အပိုင်း ၁၁၇•၂
” ရှောင်ဟုန်ချန်ရဲ့ ခြေထောက်သုံးချောင်းရွှေဖားပြုတ် ”
°°°
အရင်တုန်းက သူအသုံးပြုခဲ့တဲ့ ၀ိညာဥ်စွမ်းရည်လေးခုထဲမှာ ပထမနဲ့တတိယ၀ိညာဥ်စွမ်းရည်က သတ္ထုထိန်းချုပ်မှုနဲ့ ရွှေရောင်ပေါင်းစည်းမှုဆိုတဲ့အရာတွေကို ထုတ်လွှတ်နိုင်ပါတယ်။ လက်ရှိအချိန်မှာပဲ ၀ိညာဥ်အမြောက်ဗျူဟာကို ဖန်တီးရင်းသူပြစ်လွှတ်နေတဲ့ အလင်းလုံးတွေကတော့ သတ္ထုတွေကို ထိန်းချုပ်နိုင်တဲ့ သူ့အစွမ်းအစအပေါ်မူတည်ပြီ လုံးလုံးလျားလျားဖန်တီးထားတာပါ။ ဒါ့အပြင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ သတ္ထုအမှုန့်တွေရဲ့ ထုထည်ပမာဏကိုလဲ အမြဲတမ်းထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် သူထိန်းချုပ်နိုင်တဲ့ သတ္ထုအမှုန့်တွေက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ဘယ်လိုအသွင်မျိုးမဆို ပြောင်းလဲဖို့အသင့်ဖြစ်နေတာပါ။
ဒုတိယနဲ့ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်တွေကတော့ ရွှေရောင်ရေလှိုင်းနဲ့ ရွှေရောင်စတေးမှုလို့ခေါ်ပါတယ်။
ရွှေရောင်ရေလှိုင်းတွေကတော့ သူ့ရဲ့သတ္ထု၀ိညာဥ်စွမ်းရည်က အားလုံးလှုပ်ရှားမှုတွေကို မြန်မြန်ဆန်ဆန် မြင့်တက်စေနိုင်ပြီ အချိန်တိုအတွင်းသတ္ထုတွေထိန်းချုပ်မှုကိုအများကြီး မြင့်မားတိုးတက်စေပါတယ်။ ဒါ့အပြင် လေထဲမှာရှိတဲ့ သတ္ထုအမှုန့်တွေကိုလဲ ကိုယ်ပိုင်မသုံးပြုမှုအတွက်အချိန်မရွေးစိတ်ကြိုက်ထိန်းချုပ်နိုင်ဖို့ ခွင့်ပြုပေးတယ်။
ရွှေရောင်စတေးမှုကတော့ သတ္ထုတွေအားလုံးပေါင်းစည်းပြီ ကြောက်စရာကောင်းလောက်အောင်ပြစ်လွှတ်ရင်းနဲ့ ထိတ်လန့်စရာအင်အားကို ဖန်တီးနိုင်မှာပါ။ ဒီ၀ိညာဥ်စွမ်းရည်နှစ်ခုကို တစ်ပြိုင်နက်ထဲ အသုံးပြုတာကြောင့် ၀ိညာဥ်အမြောက်တစ်ရာနဲ့ရှစ်ခုကို သူထိန်းချုပ်နိုင်နေတာလဲဖြစ်ပါတယ်။ ဒီ၀ိညာဥ်စွမ်းရည်တွေကြောင့်သာ သတ္ထုတွေအားလုံးကိုကောင်းကောင်းကစားနိုင်နေခဲ့တယ်။
အထင်ကြီးစရာကောင်းလွန်လှတဲ့ သတ္ထုထိန်းချုပ်စွမ်းရည်ကြောင့် သမိုင်းအစကနဦးထဲကနေ အခုလက်ရှိအချိန်အထိ နေလနိုင်ငံတော်နံပါတ်တစ်ပါရမီရှင်လို့အသိအမှတ်ပြုကြပါတယ်။ ဒါ့အပြင် သူ့ရဲ့စုစုပေါင်းတိုက်ပွဲစွမ်းအားက မာယုလုံနဲ့သိပ်ပြီမကွာပါဘူး။ အကယ်၍ သူ့ရဲ့ပညာရှင်အဆင့်ထိန်းချုပ်နိုင်စွမ်းက မာယုလုံကို လိုက်မီသွားမယ်ဆိုရင် သူအစွမ်းအစက သေချာပေါက်အဖွဲ့ခေါင်းဆောင်နေရာထက်ကို ကျော်လွန်သွားမှာပါ။
ဒါပေမယ့် ဘယ်သူမှမမျှော်လင့်ထားနိုင်လောက်အောင် ရုတ်တရက်ဆိုသလိုလူတစ်ယောက်ကထိုက်ယွဲ့ဟန်ရဲ့အရှေ့ကို ခုန်၀င်လာပါတော့တယ်။ ရှောင်ဟုန်ချန် အမြောက်နဲ့ပြစ်လိုက်ချိန်မှာ သူက၀င်လာခဲ့တာပါ။
သူမရဲ့ခန္ဓာကိုယ်က ပိန်သွယ်ပြီအတော်ကို ငယ်ရွယ်တဲ့အပြင် မရင့်ကျက်မှုတွေအပြည့်ပါပဲ။ ဒါပေမယ့် သူမရဲ့မျက်နှာပေါ်မှာ တစ်ချက်လေးတောင် မယိုင်လဲတဲ့စိတ်ဆုံးဖြတ်ချက်ခိုင်မာမှုက အထင်သားရှိနေခဲ့ပါတယ်။ သူမရဲ့ခန္ဓာကိုယ်ကနေ ထူးထပ်တဲ့ရွှေရောင်အလင်းတန်းတွေက မြင့်တက်လို့လာခဲ့ပြီ အလင်းတန်းအကာအကွယ်တစ်ခုအဖြစ် သူမကိုအထဲမှာကာကွယ်လိုက်ပါတယ်။
အဲ့ဒါကဘယ်သူများလဲ ရှောင်ဟုန်ချန်က ဒီမိန်းမချောကိုမြင်ချိန်မှာ ဒီကောင်မလေးက သူ့ညီမမုန့်ဟုန်ချန်ထက်တောင် အဆပေါင်းရာချီမက လှနေတာပိုသတိထားမိသွားပါတယ်။ ဒါကြောင့် သူ့ရဲ့လှုပ်ရှားမှုက အနည်းငယ်တုန့်ဆိုင်သွားခဲ့ပါပြီ။ သူမကိုထိခိုက်စေဖို့မ၀ံ့ရဲတဲ့အတိုင်းပါပဲ။
ဒါပေမယ့် တိုက်ခိုက်မှုက အဆုံးစွန်းအထိ ထုတ်သုံးပြီသားဖြစ်တာကြောင့် ပြန်သိမ်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
သူမက ဘယ်သူများပါလိမ့် အမျက်ဒေါသကျောင်းတော်ရဲ့အပြင် နယ်မြေမှာ နံပါတ်တစ်အလှပဂေးအဖြစ်ထင်ရှားတဲ့သူဖြစ်ပြီ အမျက်ဒေါသကျောင်းတော်ရဲ့ ပြိုင်ပွဲတစ်လျှောက်လုံးမှာ အတိတ်ဆိတ်ဆုံးဖြစ်တဲ့ပြိုင်ပွဲ၀င် ကျန်းနန်နန်ပါပဲ။
ဒီကြောက်စရာကောင်းလွန်လှတဲ့တိုက်ခိုက်မှုက မကြာခင်မှာကျရောက်တော့မှာပါ။ ကျန်းနန်နန်က လူတိုင်မမျှော်လင့်ထားတဲ့အခြေအနေမှာ ထိုက်ယွဲ့ဟန်အရှေ့ကို ၀င်သွားခဲ့ပါတယ်။ မကြာခင်မှာပဲ သူမရဲ့တစ်ကိုယ်လုံးကို ၀ိညာဥ်အမြောက်အလင်းတန်းတွေက ၀ါးမြိုသွားခဲ့ပါပြီ။
” နန်နန် မဖြစ်ဘူး ”
ရှုစန်းရှီက အဝေးကနေသာကြည့်နေခဲ့ရတာပါ။ သူ့ရဲ့မျက်လုံးတွေက ပြူးကျယ်လို့သွားခဲ့ပြီ မျက်နှာတစ်ခုလုံးလဲ သွေးစုပ်ဖြူရော်သွားပါတော့တယ်။ ချက်ချင်းဆိုသလို ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကသူ့ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ကျန်းနန်နန် အန္တရာယ်ကြုံလာရချိန်မှာ သူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ရွှမ်၀ူလိပ်နတ်ရဲ့စွမ်းအားတွေက နောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လာပါတော့တယ်။
မာရှောင်ထောင့်က သူ့ဘေးမှာရှိနေတာပါ။ လက်ရှိအချိန်မှာ သူမကလက်ကိုမြောက်ရင်းတစ်ချက်လေးတောင်သတိမပေးပဲ သူ့ရဲ့လည်ပင်းကိုရိုက်ချလိုက်ပါတော့တယ်။
သတိလစ်အောင်အရိုက်ခံလိုက်ရတဲ့အတွက် ရှုစန်းရှီရဲ့အင်အားတွေကလဲ မပေါက်ကွဲတော့ပါဘူး။ မာရှောင်ထောင့်က ခြေထောက်ကိုမြောက်ရင်း ရှုစန်းရှီကို စင်အောက်ဖက်ဆီကန်ထုတ်လိုက်ပါတော့တယ်။
မာရှောင်ထောင့်ရဲ့ အမူအရာကိုမြင်ချိန်မှာ ၀မ်ယန်ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ပါပြီ။ ဒါကြောင့် သူပြောလိုက်ပါတယ်။
နောက်ဆုံးတော့ သူအရည်အချင်းပြည့်၀တဲ့အဖွဲ့ခေါင်းဆောင်ဖြစ်လာပြီပဲ။
မာရှောင်ထောင့်ရဲ့ ကန်ချက်ကရှုစန်းရှိီကို လွှင့်ထွက်သွားစေပြီတဲ့နောက် မာယုလုံရဲ့အမြောက်က သူ့ရှေ့တည့်တည့်ကို ရောက်လာပါတော့တယ်။ ဒီအမြောက်က သူမအရှေ့မှာရှိနေခဲ့ပြီ သူ့ရဲ့ခန္ဓာကိုယ်က ရုတ်တရက်ဆိုသလို အရွယ်အစားကြီးမားလာပါတော့တယ်။ လေးမီတာကျော်မြင့်မားတဲ့အမြောက်ကြီးက လက်သီးတွေကိုအသုံးပြုရင်း မာရှောင်ထောင့်ရဲ့ခေါင်းကို ထုချဖို့ပြင်တယ်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့တဲ့ အနီရောင်အမွေးတွေကလဲ သံမဏိအပ်တွေလိုမျိုး ထောင်ထနေခဲ့ပါပြီ။
ဒါက စွမ်းရည်တစ်ခုမဟုတ်ခဲ့ပါဘူး။ တကယ်စစ်မှန်တဲ့ ၀ိညာဥ်သားရဲကောင်တစ်ကောင်ပါပဲ။ ဒါ့အပြင် သူ့ရဲ့ကျင့်ကြံဆင့်ကလဲ နှစ်ပေါင်းတစ်သောင်းထက်ကို ကျော်လွန်နေခဲ့မှာပါ။ မာယုလုံက ဒီလိုပြိုင်ပွဲထဲမှာ ၀ိညာဥ်သားရဲကောင်တစ်ကောင်ကို စေလွှတ်ပြီတိုက်ခိုက်နိုင်စေမယ်လို့ ဘယ်သူများ တွေးမိမှာလဲ။
ဒီအမြောက်က တိုက်ခိုက်နေတဲ့တစ်ယောက်တည်သောသူမဟုတ်ပါဘူး။ လျှပ်စီးအလင်းတန်းပေါင်းသုံးဆယ်ခြောက်ခုကလဲ မာရှောင်ထောင့်ဆီကို ပြေး၀င်လာခဲ့ပါပြီ။ ဒါကတော့ မိုက်ကယ်ဆီကနေ ရောက်လာတာပါ။ လျှပ်စီးအလင်းတန်းတွေက ကြီးမားတဲ့ ပိုက်ကွန်ကြီးအဖြစ် ပြောင်းလဲသွားရင်း တစ်ချက်လေးမှယိုပေါက်မရှိရအောင် သူမကို ဖုံးအုပ်ဖို့လုပ်ပါတော့တယ်။
လျှပ်စီးငှက်၀ိညာဥ်ဘုရင် ချန်ဖေးကလဲ လူ၀ံကြီးရဲ့ဘေးကနေ ခုန်အုပ်လိုက်ပါတယ်။ ရွှေရောင်အလင်းတန်းတွေက သူ့အနောက်ကနေဆက်တိုက်လိုက်လာခဲ့ပြီ မာရှောင်ထောင့်ကို ဘယ်ပေါက်မှပြေးပေါက်မရှိအောင် သူတို့တားဆီးထားဖို့လုပ်တော့တယ်။
ဒါပေမယ့် အဲ့ဒါတွေက မာရှောင်ထောင့်ရင်ဆိုင်နေရတဲ့ အကြီးဆုံးခြိမ်းခြောက်မှုမဟုတ်သေးပါဘူး။ အကြီးဆုံးခြိမ်းခြောက်မှုကတော့ မာယုလုံပါပဲ။
ရွှေရောင်အမြောက်က သူ့ပုခုံးပေါ်ကိုနောက်တစ်ကြိမ် တောက်ပလာခဲ့ပါပြီ။ မာယုလုံရဲ့စိတ်ခံစားချက်တွေက သူ့ရဲ့အပေါင်းအဖော်သေဆုံးမှုကြောင့် အထိအခိုက်မခံရတဲ့အတိုင်း အရမ်းကိုတည်ငြိမ်လို့နေခဲ့ပါတယ်။ မာရှောင်ထောင့်ကို အေးစက်ပြီတောက်ပတဲ့မျက်၀န်းတွေနဲ့သာကြည့်နေရင်း သူကလွဲပြီဘယ်သူမှမမြင်နိုင်တဲ့အတိုင်းရှိနေခဲ့တယ်။ ဒါ့အပြင် မာရှောင်ထောင့်ရဲ့ စိတ်အာရုံစိုက်မှု ငါးဆယ်ရာခိုင်နှုန်းနီးပါးကို သူက အရယူထားခဲ့တာပါ။
လုံ၀မလှုပ်ရှားတဲ့သူကတော့ မုန့်ဟုန်ချန်ပါပဲ။ သူမကလုံး၀ကို မတည်ရှိတဲ့အတိုင်း နောက်မှာသာရပ်နေခဲ့ပါတယ်။ ရှောင်ရှဖုန်းကတော့ မာယုလုံရဲ့ဘေးကိုပြေး၀င်လာခဲ့ပြီ တစ်စုံတစ်ရာကို ထုတ်လွှတ်လိုက်တယ်။ အဲ့ဒီနောက် မာယုလုံရဲ့ပါးစပ်ထဲကို အဲ့ဒီအရာထည့်ပေးလိုက်ပါပြီ။
ပေါက်စီပေါင်လား ရှောင်ရှဖုန်းက တကယ်တော့အစာအမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက်ပါ။ ပါးစပ်ထဲကိုထည့်ပေးလိုက်တဲ့ ပေါက်စီက သေချာပေါက်၀ိညာဥ်စွမ်းအားကို အဆပွားတိုးတက်စေတဲ့ တစ်စုံတစ်ရာဆိုတာ ယုံမှားဖွယ်ရာမရှိပါဘူး။
မာယုလုံပါးစပ်ထဲကို ပေါက်စီထည့်ပေးပြီတဲ့နောက် မြေပြင်မှာပဲ သူ့ကိုယ်သူအခြေချလိုက်ပါတယ်။ သူ့ရဲ့ပါးစပ်ထဲမှာလဲ ပေါက်စီတစ်လုံးရှိနေခဲ့တယ်။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်ကနေ သံမဏိအသံတွေကထွက်ပေါ်လာပါပြီ။
အမြောက်ခွံရှစ်ဆယ်တစ်ခုကတော့ တစ်ခုပြီတစ်ခုပေါ်လာပါတော့တယ်။ အဲ့ဒီနောက် စက်၀ိုင်ပုံသဏ္ဍာန်လှည့်ပတ်နေရင်း မာရှောင်ထောင့်ကို ပစ်မှတ်အဖြစ်စတင်ချိန်ရွယ်တော့တယ်။ ၀ိညာဥ်အမြောက်ခံတပ်ရဲ့ တိုက်ပွဲနည်းဗျူဟာပါ။
ချက်ချင်းဆိုသလို ၀ိညာဥ်စွမ်းအားတွေက စတင်ပြင်းပြင်းထန်ထန်စုစည်းလာပါတော့တယ်။ ရှောင်ရှဖုန်းက အစာအမျိုးအစား ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သာမန်၀ိညာဥ်ပညာရှင်တွေထက် အချိန်အကြာကြီးတိုက်ပွဲဗျူဟာကို ထိန်းထားနိုင်မှာပါ။
မာရှောင်ထောင့်က ရှူစန်းရှီရဲ့ ဘေးအစွန်းတစ်ဖက်မှာ ရောက်နေခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ လူလေးယောက်လုံးလဲ ၀ိညာဥ်သားရဲကောင်တစ်ကောင်ရဲ့ဖိအားအောက်မှာရောက်နေခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုကနေ လွှတ်မြောက်နိုင်ဖို့မျှော်လင့်ချက်မရှိပါဘူး။ သူတို့ပြိုင်ဘက်ရဲ့ဗျူဟာက အရမ်းကိုရိုးရှင်းပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့ခေါင်းဆောင်ကို လုံး၀အပြတ်ရှင်းဖို့အတွက် ရည်ရွယ်နေခဲ့တယ်။
လက်ရှိဒီလိုအခြေအနေ ဖြစ်နေချိန်မှာပဲ တစ်ဖက်မှာတော့ အခြေအနေက စတင်ပြီပြောင်းလဲနေခဲ့ပါပြီ။
ရှောင်ဟုန်ချန်ကတော့ သူ့ရဲ့အမြောက်တွေအားလုံးက ပစ်မှတ်ကို ထိသွားတဲ့အတွက်အရမ်းကို ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ ပြုံးနေခဲ့တယ်။ ရှုစန်းရှီက သူ့ကိုဒီလိုမျိုးနေရာပြောင်းလဲပြီ ဆွဲခေါ်ခဲ့ပေမဲ့ သူတို့အဖွဲ့ကိုကူညီမဲ့အစား တကယ်တော့ ရှောင်ဟုန်ချန်ကို ကျော်ကြားမှုရအောင်လုပ်ပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။
ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ ကျန်ရစ်တဲ့အဖွဲ့သားငါးယောက်ကို သူရဲ့ဒီလိုတ်ိုက်ခိုက်မှုနဲ့ ဖယ်ရှားနိုင်လို့ကတော့ သေချာပေါက် သူကျောင်းတော်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာမယ်လို့ ကိုယ့်ကိုကိုယ်တွေးနေခဲ့မိတယ်။ ဒါ့အပြင် နိုင်ငံတစ်ခုလုံးရဲ့ သူရဲကောင်းတောင်ဖြစ်ဦးမှာပါ။ ဟိုဖက်ကမိန်းမချောလေးအတွက်ကတော့ နှမြောစရာကောင်းလွန်ပါတယ်။
ဒါပေမယ့် သူ့ရဲ့ပြုံးနေတဲ့မျက်နှာပေါ်မှာ ထိတ်လန့်မှုက ချက်ချင်းဆိုသလို ၀င်ရောက်လာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့၀ိညာဥ်အမြောက်ရွှေရောင်စာလုံးကို တားဆီးလိုက်တဲ့တစ်စုံတစ်ရာက သူ့မျက်စိရှေ့မှာရောက်လာနေလို့ပါပဲ။ ဆက်တိုက်ဆိုသလို ခန္ဓာကိုယ်မှာရှိတဲ့ ၀ိညာဥ်အမြောက်တွေက အရင်ထက်ဆယ်ဆမကပိုလေးလံလာတာကို ခံစားလိုက်မိပါတယ်။ ဒါ့အပြင် သူ့တစ်ကိုယ်လုံးကို ဟိုမြေအောက်ငရဲဘုံဆီဆွဲချနေသလိုပါပဲ။ အဲ့ဒီကြောက်စရာကောင်းလွန်လှတဲ့ ဖိအားက သူ့တစ်ကိုယ်လုံးကို ဆွဲဖြဲပြစ်တော့မှာ ရှောင်ဟုန်ချန် ကြောက်သွားခဲ့ရတယ်။
သူ့မှာသတ္ထုတွေကို ထိန်းချုပ်နိုင်တဲ့အစွမ်းအစရှိပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အသွေးအသားတွေသာ ရှိပါတယ်။ ဒါ့အပြင် ဒီလိုကြောက်စရာကောင်းတဲ့ဖိအားကြောင့် ၀ိညာဥ်အမြောက်တွေနဲ့ ချိတ်ဆက်မှုကို ခပ်မြန်မြန်ဖယ်ရှားလိုက်ရပြီ အမြောက်တွေလဲ မြေပြင်ပေါ်ကို ပြုတ်ကျတော့တယ်။ အဲ့ဒီနောက် ရွှေရောင်တောက်ပမှုက သူ့ဆီကိုမျက်တောင်တစ်ခတ်အတွင်းပြေး၀င်လာခဲ့ပြီ သူ့ရဲ့ ရင်ဘတ်တည့်တည့်ကို ကန်ချလိုက်ပါတော့တယ်။
ရွှေရောင်အလင်းတန်း သူ့မျက်စိရှေ့က ဖြတ်ပြေးချိန်မှာပဲ သူ့ရင်ဘတ်တည့်တည့်ကို ကန်ချလိုက်သူက ဘယ်သူမှန် ရှောင်ဟုန်ချန်မြင်လိုက်ရပါတယ်။ အဲ့ဒါက သူခုနတုန်းကစိတ်မကောင်းဖြစ်ရတဲ့ မိန်းမချောမဟုတ်ပါလား။
ဒါဘာတွေများဖြစ်သွားတာလဲ ရှောင်ဟုန်ချန်က မယုံနိုင်ဖြစ်နေခဲ့ရပါတယ်။ ၀ိညာဥ်စက်ကွင်းလေးကွင်းသာရှိခဲ့တဲ့ အဲ့ဒီမိန်းမချောလေးက သူ့ရဲ့၀ိညာဥ်အမြောက် တစ်ရာနဲ့ရှစ်ခုကို ခုခံလိုက်တာလား။ ဒါကြီးကအမှန်တကယ်ဖြစ်နေတာဟုတ်ရောဟုတ်လို့လား။
ကျန်းနန်နန်ရဲ့ ကန်ချက်က အတော်လေးကို လေးလံပါတယ်။ ဒါ့အပြင် သူ့ကိုအနောက်ဖက်ဆီ လွှင့်ထွက်သွားစေခဲ့တယ်။ ရှောင်ဟုန်ချန်ရဲ့ ၀ိညာဥ်စွမ်းအားတွေက အများကြီးကုန်ဆုံးသွားခဲ့ပါပြီ။ ဒါကြောင့် သူ့ခန္ဓာကိုယ်အလေးချိန်ကလဲ ပိုတိုပွားလာသယောင်ထင်ရပါတယ်။ ဒါကြောင့် ဒီတိုက်ခိုက်မှုကို ခုန်ရှောင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။
ကျန်းနန်နန်က နောက်တစ်ကြိမ်လေပေါ်မှာပြန်တက်သွားရင်းနဲ့ ရှောင်ဟုန်ချန်ရဲ့လည်ပင်းကို ခြေထောက်နှစ်ချောင်းကြားမှာညှပ်ရင်းမရုန်းကန်နိုင်အောင် လုပ်ထားခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်က ရုတ်တရက်လေထဲလွှင့်သွားတာကို ခံစားလိုက်ရပြီတဲ့နောက် လည်ပင်းပေါ်ကဖိအားနဲ့အတူ တိမ်တွေထဲလွှင့်သွားသလိုမျိုး မူးနှောက်သွားပါတော့တယ်။
အဲ့ဒီနောက် ရွှေရောင်အလင်းတန်းတွေထဲမှာ ချွန်ထက်တဲ့တစ်စုံတစ်ရာကို မြင်လိုက်ရပါတယ်။ အဲ့ဒါက ထိုက်ယွဲ့ဟန်ပိုင်ဆိုင်တဲ့တစ်စုံတစ်ရာပါပဲ။ ဒီချွန်ထက်တဲ့အစွန်းက ရွှေရောင်ကျားလက်သည်းဖြစ်နေခဲ့တယ်။
ရှောင်ဟုန်ချန်တကယ်ပဲ အော်ဟစ်ပြီကျိန်ဆဲချင်နေပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့သားတွေကို သူအော်ဟစ်ကျိန်ဆဲချင်နေပါတယ်။ ဒီကောင်တွေဘာကြောင့်များ ဒီလောက်အထိ ဆိုးရွားနေရတာလဲ။ ဒီကောင်တွေ လူရောလူမှဟုတ်သေးရဲ့လား။ သူမမြင်လိုက်ရတဲ့အရာကတော့ ကျန်းနန်နန်က သူ့ကိုကိုင်ပေါက်ပြီ လည်ပင်းကိုပတ်ရင်း ဇောက်ထိုးဆွဲချလိုက်တဲ့အချိန်မှာ သွေးတွေအန်ပြီ လဲကျသွားတာပါပဲ။
ကျန်းနန်နန်က ဒီပြိုင်ပွဲတစ်လျှောက်လုံးမှာ ထင်ရှားတဲ့ကိစ္စတွေအများကြီးကို မလုပ်ဆောင်ခဲ့ပါဘူး။ ဒါပေမယ့် သူမကအင်အားမကြီးတဲ့သူဟုတ်ရောဟုတ်လို့လား။ မဟုတ်ပါဘူး သူက မူလပင်ကိုယ်သဘာ၀အရာမှာ သိုသိုသိပ်သိပ်နေတတ်တဲ့သူပါ။
အကြီးအကဲရွှမ် ကိုယ်တိုင်ရွေးချယ်ထားတဲ့ လူတစ်ယောက်လဲဖြစ်နေသလို ရှုစန်းရှီနဲ့ အဆင့်အတန်းကလဲ အတူတူပါပဲ။ သူမက လှနေရုံကြောင့်လား ဒါမှမဟုတ်သူမရဲ့ ၀ိညာဥ်စွမ်းရည်တွေကြောင့်လား။ ကျန်းနန်နန်ရဲ့ ၀ိညာဥ်စွမ်းရည်လေးခုကတော့ ဒါတွေပါ။ ခါးလေးကြိုး မြေကမ္ဘာဆွဲငင်မှု တစ်ပြိုင်နက် သယ်ယူပို့ဆောင်မှုနဲ့ မပျက်သုန်းရွှေခန္ဓာကိုယ်ပါပဲ။
ပထမဆုံး၀ိညာဥ်စွမ်းအားကတော့ သာမန်၀ိညာဥ်စွမ်းရည်တစ်ခုပါပဲ။ ဒါပေမယ့် ကျန်ရစ်တဲ့သုံးခုကတော့ ထူးဆန်းမြေအောက်လောကနေရာရွေ့ပြောင်းမှုနဲ့ ယှဥ်ပြိုင်နိုင်တဲ့ စွမ်းရည်တွေဖြစ်နေခဲ့တယ်။ ဒါ့အပြင် သင့်တော်အောင်အသုံးပြုတဲ့အချိန်မှာ အံ့ဩစရာရလဒ်တွေရနေတာပါ။
မပျက်သုန်းရွှေခန္ဓာကိုယ်ကဘာပါလိမ့် အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ပထမမျိုးဆက်ထဲမှာရှိတဲ့ ရွှမ်၀ူက ဒီစွမ်းအားကိုအသုံးပြုခဲ့ဖူးပါတယ်။ ကျန်းနန်နန်ရဲ့ သိုင်းပညာ၀ိညာဥ်ကလဲ သူ့နဲ့တူညီနေခဲ့တယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းရည်တွေကလဲ သိပ်ပြီကွာခြားမှုမရှိပါဘူး။
၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ အသုံးပြုနေတဲ့ မပျက်သုန်းအတားအဆီးဆိုတာက ဒီထူးဆန်းပြီး ရှားပါးအားကောင်းတဲ့၀ိညာဥ်စွမ်းရည်ကနေ အခြေခံပြီဖန်တီးထားခဲ့တာပါ။ မပျက်သုန်းရွှေခန္ဓာကိုယ်။ မပျက်သုန်းရွှေခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းက လုံး၀ကိုအစွန်းဆုံးရောက်တဲ့ ကာကွယ်မှုပါပဲ။ ဘယ်သူမှလဲ မတားဆီးနိုင်သလို နတ်ဘုရားစွမ်းအားကိုမပိုင်ဆိုင်နိုင်မတားဆီးနိုင်ပါဘူး။
ကျန်းနန်နန်က သူမရဲ့ မပျက်သုန်းရွှေခန္ဓာကိုယ်ကို အသုံးပြုပြီး ရှောင်ဟုန်ချန်ရဲ့အသန်မာဆုံးတိုက်ခိုက်မှုကို ခုခံပါတယ်။ အဲ့ဒီနောက် တစ်ပြိုင်နက်နေရာရွေ့ပြောင်းမှုနဲ့ မြေကမ္ဘာစွမ်းအားထိန်းချုပ်မှုတို့ကို အသုံးပြုပြီး ရှောင်ဟုန်ချန်ကို နောက်ဆုံးမှာတော့ ခါးလေးကြိုးနဲ့ပြစ်လွှတ်လိုက်တော့တယ်။
ရှောင်ဟုန်ချန်ကတော့ မယုံနိုင်မှုအပြည့်နဲ့ ကြည့်နေဆဲပါ။ ကျန်းနန်နန်ကတော့ လက်ရှိအချိန်သွေးအန်နေရင်းနဲ့ မြေပြင်ပေါ်ကို လဲကျသွားခဲ့ပါပြီ။ သူမက သူမခန္ဓာကိုယ်ပေါ်မှာမပျက်သုန်းရွှေခန္ဓာကိုယ်ကိုတော့ တခဏတာအထိထိန်းထားနိုင်ခဲ့ပါတယ်။
သူက ပေ့ပေ့နဲ့ ရှုစန်းရှီတို့လိုမျိုး မယုံနိုင်စရာကောင်းလောက်တဲ့ အနာဂတ်အလားအလာမပိုင်ဆိုင်ထားခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင်စွမ်းအားတွေက အားကောင်းတဲ့၀ိညာဥ်စွမ်းအားတွေကို ထုတ်လွှတ်နိုင်ခဲ့တယ်။ ဒါ့အပြင် ထူးခြားတဲ့အခြေအနေတွေအောက်မှာ အမျက်ဒေါသကျောင်းတော်ရဲ့ နံပါတ်တစ်အနီးကပ်တိုက်ခိုက်မှု ပညာရှင်ပါပဲ။ ဒါကြောင့်သာ ထိုက်ယွဲ့ဟန်က အခွင့်အရေးရသွားခဲ့တာပါ။
အပိုင်း ၁၁၇•၂ ပြီး၏။