဒီနောက် သူပြောရင်းနဲ့ ရှုစန်းရှီဖက်ကို လှည့်ထွက်သွားပါတော့တယ်။ အဲ့ဒီနောက် ရှုစန်းရှီကိုချီရင်း မလိုက်ပါပြီ နူးညံ့တဲ့အ၀ါရောင်အလင်းတန်းတွေက ရှုစန်းရှီရဲ့ခန္ဓာကိုယ်ထဲကို ချက်ချင်းဆိုသလို ၀င်သွားရင်း သူဒဏ်ရာရှိနေတဲ့သွေးကြောတွေအားလုံးကို ခပ်မြန်မြန်တားဆီးလိုက်ပါတယ်။

ဒါကိုကြားပြီတဲ့နောက် ကောင်းကင်ရန်သူတော်သော့်လော့၀မ်ချင်ရှုက အတော်ကိုစိတ်ဖိစီးသွားပါတော့တယ်။ သူ့ရဲ့နဖူးမှာ အနက်ရောင်သွေးကြောကတောင် ထောင်နေခဲ့ပါပြီ။

ဒီအဘိုးကြီးဘာကြောင့်များ အခုအချိန်ထိ အသက်ရှင်နေရသေးလဲ ဒါပေမယ့် သူဘာမှမပြောတော့ပါဘူး။

အကြီးအကဲရွှမ်က စင်ရဲ့အစွန်းဖက်ကိုရောက်ချိန်မှာ နောက်တစ်ကြိမ်ပြောလိုက်ပါတယ်။

” ပြိုင်ပွဲက ဆက်ပြီလုပ်ရမယ်…မင်းတို့အားလုံးမလှောင်ရယ်ခံချင်ရင်း ဆက်လုပ်ကြ ဒါပေါ့အကယ်၍ တခြားသူတွေသေမယ်ဆိုရင် ငါဂရုမစိုက်ပေမဲ့ ဒီကလေးတွေသေမယ်ဆိုရင်တော့ ငါစိတ်မလွှတ်သွားဘူးလို့ အာမမခံနိုင်ဘူး…အကယ်၍ ငါသာစိတ်လွှတ်သွားမယ်ဆိုရင် ဒီနေရာမှာရှိရှိသမျှလူတွေ ငါ့ကိုတားနိုင်မယ်မထင်ဘူးနော် ”

ဒါကလုံး၀ကို သိသာထင်ရှားတဲ့ခြိမ်းခြောက်မှုကြီးတစ်ခုပါပဲ။ အခုအချိန်မှာ ဘယ်သူကမှစကားမ​ဖွင့်၀ံ့ပါဘူး။

အဲ့ဒီနောက်မှသာ အကြီးအကဲရွှမ်က ရှုစန်းရှီကိုချီရင်းစင်အောက်ကိုဆင်းသွားပါတော့တယ်။

နေလကျောင်းတော်ရဲ့ကျောင်းသားတွေက လက်ရှိအချိန် ဆန္ဒပြချင်နေပေမဲ့ သူတို့ရဲ့ဆရာတွေက သူတို့ကိုတားဆီးထားခဲ့တယ်။

” ဆရာဒီအတိုင်းအဲ့ဒါကြီးကို လွှတ်ထားတော့မှာလား ကျွန်တော်တို့ ”

မာယုလုံက မကျေမနပ်နဲ့ ပြောလာခဲ့တယ်။

” ပါးစပ်ပိတ်ထားစမ်း ”

ဆရာကအော်ပါတော့တယ်။

” အဲ့ဒါဘယ်သူလဲ မင်းသိလား သူကအမျက်ဒေါသကျောင်းတော်ရဲ့ အသန်မာဆုံးသူပဲ ဒါ့အပြင် တိုက်ကြီးတစ်ခုလုံးရဲ့ ထိပ်တန်းငါးယောက်ထဲမှာ တစ်ယောက်ဖြစ်တယ်..ဘွဲ့နာမည်က ထျောင်ထျဲ့တဲ့ အခုအချိန်မှာ အဆင့်ကိုးဆယ်ရှစ်ရှိတဲ့ ထူးကဲသာလွန်သော့်လော့ဖြစ်နေပြီ သူ့ရဲ့ကြောက်စရာကောင်းတဲ့စွမ်းအားတွေက အဆုံးစွန်းအထိ ကန့်သတ်မဲ့သော့်လော့တွေတောင် ညီမျှတော့မယ် …အကယ်၍ သူသာတကယ်စိတ်လွှတ်သွားခဲ့မယ်ဆိုရင် ဒီမြို့တစ်ခုလုံးကို ပြာချပြစ်လို့ရတယ်..အကယ်၍ ငါတို့ရဲ့ ခန်းမသခင်ဒီမှာရှိမယ်ဆိုရင်တောင် သူကိုသွားပြီစိန်ခေါ်၀ံ့မှာမဟုတ်ဘူး…ဒီနေ့ဗိုလ်လုပွဲမှာ သူပေါ်လာမယ်လို့ ဘယ်သူမှမထင်ထားမှာအသေအချာပဲ ”

သူပြောလိုက်ချိန်မှာပဲ နေလကျောင်းတော်ဘက်မှာရှိတဲ့ လူတွေအားလုံးက မီးကိုရေနဲ့ပက်ပြီငြိမ်းလိုက်သလိုမျိုး ငြိမ်သက်သွားပါတော့တယ်။ သူတို့ရဲ့နှလုံးသားတွေက အေးစက်ကုန်ပါပြီ။

၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအနေနဲ့သူတို့တွေက ၀ိညာဥ်ပညာရှင်တွေကို အနာဂတ်မှာကျော်လွန်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် အဆင့်ကိုးဆယ်ရှစ်ဆိုတာက သူတို့အတွက် တွေးကြည့်ဖို့တောင် မြင့်မားလွန်နေခဲ့တယ်။ သူတို့သိထားနိုင်တဲ့အစွမ်းအစထက်ကို အများကြီးကျော်လွန်ပါပြီ။

နေလနိုင်ငံတော်မှာ ထူးကဲသာလွန်သော့်လော့တစ်ယောက်မှတောင်မရှိတော့ပါဘူး။ အဆင့်ကိုးဆယ်ရှစ်ဆိုတာက ပိုပြီးတော့တောင် အံ့ဩစရာကောင်းပါသေးတယ်။

” ဒါဆိုရင် ဒီအတိုင်းကြီးလွှတ်ထားလိုက်မှာလား ”

ရှောင်ဟုန်ချန်က မကျေမနပ်နဲ့မေးလာခဲ့ပါတယ်။ ဆရာက ဖြူဖျော့နေရင်းနဲ့ ပြောလာခဲ့တယ်။

” ထျောင်ထျဲ့သော့်လော့က အရမ်းကိုသန်မာကောင်းသန်မာလိမ့်မယ်…ဒါပေမယ့် သူကသူ့ရဲ့ဂုဏ်သိက္ခာကိုတော့ ဂရုစိုက်ပါသေးတယ်…ငါတို့သွားပြီ ပြဿနာမရှာရင် သူလဲငါတို့ကို ဘာမှလုပ်မှာမဟုတ်ဘူး…စည်းမျဥ်းတွေအတိုင်းသာ ပြိုင်ပွဲတွေဆက်သွားနေမယ်ဆိုရင် သူလဲပြိုင်ပွဲကိုမနှောင့်ယှက်မှာတော့ သေချာတယ်…အားလုံးစင်ပေါ်မှာပဲ ထားခဲ့လိုက်ပါ ငါတို့အဖွဲ့သားတွေသတ်ဖြတ်ခံရတဲ့အဓိကအကြောင်းအရင်းက ဒိုင်လူကြီးကြောင့်ဆိုတာ သေချာနေတာပဲလေ ကျောင်းတော်က ဒီကိစ္စနဲ့ပတ်သက်ပြီသေချာပေါက် တရားမျှတမှုကို ပြန်ရှာပေးမှာပါ ”

အပိုင်း ၁၂၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset