အပိုင်း ၁၁၅•၃
” ဟို့ယွိဟောင်က မြို့နံရံပေါ်ကို မထင်မှတ်ပဲအကြည့်ရောက်လို့သွားခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ကြယ်တာရာလော့ဧကရာဇ်နဲ့ မင်းသမီးကျိုးကျိုးကို ဆက်တိုက်မြင်တွေ့လိုက်ရတယ်။ မင်းသမီးကျိုးကျိုးက သူ့ကိုမြင်ပေမဲ့ သိပ်ပြီဖော်ရွေတဲ့ပုံမပေါ်ပါဘူး။ အဲ့ဒီနောက် ချက်ချင်းဆိုသလို ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားပါတော့တယ်။ သူ့တစ်ကိုယ်လုံးကို အကြောက်တရားက ဖုံးလွှမ်းလို့သွားခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အသက်သုံးဆယ်ကျော်လူတစ်ယောက်က ဧကရာဇ်ရဲ့ဘေးနားမှာရှိနေခဲ့လို့ပါပဲ။ ရွှေရောင်သံချပ်ကာကို ၀တ်ဆင်ထားပေမဲ့ ခေါင်းပေါ်မှာတော့ ရွှေရောင်ဦးထုပ်ရှိမနေခဲ့ပါဘူး။ ဒါကြောင့် သူ့ရဲ့မျက်နှာတွေက အထင်သားပေါ်နေခဲ့ပါတယ်။ မျက်လုံးတွေက တောက်ပနေခဲ့ပြီ အပြာရောင်မျက်ဆံတွေက နေရောင်နဲ့အတူ လင်းလက်လို့နေကာခန္ဓာကိုယ်က ပိန်ပါးတဲ့ပုံပေါ်ပေမဲ့ အတော်လေးမာကြောတဲ့ပုံစံပါပဲ။ ချောမောခန့်ညားပြီ တည်ငြိမ်နေသလို မားမားမတ်မတ်နဲ့ ခန့်ညားတဲ့ကိုယ်ဟန်လဲ ရှိနေပါတယ်။ ဒါ့အပြင် ကြယ်တာရာလော့ဧကရာဇ်ဘေးမှာရပ်နေခဲ့တာတောင် စွမ်းအားအပြည့်က ထိန်းချုပ်လို့မရနိုင်ခဲ့ပါဘူး။ အဲ့ဒါသူပဲ အဲ့ဒီလူကြီးရောက်လာပြီ ဟို့ယွိဟောင် ဒီလူကိုမြင်ချိန်မှာ ဘယ်လိုများ စိတ်အေးလက်အေးရှိနိုင်တော့မှာလဲ။
ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အနောက်ပိုင်းနယ်မြေကို ကာကွယ်ထားတဲ့ကျားဖြူမြို့စားမင်းက နောက်ဆုံးဗိုလ်လုပွဲ ပွဲစဥ်ကိုကြည့်ဖို့အတွက် ရောက်လာခဲ့တာပါ။ ဒီဗိုလ်လုပွဲ ပွဲစဥ်ကြောငမ့မဟုတ်ပဲ သူ့ရဲ့အကြီးဆုံးသားပြိုင်တာကို ကြည့်ချင်တာကြောင့်လဲ ဖြစ်နေခဲ့တယ်။
ကျားဖြူမြို့စားမင်းကို ဟို့ယွိဟောင် မြင်သလို ထိုက်ယွဲ့ဟန်ကလဲ မြင်ခဲ့ပါတယ်။ သူ့အဖေကိုမြင်ချိန်မှာတော့ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေက တောက်ပလာခဲ့ပါပြီ။ လက်သီးကိုလဲအရင်ကထက်ပိုပြီး ဆုပ်မိပါတော့တယ်။
ကျားဖြူမြို့စားမင်းကတော့ သူ့ကိုတစ်ချက်သာခေါင်းညိတ်ပြလိုက်တယ်။ ထိုက်ယွဲ့ဟန်ကို ထိုက်ဟောက်ကသူအမူအရာနဲ့ အားပေးနေခဲ့တာပါ။ ထိုက်ယွဲ့ဟန်က သူ့ရဲ့အဖေကို ငယ်ငယ်ထဲကနေစံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ထိုက်ဟောက်ရဲ့ ဒီအသိအမှတ်ပြုပေးမှုတစ်ခုကတင် သူ့ရဲ့ယှဥ်ပြိုင်လိုစိတ်ကို အများကြီးထိုးတက်သွားစေခဲ့ပါပြီ။ အစောပိုင်းတုန်းက စိုးရိမ်ပူပန်မှုတွေအားလုံးလဲ ပျောက်ကွယ်သွားပါတော့တယ်။
ကြယ်တာရာလော့ဧကရာဇ်ကတော့ နှစ်ဖက်အဖွဲ့ရဲ့ အနားယူနေရာတွေကို ကြည့်လိုက်ရင်း ပြုံးနေခဲ့ပါတော့တယ်။ အဲ့ဒီနောက် ကျားဖြူမြို့စားမင်းကို ခေါင်းညိတ်ပြလိုက်တယ်။
” ငြိမ်သက်ကြလော့ ပြိုင်ပွဲကစတင်တော့မယ် အရှင်ဧကရာဇ်မင်း ကျေးဇူးပြုပြီး စတင်ပါ ”
ထိုက်ဟောက်က တည်ငြိမ်ခန့်ညားတဲ့အသံနဲ့ အော်ဟစ်လိုက်ပါတယ်။ သူက အသံချဲ့ကိရိယာကို အသုံးမပြုထားပေမဲ့ သူ့ရဲ့အသံကအဝေးကြီးအထိကို ပဲ့တင်ထပ်လို့သွားခဲ့တယ်။ စွမ်းအင်လှ်ိုင်းတွေက မြို့နံရံတစ်ခွင်ကို ဖုံးလွှမ်းသွားခဲ့ပါပြီ။
ချက်ချင်းဆိုသလို တပ်ဖွဲ့တွေက သူတို့ရဲ့လက်နက်တွေကို လေပေါ်မှာမြောက်လိုက် ချလိုက်လုပ်နေရင်း သံပြိုင်အော်ကြပါတော့တယ်။ ကြယ်တာရာလော့ ရင်ပြင်ထဲတစ်ခုလုံးကတော့ မြင့်မားတဲ့သတ်ဖြတ်လိုစိတ်တွေနဲ့ ပြည့်နှက်လို့နေခဲ့ပါပြီ။
လက်ရှိအချိန်မှာ ငြိမ်ချမ်းရေးတပ်ဖွဲ့တွေအားလုံးက စိတ်ဓာတ်ပြင်းပြမှုတွေနဲ့ လွှမ်းခြုံခံထားရပြီ ကျားဖြူမြို့စားမင်းရဲ့ ဩဇာအရှိန်အ၀ါက သူတို့အပေါ်ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနေခဲ့ပါတယ်။ ကြယ်တာရာလော့ဧကရာဇ်က ဒါတွေကိုကြည့်ရင်း မကျေမနပ်မဖြစ်ခဲ့ပါဘူး။ အရင်တိုင်းသာပြုံးနေခဲ့ရင်း အော်နေသူတွေအားလုံးကို တိတ်ဆိတ်လို့သွားစေခဲ့ပါတယ်။
ကြယ်တာရာလော့ဧကရာဇ်က ပြုံးပြရင်းပြောလာခဲ့တယ်။
” နောက်ဆုံးတစ်ကြိမ်တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်တဲ့စာမေးပွဲကို ငါတို့နိုင်ငံမှာကျင်းပခဲ့တာ လွန်ခဲ့တဲ့နှစ်ဆယ်တုန်းကလိုပဲ အဲ့ဒီအချိန်တုန်းက ငါရော ထိုက်ဟောက်မှာ အတော်ငယ်ရွယ်ကြသေးတယ်..နှစ်နှစ်ဆယ်အချိန်က တကယ်ကိုကုန်ဆုံးသွားတာ မြန်ဆန်လွန်တယ်လေ ငါကအခုနိုင်ငံတော်ကို အုပ်ချုပ်ရတဲ့သူဖြစ်နေပြီ ထိုက်ဟောက်ကလဲ နိုင်ငံရဲ့ထိပ်တန်းစစ်သူကြီးဖြစ်နေခဲ့ပြီးပြီ အခုတော့ တိုက်ကြီးထဲမှာရှိနေတဲ့အသန်မာဆုံးလူငယ်တွေရဲ့ တိုက်ပွဲကိုကိုယ်တိုင်မျက်မြင်တွေ့ရတော့မယ်…တကယ်စိတ်လှုပ်ရှားမိရတာပဲ နှစ်ဖက်စလုံးက ကြည့်ရှု့သူအားလုံးအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ပြိုင်ပွဲကိုတင်စက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..ဒါ့အပြင် ပုံမှန်ဓလေ့အရပြိုင်ပွဲရဲ့ အနိုင်ရရှိမှုသူတွေအနေနဲ့ ၀ိညာဥ်အရိုးသုံးခု ၀ိညာဥ်ရွှေပြားတစ်သန်းကို ရရှိမှာပါ ဒါ့အပြင် ရတနာဘဏ္ဍာတိုက်ထဲကနေ အကောင်းမွန်ဆုံး၀ိညာဥ်အရိုးဆယ်ခုကိုလဲ ထုတ်ယူထားပြီးပြီ ဒီနေ့ဗိုလ်လုပွဲကို ထိုက်ဟောက်တာ၀န်ယူပြီ ကျင်းပဖို့စိတ်ကူးခဲ့ပေမဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့၀င်တစ်ယောက်က သူ့ရဲ့အကြီးဆုံးသားဖြစ်နေခဲ့တယ်..ဒါကြောင့် မျှမျှတတရှိစေဖို့အတွက် ဒီနေ့ဒိုင်လူကြီးက ကောင်းကင်ရန်သူတော်သော့်လော့ကိုပဲ ပြန်ရွေးချယ်လိုက်ပါတယ် ”
” နောက်ထပ်မပြောတော့ပါဘူး..ဒီသမိုင်းတွင်းမဲ့ပြိုင်ပွဲကြီးကို အတူတူကြည့်ကြရအောင် ”
ကြယ်တာလော့ဧကရာဇ် စကားပြောပြီးပြီချင်မှာပဲ အလင်းတန်းတွေက မြို့နံရံပေါ်ကို ခုန်တက်လာပါတော့တယ်။ ဒါကတော့ ကောင်းကင်ရန်သူတော်သော့်လော့ ၀မ်ချင်ရှုပါ။
သူ့ရဲ့ခန္ဓာကိုယ်က တခဏတာတောက်ပနေပြီတဲ့နောက် စင်ပေါ်ကိုရောက်လာပါတော့တယ်။ အနားယူနယ်မြေကို သူတစ်ချက်ကြည့်လိုက်ပြီတဲ့နောက် အမျက်ဒေါသကျောင်းတော်ဖက်ကို အကြည့်ရောက်သွားခဲ့ပါပြီ။
၀ိုင်ဗူးသီးခြောက်ကြီးကိုကိုင်ထားတဲ့ အကြီးအကဲတစ်ယောက်က ကျောင်းသားတွေရဲ့အနောက်ဖက်မှာ ရုတ်တရက်ပေါ်လာခဲ့ပါတယ်။ ကောင်းကင်ရန်သူတော်သော့်လော့ ကြည့်နေတာကို မြင်ချိန်မှာတော့ မျက်ခုံးတစ်ဖက်ပင့်ပြလိုက်တယ်။ ၀မ်ချင်ရှုက ခပ်မြန်မြန်အမူအရာပြောင်းသွားခဲ့ပေမဲ့ သူကခေါင်းကိုလှည့်သွားခဲ့ပါပြီ။
အမျက်ဒေါသကျောင်းတော်ရဲ့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကပါ ဒိုင်လူကြီးရဲ့အကြည့်ကြောင့် တစ်ဖက်အကြီးအကဲရောက်ရှိလာတာကို သတိထားမိသွားပါတော့တယ်။
” အကြီးအကဲရွှမ် ရောက်လာတာပဲ ”
၀မ်ယန်က တအံ့တဩဖြစ်နေခဲ့ပါတယ်။
အကြီးအကဲရွှမ်က ဘယ်ကမှန်းမသိတဲ့ ကြက်ပေါင်တုံးကြီးတွေကို ထုတ်ယူလာရင်း တစ်ကိုက်ကိုက်ပြီတဲ့နောက် ပြောလိုက်ပါတယ်။
” ငါဒီမှာမရှိနေတဲ့အတိုင်း မင်းတို့လုပ်ရိုးလုပ်စဥ်အတိုင်းလုပ်ကြ ငါဒီနေရာမှာရှိသရွေ့ ဘယ်သူမှလှည့်စား၀ံ့ရမှာမဟုတ်ဘူး ”
ထျောင်ထျဲ့သော့်လော့က အမျက်ဒေါသကျောင်းတော်အတွက် ဒီနေရာမှာရှိနေခဲ့တာ အသိအသာကြီးပါ။
သူ့ကိုမြင်ချိန်မှာတော့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ ဆရာတွေက အမူအရာပြောင်းလဲသွားပါတော့တယ်။ သူတို့အားလုံးအကြီးအကဲရွှမ်ကို သိကြပါတယ်။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ သုတေသနပြုမှုတွေအရဆိုရင် ထျောင်ထျဲ့သော့်လော့ရဲ့ ကျင့်ကြံဆင့်က အဆင့်ကိုးဆယ်ခုနှစ်အထက်ကို ရောက်နေခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ထဲမှာ အသန်မာဆုံးတွေကတစ်ယောက်ပါပဲ။ ဒါပေမယ့် ပင်လယ်နတ်ဘုရားခန်းမဆောင်က အရမ်းကိုလျှို့၀ှက်ချက်များလွန်တာကြောင့် သူတို့မတွေ့ရှိသေးတဲ့အရာတွေကရှိဦးမှာပါ။
ကောင်းကင်ရန်သူတော်သော့်လော့ကလဲ အကြီးအကဲရွှမ်ကို သိကြပါတယ်။ ဒါကြောင့်သာ မဟုတ်ရင် သူ့မျက်နှာပျက်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူကိုယ်သူခပ်မြန်မြန်ပဲ ထိန်းလိုက်ရင်း ပြောလိုက်ပါတော့တယ်။
” ငါကတော့ ၀မ်ချင်ရှု တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲ ဗိုလ်လုပွဲမှာ ဒိုင်အဖြစ်လုပ်ဆောင်မဲ့သူပါ ပြိုင်ပွဲရဲ့စည်းမျဥ်းကို ကြော်ငြာပါ့မယ် ”
လူတိုင်းက စည်းမျဥ်းတွေနဲ့ရင်းနှီးနေပြီသား ဖြစ်ပေမဲ့ ဒီလိုလုပ်ရိုးလုပ်စဥ်တွေကတော့ အပြတ်အောင်လုပ်ရမှာပါ။
” ဗိုလ်လုပွဲကို အဖွဲ့လိုက်ပွဲစဥ် တစ်ယောက်ချင်းပွဲစဥ်နဲ့ နှစ်ယောက်နှစ်ယောက် သုံးယောက်ပွဲစဥ်တွေကို သုံးခုခွဲထားပါတယ်..နှစ်ပွဲကိုအနိုင်ရရှိမှသာ နောက်ဆုံးဗိုလ်လုပွဲရဲ့ ချန်ပီယံအဖြစ် သတ်မှတ်နိုင်မှာပါ အဖွဲ့လိုက်ပွဲစဥ်တွေအတွက် နှစ်ဖက်အဖွဲ့ကနေ လူခုနှစ်ယောက်ကို စေလွှတ်ရပါ့မယ်…အဖွဲ့လိုက်ပွဲစဥ်တွေပြီးသွားတဲ့နောက် ပြိုင်ပွဲ၀င်တွေကို ပြောင်းလဲရင်း တစ်ယောက်ချင်းဆီတိုက်ခိုက်ခွင့်ရရှိလိမ့်မယ်…အခွင့်အရေးကတော့ နှစ်ခါမရပါဘူး..ဒါ့အပြင် နောက်ထပ်နှစ်ချီဆက်တိုက်မှာ ပြိုင်ပွဲ၀င်ခုနှစ်ယောက်က ပြောင်းလဲခွင့်မရှိဘူး…နှစ်ချီဆက်တိုက်ကို နိုင်တဲ့သူက ချန်ပီယံဖြစ်ပါ့မယ်…ဒါ့အပြင် အဖွဲ့နှစ်ဖွဲ့စလုံးစိတ်ကြိုက်တိုက်ခိုက်လို့ရတယ်…ဒိုင်လူကြီးရဲ့တာ၀န်ကတော့ အားလုံးရဲ့အသက်အန္တရာယ်လုံခြုံမှုပါပဲ အသက်စေနိုင်လောက်တဲ့ အဲ့ဒီလှုပ်ရှားမှုရှိလာပြီလို့ ဒိုင်လူကြီးအနေနဲ့ ဆုံးဖြတ်ချက်ချခဲ့မယ်ဆိုရင် ရှုံးနှိမ့်မဲ့ဖက်ကို အသက်မဆုံးရှုံးစေဖို့အတွက် ကူညီပြီထုတ်ပယ်ပေးမှာပါ အခြေအနေတွေက အမြဲတမ်းပြောင်းလဲနေတဲ့အတွက် လူတစ်ယောက်ရဲ့အသက်အန္တရာယ်လုံခြုံမှုကို ဒိုင်လူကြီးကလဲ အပြည့်အ၀အာမခံနိုင်မှာမဟုတ်ပါဘူး…ဒါကြောင့် နှစ်ဖက်စလုံးရဲ့ ကိုယ်ရဲ့လက်စကိုကိုယ်သိကြမယ်လို့ မျှော်လင့်ပါတယ်…အခုအချိန်မှာတော့ တစ်မိနစ်အတွင်း ယှဥ်ပြိုင်မဲ့အဖွဲ့တွေကို စင်ပေါ်စေလွှတ်ကြပါ ”
ပြိုင်ပွဲစည်းမျဥ်းတွေ ကြော်ငြာပြီတာနဲ့ ချက်ချင်းဆိုသလို ကြည့်ရှုသူတွေရဲ့အခြေအနေက ပိုပြီးတင်းမာလာခဲ့ပါတော့တယ်။ ကြည့်ရှု့နေသူတွေက စောင့်ဆိုင်းလို့နေခဲ့တာပါ။ အားလုံးက မျက်လုံးအပြူးသားဖြစ်နေပြီ မျက်တောင်လဲမခတ်ကြတော့ပါဘူး။ ပြိုင်ပွဲကမစကြသေးပေမဲ့ သူတို့တွေဘာတစ်ခုကိုမှ လွဲချော်မသွားစေဖို့ မျက်လုံးကျယ်ကျယ်ဖွင့်ထားရင်း စောင့်ကြည့်နေခဲ့ကြပါတယ်။
၀မ်ယန်က မတ်တပ်ထရပ်ရင်း အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားဆယ်ယောက်ရှေ့မှာရပ်ရင်း ပြောလာခဲ့ပါတယ်။
” ငါတို့ရဲ့မူလနည်းဗျူဟာအတိုင်းပဲသွားမယ်..အမျက်ဒေါသကျောင်းတော်ကနိုင်ရမယ် ”
” အမျက်ဒေါသကျောင်းတော်က နိုင်ရမယ် ”
လူဆယ်ယောက်က ထရပ်လိုက်ပြီ တစ်ပြိုင်နက်ထဲ အော်ဟစ်လိုက်ကြပါတယ်။ ၀မ်ယန်က မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်ဖက်ကိုလှည့်သွားပြီ ခေါင်းညိတ်ပြလိုက်တယ်။ သူတို့နှစ်ယောက်ကလဲ ခေါင်းပြန်ညိတ်ပြပါတယ်။ တခြားတစ်ဖက်မှာတော့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကလဲ သူတို့ဆရာတွေရဲ့ နောက်ဆုံးဗျူဟာကို နားထောင်နေခဲ့ကြတယ်။ တစ်မိနစ်အချိန်က ခပ်မြန်မြန်ကုန်ဆုံးသွားခဲ့ပါပြီ။
” နှစ်ဖက်က အဖွဲ့၀င်တွေ စင်ပေါ်ကိုတက်ခဲ့ကြပါ ”
ကောင်းကင်ရန်သူတော်သော့်လော့က အချိန်ကိုတိတိကျကျသတ်မှတ်ထားခဲ့ပြီ တစ်စက္ကန့်လေးတောင်အချိန်မဆွဲခဲ့ပါဘူး။
နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖက်ကနေ အဖွဲ့၀င်ခုနှစ်ယောက်အရင်ဆုံးအရှေ့ထွက်လာပါတော့တယ်။ ပထမဆုံးအနေနဲ့ အဖွဲ့ခေါင်းဆောင်မာယုလုံက ထိပ်ဆုံးကပါ။ သူ့နောက်မှာကတော့ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်က ရှိနေခဲ့ပြီ မိုက်ကယ်ကတော့ သူတ်ို့နောက်မှာ ရှိပါတယ်။
ကျန်ရစ်တဲ့သုံးယောက်ကတော့ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြီးပါပဲ။ သူတို့ရဲ့ ထူးခြားတဲ့ရုပ်သွင် သွင်ပြင်တွေကြောင့် အဲ့ဒီလူတွေအားလုံးကို အမျက်ဒေါသကျောင်းတော်ဖက်က ရှင်းရှင်းလင်းလင်းသိနေခဲ့တယ်။ နောက်ဆုံး သုံးယောက်ကတော့ ရှောင်ရှဖုန်း ချန်ဖေးနဲ့ လင်းရှီတို့ပါ။ မုန့်ဟုန်ချန်ကလွဲပြီ အားလုံးကယောက်င်္ကျားသားတွေကြီးပါပဲ။
သူတို့ခုနှစ်ယောက်ကို မြင်ချိန်မှာ အမျက်ဒေါသကျောင်းတော်ဖက်က မအံ့ဩခဲ့ပါဘူး။ ဆရာ၀မ်ယန် မျှော်လင့်ထားခဲ့တဲ့အတိုင်းပါပဲ။
ပြိုင်ပွဲစတင်ချိန်ကနေစပြီ ၀မ်ယန်က သူတို့ကျောင်းတော်ကို ဆက်တိုက်ဆိုသလို မျက်ချေမပြတ်စောင့်ကြည့်နေခဲ့တာပါ။ မနေ့တုန်းကပဲ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်အကြောင်းကို အမျက်ဒေါသကကျောင်းသားတွေဆီ မိတ်ဆက်ပေးခဲ့ပါတယ်။ အသေးစိတ်အစီအစဥ်တွေလဲ ချမှတ်ထားခဲ့ပြီးပါပြီ။ ဒီနေရာမှာမှာအနိုင်ရရှိမှုက သူ့ရဲ့နည်းဗျူဟာတွေအပေါ်မှာ မူတည်လို့နေခဲ့ပါတယ်။
ပြိုင်ဖက်တွေက ရောက်လာပြီဖြစ်တာကြောင့် အမျက်ဒေါသကျောင်းတော်နဲ့လုပ်ဆောင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကြည့်ရှု့နေသူတွေနဲ့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကလူတွေပါ အံ့အားသင့်သွားခဲ့ရတယ်။ အမျက်ဒေါသကျောင်းတော်ဖက်မှာ ရှိနေသူတွေကတော့ သူတို့ရဲ့ခေါင်းဆောင်မာရှောင်ထောင့် လက်ထောက်ခေါင်းဆောင် ထိုက်ယွဲ့ဟန်တို့အပြင် လင်းလော့ချန် ပေ့ပေ့ ရှုစန်းရှီ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့တို့ပါပဲ။ အကြိုဗိုလ်လုပွဲစဥ်မှာ အများကြီးကြိုးပမ်းခဲ့တဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ဒီအဖွဲ့လိုက်ပွဲစဥ်တွေမှာပါ၀င်မနေခဲ့ပါဘူး။ စောင့်ဆိုင်းရေးနယ်မြေမှာသာ ရှိနေခဲ့ပါတယ်။ အစောပိုင်းတုန်းက တိတ်ဆိတ်နေခဲ့တဲ့ ကြည့်ရှု့သူတွေက ဆူဆူညံညံဖြစ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က အားကောင်းတဲ့ကျင့်ကြံသူတွေမရှိပေမဲ့ သူတို့ရဲ့အစောပိုင်းတိုက်ခိုက်ပုံတွေအားလုံးကလူတိုင်းရဲ့စိတ်ထဲမှာ ထင်ထင်ရှားရှားရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်က ပထမအချီတွေမှာ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ပုံသဏ္ဍာန်ကို တုပခဲ့ပြီ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းတိတိကို ထုတ်ပြခဲ့တဲ့အတွက် အခုအချိန်အထိ လူတိုင်းရဲ့စိတ်ထဲမှာထင်ထင်ရှားရှားရှိနေဆဲပါ။
နောက်ပိုင်းပွဲစဥ်တွေမှာလဲ သူပါနေသရွေ့ အဲ့ဒီပွဲစဥ်တွေတိုင်းက အနိုင်ရလေ့ရှိပါတယ်။ အထူးသဖြင့် မိုးထိလွှာကျောင်းတော်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ချိန်မှာ ဒီအချက်က ပိုသိသာခဲ့သလို ကြယ်တာရာလော့ကျောင်းတော်နဲ့ အကြိုဗိုလ်လုပွဲမှာ ရင်ဆိုင်ရချိန်တုန်းကလဲ အတူတူပါပဲ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ပြီးပြည့်စုံတဲ့ပေါင်းစည်းမှုက အခြေအနေအမျိုးမျိုးကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
အခုအချိန်အထိ သူတို့ဘယ်လောက်အထိ တကယ်ပဲအင်အားကြီးတယ်ဆိုတာ ဘယ်သူမှမသိကြသေးပါဘူး။ ၀ိညာဥ်ပညာရှင်တွေကို နားလည်တဲ့သူတချို့ကတော့ သူတို့နှစ်ယောက်မှာ အမြွှာသိုင်းပညာ၀ိညာဥ်တွေရှိပြီ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသုံးကွင်းပိုင်ဆိုင်တာကို သိကြပါတယ်။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကိုလဲ ပိုင်ဆိုင်ထားခဲ့တယ်။ ကျင့်ကြံဆင့်က မမြင့်မားပေမဲ့ အတော်လေးကို ငယ်ရွယ်တဲ့ကလေးတွေဖြစ်တဲ့အပြင် သူတို့အလားအလာက ကြီးမားနေခဲ့ပါတယ်။ အဖွဲ့လိုက်ပွဲစဥ်တွေမှာ ဆက်တိုက်အထောက်အကူပေးနိုင်တယ်ဆိုတာ ကြည့်ရုံနဲ့တင် သိနေခဲ့ပါပြီ။
ဒါပေမယ့် ဘာကြောင့်များသူတို့ကို မထုတ်သုံးခဲ့လဲဆိုတာ ဘယ်သူမှနားမလည်ခဲ့ပါဘူး။ ဒါကြောင့်သာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ထိုင်နေတာကိုကြည့်ရင်း တစ်ဖက်ကျောင်းတော်ကလူတွေ တအံ့တဩဖြစ်နေခဲ့ပါတယ်။
ဒါကအနိုင်ရဖို့တခြားနည်းလမ်းလား အမျက်ဒေါသကျောင်းတော်ဘာတွေလုပ်နေတာလဲ။ ၀မ်ယန်ကတော့ စောင့်ဆိုင်းရေးနယ်မြေမှာ မျက်နှာသေနဲ့သာ ထိုင်နေခဲ့ပါတယ်။ သူ့ရဲ့ခံစားချက်ကို ဘယ်သူမသိနိုင်ခဲ့ပါဘူး။
၀မ်ယန်က ဒီလိုအေးဆေးတည်ငြိမ်တဲ့ ပုံသဏ္ဍာန်ရဲ့အောက်ဖက်မှာ အတော်ကြီးကို စိတ်လှုပ်ရှားနေခဲ့တာပါ။ ကြယ်တာရာလော့မြို့တော်ကို ဦးဆောင်ပြီပထမဆုံးလာရောက်ချိန်မှာ သူလုံး၀ကို ယုံကြည်ချက်မရှိခဲ့ပါဘူး။ ဒီပြိုင်ပွဲကြီးက အဖွဲ့၀င်တွေတင်မကပဲ သူ့ကိုလဲ ကြီးမားတဲ့ဖိအားတွေပေးခဲ့ပါတယ်။ ပြိုင်ပွဲပိုပြီး ကြာရှည်လာလေလေ သူ့ရဲ့ယုံကြည်ချက်က ပိုမြင့်တက်လာလေပါပဲ။ ဒါ့အပြင် နည်းဗျူဟာအသစ်နဲ့ နည်းလမ်းအသစ်တွေကလဲ ပိုမိုထွက်ပေါ်လာခဲ့ပါတယ်။
အစောပိုင်းတုန်းက ပြိုင်ပွဲတွေအတွက် အသေးစိတ်ပြင်ဆင်မှုတွေကို ၀မ်ယန်မလုပ်ပေးခဲ့ပါဘူး။ ဒါကအကြိုဗိုလ်လုပွဲအထိ အတူတူပဲဖြစ်ခဲ့တယ်။ သူ့ရဲ့အကြောင်းအရင်းက ဘာများလဲ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်တွေကို ပဟေဠိဖြစ်စေဖို့နဲ့ သူ့ရဲ့အစွမ်းအစတွေကို မသိစေချင်လို့ပါပဲ။
အပိုင်း ၁၁၅•၃ ပြီး၏။