Switch Mode

Chapter – 119

ရှုစန်းရှီရဲ့အစွမ်းကုန်တိုက်ခိုက်မှု

အပိုင်း ၁၁၉

” ရှုစန်းရှီရဲ့အစွမ်းကုန်တိုက်ခိုက်မှု ”
°°°
ရွှမ်၀ူလိပ်နတ်ဘုရားစွမ်းအားက သူ့ကို ထောက်ပံ့ပေးနေခဲ့တဲ့အတွက် ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက ပိုပြီးနည်းပါးသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ နေရာရွေ့ပြောင်းမှုက သူ့ရဲ့နေရာကိုပြိုင်ဘက်နဲ့လဲလှယ်ပြစ်လိုက်တာမဟုတ်ပါဘူး။ သူ့ရဲ့ပြိုင်ဘက်ကို အရှေ့တည့်တည့်ဆွဲခေါ်လိုက်တာပါပဲ။

ရှုစန်းရှီက ဒီလိုအရေးကြီးတိုက်ပွဲတွေမှာ အမြဲတမ်းတည်ငြိမ်နေတတ်တဲ့သူပါ။ ဒါ့အပြင် ပြိုင်ဘက်ကိုစိတ်ရှုပ်ထွေးစေပြီ ဒီလိုမျိုးဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ တိုက်ခိုက်တာက သူ့ကိုအများကြီးအခွင့်ကောင်းရသွားစေခဲ့တယ်။

ရွှမ်၀ူဒိုင်းကာအပြင်ကို သူ့ရဲ့ဒိုင်းကာက ပြောင်းလဲသွားပြီတဲ့နောက် ၀ိညာဥ်စွမ်းရည်တွေလဲ အပြောင်းအလဲဖြစ်လာပါတယ်။ သူ့ရဲ့မြေအောက်လောကနေရာရွေ့ပြောင်းမှုက ပုံသဏ္ဍာန်မျိုးစုံကို နေရာရွေ့ပြောင်းနိုင်တဲ့အပြင် ပြိုင်ဘက်တွေကိုပါ စိတ်ကြိုက်နေရာပြောင်းလဲနိုင်တဲ့အစွမ်းအစလဲ ဖြစ်လာခဲ့တယ်။

လက်ရှိအချိန် သူ့ရဲ့ပတ်ပတ်လည်မီတာတစ်ရာအတွင်းမှာရှိတဲ့ အရာအားလုံးကို သူရွေ့ပြောင်းနေနိုင်ပါပြီ။ ဒီလိုရွေ့ပြောင်းမှုကတစ်ဖက်လူကိုတခဏတာ ထုံထိုင်လို့သွားစေခဲ့ပါတယ်။ တစ်စက္ကန့်လောက်သာဖြစ်ပေမဲ့ သန်မာတဲ့ခုခံစစ်ကို ပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်ကတော့ အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာ လုပ်ဆောင်နိုင်တဲ့ကိစ္စတွေအများကြီးပါ။ အကယ်၍ မိတ်ဆွေတွေကိုနေရာရွေ့ပြောင်းလုပ်ဆောင်တာဖြစ်မယ်ဆိုရင်တော့ အသုံးပြုတဲ့သူက အသုံးပြုခံရသူကို ယာယီတွေဝေမှုကနေ လွှတ်မြောက်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

ဒါပေမယ့် ရန်သူကိုဆိုရင်တော့ မလုပ်ဆောင်ပေးပါဘူး။ ရှုစန်းရှီရဲ့ ရှေ့တည့်တည့်ကို ရောက်ရှိလာပြီချိန်မှာတော့ လီယန်လဲ တုန့်ပြန်ချိန်မရတော့ပါဘူး။ ရှုစန်းရှီရဲ့ အေးစက်မှောင်မိုက်နေတဲ့ အနက်ရောင်မျက်လုံးတွေကို သူရင်ဆိုင်လိုက်ရပါတယ်။ အဲ့ဒီနောက် ဒိုင်းကာကြီးက သူ့ပေါ်ကိုပြင်းပြင်းထန်ထန် ကျရောက်လာတော့တယ်။

လီယန်က ၀ိညာဥ်ဘုရင်တစ်ယောက်ပါ။ ရှုစန်းရှီကတော့ ၀ိညာဥ်ဘိုးဘေးအဆင့်သာရှိပါသေးတယ်။ ဒါပေမယ့် ရွှမ်၀ူဒိုင်းကာကြီးရဲ့ ခန့်မှန်းလို့မရနိုင်တဲ့ တိုက်ခိုက်မှုက သူ့ပေါ်ကိုပြင်းပြင်းထန်ထန် ကျရောက်လာခဲ့ပါပြီ။

လီယန်က ကြောက်နေပေမဲ့ နောက်ဆုံးမှာတော့ လှုပ်ရှားနိုင်ခဲ့ပါတယ်။ သူ့ရဲ့မပျက်သုန်းအတားအဆီးကို ချက်ချင်းထုတ်လွှတ်ဖို့ ပြင်လိုက်တယ်။ အားလုံးက နောက်ဆုံးဗိုလ်လုပွဲစဥ်ကို ယှဥ်ပြိုင်ဖို့အတွက် မပျက်သုန်းအတားအဆီးတစ်ခုချင်းဆီကို ပြင်ဆင်လာခဲ့တာပါ။ အတော်လေး စျေးကြီးပေမဲ့ ကောင်းကောင်းအသုံးပြုနိုင်မယ်ဆိုရင် အခြေအနေတွေကို အလှည့်အပြောင်းဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သူတို့ကျောင်းတော်က ဘယ်တုန်းကမှ ငွေကြေးပြတ်လတ်တာမရှိခဲ့ပါဘူး။

ဒီတစ်ကြိမ်မှာတော့ လီယန်တွက်ချက်တာမှားသွားခဲ့ပါတယ်။ ရွှမ်၀ူဒိုင်းကာကြီးသူ့ကို ရိုက်မထုတ်နိုင်ခင်အချိန်မှာပဲ ရေတွေလိုမျိုးလှိုင်းတွေက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတာခံစားလိုက်ရပါတယ်။ သူက မီးအမျိုးအစား၀ိညာဥ်ပညာရှင်ပါ။ သူရင်ဆိုင်နေရတာကတော့ ရေနဲ့မြေကြီးကို အသုံးပြုတဲ့ဒိုင်းကာထင်နေခဲ့ပါတယ်။ ရေကအဓိက ဓာတ်သဘောသဘာ၀ဖြစ်ပြီ မြေကြီးကတော့ ဒုတိယအတောင်ပံဓာတ်သဘောသဘာ၀ဖြစ်နေခဲ့တယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ဖိနှိမ့်ခံလိုက်ရချိန်မှာတော့ ၀ိညာဥ်စွမ်းအားတွေကလဲ ရုန်လျော့သွားပါပြီ။ လက်ရှိအချိန်မှာ မပျက်သုန်းအတားအဆီးကိုတောင် ထုတ်မသုံးနိုင်တော့ပါဘူး။ မပျက်သုန်းအတားအဆီးက အလိုအလောက်အသက်၀င်လာတာမဟုတ်တဲ့အတွက် ၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး အသက်သွင်းဖို့လိုပါတယ်။

ဒိုင်းကာကြီးကတော့ သူ့ကို အဲ့ဒီအချိန်မှာပဲ ရိုက်ထုတ်လိုက်ပါပြီ။ ဒီလိုရိုက်ထုတ်ခံလိုက်ရချိန်မှာ လီယန်ရဲ့တစ်ကိုယ်လုံးက အနက်ရောင်ပြောင်းသွားခဲ့ပါတယ်။ ရေတွေထဲကို နစ်သွားသလိုခံစားလိုက်ရပြီတဲ့နောက် သူ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ သတ္ထုတွေက အပြင်ကိုလွှင့်စင်ထွက်သွားတော့တယ်။ ဒါတင်မကသေးပါဘူး ရေ၀ဲထဲကို ဆွဲနစ်ခံလိုက်ရသလိုပါပဲ။ သူ့ခန္ဓာကိုယ်က အဝေးကိုလွှင့်ထွက်မသွားခဲ့ပဲ ဒိုင်းကာကြီးရဲ့အနားမှာလှည့်ပတ်လို့နေခဲ့တယ်။ ဒီတစ်ကြိမ်မှာပဲ ရှုစန်းရှီရဲ့ ပထမ၀ိညာဥ်စက်ကွင်းက တောက်ပလာခဲ့ပါပြီ။ ထူးဆန်းမြေအောက်လောကတုန်ခါမှု ဒီအမြဲတမ်းပြောင်းလဲနေခဲ့တဲ့ တုန်ခါမှုကလက်ရှိအချိန်မှာ အဆင့်တစ်ဆင့်မြင့်သွားခဲ့ပါတယ်။

လီယန်ရဲ့ခန္ဓာကိုယ်က လက်ရှိအချိန်မှာ အကြိမ်ပေါင်းထောင်ချီမက ရိုက်နှက်ခံနေရပါတယ်။ သူ့ရဲ့၀ိညာဥ်လက်နက်ကလဲ သူ့ခန္ဓာကိုယ်ကနေ ပြုတ်ကျသွားပါပြီ။ ၀ိညာဥ်စွမ်းအားကလဲ ထုတ်သုံးလို့မရပါဘူး။ သူ့ရဲ့အသက်ကအန္တရာယ်ရှိနေပြီဖြစ်ပါတယ်။

ကောင်းကင်ရန်သူတော်သော့်လော့က အချိန်မီလှုပ်ရှားပါတယ်။ တစ်စုံတစ်ရာလွဲမှားနေတာကို သတိထားမိပြီးပြီချင်မှာပဲ လီယန်ဘေးမှာချက်ချင်းပေါ်လာပါတော့တယ်။ အဲ့ဒီနောက် သူလက်တစ်ဖက်ကို အသုံးပြုရင်း သူတို့နှစ်ယောက်တိုက်ခိုက်နေတဲ့ အလယ်ဗဟိုတည့်တည့်ကနေ လက်ကိုအသုံးပြုကာ ခုတ်ချလိုက်ပြီ တားဆီးတော့တယ်။

ရွှမ်၀ူဒိုင်းကာရဲ့အနက်ရောင်အလင်းတန်းတွေက တခဏတာ တုန်ခါသွားခဲ့ပါပြီ။ ရှုစန်းရှီက နောက်ကိုခြေလှမ်းတစ်၀က်ဆုတ်သွားခဲ့ပါတယ်။ လီယန်ကတော့ တိုက်ရိုက်မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့တယ်။

သူ့ရဲ့နံရိုးအနည်းဆုံးခုနှစ်ချောင်းရှစ်ချောင်းက ကျိုးသွားခဲ့ပြီ အတွင်းကလီစာတွေကလဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ ၀ိညာဥ်လက်နက်သံချပ်ကာကိုသာ ၀တ်ဆင်မထားခဲ့ဘူးဆိုရင် ဒဏ်ရာတွေက ပိုပြီးတော့တောင်ပြင်းထန်မှာပါ။

ရှုစန်းရှီကို တားပြီတဲ့နောက် ကောင်းကင်ရန်သူတော်သော့်လော့က သူ့ရဲ့လက်ကိုဆက်တိုက်ခါနေခဲ့ပါတယ်။ ထူးဆန်းမြေအောက်လောကတုန်ခါမှုက ဘယ်လောက်အထိ အင်အားကြီးလဲဆိုတာ ကြည့်ရုံနဲ့သိနေခဲ့ပါပြီ။ ရှုစန်းရှီက ရိုးရှင်းတဲ့ခုခံရေးအမျိုးအစားပညာရှင်တစ်ယောက်ထက်ကို ပိုသွားခဲ့ပါတယ်။

နူးညံ့ညင်းသာတဲ့အင်အားက လီယန်ရဲ့ခန္ဓာကိုယ်ကို စင်အောက်ဆီဆွဲချလို့သွားပါတော့တယ်။ ကုသရေး၀ိညာဥ်ပညာရှင်တွေက ချက်ချင်းဆိုသလို သူ့ဆီပြေးလာခဲ့ပါပြီ။ ကောင်းကင်နတ်ဘုရားသော့်လော့က ရှုစန်းရှီဘက်ကိုလှည့်ရင်း ပြောပါတော့တယ်။

” နေလကျောင်းတော်ဖက်ကနေ ဒုတိယပြိုင်ပွဲ၀င်မဲ့သူ တက်လာခဲ့တာပါ ချန်းအန် တက်လာလို့ရပြီ မင်းကတော့နောက်ဆုတ်လိုက် ”

ရှုစန်းရှီက သူ့ရဲ့ဒိုင်းကာကိုပြန်မသိမ်းခဲ့ပါဘူး။ နောက်ကိုသာဆုတ်သွားခဲ့ပါတယ်။ သူ့ရဲ့လက်ထဲမှာလဲ နို့ပုလင်းပုံသဏ္ဍာန်၀ိညာဥ်လက်နက်က ပေါ်လာပါတော့တယ်။ နောက်ဆုတ်နေရင်းနဲ့ နို့ပုလင်းကိုသူဆက်တိုက်အသုံးပြုနေခဲ့ပါတယ်။ နို့ပုလင်းကလှိုင်းတွေထန်နေခဲ့ရင်း သူ့တစ်ကိုယ်လုံးကို အတွင်းအပြင်ရိုက်ခတ်နေပါပြီ။

” စန်းရှီ ”

ပေ့ပေ့ စိတ်မထိန်းနိုင်ပဲ ထအော်ပါတော့တယ်။ သူက ရှုစန်းရှိီရဲ့ အစွမ်းအစတွေအကြောင်း အရှင်းအလင်းဆုံးသိထားတဲ့သူပါ။ ရွှမ်၀ူဒိုင်းကာကို အသုံးပြုမယ်ဆိုရင် သူ့ရဲ့အစွမ်းအစက အမြင့်ဆုံးဖြစ်မှန်းသိသလို ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကလဲ အများဆုံးပါပဲ။

သိုင်းပညာ၀ိညာဥ်ကို အပြင်ထုတ်ခါရင်း နို့ပုလင်းကိုအသုံးပြုပြီး ၀ိညာဥ်စွမ်းအားတွေကိုအပြည့်ဖြည့်နေတဲ့ ပုံသဏ္ဍာန်က သူ့ခန္ဓာကိုယ်ကို ထိခိုက်မှုများပြားစေခဲ့ပါတယ်။ ဒါ့အပြင် သူက ပေါက်ကွဲစွမ်းအားပြင်းထန်တဲ့ ရွှမ်၀ူပုံသဏ္ဍာန်နဲ့သာ တိုက်ရိုက်ရှိနေခဲ့တာပါ။ တစ်ခုခုသာမှားယွင်းသွားခဲ့မယ်ဆိုရင် အဖျက်အဆီးထိခိုက်မှုက ကြီးမားလိမ့်မယ်။

ရှောင်းရှောင်းရဲ့လက်ထဲမှာရှိနေတဲ့ ကျန်းနန်နန်ကလဲ ဖြည်းဖြည်းချင်းသတိပြန်လည်လာပါပြီ။

သူမကို ကျောခိုင်းရင်း နောက်ကိုဖြည်းဖြည်းဆုတ်လာနေသူကိုကြည့်ရင်း ကျန်းနန်နန်ကတော့ တွေးတောမိန်မောနေခဲ့ပါတယ်။ အဲ့ဒီသူက နို့ပုလင်းကိုအသုံးပြုရင်း သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကို ပေါက်ကွဲလိုက်မတတ်ဆက်တိုက်ဖြည့်သွင်းနေခဲ့တာပါ။

” သူက ဒါကိုငါ့အတွက်လုပ်နေခဲ့တာလား သူငါ့ကို ဒါပေမယ့် ”

သူမရဲ့နှလုံးသားထဲမှာ များပြားတဲ့စိတ်ခံစားတွေက ရှုပ်ထွေးနေခဲ့ပါပြီ။ လက်ရှိအချိန်မှာ နာကျင်မှုက အရေးမကြီးတော့တဲ့ပုံပါပဲ။ တစ်စုံတစ်ယောက်အပေါ်မှာထားရှိတဲ့ သူမရဲ့ မကျေနပ်မှုတွေကလဲ ဖြည်းဖြည်းချင်းပျောက်ကွယ်လာပါတော့တယ်။

” သူတကယ်ပဲ ရွှမ်၀ူစွမ်းအားတွေကို အသက်သွင်းလိုက်တယ်…ငါအောင်မြင်သွားပြီ ဒါပေမယ့် အောင်မြင်သွားမယ်ဆိုရင်တောင် ဘာကြောင့်ရူးချင်သလိုခံစားနေရတာလဲ သူက တကယ်ငါအပေါ်အဲ့လောက်စိတ်ရင်းအမှန်လား ဒါပေမယ့် ငါနဲ့သူက ”

ရှုစန်းရှီကို ပထမဆုံးတွေ့မြင်ခဲ့ရုံက မြင်ကွင်းတွေသူ့စိတ်တွေထဲကို ပြန်၀င်လာပါတော့တယ်။ သူမရဲ့မျက်နှာက စတင်ပြီ နီရဲလာခဲ့လာပါပြီ။ စင်ပေါ်ကသူ့ကို မကြည့်၀ံ့တော့တဲ့အတိုင်း ခေါင်းကိုလဲငုံ့ထားခဲ့ပါတယ်။ ဒါပေမယ့် သူမခေါင်းပြန်မော့လာချိန်မှာတော့ မျက်လုံးထဲမှာရှိနေခဲ့တဲ့ အကြည့်က လုံးလုံးလျားလျားပြောင်းလဲသွားပါတော့တယ်။ ဒါကစိုးရိမ်ပူပန်တွေမဟုတ်သလို အလွန်အနက်စိတ်ပူပန်မှုလဲ ပါ၀င်လို့နေခဲ့တယ်။

နေလကျောင်းတော်ရဲ့အဓိကအဖွဲ့၀င်ဖြစ်တဲ့ ချန်းအန်က လျှပ်စီးငှက်ကို ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါ့အပြင် ချန်းဖေးရဲ့ ညီအငယ်လေးလဲဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်က တစ်နှစ်သာအသက်ကွာကြတဲ့ ညီအစ်ကိုအရင်းခေါက်ခေါက်တွေဖြစ်ကြတယ်။

သူ့အစ်ကိုနဲ့ယှဥ်လိုက်မယ်ဆိုရင် ချန်းအန်လဲ အသက်ဆယ်ရှစ်နှစ်ပြည့်ပြီသားသူပါ။ သူအစ်ကိုထက်ပါရမီပိုရှိတာအသိအသာကြီးဖြစ်သလို အသက်ဆယ်ရှစ်နှစ်ထဲ​နဲ့တင် ကျောင်းတော်ကိုကိုယ်စားပြုပြီး ယှဥ်ပြိုင်နိုင်နေပါပြီ။ ဒါပေမယ့် သူ့မှာ ဒီအစ်ကိုတစ်ယောက်ကသာ ဘ၀တစ်ခုလုံးရဲ့ ပန်းတိုင်ဖြစ်ခဲ့သလို သူ့ရဲ့စံပြပုဂ္ဂိုလ်လဲ ဖြစ်ခဲ့ရပါတယ်။

ချန်းဖေးက သေသွားခဲ့ပါပြီ။ မာရှောင်ထောင့်ရဲ့ နတ်မီးငှက်မီးလျှံတွေအောက်မှာ ရက်ရက်စက်စက်သေသွားခဲ့ရတာပါ။ ဒါကိုတွေးမိပြီချိန်မှာပဲ ချန်းအန်ရဲ့မျက်လုံးတွေက သွေးနီရောက်တောက်ပလာပါတော့တယ်။

လီယန်က ရှုံးနှိမ့်သွားခဲ့ပါပြီ။ ကောင်းကင်ရန်သူတော်သော့်လော့တားဆီးလိုက်ချိန်မှာပဲ သူကစင်အောက်ကိုရောက်သွားခဲ့တာပါ။ သူ့တစ်ကိုယ်လုံးက မီးလျှံတွေနဲ့ တောက်ပနေသလို အသွင်ပြောင်းနေခဲ့ပြီ သဏ္ဍာန်မဲ့တဲ့တောက်ပမှုတွေလဲ သူ့ဆီကနေထွက်ပေါ်နေခဲ့ပါတယ်။

တခြား၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ မတူညီပဲ ချန်းအန်က ကောင်းကင်ရန်သူတော်သော့်လော့အချက်ပြလိုက်တာနဲ့ ရှုစန်းရှီဆီကို လျှပ်စီးလက်သလိုပြေး၀င်လာပါတော့တယ်။

သူကအရမ်းကိုမြန်ဆန်နေခဲ့တယ်။ အရှိန်နှုန်းကိုယှဥ်လိုက်မယ်ဆိုရင် သူကသူ့အစ်ကိုကြီးထက်တောင် ပိုမြန်ဆန်တာပါ။ ချန်းအန်က ဓားအတိုနှစ်လက်ကို ကိုင်ဆောင်ထားခဲ့မှန်းစိတ်၀ိညာဥ်မျက်လုံးကိုအသုံးပြုရင်း ဟို့ယွိဟောင်သိနေခဲ့ပါတယ်။

သူတို့ကြားမှာရှိနေခဲ့တဲ့ မီတာတစ်ရာက ခပ်မြန်မြန်ပဲ နီးကပ်သွားခဲ့ပါပြီ။ လျှပ်စီးတန်းတွေက ရှုစန်းရှီဆီကို တန်းတန်းမတ်မတ်ပြေး၀င်သွားခဲ့ပြီ ကောင်းကင်ရန်သူတော်သော့်လော့တောင်မှ ဒီပြိုင်ပွဲကို အတော်လေးအာရုံစိုက်နေခဲ့ရပါတယ်။

သူ့ရဲ့ပြိုင်ဘက်ရောက်ရှိလာတာနဲ့ ရှုစန်းရှီအားဖြည့်နေတွေလဲ ရပ်တန့်လိုက်ပါတယ်။ ကြီးမားတဲ့ဒိုင်းကာကြီးကို မြောက်လိုက်ပြီတဲ့နောက် ပြိုင်ပွဲနဲ့မကိုက်ညီရတဲ့ အပြုအမူတစ်ခုကို သူလုပ်ဆောင်လိုက်ပါတယ်။ ခန္ဓာကိုယ်ကို ညာဘက်စောင်းလိုက်ပြီ ဒိုင်းကာကြီးကိုလဲ သူစောင်းလိုက်တဲ့အတိုင်း ရွေ့လိုက်ပါတယ်။ အဲ့ဒီနောက် မျက်လုံးကို ပိတ်ထားရင်း သူ့ရဲ့အမြင်အာရုံကိုတားဆီးလိုက်ပါတော့တယ်။

ရွှေရောင်အလင်းတန်းတွေက ရွှမ်၀ူဒိုင်းကာကို ဖြတ်သန်းသွားခဲ့ပြီ မီးဖွာတွေဖြာထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဆက်တိုက်ဆိုသလို ပေါက်ကွဲမှုတွေက ဒိုင်းကာကြီးကနေ ထွက်လာခဲ့ပါပြီ။ ဒီကြောက်စရာကောင်းလွန်လှတဲ့ စွမ်းအားက ရှုစန်းရှီအတွက် များလွန်နေခဲ့ပါတယ်။ ဒါကြောင့် အနောက်ဖက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ပြီမှသာ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းထားနိုင်ခဲ့တာပါ။

မှန်ပါတယ် ချန်းအန်နဲ့ ချန်းဖေးတို့က လုံး၀ကို မတူညီပါဘူး။ ချန်းဖေးက အရှိန်နှုန်းကို အသုံးပြုပြီး အဝေးပြစ်တိုက်ခိုက်တဲ့သူပါ။ ချန်းအန်ကတော့ အနီးကပ်တိုက်ခိုက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့ပါတယ်။ အနီးကပ်တိုက်ပွဲတွေမှာ အမြန်အဆန်တိုက်ခိုက်ပြီ အားကောင်းတဲ့အနီးကပ်တိုက်ခိုက်ရေးကိုလဲ ပိုင်ဆိုင်ထားခဲ့တယ်။ ဒါ့အပြင် သူ့အတွက်မြန်ဆန်လှတဲ့အရှိန်နှုန်းကြောင့် အမြန်နှုန်းအသုံးပြုတဲ့၀ိညာဥ်ဘုရင်တွေထဲမှာ သန်မာမှုကလဲ ပိုပြီးမြင့်မားနေခဲ့ပါတယ်။

လက်ထဲမှာကိုင်ဆောင်ထားခဲ့တဲ့ ဓားတိုနှစ်လက်က သူကိုယ်တိုင်ခုနှစ်ကြိမ်တိတိပုံသွင်းထားခဲ့တာပါ။ တစ်ကြိမ်ပုံသွင်းပြီတိုင်းမှာအင်အားက ပိုပြီးကြီးမားလာပါတယ်။ ဒီအဆင့်ခြောက်၀ိညာဥ်လက်နက်တွေကို သူ့ရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ ပြုလုပ်ထားတာဖြစ်ပြီ ဓားမှာရောင်ပြန်နိုင်တာရှိသလို အရမ်းလဲမြန်ဆန်ပါတယ်။ ဒါ့အပြင် ဓားနှစ်လက်ထဲက တစ်လက်ကတော့ မိုးကြိုးမုန်းတိုင်းတွေကို တုပနိုင်တယ်။ တစ်ခုကတော့ မီးလျှံတွေရဲ့ စွမ်းအားကိုပိုင်ဆိုင်ပါတယ်။

ချန်းအန်က သူ့ရဲ့တိုက်ခိုက်မှုကို တစ်စက္ကန့်လေးတောင် မနှေးကွေးစေခဲ့ပါဘူး။ ရှုစန်းရှီကို လျှပ်စီးလက်ပြီ မိုးကြိုးပြစ်သလိုအမြန်ဆက်တိုက် တိုက်ခိုက်နေခဲ့ပါတယ်။

ရှုစန်းရှီက ခြေထောက်တွေကိုဖြည်းဖြည်းချင်းရွေ့ရင်း သူ့ရဲ့သေးငယ်တဲ့ခြေလှမ်းအပြောင်းအရွေ့တွေက ပိုမိုမြန်ဆန်လာခဲ့ပါပြီ။ လျှပ်စီးတန်းတွေနဲ့အတူ သူ့ရဲ့လှည့်ပတ်မှုက စည်းချက်ကျကျရှိနေခဲ့ပြီ ဒိုင်းကာရဲ့အနောက်ဖက်မှာ တိုက်ခိုက်မှုတွေအားလုံးကို ခုန်ရှောင်နိုင်နေခဲ့ပါတယ်။

အနီကပ်တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့အင်အားက အဝေးပြစ်တိုက်ခိုက်တဲ့၀ိညာဥ်ပညာရှင်ထက်ပိုပြီးတော့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ထက်တော့ သန်မာပါတယ်။ ၀ိညာဥ်လက်နက်ရဲ့အလင်းတန်းတွေနဲ့ ၀ိညာဥ်အမြောက်တွေက ကြည့်ရတာအများကြီးတောက်ပပြီ အနီးကပ်တိုက်ခိုက်တဲ့ ၀ိညာဥ်လက်နက်တွေကသာ အစွမ်းအစကိုအပြည့်အ၀ထုတ်ဖော်နိုင်တာပါ။

ရှုစန်းရှီရဲ့ ခုခံမှုက ၀ိညာဥ်ဘုရင်တစ်ယောက်ရဲ့အဆင့်ကို ရောက်နေခဲ့ပါပြီ။ ဒါပေမယ့် ချန်းအန်ရဲ့ မရပ်မနားတိုက်ခိုက်မှုတွေကြောင့် နောက်ကိုဆက်တိုက်ဆုတ်နေခဲ့ပါတယ်။ အခုအချိန်မှာ သူမားမားမတ်မတ်တောင်မရပ်နိုင်တော့ပါဘူး။ သူရွေ့လိုက်တဲ့နေရာတိုင်းမှာ မီးပွားတွကအပြည့်ရှိနေခဲ့ပြီ လျှပ်စီးတန်းတွေကလဲ တစ်၀ုန်း၀ုန်းဖြစ်ပေါ်နေခဲ့ပါတယ်။

လက်ရှိအချိန် ရှုစန်းရှီက လျှပ်စီးတန်းတွေရဲ့အောက်ဖက်မှာပျောက်ကွယ်တော့မဲ့ပုံသဏ္ဍှာန်ဖြစ်နေခဲ့ပါတယ်။

စင်ရဲ့အစွန်းဖက်ကို သူနီးသထက်နီးလာခဲ့တယ်။ အကယ်၍ ဒီအတိုင်သာဆက်သွားခဲ့မယ်ဆိုရင် ချန်းအန်ရဲ့ခုခံမှုကို သူတားဆီးနိုင်ခဲ့မယ်ဆိုရင်တောင် သေချာပေါက် စင်အောက်ကိုတွန်းချခံရတော့မှာပါ။

ဒါပေမယ့် ချန်းအန်က ဒီတစ်ကြိမ်မှာပဲ ရှုစန်းရှီကို တိုက်ခိုက်နေတဲ့ပုံသဏ္ဍာန်ပြောင်းလဲလိုက်ပါတော့တယ်။ ဒါကြောင့် ရှုစန်းရှီက ဘေးတိုက်ရွေ့လျားလို့နေခဲ့ရတယ်။

” ကောင်စုတ်လေး မင်းဘာတွေလုပ်နေတာလဲ ”

နေလကျောင်းတော်ရဲ့ဆရာက ဒေါသတကြီးနဲ့ထအော်မိပါတော့တယ်။ အစောပိုင်းတုန်းကလိုသာ တိုက်ခိုက်နေခဲ့မယ်ဆိုရင် ချန်းအန်က နိုင်နိုင်ချေအများကြီးရှိနေခဲ့တာပါ။

” သူကချန်းဖေးအတွက် လက်စားချေချင်နေတာပဲ ဒီကောင်ကတော့လေ ”

မာယုလုံက စိတ်ရှုပ်လာတာကြောင့် မျက်လုံးပိတ်လိုက်ပါတယ်။ သူဘာပြောနိုင်ဦးမှာလဲ အကယ်၍ သူသာချန်းအန်နေရာမှာဖြစ်ခဲ့မယ်ဆိုရင် သူဘာလုပ်မှာလဲ။ ချန်းအန်က ရှုစန်းရှီကို စင်အောက်ရောက်သွားအောင် မတွန်းချတော့ပါဘူး။ အဲ့ဒီအစား တိုက်ခိုက်ချိန်ကိုပိုပြီးတိုးလာအောင် လုပ်နေခဲ့ပါတယ်။ တစ်ဖက်လူရဲ့ဟာကွက်ကိုရှာပြီ သတ်ဖြတ်ဖို့ကြိုးစားနေတာပါ။

ရှုစန်းရှီက ဒီဘေးတိုက်အတိုင်း ဆက်တိုက်ရွေ့လျားနေခဲ့ရပါတယ်။ ဆက်တိုက်ဓားနဲ့အထိုးခံနေရတဲ့အတွက် အချိန်မရွေးသေသွားနိုင်မှန်း သိသာနေခဲ့တယ်။ အတွေ့အကြုံကြွယ်၀တဲ့ ကောင်းကင်ရန်သူတော်သော့်လော့ကလဲ ချန်းအန်ရဲ့စိတ်ကို နားလည်ပြီသားပါ။

ရွှမ်၀ူဒိုင်းကာကနေ ပေါက်ကွဲမှုတစ်ခုက ဖြစ်ပေါ်လာပါတယ်။ ရှုစန်းရှီရဲ့လက်တွေက တုန်ရီနေခဲ့ပြီ နောက်ကိုခပ်မြန်မြန်ဆုတ်သွားခဲ့ရပါတယ်။ လက်ရှိအချိန်သူ့ရဲ့၀ိညာဥ်စွမ်းရည်ကို အသုံးပြုချင်ပေမဲ့ ချန်းအန်ရဲ့အရှိန်နှုန်းက ပိုပိုပြီးမြင့်မားလာခဲ့တယ်။ ဒါ့အပြင် ချန်းအန်က ရှုစန်းရှီကို သူ့ရဲ့မီးလျှံဓားနဲ့ ရုတ်တရက်ထိုးစိုက်လိုက်တာပါ။

ကောင်းကင်ရန်သူတော်သော့်လော့က တခဏတာတွေဝေနေခဲ့ပါတယ်။ ရှုစန်းရှီဒါကိုခုန်မရှောင်နိုင်မှန်း သူသိနေခဲ့တယ်။ ဒါပေမယ့် ရှုစန်းရှီရဲ့ ရွှမ်၀ူဒိုင်းကာက အလင်းတန်းတွေထွက်ပေါ်လာတာကို သူမြင်လိုက်ရပါပြီ။

အကယ်၍ သူလှုပ်ရှားလိုက်မယ်ဆိုရင် ဒီတိုက်ပွဲက အဆုံးသတ်သွားနိုင်ပါတယ်။ ဒါပေမယ့် အနိုင်ရသူကိုဆုံးဖြတ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်သာ သူတွေဝေနေခဲ့တာပါ။ လက်ကိုမြောက်လိုက်ပေမဲ့တိုက်ခိုက်ဖို့စိတ်ကူးမရှိနေသလို ရလဒ်ကိုလဲ မလွှမ်းမိုးစေချင်ပါဘူး။

ရှုစန်းရှီရဲ့ ရင်ဘတ်ဆီ မီးလျှံဓားတွေပြေး၀င်လာချိန်မှာပဲ လျှပ်စီးတန်းတွေကလဲ စတင်ဖြစ်ပေါ်လာပါတော့တယ်။ သူ့ရဲ့တစ်ကိုယ်လုံးက လျှပ်စီးတန်းတွေနဲ့ ဖုံးလွှမ်းခံလိုက်ရပါပြီ။

” မဖြစ်ရဘူး ”

စင်အောက်မှာရှိနေတဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေပြီသားဖြစ်တဲ့ ကျန်းနန်နန်က ရုတ်တရက်ထရပ်လိုက်ပါတယ်။ သူမက အထိတ်တလန့်နဲ့ အော်ဟစ်နေရင်း ပါးစပ်အပြည့်သွေးတွေကို အန်ထုတ်နေခဲ့တယ်။

ရှုစန်းရှီက ဒါကိုဘယ်လိုလုပ်မကြားပဲနေမှာလဲ။ အစောပိုင်းတုန်းက စိတ်ဆုံးဖြတ်ချက်ခိုင်မာမှုအပြည့်နဲ့ တောက်ပနေခဲ့တဲ့သူ့ရဲ့မျက်၀န်းတွေက ဒီနာနာကျင်ကျင်အော်ဟစ်သံကိုကြားချိန်မှာတော့ စိတ်သက်သာရာရသွားပါတော့တယ်။

သူ့တစ်ကိုယ်လုံးကတော့ လျှပ်စီးတန်းတွေအောက်မှာရောက်နေခဲ့ပါပြီ။ ဓားကသူ့ခန္ဓာကိုယ်ကို ထိုးစိုက်နေချိန်မှာပဲ လျှပ်စီးတန်းတွေက သူ့တစ်ကိုယ်လုံးကို ဆွဲဖြဲဖို့အတွက်အသင့်ဖြစ်နေခဲ့တယ်။

ချန်းအန်ကတော့ ရှုစန်းရှီကို ဓားနဲ့ထိုးလိုက်နိုင်တဲ့အတွက် သူပျော်ရွှင်လို့သွားခဲ့ပါတယ်။

” အစ်ကိုကြီး ကျွန်တော်အစ်ကိုကြီးအတွက် လက်စားချေလိုက်ပြီ ”

သူ့ဘာသာသူကျေကျေနပ်နပ်ပြောနေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ သူ့ရဲ့အပြုံးက တောင့်တင်းလို့သွားပါတော့တယ်။

တစ်ကိုယ်လုံးလျှပ်စီးတွေအောက်ရောက်နေခဲ့တဲ့ ရှုစန်းရှီရဲ့ခန္ဓာကိုယ်ပေါ်မှာ လျှပ်စီးတန်းတွေက သိပ်မကျန်တော့ပါဘူး။ ချန်းအန်မျက်လုံးပြူးနေချိန်မှာပဲ ရှုစန်းရှီရဲ့ မာကြောလွန်လှတဲ့ဒိုင်းကာကြီးက ရုတ်တရက်နူးညံ့လို့သွားရင်း ရေလှိုင်းတွေကို ထုတ်လွှတ်ကာခန္ဓာကိုယ်ကို အထဲထဲဆွဲသွင်းလိုက်ပါတော့တယ်။

ရှုစန်းရှီ ဒီအချိန်ကိုစောင့်နေတာ အချိန်အတော်ကြာပါပြီ။ အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် ထူးဆန်းမြေအောက်လောကနေရာရွေ့ပြောင်းမှုက အသုံးမ၀င်ပါဘူး။ သူ့ပြိုင်ဘက်ကို အနီးဆုံးဆွဲခေါ်ရင်း တိုက်ခိုက်မှုလှိုင်းတွေကို တိုးမြင့်စေဖို့သာ သူလုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင် ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုနှုန်းက မြန်ဆန်လွန်တာကြောင့် မြေအောက်လောကတုန်ခါမှုကိုလဲ သုံးလို့မဖြစ်ပါဘူး။ ဒါကြောင့်သာ အခုလိုအခွင့်အရေးရောက်လာဖို့ကို စီစဥ်နေခဲ့တာပါ။

ရှုစန်းရှိီက အခုချော်ထွက်သွားခဲ့တာလား သေချာပေါက် မဟုတ်ရပါဘူး။ သူ့ရဲ့ခုခံမှုထဲမှာ ဟာကွက်တစ်ခုကို တမင်တကာထုတ်ဖော်ပြလိုက်ပါတယ်။ နောက်ထပ်တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့မှန်းသူသိနေခဲ့တာကြောင့် ဒီလိုစုဆောင်းမှုတစ်ခုလုပ်လိုက်တယ်။ သူဒိုင်းကာကြီးက အနက်ရောင်ရေလှိုင်းလိုအဖြစ်ကို ပြောင်းလဲသွားပြီ ချန်းအန်ကို၀ါးမြိုပါတော့တယ်။ မကြာခင်မှာပဲ ဝေ၀ါးနေတဲ့လိပ်နတ်ဘုရားရဲ့ပုံသဏ္ဍာန်က ရှုစန်းရှီရဲ့အနောက်မှာ ပေါ်လာပါတော့တယ်။

အပိုင်း ၁၁၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset