အပိုင်း ၁၁၄•၁
” ခန္ဓာကိုယ်မျိုးနွယ် ”
°°°
မာယုလုံက အဆင့်လေးရောင်ပြန်မီးကိုသုံးပြီ အသန်မာဆုံးပြိုင်ပွဲ၀င်ကို ရင်ဆိုင်နိုင်မယ်လို့ ဘယ်သူများထင်မှာလဲ။ သူ့ရဲ့လှုပ်ရှားမှုက အသင့်တော်ဆုံးလက်နက်ဆိုတာ အကောင်းဆုံးလက်နက်ဖြစ်မှန်း အားလုံးကိုပြောပြနေသလိုပါပဲ။
ကျန်းဖန်းက အမြင်အာရုံဆုံးရှုံးသွားခဲ့ပါပြီ။ သူ့ရဲ့ပြေး၀င်နေတဲ့ အရှိန်အဟုန်ကလဲ ရပ်တန့်လို့သွားပါတော့တယ်။ ဘယ်ဘက်လက်ကိုအသုံးပြုရင်း မျက်လုံးကိုဖုံးထားခဲ့ပြီ ၀ိညာဥ်စွမ်းအားတွေကို သူခပ်မြန်မြန်ပဲ ပြန်သိမ်းနေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့ပုဆိန်ကြီးက ခန္ဓာကိုယ်ကို အပြည့်အ၀ကာကွယ်နေခဲ့ပါတယ်။ သူနဲ့ယှဥ်လိုက်မယ်ဆိုရင် မာယုလုံကတော့ အေးအေးဆေးဆေးပါပဲ။ သူ့ရဲ့လက်ထဲကနေ ရောင်ပြန်မီးပေါ်လာချိန်မှာ သူရပ်နေတဲ့နေရာမှာ ရှိနေခဲ့တယ်။ ဘယ်သူမှ သူဘယ်လိုလုပ်လိုက်လဲ မမြင်ပါဘူး။ ရုတ်တရက်ဆိုသလို သူ့ရဲ့နောက်ကျောကနေ သေးငယ်တဲ့ကျည်ဆံဆယ်ခုက ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအလင်းတန်းတွေက သူ့ပြိုင်ဘက်ဆီကို ပြေး၀င်မသွားခဲ့ပဲ နေရာအနှံ့ဆီကို ရုတ်တရက်ဖြတ်ထွက်လို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးက ပြိုင်ပွဲစင်မြင့်မှာဆက်တိုက်ပေါ်လာခဲ့ပါပြီ။
ဒီအလင်းကျည်ဆံတွေက သေးငယ်တဲ့ပုံထင်ရပေမဲ့ ဆက်တိုက်ပေါက်ကွဲမှုတွေက နားထဲအထိစူးရှလို့နေခဲ့တယ်။ ဒီလိုဆက်တိုက်ပေါက်ကွဲမှုတွေအောက်မှာ ကျန်းဖန်းကတော့ မတည်ငြိမ်နိုင်တော့ပါဘူး။ သူရူးရူးသွပ်သွပ်နဲ့ သူ့ရဲ့ပုဆိန်ကြီးကို အသုံးပြုရင်း စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်ကိုပါ ထည့်သွင်းကာများပြားတဲ့ပုဆိန်တွေကို ထုတ်လွှတ်နေရင်း တိုက်ခိုက်နေခဲ့ပါတယ်။
ဟို့ယွိဟောင်က စင်အောက်ကနေ အသေးစိတ်စောင့်ကြည့်နေခဲ့ရင်း တစ်ဖက်ကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ ဘယ်လိုတိုက်ခိုက်မှန်း သိချင်နေခဲ့တယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ တိုက်ပွဲထဲမှာ ဘယ်လိုတိုက်ခိုက်နေလဲဆိုတာကို သင်ယူလိုစိတ်ပြင်းပြပါတယ်။
ကျန်းဖန်းနဲ့ မာယုလုံတို့ကြောင့် အတော်လေးကို အသိဉာဏ်ပွင့်သွားခဲ့တာပါ။ အထူးသဖြင့် မာယုလုံရဲ့စကားတွေကြောင့် သူလဲတော်တော်လေးကို နားလည်သဘောပေါက်မှုရသွားခဲ့ပါတယ်။ သူက ကိုယ်ပိုင်၀ိညာဥ်လက်နက်ကို ဖန်တီးပြီအသုံးပြုနေခဲ့တဲ့သူပါ။
ပြိုင်ပွဲစတင်ပြီတဲ့နောက်မှာ မာယုလုံက အသာစီးရနေခဲ့ပါပြီ။ ဒါကတိုက်ဆိုင်မှုတစ်ခုလို ဟို့ယွိဟောင်မထင်ပါဘူး။ မာယုလုံက သန်မာပါတယ်။ သူ့ရဲ့၀ိညာဥ်လက်နက်တင်မကပဲ အခြေအနေကို အကဲဖြတ်နိုင်စွမ်းကလဲ တိကျလို့နေခဲ့တယ်။ ပထမဆုံးသူသုံးလိုက်တဲ့နည်းလမ်းက ရိုးရှင်းပြီမကြားဖူးတဲ့နည်းလမ်းကို သိနေခဲ့ပေမဲ့ ကျန်းဖန်းလှည့်စားခံလိုက်ရတာ အံ့ဩစရာမရှိတော့ပါဘူး။ အကယ်၍ ဒါကိုနောက်တစ်ကြိမ်သုံးမယ်ဆိုရင်တော့ အသုံးမ၀င်နိုင်တာအမှန်ပါ။
ဒီတစ်ကြိမ်မှာတော့ မာယုလုံရဲ့ခန္ဓာကိုယ်က နောက်ထပ်ပြောင်းလဲမှုတစ်ခု ဖြစ်သွားပါတော့တယ်။ ရွှေရောင်အမြောက်ဆံတစ်ခုက သူ့ရဲ့ပုခုံးပေါ်မှာ ပေါ်လာခဲ့ပြီ သေးငယ်တဲ့အလင်းတန်းလေးတစ်ခုက အနီရောင်ပဲစေ့လိုပုံစံနဲ့ ထွက်ပေါ်လာပါတော့တယ်။
သူ့ရဲ့မူလချောမွေ့ပြီ သဘာ၀ကျကျဖြစ်နေခဲ့တဲ့ပုံစံကို ထိန်းချုပ်လို့ထားခဲ့ရင်း အစကနေအဆုံးအထိ မရပ်တန့်ခဲ့ပါဘူး။ အလင်းတန်းဘောလုံးလေးတွေ ပြစ်လွှတ်လိုက်ချိန်မှာတော့ ဒီရွှေရောင်အမြောက်က နောက်တစ်ကြိမ် နေရာပြောင်းသွားပါတော့တယ်။ ကျန်းဖန်းရဲ့ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်ပြီးဆုံးလို့သွားချိန်မှာပဲ ပေါက်ကွဲသံတွေက ပတ်ပတ်လည်မှာဖြစ်ပေါ်လို့လာခဲ့ပါပြီ။
၀ိညာဥ်ဧကရာဇ်အဆင့်မှာ ထက်မြက်စူးရှတဲ့ အာရုံခံနိုင်စွမ်းတွေကို ပိုင်ဆိုင်လာရပါတယ်။ ကျန်းဖန်းက သူ့ရဲ့အမြင်အာရုံနဲ့ အကြည့်နှစ်ခုစလုံးကို တိုက်ခိုက်ခံနေရတာကြောင့် ပြင်ပအခြေအနေကို ရှင်းရှင်းလင်းလင်းမသိတော့ပါဘူး။ ဒါကြောင့် သူ့ရှေ့မှာရှိရှိသမျှတိုက်ခိုက်ဖို့အတွက် ပုဆိန်ကိုဆက်တိုက်ဝှေ့ရမ်းနေခဲ့ပါတယ်။
နောက်ထပ် တစ်၀ုန်း၀ုန်းမြည်သံတွေ မရှိတော့ပါဘူး။ သေးငယ်တဲ့အနီရောင်အစက်ကလေးကတော့ အပေါက်ပုံသဏ္ဍာန်နဲ့ ကောင်းကင်တုန်ခါပုဆိန်ပေါ်မှာ ရှိနေခဲ့ပါတယ်။ ကျန်းဖန်းက သူ့ရဲ့ခန္ဓာကိုယ်ကို နေရာရွေ့ပြီဖြစ်ပေမဲ့ အနီရောင်အလင်းတန်းကတော့ သူ့ရဲ့ပုခုံးကို ဖောက်ထွက်လို့သွားခဲ့တယ်။ သေးငယ်တဲ့အပေါက်ကလေးတစ်ပေါက်က ဖြစ်ပေါ်လာခဲ့ပါပြီ။
ဒီလို၀ိညာဥ်လက်နက်ကို ဟို့ယွိဟောင်ဘယ်တုန်းကမှမကြားဖူးခဲ့ပါဘူး။ မြင်ဖို့ဆိုတာရှားပါသေးတယ်။ ပိုပြီးကြောက်စရာကောင်းတဲ့အရာကတော့ အနီရောင်အလင်းတန်းလေးက ကျန်းဖန်းခန္ဓာကိုယ်ရဲ့ကောင်းကင်တုန်ခါပုဆိန်နှစ်ခုစလုံးကို ထုတ်ချင်ပေါက် ပေါက်သွားခဲ့တာပါပဲ ဒါတင်မကသေးပဲ ၀ိညာဥ်ပညာရှင်တစ်ရာရှစ်ယောက် ဖန်တီးထားတဲ့ အကာအကွယ်အတားအဆီးကိုပါဖောက်ထွက်လို့သွားခဲ့တယ်။
အနီရောင်အလင်းတန်း ဖြတ်သွားတဲ့နေရာတိုင်းမှာ လေထုတစ်ခုလုံးကတော့ မီးရှို့ခံလိုက်ရသလိုမျိုးအနံ့တွေထွက်ပေါ်နေခဲ့ပါပြီ။ ကျန်းဖန်းလဲ နာနာကျင်ကျင်နဲ့ အော်ဟစ်နေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပုခုံးတစ်ခုလုံး နာကျင်နေတာတောင် လက်လျှော့ဖို့စိတ်ကူးမရှိခဲ့ပါဘူး။ အော်ဟစ်ဟိန်းဟောက်ရင်းနဲ့ သူ့ရဲ့ပုဆိန်ကြီးကို နောက်တစ်ကြိမ် လွဲရမ်းနေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အင်အားအကြီးဆုံးခြောက်ခုမြောက် ၀ိညာဥ်စက်ကွင်းက တောက်ပလာခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူ့ရဲ့၀ိညာဥ်စက်ကွင်းကို အသုံးပြုဖို့အကောင်းဆုံးအချိန်မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ထပ် စောင့်ဆိုင်းနေရမှန်း သူသိနေခဲ့တယ်။
သူ့ရဲ့မျက်လုံးတွေက ရောင်ပြန်မီးကြောင့်အရမ်းထိခိုက်သွားခဲ့တာပါ။ ဒါ့အပြင် ပြိုင်ပွဲဆုံးတဲ့အထိ မျက်လုံးပြန်မကောင်းလာနိုင်တာလဲသူနေသိခဲ့တယ်။ ပြိုင်ဘက်က သူ့ကိုအကြားအာရုံသုံးနိုင်အောင် အခွင့်အရေးပေးမနေခဲ့ပါဘူး။ သေးငယ်တဲ့ပေါက်ကွဲမှုလေးတစ်ခုကတောင် သူ့ကိုပြဿနာတက်စေနိုင်ဖို့ လုံလောက်နေခဲ့ပါပြီ။
ဒါပေမယ့် ကျန်းဖန်းက ဒီအတိုင်းထိုင်မနေခဲ့ပဲ ရှိရှိသမျှအင်အားကို အသုံးပြုရင်း မာယုလုံရှိနိုင်မဲ့နေရာကို မှန်ကာတိုက်ခိုက်နေခဲ့တယ်။
အသံအစုံက ထွက်ပေါ်နေခဲ့ပြီ ထူးထပ်တဲ့အလင်းတန်းတွေက ဖြစ်ပေါ်လာခဲ့ပြန်ပါတယ်။ ထူးထပ်တဲ့အနက်ရောင်အလင်းတန်းတွေက ဆက်တိုက်ဆိုသလို ရှိသမျှဘေးပတ်လည်ကို တိုက်ခိုက်နေခဲ့ပြီ ကြည့်နေသူတွေလဲ တအံ့တဩဖြစ်နေခဲ့ရပါတယ်။
မာယုလုံကလဲ ပိုပြီးလေးလေးနက်နက်ဖြစ်လာခဲ့ပါပြီ။ သူက ခုန်ရှောင်ဖို့မကြိုးစားခဲ့ပါဘူး။ ကောင်းကင်တုန်ခါပုဆိန်ဆီကနေ စုပ်ယူတဲ့အားကြီးတွေက ထွက်ပေါ်လို့နေခဲ့တာပါ။ ဒီစုပ်ယူတဲ့အားက သူ့ကိုဆွဲခေါ်နိုင်ဖို့ မကြီးမားပေမဲ့ လက်ရှိနေရာကနေ မလှုပ်ရှားစေနိုင်လောက်တဲ့အထိတော့ အင်အားရှိပါသေးတယ်။
မဖော်ပြနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့အင်အားက ရုတ်တရက်ပြေးထွက်လို့လာခဲ့ပါပြီ။ မာယုလုံရဲ့ ခြေထောက်အောက်ဖက်မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတွေလဲ ဖြစ်ပေါ်လာပါတော့တယ်။ ထူးခြားတဲ့အနက်ရောင်စက်၀ိုင်းပုံသဏ္ဍာန်သင်္ကေတက သူ့ခြေထောက်အောက်ကနေ ဖြစ်ပေါ်လာပါတယ်။ ထူးထပ်တဲ့အနက်ရောင်မီးလျှံတွေက အတွင်းကနေအပြင်ကို ဖောက်ထွက်လို့လာခဲ့ပြီ ကြီးမားတဲ့ပုဆိန်ကြီးက အရင်ကထက် နှစ်ဆပိုကြီးလာကာ ချက်ချင်းဆင်းသက်လို့လာပါတော့တယ်။
ဒီပုဆိန်ရဲ့ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်ကတော့ အမှောင်ထုနတ်ဆိုး ကောင်းကင်တုန်ခါမှုပါ။ ကောင်းကင်ကြီးတစ်ခုလုံးရဲ့ ဒေါသကိုထုတ်လွှတ်နိုင်ပြီ ငရဲရဲ့မီးလျှံတွေကိုလဲ ဆွဲခေါ်နိုင်ပါတယ်။ သူ့ရဲ့မိစ္ဆာဆန်းတဲ့အစွမ်းသတ္တိက လမ်းမှာရှိသမျှအရာအားလုံးကို ဖျက်ဆီးနိုင်ဖို့လုံလောက်နေခဲ့တယ်။
ဒါကကျန်းဖန်းရဲ့ အသန်မာဆုံးလှုပ်ရှားမှုတစ်ခုပါပဲ။ အမြင်အာရုံနဲ့ အကြားအာရုံမရှိပေမဲ့ သူ့ပြိုင်ဘက်ကိုတော့ နေရာတစ်ခုထဲမှာ ဖိနှိမ့်ထားပြီ တိုက်ခိုက်နိုင်ပါသေးတယ်။ အချိန်နဲ့အကဲဖြတ်မှုတွေကြောင့် သေချာပေါက် ၀ိညာဥ်ဧကရာဇ်တစ်ယောက်ရဲ့အစွမ်းအစရှိနေတာအမှန်ပါ။
ဒီတစ်ကြိမ်မှာပဲ မာယုလုံရဲ့တစ်ကိုယ်လုံးကို အားကောင်းတဲ့ရွှေရောင်အလင်းတန်းက ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။
ငရဲမီးလျှံတွေဘယ်လောက်ပဲအင်အားကြီးပါစေ ဒီရွှေရောင်အလင်းတန်းကို တစ်လက်မလေးတောင် ဖောက်မထွက်နိုင်ခဲ့ပါဘူး။ ကောင်းကင်တုန်ခါပုဆိန်ကလဲ နားစည်ကွဲမတတ်အော်သံတွေနဲ့အတူ အောက်ဖက်မှာရှိနေခဲ့တဲ့ စင်ကြီးကိုပျက်စီးသွားစေခဲ့ပါတယ်။ သေးငယ်တဲ့အက်ကွဲကြောင်းတွေက ရွှေရောင်အတားအဆီးအနှံ့မှာ ပေါ်လာခဲ့ပါပြီ။
ဒါက၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ ၀ိညာဥ်သော့်လော့ရဲ့တိုက်ခိုက်မှုကိုတောင် သုံးစက္ကန့်တိတိ တားဆီးနိုင်တဲ့မပျက်သုန်းအတားအဆီးပါပဲ။ တစ်ခေါက်ပဲအသုံးပြုလို့ရပေမဲ့ အမှောင်ထုနတ်ဆိုးကောင်းကင်တုန်ခါမှုအောက်မှာ ပျက်စီးလုမတတ်ဖြစ်နေခဲ့ပါပြီ။
မာယုလုံကတော့ လေးစားတဲ့အကြည့်ပေါ်လာပါတော့တယ်။ ဒီသုံးစက္ကန့်က အတော်ကိုတိုတောင်ပေမဲ့ ရောက်ရှိလာတဲ့တိုက်ခိုက်မှုကို ကာကွယ်ဖို့လုံလောက်နေခဲ့တယ်။
သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ၀ိညာဥ်လက်နက်ကလဲ ပြောင်းလဲသွားခဲ့ပါပြီ။ သတ္ထုအမြောက်ပေါင်းငါးဆယ်ကျော်က ခန္ဓာကိုယ်ပေါ်မှာ နောက်တစ်ကြိမ် ပေါ်လာပြန်ပါတော့တယ်။ ဒါတွေကိုသူဘယ်လိုသုံးလဲဘယ်သူမှမပြောနိုင်ပေမဲ့ ခန္ဓာကိုယ်ပေါ်မှာပိုပြီးကြီးထွားလို့လာခဲ့တယ်။
ကျန်းဖန်းက လက်မလျှော့သေးပါဘူး။ အသန်မာဆုံးတိုက်ခိုက်မှုကို ထုတ်လွှတ်ပြီတဲ့နောက် မာယုလုံဆီကို ပြေးသွားပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့ပုဆိန်ကို ခန္ဓာကိုယ်နဲ့ပြန်ချိတ်ဆက်လိုက်ပြီ မာယုလုံရဲ့ နေရာကို ထောက်လှမ်းနေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ဘက်ဘက်လက်ကတော့ သူ့အနောက်ဖက်မှာဒရွတ်တိုက်ဆွဲပြီ ကျန်ရစ်နေဆဲပါ။ သူ့ရဲ့ဘယ်ဘက်လက်မောင်းကို နောက်ထပ်လဲထပ်မသုံးနိုင်ပါဘူး။ ပိုပြီးထူးဆန်းတဲ့အရာကတော့ သူ့ရဲ့ပုခုံးကနေ သွေးတစ်စက်မှမကျပဲ ရှိနေခဲ့တဲ့ကိစ္စပါပဲ။
သုံးစက္ကန့်ပြီတဲ့နောက် ပုဆိန်ကြီးက ကျန်းဖန်းရဲ့လက်ထဲ ပြန်ရောက်လာပါတော့တယ်။ မာယုလုံနဲ့ သူကလဲ ဆယ်မီတာသာ ကွာတော့တာပါ။ အရှေ့ကိုတိုးလာနေရင်း နောက်တစ်ကြိမ်တူကိုမြောက်ကာ များပြားတဲ့၀ိညာဥ်စက်ကွင်းတွေက တောက်ပလာပါတော့တယ်။ အကယ်၍ သူသာ မာယုလုံအနားကို ကပ်နိုင်မယ်ဆိုရင် ဒီပြိုင်ပွဲရဲ့ရလဒ်ကို သူထိန်းချုပ်နိုင်ပြီလို့ အပြည့်အ၀ယုံကြည်နေခဲ့ပါတယ်။
ကျန်းဖန်းက မမြင်ရသေးပေမဲ့ ကြည့်နေသူကတော့မြင်ရပါတယ်။ နှစ်ဖက်စလုံးထိတော့မဲ့အချိန်မှာပဲ မာယုလုံရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့သတ္ထုအမြောက်တွေအားလုံးက ချက်ချင်းဆိုသလို တောက်ပသွားခဲ့ပါပြီ။
မမျှော်လင့်ထားစွာပဲ ဒီသတ္ထုအမြောက်တွေက မတူညီတဲ့တစ်စုံတစ်ရာကို ထုတ်လွှတ်လိုက်တာပါ။ ပထမဆုံးကတော့ သူ့ရဲ့ရင်ဘတ်ပေါ်မှာ ပန်ကန်လုံးတစ်လုံးကြီးမားတဲ့ အနီရောင်သတ္ထုအမြောက်တစ်ခု ပေါ်လာတာပါပဲ။ ဒီအနီရောင်အလင်းတန်းဘောလုံးက ချန်ပီယံခန္ဓာကိုယ်ဆီကို တန်းတန်းမတ်မတ် ပြေး၀င်သွားပါတော့တယ်။
ကျန်ဖန်းကတော့ ဒါကိုအာရုံခံမိပုံမပေါ်ပါဘူး။ သူ့ရဲ့အာရုံခံနိုင်စွမ်းတွေအားလုံး လှည့်စားခံနေရပုံပါပဲ။
အဲ့ဒီနောက် အနီရောင်အလင်းတန်းက သူရင်ဘတ်ကို၀င်တိုက်မိပါတော့တယ်။ ကျန်းဖန်းကတော့ ဒီအချိန်အထိ ဘာမှမသိသေးပုံမပေါ်ပါဘူး။ ချက်ချင်းဆိုသလို သူခန္ဓာကိုယ်က တောင့်တင်းသွားရင်း လေထဲမှာရပ်တန့်လို့သွားခဲ့ပါတော့တယ်။ အဲ့ဒီနောက် သူကြုံတွေ့လိုက်ရတာကတော့ များပြားတဲ့အလင်းတန်းတွေရဲ့ တိုက်ခိုက်မှုပါပဲ။
အဆင့်မြင့်ကျင့်ကြံသူတွေကလွဲပြီ ဖြစ်သွားတာကို သိလိုက်တဲ့သူက နည်းနည်းပါးပါးသာရှိပါတယ်။ ဟို့ယွိဟောင်ကတော့ ဒါတွေအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရတယ်။
သူ့ရဲ့ထက်မြက်တဲ့အာရုံခံနိုင်စွမ်းတွေကြောင့်သာ ဟို့ယွိဟောင်က ဖြစ်စဥ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတာပါ။ ဒီအနီရောင်ဘောလုံးလေးက ဘာမှန်းမသိပေမဲ့ လူတစ်ယောက်ရဲ့အာရုံခံနိုင်စွမ်းတွေကို အားနည်းအောင်လုပ်နိုင်တဲ့ တစ်စုံတစ်ရာမှန်းသိနေခဲ့ပါတယ်။ ဒါ့အပြင် ရိုးရှင်းတဲ့၀ိညာဥ်စွမ်းအားတော့မဟုတ်နိုင်ပါဘူး။ သေချာပေါက် တစ်ဖက်လူကို မလုပ်နိုင်အောင်လုပ်ဆောင်နိုင်တဲ့တစ်စုံတစ်ရာလဲ ဖြစ်နိုင်နေခဲ့တယ်။ ကျန်းဖန်းဒီအရာနဲ့ ထိတွေ့မိတာနဲ့ သူ့ရဲ့လက်ထဲမှာရှိတဲ့ပုဆိန်လဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
၀ိညာဥ်အလင်းတန်းတွေက ကျန်းဖန်းရဲ့ခန္ဓာကိုယ်ကို လွှင့်ထွက်လို့သွားစေခဲ့ပါတယ်။ ဒီ၀ိညာဥ်စွမ်းအားက ခန္ဓာကိုယ်ကိုကာကွယ်ထားပေမဲ့ သူ့ရဲ့ကိုယ်လုံးကတော့ တစ်ဖက်အစွန်းအထိကို လွှင့်ထွက်လို့သွားခဲ့တယ်။
တခဏတာရုန်းကန်ပြီတဲ့နောက် ပြိုင်ပွဲစင်မြင့်အောက်ကို သူပြုတ်ကျလို့သွားခဲ့ပါပြီ။
ပြိုင်ပွဲလဲပြီးဆုံးသွားခဲ့ပြီဖြစ်သလို မာယုလုံက အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။ သူစတေးလိုက်ရတဲ့ တစ်ခုတည်သောအရာကတော့ မပျက်သုန်းအကာအကွယ်ပါပဲ။ သူ့ရဲ့စွမ်းရည်နဲ့ဆိုရင် ဒါကို အေးအေးဆေးဆေးနောက်တစ်ကြိမ် ထုတ်လုပ်ဖို့အဆင်သင့်ဖြစ်နေခဲ့တယ်။ အဆင့်မြင့်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက အရမ်းကိုကြွယ်၀ချမ်းသာကြပါတယ်။ ဒါ့အပြင် သူကပုံရိပ်ယောင်အစစ်အမှန် ခန်းမဆောင်ကလူပါ။
ပြိုင်ပွဲကိုကြည့်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ သက်ပြင်းရှည်ကြီးချလိုက်မိပါတယ်။ ဟို့ယွိဟောင်က အရမ်းကြောက်စရာကောင်းမယ်လို့ မထင်ထားပါဘူး။ ဒါပေမယ့် သူအတော်လေးတော့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဒါက၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်နဲ့ ၀ိညာဥ်ပညာရှင်ကြားကတိုက်ပွဲပါ။ မာယုလုံဆီကနေရနိုင်တဲ့ခံစားချက်က အရမ်းကိုချောမွေ့ပြီ သဘာ၀ကျလွန်တာပါပဲ။ အစကနေအဆုံးထိ သူက အသာစီးရနေခဲ့သလို အဆုံးမဲ့တဲ့တိုက်ခိုက်မှုတွေက အရမ်းကိုလဲတိကျပါတယ်။ ဒါ့အပြင် အသင့်တော်ဆုံးအချိန်ကုန်မှ သူကရွေးပြီအေးအေးဆေးဆေးအနိုင်ယူသွားနိုင်ခဲ့တယ်။ အမှန်တရားကတော့ တစ်ဖက်လူရဲ့ ကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုတွေကို ဆက်တိုက်ရင်ဆိုင်နေရချိန်မှာ တိုက်ခိုက်မှုတစ်ခုလေးကိုမှ သူမလွဲချော်ခဲ့ပါဘူး။ ကျန်းဖန်းရဲ့ တိုက်ခိုက်မှုက ဘယ်လောက်အထိကြောက်စရာကောင်းလဲဆိုတာ ကြည့်ရုံနဲ့တင် သိနေခဲ့ပြီ။
ကျန်ဖန်းအနိုင်ယူတာခံလိုက်ရချိန်မှာတော့ နေရာတစ်ခုလုံးက အထိတ်တလန့်ဖြစ်ကုန်ကြပါတော့တယ်။ တစ်ဖက်ကျောင်းတော်မှာတောင် မယုံကြည်နိုင်ဖြစ်နေကြဆဲပါ။ ကျန်းဖန်းတောင်မှ မာယုလုံကို မနိုင်နိုင်ဘူးဆိုရင် ဘယ်သူကများနိုင်နိုင်ဦးမှာလဲ။ ပိုပြီးလန့်စရာကောင်းတာကတော့ မာယုလုံရဲ့ပုံစံပါပဲ။ သူ့ရဲ့ရင်ဘတ်ကနေ အဖြူရောင်အလင်းတန်းက ဆက်တိုက်တောက်ပလာခဲ့ပြီတဲ့နောက် ကျန်းဖန်းကိုတိုက်ခိုက်ပြီတဲ့အချိန်မှာ သူက အေးအေးဆေးဆေးရှိနေခဲ့ပါတယ်။ သေချာပေါက် ဒီအရာက နို့ပုလင်းနဲ့တူညီတဲ့စွမ်းအားဖြည့်လက်နက်တစ်မျိုး ဖြစ်နေခဲ့ပါတယ်။ မာယုလုံရဲ့ ကုန်ဆုံးသွားတဲ့ ၀ိညာဥ်စွမ်းအားတွေကို ဒီအရာက အားဖြည့်ပေးနိုင်မှာပါ။
အပိုင်း ၁၁၄•၁ ပြီး၏။