Switch Mode

Chapter – 115.2

ခန္ဓာကိုယ်မျိုးနွယ်

အပိုင်း ၁၁၅•၂

” ခန္ဓာကိုယ်မျိုးနွယ် ”
°°°
ဟို့ယွိဟောင်အနေနဲ့ မာရှောင်ထောင့်က ဒီလိုပြောလာမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါကြောင့် သူပြန်ပြောပါတော့တယ်။

” မမကြီး ကျွန်တော်ခန္ဓာကိုယ်မျိုးနွယ်ထဲကို ဘယ်လိုပဲဖြစ်ဖြစ်၀င်မှာမဟုတ်ဘူး ”

မာရှောင်ထောင့်က မျက်လုံးပြူးသွားပါတော့တယ်။

” ငါမောင် ဒီလိုမျိုးမတွေးလိုက်နဲ့ အခုအချိန်မှာ ကျောင်းတော်ထဲနေရတယ်ဆိုပေမဲ့ ငါတို့က ကျောင်းတော်တစ်ခုလေ မျိုးနွယ်စုတစ်ခုမဟုတ်ဘူး..ဘယ်သူကမှ မင်းကို ကန့်သတ်ထားမှာလဲ မဟုတ်ဘူး…ကျောင်းတော်ကအများကြီး မျှော်လင့်ထားပေမဲ့ တကယ်အရေးကြီးတဲ့အခြေအနေမျိုးမှာ အသက်လုံခြုံဖို့က ပိုပြီးအရေးပါတယ် ”

ဟို့ယွိဟောင်က ခေါင်းခါရင်ပြောလိုက်ပါတယ်။

” မဟုတ်ဘူး မမကြီး လက်ရှိအချိန် ကျွန်တော်ပိုင်ဆိုင်ထားသမျှအရာအားလုံးက ကျောင်းတော်ထဲမှာရတဲ့အရာတွေကြီးပဲ ဒါ့အပြင် ကျွန်တော်က ကျောင်းတော်ရဲ့ရန်သူတစ်ယောက်အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာအတွက်တိုက်ခိုက်ဖို့ ကျွန်တော်အသက်ကိုရင်း၀ံ့တယ်…ကျောင်းတော်က ကျွန်တော်ရဲ့အိမ်ပဲ ခန္ဓာကိုယ်မျိုးနွယ်ဘယ်လောက်သန်မာပါစေ သူတို့ရဲ့အပြုအမူတွေက ကျွန်တော်အတွက် မသင့်တော်ဘူး…ကျွန်တော်က မိဘမဲ့တစ်ယောက်လေ မျိုးနွယ်လဲမရှိသလို မိသားစုဆွေမျိုးသားချင်တွေလဲ မရှိတော့ဘူး…ဒါကြောင့် ကျောင်းတော်က ကျွန်တော်ရဲ့အိမ်ပဲ ”

အခိုင်အမာပြောနေတဲ့ သူရှေ့ကကောင်လေးကိုကြည့်ရင်း မာရှောင်ထောင့် သူ့ဘာသာသူတွေးနေပါတော့တယ်။

” ဒီကလေးက တကယ်ကိုချစ်စရာကောင်းလိုက်တာ ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ အကြီးအကဲတွေ သူ့အတွက် အစည်းအဝေးလုပ်ရတာ ဘယ်အံ့ဩစရာရှိမလဲ ”

အကြီးအကဲရွှမ်ရဲ့ ထွက်ပေါ်လာခဲ့မှုက သေချာပေါက်တိုက်ဆိုင်မှုတစ်ခုမဟုတ်ခဲ့ပါဘူး။

မာရှောင်ထောင့် ထရပ်ရင်းနဲ့ ပြောလိုက်ပါတယ်။

” ယွိဟောင် ကျောင်းတော်ကိုဒီလောက်အထိ သံယောဇဥ်တွယ်နေလို့ ငါတကယ်ပဲ၀မ်းသာမိတယ်…ဒါပေမယ့် ကိစ္စတွေဆိုတာက အသက်ရှင်နေမှရင်ဆိုင်လို့ရမှာ မှတ်ထားလိုက် လူတစ်ယောက်ဖြစ်လာပြီရင် အရမ်းကြီးခေါင်းမာနေလို့မရဘူး…ရိတ်သိမ်းရမဲ့အခြေအနေနဲ့ စိုက်ပျိုးရမဲ့အချိန်နဲ့ သည်းခံရမဲ့အချိန်တွေကို တကယ်ထက်မြက်တဲ့သူတစ်ယောက်ဆိုတာ သိရမယ် ”

သူပြောပြီတဲ့နောက် ၀မ်သုန့်ကိုတစ်ချက်ကြည့်ရင်း ဟို့ယွိဟောင်အခန်းထဲကနေ ထွက်သွားပါတော့တယ်။ ၀မ်သုန့်က ထုံစံအတိုင်းသူမရဲ့ အနောက်ကို ဆောင့်ကြွားဆောင့်ကြွားနဲ့လိုက်သွားခဲ့ပြီ တံခါးကိုဆောင့်ပိတ်လိုက်တော့တယ်။

ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။

” ၀မ်သုန့် သွားပြီတော့နားလိုက်ဦး ငါမင်းကိုလာရှာမယ် ”

” ဘာလို့မင်းကြောက်နေလို့လား တကယ်တော့ သူပြောနေသလိုပဲ မင်းအသက်က တခြားအရာတွေထက်ဆိုင်ရင် ပိုပြီးအရေးကြီးတာကို ငါလက်ခံတယ်..အကယ်၍ ခန္ဓာကိုယ်မျိုးနွယ်သာ မင်းကို အတင်းအကြပ်သိမ်းသွင်းချင်တယ်ဆိုရင် သိပ်ပြီခေါင်းမာမနေနဲ့ ”

၀မ်သုန့်က စိုးရိမ်တကြီးပြောလာခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ငိုရမလား ရယ်ရမလားတောင်မသိတော့ပါဘူး။

” ဘာများကြောက်နေစရာလိုမှာလဲ အကြီးအကဲရွှမ်ရှိနေသရွေ့ ဘာမှကြောက်စရာမရှိဘူး…ဒီအချိန်တစ်လျှောက်လုံးမှာ ခန္ဓာကိုယ်မျိုးနွယ်နဲ့ ပတ်သက်ပြီ ငါဘယ်တုန်းကမှ အတွေးမလွန်ဘူး..အနာဂတ်ကို ဘယ်သူခန့်မှန်းနိုင်မှာလို့လဲ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ တိုက်ခိုက်မှုကို မြင်ပြီတဲ့နောက် ၀ိညာဥ်လက်နက်တွေကို တိုးတက်အောင်လုပ်ဖို့ ငါစိတ်ထဲမှာ အကြံအများကြီးပေါ်လာတယ်…ဒါ့အပြင် အသိပညာလဲရလိုက်တယ်.. အခုပြန်တွေးဖို့အချိန်လိုနေပြီ ဒါပေမယ့် မကြာခင်မှာ မင်းကိုလာရှာမှာပါ အများကြီးတွေးမနေနဲ့ ”

၀မ်သုန့်က နည်းနည်းဒေါသထွက်သွားခဲ့ပြီ သူပြောပါတော့တယ်။

” မင်းကငါရဲ့စိတ်ကောင်းစေတနာကို ဖြုန်းတီးနေတာပဲ သွားစဥ်းစားလိုက်ဦး ”

သူပြောပြီတာနဲ့ တံခါးကိုဖွင့်ပြီ လှည့်ထွက်သွားပါတော့တယ်။ ဒါအပြင် တံခါးကိုလဲ ဆောင့်ပြီပိတ်သွားခဲ့တယ်။

ဟို့ယွိဟောင်က သူနှာခေါင်းသူပွတ်နေခဲ့ပါတယ်။ အခုအချိန်မှာ မမျှော်လင့်ထားတဲ့ကပ်ဆိုးတစ်ခုက ရောက်လာခဲ့ပါပြီ။

ခန္ဓာကိုယ်မျိုးနွယ်ရဲ့ ရုတ်တရက်ပေါ်ထွက်လာခဲ့မှုက သူ့ရဲ့ခံစားတွေကို အများကြီးမတုန်လှုပ်စေခဲ့ပါဘူး။ ဒါပေမယ့် မာရှောင်ထောင့်ပြောတာအရဆိုရင် ခန္ဓာကိုယ်မျိုးနွယ်က အနာဂတ်မှာ ဘာတွေလုပ်မလဲဆိုတာကို တွေးဖို့လိုတာက ကိစ္စတစ်ခုဖြစ်နေခဲ့တယ်။ ခန္ဓာကိုယ်မျိုးနွယ်က သူ့ကိုခေါ်ဆောင်သွားချင်ရုံပဲဖြစ်ပြီ ထိခိုက်အောင်လုပ်ချင်မှာလဲမဟုတ်ပါဘူး။ ဒါဆိုသူဘာများ ကြောက်ဖို့လိုနေမှာလဲ။ နောက်ဆုံးပြိုင်ပွဲကို သူပိုပြီးအာရုံစိုက်ဖို့လိုပါတယ်။

မာယုလုံရဲ့ ကြောက်စရာကောင်းတဲ့ အင်အားထိန်းချုပ်မှုကို မြင်တွေ့ပြီတဲ့နောက် သူတို့နိုင်နိုင်မလားဆိုတာ ယုံကြည်ချက်မရှိတော့ပါဘူး။ ဒါ့အပြင် ၀ိညာဥ်လက်နက်တွေကို အသုံးပြုနေတဲ့ မာယုလုံက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သူမြင်ဖူးတာပထမဆုံးအကြိမ်ဖြစ်နေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ ရွှေရောင်မျက်လုံးတွေက တောက်ပလာခဲ့ပါပြီ။ သူ့ရဲ့၀ိညာဥ်စက်ကွင်းနှစ်ကွင်းကလဲ တိတ်တဆိတ်ပေါ်လာခဲ့ပါတော့တယ်။ ရွှေရောင်အလင်းတန်းတွေထဲမှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ၀ိညာဥ်စက်ကွင်းကတော့ အဖြူရောင်တောက်ပနေခဲ့ပါတယ်။ ခရမ်းရောင်၀ိညာဥ်စက်ကွင်းကတော့ သူ့ရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ပုံစံတူတုပမှုပါပဲ။

စွမ်းရည်တွေမြင့်တက်လာတာနဲ့အမျှ သူ့အပေါ်မှာရှိလာတဲ့ ၀န်ထုတ်၀န်ပိုးကလဲ ပိုကြီးမားလာပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ၀ိညာဥ်စက်ကွင်းတွေတိုးမြင့်လာတာနဲ့အတူ သူချိတ်ပိတ်ထားတဲ့စွမ်းအားတွေကို ဆက်တိုက်ဆိုသလို ဖြေလျှော့ပေးနေခဲ့တယ်။ သူအရင်ကပြောခဲ့သလိုပါပဲ ဒုတိယ၀ိညာဥ်စက်ကွင်းရဲ့ အင်အားက လက်ရှိအချိန်မှာ နှစ်ငါးထောင်အထိကို ရောက်ရှိနေခဲ့ပါပြီ။

” ၀ိညာဥ်စက်ကွင်းနှစ်ကွင်းပဲရှိတာ နှမြောစရာတော့ ကောင်းသား ”

ဟို့ယွိဟောင် အံကြိတ်ရင်း ပြောလာလိုက်မိပါတယ်။ လက်ရှိအချိန်မှာ သူအချိန်ကောင်းကောင်းလိုအပ်နေပါပြီ။

အပြင်အ၀တ်အစားတွေကို ချွတ်လိုက်မိပြီတဲ့နောက် အိပ်ရာပေါ်မှာ တင်ပလ္လင်ခွေမှာချိတ်ပြီထိုင်လိုက်ပါတယ်။ သူက တရားမထိုင်ခဲ့ပါဘူး။ ဒါပေမယ့် မာယုလုံရဲ့ တိုက်ခိုက်မှုတွေကို ပြန်စဥ်းစားနေခဲ့တာပါ။ ၀ိညာဥ်လက်နက်တွေကို သူ့ရဲ့ကိုယ်ပိုင်နားလည်မှုအရ အဲ့ဒီဗျူဟာတွေကိုလဲ သူနားလည်ခဲ့ပါတယ်။

ကြယ်တာရာလော့မြို့တော် ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အဓိကမြို့တော်ကြီးမှာတော့ ဒီရက်ပိုင်းအတွင်းမှာ အရမ်းကိုလူထူးထပ်လို့နေပါတော့တယ်။ များပြားလွန်လှတဲ့ လူအုပ်ကြီးက လမ်းသွယ်တစ်ခုချင်းဆီတိုင်းမှာ ပြည့်နေခဲ့ပြီ လမ်းဂျိုးလမ်းကြားလူမပြတ်ခဲ့ပါဘူး။

တိုက်ကြီးတစ်ခုလုံးရဲ့ ကျောင်းတော်အဆင့်တက်အကြိုဗိုလ်လုပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ အကြိုဗိုလ်လုပွဲပြီးတဲ့နောက် ကြယ်တာရာလော့ရင်ပြင်ထဲမှာ လူတန်းရှည်ကြီးတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ တချို့သူတွေကတော့ နှစ်ရက်နဲ့နှစ်ညတိတိ စောင့်ဆိုင်းလို့နေခဲ့ကြတာပါ။ ဘာကြောင့်လဲဆ်ိုတော့ နောက်ဆုံးပြိုင်ပွဲကို ကြည့်ချင်ကြလို့ပါပဲ။ ဒါ့အပြင် အဲ့ဒီအရာက သူတို့တစ်ဘ၀စာလုံးမှာ မျှော်လင့်ဆုံးအရာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လက်ရှိအချိန်မှာ နောက်ဆုံးပွဲစဥ်က အဖွဲ့လိုက်ပြိုင်ပွဲတစ်ပွဲနဲ့ တစ်ယောက်ချင်းဆီပြိုင်ပွဲတစ်ပွဲ ဒါ့အပြင် နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲအဖြစ် သုံးခုခွဲပြီ တိုက်ခိုက်မှာဖြစ်ပါတယ်။ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတော်တစ်ခုပါပဲ။ ကြည့်ဖို့ကတော့ တန်ထားတာထက်တောင် ပိုပါသေးတယ်။ ဒါကြောင့် သူတို့အနေနဲ့ ဒီလိုတစ်ခုတည်သောကိုလဲ ခံယူဖို့အသင့်ဖြစ်နေဆဲပါ။

ကြယ်တာရာလော့နိုင်ငံတော်က အထူးစစ်သည်တော်တစ်သောင်းနီးပါးကို ချထားပြီ မြို့တော်တစ်ခုလုံးကို ကောင်းကောင်းထိန်းသိမ်းထားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆိုင်တွေအားလုံးကလဲ ဖွင့်လစ်တဲ့အချိန်ကို မြင့်တင်လိုက်ပါပြီ။ မြို့ရဲ့ရုတ်တရက်မြင့်တက်လာတဲ့ လူဦးရေးကိုလိုက်မိီနိုင်ဖို့အတွက် ပတ်ပတ်လည်အဓိက မြို့တော်ကြီးတွေဆီကနေ ကုန်းကြမ်းအရင်းအမြစ်တွေကိုပါ သူတို့၀ယ်ယူနေခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ကြယ်တာရာလော့မြို့တော်ကြီးက ဘယ်တုန်းကမှမမြင်ဖူးလောက်အောင် စည်းကားသိုက်မြိုက်လို့နေပါတော့တယ်။

ပြိုင်ပွဲကြောင့် ကြယ်တာရာလော့နိုင်ငံတော်အနေနဲ့ ရှိနေတဲ့စီးပွားရေးအကျ်ိုးအမြတ်တွေက ခန့်မှန်းလို့မရနိုင်လောက်အောင်ပဲ ဒါကြောင့် ပြိုင်ပွဲကိုနိုင်ငံတိုင်းနီးပါးက ကျင်းပချင်နေကြတာ အံ့ဩစရာမရှိတော့ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာ ကတိက၀တ်တွေက ရှိနေတဲ့အတွက် ငါးနှစ်တစ်ကြိမ် မတူညီတဲ့နိုင်ငံတွေမှာ ကျင်းပကြပါတယ်။

နောက်ဆုံးဗိုလ်လုပွဲဖြစ်တဲ့ အမျက်ဒေါသကျောင်းတော်နဲ့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်တို့က တိုက်ကြီးတစ်ခုလုံးရဲ့ အသန်မာဆုံးအင်အားတွေကို ကိုယ်စားပြုထားခဲ့တာပါ။ ဒါ​ကြောင့် သူတို့ရဲ့ပြိုင်ပွဲကိုအများကြီး မျှော်လင့်နေကြတာ အံ့ဩစရာမရှိခဲ့ပါဘူး။

ဒါပေမယ့် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကတော့ အမျက်ဒေါသကျောင်းတော်ကို အားနည်းတဲ့အတွက် အားနည်းချက်ကိုအနိုင်ယူပြီ ဗိုလ်ဆွဲနိုင်မယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။ အမျက်ဒေါသကျောင်းတော်က သုံးဆယ်ရာခိုင်နှုန်းသာအောင်မြင်နိုင်ချေရှိတာပါ။ နေလကျောင်းတော်ကတော့ ခြောက်ဆယ်ငါးရာခိုင်နှုန်းရှိပါတယ်။

ဒါပေမယ့် အမျက်ဒေါသကျောင်းတော် လွယ်လွယ်လေးရှုံးနှိမ့်မယ်လို့ ဘယ်သူမှမယုံကြည်နိုင်ပါဘူး။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်လဲ အတူတူပါပဲ။ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေအားလုံးက ကြီးမားတဲ့အနာဂတ်အလားအလာနဲ့ ပြည့်၀နေတဲ့သူတွေပါ။ သူတို့တွေ ဘယ်လိုစွမ်းအားတွေကို ထုတ်လွှတ်ပြမလဲ ဘယ်လိုလှည့်ကွက်တွေကို အသုံးပြုမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

အစောပိုင်းပြိုင်ပွဲတွေမှာ ဒီအမျက်ဒေါသကျောင်းတော်ရဲ့ အားနည်းတဲ့အဖွဲ့ကနေ အံ့ဩစရာကောင်းတဲ့လုပ်ဆောင်ချက်တွေအများကြီးကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာလဲ သူတို့က အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကိုကာကွယ်ဖို့အစွမ်းကုန်ကြိုစားကြမှာပါ။ ဒါကြောင့် ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာ ခန့်မှန်းဖို့ခက်ပါလိမ့်မယ်။

ဒီနေ့ရာသီဥတုကတော့ သိပ်မကောင်းလှပါဘူး။ မှောင်မိုက်နေတဲ့ တိမ်တိုက်တွေနဲ့ မြူခိုတွေက ကြယ်တာရာလော့မြို့တော်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့ပါပြီ။ ဒါ့အပြင် မိုးဖွဲတွေကလဲ ရံဖန်ရံခါကျဆင်းလို့နေခဲ့ပြီ ဒီခမ်းနားတဲ့မြို့တော်ကြီးတစ်ခုလုံးက အေးစက်လို့နေပါတော့တယ်။

ဘယ်လိုပဲဖြစ်ပါစေ ကြည့်နေသူတွေရဲ့နွေးထွေးတဲ့စိတ်လှုပ်ရှားမှုကိုတော့ ဒီရာသီဥတုရဲ့အအေးဓာတ်က မဖယ်ရှားနိုင်ခဲ့ပါဘူး။ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက် နောက်ဆုံးဗိုလ်လုပွဲစဥ်က မကြာခင်မှာ စတင်တော့မှာပါ။ ဒီလိုအဆုံးစွန်းတိုက်ပွဲကြီးက လူတိုင်းရဲ့စိတ်ကိုလှုပ်ရှားစေခဲ့ပါတယ်။

အခုအချိန်မှာ နှစ်ဖက်စလုံးက ကြယ်တာရာလော့ရင်ပြင်ကျယ်ဆီကို သွားတဲ့လမ်းမှာရောက်နေခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို အော်ဟစ်အားပေးခဲ့တဲ့သူတွေကိုတော့ စစ်သည်တော်တွေက တားဆီးထားရတယ်။ဒါ့အပြင် လူတော်တော်များများက ကြယ်တာရာလော့ရင်ပြင်ထဲကို ၀င်ခွင့်မရခဲ့ကြပါဘူး။ သူတို့တွေက အဖွဲ့သားတွေကို ဒီအတိုင်းကြည့်ဖို့သာ ကြိုးစားနေခဲ့ကြရပါတယ်။

အမျက်ဒေါသကျောင်းတော်ရဲ့ အလယ်တည့်တည့်မှာရှိနေခဲ့တဲ့ လင်းလော့ချန်ကတော့ ခေါင်းမော့ရင်းကောင်းကင်ကို တစ်ချက်တစ်ချက်ကြည့်နေခဲ့ပါတယ်။ သူမရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေက ဖြတ်ပြေးလို့နေခဲ့ပါတယ်။ သူက ရေခဲကိုထိန်းချုပ်သူဖြစ်တာကြောင့် ဒီလိုမှောင်မိုက်အေးစက်တဲ့ ရာသီဥတုက သူ့အတွက် အရမ်းကိုကြီးမားတဲ့အကျိုးကျေးဇူးရရှိစေမှာပါ။ ဒါ့အပြင် ဟို့ယွိဟောင်ကလဲ သူ့ကိုအထောက်အပံ့ပေးထားပါသေးတယ်။

၀မ်ယန်က သူတို့ရဲ့ဗျူဟာတွေကို မနေ့ကထဲက ဆွေးနွေးခဲ့ပြီးပါပြီ။ ဒါ့အပြင် ဒီနေ့ရာသီဥတုကိုချိန်ညှိရင်း နောက်ထပ်ထိန်းချုပ်မှုတွေလဲ လုပ်ထားခဲ့ပါတယ်။ လက်ရှိအချိန်မှာ မကြာခင်လာတော့မဲ့တိုက်ပွဲအတွက် လူတိုင်းကစိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဒါကသူတို့မရှောင်လွဲနိုင်တဲ့ ခံစားချက်ပါပဲ။

အမျက်ဒေါသတွေ ဒီလိုစိတ်လှုပ်ရှားနေတာမဟုတ်ဘူး။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ပိုပြီးတော့တောင် စိတ်လှုပ်ရှားနေခဲ့ပါသေးတယ်။ သူတို့ကျောင်းတော်အနေနဲ့ ဒီတစ်ခေါက်ပြိုင်ပွဲမှာ အနိုင်ရနိုင်ဖို့အကောင်းနည်းလမ်းကိုရရှိနေတာကြောင့် ဒီလိုစိတ်လှုပ်ရှားနေခဲ့တာပါ။

သူတို့အားလုံးပို အရမ်းကိုအင်အားကြီးပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့ကတော့ သူတို့နဲ့ယှဥ်မယ်ဆိုရင် သိသိသာသာကြီးကို အားနည်းလို့နေခဲ့ပါပြီ။ ဒီလိုအခွင့်အရေးမျိုးက တစ်သက်မှာတစ်ကြိမ်သာ ရရှိမှာပါ။ ဒါကြောင့် ချန်ပီယံဖြစ်ဖို့ကို တွေးလိုက်ရင် ပိုလို့တောင်စိတ်လှုပ်ရှားတက်ကြွလာပါတော့တယ်။

ပုံမှန်အချိန်မှာ အမြဲတမ်းမောက်မာနေတတ်တဲ့ ရှောင်ဟုန်ချန်တောင် လက်ရှိအချိန်မှာ သူ့ကိုယ်သူတင်းတင်ကျပ်ကျပ်ထိန်းချုပ်လို့ထားခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ဖက်ကို တစ်ချက်တစ်ချက်ခိုးကြည့်နေခဲ့ရင်း သူ့ရဲ့ယှဥ်ပြိုင်လိုစိတ်နဲ့ ဆာလောင်မှုကပိုပြီး မြင့်မားလို့လာပါတော့တယ်။

မုန့်ဟုန်ချန်ကတော့ ရှောင်ဟုန်ချန်ရဲ့ စိတ်ဖိစီးမှုနဲ့ ယှဥ်လိုက်မယ်ဆိုရင် အများကြီးပိုပြီးအခြေအနေကောင်းနေခဲ့ပါတယ်။ မုန့်ဟုန်ချန်ကတော့ ၀မ်သုန့်ကိုသာကြည့်နေခဲ့တာပါ။

ဘေးဖက်ကနေကြည့်မယ်ဆိုရင် ၀မ်သုန့်ရဲ့မျက်နှာအသွင်အပြင်ဖွဲ့စည်းမှုက အရမ်းကိုချောမောခန့်ညားလို့နေခဲ့ပါတယ်။ သူက ငယ်ရွယ်သေးပေမဲ့ ပိန်သွယ်ချောမောခန္ဓာကိုယ်နဲ့အတူ အပြောကောင်းတဲ့ပုံစံက မုန့်ဟုန်ချန်ရဲ့စိတ်ထဲမှာ တခြားသူတွေနဲ့ ကွဲပြားသွားစေခဲ့ပါတယ်။

၀မ်သုန့်ကိုကြည့်ရင်း သူဘာသာသူတွေးနေခဲ့တယ်။

” သူ့ရဲ့မျက်တောင်တွေက တကယ်ကိုရှည်လျားတာပဲ ရှည်လျားရုံတင်မကပဲ ကော့ပါကော့တက်နေသေးတယ်…လှလိုက်တာ ငါထက်တောင်ပိုပြီး လန့်နေသေးတယ်..ဒါ့အပြင် မျက်လုံးကလဲ ပန်းရောင်နဲ့ အပြာရောင်ရောထားတာဆိုတော့ အရမ်းကိုဆွဲဆောင်မှုရှိတာပဲ သူက ဆယ်နှစ်နှစ်ပဲရှိသေးတယ်…ငါထက်နှစ်နှစ်တောင်ပိုငယ်တယ်..ဒါ့အပြင် အမြွှာသိုင်းပညာ၀ိညာဥ်လဲ ရှိနေသေးတယ် ”

ဒီအထိတွေးရင်တွေးရင်းကနေ သူ့ရဲ့ခေါင်းတောင်ပူလာခဲ့ပါပြီ။ အဲ့ဒီနေ့သူတို့စကားပြောပြီချိန်ကထဲကနေစပြီ ၀မ်သုန့်အကြောင်းကို တွေးနေတာသူရပ်လို့တောင်မရပါဘူး။ ၀မ်သုန့်က မမျှော်လင့်ထားပဲနဲ့ သူမကို ကြွေဆင်းသွားအောင်လို့ အများကြီးလုပ်နိုင်ခဲ့ပါတယ်။

အနားယူနယ်မြေကနေစတင်ပြီ ပြိုင်ပွဲနယ်မြေအထိ ကောဇောနီကြီးက ခင်းထားခဲ့တာပါ။ မြို့နံရံပေါ်မှာကတော့ ကြယ်တာရာလော့ဧကရာဇ်က သူ့ရဲ့အမတ်မင်းတွေနဲ့အတူ ဦးဆောင်ပြီရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒါကအဖွဲ့နှစ်ဖွဲ့စလုံးကို မယှဥ်ပြိုင်ခင်အချိန်ကထဲကနေ လေးစားသမှုပြတာလဲ ဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ အခုအချိန်မှာ အရမ်းကို အေးအေးဆေးဆေးပါပဲ။ သူနဲ့၀မ်သုန့်ကို မနေ့ညတုန်းက မထွက်ခွာခင်အချိန်မှာ ၀မ်ယန်က အများကြီးဆွေးနွေးပေးခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့တိုက်ခိုက်လိုစိတ်နဲ့ ယှဥ်ပြိုင်လိုစိတ်ကလဲ အများကြီးကို မြင့်မားနေခဲ့ပါပြီ။ သူ့ရဲ့စွမ်းအားတွေက တခြားအဖွဲ့၀င်တွေနဲ့ ယှဥ်မယ်ဆိုရင် ဘာမှမဟုတ်ပေမဲ့ ပြိုင်ပွဲထဲမှာ ကိစ္စတွေက မြန်မြန်ပြောင်းလဲနိုင်ပါတယ်။ သူက အရမ်းကိုယှဥ်ပြိုင်ချင်သလို အောင်ပွဲရဖို့အတွက်လဲ ဆာလောင်နေခဲ့တာပါ။ အမျက်ဒေါသကျောင်းတော်ရဲ့ တောက်ပမှုအတွက် သူကိုယ်တိုင်ကြိုးစားပြီယှဥ်ချင်နေခဲ့ပါတယ်။

အပိုင်း ၁၁၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset