Switch Mode

Chapter – 118.1

အမျက်ဒေါသကျောင်းတော်ရှုံးပြီလား

အပိုင်း ၁၁၈•၁

” အမျက်ဒေါသကျောင်းတော်ရှုံးပြီလား ”
°°°
ဟို့ယွိဟောင်လဲ လက်ရှိအချိန် သူလက်နဲ့ထိရာနေရာတိုင်းက အပူလှိုင်းတွေသာခံစားနေရပါတယ်။ သူလှိုင်းတွေက သူ့ရဲ့ခန္ဓာကိုယ်ထဲကို ရူးရူးသွပ်သွပ်စီး၀င်နေခဲ့တယ်။ ဒါပေမယ့် ဒီနေ့အချိန်ရော သိပ်ပြီမတူညီခဲ့ပါဘူး။ သူ့ရဲ့အစွမ်းက အပြည့်အ၀ဆုံးအချိန်မှာရှိနေခဲ့ပါတယ်။ ၀ိညဥ်စွမ်းအားတွေက ခပ်မြန်မြန်ပဲ တိုးတက်နေခဲ့ပြီ အရှိန်အ၀ါကတော့ မီးနဲ့ထိတွေ့သွားချိန်မှာ အဆုံးစွန်းရေခဲအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ တစ်ကြိမ်ထဲမှာပဲ မာရှောင်ထောင့်လဲ သူ့ခန္ဓာကိုယ်ထဲရေခဲလှ်ိုင်းတွေ ၀င်လာနေတာကို ခံစားနေခဲ့မိတယ်။

၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ဘေးကိုရောက်လာခဲ့ပြီ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ နောက်ကျောပေါ်လက်တင်လိုက်ရင်း ဟောင်သုန့်စွမ်းအားနဲ့အတူ ၀န်ထုတ်၀န်ပိုးကိုသက်သာစေအောင် ကူညီပေးနေခဲ့တယ်။

အဲ့ဒီအနက်ရောင်နတ်မီးငှက်က တစ်မီတာကျော်ရှည်လျားပေမဲ့ ကြောက်စရာကောင်းလွန်လှတဲ့အင်အားကို ပိုင်ဆိုင်ထားမယ်လို့ ဘယ်သူများတွေးမိမှာလဲ။ ဒါ့အပြင် အဲ့ဒါကိုဘယ်လိုများ အလွယ်တကူထုတ်သုံးလို့ရမှာလဲ။

မာရှောင်ထောင့်က ညာဘက်လက်တစ်ကိုသာ မြောက်လိုက်တယ်လို့သာသူထင်ရပေမဲ့ တကယ်တော့ တိုက်ခိုက်မှုက သူမရဲ့မိစ္ဆာနတ်မီးငှက်က စိတ်၀ိညာဥ်တွေအားလုံးက ပါ၀င်နေခဲ့တဲ့အပြင် ကြောက်စရာကောင်းလွန်လှတဲ့ ၀ိညာဥ်စွမ်းအားသုံးခုကို ပေါင်းစည်းပြီသူမရဲ့ ညာဘက်က ၀ိညာဥ်အရိုးနဲ့အတူ လိုက်လျောညီထွေးဖြစ်သွားခဲ့တာပါ။

လက်ရှိအချိန် မာရှောင်ထောင့်ရဲ့ ညာဘက်လက်အောက်ကိုကြည့်လိုက်မယ်ဆိုရင် လုံး၀မီးကျွမ်းနေတဲ့လက်မောင်းကိုတွေ့ရပါလိမ့်မယ်။ ဒါကအမျက်ဒေါသကျောင်းတော်ရဲ့ လျှို့၀ှက်နည်းလမ်းတစ်ခုပါပဲ။ ၀ိညာဥ်စွမ်းရည်သုံးခုကိုဖိနှိမ့်ထားပြီ တစ်ပြိုင်နက်ထဲအသုံးပြုတာပါ။ ဒါ့အပြင် အစာအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်တဲ့ မာရှောင်ထောင့်အတွက်သာ သင့်တော်တဲ့အရာလဲဖြစ်နေခဲ့တယ်။ ထိုက်ယွဲ့ဟန်တောင် မလုပ်နိုင်ပါဘူး။ အမျက်ဒေါသကျောင်းတော်သားတစ်ယောက်က ဒီလောက်ရိုးရှင်းနိုင်ပါ့မလား။ လက်ရှိအသုံးပြုလိုက်တာက မာရှောင်ထောင့်ရဲ့ စစ်မှန်တဲ့အင်အားပါပဲ။

ဟို့ယွိဟောင်အနေနဲ့ မာရှောင်ထောင့်ရဲ့ကျောပေါ်ကို လက်ဖ၀ါးတင်လိုက်ချိန်မှာ ထူးဆန်းတဲ့ခံစားချက်တချို့ကို ခံစားလိုက်ရပါတယ်။ မာရှောင်ထောင့်နဲ့ အစောပိုင်းတုန်းက ရေခဲနဲ့မီးစွမ်းအားနှစ်ခုကို အပြောင်းအလဲဖလှယ်ပေးပြီတဲ့နောက် သူ့ရဲ့လိုက်လျောညီထွေးမှုက အနည်းငယ်တိုးတက်သွားပုံပါပဲ။ မာရှောင်ထောင့်ရဲ့ဒီတောက်လောင်နေတဲ့ ၀ိညာဥ်စွမ်းအားတွေက သူ့ကိုခေါ်နေသလိုခံစားရပါတယ်။

အဲ့ဒါတကယ်ကြီးဖြစ်နေတာလား ဟို့ယွိဟောင်တစ်ချက်တွေဝေသွားခဲ့တယ်။ သူနဲ့၀မ်သုန့်တုန်းကလဲ တူညီတဲ့တစ်စုံတစ်ရာကိုတူနေလို့ပါ။ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို ထုတ်သုံးတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့အရာဖြစ်နေခဲ့တယ်။ ငါထဲမှာမင်းရှိပြီ မင်းထဲမှာငါရှိတယ်ဆိုတဲ့ အတွေးအခေါ်က ဘယ်လိုကြောင့်များ အခုအချိန်မှာ အလုပ်ဖြစ်နေတာလဲ။ ဒါပေမယ့် မာရှောင်ထောင့်က နတ်မီးငှက်ပါ သူကတော့ ရေခဲဧကရီနဲ့ စိတ်၀ိညာဥ်မျက်လုံးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်နေခဲ့တယ်။ မီးနဲ့ရေခဲက ဘယ်လိုပူးတွဲတည်ရှိနိုင်မှာလဲ။ တအားကိုထူးဆန်းနေခဲ့တယ်။

မာရှောင်ထောင့်လဲ ဟို့ယွိဟောင်ခံစားရသလိုမျိုး ခံစားရပါတယ်။ သူက ပိုပြီးတော့တောင် ပြင်းထန်နေခဲ့သေးတယ်။အဆုံးစွန်းရေခဲကို အသုံးပြုပြီးတဲ့နောက် မိစ္ဆာမီးလျှံကိုခပ်မြန်မြန်ဖိနှိမ့်နိုင်မှန်း သူသိပါတယ်။ ဒါ့အပြင် အေးစက်တဲ့ရေခဲက သူမရဲ့ခန္ဓာကိုယ်ထဲ၀င်ရောက်လာချိန်တိုင်းမှာ မေတ္တာစိတ်ကိုသူမခံစားနေခဲ့ရတယ်။

ဒါကဘာကြောင့်များဖြစ်လာရတာလဲ ဆက်တိုက်ဆိုသလို နတ်မီးငှက်မီးလျှံကို ထုတ်သုံးနေရတာကြောင့် ဒီလိုဖြစ်လာရတာလား။ မာရှောင်ထောင့်အတော်ကိုပဟေဠိဖြစ်နေခဲ့တယ်။

ရှေ့နှစ်ကြိမ်နဲ့ ယှဥ်လိုက်မယ်ဆိုရင် ဟို့ယွိဟောင်က မိစ္ဆာမီးလျှံကို ဖိနှိမ့်ဖို့အတွက် အတော်ကိုတက်တက်ကြွကြွအလုပ်လုပ်နေခဲ့တာပါ။ သူ့ရဲ့အစွမ်းအစကလဲ အထွဠ်အထိပ်မှာရှိနေခဲ့ပါတယ်။ ဒါ့အပြင် မာရှောင်ထောင့်ကလဲ သူရှိနေသရွေ့ မိစ္ဆာမီးလျှံကို အချိန်မရွေးထုတ်သုံးနိုင်မယ်လို့ ယုံကြည်ချက်အပြည့်အ၀ရှိနေခဲ့တယ်။ ဒီလိုကြောင့် ရေခဲနဲ့ မီးကြားမှာ သေးငယ်တဲ့အပြောင်းအလဲတွေက ဖြစ်ပေါ်နေခဲ့ပါပြီ။

ဒီလိုအပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန်မှာပဲ အဖွဲ့လိုက်တိုက်ပွဲက ပြီးဆုံးသွားခဲ့ပါတယ်။

မုန့်ဟုန်ချန်က ရှောင်ဟုန်ချန်ကို ကယ်တင်ပြီခပ်မြန်မြန်ပဲ ဆုတ်ခွာသွားခဲ့တယ်။ တခြားတစ်ဖက်မှာတော့ ကျန်ရှိနေတဲ့နေလကျောင်းတော်အဖွဲ့သားတွေက သူတို့ရဲ့နောက်ထပ်လူတစ်ယောက်အသတ်ခံလိုက်ရတာကို မြင်တဲ့အတွက် အတော်လေးကို ရူးသွပ်နေကြပါပြီ။ မာယုလုံက သူ့လူတွေကိုဦးဆောင်ရင်း သူ့ရဲ့အသန်မာဆုံး၀ိညာဥ်လက်နက်တွေကို ထုတ်သုံးတော့တယ်။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ကို ဆက်တိုက်ဆိုသလို မရပ်မနားတိုက်ခိုက်တာပါ။

ရှုစန်းရှိီနဲ့ မာရှောင်ထောင့်က စင်အောက်ကိုဆင်းသွားခဲ့ပါပြီ။ ကျန်းနန်နန်ကလဲ ဒဏ်ရာပြင်းထန်တာကြောင့် နောက်ထပ်မတိုက်ခိုက်နိုင်တော့သလို ထိုက်ယွဲ့ဟန် လင်းလော့ချန် ပေ့ပေ့နဲ့ ဟယ့်ချိုက်ထို့သာ ကျန်ရစ်တော့တယ်။

ဒီတစ်ကြိမ်မှာပဲ ပြိုင်ဘက်တွေရဲ့၀ိညာဥ်လက်နက်တွေ သူတို့ဆီမထိခင်အချိန်မှာ ပေ့ပေ့က လှမ်းအော်ပါတော့တယ်။

” ဒိုင်လူကြီး ကျွန်တော်တို့အရှုံးပေးပါတယ် ”

ကောင်းကင်ရန်သူတော်သော့်လော့က လက်ရှိအချိန်မှာ သူစိတ်ထဲအခြေအနေမကောင်းခဲ့ပါဘူး။ ဒိုင်လူကြီးတစ်ယောက်ဖြစ်တဲ့အတွက် နေလကျောင်းတော်ဘက်မှာ သေတဲ့သူကဘယ်သူပဲဖြစ်ပါစေ သူဂရုမစိုက်ရင်တောင် သူ့ရဲ့ဂုဏ်သတင်းကိုတော့ သူအရမ်းဂရုစိုက်ပါတယ်။ ဒါကြောင့်သာ အရမ်းကိုအာရုံစိုက်နေခဲ့တာပါ။ ပေ့ပေ့ရဲ့အော်သံကြောင့် ချက်ချင်းဆိုသလို စင်အလယ်တည့်တည့်ခုန်ဆင်းလာခဲ့ပြီ သူ့ခြေထောက်အောက်ကနေ အလင်းလုံးတွေလဲ တောက်ပလာပါတော့တယ်။ အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်း အနက်ရောင်ငါးကွင်းရှိတဲ့ ၀ိညာဥ်စက်ကွင်းကိုးကွင်းက တောက်ပလို့လာခဲ့ပြီ ညာဘက်လက်ကိုအသုံးပြုရင်း ဂုဏ်ယူ၀ံ့ကြွားပြီ မြင့်မြတ်တဲ့အရှိန်အ၀ါတွေကို ထုတ်လွှတ်တော့တယ်။ အဖြူရောင်ကြယ်တစ်ပွင့်က သူ့ရှေ့တည့်တည့်မှာ တောက်ပလာခဲ့ရင်း ကြယ်အလင်းတွေကို ဖြန့်ကျက်ပါတယ်။ ကြီးမားတဲ့အတားအဆီးကြီးတစ်ခုက ပြိုင်ပွဲစင်မြင့်ကိုပိုင်ခြားလိိုက်ပြီ နေလကျောင်းတော်ရဲ့တိုက်ခိုက်မှုကို တားဆီးလိုက်ပါပြီ။ အဆင့်ငါးခြောက်ခုနှစ်၀ိညာဥ်လက်နက်တွေက သော့်လော့တစ်ယောက်ကို ထိခိုက်အောင်လုပ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ကောင်းကင်ရန်သူတော်သော့်လော့က ထူးကဲသာလွန်သော့်လော့ဖြစ်ဖို့ အရမ်းကိုနီးစပ်နေပြီဖြစ်ပါတယ်။

ထိုက်ယွဲ့ဟန်က ပေ့ပေ့ကို လှည့်ရင်းအော်လိုက်ပါတော့တယ်။

” မင်းဘာလို့ဒီလိုအော်ချင်ရာအော်နေတာလဲ ငါတို့မရှုံးသေးဘူး ငါတို့ဆက်ပြီတိုက်ခိုက်လို့ရတယ် ”

ပေ့ပေ့က မျက်မှောင်ကြုတ်ရင်းပြောလာခဲ့ပါတယ်။

” အစ်ကိုကြီး ဒါကဆရာ၀မ်ယန်ရဲ့ဗျူဟာ ငါတို့တွေ သူတို့ရဲ့နည်းဗျူဟာအတိုင်းလုပ်ဖို့လိုတယ် ”

” ဒါပေမယ့် နိုင်ဖို့ဆိုတာ ငါတို့မျက်စိရှေ့မှာပဲလေ ”

ထိုက်ယွဲ့ဟန်က ပြန်အော်ပါတော့တယ်။

” သူတို့လေးယောက်ကို ငါတို့လေးယောက်ထဲနဲ့ တကယ်နိုင်နိုင်မယ်လို့ အစ်ကိုကြီးထင်နေတာလား အစောပိုင်းတုန်းက တိုက်ခိုက်မှုကိုတောင် ကျွန်တော်မခုခံနိုင်ဘူး…ကျွန်တော်တို့ထဲက ဘယ်သူများ ဒါကိုတိုက်ခိုက်နိုင်မယ်လို့ထင်လဲ ”

ပေ့ပေ့က သက်ပြင်းချရင်းပြောလိုက်ပါတယ်။

” ထိုက်ယွဲ့ဟန်က တကယ်ပဲသူ့ရဲ့ အဖေကိုဂုဏ်ယူစေချင်ပါတယ်။ ဒါပေမယ့် ပေ့ပေ့ပြောတာတွေက မှန်နေမှန်းသူသိနေခဲ့တယ်။ နောက်ဆုံးတော့လဲ သူက ကျားဖြူမြို့စားမင်းရဲ့ အကြီးဆုံးသားဖြစ်နေဆဲပါ။ တခဏတာစိတ်ရှုပ်ထွေးပြီတဲ့နောက် စိတ်ပြန်ငြိမ်သွားရင်း ခေါင်းညိတ်လိုက်ပါတယ်။

” တောင်းပန်ပါတယ် ငါအရမ်းကို စိတ်အလောကြီးသွားမိတယ်…ကျန်းနန်နန်က ငါ့အတွက် တိုက်ခိုက်မှုကိုကာကွယ်ပေးလိုက်တာကြောင့် ဒီလိုမျိုးခံစားချက်မကောင်းဖြစ်နေမှာပါ ”

ပေ့ပေ့ကတော့ သူ့ရဲ့သွားဖြူဖြူတွေပေါ်လာတဲ့အထိ ပြုံးပြရင်းပြောလာခဲ့ပါတယ်။

” ရပါတယ်..အစ်ကိုကြီးနောက်တစ်ပွဲမှာတိုက်ခိုက်ဖို့အခွင့်အရေးရှိမှာပါ ”

၀ိညာဥ်လက်နက်တွေရဲ့ တိုက်ခိုက်မှုက အဆုံးသတ်လို့သွားခဲ့ပါပြီ။ နေလကျောင်းတော်ဖက်မှာ ရှိသမျှလူတွေအားလုံးကလဲ အရမ်းကိုဒေါသထွက်နေခဲ့ပြီဖြစ်ပါတယ်။ ဒါက ဗိုလ်လုပွဲပြိုင်ပွဲကြီးပါ။ ဘယ်လိုပြိုင်ပွဲဖြစ်ပါစေ သူတို့အဖွဲ့ရဲ့လူနှစ်ယောက်က သေဆုံးသွားခဲ့ပါပြီ။ ကျောင်းတော်ကိုကိုယ်စားပြုပြီ လာပြိုင်တဲ့သူတွေအားလုံးက သူတို့ရဲ့ထိပ်တန်းပါရမီရှင်တွေကြီးပါပဲ။ တိုက်ပွဲထဲမှာသေဆုံးသွားတဲ့လူတွေက သူတို့ရဲ့ညီနောင်သားချင်ဖြစ်သလို သေမတူရှင်မခွာအပေါင်းအဖော်တွေလဲ ဖြစ်နေခဲ့တယ်။ ဒီလိုမျိုး သေသွားခဲ့တဲ့လူတွေအတွက်ကို နာနာကျင်ကျင် ၀မ်းနည်းနေတာက ဖြစ်သင့်တဲ့ကိစ္စပါပဲ။ အကယ်၍ ကောင်းကင်ရန်သူတော်သော့်လော့သာ ၀င်ရောက်မတားဆီးခဲ့ဘူးဆိုရင် သေချာပေါက် သူတို့ရဲ့အသက်ကို လောင်ကြေးထပ်ရင်း အမျက်ဒေါသကျောင်းတော်နဲ့ တိုက်ခိုက်ရမှာဖြစ်ပါတယ်။

” နှစ်ဖွဲ့စလုံး ငြိမ်သက်ကြပါ ”

၀မ်ချင်ရှုက ပြောလိုက်တယ်။

” အနိုင်အရှုံးကို ဆုံးဖြတ်ပြီးပါပြီ အကယ်၍ တစ်ယောက်သာရူးရူးသွပ်သွပ်ပြုမူမယ်ဆိုရင် ငါမကြင်နာတတ်ဘူးလို့ အပြစ်မတင်လေနဲ့ “:

နေလအဖွဲ့ရဲ့ ဦးဆောင်သူဆရာတွေက မျက်နှာမကောင်းကြပါဘူး။ ဒါပေမယ့် တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားနေခဲ့ကြပါတယ်။ သူတို့အဖွဲ့သားတွေကို ဆူပူရင်း မာယုလုံလဲ တခြားသူတွေ ရူးရူးသွပ်သွပ်မလုပ်မိအောင် တားဆီးနေခဲ့တယ်။

၀မ်ချင်ရှုက မြို့နံရံဖက်ကို လှည့်ကြည့်ရင်းပြောလိုက်ပါတယ်။

” နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က အဖွဲ့လိုက်ပွဲစဥ်ကို နိုင်သွားပါပြီ နှစ်ဖက်စလုံး အချိန်တစ်မိနစ်နားချိန်ရပါ့မယ်…တစ်မိနစ်ပြီတဲ့နောက် တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲစတင်မယ်…တစ်ချိန်ထဲမှာပဲ တစ်ယောက်ချင်းဆီတိုက်ပွဲအတွက် လူခုနှစ်ယောက်ကိုရွေးချယ်ပါ ဆုံးဖြတ်ပြီတာနဲ့ ပြောင်းလို့မရတော့ပါဘူး ”

အမျက်ဒေါသကျောင်းတော်ကရှုံးနှိမ့်သွားပြီလား။

ကြယ်တာရာလော့ရင်ပြင်တစ်ခုလုံးက တိတ်ဆိတ်သွားပါတော့တယ်။ မကြာခင်မှာပဲ နောက်တစ်ကြိမ် တအံ့တဩအော်သံတွေက ဖြစ်ပေါ်လာခဲ့ပါပြီ။

အမျက်ဒေါသကျောင်းတော်အဖွဲ့က နေလကျောင်းတော်ထက် အားနည်းနေမှန်း သူတို့သိနေခဲ့တယ်။ ဒီလိုအဖွဲ့လိုက်ပွဲစဥ်ကို အရှုံးခံလိုက်တဲ့အတွက် သူတို့တွေ မယုံနိုင်ဖြစ်နေကြဆဲပါ။ အမျက်ဒေါသကျောင်းတော်နဲ့ ပတ်သက်ပြီ အံ့ဖွယ်ရာတွေကို အမြဲတမ်းမျှော်လင့်ထားပေမဲ့ အံ့ဖွယ်ရာကဒီတစ်ခေါက်ဖြစ်မလာခဲ့ပါဘူး။ အဆုံးသတ်မှာ အမျက်ဒေါသကျောင်းတော်က တကယ်ကြီးရှုံးသွားပါတယ်။ အဆုံးသတ်အထိလဲ တောင့်မခံထားနိုင်ပါဘူး။ တချို့ကြည့်ရှု့နေသူတွေကတော့ ဒေါသတကြီးနဲ့ အော်ဟစ်နေခဲ့ကြပါတယ်။ မကြာခင်မှာပဲ ရင်ပြင်ကျယ်ကြီးတစ်ခုလုံးက ဆူဆူညံညံဖြစ်လာခဲ့ပါပြီ။

” တိတ်ကြစမ်း ”

အားကောင်းပြီ လွှမ်းမိုးနိုင်စွမ်းပြည့်၀လွန်တဲ့အသံတစ်သံက နယ်ပယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။

ဒီဒေါသတကြီးအော်သံကြောင့် ဆူပူသံတွေအားလုံးက ရပ်တန့်လို့သွားပါတော့တယ်။

အော်လိုက်သူကတော့ ကျားဖြူမြို့စားမင်းပါ။ ဒီတစ်ကြိမ် သူ့လက်ထဲမှာ အသံလွှင့်တဲ့၀ိညာဥ်လက်နက်တစ်ခုရှိနေခဲ့ပြီ သူအလေးအနက်ပြောပါတော့တယ်။

” အဖွဲ့နှစ်ဖွဲ့စလုံးက အကောင်းဆုံးကြိုးစားခဲ့တယ်..နိုင်တာနဲ့ရှုံးတာဆိုတာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပဲ ပြိုင်ပွဲမှာပြိုင်ဆိုင်နေတဲ့ အဖွဲ့သားတွေကို စကားနဲ့အပြစ်ပြုမိသည်ဖြစ်စေ ကိုယ်ထိလက်ရောက်ပြုမိသည်ဖြစ်စေ ရှာဖွေတွေ့ရှိလို့ကတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်. ”

စစ်တပ်အုပ်ချုပ်သူအဖြစ် အချိန်အကြာကြီးရှိလာခဲ့ရတဲ့ ထိုက်ဟောက်ရဲ့ရိုးရှင်းတဲ့စကားတွေက အံ့ဩစရာကောင်းလောက်အောင် လွှမ်းမိုးနိုင်စွမ်းတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ အခြေအနေတွေကို သူ့ကဒီလိုပဲထိန်းချုပ်လိုက်ပါပြီ သူ့ရဲ့ကြောက်စရာအရှိန်အ၀ါက မာရှောင်ထောင့်ကို ကူညီပေးနေတဲ့ ဟို့ယွိဟောင်ကိုပါ ဖိအားသက်ရောက်စေပါတယ်။ ဒါကြောင့် သူလဲမြို့နံရံပေါ်ကို မော့ကြည့်လိုက်မိတယ်။ ခံစားချက်နဲ့ အမူအရာတွေကတော့ မျက်လုံးထဲမှာ အထင်သားပေါ်လာခဲ့ပြီ အရမ်းကိုရှူပ်ထွေးနေခဲ့ပါပြီ။

သူတို့ရဲ့အဖေလို့ ပြောလို့ရနိုင်တဲ့အဲ့ဒီအမျိုးသားက သူရဲကောင်းတစ်ယောက်ဖြစ်သလို သူတို့ရဲ့ဂုဏ်သိက္ခာပဲမဟုတ်လား။ ဒါပေမယ့် အဖေဆီက မေတ္တာကို ဘယ်တုန်းကမှသူမရခဲ့ဖူးပါဘူး။ မြို့စားအိမ်တော်ကနေ မထွက်ခွာခင်အထိ သူဘယ်တုန်းကမှ မမြင်ဖူးတဲ့ ဒီအဖေအပေါ် အမုန်းတရားတွေသာ သူရှိပါတယ်။

ဒါပေမယ့် အဲ့ဒီလူက သူ့အမေရဲ့ ဘ၀တစ်ခုလုံးကို ပျက်စီးစေခဲ့တဲ့သူပါ။ သူ့အမေနဲ့ တစ်သက်လုံးဆင်းရဲဒုက္ခကိုကြုံတွေ့ခဲ့ရတာလဲ သူကြောင့်သာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလူက အရမ်းကိုတောက်ပပြီအားကောင်းနေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ အမေအနေနဲ့ သူကိုမွေးဖွားခဲ့ရတာတောင် နောင်တမရတဲ့အကြောင်းအရင်းက ထိုက်ဟောက်ကြောင့်သာဖြစ်နေခဲ့တယ်။

လွန်ခဲ့တဲ့နှစ်တွေမှာ အမျက်ဒေါသကျောင်းတော်ထဲ ဆက်တိုက်ဆိုသလို သင်ကြားလေ့ကျင့်နေပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ အတွေးအခေါ်သဘောတရားတွေက အများကြီးမပြောင်းလဲခဲ့ပါဘူး။ ဒါ့အပြင် ကျားဖြူမြို့စားမင်းနဲ့ မြို့စားအိမ်တော်က လူတွေအပေါ်ထားရှိတဲ့ သူ့ရဲ့အမုန်းတရားတွေကလဲ ဘယ်တော့မှမမှေးမှိန်သွားပဲရှိနေခဲ့ပါတယ်။

” အမေ အမေအရင်တုန်းက ချစ်ခဲ့ဖူးတာအဲ့ဒီလူလား အဲ့ဒီလူကထူးချွန်ထက်မြက်တယ်…ဒါကြောင့်သာ အမေကိုအများကြီးထိခိုက်စေခဲ့တာပေါ့ အမေမစိုးရိမ်နဲ့တစ်နေ့မှာ သူ့ရှေ့တည့်တည့်ရပ်ပြီ အမေအတွက် သေချာပေါက်လက်စားချေပေးမယ်..သူကကျွန်တော်အဖေ ပြီတော့ ကျွန်တော်ကိုမွေးဖွားစေခဲ့တယ်..ဒါကြောင့် သူ့ကိုသွားသတ်မှာတော့မဟုတ်ပါဘူး…အမေရဲ့အုတ်ဂူအရှေ့မှာဒူးထောက်ပြီ တောင်းပန်စေရမယ် ”

” ​ဒီပြိုင်ပွဲကြီးပြီးသွားရင် ကျွန်တော်အမေကိုလာရှာမယ်…ကျေးဇူးပြုပြီး ကျွန်တော်ကိုကောင်းချီးတွေအများကြီးပေးပါ ဒါမှကျွန်တော်အရွယ်မြန်မြန်ရောက်ပြီ အမေအတွက် ဖြေရှင်းပေးနိုင်လိမ့်မယ် အမေကိုကျွန်တော်အရမ်းလွမ်းတာပဲ ”

ချက်ချင်းဆိုသလို သူမျက်လုံးက မျက်ရည်တွေ၀ဲလာခဲ့ပါပြီ။ မာရှောင်ထောင့် သူ့ကိုကြည့်နေမှန်းတောင် သတိမထားမိတော့တဲ့အထိပါပဲ။

” ငါမောင်လေး ဘာဖြစ်လို့လဲ ”

မာရှောင်ထောင့်က ခပ်တိုးတိုးမေးလာခဲ့တယ်။ ဟို့ယွိဟောင်လဲ အခုအချိန်မှသာ သတိပြန်၀င်လာခဲ့တာပါ။ ဒါကြောင့် သူခေါင်းခါရင်းနဲ့ ဘာမှမပြောတော့ပါဘူး။

” ကောင်းပြီလေ ငါလဲအဆင်ပြေသွားပြီ မြန်မြန်၀ိညာဥ်စွမ်းအားကို ပြန်ရအောင်လုပ်လိုက် နောက်ပွဲအတွက် လိုလိမ့်မယ် ”

အားလုံးက စင်အောက်ကိုဆင်းလာခဲ့ပါပြီ။ ပေ့ပေ့က သတိလစ်နေတဲ့ ကျန်းနန်နန်ကိုချီလာရင်း စောင့်ဆိုင်းနယ်မြေဆီကို ပြန်လာခဲ့တယ်။

၀မ်ယန်ကလဲ ပြေး၀င်လာခဲ့ပါပြီ။ ကြယ်တာရာလော့နိုင်ငံဆီကနေ ကုသရေးအမျိုးအစား၀ိညာဥ်ပညာရှင်တွေကလဲ ခပ်မြန်မြန်ပဲ ရောက်ရှိလာပါတော့တယ်။ အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ကွာခြားတာကြောင့် ၀မ်ယန်က ကျန်းနန်နန်ကို ရှောင်းရှောင်းဆီ ယာယီလွဲအပ်ပေးလိုက်ပါတယ်။ ဒါ့အပြင် တစ်ယောက်ချင်ဆီပြိုင်ပွဲကလဲ စတင်တော့မှာပါ။ အဲ့ဒီနောက် တစ်ယောက်ချင်းဆီပြိုင်ပွဲအတွက် ပို့လွှတ်မဲ့သူရဲ့နာမည်ကို ကြော်ငြာပါတော့တယ်။ အဲ့ဒီနောက် လူတွေကတော့ မာရှောင်ထောင့် ထိုက်ယွဲ့ဟန် ပေ့ပေ့ ရှုစန်းရှီ လင်းလော့ချန် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ပါပဲ။

ဟုတ်ပါတယ် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးကို တစ်ယောက်ချင်းဆီပြိုင်ပွဲအတွက် ပို့လွှတ်တော့မှာပါ။ ရှုစန်းရှီက ရေခဲစွမ်းအားအသုံးပြုနေတဲ့ လင်းလော့ချန်ရဲ့ဘေးကနေ နိုးလာပါတော့တယ်။

” နန်နန် နန်နန် ”

ရှုစန်းရှီ သတိပြန်၀င်၀င်လာချင်မှာ စိတ်မထိန်းနိုင်ပဲ အော်နေခဲ့ပါတယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကလဲ တစ်ဟုန်ထိုးတိုးလာခဲ့ပါပြီ။

” စိတ်အေးအေးထားစမ်း ”

ပေ့ပေ့က သူ့ကိုရိုက်ချလိုက်ပါတယ်။ ဒီတစ်ကြိမ်မှသာ ရှုစန်းရှိီလဲ ပြန်ငြိမ်သက်သွားတော့တယ်။ မကြာခင်မှာပဲ ရှောင်းရှောင်းရဲ့လက်ထဲမှာရှိနေတဲ့ ကျန်းနန်နန်ကို သူရှာတွေ့သွားပါပြီ။ အရမ်းကိုစိတ်ထိခိုက်လွန်တာကြောင့် တစ်ကိုယ်လုံးလဲတုန်ရီလို့နေခဲ့ပါတယ်။

ရှုစန်းရှိီက လက်ရှိအချိန်မှာ စိတ်အတော်လေး လွှတ်နေပုံပေါ်ပါတယ်။

” သူဘယ်လိုလဲ သူအခြေအနေဘယ်လိုလဲ ”

၀မ်ယန်က သူ့ဘေးကိုရောက်လာခဲ့ရင်း ပုခုံးကိုပုတ်ကာ ပြောပါတယ်။

” သူဒဏ်ရာတွေက အတော်လေးပြင်းထန်တယ်..ဒါပေမယ့် အသက်အန္တရာယ်တော့မရှိဘူး..စန်းရှီ မင်းသူ့အတွက် လက်စားချေချင်လား ”

ရှုစန်းရှီက ရုတ်တရက်ဆိုသလို လှည့်သွားပါတော့တယ်။

” ဒါပေါ့ ကျွန်တော်လက်စားချေမယ် ”

သူ့ရဲ့အသံက ပုံမှန်အခြေအနေတွေထက် ကွာခြားနေပြီ အရမ်းကိုစိတ်အားထက်သန်မှုနဲ့ ပြည့်နှက်နေခဲ့တယ်။ ၀မ်ယန်က ခေါင်းညိတ်ရင်းပြောလာခဲ့ပါတယ်။

” ငါမင်းကိုအခွင့်အရေးပေးမယ်…ဒီတစ်ယောက်ချင်းဆီပြိုင်ပွဲမှာမင်းအရင်ဆုံးသွားရမယ်. ”

” ကောင်းပြီ ကျွန်တော်အပေါ်တက်ပြီ အားလုံးကို ဖျက်ဆီးပြစ်မယ် ”

ပြောပြီတာနဲ့ ၀မ်ယန်ဆီက နို့ပုလင်း၀ိညာဥ်လက်နက်ကို လက်ခံယူလိုက်ရပါတယ်။ အဲ့ဒီနောက် မျက်လုံးတွေကိုပိတ်လိုက်ပြီ ကုန်ဆုံးသွားတဲ့၀ိညာဥ်စွမ်းအားကို စတင်ဖြည့်တင်းပါတော့တယ်။

ဒီနေ့နောက်ဆုံးပြိုင်ပွဲအတွက် ၀မ်ယန်က စွမ်းအားဖြည့်တင်းဖို့အတွက် နို့ပုလင်း၀ိညာဥ်လက်နက်တွေကို ပြင်ပြင်ဆင်ဆင်၀ယ်ယူထားခဲ့တာပါ။ လက်ရှိအချိန် အားလုံးမှာတစ်ယောက်တစ်ခုရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် သူတို့၀ိညာဥ်စွမ်းအားတွေကိုလဲ အလွယ်တကူဖြည့်ပေးဖို့အသုံး၀င်နေခဲ့တယ်။ မကြာခင်မှာပဲ တစ်ယောက်ချင်းဆီပြိုင်ပွဲတွေက စတင်တော့မှာပါ။

၀မ်ယန်က အရမ်းကိုတည်ငြိမ်နေခဲ့တယ်။ သူပုံသဏ္ဍာန်ကြည့်ရတာ အရမ်းကိုနည်းစနစ်ကျတဲ့ပုံပေါ်ပေမဲ့ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုကိုတော့ ငြင်းဆိုမရပါဘူး။ မှန်ပါတယ် အဖွဲ့လိုက်ပွဲစဥ်ရဲ့ အဆုံးအရှုံးမှုက သူ့ရဲ့အစီအစဥ်ထဲမှာ ပါနေခဲ့တယ်။

အပိုင်း ၁၁၈•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset