Switch Mode

Chapter – 118.2

အမျက်ဒေါသကျောင်းတော်ရှုံးပြီလား

အပိုင်း ၁၁၈•၂

” အမျက်ဒေါသကျောင်းတော်ရှုံးပြီလား ”
°°°
အမျက်ဒေါသကျောင်းတော်က စုစုပေါင်းစွမ်းရည်အရဆိုရင် နောက်ကျကျန်ရစ်ခဲ့ပါတယ်။ တခြားကျောင်းတော်ကတော့ အားကောင်းတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအပြည့် ဖြစ်ပြီအဆင့်တူတဲ့သူတွေထက် အများကြီးပိုသာတဲ့၀ိညာဥ်လက်နက်တွေကို ပိုင်ဆိုင်ထားခဲ့တယ်။ သူတို့တွေက အဖွဲ့လိုက်ဆိုရင် အသန်မာဆုံးဆိုတာအမှန်ပါ။ ဒါကြောင့် အဖွဲ့လိုက်ပြိုင်ပွဲတွေက သူတို့တွေအတွက် အခွင့်အရေးအများဆုံးဖြစ်ပါလိမ့်မယ်။

အကယ်၍ တကယ်တမ်းထိပ်တိုက် တိုက်ခိုက်ကြမယ်ဆိုရင် အမျက်​ဒေါသကျောင်းတော်ရဲ့ အောင်မြင်နိုင်ချေက သုံးဆယ်ရာခိုင်နှုန်းထက် မပိုပါဘူး။ ဒါကြောင့် ၀မ်ယန်အနေနဲ့ လေးလေးနက်နက်ရွေးချယ်ပြီ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ရဲ့ အစွမ်းအစတွေကို သိရအောင်ကြိုးစားရင်းသာ ဒီပြိုင်ပွဲကို အဆုံးသတ်ဖို့ ရွေးချယ်ခဲ့တာပါ။ သူ့ရဲ့နည်းဗျူဟာက အရမ်းကိုရိုးရှင်းပါတယ်။ အဖွဲ့လိုက်ပြိုင်ပွဲမှာ သူအဖွဲ့၀င်တွေအားလုံးက သက်ဆိုင်ရာလုပ်ဆောင်ရမဲ့နေရာတွေရှိပါတယ်။ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်သာ သူတို့ရဲ့ အစွမ်းအစအားလုံးကို ထုတ်သုံးဖို့အဆင်ပြေလိမ့်မယ်။ တစ်ယောက်ချင်ဆီပြိုင်ပွဲမှာ ပြိုင်ရမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ ဒီအဖွဲ့လိုက်ပွဲစဥ်မှာ ရလဒ်ကတစ်ခုထဲသာရှိပါတယ်။ ပြိုင်ဘက်တွေကို အထိအခိုက်များသထက်များအောင် လုပ်ဖို့ပါပဲ။ ဒီနေ့ပြိုင်ပွဲကို အပြီးသတ်ဖို့အတွက် အရေး​ကြီးပါတယ်။ နေလကျောင်းတော်ဖက်က အရမ်းကိုအင်အားကြီးသလို သူတို့မှာလဲ ၀ိညာဥ်ဘုရင်တွေကအပြည့်ပါပဲ။ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ပါ ၀ိညာဥ်ဘုရင်တွေဖြစ်နေကြမယ်လို့ ၀မ်ယန်မမျှော်လင့်ထားခဲ့ပါဘူး။ နေလကျောင်းတော်ဖက်မှာ ၀ိညာဥ်ဘုရင်က ကိုးယောက်တိတိရှိနေခဲ့တယ်။ အကယ်၍ တစ်ယောက်ကို အလဲထိုးနိုင်ခဲ့မယ်ဆိုရင် ရှစ်ယောက်က ကျန်မှာပါ။

၀မ်ယန်ရဲ့နည်းဗျူဟာက အောင်မြင်ခဲ့တယ်လို့ အမှန်တရားက သက်သေပြသွားခဲ့ပါပြီ။

လင်းရှီနဲ့ ချန်ဖေးရဲ့သေဆုံးမှုကတော့ သူ့အစီအစဥ်ထဲမှာ မပါခဲ့ပါဘူး။ ဒါပေမယ့် မာရှောင်ထောင့်တစ်ယောက်ထဲက အစွမ်းကုန်တိုက်ခိုက်မယ်ဆိုရင် ကြောက်စရာကောင်းလွန်လှပါတယ်။ သူမက ဒီဗိုလ်လုပွဲမှာ လုံး၀ကို မညှာတာနိိုင်ပါဘူး။ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်သွားခဲ့တဲ့အတွက် အဆင့်ငါး၀ိညာဥ်ဘုရင်နှစ်ယောက်တိတိကို သူမသတ်လိုက်မိပါတယ်။ တစ်ချိန်ထဲမှာပဲ မပျက်သုန်းအတားအဆီးတွေအများကြီးကို ဖြုန်းတီးပြစ်နိုင်တယ်။

အရေးကြီးဆုံးကတော့ ရှောင်ဟုန်ချန် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာပါပဲ။ ကျန်ရစ်တဲ့ပြိုင်ပွဲတွေမှာ ၀င်ပြိုင်နိုင်မဲ့ပုံမပေါ်ပါဘူး။ ၀ိညာဥ်ဘုရင်ကိုးယောက်ထဲမှာ နှစ်ယောက်က အသတ်ခံရပြီ တစ်ယောက်ကဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ လက်ရှိအချိန် ဘယ်သူကိုပြိုင်ပွဲပြိုင်စေမလဲဆိုတာ နေလကျောင်းတော်ဖက်က အတော်လေးကို ရွေးချယ်စရာနည်းနေခဲ့ပါပြီ။ ဒါ့အပြင် နောက်ပြိုင်ပွဲတွေမှာလဲ အခက်ကြုံရမဲ့အချိန်ရှိပါတယ် ဒါပေမယ့် ထိုက်ယွဲ့ဟန်အတွက် ကာကွယ်ပေးတဲ့ကျန်းနန်နန်ရဲ့ ရွေးချယ်မှုကတော့ ၀မ်ယန်ရဲ့အစီအစဥ်ထဲပါမနေခဲ့ပါဘူး။ ကျန်းနန်နန် ဘယ်လောက်ကြိုးစားခဲ့လဲဆိုတာကိုတော့ သူနားလည်နေခဲ့ပါတယ်။

ကျန်းနန်နန်က ရှုစန်းရှီရဲ့အရှေ့မှာ ဘယ်တော့မှအကောင်းမပြောပေမဲ့ သူမက ရှုစန်းရှီကို အဆုံးစွန်းအထိ တွန်းပို့နိုင်မှန်း သူ့ကိုယ်သူကောင်းကောင်းသိပါတယ်။ ဒါကြောင့်သာ တစ်ချက်လေးတောင်မတွေးဝေပဲ ၀င်ရောက်ပြီတိုက်ခိုက်ခဲ့တာပါ။ သူမရဲ့မပျက်သုန်းရွှေခန္ဓာကိုယ်သာ အချိန်ကြာရှည်မထိန်းချုပ်နိုင်ခဲ့ဘူးဆိုရင် သူ့အသက်လဲ ဆုံးရှုံးသွားနိုင်ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ အရှေ့ကိုပြေးထွက်သွားခဲ့ပြီ အကောင်းဆုံးရလဒ်ကိုအောင်မြင်ခဲ့တယ်။ ရှုစန်းရှီရဲ့ လက်ရှိအတွင်းစွမ်းအားတွေက တစ်၀က်နီးပါးအသက်၀င်နေခဲ့ပါပြီ။ ဒါ့အပြင် သူမရဲ့ကြိုးစားအားထုတ်မှုကြောင့်သာ ရှောင်ဟုန်ချန်က ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်အနေနဲ့ ၀မ်ယန်ရဲ့အစီအစဥ်ကို အပြည့်အ၀အကောင်းအထည်ဖော်နိုင်ခဲ့တယ်လို့ ​ပြောလို့ရနိုင်ပါတယ်။

မာရှောင်ထောင့်က ဒီအဖွဲ့လိုက်ပွဲစဥ်ထဲမှာ အကြီးမားဆုံးဆွဲဆောင်မှုကို ပြုလုပ်တဲ့ပါပဲ။ သူမကသာ မရှိခဲ့ဘူးဆိုရင် ဒီရလဒ်တွေမအောင်မြင်နိုင်ပါဘူး။ ဒါ့အပြင် ဒုတိယစွမ်းရည်အကြီးမားဆုံးသူက ကျန်းနန်နန်လဲ မဟုတ်ခဲ့ပဲ အချိန်ကိုက်ပြိုင်ပွဲကို ရပ်တန့်ခဲ့တဲ့ ပေ့ပေ့ဖြစ်နေခဲ့တယ်။

ကြီးမားတဲ့အလားအလာကို ကြိုမြင်နိုင်တဲ့သူသာ ရှိနေခဲ့မယ်ဆိုရင် သူကဘယ်လိုအခြေအနေမျိုးကိုမဆို အကဲခတ်ဖြတ်ပြီထိန်းချုပ်နိုင်မှာပါ။

ပေ့ပေ့က အချိန်မီတားဆီးနိုင်လိုက်သလို နေလကျောင်းတော်ရဲ့ အင်အားကြီးပညာရှင်လေးယောက်ကို ရပ်တန့်နိုင်ခဲ့ပါတယ်။ သူ့ရဲ့၀ိညာဥ်လက်နက်တွေက အကောင်းဆုံးအခြေအနေမှာ ထုတ်သုံးဖို့အတွက် ထားထားမှာပါ။ ဒါပေမယ့် ထိုက်ယွဲ့ဟန်က ဘယ်လောက်ပဲမာကြောနေပါစေ မာယုလုံရဲ့ သွေးဆာနတ်ဆိုးလူ၀ံကို နိုင်နိုင်ဖို့မလွယ်ကူပါဘူး။ ဒါ့အပြင် အချိန်တိုအတွင်းအနိုင်မရနိုင်မှာတော့ သေချာနေခဲ့တယ်။ အမျက်ဒေါသကျောင်းတော်အနေနဲ့ အပြည့်အ၀အနိုင်ရနိုင်ချေမရှိတဲ့အခြေအနေမှာ အရှုံးကို လက်ခံလိုက်ပြီ အင်အားကိုထိန်းသိမ်းထားတာက အကောင်းဆုံးဖြစ်မှာပါ။

အရှုံးကိုလက်ခံတဲ့အကြောင်း ကြော်ငြာဖို့ပြောရမဲ့ထိုက်ယွဲ့ဟန်ကတော့ အဲ့ဒီအချိန်မှာ စိတ်ခံစားချက်ထိန်းချုပ်နိုင်စွမ်းကို လွှတ်သွားခဲ့ပါတယ်။ ဒါကြောင့် ထိုက်ယွဲ့ဟန် မလုပ်နိုင်တဲ့အရာကို လုပ်နိုင်ခဲ့တဲ့ ပေ့ပေ့အပေါ် ၀မ်ယန်ရဲ့ လေးစားမှုက မြင့်တက်သွားခဲ့ပါပြီ။

နှစ်ဖက်အဖွဲ့ကတော့ ဒိုင်လူကြီးမကြော်ငြာခင်အထိ တစ်ယောက်ချင်းဆီပြိုင်ပွဲအတွက် သူတို့ရဲ့ သက်ဆိုင်ရာနေရာကို ယူဖို့အသီးသီးဆုံးဖြတ်လိုက်ကြပါတယ်။ ၀မ်ယန်က အစောပိုင်းကထဲက ပြင်ဆင်ထားပြီသားပါ။ အဲ့ဒီနောက် ၀မ်ချင်ရှုကို​ပေးလိုက်ပါတော့တယ်။ အဖွဲ့၀င်နှစ်ယောက် အသတ်ခံလိုက်ရပြီ တစ်ယောက်ကလဲ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တဲ့အတွက် နေလကျောင်းတော်အဖွဲ့မှာ ဆရာတွေက အပြောင်းအလဲလုပ်ရပါပြီ။ ဒါကလက်ရှိအချိန်မှာ ရှောင်ဟုန်ချန်က အရမ်းကိုရူးသွပ်နေခဲ့ပါတယ်။

” မဖြစ်ဘူး ငါပြိုင်ရမယ် သေချာပေါက် ငါပြိုင်ရမယ်…အကယ်၍ ငါမပြိုင်ရဘူးဆိုရင် နှစ်ယောက် နှစ်ယောက် သုံးယောက်သုံးယောက်ပြိုင်ပွဲအတွက် မရှိမဖြစ်ဘူး…သေလိုက်ပါလား ငါတကယ်သတ္တိမရှိလိုက်တာ ”

ရှောင်ဟုန်ချန်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပေမဲ့ အရမ်းကိုမရပ်မနားတမ်းဖြစ်နေပါတယ်။ သူအဖွဲ့သားနှစ်ယောက်သေတာကို သူသိပ်ပြီဂရုမစိုက်ပါဘူး။ လူတွေနဲ့ဆက်ဆံရေးသိပ်မကောင်းတဲ့ အတွက် အဲ့ဒီသေသွားတဲ့လူနှစ်ယောက်ကလဲ သူ့ကိုသဘောမကျတာ မဆန်းပဲဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ခံစားချက်ထဲမှာတော့ မကျေနပ်မှုတွေက လျှံတက်လို့နေခဲ့ပါပြီ။

ရှောင်ဟုန်ချန်က သူတို့နိုင်ငံမှာနံပါတ်တစ်ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရပါတယ်။ သမိုင်းတစ်လျှောက်လုံးမှာလဲ သူ့ကိုယှဥ်နိုင်တဲ့သူမရှိပါဘူး။ ပါရမီကြောင့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာခဲ့တာမဟုတ်ပဲ သူက ထူးချွန်တဲ့၀ိညာဥ်ပညာရှင်လဲဖြစ်နေခဲ့ပါသေးတယ်။ ပြောရမယ်ဆိုရင် ပြီးပြည့်စုံတဲ့ပေါင်းစည်းမှုပါ။

သူ့နဲ့မုန့်ဟုန်ချန်နှစ်ယောက်စလုံးက အစောပိုင်းမှထွက်ပြီမယှဥ်ပြိုင်ခဲ့တာ အမျက်ဒေါသကျောင်းတော်ကို နောက်ပိုင်းရင်ဆိုင်ဖို့အတွက် သူတို့ကို ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံးသူကိုယ်သူ အစွမ်းအစထုတ်ပြရမဲ့အ​ချိန်မှာ ဒီလိုအရှက်တကွဲအကျိုးနည်းဖြစ်ရမယ်လို့ ဘယ်သူများထင်ခဲ့မိမှာလဲ။

သူ့ရဲ့အစွမ်းကုန်တိုက်ခိုက်မှုကို အဲ့ဒီမိန်းမချောက ၀င်တားဆီးခဲ့ပါတယ်။ ဒါ့အပြင် ပိုပြီးကံဆိုးတဲ့အရာကတော့ လေထဲမှာတစ်ပတ်လည်ဂျွန်းထိုးပြီ ကန်ချခံလိုက်ရသလို ရင်ဘတ်ကိုလဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံလိုက်ရတာပါပဲ။ ထိုက်ယွဲ့ဟန်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တာမှန်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူအတော်လေးကို အရှက်တကွဲဖြစ်ရပါတယ်။ အခုအချိန်မှာ သူစိတ်မဖိစီးဘူးဆိုမှ အံ့ဩစရာကောင်းနေမှာပါ။

ရှောင်ဟုန်ချန်ရဲ့ အနေအထားက နေလကျောင်းတော်အတွက် အတော်လေးကို အရေးကြီးပါတယ်။ သူတို့ဆရာတွေက သူ့ကိုစွန့်စားတာမျိုး မလုပ်ခိုင်း၀ံ့ပါဘူး။ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီတဲ့နောက် တခြားကျောင်းသားနှစ်ယောက်ကလဲ အသတ်ဖြတ်ခံလိုက်ရတဲ့အတွက် ရှောင်ဟုန်ချန်ရဲ့ ပါ၀င်ယှဥ်ပြိုင်မှုကို တခြားအကြိုအဖွဲ့ရဲ့ လူတစ်ယောက်နဲ့အစားထိုးပြင်ဆင်ရတော့မှာပါ။

ရှောင်ဟုန်ချန်က ဘယ်လိုများသည်းခံနိုင်မှာလဲ။ အခြေအနေတွေကိုပြောင်းလဲပြီ သူကိုယ်သူလူတိုင်းအပေါ်မှာ သက်သေပြချင်နေဆဲပါ။ အကယ်၍ ဒီအတိုင်းသာသူထွက်ခွာသာသွားရမယ်ဆိုရင်သေချာပေါက် အရှက်ရစရာကြီးဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့်သာ လုံး၀ကို တခြားသူနဲ့အစားထိုးမခံရတာပါပဲ။ ကုသရေး၀ိညာဥ်ပညာရှင်တွေက ကုသပေးပြီတဲ့နောက် သူ့ဆရာတွေနဲ့သူငြင်းခုန်ပါတော့တယ်။ အခုအချိန်အထိ သူ့ကိုထုတ်ပယ်တာလုံး၀လက်မခံနိုင်သေးပါဘူး။ ဆရာတွေက သူ့ကိုအလေးအနက်နားချနေခဲ့ပါတယ်။

” ရှောင်ဟုန်ချန် စိတ်အေးအေးထား မင်းကငါတို့ကျောင်းတော်အတွက် အဓိကလူဆိုတာ မမေ့သေးနဲ့ဦး အကယ်၍ မင်းသာတစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ငါတို့ခန်းမသခင်ကို ဘယ်လိုများပြောရမှာလဲ ”

” ဘာမှပြောနေစရာလိုမနေဘူး ငါညီမဒီမှာရှိနေတာမဟုတ်ဘူးလား အကယ်၍ ငါသာ တိုက်ပွဲထဲမှာသေသွားခဲ့ရင်း ငါအဘိုးကိုသူပဲရှင်းပြလိမ့်မယ်…ငါဂရုမစိုက်ဘူး ပြိုင်ရမှဖြစ်မယ်…အကယ်၍ ငါကိုသာမပြိုင်ခိုင်းဘူးဆိုရင် ငါအဘိုးဆီမှာ မင်းတို့အပြစ်တင်ခံရလို့ကတော့ ငါကိုလာပြီဘာမှပြောမနေနဲ့ ”

မုန့်ဟုန်ချန်ကတော့ စိတ်ရှုပ်လာပုံပါပဲ။

” ဆရာတို့ရွေးချယ်စရာမရှိပဲ ပြိုင်ခိုင်းလိုက်တာပါ အများဆုံးလုပ်ရမယ်ဆိုရင် တစ်ယောက်ချင်းဆီပြိုင်ပွဲမှာ မပြိုင်ခိုင်းရုံပေါ့ ခြောက်ယောက်ထဲနဲ့လောက်မယ်လို့ထင်တယ်…အကယ်၍ မနိုင်ပဲရှုံးသွားခဲ့မယ်ဆိုရင် ငါနဲ့ငါအစ်ကိုနှစ်ယောက်အင်အားအပြည့်အ၀သုံးပြီ နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲအတွက် တိုက်ခိုက်လို့ရတယ်…အချိန်နည်းနည်းပေးလိုက်ရင်း သူလဲ စွမ်းအားပြည့်လာမှာပါ ၀န်ခံရမှာမုန်းပေမဲ့ အဲ့ဒီအစ်ကိုကြီးနှစ်ယောက် အသတ်ခံလိုက်တယ်ဆိုတာတကယ်တော့ မတော်တဆဖြစ်ခဲ့တာပဲမဟုတ်လား ”

ဆရာနှစ်ယောက်က မျက်မှောင်ကြုတ်သွားပါတော့တယ်။ ကလေးတွေက အတော်ကိုပြဿနာများတာပါ။ ကောင်းကင်ရန်သူတော်သော့်လော့က သူ့ကိုလူစာရင်းပေးဖို့ဖိအားပေးလာချိန်မှာသာ သူပြောလိုက်ပါတယ်။

” ၀ိညာဥ်စွမ်းအားသုံးပြီ တစ်ယောက်ချင်းဆီပြိုင်ပွဲမှာ ရှုံးသွားခဲ့မယ်ဆိုရင်တောင် မင်းတို့ပြိုင်လို့မရဘူး…မင်းနဲ့ မုန့်ဟုန်ချန် နှစ်ယောက်တစ်တွဲတွဲပြီ နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲမှာပြိုင်ရမယ်ဟုတ်ပြီလား ”

နောက်ဆုံးမှာတော့ ရှောင်ဟုန်ချန်လဲ သဘောတူလိုက်ပါတော့တယ်။ သူလဲကိုယ်ပိုင်အခြေအနေရှိနေခဲ့တယ်။ ကျားဖြူသတ်ဖြတ်မှုကြောင့် ရထားတဲ့ဒဏ်ရာကနေ အမြန်ဆုံးတော့ပြန်မကောင်းနိုင်သေးပါဘူး။ တစ်ယောက်ချင်းဆီပြိုင်ပွဲရဲ့ အချိန်ယူမှုသာရှိခဲ့မယ်ဆိုရင် သူအဲ့ဒီအချိန်အတွင်းမှာ တတ်နိုင်သလောက်ပြန်ကောင်းလို့ရပါတယ်။ သူ့ညီမသာရှိနေလို့ကတော့ ဒီပြိုင်ပွဲမှာဘာမဆိုအောင်မြင်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်အ၀ရှိနေခဲ့တယ်။ သေချာပေါက် ပြိုင်ခွင့်ရတာက စင်အောက်မှာထိုင်ကြည့်တာထက်တော့ ပိုကောင်းမှာပါ။

နေလကျောင်းတော်ဖက်ရဲ့ ယှဥ်ပြိုင်မဲ့အဖွဲ့၀င်တွေကတော့ ဒိီလိုနဲ့သာဆုံးဖြတ်ပြီသားဖြစ်သွားပါတော့တယ်။

မာယုလုံက စွမ်းအားအများကြီးကုန်ဆုံးသွားတဲ့အတွက် သူ့အရင်ဆုံးပြိုင်လို့မရပါဘူး။ ပထမဆုံးပြိုင်ဖို့အတွက် အစားထိုးစေလွှတ်ခံရသူက မုန့်ဟုန်ချန်နဲ့ ရှောင်ဟုန်ချန်အစားနေရာ၀င်လာသူဖြစ်နေခဲ့တယ်။

အဲ့ဒီနောက် နောက်ထပ်အဓိကအဖွဲ့ရဲ့လူတစ်ယောက်ကလဲ အစားထိုးခံလိုက်ရပါပြီ။ သူတို့နှစ်ယောက် ပြီးတဲ့နောက် မိုက်ကယ် မာယုလုံနဲ့ မုန့်ဟုန်ချန် နောက်ဆုံးမှာတော့ ရှောင်ဟုန်ချန်ပါ။ ဒါကြောင့်သာ မုန့်ဟုန်ချန်က အရှေ့ဆုံးပို့ခံရတဲ့သူတွေထဲမှာ တစ်ယောက်ဖြစ်နေခဲ့တယ်။

၀မ်ယန်က အားလုံးကိုစီစဥ်ပေးပြီသားဖြစ်သွားတဲ့အတွက် အမျက်ဒေါသကျောင်းတော်ဖက်မှာတော့ အပြောင်းအလဲမရှိခဲ့ပါဘူး။

ရှုစန်းရှီက အရင်ဆုံး၀င်သွားပါတော့တယ်။ သူ့နောက်မှာတော့ ပေ့ပေ့ရှိပြီ လင်းလော့ချန် ထိုက်ယွဲ့ဟန် မာရှောင်ထောင့် ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့က အစဥ်အတိုင်းလာတာပါ။

သေချာပေါက် ပထမငါးယောက်က ဒီအဖွဲ့လိုက်အဓိကပြိုင်ပွဲ၀င်တွေပါပဲ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ ထည့်ထားရုံသာဖြစ်ပါတယ်။ သူတို့ထဲမှာ တစ်ယောက်က ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိပြီ နောက်တစ်ယောက်ကတော့ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိပါတယ်။ တကယ်တော့ သူတို့ကို နှစ်ယောက်နှစ်ယောက် သုံးယောက်သုံးယောက်ပြိုင်ပွဲအတွက်သာ အဓိကစီစဥ်ပေးထားခဲ့တာပါ။

အကယ်၍ နှစ်ယောက်သာ၀ိညာဥ်ဧကရာဇ်တစ်ယောက်နဲ့သာ ပူတွဲရမယ်ဆိုရင် သေချာပေါက်အကောင်းဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုစွမ်းရည်က လုံး၀အထင်သေးလို့မရပါဘူး။ တစ်ယောက်ချင်းဆီတိုက်ခိုက်မယ်ဆိုရင် အရမ်းအင်အားမကြီးပေမဲ့ ပေါင်းစည်းစွမ်းရည်ကတော့ အတော်ကိုအင်အားကြီးပါတယ်။

အဖွဲ့လိုက်ပွဲစဥ်မှာ အရှုံးခံဖို့အတွက်သာ သူတို့တွေကို ချွင်းချန်ထားခဲ့တာပါ။ ဒါ့အပြင် သူတို့ရဲ့တကယ်စွမ်းရည်အစစ်အမှန်ကို ဖုံးကွယ်ထားချင်တဲ့အတွက်လဲ ဒီလိုလုပ်ခဲ့တာဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့သာ ပေါင်းစည်းစွမ်းရည်ကိုအများကြီးမပိုင်ဆိုင်ထားခဲ့ဘူးဆိုရင် သေချာပေါက် သူတို့ကိုကာကွယ်ထားပြီ နောက်ဆုံးအထိ ထုတ်ပြမှာမဟုတ်ပါဘူး။

နောင်ငါးနှစ်အတွင်းမှာ သူတို့တွေက အမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ဖော်အဓိကလူတွေဖြစ်လာတော့မှာပါ။ လက်ရှိအချိန် သူတို့အစွမ်းတွေကို ထုတ်ပြလေလေ သူတို့ရဲ့ပြိုင်ဘက်တွေက သူတို့ကို ပိုနားလည်လာလိမ့်ပါပဲ။ ဒါ့အပြင် ခန္ဓာကိုယ်မျိုးနွယ်ကလဲ ဟို့ယွိဟောင်ကို မျက်စိကျနေတာကြာနေပါပြီ။ ၀မ်ယန်အနေနဲ့ သူတို့အကြောင်းကို အများကြီးမထုတ်ဖော်ချင်ပဲ ရှိနေခဲ့တယ်။

ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုတော့ ဘယ်လိုများတားလို့ရနိုင်မှာလဲ။ အမျက်ဒေါသကျောင်းတော်ရဲ့ ပြောင်းလဲတဲ့အဖွဲ့၀င်တွေဆီမှာ ဖြစ်နိုင်ချေကသုံးခုပဲရှိပါတယ်။ အဖွဲ့လိုက်ပြိုင်ပွဲပြီးတဲ့နောက် သူတို့တွေကို သေချာပေါက် လိုအပ်လာမှာပါ။ ဒါကြောင့်သာ ဒီလိုဖြတ်ချလိုက်ရတာပါပဲ။

” တစ်ယောက်ချင်းဆီပြိုင်ပွဲစတင်ပါပြီ ပထမဆုံးယှဥ်ပြိုင်မဲ့သူတွေ အဖွဲ့ထဲကို၀င်ရောက်နိုင်ပါပြီ အမျက်ဒေါသကျောင်းတော်ဖက်မှာတော့ ရှုစန်းရှီရှိပါတယ်… နေလကျောင်းတော်ဖက်မှာကတော့ လီယန်ပါ ”

ရှုစန်းရှီက လှေကားထစ်တွေကိုတောင် သုံးမသွားပဲ စင်ပေါ်ကိုတိုက်ရိုက်ခုန်တက်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အမျက်ဒေါသကျောင်းတော်ရဲ့လူတွေတောင်မှ သူ့ကိုမရင်းနှီးတဲ့လူတစ်ယောက်လို့ ခံစားနေခဲ့ရပါတယ်။

ရှုစန်းရှီက အမြဲတမ်းရယ်မောပြီ ဟာသလုပ်နေတတ်တဲ့သူပါ။ ကျန်းနန်နန်နောက်ကို လိုက်ချင်လိုက် မလိုက်ရင်ပေ့ပေ့နဲ့ရန်ဖြစ်နေတာများပါတယ်။ တည်ကြည်တင်းမာနေတဲ့မျက်နှာထားဆိုတာက ပုံမှန်အခြေအနေမှာပြလေ့ပြထားမရှိပါဘူး။ လက်ရှိအချိန်မှာတော့ လူတစ်ယောက်လုံးအစားထိုးခံလိုက်ရသလိုပြောင်းလဲသွားပါတော့တယ်။

တိတ်ဆိတ်ပြီအေးစက်တဲ့အပြင် ခန့်မှန်းလို့မရနိုင်တဲ့သူ့ရဲ့ပုံသဏ္ဍာန်ကအရမ်းကိုကြောက်စရာကောင်းနေခဲ့ပါတယ်။ ဒီပုံသဏ္ဍာန်က ဂုဏ်သိက္ခာရှိတယ်လို့ ပြောလို့ရနိုင်သလို ခေါင်းဆောင်တစ်ယောက်ရဲ့အရှိန်အ၀ါနဲ့လဲ တူနေခဲ့တယ်။ လက်ရှိအချိန် ပုံသဏ္ဍာန်က လူငယ်လေးတစ်ယောက်နဲ့ မတူညီတော့ပါဘူး။ အရမ်းကိုမောက်မာပြီ ပြိုင်ဆိုင်လိုစိတ်အပြည့်ရှိတဲ့ လူကြီးတစ်ယောက်နဲ့တူနေခဲ့တယ်။

အနီးကပ်ကြည့်မယ်ဆိုရင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်မှာ မထုတ်လွှတ်ပဲနဲ့တောင် အနက်ရောင်အငွေ့အသက်တွေက သူ့တစ်ကိုယ်လုံးလွှမ်းခြုံနေတာကို မြင်ရမှာပါ။ ဒီမှာသိပ်ပြီသေးငယ်တဲ့လှ်ိုင်းတွေက သူ့ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့အတူ စည်းချက်ကျကျလှည့်ပတ်လို့နေပါတယ်။ ဒါ့အပြင် အေးစက်တဲ့အကြည့်ကလဲ မှောင်မိုက်နက်ရှိုင်းလို့နေခဲ့တယ်။ သူ့တစ်ကိုယ်လုံးက နက်ရှိုင်းတဲ့ချောက်နက်ကြီးလိုမျိုး ကြည့်နေတဲ့လူတိုင်းကို ဆွဲထားနိုင်မဲ့ပုံစံပေါ်နေခဲ့ပါပြီ။

အပိုင်း ၁၁၈•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset