အပိုင်း ၁၁၆•၂
” ကြမ်းတမ်းတဲ့အဖွဲ့လိုက်တိုက်ပွဲ ”
°°°
နေလကျောင်းတော်ရဲ့တိုက်ခိုက်မှုကလဲ ရပ်တန့်လို့မရခဲ့ပါဘူး။ သူတို့က အရမ်းကို သဟဇာတအဖြစ် ပေါင်းစည်းတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေပါ။ ပထမအလင်းလုံးတွေပြန့်ထွက်သွားပြီတဲ့နောက် ဒုတိယအဝေးပြစ်တိုက်ခိုက်မှုက စတင်ပါတော့တယ်။ တောက်ပတဲ့ရောင်စုံအမြောက်တွေရဲ့အလင်းတန်းတွေက အမျက်ဒေါသကျောင်းတော်အနေနဲ့ ဘယ်တုန်းကမှမမြင်ဖူးလောက်အရှိန်အ၀ါအနေအထားနဲ့အတူ ရေလှိုင်းတစ်ခုလိုမျိုးပြေး၀င်လာပါတော့တယ်။
ဒီတစ်ကြိမ်မှာပဲ အမျက်ဒေါသကျောင်းတော်က သူတို့ရဲ့ဒုတိယတိုက်ခိုက်မှုကို စတင်ခဲ့ပါပြီ။ တောက်ပတဲ့တစ်၀ှီး၀ှီးမြည်သံအောက်မှာ နတ်မီးငှက်မီးလျှံတွေက ကောင်းကင်ပေါ်ကို ထိုးတက်သွားပါတော့တယ်။ ကျားဖြူဥက္ကာပျံမိုးပြီတဲ့နောက် မာရှောင်ထောင့်ရဲ့အသန်မာဆုံး၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မီးလျှံငှက်ဥက္ကာပျံမိုးက စတင်ပါတော့တယ်။
ထိုက်ယွဲ့ဟန်ရဲ့ ကျားဖြူဥက္ကာပျံမိုးက နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်တစ်ခုပါ။ မာရှောင်ထောင့်ကတော့ ဆဋ္ဌမမြောက်၀ိညာဥ်စွမ်းရည်ဖြစ်ပြီ နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်လဲ ဖြစ်နေခဲ့ပါတယ်။ ဗျူဟာစတင်ချိန်ကထဲကစလို့ ဒီတိုက်ကွက်ကို ထုတ်သုံးဖို့အတွက် သူပြင်ဆင်ထားခဲ့ပြီ ကျားဖြူဥက္ကာပျံမိုးနဲ့အတူ ဆက်တိုက်ရွာသွန်းပါတော့တယ်။
ပူလောင်ပြင်းပြတဲ့ မီးလျှံတွေက ပြိုင်ပွဲစင်မြင့်နေရာတစ်လျှောက်မှာ လွှမ်းခြုံလို့သွားခဲ့ပါပြီ။ ကြောက်စရာကောင်းတဲ့ နတ်မိီးငှက်ဥက္ကာပျံမိုးက ကျားဖြူဥက္ကာပျံမိုးငါးဆယ်မက ပိုပြီးသိပ့်သည်းထူးထပ်ပြီ ကောင်းကင်ကနေ ဆင်းသက်လာပါတော့တယ်။ ဥက္ကာပျံမိုးတွေက အရမ်းကိုသိပ့်သည်းနေရုံတင်မက အင်အားလဲကြီးမားလှတယ်။ ဒါ့အပြင် လေထုကဆက်တိုက်ဆိုသလို အပြောင်းအလဲဖြစ်နေခဲ့တာပါ။ လက်ရှိအချိန်မှာ အကာအကွယ်အတားအဆီးပျက်စီးမသွားစေဖို့အတွက် ၀ိညာဥ်ပညာရှင်တစ်ရာနဲ့ရှစ်ယောက်က သူတို့ရဲ့၀ိညာဥ်စွမ်းအားတွေအားလုံးကို ထုတ်သုံးနေရင်း အတားအဆီးပြိုကျမသွားအောင် ကာကွယ်ပေးနေခဲ့ပါတယ်။
ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့တဲ့ ပေါက်ကွဲမှုတွေက အဖွဲ့နှစ်ဖွဲ့ကို ဗဟိုပြုရင်း ဖြစ်ပေါ်လို့နေခဲ့ပါပြီ။ မာရှောင်ထောင့်က သူမဘယ်လောက်သန်မာကြောင်း နောက်တစ်ကြိမ်သက်သေပြနေခဲ့ပါတော့တယ်။ သူမရဲ့ နတ်မီးငှက်ဥက္ကာပျံမိုးက နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ ရှိရှိသမျှ၀ိညာဥ်လက်နက်တွေအားလုံးကို ဖိနှိမ့်လို့ထားခဲ့ပြီ သူတို့ရဲ့ဗျူဟာကို တိုက်ခိုက်လို့နေခဲ့ပါတယ်။ ဒါ့အပြင် ကျားဖြူဥက္ကာပျံမိုးထက်လဲ အများကြီးအားကောင်းသလို ကြာရှည်ခံမှုကလဲ အာမခံပါပဲ။ အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်ဧကရာဇ်နှစ်ယောက်က သူတို့ရဲ့ပြိုင်ဘက်တွေကို အဝေးကနေတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တာပါ။ နေလကျောင်းတော်ရဲ့၀ိညာဥ်လက်နက်တွေက ဘယ်လောက်ပဲသန်မာပါစေ တစ်ဖက်ကိုထိထိရောက်ရောက်တိုက်ခိုက်ဖို့အတွက် သေသေချာချာ ပစ်မှတ်ကိုထိမိဖို့ လိုပါတယ်။ ဒါကြောင့် အမျက်ဒေါသကျောင်းတော်အနေနဲ့ သူတို့ဆီအမြောက်ဆံတွေ ရောက်မလာအောင် ဆက်တိုက်ဆိုသလို တန်ပြန်တိုက်ခိုက်ရေးခုခံနေခဲ့တယ်။ ၀ိညာဥ်လက်နက်တွေက စစ်မှန်တဲ့၀ိညာဥ်စွမ်းရည်တွေကို မထုတ်လုပ်ပေးနိုင်ပါဘူး။ သူတို့ရဲ့တိုက်ခိုက်မှုက ထုတ်လွှတ်ပြီတာနဲ့ မထိန်းချုပ်နိုင်ပဲဖြစ်နေခဲ့တယ်။ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့ကတော့ လှလှပပလေး ထိန်းချုပ်သွားပြီ သူတို့ပြိုင်ဘက်တွေရဲ့ အဝေးပြစ်တိုက်ခိုက်မှုတွေအားလုံးကို စုစည်းလိုက်ပါတယ်။ အကယ်၍ အဲ့ဒီနေရာမှာ အမှားအယွင်းရှိနေခဲ့မယ်ဆိုရင်တောင် ရှုစန်းရှီရဲ့ ထူးဆန်းမြေအောက်လောကဒိုင်းကာကြီးက သူ့နောက်မှာရှိနေသူတွေကို မထိခိုက်စေဖို့အတွက်ကာကွယ်ပေးနေခဲ့တယ်။
ဒါပေမယ့် လက်ရှိအချိန် ဖြစ်ပေါ်လာနေတဲ့ ပေါက်ကွဲမှုအင်အားက ရှုစန်းရှီ ခုခံနိုင်တာထက်ကို ကျော်လွန်နေခဲ့ပါပြီ။ ဒုတိယတိုက်ခိုက်မှုလှိုင်းတွေက အင်အားကြီးလွန်လှပါတယ်။ ဒါကြောင့် ပြိုင်ဘက်တွေနဲ့ မီတာငါးဆယ်အကွာမှာ သူရပ်တန့်လိုက်ရပါတယ်။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကလဲ နတ်မီးငှက်ဥက္ကာပျံမိုးကို ကာကွယ်ဖို့အတွက် အတားအဆီးကို အလွှာသုံးလွှာအထိ ထပ်ပြီတိုးမြင့်လိုက်ရပါပြီ။ သူတို့ခုနှစ်ယောက်စလုံးက အတားအဆီးထဲမှာ ကာကွယ်ထားခံရပါတယ်။
ဒီတစ်ကြိမ်မှာပဲ အမျက်ဒေါသကျောင်းတော်ရဲ့အပေါ်ကို လူတစ်ယောက်က မြင့်တက်လို့သွားပါတယ်။ တောက်ပလောင်ကျွမ်းနေတဲ့ နတ်မီးငှက်မီးလျှံတွေက အတောင်ပံအဖြစ် ပြောင်းလဲလို့သွားပြီ လေထဲမှာတောက်ပနေတော့တယ်။ သူမထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက်လက်သီးနဲ့ထိုးမှုရော ခြေထောက်နဲ့ကန်ချမှုကပါ တစ်ဖက်ရဲ့အမြောက်ခွံပေါ်ကို ကျရောက်ပါတော့တယ်။ သူမရဲ့အရှိန်နှုန်းနဲ့အတူ အရမ်းကြောက်စရာကောင်းတဲ့ အဆင့်တစ်ဆင့်ကို ရောက်နေခဲ့ပါပြီ။ ဆယ်မီတာအထိ ပျံတက်သွားပြီတဲ့နောက် သူမရဲ့ခြေထောက်အောက်ဖက်မှာ မီးလျှံကြီးနှစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။ ဒါကသူ့ရဲ့အရှိန်နှုန်းကို ပိုပြီးတိုးမြင့်လို့သွားစေခဲ့တယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူကရန်သူတွေအရှေ့ကို ရောက်နေခဲ့ပါပြီ။
သေချာပေါက် ဒါကမာရှောင်ထောင့်ပါပဲ။ သူနဲ့ထိုက်ယွဲ့ဟန်နှစ်ယောက်သာ ပြိုင်ဘက်တွေရဲ့ဗျူဟာကို ထိုးဖောက်ပြီ၀င်ရောက်နိုင်တဲ့ အစွမ်းအစရှိနေခဲ့တယ်။ ဒါ့အပြင် အကွာအဝေးဆိုတာကအမြွှာ၀ိညာဥ်ပညာရှင်နဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြားတိုက်ခိုက်မှုမှာ အရေးပါဆုံးအရာပါပဲ။ အားလုံးကတော့ ဒါကိုမြင်ချိန်မှာ တအံ့တဩဖြစ်သွားပါတော့တယ်။ နေလကျောင်းတော်က အမျက်ဒေါသကျောင်းတော်ကို တကယ်တမ်းမှာအလွယ်လေးအနိုင်ရသင့်တာပါ။ ဒါပေမယ့် လက်ရှိအခြေအနေအရ အမျက်ဒေါသကျောင်းတော်က အများကြီးအသာစီးရနေပုံပါပဲ။ မာရှောင်ထောင့်က လင်းရှီရှေ့ကိုမျက်တောင်တစ်ခတ်အတွင်းမှာ ရောက်သွားခဲ့ပါပြီ။ ကျန်ရစ်တဲ့ခြောက်ယောက်ကတော့ နေလကျောင်းတော်ဖက်ကို အတော်လေးနီးကပ်နေကြပြီဖြစ်ပါတယ်။
မာရှောင်ထောင့်က အရမ်းကိုသန်မာလွန်တဲ့အတွက် သူ့ရဲ့စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကို ပျံသန်းနေရင်းမှာတစ်ပြိုင်နက်ထဲ အသုံးပြုလာခဲ့တယ်။ နတ်မီးငှက်မီးလျှံတွေက လက်ရှိအချိန်မှာ အနီရင့်ရောင်ပြောင်းသွားခဲ့ပါပြီ။ မိစ္ဆာမီးလျှံတွေက နောက်တစ်ကြိမ်ပေါ်ထွက်လာပါတော့တယ်။ လက်ရှိအချိန်မှာ သူ့ရဲ့မီးစက်ကွင်းကြီးတွေက နေလကျောင်းတော်ရဲ့ကျောင်းတော်သားတွေကို တားဆီးလို့ထားခဲ့ပြီ ရလဒ်ကလဲ အဆုံးအဖြတ်ပေးလုမတတ်ဖြစ်နေခဲ့ပါတယ်။
စင်အောက်မှာတော့ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့သုံးယောက်စလုံးက အံကြိတ်ရင်းနဲ့ပွဲကိုကြည့်နေခဲ့တယ်။ ၀မ်ယန်ရဲ့ နည်းဗျူဟာက အခုမှထုတ်သုံးတာဖြစ်ပေမဲ့ မာရှောင်ထောင့်ရဲ့ဒီတိုက်ကွက်က အမျက်ဒေါသကျောင်းတော်အတွက် အနိုင်ကိုရယူပေးနိုင်ဖို့ သူတို့မျှော်လင့်နေဆဲပါ။
ဒါပေမယ့် နေလကျောင်းတော်က ချန်ပီယံဖြစ်ဖို့အလားအလာရှိတဲ့သူတွေဆိုတာ လက်ရှိအချိန်မှာ ကျိုးကြောင်းဆီလျော်မှုက ထွက်ပေါ်လာပါတော့တယ်။
မာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုကို ခုခံတဲ့အနေနဲ့ လင်းရှီက လေပေါ်ကိုခုန်လိုက်ပါပြီ။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်ပေါ်မှာ အနည်းဆုံး၀ိညာဥ်လက်နက်သုံးခုက ပေါ်လာပါတော့တယ်။
ပထမဆုံးအနေနဲ့ အဖြူရောင်အလင်းတန်းက သူ့ရင်ဘတ်ကနေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီအလင်းတန်းက မြူခိုတွေပုံသဏ္ဍာန်မျိုးနဲ့ မှိန်ဖျော့လို့နေခဲ့ပါတယ်။ ဒီအရာပေါ်လာချိန်မှာပဲ မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အဖြူရောင်အလင်းတန်းတွေလွှမ်းခြုံခံလိုက်ရပါပြီ။ လင်းရှီခုန်၀င်လာတာကြောင့် သူမလဲ သူမတိုက်ခိုက်နေတဲ့ ပုံသဏ္ဍာန်ကိုအနည်းငယ်ပြောင်းလဲလိုက်ပါတယ်။
အဲ့ဒီနောက် အမျက်ဒေါသကျောင်းတော်ရဲ့လူတိုင်းဆီကနေထွက်ပေါ်လာတဲ့ ရွှေရောင်အလင်းတန်းက လင်းရှီရဲ့ ခန္ဓာကိုယ်ပေါ်တောက်ပလာပါတော့တယ်။ တကယ်တော့ အဲ့ဒါကတစ်လွှာထဲမဟုတ်ပါဘူး။ နှစ်လွှာပါ ပထမအလွှာက သာမန်မပျက်သုန်းအတားအဆီးဖြစ်ပြီ မာရှောင်ထောင့်ရဲ့ မီးလျှံတွေကို ကာကွယ်လိုက်ပါတယ်။ အဲ့ဒီနောက် ပိုကြီးမားတဲ့ ရွှေရောင်အတားအဆီးက သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေခဲ့တယ်။ အပြင်ကနေကြည့်မယ်ဆိုရင် သူနဲ့မာရှောင်ထောင့်နှစ်ယောက်စလုံးက အထဲမှာမရှိသလိုပါပဲ။ မာရှောင်ထောင့်ရဲ့ မိစ္ဆာမီးလျှံတွေက အပြင်ကိုမထွက်အောင်တားဆီးခံလိုက်ရပါပြီ။
အတားအဆီးနှစ်ခုရဲ့အထဲမှာတော့ ပေါက်ကွဲသံတွေက ဖြစ်ပေါ်နေပါတော့တယ်။ ဒီအတားအဆီးထဲမှာ ပြင်းထန်တဲ့မီးလျှံတွေက ထွက်ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့် မာရှောင်ထောင့်ရဲ့ အဆုံးအဖြတ်တိုက်ကွက်ကို လင်းရှီကတားဆီးလိုက်ပါတယ်။
လင်းရှီလဲ မာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုကို တားဆီးပြီချိန်မှာ အခြေအနေမကောင်းခဲ့ပါဘူး။ မပျက်သုန်းအတားအဆီးက ကောင်းကောင်းကြီးခုခံနိုင်ပေမဲ့ ၀ိညာဥ်စွမ်းအားတွေအများကြီးကိုလဲ ကုန်ဆုံးစေပါတယ်။ အဆင့်ငါး၀ိညာဥ်လက်နက်သုံးခုကို ဆက်တိုက်သုံးပြီတဲ့နောက် သူ့ရဲ့အင်အားက အများကြီးကျဆင်းလို့သွားခဲ့ပါပြီ။ မျက်နှာတစ်ခုလုံးလဲ ဖြူဖျော့လို့နေခဲ့ပါတယ်။
နေလကျောင်းတော်ရဲ့ ကျောင်းတော်သားတွေက ပူးပေါင်းဆောင်ရွက်မှုအရမ်းကို ကောင်းမွန်လွန်ခဲ့တယ်။ မိုက်ကယ်က လင်းရှီခုန်ထွက်သွားချိန်မှာပဲ ဒိုင်းတစ်ခုကိုချက်ချင်းထုတ်သုံးပါတယ်။ ဒါကြောင့် ရှုစန်းရှီလဲ နေရာလဲလို့မရတော့ပါဘူး။
လက်ရှိအချိန်မှာ ရွှေရောင်အလင်းတန်းက မိုက်ကယ်ရဲ့ပုခုံးပေါ်ကနေထွက်ပေါ်လာပါတယ်။ ရှုစန်းရှီလဲ ဒါကိုအရင်တုန်းက မြင်တွေ့ဖူးခဲ့တဟ်။ အဲ့ဒါကကြောက်စရာကောင်းတဲ့ အဆင့်ခုနှစ်၀ိညာဥ်လက်နက်တစ်ခုပါ။ တစ်နေရာထဲကို ဦးတည်နိုင်တဲ့ ကြောက်စရာတိုက်ခိုက်မှုလဲ ရှိနေခဲ့ပါတယ်။ ၀ိညာဥ်ပညာရှင်တစ်ရာနဲ့ရှစ်ယောက်ဖန်တီးထားတဲ့ အတားအဆီးတောင်မှ သူ့ရဲ့ကြောက်စရာကောင်းမှုကို မတောင့်ခံနိုင်ခဲ့ပါဘူး။
ဒီအလင်းတန်းက ပြီးပြည့်စုံတဲ့အချိန်မှာ စတင်တိုက်ခိုက်ပါတယ်။ လင်းရှီက မာရှောင်ထောင့်ကို ခုန်၀င်တားဆီးနေချိန်မှာပဲ ရှုစန်းရှီရဲ့ နေရာပြောင်းမှုက စတင်ထုတ်သုံးပါတော့တယ်။ အနောက်ဖက်မှာရှိနေတဲ့သူတွေက မိုက်ကယ်ရဲ့အကာအကွယ်အောက်မှာရှိနေခဲ့ပြီ ရွှေရောင်အလင်းတန်းကလဲ တစ်ချိန်ထဲမှာ ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ပစ်မှတ်ကတော့ ရှုစန်းရှီပါ ရွေးချယ်စရာမရှိပဲနဲ့ ဒါကိုသူပြင်းပြင်းထန်ထန် ခုခံရပါတော့တယ်။
ရွှေနီရောင်အလင်းတန်းတစ်ခုထဲပေါ်လာရုံတင်မကပဲ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေကပါ မိုက်ကယ်ရဲ့ကျောကနေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအလင်းတန်းတွေက ခရမ်းပြာရောင်တောက်ပနေခဲ့ပြီ ပုံမှန်မဟုတ်အောင် လင်းလက်လို့နေခဲ့တယ်။ ဒီအလင်းတန်းတွေ ကောင်းကင်ပေါ်တက်သွားချိန်မှာတော့ မြေခွေးလိုပုံသဏ္ဍာန်နဲ့ အမျက်ဒေါသကျောင်းတော်ဆီကို ပြန်ထွက်လို့သွားခဲ့ပါပြီ။
မမျှော်လင့်ထားတဲ့ အခြေအနေက ဒီအချိန်မှာဖြစ်ပေါ်လာပါတော့တယ်။ ရှုစန်းရှီရဲ့ မျက်လုံးထဲမှာတော့ ကောက်ကျစ်တဲ့အကြည့်ကတော့ ပေါ်လာခဲ့ပါပြီ။ သူက အဲ့ဒီအခြေအနေ အချိန်အတန့်မှာ ရူးသွပ်သွားသလိုပါပဲ။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်က ပျောက်ကွယ်လို့သွားပြီ တစ်စုံတစ်ရာကသူ့နေရာမှာ အစားထိုးလို့သွားပါတယ်။
ဒီနေရာမှာ အစားထိုးခံရလိုက်တဲ့သူက တခြားသူမဟုတ်ပဲ နေလကျောင်းတော်ရဲ့ အကြိုအဖွဲ့ခေါင်းဆောင် ရှောင်ဟုန်ချန်ပါ။ ထူးဆန်းမြေအောက်လောကနေရာလဲလှယ်မှုက အောင်အောင်မြင်မြင်ဖြစ်သွားခဲ့ပါတယ်။
အကယ်၍ သေချာသာကြည့်မယ်ဆိုရင် မိုက်ကယ်ရဲ့ဒိုင်းကာစတင်တားဆီးလိုက်ချိန်မှာပဲ ရှုစန်းရှီရဲ့မြေအောက်လောကနေရာလဲမှုက ထူးထူးဆန်းဆန်းကွေ့ထွက်သွားခဲ့ပြီ မိုက်ကယ်ကိုကျော်ရင်း ရှောင်ဟုန်ချန်ဆီ ထိတွေ့သွားတာကို မြင်တွေ့ရမှာပါ။ ဒီအပြောင်းအလဲက မြန်လွန်ပါတယ်။ ရှုစန်းရှီရဲ့ထူးဆန်းမြေအောက်လောကနေရာလဲမှုကို လူကျော်ပြီသုံးလို့ရမယ်လို့ ဘယ်သူမှမထင်ထားခဲ့ပါဘူး။
စောင့်ဆိုင်းတဲ့နယ်မြေမှာကတော့ ဟို့ယွိဟောင်က ခေါင်းငုံ့နေခဲ့မိပါတယ်။ သူ့ရဲ့မျက်လုံးတွေက ရွှေရောင်အလင်းတန်းတွေနဲ့ စူးရှတောက်ပနေခဲ့ပြီ မကြာခင်မှာပဲ ပုံမှန်အနေအထားကို ခပ်မြန်မြန်ပြန်ရောက်သွားတော့တယ်။
ရှုစန်းရှီရဲ့ ထူးဆန်းမြေအောက်လောကနေရာလဲမှုကို ပြီးပြည့်စုံအောင် ထိန်းချုပ်နိုင်ဖို့ဆိုတာ တကယ်တမ်းမှာတော့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုသာ ရှိမယ်ဆိုရင်တော့ ဒီအရာကလုံး၀ကို ကွာခြားသွားပါလိမ့်မယ်။
အားလုံးကတော့ ၀မ်ယန်ရဲ့အစီအစဥ်အတိုင်းဖြစ်နေဆဲပါ။ မာရှောင်ထောင့်ရဲ့ မီးလျှံဥက္ကာပျံမိုးတွေက အကာအကွယ်အတားအဆီးရဲ့ နံရံကိုရိုက်ခတ်နေခဲ့ပါတယ်။ သူမရဲ့ ၀ိညာဥ်စွမ်းအားတွေက ဒီနေရာမှာ အလာဟသဖြစ်သွားခဲ့တယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် အဲ့ဒါအမှန်တကယ်ရောဟုတ်လို့လား။
ဒီလိုအတားအဆီးတုန်ခါသွားချိန်မှာပဲ စိတ်၀ိညာဥ်စွမ်းအားတွေက လှိုင်းအသွင်စုစည်းရင်းနဲ့ တိကျတဲ့ထိန်းချုပ်မှုနဲ့အတူ အတားအဆီးကို ထိုးဖောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို အသုံးပြုရင်း ရှုစန်းရှီတစ်ယောက်ထဲကို ဦးတည်ကာကူညီတော့တယ်။ ဟို့ယွိဟောင်က ရွှေလိုအသက်နဲ့ ပေါင်းစည်းထားပြီသားဖြစ်ပေမဲ့ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက အတားအဆီးကိုထိုးဖောက်သွားချိန်မှာ ကုန်ဆုံးတာအတော်လေးကို များပါတယ်။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားအပေါ်မှာရှိနေခဲ့တဲ့ဖိအားက အရမ်းကိုကြီးနေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကတော့ ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်ရတာပါ။ ဒါကြောင့် ကြောက်စရာကောင်းလောက်အောင် အင်အားတိုးတက်မှုကိုလဲ ရရှိခဲ့ပါတယ်။ စိတ်၀ိညာဥ်စွမ်းအားတွေကို ထိန်းချုပ်နိုင်စွမ်းကလဲ အများကြီးတိုးတက်လာခဲ့ပါပြီ။ အရင်ကလိုမျိုး အကြာကြီးမထိန်းချုပ်ထားရတဲ့အတွက်လဲ တခဏတာထိုးဖောက်ပြီ ကူညီပေးဖို့ဖြစ်နိုင်နေခဲ့တယ်။
ပြိုင်ဘက်တွေက ရှုစန်းရှိီနေရာလဲမှာကို ဘယ်လောက်စိုးရိမ်နေကြလဲဆိုတာကို ၀မ်ယန်က ကောင်းကောင်းသိပြီသားပါ။ ဒါပေမယ့် ၀ိညာဥ်ဒိုင်းကာက သုံးလို့ရတဲ့နည်းလမ်းတစ်ခုထဲမဟုတ်ပါဘူး။ အကယ်၍ ၀ိညာဥ်ဒိုင်းကာသာ အတားအဆီးတစ်ခုဖြစ်ခဲ့မယ်ဆိုရင် တစ်ဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကလဲ သူ့ရဲ့ကြီးမားတဲ့အရွယ်အစားကြီးကြောင့် ထိခိုက်ရပါလိမ့်မယ်။ ဒါကသူတို့လိုချင်တာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့တွေအနေနဲ့ ထူးဆန်းမြေအာက်လောကနေရာလဲမှုကို တားဆီးဖို့မဖြစ်နိုင်လောက်မှန်း ၀မ်ယန်နားလည်နေခဲ့တယ်။
ရှုစန်းရှိီရဲ့ နေရာလဲမှုက ဒီအဖွဲ့လိုက်ပွဲစဥ်မှာ အရမ်းကိုအရေးကြီးပါတယ်။ သူတို့တွေက အင်အားနည်းတာကြောင့် သေချာပေါက် အခွင့်အရေးကို ဖမ်းဆုပ်ရမှာပါ။ ဟို့ယွိဟောင် ရှိမနေရင်တောင် သူက စင်ပေါ်ကလူတွေကို စင်အောက်ကနေအကူအညီပေးဖို့အတွက် ကြိုတင်စီစဥ်ထားခဲ့ပါတယ်။
ရှောင်ဟုန်ချန် ခုန်ရှောင်ဖို့ကြိုးစားဖို့ဆိုတာ အချိန်မရှိတော့ပါဘူး။ သူ့နေရာလဲခံရပြီးပြီချင်မှာပဲ ရွှေရောင်အလင်းတန်းတွေက သူ့ဆီကို ရောက်ရှိလာပါတော့တယ်။ အလင်းရဲ့အရှိန်နှုန်းကြောင့် ၀ိညာဥ်လက်နက်ကို ထုတ်သုံးချင်ရင်တောင် မသုံးနိုင်ပါဘူး။ သူ့ရော မုန့်ဟုန်ချန်ရော နှစ်ယောက်စလုံးကပါ အစောပိုင်းတိုက်ခိုက်မှုတွေမှာ မလှုပ်ရှားပဲရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူကတော့ ကံဆိုးသူမောင်ရှင်ဖြစ်သွားခဲ့ပါပြီ။
သူ့မျက်စိပျက် မျက်နှာပျက်ဖြစ်နေချိန်မှာပဲ ကြောက်စရာအလင်းတန်းက သူ့ရင်ဘတ်ကိုလာမှန်ပါတော့တယ်။ ဒီတစ်ကြိမ်မှာပဲ ရှောင်ဟုန်ချန်ရဲ့ ခန္ဓာကိုယ်ကနေ သိပ်သည်းပြင်းပြတဲ့ ရွှေရောင်အလင်းတန်းက ဖြစ်ပေါ်လာခဲ့ပါပြီ။
ဒီရွှေရောင်အလင်းတန်းအလွှာတွေက ဖောက်ထွက်လာတဲ့ ရွှေရောင်အလင်းတန်းကို တားဆီးလိုက်ပါတယ်။ ရှောင်ဟုန်ချန်က နာနာကျင်ကျင်နဲ့ အော်ဟစ်ရင်းနောက်ကိုဆုတ်သွားခဲ့ရပါပြီ။ မျက်နှာကဖြူဖျော့နေခဲ့သလို သူ့တစ်ကိုယ်လုံးကို ကာကွယ်ထားတဲ့အရာက အားလုံးမြင်နေကြဖြစ်တဲ့ မပျက်သုန်းအတားအဆီးပါပဲ။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်မြင်ဖူးသမျှအတားအဆီးတွေထက်ကို အများကြီးပိုပြီး အားကောင်းလို့နေခဲ့တယ်။
အပိုင်း ၁၁၆•၂ ပြီး၏။