Switch Mode

Chapter – 117.3

ရှောင်ဟုန်ချန်ရဲ့ ခြေထောက်သုံးချောင်း ရွှေဖားပြုတ်

အပိုင်း ၁၁၇•၃

” ရှောင်ဟုန်ချန်ရဲ့ ခြေထောက်သုံးချောင်းရွှေဖားပြုတ် ”
°°°
တလက်လက်တောက်ပနေတဲ့ဓားသွားက ကျားဖြူ၀ိညာဥ်ဘုရင်ရဲ့ ခြောက်ခုမြောက်၀ိညာဥ်စွမ်းရည်ပါ။ ကျားဖြူသတ်ဖြတ်မှုလို့ ခေါ်ပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာ ရှောင်ဟုန်ချန်ရဲ့အရှေ့ကို ရောက်လာခဲ့ပါပြီ။

ပြိုင်ပွဲရဲ့အဓိကဒိုင်ဖြစ်တဲ့ ကောင်းကင်ရန်သူတော်သော့်လော့ကတော့ သူတို့နှစ်ယောက်ရဲ့ အနားမှာ မျက်တောင်တစ်ခတ်အတွင်းပေါ်လာပါတော့တယ်။ ဒါပေမယ့် သူတခဏတာတွေးဝေသွားခဲ့တယ်။ လက်ရှိအချိန် ၀င်ရောက်စွက်ဖက်သင့်လားဆိုတာ သူမသေချာခဲ့ပါဘူး။ ဒါကပြိုင်ပွဲရဲ့အဓိဗိုလ်လုပွဲ ပွဲစဥ်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့၀င်ရောက်စွက်ဖက်မှုက ပြိုင်ပွဲကိုအများကြီးထိခိုက်သွားစေခဲ့မှာပါ။

ဒါပေမယ့် လူတစ်ယောက်ကတော့ ပြာဖြစ်သွားခဲ့ပါပြီ။ အကယ်၍ နောက်ထပ်တစ်စုံတစ်ယောက်သာ ကံမကောင်းပဲအသက်ပျောက်သွားခဲ့မယ်ဆိုရင် သူတော့ဖိအားအများကြီးရတော့မှာပါ။ သက်ဆိုင်ရာအဖွဲ့၀င်အသီးသီးကလဲ အကုန်သူမတူအောင်ထူးခြားတဲ့ သိုင်းပညာ၀ိညာဥ်ပညာရှင်တွေကြီးဖြစ်နေခဲ့တယ်။

ထိုက်ယွဲ့ဟန်ကတော့ တစ်ချက်လေးတောင်မတွေဝေပဲ အဆုံးစွန်းအထိ တိုက်ခိုက်လိုက်ပါပြီ။ သူဘယ်လိုများထိန်းချုပ်လို့ထားနိုင်မှာလဲ။ ပြိုင်ပွဲမှာ အရေးကြီးတဲ့နောက်ဆုံးအချီက ရောက်ရှိလို့နေခဲ့ပါပြီ။ ဒါ့အပြင် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ရုတ်တရက်ပေါက်ကွဲတိုက်ခိုက်မှုက အမြဲတမ်းပြိုင်ပွဲတွေကို ပြောင်းပြန်လှန်စေခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကျန်းနန်နန်က သူ့ရှေ့မှာရုတ်တရက်ပေါ်ထွက်လာခဲ့ပြီ ပြိုင်ဘက်ရဲ့ အသေသတ်တိုက်ကွက်ကို သူ့အစားခုခံပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်တစ်ခုလုံးကို သူ့အဖေနဲ့ ဧကရာဇ်နှစ်ယောက်စလုံးက မြို့နံရံပေါ်ကနေ ကြည့်နေခဲ့တာပါ။ ဒါကဗိုလ်လုပွဲစဥ်ကြီးပါပဲ သူက၀ိညာဥ်ဧကရာဇ်တစ်ယောက်ဖြစ်ပြီ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ကို သူ့ရှေ့မှာအကာအကွယ်ပြုထားခဲ့တယ်။ ဒီလိုမျိုးပြင်းထန်လွန်လှတဲ့ စိတ်လုပ်ဆော်မှုက သူဘယ်လိုခံစားရလဲဆိုတာကို ပြောပြဖို့တောင်မတတ်နိုင်တော့ပါဘူး။ ဒါပေမယ့် ကျန်းနန်နန်ကြောင့်သာ မဟုတ်ရင် သေချာပေါက်သူဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်မှန်း သိနေခဲ့ပါတယ်။ ဒါကြောင့် ရှိရှိသမျှမကျေနပ်မှုကို ၀ါးမြိုလိုက်ရင်း သူရဲ့အကောင်းဆုံးကြိုးစားအားထုတ်မှုဖြစ်တဲ့ ကျားဖြူသတ်ဖြတ်မှုကို စတင်တော့တယ်။ ဒိုင်ကဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ပြိုင်ပွဲထဲမှာရှိနေမှာဖြစ်တာကြောင့် ပြိုင်ဘက်ကိုအသေသတ်လိုက်မိမှာလဲ သိပ်ပြီစဥ်းစားမနေတော့ပါဘူး။

ရှောင်ဟုန်ချန်ရဲ့ ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလာပါတော့တယ်။ ဒီကြောက်စရာ၀ိညာဥ်စွမ်းရည်က သူကိုယ်ပေါ်ကိုထိတော့မှာပါ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့မဖောက်ထွင်းနံရံကို မသုံး၀ံ့တော့ပါဘူး။ လက်ရှိအချိန်မှာ ကြောက်စရာကောင်းလွန်လှတဲ့ ဖိအားက သူ့ခန္ဓာကိုယ်ပေါ်မှာကျရောက်လာပြီဖြစ်တာကြောင့် တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကို ဘာနဲ့မှခုခံလို့မရနိုင်တော့မှန်း သူသိနေခဲ့တယ်။ အကယ်၍ သူ၀ိညာဥ်စွမ်းရည်သာ ကုန်ဆုံးသွားခဲ့မယ်ဆိုရင် သူလဲအသက်ပျောက်နိုင်ချေများနေပါတယ်။

ဒါကြောင့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်တဲ့သူက အ​ရေးကြီးချိန်မှာ သူ၀ိညာဥ်စွမ်းရည်တွေကို ထုတ်သုံးရပါတော့တယ်။ ကျားဖြူလက်သည်းက သူ့ရှေ့ကိုရောက်လာခဲ့ပါပြီ။ ရှောင်ဟုန်ချန်ရဲ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို အရည်ပျော်ကျသွားသလိုပါပဲ။ သူက ရွှေရောင်တောက်တောက်အရည်တွေအဖြစ်ကို အလုံးတစ်လုံးအသွင်ပြောင်းလဲသွားရင် မြေပြင်ပေါ်ကို စီးကျသွားပါတော့တယ်။ အဲ့ဒီအရည်တွေပေါ်ကို ကျားဖြူသတ်ဖြတ်မှုကလဲ ရောက်ရှိလာခဲ့ပါပြီ။

ထိုက်ယွဲ့ဟန်ရဲ့တိုက်ခိုက်မှုအင်အားက အလွန်အမင်ကိုကြောက်စရာကောင်းလွန်လှပါတယ်။ သူ့ရဲ့ရူးသွပ်မှုနဲ့ ဖျက်ဆီးနိုင်စွမ်းအပြည့်အရှိန်အ၀ါတွေကလဲ လက်ရှိအချိန်မှာ အဆုံးစွန်းအထိကို ရောက်ရှိနေခဲ့ပါပြီ။ ရှောင်ဟုန်ချန် အသွင်ပြောင်းလိုက်တဲ့ အရည်တွေက ချက်ချင်းဆိုသလို အပိုင်းပိုင်းကွဲထွက်လို့သွားခဲ့ပြီ အမှုန့်တွေအဖြစ်ကို ပြောင်းလဲရင်းနေရာအနှံ့ကို ပြန့်ထွက်သွားပါတော့တယ်။

ဒါပေမယ့် အဲ့ဒီအရည်တွေမြေ​ပြင်ပေါ်ကိုထိထိပြီချင်မှာပဲ နေရာအနှံ့ကိုအရှိန်ပြင်းပြင်းနဲ့ ပြန့်သွားခဲ့ရင်း လျှပ်စီးထောင်အပြင်ဘက်ကို ထွက်လာခဲ့တော့တယ်။

” အစ်ကိုကြီး ”

မုန့်ဟုန်ချန်က အထိတ်တလန့်နဲ့အော်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ ပြိုင်ပွဲအစထဲက ရပ်နေခဲ့တဲ့သူမက သူ့ကိုယ်သူထိန်းချုပ်မထားတော့ပဲ ရွှေရောင်အရည်တွေဆီကို ပြေးလာခဲ့ပါပြီ။

ရွှေရောင်အရည်တွေပြန်ပြီသိပ့်သည်းသွားချိန်မှာတော့ ရှောင်ဟုန်ချန်က အားလုံးရဲ့မျက်စိရှေ့မှာပေါ်လာပါတော့တယ်။ သူ့တစ်ကိုယ်လုံးက ဒဏ်ရာအပြည့်ပါပဲ။ ဒါ့အပြင် ဆက်တိုက်ဆိုသလို ပါးစပ်အပြည့်သွေးတွေကို အန်ထုတ်နေရင်း မုန့်ဟုန်ချန်ရဲ့လက်ထဲကို လဲကျသွားပါတော့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူသတိ၀င်နေဆဲဖြစ်တာကြောင့် တစ်ခွန်းကိုပြောသွားခဲ့တယ်။

” ကံဆိုးလိုက်တာ ငါတော့ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီ ”

လက်ရှိအချိန် အရေးဆုံးကြီးကာလမှာ ရှောင်ဟုန်ချန်ထုတ်သုံးလိုက်တဲ့ ၀ိညာဥ်စွမ်းရည်က ရွှေရောင်လွမ်းဆွတ်မှုလို့ခေါ်ပါတယ်။ အရမ်းကိုအားကောင်းလွန်လှတဲ့ နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်ပါပဲ။ ဒီ၀ိညာဥ်စွမ်းရည်ကို ရရှိစေဖို့အတွက် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကနေ အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်သုံးယောက်တိတိကို စေလွှတ်ပြီ နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ကို သတ်ဖြတ်စေခဲ့ပါတယ်။ ဒါ့အပြင် ထူးခြားတဲ့ဆေးတွေကို အသုံးပြုရင်းရှောင်ဟုန်ချန်ရဲ့ ခန္ဓာကိုယ်ကို အဆင့်မြင့်တင်စေပြီ အောင်အောင်မြင်မြင်စုပ်ယူစေခဲ့တယ်။ ဒါကြောင့်သာ နှစ်ပေါင်းသုံးသောင်း၀ိညာဥ်သားရဲကောင်းရဲ့ အထင်ကြီးစရာ၀ိညာဥ်စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့တာပါ။

ရှောင်ဟုန်ချန်က သူ့ကိုယ်သူအသွင်ပြောင်းနိုင်ပြီ ရွှေရောင်တမ်းတမှုနဲ့အတူ စီးမျောနိုင်ပါတယ်။ ဒါ့အပြင် ပြင်ပတိုက်ခိုက်မှုရှစ်ဆယ်ရာခိုင်နှုန်းကို ဖယ်ရှားနိုင်တဲ့အခြေအနေရောက်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူ့ရဲ့ကျင့်ကြံဆင့်က နည်းနေသေးတာကြောင့် ၀ိညာဥ်စွမ်းအားကို အပြည့်အ၀ချောချောမွေ့မွေ့မထိန်းချုပ်နိုင်သေးပါဘူး။ မဟုတ်ရင် သူ့ရဲ့အစွမ်းအစတွေအားလုံးပေါင်းလိုက်လို့ကတော့ ပိုလို့ကြောက်စရာကောင်းနေခဲ့မှာပါ။ သေကွင်းသေကွက်ကနေ လွှတ်မြောက်နိုင်ဖို့အတွက် ဒီရွှေရောင်တမ်းတမှုကို သူကအသုံးပြုနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကျားဖြူသတ်ဖြတ်မှုက အရမ်းကိုရက်စက်နေခဲ့တယ်။ သတ္ထုတွေက လျှပ်စီးကူးမှုမြန်ပါတယ်။ ဒီဂုဏ်သတ္တိကြောင့်သာ သူ့တစ်ကိုယ်လုံးက လျှပ်စီးထောင်ကို ဖြတ်သန်းလာခဲ့ရတဲ့အတွက် မခံမရပ်န်ိုင်အောင်နာကျင်လို့နေခဲ့ပါပြီ။ လက်ရှိအဖွဲ့လိုက်တိုက်ပွဲမှာ သူဆက်ပြီမပြိုင်ဆိုင်နိုင်တော့ပါဘူး။ ပထမဆုံးပြိုင်ပွဲ ပွဲထွက်မှုက ဒီလိုအဆုံးသတ်သွားမယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့မိတာအမှန်ပါ။ လက်ရှိအချိန် သူ့ရဲ့ဆံပင်တွေတောင် မီးမြိုက်ခံရလို့ မီးသွေးတုံလိုအရောင်ပြောင်းနေခဲ့ပါပြီ။ ဒါကလုံး၀ကို သက်သောက်သက်သာရှ်ိတဲ့အရာမဟုတ်ခဲ့ပါဘူး။

ရှောင်ဟုန်ချန် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားချိန်မှာပဲ မာရှောင်ထောင့်က မမျော်လင့်ထားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်လိုက်ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ သူမကိုယ်သူမ ခုခံကာကွယ်မဲ့အစား ပြိုင်ဘက်တွေကို ရူးရူးသွပ်သွပ်နဲ့ တန်ပြန်တိုက်ခိုက်ဖို့ သူမရွေးချယ်လိုက်ပါပြီ။

လျှပ်စီးတန်းတွေတောက်ပတဲ့ပုံစံနဲ့အတူ နောက်ကိုပျံသန်းသွားခဲ့ရင်း ညာဘက်လက်ကို မြောက်လိုက်ပါတယ်။ အဲ့ဒီနောက် ကျစ်ကျစ်တောက်ပူပြင်းနေတဲ့ အနီရင့်ရောင်မီးတောက်တွေနဲ့အတူ အနက်ရောင်နတ်မီးငှက်တစ်ကောင်က ထွက်ပေါ်လာခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ ပြိုင်ဘက်တွေရဲ့ တိုက်ခိုက်မှုနဲ့လက်မတင်လေး ထိတော့မဲ့အချိန်စင်အောက်ကို ခုန်ချသွားခဲ့ပါတယ်။

အနက်ရောင်မီးငှက်ကြီးရဲ့ ပစ်မှတ်ရွေးချယ်မှုက ကြီးမားတဲ့ လူ၀ံမဟုတ်ခဲ့ပါဘူး။ အသန်မာဆုံးဖြစ်တဲ့မာယုလုံလဲ မဟုတ်ခဲ့သလို အရှိန်နှုန်းမြန်ဆန်တဲ့သူလဲ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် မိုက်ကယ်ရဲ့ လျှပ်စီးတန်းပုလဲတွေကတော့ နတ်မီးငှက်နဲ့ပွတ်တိုက်ရင်းရုတ်တရက်ပျောက်ကွယ်သွားပါတော့တယ်။ နတ်မီးငှက်က ချန်ဖေးရဲ့ သတ္ထုလုံးတွေနဲ့တိုက်ခိုက်နေရင်း ဘာမှမရှိတော့တဲ့အထိ ပျောက်ဆုံးလို့သွားစေတယ်။ ဒီ၀ိညာဥ်လက်နက်တွေက အစွမ်းအစတောင် ထုတ်မပြရသေးခင်အချိန်မှာပဲ အရည်ပျော်သွားခဲ့ပါပြီ။

မီးလျှံငှက်ရဲ့အရှိန်အ၀ါက ကြောက်စရာကောင်းလွန်လှပါတယ်။ သူ့ရဲ့ပထမဆုံးပစ်မှတ်ကတော့ ချန်ဖေးဖြစ်နေခဲ့တယ်။ ချန်ဖေးက သွေးဆာနတ်ဆိုးလူ၀ံရဲ့ နောက်မှာရပ်နေခဲ့တာပါ။ မာရှောင်ထောင့်က သူ့ကိုဒီလိုကြီးတိုက်ခိုက်လာမယ်လို့ မတွေးထားခဲ့ပါဘူး။ သူခန္ဓာကိုယ်ကိုအသုံးပြုရင်း ဒီနတ်မီးငှက်ရဲ့တိုက်ခိုက်မှုကနေ ခုန်ရှောင်ဖို့ကြိုးစားကြည့်ပါတယ်။

တောက်ပတဲ့အနက်ရောင်နတ်မီးငှက်မီးလျှံတွေရဲ့ သက်ရောက်တဲ့နေရာက မကြီးမားခဲ့ပါဘူး။ ဒါ့အပြင် သူအမြင်အရမြန်ဆန်တဲ့ပုံလဲ မပေါ်တာအမှန်ပါ။ သူပိုင်ဆိုင်ထားတဲ့ လျှပ်စီးငှက်ရဲ့ အရှိန်နှုန်းက အဲ့ဒီအနက်ရောင်မီးငှက်နဲ့ယှဥ်လို့ရနိုင်တဲ့အရာမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့အကဲဖြတ်မှုက အတော်လေးမှားယွင်းသွားတာ နှ​မြောစရာကောင်းနေခဲ့တယ်။

အနက်ရောင်မီးငှက်က မကြီးမားသလို မြန်လဲမမြန်ဆန်ပေမဲ့ ကြောက်စရာအပူရှိန်တွေက ချန်ဖေးကို စတင်တိုက်စားပါတော့တယ်။

ဒါ့အပြင် သူတို့ရဲ့ကျယ်ပြန်တဲ့နှုန်းက အရမ်းကိုမြန်ဆန်လွန်နေတာကြောင့် မျက်လုံးနဲ့သိသိသာသာမြင်နိုင်ဖို့တောင်မလွယ်ကူပါဘူး။ ချန်ဖေးရဲ့ခန္ဓာကိုယ်ကတော့ ကြောက်စရာကောင်းလွန်လှတဲ့ ပေါက်ကွဲမှုအောက်မှာ ၀ါးမြိုခံရပါပြီ။

အမျက်ဒေါသကျောင်းတော်ရဲ့ လူတွေအားလုံးက ရှောင်ဟုန်ချန်လိုမျိုး အကာအကွယ်ကောင်းကောင်းရှိနေကြတာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီလိုထူးခြားတဲ့၀ိညာဥ်လက်နက်တွေကို လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့အရင်းအမြစ်တွေကလဲ ရှားပါးလွန်လှပါတယ်။

ချန်ဖေးမှာ မပျက်သုန်းအတားအဆီးရှိပေမဲ့ မပျက်သုန်းအတားအဆီးက တစ်ကြိမ်ထဲအသုံးပြုလို့ရတဲ့ ၀ိညာဥ်ပစ္စည်းပါ။ ဒါကြောင့် အတော်လေး တန်ကြေးရှိလွန်ပါတယ်။ သူ့အနေနဲ့ ဒီတိုက်ခိုက်မှုကို ခုန်ရှောင်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေခဲ့တဲ့အပြင် အနာဂတ်မှာအသုံးပြုဖို့အတွက်လဲ သိမ်းထားချင်နေခဲ့တယ်။ ဒါကြောင့် မပျက်သုန်းအတားအဆီးကို ထုတ်မသုံးခဲ့ပါဘူး။ ဒါပေမယ့် တစ်စုံတစ်ရာလွဲမှားနေတဲ့အကြောင်း သူနားလည်သွားချိန်မှာတော့ နောက်ကျသွားခဲ့ပါပြီ။

မာယုလုံက ထအော်ပါတော့တယ်။

” ဒိုင်လူကြီးမင်း ”

အကယ်၍ ကောင်းကင်ရန်သူတော်သော့်လော့ သူတို့ဖက်ကိုအာရုံစိုက်နေခဲ့မယ်ဆိုရင် သေချာပေါက် အချိန်မီရောက်ရှိနိုင်ပါတယ်။ နှမြောစရာကောင်းလောက်အောင်ပဲ ဒိုင်လူကြီးက ရှောင်ဟုန်ချန်အပေါ်ကျရောက်မဲ့ ထိုက်ယွဲ့ဟန်ရဲ့ တိုက်ခိုက်မှုကို အာရုံစိုက်နေခဲ့တာပါ။ မာယုလုံရဲ့အသံကိုကြားချိန်မှာ သူလှုပ်ရှားချင်ပေမဲ့ နောက်ကျသွားခဲ့ပါပြီ။

နတ်မီးငှက်ရဲ့ မာဆတ်ဆတ်အသံထွက်ပေါ်လာချိန်မှာတော့ ချန်ဖေးရဲ့ရွေ့လျားနေတဲ့ ခန္ဓာကိုယ်က မီးလျှံတွေအောက်ကနေ လွှတ်ဖို့အတော်လေးခက်ခဲသွားခဲ့ပါတယ်။ အဲ့ဒီနောက် မီးလျှံတွေက မိုက်ကယ်ဆီကို ပြေး၀င်သွားခဲ့ပါပြီ။

ချန်ဖေးရဲ့ ခန္ဓာကိုယ်က ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားခဲ့ပြီ ခန္ဓာကိုယ်တိတိကတော့ ပြာကျလို့သွားခဲ့ပါတယ်။ သူ့ရဲ့အလောင်းကတော့ စင်ပေါ်ကိုပြုတ်ကျလာခဲ့ပါပြီ။

မိုက်ကယ်ကတော့ ချန်ဖေးရဲ့ အဖြစ်ဆိုးကိုမြင်ချိန်မှာ လုံး၀မတောင့်ခံ၀ံ့ပါဘူး။ ချက်ချင်းဆိုသလို မပျက်သုန်းအတားအဆီးကို ထုတ်သုံးရင် နတ်မီးငှက်ရဲ့ တိုက်ခိုက်မှုကို တားဆီးပါတော့တယ်။ သူမမျှော်လင့်ထားတဲ့အရာကတော့ အဲ့ဒီနတ်မီးငှက် မာယုလုံဆီပြေး၀င်သွားတာပါပဲ။

မာယုလုံကတော့ ဒေါသထွက်နေတဲ့အမုန်းတရားတွေကြောင့် မျက်လုံးတစ်ခုလုံး နီရဲနေခဲ့ပါပြီ။ ဒါကြောင့် ရွေးချယ်စရာမရှိပဲ သူ့ရဲ့ကိုယ်ပိုင်မပျက်သုန်းအတားအဆီးကို ထုတ်သုံးရပါတော့တယ်။ သူက၀ိညာဥ်ဧကရာဇ်တစ်ယောက် ဖြစ်နေခဲ့ပေမဲ့ မာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်မဲ့တစ်ခုတည်သောအရာက မပျက်သုန်းအတားအဆီးအပြင် တခြားမရှိပါဘူး။

တောက်ပတဲ့အနီရောင်မီးတောက်တွေက ကောင်းကင်အထိကို ထိုးတက်နေခဲ့ပါတယ်။ အနီရင့်ရောင်ပုံသဏ္ဍာန်တိမ်တိုက်က လေထဲမှာပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာခဲ့တယ်။

အစောပိုင်းတုန်းက မပျက်သုန်းအတားအဆီးကို အသုံးပြုလိုက်ရတဲ့အတွက် နှမြောစရာကောင်းတယ်လို့မိုက်ကယ်ခံစားမိပေမဲ့ နတ်မီးငှက်ဖျက်ဆီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ အင်အားလှိုင်းတွေက စင်မြင့်ကို ချော်ရည်ပူတွေလိုပြောင်းလဲသွားစေမှန်းနားလည်သွားပြီချိန်မှာတော့ သူမနှမြောနိုင်တော့ပါဘူး။

နေလကျောင်းတော်ဖက်ရဲ့အဖွဲ့အနေနဲ့ မာရှောင်ထောင့်ကို အမြဲတမ်းသတိကြီးကြီးထားသလို သူမရဲ့တားဆီးဖို့အတွက်လဲ အမြဲတမ်းလူလေးယောက်စီးထားခဲ့တာပါ။ ဒါပေမယ့် မာရှောင်ထောင့်ရဲ့ ကြောက်စရာစွမ်းအားက သူတို့ထိပ်တိုက်ရင်ဆိုင်ဖို့ များလွန်နေပါတယ်။

လင်းရှိီနဲ့ ချန်ဖေးကတော့ တိုက်ပွဲထဲမှာ သေဆုံးသွားခဲ့ပါပြီ။ မာယုလုံနဲ့ မိုက်ကယ်တို့ရဲ့ မပျက်သုန်းအတားအဆီးကလဲ ထပ်သုံးလို့မရတော့ပါဘူး။ သူတို့တွေက နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ ကျောင်းသားတွေဖြစ်နေခဲ့ပေမဲ့ မပျက်သုန်းအတားအဆီးက တစ်ယောက်မှာတစ်ခုသာရှိကြတာပါ။ ဒါ့အပြင် ဒီပစ္စည်းရဲ့တန်ဖိုးကလဲ ကြီးမားလွန်လှပါတယ်။

မာရှောင်ထောင့်က စင်အောက်ကိုခုန်ဆင်းသွားပြီဖြစ်တာကြောင့် သူမအနေနဲ့ တိုက်ပွဲထဲဆက်ပြီမယှဥ်ပြိုင်နိုင်တော့ဘူးဆိုတာ ဆိုလိုတာပါပဲ။ ဒါကြောင့် ဒဏ်ရာလဲမရသလို သူ့ရဲ့အင်အားကိုလဲ ကောင်းကောင်းထိန်းသိမ်းထားနိုင်တယ်လို့ ဆိုလိုနေခဲ့တာပါ။

မာရှောင်ထောင့်က ဖြစ်ရပ်တွေကိုကြည့်ဖို့အတွက် တစ်ချက်လေးတောင် စင်ပေါ်ကိုလှည့်မကြည့်ခဲ့ပါဘူး။ ရှုစန်းရှီကိုဆွဲရင်းနဲ့သာ စောင့်ဆိုင်းနယ်မြေကို ပြန်သွားပါတော့တယ်။

ဟို့ယွိဟောင်က ချက်ချင်းနေရာကနေ ခုန်ထလာခဲ့ပြီ သူမကိုနေရာပေးပါတော့တယ်။ မာရှောင်ထောင့်ထိုင်လိုက်တာနဲ့ သူမရဲ့ခုံတစ်ခုလုံးက အရည်ပျော်လို့သွားပါတော့တယ်။ ဘေးမှာရှိတဲ့၀မ်သုန့်ကတော့ ကြောက်ကြောက်လန့်လန့်နဲ့ နေရာပြောင်းသွားခဲ့ပါပြီ။ စင်ပေါ်မှာဒီလောက်ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ထားတဲ့ အဲ့ဒီနတ်မီးငှက်၀ိညာဥ်ဧကရာဇ်ကို ဘယ်သူကများသွားထိ၀ံ့မှာလဲ။

အကယ်၍ ဒီတိုက်ပွဲရဲ့အခြေအနေကို ဖော်ပြဖို့စကားလုံးတစ်ခုသုံးရမယ်ဆိုရင် သေချာပေါက် ကပ်ဆိုက်တာပါ။

အစောပိုင်းထုတ်ပယ်မှုပွဲစဥ်တွေမှာ လူတွေသေဆုံးတယ်ဆိုတာက အရင်သမိုင်းတစ်လျှောက်မှာ ဖြစ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့သူတွေကလဲ မရှားပါးဘူး။ ဒီလောက်အထိ ကြီးမားတဲ့အပျက်အစီးအဆုံးအရှုံးကတော့ ဖြစ်ပေါ်ခဲ့တယ်ဆိုတာအတော်ကို ရှားပါးလွန်ပါတယ်။ ဒါပေမယ့် လက်ရှိပြိုင်ပွဲမှာတော့ သော့်လော့တစ်ယောက် ကြီးကြပ်နေတာတောင်တိုက်ပွဲထဲမှာ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဖက်ကနေ သေဆုံးသူနှစ်ယောက်တိတိ ရှိသွားပြီဖြစ်ခဲ့ပါတယ်။

လင်းရှီရဲ့အခြေအနေက မတော်တဆလို့သတ်မှတ်လို့ရနိုင်ပေမဲ့ ချန်ဖေးကိုတော့ ကောင်းကင်ရန်သူသော့်လော့ကမကာကွယ်နိုင်ခဲ့တာအမှန်ပါ။ ဒီတိုက်ပွဲရဲ့ ကြောက်စရာကောင်းမှုနဲ့ ပြင်းထန်မှုက အရမ်းကိုမြင့်မားလွန်လှပါတယ်။

မာရှောင်ထောင့်က ရှုစန်းရှီကို ဘေးမှာပြစ်တင်လိုက်တဲ့အတွက် ၀မ်ယန်ကသူ့ကို ခပ်မြန်မြန်ပဲ ချီလိုက်ရပြီ မနိုးလာစေအောင် ကြိုးစားနေခဲ့ရတယ်။

ဟို့ယွိဟောင်က သူ့ရဲ့လက်နှစ်ဖက်စလုံးကိုမာရှောင်ထောင့်ရဲ့နောက်ကျောဖက်မှာတင်ထားခဲ့ရင်း ရေခဲဧကရီရဲ့ ဆူးချွန်နဲ့ ထူးဆန်းကျောက်စိမ်းလက်သည်းနှစ်ခုစလုံးကို အသုံးပြုရင်း သူမကိုရေခဲစွမ်းအားနဲ့ ထိန်းပေးနေခဲ့ပါတယ်။ မာရှောင်ထောင့် ရဲ့ အ၀တ်အစားတွေအပေါ်မှာတော့ ရေခဲလှိုင်းတွေက ချက်ချင်းထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ လက်ဖ၀ါးထိတွေ့တဲ့နေရာတည့်တည့်မှာ ချက်ချင်းဆိုသလို အ၀တ်အစားတွေက အရည်ပျော်သွားပါတော့တယ်။

အပိုင်း ၁၁၇•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset