Switch Mode

Chapter – 6.1

" သော့်လော့တိုက်ရဲ့ နံပါတ်တစ် ကျောင်းတော် "

Chapter – 6.1 ” သော့်လော့တိုက်ရဲ့ နံပါတ်တစ် ကျောင်းတော် ”
°°°
ဟို့ယွိဟောင်က ပေ့ပေ့သင်ကြားပေးခဲ့တဲ့ နည်းလမ်းတွေကို ပြန်လည်စဥ်းစားနေခဲ့ပေမဲ့ ထန်ယာ့ပြောလိုက်တဲ့ စကားကြောင့် ချက်ချင်းဆိုသလို စိတ်ဗလာဟင်လင်ဖြစ်သွားပါတော့တယ်။ သူတို့သုံးယောက်က ဆက်တိုက်ဆိုသလို လမ်းလျှောက်ရင်း ခရီးဆက်လာခဲ့ကြတယ်။ လမ်းတစ်လျှောက်မှာ ထန်ယာ့က ကျောင်းတော်ထဲက အခြေအနေအကြောင်း ဟို့ယွိဟောင် ရှင်းပြခဲ့ပါတယ်။

အမျက်ဒေါသကျောင်းတော်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းအချိန်ကာလမှာ စတင် တည်ထောင်ခဲ့ပြီး မိစ္ဆာစကားလုံးကနေ ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။ အမျက်ဒေါသကျောင်းတော်ကို စတင် တည်ထောင်ခဲ့တဲ့သူတွေက ဒီကျောင်းတော်ကို မိစ္ဆာလိုထူးချွန်တဲ့ သူတွေရဲ့ ကျောင်းတော်ဖြစ်စေချင်ခဲ့တယ်။

ဒါ့အပြင် ကျောင်းတော်ရဲ့ ရှေးအကျဆုံးဆိုင်ဘုတ်တစ်ခုကတော့ သာမန်လူတွေကို မမွေးထုတ်ဘူး။ မိစ္ဆာတွေကိုသာ မွေးထုတ်တယ်။ ဒါပေမယ့် သူတို့ပြောတဲ့ မိစ္ဆာဆိုတဲ့စကားလုံးက ပါရမီရှင်တွေကို ဆိုလိုတာပါ။

သော့်လော့တိုက်ရဲ့ နံပါတ်တစ် ထန်မျိုးနွယ်ကို တည်ထောင်ခဲ့တဲ့သူကလဲ အမျက်ဒေါသကျောင်းတော်ကနေ အောင်မြင်ပြီးမြောက်ခဲ့သူ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတော်ကို ပထမဆုံးအနေနဲ့ ထိပ်ဆုံးအထိရောက်အောင် တွန်းပို့ပေးတဲ့သူလဲ ဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ အမျက်ဒေါသကျောင်းတော်က စတင် တည်ထောင်ခဲ့တဲ့ ကျောင်းတော်သားတစ်ချို့သာ ရှိခဲ့ပြီး အဲ့ဒီကျောင်းတော်သားတွေကို အမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ကောင်လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

မိစ္ဆာခုနှစ်ဖော်ရဲ့ ပုံပြင်ကတော့ ပျံ့နှံ့နေခဲ့တာ အချိန်အတော်ကို ကြာမြင့်လှပါပြီး ဒါ့အပြင် သူတို့အထဲမှာ အကျော်ကြားဆုံးကတော့ ထန်မျိုးနွယ်ရဲ့ မျိုးနွယ်စုအရှင်သခင်ဖြစ်တဲ့ စုံတွဲပါပဲ။ အဲ့ဒီနောက် ထန်မျိုးနွယ်က အတော်ကိုကျဆင်းလို့သွားခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်က အခုအချိန်ထိ မြင့်မြင့်မားမား ရှိနေဆဲပါ။ အဲ့ဒီနောက် ဆက်တိုက်ဆိုသလို အချိန်ရဲ့တိုက်စားမှုနဲ့ သော့်လော့တိုက်ရဲ့ နံပါတ်တစ်ကျောင်းတော်ဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန် အမျက်ဒေါသကျောင်းတော်က တိုက်ကြီးတစ်ခုလုံးမှာ အင်အားအကြီးဆုံးနေရာကို ရရှိလို့ထားခဲ့တယ်။ ဒါ့အပြင် သော့်လော့တိုက်နဲ့ နေလတိုက်တို့ရဲ့ တိုက်ပွဲကြားမှာ သူတစ်ယောက်ထဲကသာ အခြေတကျကျန်ရစ်ခဲ့ပါတယ်။

စစ်ပွဲကြီးစတင်ချိန်မှာ သော့်လော့တိုက်ရဲ့ နိုင်ငံတော်သုံးခုက ကိုယ်ပိုင်အမြင်တွေ ရှိနေခဲ့တာကြောင့် သော့်လော့တိုက်က စစ်ပွဲထဲမှာ အရေးနှိမ့်ခဲ့ရပါတယ်။ နေလတိုက်ကတော့ သော့်လော့တိုက်ရဲ့ အတွင်းနယ်မြေအထိကို ရောက်ရှိလို့လာခဲ့တယ်။

အရေးကြီးအချိန်မှာ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းအုပ်က တကယ်ကို ကြောက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒီလိုကြီးမားပြီး မမျှော်လင့်ထားနိုင်လောက်တဲ့ ဆုံးဖြတ်ချက်ကြီးကတော့ သော့်လော့ဘွဲ့ရတဲ့ လူပေါင်းပညာရှင်ပေါင်း ခြောက်ဆယ့်နီးပါးကို စစ်တပ်ကြီးသုံးခုရဲ့ အုပ်ချုပ်သူတွေဖြစ်လာစေခဲ့တာပါပဲ။ သူတို့စစ်တပ်တွေကို အသီးသီးအုပ်ချုပ်ပြီးတဲ့နောက် နေလနိုင်ငံရဲ့ စစ်တပ်တွေကို အလွယ်လေးဖျက်ဆီးပြစ်ပြီး နောက်ဆုံးမှာ တိုက်ပွဲကို အနိုင်ယူနိုင်ခဲ့တယ်။ အဲ့ဒီနောက် တိုက်နှစ်ခုကို ပေါင်းစည်းရင်း သော့်လော့တိုက်ဆိုတဲ့နာမည်လဲတွင်သွားခဲ့ပါတယ်။ နေလနိုင်ငံတော်ကတော့ သူတို့ရဲ့နယ်မြေတွေကို ပေးအပ်ရင်းနဲ့သာ ဆက်လက်တည်ရှိဖို့အတွက် ကြိုးစားနေခဲ့ရတယ်။ ဒါ့အပြင် စစ်ပွဲရဲ့ ကုန်ကျစရိတ်တွေကိုလဲ ပေးအပ်ခဲ့ရပါသေးတယ်။ သူတို့ရဲ့စစ်တပ်အင်အားက အဲ့ဒီအချိန်ကနေ စတင်ပြီး သိသိသာသာကို အားနည်းလို့သွားခဲ့တာကြောင့် နောက်တစ်ကြိမ် ကိုယ်ပိုင်တိုက်ကြီးအဖြစ် ရပ်တည်ဖို့ခက်ခဲသွားခဲ့ပါပြီး သော့်လော့တိုက်ရဲ့ နိုင်ငံတော်တစ်ခုအင်အားနဲ့သာ ညီမျှတဲ့ စစ်တပ်အင်အားကို သူတို့ပိုင်ဆိုင်ထားခဲ့ပါတယ်။

ဒီစစ်ပွဲကြီးက အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သတင်းကို အဆုံးစွန်းအထိ မြင့်တက်လို့သွားစေခဲ့တယ်။ သော့်လော့ဘွဲ့ရတဲ့ လူအယောက်ခြောက်ဆယ့်ကို စုစည်းထားနိုင်တဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ အရှိန်အ၀ါက အဲ့ဒီကျောင်းအုပ်ရဲ့ အစွမ်းအစတစ်ခုပါပဲ။ ဒါ့အပြင် နိုင်ငံတော်သုံးခုကို စုစည်းပေးနိုင်သူလဲ ဖြစ်ခဲ့တယ်။ သူ့ရဲ့ စုစည်းမှုအောက်မှာ နိုင်ငံတော်သုံးခုရဲ့ တော်၀င်မိသားစုတွေလဲ အရမ်းကို အံ့ဩစရာကောင်းလောက်အောင် ရှာဖွေတွေ့ရှိသွားရတဲ့ အရာကတော့ ပေါင်းစည်းညီညွတ်နေတဲ့ စစ်တပ်ထဲမှာ ရှိရှိသမျှ စစ်သူကြီးတွေအားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့လူတွေဖြစ်နေခဲ့တာပါပဲ။ ဒီလိုပေါင်းစည်းညီညွတ်မှုအောက်မှာ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းအုပ်က နိုင်ငံတော်တွေအားလုံးကို ညီညွတ်အောင် ထိန်းချုပ်လို့ထားနိုင်ခဲ့တယ်။ ဒီလိုညီညွတ်မှုကြောင့်သာ သူတို့တွေရဲ့ အနိုင်ရရှိခဲ့တာလဲ ဖြစ်ပါတယ်။

အဲ့ဒီနေ့ကနေစပြီ ကျောင်းတော်ကို ဘယ်နိုင်ငံကမှ မပိုင်ဆိုင်တော့ပါဘူး။ သူက သီးခြားရပ်တည်မှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကျောင်းတော်ကတော့ အရမ်းကို ဉာဏ်ပညာကြီးမားတဲ့ ကျောင်းအုပ်တွေရဲ့ အောင်အောင်မြင်မြင် မြေတောင်မြှောက်ပေးမှုကို ခံခဲ့ရတယ်။ တိုက်ကြီးမှာ အရမ်းခမ်းနားတဲ့ နေရာတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပေမဲ့ သူတို့က မောက်မာထောင်လွှာတာမျိုး မရှိခဲ့ပါဘူး။ ကျောင်းတော်ကြီးက နိုင်ငံတော်သုံးခုကို ညီတူညီမျှသာ ဆက်ဆံပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်စစ်တပ်လဲ မတည်ထောင်ထားပါဘူး။ အမြဲတမ်းဆရာတွေရဲ့ အရေအတွက်ကိုလဲ တညီတညွတ်ထဲ ထိန်းထားလို့ထားခဲ့ပါတယ်။ ဒါကြောင့်သာ အမျက်ဒေါသကျောင်းတော်က ဘယ်နိုင်ငံကိုမှ အန္တရာယ်အငွေ့အသက်မခံစားစေရတာလဲ ဖြစ်ပါတယ်။ ကျောင်းတော်က ကျောင်းတော်ကြီးပါပဲ သူက ဆက်တိုက်တည်ရှိနေရုံတင်မကပဲ ဘယ်နိုင်ငံကမှ မလှုပ်ခတ်နိုင်တဲ့အနေအထားမှာ ရှိနေခဲ့တယ်။

ကျောင်းတော်ကြီးက ထန်ဟွမ် နိုင်ငံတော်ရဲ့ အရှေ့တောင်ဖက်အရပ်မှာတည်ရှိပါတယ်။ မဟာကြယ်တာရာသစ်တောရဲ့ အနောက်တောင်ဘက်မှာ ရှိနေခဲ့တယ်။ ဒါ့အပြင် သုန့်လင်နိုင်ငံတော်ရဲ့အရှေ့မှာတည်ရှိပြီး ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အနောက်ဖက်မှာ တည်ရှိနေခဲ့တယ်။ ဒါကြောင့် နိုင်ငံတော်သုံးခု ဆုံးဆည်ရာနေရာမှာတည့်တည့်ရှိနေတယ်လို့လဲ ဆိုလို့ရနိုင်ပါတယ်။

လက်ရှိအချိန်ကျောင်းတော်က နှစ်ခြမ်းကွဲနေတဲ့အကြောင်း ထန်ယာ့က ဟို့ယွိဟောင်ကို ပြောပြနေခဲ့တယ်။ အတွင်းနယ်မြေရဲ့ အပြင်နယ်မြေဆိုပြီး နှစ်နေရာခွဲထားပါတယ်။ နှစ်စဥ်နှစ်တိုင်း ကျောင်းတော်ထဲကို ကျောင်းသူကျောင်းသားတစ်ထောင်ကနေ ငါးထောင်၀န်းကျင်အမြဲတမ်းအသစ်၀င်ရောက်လာကြပါတယ်။ ကျောင်းတော်ကို ၀င်ရောက်ပြီတဲ့နောက် ပြီးမြောက်အောင်မြင်နိုင်တဲ့အထိ ဆယ့်နှစ်နှစ်ကြာသင်ယူမှုကို စတင်ကြရတယ်။ နှစ်စဥ်နှစ်တိုင်း ကျောင်းသားကျောင်းသူတွေကို ထုတ်ပယ်တဲ့နှုန်းကလဲ အရမ်းကို မြင့်မားပါတယ်။ ကျောင်းတော်ရဲ့ စစ်ဆေးမှုတွေကိုသာ မအောင်မြင်ဘူးဆိုရင် သေချာပေါက် ကျောင်းတော်ကနေ အညှာအတာမရှိကန်ထုတ်ခံရလိမ့်မယ်။

ဒါကြောင့် ကျောင်းတော်ကနေ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်တဲ့သူတိုင်းက မျိုးဆက်သစ်တွေထဲမှာ ပါရမီရှင်တွေကြီးပါပဲ။

ကျောင်းတော်က ပါရမီရှင်တွေနဲ့ ပြည့်နေခဲ့တာ သူ့ရဲ့ တင်းကြပ်တဲ့ရွေးချယ်မှုကြောင့်လဲ ပါပါတယ်။ ဒါ့အပြင် နိုင်ငံတော်သုံးခုမှာ နိုင်ငံရေးပြသာနာတွေ တက်လာတိုင်းအမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေက ကူညီဖြေရှင်းကြရပါတယ်။ ဒါ့အပြင် လောကနံပါတ်တစ်ကျောင်းတော်ဆိုတဲ့ နာမည်ကလဲ အလကားမဟုတ်ခဲ့ပါဘူး။

တခြားတစ်ဖက်မှာရှိနေခဲ့တဲ့ နေလနိုင်ငံတော်ကတော့ အမျက်ဒေါသကျောင်းတော်နဲ့ လုံး၀ကို ရန်ဘက်ဖြစ်နေခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့လူတွေကိုကျောင်းတော်ဆီ သင်ကြားပေးဖို့ တစ်ခါမှမစေလွှတ်ပါဘူး။ ဒါတွေကြောင့်ပဲ နေလနိုင်ငံတော်ထဲမှာ ထိပ်ဆုံးထိရောက်တဲ့သူက နှစ်ပေါင်းထောင်ချီအတွင်း အတော်ကိုရှားပါးပါတယ်။ ဒါ့အပြင် သူတို့ရဲ့ စစ်တပ်အင်အားကိုလဲ အမြဲတမ်းကန့်သတ်ခံထားရတဲ့အတွက် သူတို့တွေက သိုသိုသိပ်သိပ်သာ နေကြရတယ်။

” ယွိဟောင် ကျောင်းတော်ထဲကို နင်၀င်ပြီရင်း အပြင်နယ်မြေမှာ စတင်ပြီး လေ့ကျင့်ရလိမ့်မယ်….ဒါ့အပြင် အဲ့ဒီအပြင်နယ်မြေမှာ နေရာတွေအများကြီးခွဲထားတာကြောင့် ယာယီအချိန်မှာတော့ ထိန်းချုပ်ရေးနယ်မြေကို နင်သွားရမှာပဲ တစ်ချိန်ထဲမှာပဲ ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းပညာကို သင်ကြားရင်း ဘယ်လိုလဲ ”

ထန်ယာ့က ဟို့ယွိဟောင်ကို ရိုးရိုးရှင်းရှင်း မိတ်ဆက်ပေးရင်း မေးနေခဲ့တယ်။

” ဆရာရှောင်ယာ့၀ိညာဥ်တည်ဆောက်ရေး အသက်မွေး၀မ်းကြောင်းက ဘာကြီးလဲ ”

ဟို့ယွိဟောင်က ပြန်လည်မေးလာခဲ့တယ်။

” အဲ့ဒီနေရာက ၀ိညာဥ်လက်နက်တွေကို တည်ဆောက်တဲ့နေရာပဲ ”

သူက ဒေါသတကြီးနဲ့ ပြန်ဖြေလိုက်ပါတယ်။

” ၀ိညာဥ်လက်နက်တွေ ”

ဟို့ယွိဟောင်အခုထိ နားမလည်နိုင်ဖြစ်နေဆဲပါ။ ဒါပေမယ့် သူ့ကို အပြစ်တင်လို့မရပါဘူး။ လက်ရှိအချိန် အမျက်ဒေါသကျောင်းတော်က တိုက်ကြီးမှာ နံပါတ်တစ်ကျောင်းတော်ဖြစ်နေခဲ့ပြီး အနီးအနားနေရာမှာ သူကြီးပြင်းခဲ့ပေမဲ့ အဲ့ဒီကိစ္စတွေကို သူဘာမှမသိပါဘူး။

ထန်ယာ့ မပျော်မရွှင်ဖြစ်တာကို မြင်ချိန်မှာ ပေ့ပေ့က ၀င်ပြီးရှင်းပြပါတော့တယ်။

” ၀ိညာဥ်လက်နက်တွေက ငါတို့ထန်မျိုးနွယ်နဲ့ အတော်ကို နီးကပ်တဲ့ဆက်ဆံရေးရှိတယ်…ပြောရမယ်ဆိုရင် ၀ိညာဥ်လက်နက်တွေဆိုတာက ငါတို့ရဲ့၀ိညာဥ်အင်အားကို သုံးပြီး တိုက်ခိုက်ရတဲ့ လက်နက်တွေပဲ အရေအသွေးကို မြင့်လေလေ စွမ်းအားပိုကြီးလေဆိုတာ နားလည်ထားရမယ်….ဒါ့အပြင် အကယ်၍ မင်းသာ ၀ိညာဥ်လက်နက်ပညာရှင်တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် သန်မာတဲ့ ၀ိညာဥ်လက်နက်တစ်ခုသာရှိလို့ကတော့ မြင့်မားတဲ့တိုက်ခိုက်ရေးစွမ်းအားကိုလဲ ပိုင်ဆိုင်ထားနိုင်လိမ့်မယ်…ဒါပေမယ့် ၀ိညာဥ်လက်နက်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတာက ငါတို့ထန်မျိုးနွယ်ကို ကျဆင်းစေရတဲ့အဓိကအကြောင်းအရင်းကြီးပဲ ”

” ငါတို့ထန်မျိုးနွယ်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်မှာ အတော်ကို စည်ပင်တိုးတက်ခဲ့တယ်…ဒါပေမယ့် နေလနိုင်ငံတော်နဲ့ တိုက်ပွဲမှာ ငါတို့မျိုးနွယ်စုက အများကြီး ပျက်စီးသွားခဲ့ရတယ် ”

ထန်ယာ့က မုန်းတီးစိတ်အပြည့်နဲ့ ပြောနေခဲ့ပါတယ်။

” ငါတို့ထန်မျိုးနွယ်က လျှို့၀ှက်လက်နက်တွေကြောင့် ကျော်ကြားတဲ့ မျိုးနွယ်စု ဒါ့အပြင် ငါတို့ရဲ့အဓိက ၀င်ငွေကိုလဲ လျှို့၀ှက်လက်နက်တွေကို ရောင်းချပြီးရရှိတယ်…အတိတ်အချိန်မှာ နိုင်ငံတိုင်းက ငါတို့ဆီကနေ လက်နက်၀ယ်ကြတယ်….မျိုးနွယ်စုတွေလဲ အတူတူပဲ ”

” လွန်ခဲ့တဲ့ နှစ်လေးထောင်ကျော်မှာ နေလနိုင်ငံတော်က ငါတို့သော့်လော့တိုက်ကို ၀င်တိုက်ခိုက်ခဲ့တယ်မဟုတ်လား နိုင်ငံသုံးခုရဲ့စစ်တပ်တွေကိုလဲ ငါတို့ထန်မျိုးနွယ်က ဆက်တိုက်လက်နက်ထောက်ပံ့ပေးရတယ်….အဆုံးသတ်မှာ နေလနိုင်ငံတော်က ငါတို့ရဲ့၀ိညာဥ်ပညာရှင်တွေကို မယှဥ်နိုင်ခဲ့ဘူးလေ…ဒါကြောင့် သူတို့က ပိုပြီးကောင်းတဲ့ ၀ိညာဥ်လက်နက်တွေကို တည်ထွင်းခဲ့တယ်…ဒီ၀ိညာဥ်လက်နက်တွေက ငါတို့ထန်မျိုးနွယ်ရဲ့ လက်နက်ပုန်းတွေထက် အများကြီးအင်အားသာလွန်တဲ့အပြင် တိုက်ခိုက်တဲ့နေရာကလဲ ကျယ်ပြန့်တယ်…အဆုံးသတ်မှာ ငါတို့သော့်လော့တိုက်ရဲ့ ကြီးမားတဲ့ အပျက်အစီးတွေက သူတို့ရဲ့လက်နက်တွေကြောင့် ဖြစ်လာခဲ့ရတာပဲ ”

အပိုင်း ၆•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset