အပိုင်း ၁၁၅•၁
” နောက်ဆုံးဗိုလ်လုပွဲစတင်ပြီ ”
°“
ခန္ဓာကိုယ်မျိုးနွယ်က အဲ့ဒီလောက်အထိ ကြောက်စရာကောင်းတာလား။ ၀မ်သုန့်က သံသယအပြည့်နဲ့ မေးလာခဲ့ပါတယ်။
မာရှောင်ထောင့်ကတော့ အလေးအနက်နဲ့ ခေါင်းညိတ်ရင်း ပြန်ဖြေခဲ့တယ်။
” သူတို့က တအားကိုကြောက်စရာကောင်းလွန်တယ်…ဒါ့အပြင် သော့်လော့တိုက်ထဲမှာ အမျက်ဒေါသကျောင်းတော်နဲ့တန်တူရှိတယ်လို့ သူ့တို့ကိုယ်သူတို့ပြော၀ံ့သူ အများကြီးမရှိဘူး…နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က အဲ့ဒီလိုပြော၀ံ့တဲ့သူတွေထဲက တစ်ဖွဲ့ပဲ ဒါကလဲ နေလနိုင်ငံတော်ကြီးရဲ့ အမြင့်ဆုံးအစွမ်းအစကိုသူတို့က ကိုယ်စားပြုလို့သာပြောနိုင်ခဲ့တာပါ။ အခုအချိန်အားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့အတွင်းတပည့်သားတွေဖြစ်နေကြပြီ ဒါကြောင့်အနာဂတ်မှာ အတွင်းနယ်မြေကို ၀င်ဖို့အတွက် ပြဿနာရှိတော့မှာမဟုတ်ဘူး…ဒါကြောင့် မင်းတို့ကိုပြောပြမယ်ဆိုရင် အဆင်ပြေမယ်လို့ငါထင်တယ်…ငါတို့အမျက်ဒေါသကျောင်းတော်ရဲ့ ပင်လယ်နတ်ဘုရားကျွန်းထဲမှာ ပင်လယ်နတ်ဘုရားခန်းမဆောင်လို့ခေါ်တဲ့နေရာတစ်ခုရှိတယ်..ငါတို့ကျောင်းတော်ရဲ့အကြီးအကဲတွေအားလုံးက အဲ့ဒီနေရာမှာ နေထိုင်ကြတယ်..အကြီးအကဲရွှမ်လဲပါတာပေါ့ ဒါ့အပြင် ကျောင်းတော်တစ်ခုလုံးရဲ့ အမြင့်ဆုံးဩဇာအာဏာကို အဲ့ဒီအဖွဲ့အစည်းကနေ ချုပ်ကိုင်ထားတယ်…ဒါ့အပြင် ကျောင်းအုပ်လေးယောက်ထက်တောင် သူတို့က ပိုပြီး ဩဇာအရှိန်အ၀ါကြီးမားပါသေးတယ်…ပြောကျတာကတော့ သော့်လော့တိုက်ထဲမှာအသန်မာဆုံး၀ိညာဥ်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့၀ိညာဥ်ပညာရှင်သုံးယောက်တိတိရှိတယ်တဲ့ တစ်ယောက်က နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကသူ နောက်တစ်ယောက်က ငါတို့အမျက်ဒေါသကျောင်းတော်ရဲ့ပင်လယ်နတ်ဘုရားခန်းမဆောင်ကသူတဲ့ နောက်ဆုံးတစ်ယောက်ကတော့ ခန္ဓာကိုယ်မျိုးနွယ်ကပဲ ပင်လယ်နတ်ဘုရားခန်းမဆောင်ကို ဘာကြောင့်တည်ထောင်ခဲ့လဲဆိုတာ သိကြတဲ့သူရှိလား ”
” ခန္ဓာကိုယ်မျိုးနွယ်က တစ်ခေါက်ပေါ်ထွက်လာတိုင်းကြီးမားတဲ့ကပ်ဆိုးကြီးတွေ စိုက်ရောက်လေ့ရှိတယ်…အမျက်ဒေါသကျောင်းတော်က သူတို့ကိုခုခံဖို့လုပ်ပေမဲ့ ငါတို့ရှုံးနှိမ့်ခဲ့ရတယ်. ”
” အဲ့ဒီအချိန်က ကျောင်းတော်ရဲ့အင်အားအမြင့်ဆုံးရှိနေတဲ့အချိန်ပဲ ဒါပေမယ့် ခန္ဓာကိုယ်မျိုးနွယ်က ပိုပြီးတော့တောင်အင်အားကြီးသေးတယ်..သူတို့ကိုခုခံဖို့အတွက် ကျောင်းတော်အနေနဲ့ ရွေးချယ်စရာမရှိပဲ ထိပ်တန်းကျောင်းသားတွေအားလုံးကို ဆင့်ခေါ်ပြီပင်လယ်နတ်ဘုရားခန်းမဆောင်ကို တည်ထောင်ခဲ့ရတယ်…ဒါ့အပြင် ရှိရှိသမျှအင်အားတွေအားလုံးကို စုစည်းပြီ ခန္ဓာကိုယ်မျိုးနွယ်ကို အနိုင်ယူဖို့ကြိုးစားရင်း ကပ်ဆိုးကြီးကို ဖယ်ရှားဖို့လုပ်ခဲ့ရတယ်…အဲ့ဒီအဖြစ်အပျက်ကြီးပြီတဲ့နောက် ခန္ဓာကိုယ်မျိုးနွယ်က သူတို့ကိုယ်သူတို့ဖုံးကွယ်လိုက်ပြိီ နောက်ထပ်မလှုပ်ရှားကြတော့ဘူး.”
ဟို့ယွိဟောင်က ရုတ်တရက် မေးလာခဲ့ပါတယ်။
” ခန္ဓာကိုယ်မျိုးနွယ်က တိုက်ကြီးကိုခြိမ်းခြောက်နိုင်တဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေနဲ့ တူမနေဘူးလား ဘာကြောင့်များ ၀ိညာဥ်ပညာရှင်တွေက အဖွဲ့အစည်းဖွဲ့ပြီ သူတို့တွေကို မရင်ဆိုင်တာလဲ ”
မာရှောင်ထောင့်က ခေါင်းခါရင်း ပြန်ဖြေလိုက်ပါတယ်။
” ခန္ဓာကိုယ်မျိုးနွယ်နဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်ဆိုတာ မတူကြဘူး…ခန္ဓာကိုယ်မျိုးက အကောင်းလဲမရှိသလို အဆိုးလဲမရှိခဲ့ဘူး သူတို့လုပ်ချင်တဲ့အရာကိုပဲ သူတို့လုပ်တယ်…ကြောက်စရာလဲကောင်းပြီ တိုက်ကြီးထဲမှာ ကျော်ကြားတဲ့နာမည်မရှိပေမဲ့ တိုက်ကြီးအတွက် ကောင်းမွန်တဲ့ကိစ္စတွေကို သူတို့ကြိုးစားလုပ်ဆောင်ခဲ့ဖူးတယ်…ဒါပေမယ့် ဒီကိစ္စကိုသိတဲ့သူအရမ်းကို နည်းလွန်လို့မကျော်ကြားတာပဲ ”
” ခန္ဓာကိုယ်မျိုးနွယ်ကို ဖယ်ရှားဖို့က မဖြစ်နိုင်ဘူးလို့ ပြောရမယ်…သူတို့တွေက အခက်အခဲဆုံးမြေနေရာပေါ်မှာ အခြေစိုက်ထားပြီ သူတို့တွေအတွက် ခုခံဖို့လွယ်ကူပေမဲ့ တခြားသူတွေအတွက်တော့တိုက်ခိုက်ဖို့ ခက်ခဲတဲ့နေရာမှာရွေးချယ်ပြီနေရာချထားတယ်…ဒါ့အပြင် ခန္ဓာကိုယ်မျိုးနွယ်ထက် အင်အားသုံးဆကြီးတဲ့ အဖွဲ့အစည်းတစ်ခုခုပေါ်မလာမချင် သူတို့ရဲ့ခုခံစစ်ကို ဖောက်ထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး…ဒါ့အပြင် ဘယ်လိုမျိုးအင်အားစုကများ သူတို့ရဲ့ အင်အားကိုသုံးပြီ စတေးရင်ခန္ဓာကိုယ်မျိုးနွယ်ကို ဖယ်ရှားဖို့စိတ်အလိုအရရှိကြမှာလဲ ”
ဟို့ယွိဟောင်လဲ ခန္ဓာကိုယ်မျိုးနွယ် ဒီလောက်အင်အားကြီးလိမ့်မယ်လို့ ထင်မထားခဲ့မိတာအမှန်ပါ။ သူတို့တွေအမျက်ဒေါသကျောင်းတော်ကို မကြောက်ကြတာမဆန်ပါဘူး။
မာရှောင်ထောင့်က ဆက်ပြောလာခဲ့ပါတယ်။
” ကျောင်းတော်ရဲ့ လျှို့၀ှက်မှတ်တမ်းတွေထဲမှာ ခန္ဓာကိုယ်မျိုးနွယ်နောက်တစ်ကြိမ် ပေါ်ထွက်လာတဲ့အကြောင်းကို မှတ်တမ်းတင်ထားတယ်…ရံဖန်ရံခါဆိုသလို သူတို့ရဲ့အဖွဲ့၀င်တွေက တိုက်ကြီးထဲမှာပေါ်လာတယ်…ဒါပေမယ့် ကြီးကြီးမားမားပြဿနာတွေကို မဖန်တီးဘူး ခန္ဓာကိုယ်မျိုးနွယ်အကြောင်း ဖြစ်လုနီးပါးဖြစ်သွားတဲ့ကပ်ဆိုးကြီးက ဘာလဲဆိုတာမင်းတို့သိလား ငါပြောပြခဲ့တဲ့အတိုင်း သူတို့ဘယ်လောက်အထိ အင်အားကြီးလဲဆိုတာကို နားလည်လောက်ပြီလို့ထင်ပါတယ် ”
” အဲ့ဒီအချိန်တုန်းက ကြယ်တာရာသစ်တောထဲကို ခန္ဓာကိုယ်မျိုးနွယ်ရဲ့ အဖွဲ့၀င်လေးဆယ်နီးပါးက၀င်ရောက်သွားပြီ နှစ်တစ်သိန်းသားရဲကောင်ခုနှစ်ကောင်တိတိကို သတ်ဖြတ်ခဲ့တယ်..ဒါက သစ်တောထဲမှာရှိတဲ့ သားရဲကောင်အများကြီးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့တယ်လေ ဒါကြောင့် သစ်တောအပြင်ကို ပြေးထွက်လာခဲ့ပြီ ငါတို့ကို အုပ်စုဖွဲ့ပြီ တိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်..ဒါကြောင့် ကပ်ဆိုးကြီးကျရောက်တာပဲ ကြယ်တာရာသစ်တောထဲမှာရှိနေတဲ့ ရူးသွပ်သားရဲကောင်လေးကောင်က အဓိကဦးဆောင်လာပြီ ငါတို့အမျက်ဒေါသမြို့တော်ကို တိုက်ခိုက်ခဲ့တယ် ”
” ငါတို့တွေခန္ဓာကိုယ်မျိုးနွယ်နဲ့ တိုက်ခိုက်နေတာကို ဘာကြောင့်ရပ်တန့်လိုက်လဲဆိုရင် အဲ့ဒီသားရဲကောင်တွေရဲ့ တိုက်ခိုက်မှုကို ခုခံဖို့အတွက် သူတို့က ငါတို့နဲ့ပူးပေါင်းခဲ့လို့ပဲ ဒါ့အပြင် အဲ့ဒီအချိန်မှသာ ခန္ဓာကိုယ်မျိုးနွယ်ရဲ့စုပေါင်းအင်အားက ငါတို့ထက်ပိုပြီးသာလွန်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိသွားခဲ့ရတယ်..သားရဲကောင်လှိုင်းတွေရဲ့ တိုက်ခိုက်မှုက တစ်နှစ်တိတိကြာမြင့်ခဲ့ပြီ ငါတို့ရဲ့ကျောင်းတော်ကလဲ ရှိရှိသမျှကျောင်းသားတွေအားလုံးကို ပြန်ခေါ်ပြီခုခံခဲ့ရတယ်…ဒါ့အပြင် အဲ့ဒီအချိန်မှာ စုစုပေါင်းရွာဆယ်ရွာကျော် အစုလိုက်အပြုလိုက် မျိုးတုန်းသတ်ဖြတ်ခံခဲ့ရတယ်လေ ”
” ငါတို့တွေလဲ ခန္ဓာကိုယ်မျိုးနွယ်နဲ့ အဲ့ဒီအချိန်ကနေစပြီ ကတိက၀တ်ပြုလိုက်ကြတယ်…သူတို့ရဲ့ခေါင်းဆောင်က အဲ့ဒီအချိန်မှာ ကျိန်ဆိုခဲ့တယ်..ကြယ်တာရာသစ်တောထဲကို နောက်တစ်ခေါက်၀င်ရောက်ပြီ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေကို အမဲမလိုက်တော့ဘူးတဲ့ ဒါကြောင့် ကပ်ဆိုးကြီးက ပြီးဆုံးသွားခဲ့တယ်လေ ဒါပေမယ့် ကြယ်တာရာသစ်တောထဲမှာရှိတဲ့ သားရဲကောင်တွေက အရမ်းကိုဒေါသထွက်လွန်းတာကြောင့် ၀ိညာဥ်ပညာရှင်တွေလဲ နောက်နှစ်ငါးရာတိတိ ကြယ်တာရာသစ်တောထဲကို ၀င်ရောက်တဲ့အချိန်တိုင်း ပိုအားကောင်းတဲ့ ၀ိညာဥ်သားရဲကောင်တွေ သတ်ဖြတ်တာကိုခံကြရတယ် ”
ဟို့ယွိဟောင် အရမ်းကိုအာရုံစိုက်ပြီ နားထောင်နေခဲ့ပါတယ်။ ရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲမှာ လေးယောက်တိတိက ကြယ်တာရာသစ်တောထဲမှာ တကယ်ကြီးရှိနေခဲ့တဲ့အတွက် သူတအံ့တဩဖြစ်နေခဲ့ရတယ်။
ဒီတစ်ကြိမ်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အသံကရုတ်တရက်ထွက်ပေါ်လာခဲ့ပါပြီ။
” ငါလဲအဲ့ဒီကိစ္စသိတယ်…အဲ့ဒီအချိန်တုန်းက ငါသစ်တောထဲမှာ အဖမ်းခံထားရတာ သူပြောတဲ့အထဲမှာ ငါကိုဖမ်းသွားတဲ့ရူးသွပ်သားရဲကောင်လဲ ပါနေတယ်…ဒါပေမယ့် သူတို့တွေက အသန်မာဆုံးသူတွေမဟုတ်သေးဘူး..ဘာကြောင့်လဲဆိုတော့ ကြယ်တာရာသစ်တောရဲ့အောက်ဖက်မှာ အရမ်းကိုကြောက်စရာကောင်းတဲ့ တစ်စုံတစ်ရာက အိပ်စက်နေတယ်ဆိုတာကို သူတို့ပြောတာကိုငါကြားဖူးတယ် ”
” သူတို့တွေက အဲ့ဒါကြီးကို သူတို့ကခေါင်းဆောင်လို့ခေါ်ကြတယ်…ဒါ့အပြင် အဲ့ဒီဟာကြီးရဲ့ အဆင့်အတန်းကဘယ်လောက်ရှိလဲဆိုတာကို ငါမသိဘူး…ဒါပေမယ့် ငါရဲ့၀ိညာဥ်စွမ်းအားတစ်၀က်နီးပါးကို စတေးပြီ အဲ့ဒီအကောင်ကြီးကိုပဲ ထူးခြားတဲ့ ယစ်ပူဇော်မှုတွေလုပ်ပြစ်ပြကြတယ်လေ သူတို့ရဲ့ခေါင်းဆောင်က အရမ်းကိုအင်အားကြီးလိမ့်မယ်..ငါတွက်ထားသလောက်ရဆိုရင်တိုက်ကြီးတစ်ခုလုံးထဲမှာ ရှိရှိသမျှ၀ိညာဥ် သားရဲကောင်တွေထဲ အသန်မာဆုံးကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားလိမ့်မယ်…ပင်လယ်ထဲမှာရှိနေတဲ့ သားရဲကောင်တွေရဲ့ ထိပ်ခေါင်ဘုရင်ကြီးတစ်ယောက်ပဲ သူ့ကိုယှဥ်နိုင်မှာကိုတော့ ငါစိုးရိမ်မိသား ”
ရေခဲဧကရီက သူတို့ပြောနေတဲ့စကားကိုကြားချိန်မှာ အတော်လေးစိတ်၀င်စားနေကြပုံပါပဲ။
” ဟုတ်တယ် နှင်းဧကရီဲပြောတာကို ကြားဖူးတယ်…ကြယ်တာရာသစ်တောက တိုက်ကြီးတစ်ခုလုံးထဲမှာ ကြောက်စရာအကောင်းဆုံးနေရာတဲ့ အဲ့ဒီနေရာကို အလွယ်လေးမ၀င်သွားဖို့ အမြဲတမ်းသတိပေးဖူးတယ်..အဲ့ဒီနေရာမှာ သူ့ထက်ပိုပြီး အင်အားကြီးတဲ့သူရှိနေတယ်တဲ့ ”
ဟို့ယွိဟောင်ကတော့ တကယ်ကြီးလန့်သွားခဲ့ရပါပြီ။ ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့ ပြောပုံအရဆိုရင် သေချာပေါက် ထူးကဲသာလွန်၀ိညာဥ်သားရဲကောင်က အဲ့ဒီနေရာမှာရှိနေပြီ အနည်းဆုံးနှစ်ပေါင်းငါးသိန်းသက်တမ်းထက်ကို ကျော်လွန်နေမှာပါ။ ကြယ်တာရာသစ်တောက တကယ်ကိုကြောက်စရာကောင်းပါတယ်။ သူက ၀ိညာဥ်စက်ကွင်းလေးတစ်ကွင်းရဖို့အတွက် အဲ့ဒီသစ်တောထဲကို ၀ိညာဥ်သားရဲကောင်အမဲလိုက်ဖို့ဆိုပြီ တစ်ယောက်ထဲပြေး၀င်သွားခဲ့မိတဲ့အဖြစ်ကို ပြန်တွေးမိမယ်ဆိုရင် သူက တကယ်ကိုတုံးအမိုက်မဲလွန်နေတာပါပဲ။
မာရှောင်ထောင့်က ပြောလာခဲ့တယ်။
” ခန္ဓာကိုယ်မျိုးနွယ်က ကောင်းတယ်လို့လဲပြောလို့မရသလို ဆိုးတယ်လို့လဲပြောလို့မရပါဘူး…တကယ်ကို ခေါင်းကိုက်စရာပဲ ဒါပေမယ့် ငါတို့လဲ သူတို့နဲ့ ရင်မဆိုင်ချင်တာတော့ မဟုတ်ဘူးလေ သူတို့တွေက သူတို့ရဲ့အမှားကို ပြင်ဆင်ဖို့အတွက် ကြိုးစားခဲ့တဲ့ပုံစံကြည့်မယ်ဆိုရင် သူတို့က အရမ်းကြီးဆိုးတဲ့သူတွေလဲ မဟုတ်ဘူး….ဒါ့အပြင် ငါတို့သာ ခန္ဓာကိုယ်မျိုးနွယ်နဲ့ တိုက်ခိုက်လို့ကတော့ တကယ်ကြီးမားတဲ့ပြဿနာကြီးတွေတက်လိမ့်မယ်…နေလတိုက်ကြီးကလဲ ငါတို့တိုက်ကို မျက်စိကြနေတာအချိန်ကြာကြီးကြာပြီ ဒါ့အပြင် အချိန်မရွေးလဲ ပြန်တိုက်ခိုက်လာနိုင်သေးတယ် ”
ဒါကြောင့်သာ ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ ကျင်းပတဲ့အစည်းအဝေးပွဲတွေက ငါတို့ကျောင်းတော်ထဲမှာရှိနေတဲ့ ပြဿနာတွေနဲ့ ခန္ဓာကိုယ်မျိုးနွယ်နဲ့ပတ်သက်တဲ့ပြဿနာတွေအားလုံးကို ကတိက၀တ်စာတန်းအရ ဖြေရှင်းဖို့ကြိုးစားနေကြရတာပါပဲ။
ကျန်းနန်နန်က ဒီအချိန်မှာ ရုတ်တရက်ထပြီ ပြောလာခဲ့ပါတယ်။
” ဒါဆိုရင် ပြည်သူပြည်သားတွေက ဘာမှမဟုတ်ပဲအသက်ပေးလိုက်ရတာပေါ့ ”
မာရှောင်ထောင့်က သူ့ကိုတစ်ချက်ကြည့်ရင်း ပြန်ဖြေလာခဲ့ပါတယ်။
” ငါတောင်းပန်ပါတယ်…ဒီမေးခွန်းကိုဘယ်လိုဖြေရမလဲတကယ်မသိပါဘူး…ငါတို့ကျောင်းတော်က တတ်နိုင်သလောက်လုပ်ခဲ့တယ်ဆိုတာပဲ ပြောနိုင်တယ်…သားရဲကောင်လှိုင်းတွေကို တားဆီးခဲ့ပြီ အနည်းဆုံးသောင်းနဲ့ချီတဲ့ လူတွေကိုကယ်တင်ခဲ့သေးတယ်..ခန္ဓာကိုယ်မျိုးနွယ်နဲ့ ပြဿနာကိုလဲ ဖြေရှင်းပြီငါတို့ရဲ့အင်အားကိုအသုံးပြုရင်း ဒီတိုက်ကြီးကိုလဲကာကွယ်ထားတယ်…အသေးစိတ်တွေကိုတော့ ငါမသိရဘူး. ”
ကျန်းနန်နန်က အတော်ကိုတိတ်ဆိတ်နေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကတိက၀တ်တွေအကြောင်းကို သူမကြိုက်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းမြင်သာနေခဲ့ပါပြီ။
ရှုစန်းရှီက သူမဘေးနားကိုလျှောက်လာရင်း ပုခုံးကိုပုတ်လိုက်တယ်။ ဒါပေမယ့် ကျန်းနန်နန်ကတော့ အားသုံးပြီအဲ့ဒီလက်ကိုဖယ်ရှားလိုက်ပါတယ်။ မာရှောင်ထောင့်က ဟို့ယွိဟောင်ကို ပြောလာခဲ့တယ်။
” ခန္ဓာကိုယ်မျိုးနွယ်က အကြီးအကဲရွှမ် ဒီမှာရှိနေသရွေ့ ဘာမှလုပ်၀ံ့တယ်လို့မထင်ဘူး…ဒါပေမယ့် ယွိဟောင် သတိထားရမယ်…အခုအချိန်ကနေစပြီ စိတ်ရှိတိုင်းတည်ခိုဆောင်ကနေမထွက်နဲ့ ငါတို့နဲ့အတူတူပဲသွားရမယ်…ငါတို့တွေ ကျောင်းတော်ကိုပြန်ရောက်ရင်တော့ အားလုံးအဆင်ပြေသွားလိမ့်မယ်…ခန္ဓာကိုယ်မျိုးနွယ်က ဘယ်လောက်ပဲသန်မာပါစေ အမျက်ဒေါသကျောင်းတော်ကိုတော့ မလာ၀ံ့ပါဘူး ”
” ကောင်းပါပြီ ”
ဟို့ယွိဟောင် ပြန်ဖြေလိုက်ပါတယ်။ မာရှောင်ထောင့်က တခြားသူတွေထူးဆန်းတဲ့အကြည့်ကို မြင်ချိန်မှာ သူပြောလာခဲ့တယ်။
” အားလုံးပဲ ငါတို့ရဲ့အခေါ်အဝေါ်တွေကို စိတ်၀င်စားနေကြတယ်မလား ကောင်းကောင်းနားထောင်ကြ အခုအချိန်ကနေစပြီ ယွိဟောင်က ငါရဲ့မွေးစားမောင်လေး ဖြစ်သွားပြီ ငါရဲ့သွေးရင်းသားရင်းမောင်လေးနဲ့ ဘာမှမခြားဘူး..ကောင်းပြီ ဒါဆိုရင် ကိုယ်အခန်းကိုယ်ပြန်ပြီ လေ့ကျင့်ကြတော့ ”
မာရှောင်ထောင့်နဲ့ ၀မ်သုန့်ကလွဲပြီ အားလုံးကထွက်ခွာသွားကြပါပြီ။ မာရှောင်ထောင့်က ၀မ်သုန့်ကို ကြည့်ရင်းမေးလာခဲ့တယ်။
” ဘာဖြစ်လို့မင်းမသွားသေးတာလဲ ”
၀မ်သုန့်က တစ်ထပ်ထဲပြန်မေးလာခဲ့တယ်။
” အစ်မကြီးရောဘာဖြစ်လို့မသွားသေးတာလဲ ”
” ငါကယွိဟောင်ကို စကားပြောစရာရှိလို့နေခဲ့တာ ”
၀မ်သုန့်က ခေါင်းမော့ရင်ကော့ရင်း ပြောလာခဲ့ပါတယ်။
” ကျွန်တော်ကသူနဲ့လေ့ကျင့်မလို့လေ ကျွန်တော်တို့ရဲ့သိုင်းပညာပေါင်းစည်းစွမ်းရည်က နှစ်ယောက်အတူတူလုပ်မှဖြစ်တယ်ဆိုတာ မသိဘူးလား ကျွန်တော်တို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေက အပြည့်အ၀လိုက်ဖက်ညီနေတယ်…ဒါကြောင့် အတူတူလေ့ကျင့်မယ်ဆိုရင် အရှိန်အဟုန်ပိုမြန်တယ် ”
မာရှောင်ထောင့်က မျက်ခုံးတွေကိုပင့်သွားခဲ့ပါတယ်။
” ကောင်းပြီလေ ဒါဆိုရင်ဒီမှာနေ မင်းကမိန်းကလေးတွေထက်တောင် ပိုပြီးတော့ ချောမောနေသေးတယ်…ကြီးလာရင် လူရှုပ်လူပွေမဖြစ်အောင် သတိထား ”
၀မ်သုန့်ကတော့ ဒေါသထွက်နေခဲ့ပါပြီ။ ဒါပေမယ့် တစ်စုံတစ်ရာကို တွေးလိုက်မိတဲ့ပုံစံနဲ့ သူဒေါသမထွက်ပါဘူး။ အဲ့ဒီနောက်အေးအေးဆေးဆေးထိုင်ရင်းနဲ့သာ ပါးစပ်ပိတ်နေခဲ့ပါတော့တယ်။
မာရှောင်ထောင့်က ဟို့ယွိဟောင်ကို ပြောလာခဲ့ပါတယ်။
” ငါမောင်လေး ခန္ဓာကိုယ်မျိုးနွယ်က ငါတို့ထင်ထားတာထက်ကို အများကြီးပိုပြီး အန္တရာယ်များနိုင်တယ်…ပြန်တွေးကြည့်လိုက်ရအောင် လက်ရှိအချိန်မှာ ငါမောင်လေးပြသထားတဲ့ စွမ်းရည်တွေက အရမ်းကိုထူးချွန်လို့နေတယ်…ဒါ့အပြင် အသက်ကလဲငယ်သေးတယ်လေ သူတို့အနေနဲ့ ပုံသွင်ဖို့ဆိုတာ လွယ်လွယ်လေးပဲ ခန္ဓာကိုယ်မျိုးနွယ်အနေနဲ့ အရမ်းကြီးလိုချင်နေကြတာမဆန်ဘူး…ဒါ့အပြင် သူတို့က တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်တဲ့စာမေးပွဲကို လာကြည့်ဖို့လူတွေကိုတောင် လွှတ်ထားသေးတယ် ”
ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။
” မမကြီးမစိုးရိမ်နဲ့ အကြီးအကဲရွှမ်ရှိနေသရွေ့ ဘာမှပြဿနာမဖြစ်နိုင်ပါဘူး ”
မာရှောင်ထောင့်က မျက်မှောင်ကြုတ်ရင်ပြောလာခဲ့ပါတယ်။
” ခန္ဓာကိုယ်မျိုးနွယ်အကြောင်းကို ငါမောင်လေးနားမလည်သေးပါဘူး..သူတို့တွေက သူတို့ရဲ့ရည်မှန်းချက်အောင်မြင်ဖို့ဘာမဆိုလုပ်နိုင်တယ်…ဘာကြောင့်လဲဆိုတော့ သူတို့မှာအဲ့ဒီလိုလုပ်ဖို့ အစွမ်းအစရှိနေလို့ပဲ ဒါကြောင့်ပဲပိုပြီးကြောက်စရာကောင်းနေတာ အကယ်၍ ခန္ဓာကိုယ်မျိုးနွယ်ကသာ အတင်းအကြပ်သိမ်းသွင်ဖို့ကြိုးစားခဲ့မယ်ဆိုရင် မခုခံဖို့အတွက် သတိပေးချင်တယ်…သူတို့နောက်ကို လိုက်သာလိုက်သွားလိုက်ခန္ဓာကိုယ်မျိုးနွယ်က သူတို့ရဲ့ လူအချင်ချင်းကို ရန်ကောင်းကောင်းကာကွယ်ပေးထားတယ်..ဒါ့အပြင် ပါရမီရှင်တွေကိုလဲ အလေးထားတာကြောင့် ထိခိုက်အောင်လုပ်မှာတော့ မဟုတ်လောက်ပါဘူး ”
အပိုင်း ၁၁၅•၁ ပြီး၏။