Switch Mode

Chapter – 117.1

ရှောင်ဟုန်ချန်ရဲ့ ခြေထောက်သုံးချောင်း ရွှေဖားပြုတ်

အပိုင်း ၁၁၇•၁

” ရှောင်ဟုန်ချန်ရဲ့ ခြေထောက်သုံးချောင်း ရွှေဖားပြုတ် ”
°°°
ချန်ဖေးက လျှပ်စီးအရှိန်နှုန်းနဲ့ လှုပ်ရှားလာခဲ့ရင်း ရွှေရောင်အလင်းတန်းတွေကို မာရှောင်ထောင့်ဆီ တိတိကျကျပြစ်လွှတ်လိုက်ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေက မျက်လုံးကန်းလောက်အောင် လျင်မြန်လို့နေခဲ့ပြီ အနောက်ဖက်မှာတောင် ပုံရိပ်ယောင်ကျန်ခဲ့တဲ့အထိ အမြန်ကိုပြေးလွှားလို့နေခဲ့တယ်။

မာရှောင်ထောင့်ကတော့ အေးစက်စက်နဲ့ ဟိန်းဟောက်လိုက်ပါတယ်။ သူကလူတွေကို သတ်ရတာနှစ်သက်တာမျိုးမဟုတ်ရပါဘူး။ ဒါပေမယ့် လိုအပ်လာခဲ့ရင်းလဲ လုံး၀မတွေးဝေမဲ့သူဖြစ်နေခဲ့ပါတယ်။ အနီရောင်အလင်းတန်းက သူမရဲ့မျက်လုံးထဲမှာ တောက်ပလာခဲ့ရင်း နတ်မီးငှက်မီးလျှံတွေက ရွှေရောင်အလင်းလုံးနဲ့ လေထဲမှာ၀င်တိုက်တော့တယ်။

လူတွေမျှော်လင့်ထားသလိုကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုက မဖြစ်ပေါ်လာခဲ့ပါဘူး။ အလင်းစက်ကွင်းတွေက ခပ်မြန်မြန်ပဲ ဆွဲခေါ်ခံထားရပြီ ကြီးမားတဲ့ရွှေရောင်ပိုက်ကွန်ကြီးက မာရှောင်ထောင့်ပေါ်ကို ရောက်လာပါတော့တယ်။

ဒီလိုထောင်ချောက်ဆင်တဲ့ ၀ိညာဥ်လက်နက်တွေအောက်မှာ သူမက အမြဲတမ်းပြဿနာတက်ရတာပါ။ ဒါကြောင့် အမြဲတမ်းသတိကြီးကြီးထားခဲ့ပါတယ်။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ ဒေါသထွက်နေတဲ့ အဖွဲ့သားတွေကိုကြည့်ရင်း သူမနောက်ကိုဆုတ်သွားရင်း ပြန်သွားခဲ့ပါပြီ။ သူမရဲ့ခြေထောက်အောက်မှာရှိနေတဲ့ အနီရောင်အလင်းတန်းနှစ်ခုက အရှိန်ပိုမြင့်ပေးလိုက်ပါတယ်။

ဒါပေမယ့် စိတ်ထဲမှာအစီအစဥ်မရှိပဲ ဒီအတိုင်းနောက်ကိုဆုတ်ခွာလိုက်တာမဟုတ်ပါဘူး။ လွှင့်ထွက်လာခဲ့တဲ့ ရှုစန်းရှီရှိရာကို သူကတန်းတန်းမတ်မတ်ပြန်သွားခဲ့တာပါ။

သူတို့ရဲ့တိုက်ပွဲက အရှိန်ပြင်းပြင်းနဲ့ ဆက်တိုက်ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ ရှောင်ဟုန်ချန်က အမျက်ဒေါသအဖွဲ့ရဲ့ ၀န်းရံမှုနဲ့ ရင်ဆိုင်ရပါပြီ။

ရှောင်ဟုန်ချန်က သူ့ရဲ့အလိုအလောက်အသက်ကာကွယ်တဲ့ မပျက်သုန်းအတားအဆီးကို အသုံးချရင်း မာယုလုံရဲ့တိုက်ခိုက်မှုကို လျှပ်စီးထောင်ထဲမှာ ကာကွယ်လို့နေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ရွှေရောင်အလင်းတန်းတွေက အများကြီးအားနည်းသွားခဲ့ပါပြီ။

ရွှေရောင်အလင်းတန်းရဲ့ အကာအကွယ်အလွှာတွေက မဖောက်ထွက်နိုင်တဲ့နံရံတစ်ခုလို့ ခေါ်ဝေါ်ကြတာပါ။ ဒါကအဆင့်ခြောက်၀ိညာဥ်လက်နက်တစ်ခုဖြစ်ပါတယ်။ ၀ိညာဥ်ပညာရှင်ရဲ့ ကိုယ်ပိုင်၀ိညာဥ်စွမ်းအားနဲ့ အသုံးချဖို့လိုအပ်ပြီ အဆက်မပြတ်၀ိညာဥ်စွမ်းအားကို ထည့်သွင်းနေဖို့လဲလိုပါတယ်။

မပျက်သုန်းအတားအဆီးတွေက အရမ်းကိုတန်ကြေးကြီးမားနေခဲ့ရတာ သူတို့ရဲ့ခုခံနိုင်စွမ်းက လုံလောက်အောက်အင်အားကြီးလို့ပါပဲ။ ဒါ့အပြင် သင့်တော်တဲ့၀ိညာဥ်စွမ်းအားပမာဏတချို့သာရှိရင် သူ့ကို ကောင်းကောင်းအသုံးချလို့ရပါပြီ။ အဲ့ဒီနောက် ထူးခြားတဲ့ကျောက်မျက်ရတနာတစ်ခုကလဲ ၀ိညာဥ်လက်နက်ထဲမှာ ပါ၀င်နေခဲ့ပြီ သုံးစက္ကန့်တိတိရအောင် အကာအကွယ်အတားအဆီးကို ထိန်းထားနိုင်ဖို့ လုံလောက်တဲ့စွမ်းအားကို ပေးစွမ်းပါတယ်။ ဒါက ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ ၀ိညာဥ်သော့်လော့ရဲ့ ခုခံနိုင်စွမ်းနဲ့ညီမျှလို့နေခဲ့တယ်။ သူ့ရဲ့တစ်ခုတည်သောပြဿနာကတော့ တခါသုံးပြီရင်း နောက်ထပ်သုံးလို့မရတဲ့ပစ္စည်းဖြစ်နေတာပါ။ ဒါကြောင့် ဖြုန်းတီးရာတော့ ရောက်နေပါတယ်။

လက်ရှိအချိန် ရှောင်ဟုန်ချန်ရဲ့ ကိုယ်ပေါ်မှာသုံးထားခဲ့တဲ့ မဖောက်ထွင်းနံရံကတော့ ပိုပြီး အဆင့်မြင့်တင်ထားတာဖြစ်နေခဲ့တယ်။ သူ့ရဲ့ခုခံနိုင်စွမ်းက မပျက်သုန်းအတားအဆီးတွေထက် အနည်းငယ်လျော့ပါးနေပေမဲ့ အဆင့်ခုနှစ်၀ိညာဥ်လက်နက်ရဲ့ တိုက်ခိုက်မှုကိုတော့ လုံလောက်အောင်ခုခံနိုင်ပါတယ်။ ဒါ့အပြင် တစ်ခေါက်ထဲအသုံးပြုပြီး လွှတ်ပြစ်လိုက်ရတဲ့ပစ္စည်းမဟုတ်ပါဘူး။ ဒီ၀ိညာဥ်လက်နက်မှာ အဓိကအရေးပါတဲ့ လုပ်ဆောင်ချက်နှစ်ခုရှိပါတယ်။ သူ့ကိုဆက်တိုက်အသုံးပြုနိုင်သလို အလိုအလောက် အသက်သွင်းနိုးထနိုင်လို့ပါပဲ။ အကယ်၍ ရှောင်ဟုန်ချန်သာ သူမခုခံနိုင်လောက်မဲ့ တိုက်ခိုက်မှုမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သူကိုယ်တိုင်က မလှုပ်ရှားနိုင်ရင်တောင် အဲ့ဒီအတားအဆီးက လှုပ်ရှားပြီ သူ့ကိုကာကွယ်ပေးမှာပါ။ ဒါကြောင့်သာ မပျက်သုန်းအတားအဆီးထက်လဲ ပိုပြီးအသုံး၀င်နေခဲ့တယ်။

အရာအားလုံးမှာ အကျိုးနဲ့အ​ပြစ်ရှိတာတော့ အမှန်ပါပဲ။ သူ့ရဲ့ပြဿနာကတော့ ရှောင်ဟုန်ချန်ရဲ့ ၀ိညာဥ်စွမ်းအားတွေကို အလွန်အကျွံအသုံးချနေခဲ့တာပါ။

မာယုလုံရဲ့ ရွှေရောင်အဆင့်ခုနှစ်၀ိညာဥ်လက်နက်က တစ်ခေါက်သာတိုက်ခိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့စွမ်းအားနဲ့ ဖျက်ဆီးနိုင်မှုနိုင်က ကြောက်စရာကောင်းလွန်နေခဲ့တယ်။ မဖောက်ထွင်းနံရံက တိုက်ခိုက်မှုကို ခုခံလိုက်ပေမဲ့ သူက၀ိညာဥ်ဘုရင်တစ်ယောက်ပါ။ ရှောင်ဟုန်ချန်ရဲ့၀ိညာဥ်စွမ်းအားတွေက ငါးဆယ်ရာခိုင်နှုန်းအောက်က်ို လျော့ကျသွားပါတော့တယ်။ ဒါကြောင့် သူ့ရဲ့အမူအရာက ထိတ်လန့်မှုအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။

လျှပ်စီးကွန်ယက်လို့ခေါ်တဲ့ လှောင်အိမ်ရှိနေသရွေ့ အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့သားတွေအားလုံးတင် အဖမ်းခံရမှာမဟုတ်ပဲ သူပါ အထဲမှာပိတ်မိနေတော့မှာပါ။

ဒီလိုမောက်မာ၀ံ့ကြွားနေတတ်တဲ့ လူငယ်လေးက နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်အဖွဲ့ထဲမှာ မြင့်မားပြီလေးစားခံရတဲ့နေရာတစ်ခုကို သူ့ရဲ့တိုက်ပွဲစွမ်းအားနဲ့ ရရှိထားခဲ့ပါတယ်။

မဖောက်ထွင်းနံရံရဲ့ ပေါ်ထွက်လာခဲ့မှုက မပျက်သုန်းအတားအဆီးနဲ့ အတော်လေးတူညီနေခဲ့တယ်။ ဒါကြောင့် အမျက်ဒေါသကျောင်းတော်အဖွဲ့ကလဲ ဆက်တိုက်မတိုက်ခိုက်တော့ပါဘူး။ အဲ့ဒီအစား အချိန်ကုန်ဆုံးမှုကသာ စောင့်ဆိုင်းလို့နေခဲ့တယ်။

ရှောင်ဟုန်ချန်ကတော့ ဒီအခွင့်အရေးကိုအသုံးချရင်း သူ့ကိုယ်ပိုင်သိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးလိုက်ပါပြီ။ ရွှေရောင်အလင်းတန်းတွေက တောက်ပလာခဲ့ရင်း သူ့ရဲ့တင်ပါးအနောက်ဖက်ကနေ ခြေထောက်တစ်ချောင်းပေါ်လာပါတော့တယ်။ ဒီခြေထောက်က ရွှေရောင်တောက်ပနေခဲ့ပြီ မျက်စိကျိန်မတတ်အလင်းတန်းတွေနဲ့အတူ သူတစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့ထားခဲ့ပါတယ်။

ရှောင်ဟုန်ချန်ရဲ့ ခြေထောက်သုံးဖက်က အနည်းငယ်ကွေးနေခဲ့ပြီ ခြေထောက်အောက်ဖက်မှာ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်တစ်ခုတို့က တောက်ပလာပါတယ်။ သူ့ရဲ့နောက်ကျောကိုအနည်းငယ်ကုန်လိုက်ချိန်မှာတော့ အ၀တ်အစားတွေကို ဖောက်ထွက်ရင်းသေးငယ်တဲ့အချွန်အတက်ကလေးတွေက ထွက်ပေါ်လာခဲ့ပါပြီ။ ဒီအချွန်အတက်ကလေးတွေအားလုံးကလဲ ရွှေရောင်တောက်နေခဲ့ပါတယ်။ သူ့ရဲ့ပထမနဲ့ တတိယ၀ိညာဥ်စက်ကွင်းတွေက တစ်ပြိုင်နက်ထဲ အလင်းတွေဖြာထွက်လာပြီတဲ့နောက် လက်နှစ်ဖက်ကို ဝှေ့ရမ်းလိုက်ချိန်မှာ ရာနဲ့ချီတဲ့သတ္ထုဘောလုံးတွေက ဖြစ်ပေါ်လာပါတော့တယ်။

ဒီဘောလုံးတွေက သူ့တစ်ကိုယ်လုံးကို ၀န်းရံရင်းလှည့်ပတ်နေခဲ့ပါပြီ။ အဲ့ဒီနောက် ထူးဆန်းတဲ့မြင်ကွင်းက ထွက်ပေါ်လာပါတော့တယ်။ အလယ်ဗဟိုမှာ သတ္ထုဘောလုံးတွေကို ဗဟိုချက်အဖြစ်ထားထားရင်း သတ္ထုအမြောက်တွေက တစ်လွှာပြီတစ်လွှာဖြစ်ပေါ်လာပါတော့တယ်။

ဒီအရာတွေက ဒီအတိုင်းပေါက်ရောက်လာတာတင်မဟုတ်ပါဘူး။ လုံး၀ကိုအသက်ရှိနေတဲ့ဖြစ်တည်မှုအတိုင်းတွေပါပဲ။ ရှောင်ဟုန်ချန်က သူတို့ကို ထုတ်လွှတ်လိုက်တာမဟုတ်ပဲ သူ့ခန္ဓာကိုယ်ဒီပုံသဏ္ဍာန်အဖြစ် ပြောင်းသွားတာနဲ့တူနေခဲ့တယ်။ သူ့တစ်ကိုယ်လုံးက လက်ရှိအချိန်မှာ ကြီးမားတဲ့ခံတပ်ကြီးသဖွယ်ဖြစ်နေခဲ့ပါပြီ။

” သေလိုက်ပါတော့လား ”

ပေ့ပေ့က အော်ဟစ်ပြီကျိန်ဆဲတတ်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူပါးစပ်ကနေထုတ်ဆဲနေခဲ့ပါပြီ။ ဟယ့်ချိုက်ထို့က ဒီ၀ိညာဥ်စက်ကွင်းတွေနဲ့ ၀ိညာဥ်လက်နက်တွေနဲ့အရင်းနှီးဆုံးသူပါ ဒါကြောင့် သူ့ဘာသာသူတွေးနေခဲ့ပါတယ်။

” သူ့ရဲ့ကိုယ်ပိုင်၀ိညာဥ်စွမ်းအားကို မှိီခိုပြီဒီလောက်များပြားတဲ့ သတ္ထုအမြောက်တွေကို သူပြစ်နိုင်မှာလား ”

သတ္ထုအမြောက်တွေရဲ့ အရေအတွက်ကတင် ပြဿနာရှိနေတာမဟုတ်ပါဘူး။ အ​ရေးကြီးဆုံးကတော့ ကိုင်တွယ်တဲ့သူရဲ့ ဆရာကျကျကိုင်တွယ်နိုင်စွမ်းပါပဲ။ မဟုတ်ရင်သူတို့က ကောင်းကောင်းအလုပ်မလုပ်ပဲ အလှပြရုံသက်သက်သာ ဖြစ်နေလိမ့်မယ်။

ရှောင်ဟုန်ချန်က သူ့ရဲ့၀ိညာဥ်အမြောက်ကို ဒီလိုထုတ်ပြနေတာ အလှပြရုံသက်သက်တော့မဟုတ်လောက်ပါဘူး။ ဒုတိယနဲ့ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းတွေက သူ့ရဲ့ပထမနဲ့ တတိယ၀ိညာဥ်စက်ကွင်းနေရာမှာ အစားထိုးရင်းတောက်ပလာခဲ့တယ်။ မရေမတွက်နိုင်တဲ့အမြောက်ဆံတွေက ရှောင်ဟုန်ချန်ရဲ့အနောက်ဖက်မှာစုဝေးသွားခဲ့ပြီ မရပ်တန့်နိုင်တဲ့ အင်အားနဲ့ ဖြစ်ပေါ်လာတာကိုမြင်လိုက်ရပါပြီ။ ဖြူဖျော့ဖျော့ရွှေရောင်အလင်းတန်းတွေက သူ့ခန္ဓာကိုယ်နဲ့ ထိတွေ့သွားချိန်မှာတော့ စတင်ပြီလောင်ကျွမ်းလာပါတော့တယ်။ အတော်ကြီးကို မခံမရပ်နိုင်အောင်ဆိုး၀ါးလှတဲ့ သတ္ထုတွေရဲ့လောင်ကျွမ်းမှုအနံ့က နေရာတစ်ခွင်လုံးကိုလွှမ်းခြုံသွားခဲ့ပါပြီ။

သတ္ထုအမြောက်အလွှာတွေက လက်ရှိအချိန်မှာ ရွှေရောင်အလင်းတန်းတွေနဲ့ ပေါင်းစည်းလို့နေခဲ့ပါတယ်။ ဒီကြောက်စရာကောင်းလွန်လှတဲ့ အရှိန်အ၀ါက အမျက်ဒေါသကျောင်းတော်တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့တယ်။

ရှောင်ဟုန်ချန်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေခဲ့တဲ့ အမြောက်ပေါင်းက တစ်ရာနဲ့ရှစ်ခုတိတိရှိပါတယ်။ တစ်ခုချင်းဆီတိုင်းကလဲ အဆင့်ငါး၀ိညာဥ်လက်နက်တွေကြီးပါပဲ။ ဒီအမြောက်တွေအားလုံးက သူတို့ရဲ့ပစ်မှတ်နောက်ကို အလိုအလောက်လိုက်ဖမ်းနိုင်ပြီ အရှိန်ခံလိုက်ရတဲ့သူတွေကတော့ အမျက်ဒေါသကျောင်းတော်တွေ ဖြစ်နေခဲ့တယ်။

ရှောင်ဟုန်ချန်ရဲ့ နောက်ကျောဖက်မှာရှိနေခဲ့တဲ့၀ိညာဥ်အမြောက်တွေက ၀ိညာဥ်လက်နက်တွေကိုကိုင်တွယ်တဲ့အရာနဲ့ ရှင်းပြလို့မရနိုင်ပါဘူး။

မကြာခင်မှာပဲ ကြောက်စရာကောင်းလှတဲ့ ၀ိညာဥ်စွမ်းအားမုန်တိုင်းတစ်ခုက သူ့ရဲ့အကာအကွယ်အောက်ဖက်မှာ ဖြစ်ပေါ်လာပါတော့တယ်။

အမျက်ဒေါသကျောင်းတော်အဖွဲ့သားတွေက ဒီအတိုင်းထိုင်ပြီကြည့်မနေခဲ့ပါဘူး။ လက်ရှိအချိန် ထိုက်ယွဲ့ဟန်က အားလုံးရဲ့အရှေ့တည့်တည့်မှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ရှောင်ဟုန်ချန်ကို သူ့ရဲ့ကျားဖြူဒိုင်းကာအသုံးပြုရင်း ကျားဖြူနတ်ဘုရားအသွင်ပြောင်းမှုနဲ့ နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းမှုတွေအားလုံးကိုပဲ တစ်ပြိုင်နက်ထဲ အသုံးချရင်း တိုက်ခိုက်ဖို့လုပ်တော့တယ်။ စွမ်းအားမြင့်တဲ့ ၀ိညာဥ်စွမ်းရည်သုံးခုစလုံးကို အသုံးချလိုက်ပြီချိန်မှာတော့ သူ့ရဲ့ခုခံနိုင်စွမ်းက အမြင့်ဆုံးအဆင့်ကိုရောက်သွားခဲ့ပါပြီ။ သူက လက်ထောက်ခေါင်းဆောင်ဖြစ်သလို ၀ိညာဥ်ဧကရာဇ်တစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ကြည့်နေသူသောင်းချီတွေရဲ့ မြင်ကွင်းရှေ့မှာရောက်နေတာမဟုတ်ပဲ သူ့အဖေကလဲ ဒီပွဲကိုလာကြည့်နေသေးတယ်။ ဒါကြောင့် နောက်ဆုတ်ဖို့ဆိုတာ လုံး၀မဖြစ်နိုင်ပါဘူး။

ပူပြင်းလောင်မြိုက်တဲ့အဖြူရောင်အလင်းတန်းတွေက ထိုက်ယွဲ့ဟန်ရဲ့ ဘေးကနေချက်ချင်းထွက်ပေါ်လာပါတော့တယ်။ ဟယ့်ချိုက်ထို့ကလဲ သူ့ရဲ့အထူးစွမ်းအားစုစည်းမှုအမြောက်ကို တိုက်ပွဲစစချင်ကထဲကနေ အားအင်အဖြစ်ခင်းထားခဲ့တာပါ။ အဲ့ဒီနောက် သူလဲစတင်တိုက်ခိုက်ပါတော့တယ်။ ဒါပေမယ့် သူကိုယ်တိုင်းက ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ပြီ ထိန်းချုပ်ထားခဲ့ရတာကလဲ အချိန်အတော်ကိုကြာနေခဲ့ပါပြီ။ သူ့ရဲ့အစွမ်းစုစည်းအမြောက်က ပုံမှန်အဆင့်ငါး၀ိညာဥ်လက်နက်တွေထက် ပိုသန်မာတဲ့စွမ်းအားကို ပိုင်ဆိုင်ပါတယ်။ ဒါပေမယ့် ရှောင်ဟုန်ချန်ရဲ့ ၀ိညာဥ်အမြောက်တစ်ရာနဲ့ရှစ်ခုပေါင်းစည်းတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရချိန်မှာတော့ သူ့ရဲ့စွမ်းအားစုစည်းမှု ၀ိညာဥ်အမြောက်က ချက်ချင်းဖျက်သိမ်းခံလိုက်ရပါတော့တယ်။ တခဏတာကြာပြီမှသာ သူသတိပြန်၀င်လာခဲ့တာပါ။

လင်းလော့ချန်ကလဲ တတ်နိုင်သမျှအရာအားလုံးကိုလဲ သူလုပ်နေပါတယ်။ ရေခဲတုတ်ကိုမြောက်လိုက်ရင်းနဲ့ ရေခဲနံရံတွေကိုတစ်ခုပြီတစ်ခု ဖန်တီးရင်းရှောင်ဟုန်ချန်ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်နေခဲ့တယ်။

ဒါပေမယ့် အဲ့ဒီရေခဲနဲ့ နံရံတွေက ရှောင်ဟုန်ချန်ရဲ့လက်နက်တွေကို မတားဆီးနိုင်ခဲ့ပါဘူး။ အလွှာတစ်ခုချင်းဆီတိုင်းက ချက်ချင်းဆိုသလို ပြိုကွဲသွားပါတော့တယ်။

ထိုက်ယွဲ့ဟန်ရဲ့ မျက်နှာကတော့ ပိုပိုပြီးအလေးအနက်ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့အသင်းဖော်တွေက သူ့နောက်တည့်တည့်မှာရှိနေခဲ့တာပါ။ သူဘယ်လောက်ပဲခုန်ရှောင်ချင်ပါစေ အခုအချိန်မှာ ခုန်ရှောင်လို့မရပါဘူး။ ဒါကြောင့် အသက်ပြင်းပြင်းရှုသွင်းရင်းနဲ့ သူ့ရဲ့၀ိညာဥ်ဧကရာဇ်အဆင့် ၀ိညာဥ်စွမ်းအားတွေကို အမြင့်ဆုံးအထိရောက်အောင် မြင့်တင်လိုက်ပါတော့တယ်။ ဒါ့အပြင် အဖြူရောင်အလင်းတန်းတွေကလဲ စတင်ပြီ စုစည်းနေခဲ့ပါပြီ။ ဒီတိုက်ခိုက်မှုကို သူဘယ်လိုပဲဖြစ်ဖြစ် တောင့်ခံဖို့လိုနေခဲ့တယ်။

ရှောင်ဟုန်ချန်က ထူးဆန်းမြေအောက်လောကနေရာပြောင်းမှုနဲ့ နေရာမရွေ့ခံလိုက်ရတဲ့အထိ ဒီလောက်အင်အားကြီးနေမယ်ဆိုတာကို ဘယ်သူမှမမျှော်လင့်ထားခဲ့မိပါဘူး။ ဒီလောက်များပြားတဲ့ ၀ိညာဥ်လက်နက်တွေကို တစ်ပြိုင်နက်ထဲအသုံးပြုတာက ၀ိညာဥ်ဘုရင်တစ်ယောက်ရဲ့အစွမ်းအစထက်ကို အများကြီးကျော်လွန်နေခဲ့ပါပြီ။ အဆင့်ခြောက်၀ိညာဥ်ပညာရှင်တွေတောင် ဒါမျိုးကိုရင်ဆိုင်ဖို့မလွယ်ကူနိုင်ပါဘူး။ မာယုလုံတောင်မှ အဲ့ဒီလောက်များပြားတဲ့ ၀ိညာဥ်လက်နက်တွေကို တစ်ခါမှမထိန်းချုပ်ပဲရှိနေခဲ့ပါတယ်။

ရှောင်ဟုန်ချန်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုကပေါ်လာခဲ့ပါပြီ။ သူ့ရဲ့စွမ်းအားကို အဆုံးစွန်းအထိ ထုတ်ဖော်ပြသတာပထမဆုံးအကြိမ်ပါပဲ။ ဒါကသူလုပ်နိုင်သမျှထဲမှာ အင်အားအကြီးဆုံးတိုက်ခိုက်မှုလဲ ဖြစ်နေခဲ့တယ်။

ဒါ့အပြင် သူအပြည့်အ၀ယုံကြည်ချက်ရှိတာကတော့ ထိုက်ယွဲ့ဟန်ကိုယ်တိုင်တောင် ဒီတိုက်ခိုက်မှုကို တောင့်ခံနိုင်မှာမဟုတ်ဘူးဆိုတာပါပဲ။ အကယ်၍ တိုက်ရိုက်ရင်ဆိုင်မယ်ဆိုရင် ဒဏ်ရာပြင်းပြင်းထန်ထန်ရပါလိမ့်မယ်။ သူ့ရဲ့ကိုယ်ပိုင်၀ိညာဥ်စွမ်းအားကလဲ ဒီတိုက်ခိုက်မှုပြီရင်းလုံး၀ကို ကုန်ဆုံးသွားမှာပါ။ ဘယ်လိုပဲဖြစ်ပါစေ သူ့ပြိုင်ဘက်အဖွဲ့ထဲက ၀ိညာဥ်ဧကရာဇ်တစ်ယောက်ကို သူလဲအတူတူဆွဲခေါ်နိုင်ရမယ်ဆိုရင် ကျေနပ်တာထက်ကို ပိုပါသေးတယ်။ ဒါ့အပြင် သူ့မှာအသက်အန္တရာယ်ကို မထိခိုက်စေပဲ ဆုတ်ခွာဖို့အတွက် အင်အားအပြည့်ရှိနေခဲ့ပါသေးတယ်။

သူက နောင်ငါးနှစ်မှာပြိုင်ရမဲ့အဖွဲ့ခေါင်းဆောင်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ၀ိညာဥ်လက်နက်တွေနဲ့ အရမ်းကိုလိုက်လျောညီထွေးဖြစ်ရုံတင်မကပဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကလဲ သာမန််၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေထက်ကို ပိုပြီးအားကောင်းလို့နေခဲ့တယ်။ ဒီအချိန်မှာ အသက်ဆယ်နှစ်လေးပဲရှိသေးပေမဲ့ နည်းလမ်းပေါင်းစုံကိုအသုံးပြုရင်း ၀ိညာဥ်ဘုရင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။

သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ကောင်းကောင်းအင်အားကြီးနေတာကြောင့် ဒီနေရာအထိရောက်လာခဲ့တာပါ။ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တွေအတွက် အသင့်တော်ဆုံးသိုင်းပညာ၀ိညာဥ်တစ်ခုကို ပိုင်ဆိုင်ထားခဲ့တဲ့အတွက် သူ့ရဲ့ကိုယ်ပိုင်အင်အားက ဒီလိုအံ့မခန်းကြီးမားနေရတာလဲ ဖြစ်ပါတယ်။

ရှောင်ဟုန်ချန်ရဲ့ သိိုင်းပညာ၀ိညာဥ်ကတော့ ခြေထောက်သုံးချောင်း ရွှေဖားပြုတ်ပါပဲ။ ရှားပါးတဲ့သားရဲကောင်အမျိုးအစား သိုင်းပညာ၀ိညာဥ်က သတ္ထုတွေကိုထိန်းချုပ်နိုင်တဲ့အစွမ်းအစကို ပိုင်ဆိုင်လို့ထားခဲ့တယ်။

ရှောင်ဟုန်ချန်က ဘယ်လိုသတ္ထုမျိုးကိုမဆို ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် ထူးခြားတဲ့သတ္ထုတွေရဲ့ အကူအညီနဲ့အတူ သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံဆင့်ကိုလဲ တိုးမြင့်နိုင်ခဲ့တယ်။ မဟုတ်ရင် ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုများ၀ိညာဥ်ဘုရင်ဖြစ်နေမှာလဲ။ နေလတော်၀င်နိုင်ငံတော်မှာ ဘာမှမရှိတာဖြစ်ကောင်းဖြစ်ပေမဲ့ သေချာပေါက် သတ္ထုတွေကတော့ လုံး၀ကိုရှားပါးတဲ့အရာမဟုတ်ခဲ့ပါဘူး။

အပိုင်း ၁၁၇•ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset