Switch Mode

Chapter – 113.1

ကောင်းကင်တုန်ခါပုဆိန်

အပိုင်း ၁၁၃•၁

” ကောင်းကင်တုန်ခါပုဆိန် ”
°°°
ကြယ်တာရာလော့ဧကရာဇ် ရှုကျားဝေက ခေါင်းခါရင်းနဲ့ ပြန်ဖြေခဲ့ပါတယ်။

” မဟုတ်ဘူး အမျက်ဒေါသကျောင်းတော်က ဒီပြိုင်ပွဲကိုဂရုမစိုက်တာမဟုတ်ဘူး ဒါပေမယ့် ဒီလူငယ်လေးတစ်စုကိုတော့ အတော်ကြီးတန်ဖိုးထားတယ်ဆိုတာ ငါသေချာသိတယ်…လူတော်တော်များများက သူတို့ရဲ့ကျင့်ကြံဆင့်တွေကြောင့် အတော်လေး သတိမမူဂူမမြင်ဖြစ်ခဲ့ကုန်တာရှိတယ်…ဒါပေမယ့် မျက်စိလျင်တဲ့သူတွေကတော့ သူတို့ရဲ့ ပါရမီတွေကိုကောင်းကောင်းပြောနိုင်မှာပဲ အမျက်ဒေါသကျောင်းတော်က ဒီတစ်ခေါက် ပြိုင်ပွဲရဲ့ချန်ပီယံဖြစ်လာဖို့ထက် သူတို့ကိုလေ့ကျင့်ပေးဖို့အတွက် ပိုပြီးတော့အာရုံစိုက်ထားတယ်…ဒီပြိုင်ပွဲကြီးကိုရှုံးနှိမ့်တာက ​ကြောက်စရာမကောင်းဘူး…ပိုပြီးကြောက်စရာကောင်းတဲ့အရာကတော့ ဆက်ခံသူမရှိတော့မှာပဲ အမျက်ဒေါသကျောင်းတော်ရဲ့ပြိုင်ပွဲတစ်ခုချင်းဆီတိုင်းကို ငါအကုန်လုံးကြည့်ခဲ့တယ်..ဒီထဲမှာရှိနေတဲ့ ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းက ကိုယ်ပိုင်ထူးခြားတဲ့၀ိသေနလက္ခာဏာတွေကို ပိုင်ဆိုင်ထားကြတယ်…အကယ်၍ သူတို့သာ မြန်မြန်ဆန်ဆန်တိုးတက်လာမယ်ဆိုရင် နောင်ငါးနှစ် ဆယ်နှစ်အတွင်းမှာ အမျက်ဒေါသကျောင်းတော်က သေချာပေါက် တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားမှာပဲ ဒါကပိုလို့တောင် ကြောက်စရာကောင်းဦးမယ် ”

အဲ့ဒီနေရာအထိ ပြောပြီချိန်မှာပဲ ရှုကျားဝေက ရပ်တန့်လိုက်ပါတော့တယ်။ အဝေးကိုလှမ်းပြီ အာရုံစိုက်ရင်း သူဆက်ပြီပြောလာခဲ့တယ်။

” ညီမငယ်လေး ဒါကိုမင်းမှတ်ထားလိုက် သူတို့ကျောင်းတော်ရဲ့စွမ်းအားနဲ့ဆိုရင် နေလနိုင်ငံတော်ရဲ့ ကျုးကျော်မှုကို တစ်ချိန်တုန်းက နိုင်ငံတော်သုံးခုကိုဦးဆောင်ပြီ ပြန်တိုက်ခိုက်ခဲ့သလိုမျိုး တိုက်ခိုက်ပေးနိုင်တယ်…ဒါ့အပြင် ကြယ်တာရာလော့သစ်တောရဲ့ သားရဲကောင်လှိုင်းကိုလဲ ခုခံနိုင်သေးတယ်…သူတို့သာ မရှိဘူးဆိုရင် ငါတို့နိုင်ငံတော်တွေကြားက တည်မြဲနေတဲ့ မျှချေအခြေအနေကလဲ ပျက်သုန်းသွားလိမ့်မယ်…ကောင်းပြီ ငါတို့တွေပြိုင်ပွဲကိုကြည့်ရအောင် ”

အခုအချိန်မှာတော့ ပြိုင်ပွဲတွေက စတင်နေခဲ့ပါပြီ။

နေလတော်၀င်ကျောင်းတော်ရဲ့ပြိုင်ဘက်ကျောင်းတော်အနေနဲ့ အရှက်ရမှုကြောင့် အတော်ကြီးကို ဒေါသထွက်နေမယ်ဆိုတာကို မေးခွန်းထုတ်စရာတောင်မရှိတော့ပါဘူး။ ဒါကြောင့် ပထမဆုံးထွက်လာတဲ့သူက သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ၀ိညာဥ်ဧကရာဇ်ဖြစ်နေခဲ့ပါတယ်။ သူက မနေ့ကမဲခွဲဆုံးဖြတ်ပေးတဲ့သူပါပဲ။

နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကတော့ အရပ်ရှည်ရှည်ပိန်ပါးပါးနဲ့ လူငယ်တစ်ယောက်ကို ပို့လွှတ်လိုက်ပါတယ်။ ၀မ်ယန်ကတော့ အဲ့ဒီလူငယ်ကို မိတ်ဆက်ပေးနေခဲ့တယ်။

” တော်၀င်အံ့ဖွယ်ကျောင်းတော်ရဲ့ အဖွဲ့ခေါင်းဆောင်နာမည်က ကျန်ဖန်းလို့ခေါ်တယ်…သူက ၀ိညာဥ်ဧကရာဇ်တစ်ယောက်ပဲ အဆင့်ခြောက်ဆယ်တစ်နဲ့ ခြောက်ဆယ်နှစ်ကြားမှာရှိတယ်…အသက်နှစ်ဆယ်မတိုင်ခင် ဒီလို၀ိညာဥ်ဧကရာဇ်ဖြစ်တာ သူတို့ကျောင်းတော်က ပထမဆုံးပဲ ဒါ​ကြောင့်သာ သူကအရမ်းကို မောက်မာတယ်လို့ပြောကြတယ်…သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ကောင်းကင်တုန်ခါပုဆိန်လို့အရမ်းနာမည်ကြီးတယ်…တိုက်ခိုက်ရေးအမျိုးအစား သိုင်းပညာ၀ိညာဥ်တွေထဲမှာ ၀မ်သုန့်ရဲ့ကြည်လင်ကောင်းကင်တူတစ်ခုပဲ သူရဲ့သိုင်းပညာ၀ိညာဥ်ကို ရင်ဆိုင်နိုင်လိမ့်မယ် ”

” နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က သူတို့ရဲ့မူလအဖွဲ့သားတွေထဲကတစ်ယောက်ကိုပဲ ပို့လွှတ်ထားတယ်….သူနာမည်က မိုက်ကယ်တဲ့ သူကအဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဗျူဟာတွေအများကြီးရှိနေတာကြောင့် သူ့ကိုဘယ်လိုပြောပြရမှန်းတောင် မသိဘူး…အစောပိုင်းပြိုင်ပွဲမှာ သူကအမြဲတမ်းတိုက်ခိုက်ခဲ့တယ်…ဒါ့အပြင် အရမ်းလဲတည်ငြိမ်တယ် ..ပြိုင်ပွဲပြိုင်တဲ့အချိန်မှာ အမှားတစ်ခေါက်တောင်မလုပ်လုပ်ဖူးဘူး ”

၀မ်ယန်က ဒီလိုမျိုးအမှားတစ်ခေါက်မှ မလုပ်ဖူးလို့ ချီးမွမ်းရတဲ့အထိ အစွမ်းထက်တာသူတို့မတွေ့ဖူးတာအမှန်ပါ။ မိတ်ဆက်ပေးနေတဲ့အချိန်မှာ ပြိုင်ပွဲကတော့ စတင်နေပါပြီ။ မိုက်ကယ်က ဆက်တိုက်ဆိုသလို သံမဏိထိခတ်သံတွေကို ထုတ်လွှတ်ရင်းဒိုင်ရဲ့အချက်ပေးမှုနဲ့အတူ စတင်တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ အပြာရောင်သတ္ထုပြားကြီးက သူကျောမှာပေါ်လာခဲ့ပြီ တစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ သံချပ်ကာတစ်ခုလုံး ၀တ်ဆင်လိုက်တဲ့အတိုင်း များပြားတဲ့သတ္ထုပြားတွေက သူ့ရဲ့ခြေထောက်နဲ့လက်တွေမှာပေါ်လာပါတော့တယ်။ ဒီအပြာရောင်သတ္ထုပြားတွေက တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီချိန်မှာတော့ ကျန်ဖန်းက လမ်းတစ်၀က်ကိုရောက်နေပြီ ဖြစ်ပါတယ်။

မိုက်ကယ်က ကြီးမားခိုင်ခံ့တဲ့ သံချပ်ကာကို ၀တ်ထားခဲ့တဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကြီးက သုံးဆမကပိုပြီး ကြီးမားသွားသယောင်ထင်နေခဲ့ရပါတယ်။ တောက်ပတဲ့အပြာရောင်သတ္ထုပြားတွေက ရင်ဘတ်နဲ့ဗိုက်ပေါ်မှာအဓိကရှိနေခဲ့ပြီ အဖြူရောင်အလင်းတန်းတွေကလဲ အဲ့ဒီနေရာမှာစုနေခဲ့ပါတယ်။ ဒါတွေက အဓိကဗျူဟာတွေဆိုတာ အသိအသာကြီးပါပဲ။

တစ်ကိုယ်လုံးကို ဖုံးလွှမ်းနိုင်တဲ့၀ိညာဥ်လက်နက်လား ဟို့ယွိဟောင် မျက်လုံးကိုဖွင့်ထားရင် အာရုံစိုက်ကာစူးစိုက်ကြည့်နေခဲ့ပါတယ်။ ဒါမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပါဘူး။ ဒါပေမယ့် ဖန်းယွီပြောတာကိုတော့ ကြားဖူးပါတယ်။ ဒါက ရှေ့အကျဆုံးသံချပ်ကာလက်နက်တစ်မျိုးပါ လက်ရှိအချိန်မှာ သံချပ်ကာတွေကို ရိုးရိုးရှင်းရှင်းသုံးတာမျိုးက ချီးမွမ်းခံရမဲ့ကိစ္စတော့မဟုတ်ခဲ့ပါဘူး။ သံချပ်ကာတွေရဲ့ ဖြစ်တည်မှုက အသုံးပြုသူရဲ့ခုခံမှုနဲ့ တိုက်ခိုက်မှုစွမ်းရည်ကို အများကြီးတိုးတက်လာစေပါတယ်။ ကျင့်ကြံဆင့်ကိုလဲ မြင့်တင်ပေးနိုင်ဖို့အထိ တိုးတက်နေခဲ့ပါပြီ။

၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ သိုင်းပညာ၀ိညာဥ်က ခုခံမှုအတွက် အဓိကအသုံးပြုကြတာပါ။ ဒါပေမယ့် တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေလိုတူညီတဲ့အစွမ်းအစကို ထုတ်လွှတ်နိုင်ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်ဌာနအတွက်ကတော့ လက်ရှိအချိန်မှာ ဒါတွေကိုလေ့လာနိုင်ဖို့အတွက် ပြဿနာတချို့ရှိနေဆဲပါ။ ဒီလိုခန္ဓာကိုယ်အပြည့်ဖုံးလွမ်းနိုင်တဲ့ သံချပ်ကာတွေကို ထုတ်လွှတ်ဖို့တောင်အထိ အတွေ့အကြုံမရှိသေးပါဘူး။ ပြိုင်ပွဲထဲမှာ မြင်ရဖို့လဲ မမျှော်လင့်ထားတဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။

အပြာရောင်အလင်းတန်းက မိုက်ကယ်ရဲ့လက်ထဲမှာ တောက်ပလို့လာခဲ့ပြီ ကြီးမားတဲ့ဓားပုံသဏ္ဍာန်တစ်ခုက လက်ပေါ်မှာပေါ်လာပါတော့တယ်။ ဒီဓားရဲ့အလင်းတန်းက သံချပ်ကာထက်တောင် ပိုမိုတောက်ပနေခဲ့ပြီ အဓိကဗျူဟာက အပြာရောင်အလင်းတန်းတွေကို ဗဟိုပြုရင်းလှည့်ပတ်လို့နေခဲ့ပါတယ်။

မိုက်ကယ်ဒီလိုယှဥ်ပြိုင်နေချိန်မှာပဲ သူ့ရဲ့ပြိုင်ဘက်ကတော့ သူ့ရှေ့တည့်တည့်ကို ရောက်နေခဲ့ပါပြီ။ ကျန်ဖန်းက သူတို့ကျောင်းတော်ရဲ့အထွဠ်အထိပ်ကျောင်းသားလို့ခေါ်ကြရမှာပါ။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ပြေးထွက်လာချိန်မှာ မထုတ်လွှတ်ထားပါဘူး။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က သူ့တို့ရဲ့အရှိန်ကိုနှေးကွေးစေနိုင်တာကြောင့်ပါပဲ။ ဒါကြောင့် ပြိုင်ဘက်အရှေ့ကိုရောက်ချိန်မှသာ သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်ပါတော့တယ်။ အပြာရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်း ခရမ်းရောင်နှစ်ကွင်း အနက်ရောင်နှစ်ကွင်းတို့က သူ့ရဲ့ခြေထောက်အောက်မှာ ဆက်တိုက်ပေါ်လာခဲ့ပါပြီ။ တစ်၀ုန်း၀ုန်းမြည်သံတွေကလဲ ကောင်းကင်ပေါ်မှာမြည်လာပါတော့တယ်။ ကျန်းဖန်းရဲ့လှုပ်ရှားမှုနဲ့အတူ ကြီးမားတဲ့တောက်တောက်ပပအလင်းတန်းကြီးတစ်ခုက ကောင်းကင်ကနေဆင်းသက်လို့လာခဲ့ပါတယ်။ ငါးပေကျော်ရှည်လျားတဲ့ ပုဆိန်ကြီးတစ်ခုက လေထဲမှာဖြစ်ပေါ်လာခဲ့တာပါ။ ဒီပုဆိန်ကြီးက အကျယ်လဲငါးပေနီးပါးရှိနေခဲ့ပါတယ်။ အသွားရောအရိုးပါမှောင်မိုက်နေခဲ့ပြီ အရမ်းကိုအေးစက်တဲ့အရှိန်အ၀ါတွေအပြည့်နဲ့ ဘယ်အရာကိုမဆို ဖျက်ဆီးဖို့အသင့်ရှိနေခဲ့ပါတယ်။

ပုဆိန်ကြီးရဲ့လက်ကိုဆွဲလိုက်ရင်း ကျန်းဖန်းက၀ိညာဥ်စွမ်းရည်ကိုတစ်ခုမှမသုံးပဲနဲ့ ဒီအတိုင်းခုန်ချပြစ်လိုက်ပါတယ်။ ကောင်းကင်တုန်ခါပုဆိန်က ရူးသွပ်တဲ့အော်သံတွေကို ထုတ်လွှတ်ရင်း မိုက်ကယ်ရဲ့ခေါင်းဆီကို ပြေး၀င်သွားခဲ့ပါပြီ။ မိုက်ကယ်ကတော့ကြောက်မနေခဲ့ပါဘူး။ သူ့ရဲ့ခြေထောက်ကိုနည်းနည်းလေးရွေ့လိုက်ရင်း တစ်မီတာနောက်ဆုတ်လို့သွားခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးကို ဓားနဲ့ဆက်ထားတဲ့အပိုင်းတွေပါ လှုပ်ရှားလို့သွားခဲ့ပြီ တစ်ဖက်ကိုလဲ ပြန်လည်ခုတ်ချပြစ်လိုက်တယ်။

ဒီအပြုအမူကို အကြိမ်ပေါင်းမရေမတွက်နိုင်တဲ့အထိ လေ့ကျင့်တာအသေအချာပါ။ တစ်စက်လေးမှကို လှပသေးသပ်ချင်မရှိတဲ့ ဒီလိုဓားချက်က အရမ်းကိုရိုးရှင်းပြီတိကျပါတယ်။ သူက ပုဆိန်ရဲ့ဓားသွားကို ဦးတည်နေတာမဟုတ်ပဲ ခုနှစ်ပေရှည်တဲ့ဓားကို အသုံးပြုပြီး ပုဆိန်ရဲ့လက်ကိုင်ကို ခုတ်ချလိုက်တာပါ။

ကျန်းဖန်းကတော့ နှာခေါင်းရှုံ့လိုက်ရင်း သူ့ရဲ့ခုတ်ချနေတဲ့ပုံစံက လေထဲမှာရပ်တန့်သွားပါတော့တယ်။ အဲ့ဒီနောက် ရေပြင်ညီအတိုင်းပုဆိန်ကိုဝှေ့ရမ်းလိုက်ပြီ ဓားနဲ့ထိမိစေလိုက်ပါတယ်။

မိုက်ကယ်က နောက်ကိုလွှင့်ထွက်လို့သွားခဲ့ပြီ ကျန်းဖန်းရဲ့အရှိန်ကလဲ လျော့ကျသွားခဲ့ပါတယ်။ သူခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးတန်းတွေနဲ့ တောက်ပလာခဲ့ပါပြီ။

မိုက်ကယ်ရဲ့သံချပ်ကာက လျှပ်စီးအစွမ်းသတ္တိပါရှိမှန်း ဟို့ယွိဟောင်ချက်ချင်းနားလည်သွားပါတော့တယ်။

ဓာတ်သဘောသဘာ၀တွေကို ပိုင်ဆိုင်ထားတဲ့အနီးကပ်၀ိညာဥ်လက်နက်မျိုးက မရှားပါးခဲ့ပါဘူး။ ဒါပေမယ့် မိုက်ကယ်ရဲ့အစွမ်းအစကိုတော့ သူအံ့ဩသွားခဲ့ရပါတယ်။ ဒါက၀ိညာဥ်လက်နက်ကြောင့် ပိုပြီးအစွမ်းထက်လာတဲ့ ဓာတ်သဘောသဘာ၀ပါ။ ၀ိညာဥ်လက်နက်ရဲ့ဒီလိုအစွမ်းထက်မှုနဲ့ဆိုရင် အင်အားအမျိုးအစား၀ိညာဥ်ဧကရာဇ်နဲ့တောင် သူကသိပ်မကွာတော့ပါဘူး။ ၀ိညာဥ်လက်နက်က သူ့ကိုအများကြီးအထောက်အကူပေးနေခဲ့ပါတယ်။

၀မ်ယန်ရဲ့ ပြောကြားမှုက ဟို့ယွိဟောင်ကို ပိုပြီးထိတ်လန့်သွားစေခဲ့ပါတယ်။

” အစောပိုင်းပြိုင်ပွဲတွေမှာ မိုက်ကယ်က ဒီလိုတိုက်ကွက်တွေတင်မကပဲ အဝေးပြစ်နိုင်တဲ့တိုက်ခိုက်ရေးစွမ်းအားကိုလဲ ထုတ်ပြခဲ့ရသေးတယ်။ ဒါကအနီးကပ်တိုက်ပွဲ၀ိညာဥ်လက်နက်ကို သူသုံးတာပထမဆုံးအကြိမ်ပဲ ”

ဟို့ယွိဟောင်ပိုပြီး မျက်လုံးပြူးသွားပါတယ်။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ဒီလောက်တောင်အဆင့်မြင့်နေပြီလား။

ဒါပေမယ့် မိုက်ကယ်ကတော့ အဲ့ဒီပုဆိန်ကြီးနဲ့ အခုတ်ခံရပြီတဲ့နောက် သိပ်ပြီအခြေအနေကောင်းပုံမပေါ်ပါဘူး။ အခုအချိန်မှာ ထုံထိုင်နေတဲ့ ကျန်းဖန်းနောက်ကို မလိုက်နိုင်ပဲ နှစ်ယောက်စလုံးက ရပ်တန့်နေခဲ့ပါတယ်။ အဲ့ဒီနောက် မိုက်ကယ်က ပြင်းပြင်းထန်ထန်ဆက်ပြီ မတိုက်ခိုက်ခဲ့ပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အပြာရောင်အလင်းတန်းက ပိုပိုတောက်ပလာခဲ့ပြီ သူ့ခန္ဓာကိုယ်ကလဲ အရှိန်မြင့်လာပါတော့တယ်။ အဲ့ဒီနောက် ခြေဖျားထောင့်ရင်း မီတာအနည်းငယ်အထိ ပြေးထွက်လို့သွားခဲ့ပြီတဲ့နောက် ကိုးဆယ်ဒီဂရီနေရာပြောင်းလိုက်ပါတယ်။ အရှိန်ကတော့ မလျော့ကျသွားပါဘူး။ ပြိုင်ပွဲရဲ့စည်းမျဥ်းအလယ်တည့်တည့်ကို သူပြေးထွက်သွားခဲ့တာပါ။

လက်ရှိအချိန်မှာ ကျန်းဖန်းရဲ့မောက်မာမှုက အတော်လေးလျော့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာသူကျောင်းတော်အတွက် ဘယ်လောက်အရေးကြီးမယ်မှန်း သူသိနေခဲ့တယိ။ ဒါကြောင့် သူအလောတကြီးနဲ့ မယှဥ်ပြိုင်ခဲ့ပါဘူး။ သေသေချာချာစဥ်းစားပြီမှသာ ယှဥ်ပြိုင်ခဲ့တာပါ။ အကယ်၍ တစ်ဖက်ကျောင်းတော်ရဲ့လူတချို့ကိုသာ ဖယ်ရှားလိုက်မယ်ဆိုရင် သူနိုင်နိုင်ချေလဲရှိနေခဲ့ပါတယ်။ ဒါကြောင့်သာ သူလာချိန်မှာ ၀ိညာဥ်စွမ်းရည်ကိုထုတ်မသုံးပဲ တိုက်ခိုက်နေခဲ့တာပါ။ တစ်ဖက်လူရဲ့ အခြေအနေကိုလဲ သူစောင့်ကြည့်ဖို့လိုသလို သူ့ရဲ့အခြေအနေကိုလဲ အကဲခတ်ဖို့လိုပါတယ်။

ဒါပေမယ့် မိုက်ကယ်က ထင်ထားတာထက်ကို အများကြီးသန်မာနေခဲ့ပြီးပါပြီ။ ၀ိညာဥ်ဘုရင်တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့အခြေခံက ခိုင်မာလွန်နေခဲ့ပါတယ်။ ဒါ့အပြင် သံချပ်ကာကလဲ သူ့ရဲ့အစွမ်းအစတွေကိုပိုပြီး အားဖြည့်ပေးလို့နေခဲ့တယ်။

တစ်ကိုယ်လုံးခန္ဓာကိုယ်တွေ တုန်ရီထုံကျင်နေတာက ကောင်းမွန်တဲ့ခံစားချက်မဟုတ်ခဲ့ပါဘူး။ သူနောက်ထပ် စွမ်းအားတွေကို ထိန်းချုပ်နေလို့မရမှန်း ကျန်းဖန်းသိသွားခဲ့ပါတယ်။ မဟုတ်ရင် သူ့ရဲ့ပြိုင်ဘက်က သူ့ကိုအနိုင်ယူသွားလိမ့်မယ်။

ဒီအချိန်မှာပဲ တတိယမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလာခဲ့ပါပြီ။ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းက တောက်ပပြီကျက်သရေရှိတဲ့ အလင်းတန်းတွေကို ထုတ်လွှတ်နေရင်း ကောင်းကင်တုန်ခါပုဆိန်ကြီးက တစ်၀ုန်း၀ုန်းမြည်သံတွေကို ထုတ်လွှတ်တော့တယ်။

သူ့ရဲ့သိုင်းပညာ၀ိညာဥ်က အားကောင်းတဲ့၀ိညာဥ်လက်နက်တစ်ခုနဲ့ အတော်လေးကို တူညီပါတယ်။ ကြီးမားတဲ့ပုဆိန်ကြီးက လက်ထဲမှာချိတ်ပိတ်လို့နေခဲ့ပြီ အလင်းစက်ကွင်းကြီးတစ်ခုလိုမျိုး အေးစက်တဲ့အသံတွေကို ထုတ်လွှတ်နေပါတော့တယ်။ ကြီးမားတဲ့အနက်ရောင်လပြည့်၀န်းကြီးတစ်ခုက ကောင်းကင်ကနေဆင်းသက်လို့လာခဲ့ပြီ မိုက်ကယ်ကိုတခဏတာအတွင်း ဖမ်းချုပ်လိုက်ပါပြီ။

ဟို့ယွိဟောင် ဒီတစ်ကြိမ်မှာ ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်။ သူ့ရဲ့သံချပ်ကာနဲ့ ဓားနှစ်ခုစလုံးက လျှပ်စီးတန်းတွေကို ဆက်တိုက်ထုတ်လွှတ်နေခဲ့ပြီ လျှပ်စီးရေစီးကြောင်းကြီးက ဓားရဲ့ထိပ်ဖျားမှာ ခပ်မြန်မြန်စုစည်းလို့သွားပါတော့တယ်။

လျှပ်စီးတွေက အရမ်းကိုမတည်မငြိမ်ဖြစ်နေခဲ့သလို ဒီ၀ိညာဥ်လက်နက်က လျှပ်စီးစွမ်းအားကို ချိတ်ပိတ်ထားမှန်း သိနေခဲ့ပါတယ်။ ဟို့ယွိဟောင်က ဒီ၀ိညာဥ်လက်နက်ကို ဘယ်လိုပြောပြရမှန်းတောင်မသိခဲ့ပါဘူး။ သူက ဒီအရာကိုအဆင့်ငါး၀ိညာဥ်လက်နက်ထက်ပိုနေမှန်းတော့ သိနေခဲ့ပါတယ်။ ဒါ့အပြင် မိုက်ကယ်ကိုယ်တ်ိုင်ထုတ်လုပ်ထားတာလဲ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့်ဓားကနေထုတ်လုပ်တဲ့အလင်းတန်းက အရမ်းကိုခိုင်မာသေးသိမ်နေတာကြောင့်ပါပဲ။ အသုံးပြုလိုက်ချိန်မှာ စီးဆင်းမှုတွေလှိုင်းတွေက ညင်းညင်းသာသာလေးပါ၀င်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ မိုက်ကယ် အချိန်တွက်တာမှားသွားခဲ့ပါပြီ။

ကျန်းဖန်းက လက်နှစ်ဖက်ကို အဝေးကိုဝှေ့ရမ်းနေခဲ့ရင်း မူလကပြင်းထန်အားကောင်းလွန်လှတဲ့ ပုဆိန်ကြီးကို ရုတ်တရက်လေထဲမှာ လာရာပြောင်းပြစ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် မိုက်ကယ်ရဲ့အနောက်ဖက်မှာ ထူးဆန်းတဲ့စက်၀ိုင်းပုံသဏ္ဍာန်လမ်းကြောင်းကို ဖန်တီးလိုက်ပြီ ပုဆိန်ကြီးရဲ့အရှိန်အ၀ါက ကျလာပါတော့တယ်။

မိုက်ကယ်ရဲ့လှုပ်ရှားမှုက သိပ်ပြီမနှေးကွေးခဲ့ပါဘူး။ ချက်ချင်းဆိုသလို အရှေ့ကိုခုန်ထွက်လာရင်း သူ့ရဲ့အနောက်ဖက်မှာရှိတဲ့ အရှိန်မြင့်၀ိညာဥ်လက်နက်နဲ့ သူ့ကိုယ်သူအရှိန်မြင့်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အားကောင်းတဲ့အလင်းတန်းတွေက ပုဆိန်ရဲ့တိုက်ခိုက်မှုကိုပါ ခုခံဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ။

ဒါပေမယ့် ၀ိညာဥ်ဧကရာဇ်က ၀ိညာဥ်ဧကရာဇ်ပါပဲ။ မိုက်ကယ်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့တဲ့ ၀ိညာဥ်လက်နက်က အရမ်းကိုသန်မာပေမဲ့ ကျန်းဖန်းရင်ဆိုင်ဖို့မလွယ်ကူခဲ့ပါဘူး။ သူက သူ့ကျောင်းတော်ရဲ့ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်သလို သမိုင်းတစ်လျှောက်လဲထူးခြားတဲ့သူတွေဖြစ်နေခဲ့ပါတယ်။ အနီးကပ်ကြည့်လိုက်မယ်ဆိုရင် ကျန်းဖန်းရဲ့အ၀ါရောင်၀ိညာဥ်စက်ကွင်းက ပထမဆုံးအနေနဲ့ တောက်ပလာတာကို တွေ့မြင်ရမှာပါ။ ဒီအလင်းတန်းက အရမ်းကိုထူးခြားပါတယ်။ သာမန်၀ိညာဥ်ပညာရှင်တွေရဲ့ သိုင်းပညာ၀ိညာဥ်ကနေ ထုတ်လွှတ်တဲ့အရာမျိုးမဟုတ်ခဲ့ပါဘူး။ နူးညံ့နေခဲ့သလို နှလုံးသားတစ်ခုရဲ့ သံချပ်ကာနဲ့တူညီနေခဲ့ပါတယ်။ ကျန်းဖန်းက အရင်ပြိုင်ပွဲတွေမှာ သူ့ရဲ့ပထမ၀ိညာဥ်စွမ်းရည်ကို ထုတ်မသုံးခဲ့ဖူးပါဘူး။ နောက်ပိုင်းရရှိထားတဲ့ ၀ိညာဥ်စွမ်းရည်တွေက ပိုပြီးအင်အားကြီးတယ်ဆိုတာ ၀ိညာဥ်ပညာရှင်အများစုအတွက် မှန်ကန်ပါတယ်။ သူတို့ရဲ့အစွမ်းအစကို ပိုတိုးမြင့်ဖို့ပါ။ ဒါပေမယ့် ကျန်းဖန်းနဲ့ တစ်ချက်မှမတူညီပါဘူး။ သူ့ရဲ့ပထမ၀ိညာဥ်စွမ်းရည်က တိုက်ခိုက်ခုခံတဲ့နေရာမှာ အသုံးမပြုနိုင်ပဲ ထိန်းချုပ်ရေးအမျိုးအစားဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထိန်းချုပ်ဖို့အသုံးပြုတဲ့၀ိညာဥ်စွမ်းရည်ပါ။

ကောင်းကင်တုန်ခါပုဆိန်ကြီးက အရမ်းကိုမာကျောလွန်တဲ့ တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်ဖြစ်ပါတယ်။ ဒါ့အပြင် ဖျက်ဆီးနိုင်စွမ်းကလဲ ကြီးမားလွန်လှတယ်။ ၀မ်သုန့်ရဲ့ကြည်လင်ကောင်းကင်တုန်ခါတူနဲ့တောင် ယှဥ်လို့ရနိုင်တဲ့အရာပါ။ သူ့ရဲ့ဖျက်ဆီးနိုင်တဲ့စွမ်းအားက ၀ိညာဥ်စွမ်းရည်တစ်ခုမသုံးပဲနဲ့တောင် ကြောက်စရာကောင်းနေခဲ့ပါတယ်။ ကျန်းဖန်းက ပထမ၀ိညာဥ်စက်ကွင်းနဲ့ ပေါင်းစည်းလိုက်ချိန်မှာ မတော်တဆ၀ိညာဥ်သားရဲကောင်မှားပြီ ရွေးမိသွားခဲ့ပါတယ်။ ဒါကြောင့် ထိန်းချုပ်ရေးအမျိုးအစား၀ိညာဥ်စွမ်းရည်တစ်ခုကို သူပိုင်ဆိုင်သွားခဲ့တယ်။ ဒါပေမယ့် အသိပညာကောင်းကောင်းနဲ့ ခိုင်မာတဲ့အခြေခံရှိတာကြောင့် ကျောင်းတော်ရဲ့အကူအညီနဲ့အတူ ဒီအရာကို အားသာချက်အဖြစ် ပြောင်းလဲပြစ်နိုင်ခဲ့ပါတယ်။ ထူးခြားတဲ့တိုက်ခိုက်ရေးတစ်ခုကို ဖန်တီးလိုက်ပြီတဲ့နောက် ဒါကို နဂါးသတ်ဓားချက်ဆယ်ရှစ်ကွက်လို့ ခေါ်ဆိုခဲ့ပါတယ်။

နဂါးသတ်ဓားချက်ဆယ်ရှစ်ကွက်ရဲ့ အင်အားက ၀ိညာဥ်စွမ်းရည်တစ်ခုမဟုတ်ခဲ့ပါဘူး။ ၀ိညာဥ်စွမ်းရည်ထက်တောင် ပိုကောင်းမွန်ခဲ့ပြီ စုစုပေါင်း ဆယ်ရှစ်ကြိမ်အထိ တိုက်ခိုက်လို့ရပါတယ်။ ဒီလိုအသေသတ်တိုက်ကွက်တစ်ခုကို တစ်ယောက်ချင်းဆီပြိုင်ပွဲမှာ ထုတ်ဖော်ပြသတာပထမဆုံးအကြိမ်ပါပဲ။

ရုတ်တရက်ဆိုသလို များပြားတဲ့ အလင်းတန်းတွေက ထွက်ပေါ်လို့လာခဲ့ပြီ ပုဆိန်ကြီးက မိုက်ကယ်ရဲ့ကျောပေါ်ကို ပြင်းပြင်းထန်ထန် ကျရောက်လာပါတော့တယ်။ ဒီလိုကျရောက်လာတာနဲ့ အသံကျယ်ကြီးထွက်ပေါ်လို့လာခဲ့ပြီ မိုက်ကယ်လဲအရှေ့ကို လွှင့်ထွက်သွားခဲ့ပါပြီ။ ဆက်တိုက်ပေါက်ကွဲသံတွေက ပုဆိန်ကြီးရဲ့ဖျက်ဆီးနိုင်စွမ်းနဲ့အတူ ဖြစ်ပေါ်လို့နေခဲ့ပါတယ်။ သူ့ရဲ့ကြောက်စရာအလေးချိန်နဲ့အတူ ရိုက်ချက်တွေကလဲ ကြမ်းတမ်းခက်ထန်လို့လာခဲ့တယ်။

မိုက်ကယ်ရဲ့သံချပ်ကာကတော့ အထဲကိုခုတ်၀င်တဲ့အထိ ခုခံနေရပါပြီ။ နားကွဲမတတ်ထုခံရသံတွေဆက်တိုက်ထွက်ပေါ်လာပြီနောက် မိုက်ကယ်လဲသွေးတွေအန်နေပါတော့တယ်။ အရှေ့ကိုဒူးထောက်လျက်သားကျသွားခဲ့ပြီ ပြန်မထနိုင်သေးပါဘူး။ ကျန်းဖန်းက အရမ်းကိုသန်မာနေလို့မဟုတ်ပဲ သူ့ရဲ့တိုက်ခိုက်မှုက ထူးခြားချက်ရှိနေခဲ့လို့ပါ။ နေလတော်၀င်၀ိညာဥ်လက်နက်ကျောင်းတော်အနေနဲ့ မိုက်ကယ်ဒီလိုမျိုးအားနည်းချက်ကို ဖမ်းဆုပ်ခံလိုက်ရမှာ ကြိုမသိခဲ့ပါဘူး။

တစ်ဖက်မှာရှိနေတဲ့ ပုဆိန်ကတော့ တစ်စက်လေးတောင် ဂရုမစိုက်ပဲရှိနေခဲ့ပါတယ်။ မနေ့ကပြိုင်ပွဲကြောင့် အတော်ကြီးကို ဒေါသထွက်နေခဲ့တဲ့ ကျန်းဖန်းက လက်ရှိအချိန်မှာ အချိန်ကိုက်ကိုတိုက်ခိုက်နေခဲ့ရင်း တစ်စက်လေးမှလဲ မညှာတာခဲ့ပါဘူး။ မိုက်ကယ်တစ်ချိန်တုန်းက ဂုဏ်ယူခဲ့ရတဲ့သံချပ်ကာက လက်ရှိအချိန်မှာတော့ ပြင်းထန်တဲ့ပေါက်ကွဲသံတွေအောက်မှာ ဆက်တိုက်ဆိုသလို ထိုးကြိတ်ခံနေရပါတယ်။ သူကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရရင်ရ မဟုတ်လို့ရှိရင် သေနိုင်လောက်တဲ့အခြေအနေကို ရောက်နေခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာ ဒိုင်ကတော့ ၀င်ရောက်စွက်ဖက်ရပါတော့တယ်။ ပုဆိန်ကိုသူတားလိုက်ပြီ ပြိုင်ပွဲကိုပြီးဆုံးကြောင်းကြော်ငြာလိုက်တယ်။

ကျန်ဖန်းလဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ပြန်ခေါ်လိုက်ပါပြီ။ အဲ့ဒီနောက် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဖက်ကို သူလက်ညိုးထိုးလိုက်ပါတော့တယ်။ သူ့ရဲ့အေးစက်မောက်မာတဲ့မျက်နှာကတော့ အထင်သားပါပဲ။

ရှောင်ဟုန်ချန်ကတော့ ချက်ချင်းထရပ်လိုက်ပေမဲ့ သူ့ကို မာယုလုံက တားလိုက်ပါပြီ။ မာယုလုံက ခေါင်းခါရင်းတစ်ချက်ကြည့်လိုက်ပါတယ်။ အဲ့ဒီနောက် စင်ပေါ်ကိုသူကိုယ်တိုင်တက်သွားပါတော့တယ်။

အဖွဲ့လိုက်ပွဲစဥ်တွေမှာ ၀ိညာဥ်လက်နက်တစ်ခုကို အဖွဲ့အနေနဲ့ အသုံးပြုတာက အံ့ဩစရာကောင်းတဲ့ရလဒ်ကို ရရှိနိုင်ဖို့ပါ။ ဒါပေမယ့် တစ်ယောက်ချင်းဆီပြိုင်ပွဲမှာကတော့ ၀ိညာဥ်လက်နက်တစ်ခုထဲကို အသုံးပြုပြီး ၀ိညာဥ်ဘုရင်နဲ့ ၀ိညာဥ်ဧကရာဇ်ကြားက ကွာခြားချက်ကို တူညီအောင်လုပ်နိုင်ဖို့ ခက်ခဲလွန်ပါတယ်။ ဒါ့အပြင် ကျန်းဖန်းရဲ့ သိုင်းပညာ၀ိညာဥ်ကလဲ အတော်ကြီးကို သန်မာနေခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ သူတို့အနေနဲ့ အင်အားကိုချွင်ချန်ထားလို့မရတော့ပါဘူး။

မိုက်ကယ်ကို ဒီလိုအရင်ဆုံးယှဥ်ပြိုင်ဖို့လွှတ်လိုက်ပေမဲ့ သူတို့တွေအရှုံးကိုတော့ မျှော်လင့်ထားပါတယ်။ လက်ရှိအချိန် ဒီရည်ရွယ်က ကျန်းဖန်းရဲ့၀ိညာဥ်စွမ်းအားကို ကုန်ဆုံးအောင်လုပ်ဖို့ပါပဲဲ။ နည်းလမ်းက နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်နဲ့ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် အားနည်းချက်ရှိသွားနိုင်ပါတယ်။

၀မ်ယန်ကတော့ မိုက်ကယ်ရှုံးတာနှိမ့်သွားတာကို မြင်ချိန်မှာ အကြည့်နည်းနည်းပြောင်းသွားခဲ့ပါတယ်။ သူတစ်စုံတစ်ရာကို စိတ်ထဲတွေးလိုက်မိတယ်။ တစ်ဖက်သူတွေရဲ့၀ိညာဥ်လက်နက်တွေက အင်အားကြီးပေမဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက အပြည့်အ၀အားကိုးနေရတာပါ။ ထိပ်တန်း၀ိညာဥ်ပညာရှင်နဲ့သာတွေ့ရမယ်ဆိုရင် သူတို့လဲအားသာချက်သိပ်မရနိုင်ပါဘူး။

ကျန်းဖန်းကတော့ မာယုလုံယှဥ်ပြိုင်လာဖို့ကို ဖိအားပေးနိုင်လိုက်ပါပြီ။ ကြည့်နေသူတွေအတွက်တော့ ကိစ္စကောင်းပါပဲ။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ခေါင်းဆောင်က ဒီပြိုင်ပွဲမှာအဓိကအောင်နိုင်ဖို့အတွက် သော့ချက်ဖြစ်နေမှန်း သူတို့သိနေခဲ့တယ်။ ကျန်းဖန်းက မာယုလုံယှဥ်ပြိုင်တော့မှာကို မြင်ချိန်မှာ ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။ အကယ်၍ သူသာမာယုလုံကို အနိုင်ရနိုင်မယ်ဆိုရင် အခြေအနေကိုပြောင်းလဲနိုင်ဖို့ အခွင့်အရေးရှိနေခဲ့တယ်။ ပြိုင်ပွဲက အရမ်းကိုအရေးကြီးတာပါ။

” ငါမင်းကိုအနိုင်တိုက်မယ်. ”

သူ့ရဲ့ပုဆိန်ကြီးနဲ့ မာယုလုံကို ချိန်ရွယ်လိုက်ရင်း ရန်စဖို့ပြင်နေခဲ့ပါတယ်။ မာယုလုံကတော့ အေးအေးဆေးဆေးသာ ရယ်မောနေခဲ့တယ်။

” ဒီလောက်လေးနဲ့ ငါ့ကိုရန်လာစလို့ရမယ်များထင်နေလား ”

အဲ့ဒီနောက် စင်အစွန်းအထိကို ​ဆုတ်ခွာသွားကြပြီ သူပြောနေခဲ့ပါတယ်။

” မာယုလုံ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ ငါတို့လိုအပြည့်အ၀အလုပ်ကြိုးစားထားတဲ့သူတွေကို တစ်သက်လုံးယှဥ်လို့မရဘူးဆိုတာ မင်းနားလည်အောင်ငါလုပ်ပေးလိုက်မယ်…အခုလိုမျိုးပဲ ငါမင်းကိုအနိုင်ယူပြမယ် ”

မာယုလုံက ခေါင်းခါလိုက်ပါတယ်။

” မိုက်ကယ်က သူ့အစွမ်းအစအပြည့်အ၀ကို ထုတ်မသုံးရသေးဘူး…၀ိညာဥ်ပညာရှင်တွေဆိုတာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေထက် ပိုသာတယ်လို့သူတစ်ယောက်ထဲကို အနိုင်ယူပြီ မင်းပြောလို့မရဘူးလေ မိုက်ကယ်က သူ့ကိုယ်သူအများကြီးတိုးတက်ဖို့အတွက် ၀ိညာဥ်လက်နက်တွေကို သုံးမထားဘူး..သူ့ရဲ့စွမ်းရည်တွေက မင်းကိုတိုက်ခိုက်တဲ့အချိန်မှာ အပြည့်အ၀ထုတ်မသုံးထားသေးဘူး..၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက သူ့ရဲ့ကိုယ်ပိုင်၀ိညာဥ်လက်နက်ကို အသုံးပြုတဲ့အချိန်မှာသာ အကောင်းဆုံးဖြစ်တယ်လို့ မင်းသိရလိမ့်မယ်…ငါက ငါသုံးတဲ့၀ိညာဥ်လက်နက်ကိုကိုယ်တိုင်ဖန်တီးထားတာ တကယ်တော့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ဆိုတာ ဘယ်လိုလဲ မင်းသိအောင်ငါပြပေးမယ် ”

” မင်းပြောတာယုံမယ်ဆိုရင် ငါအရူးဖြစ်သွားမှာတော့ မင်းက မင်းသုံးနေတဲ့ အဆင့်ခုနှစ်၀ိညာဥ်လက်နက်ကို မင်းလုပ်ထားတာမလို့လား ”

” ငါမင်းကိုလိမ်စရာမှလိုမနေပဲ ”

” ပြိုင်ပွဲစတင်မယ် ”

ဒိုင်က အော်လိုက်ပါပြီ။

အရင်တစ်ခေါက်လိုပဲ ကျန်းဖန်းက ပြေး၀င်လို့သွားခဲ့ပါတယ်။ မာယုလုံကတော့ ညာဖက်လက်ကိုမြောက်ထားခဲ့တယ်။ သူ့ရဲ့လက်ချောင်းပေါ်မှာ ငွေရောင်လက်စွပ်တွေက လက်တစ်ချောင်းချင်းဆီတိုင်းမှာ ရှိနေခဲ့ပါတယ်။ ပထမလက်စွပ်တောက်ပလာချိန်မှာတော့ သတ္ထုအတားအဆီးတစ်ခုက ပေါ်ထွက်လာပါတယ်။ ပထမငါးမီတာမြင့်မားပြီ ဆယ်မီတာကျယ်တဲ့ဒီသတ္ထုပြားက သူ့လက်ဖ၀ါးပေါ်မှာ ရှိလာခဲ့တာပါ။ အဲ့ဒီနောက် ပုခုံးကိုမြင့်လိုက်ချိန်မှာတော့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်လဲ ပေါ်လာပါတော့တယ်။ သိုင်းပညာ၀ိညာဥ်ထွက်ပေါ်လာချိန်မှာတော့ ခန္ဓာကိုယ်ကလဲ ထူးဆန်းတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့ခေါင်းကြီးက ရုတ်တရက်ကြီးသွားပါတော့တယ်။ ဘောလုံးကြီးတစ်လုံးလိုမျိုးဖောင်ပွလာခဲ့တာပါ။

ခန္ဓာကိုယ်နဲ့တောင် လိုက်ဖက်ညီမနေတော့ပဲ သူ့ရဲ့ဆံပင်တွေကလဲ ကျယ်ပါးသွားပါတော့တယ်။ လက်ရှိအချိန်မှာ အတော်ကို ရုပ်ဆိုးဆိုးနဲ့ ကြမ်းတမ်းတဲ့သူတစ်ယောက်အသွင်ပေါ်နေခဲ့ပါပြီ။

သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ခေါင်းကြီးစိတ်၀ိညာဥ်လူ၀ံပါ။ အထောက်အကူပြုအမျိုးအစား သိုင်းပညာ၀ိညာဥ်ဖြစ်ပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးတာက စွမ်းအားကိုပိုကောင်းကောင်းနဲ့ အချိန်ကြာကြာထိန်းထားနိုင်ဖို့ပါပဲ။ ဒါ့အပြင် သူသုံးသမျှဘယ်၀ိညာဥ်လက်နက်ကိုမဆို အားဖြည့်ပေးနိုင်တဲ့အခြေအနေမှာ ရှိနေခဲ့ပါတယ်။

မာယုလုံက သူတို့ကျောင်းတော်မှာ တကယ်ကိုရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်နေခဲ့သလို ကျင့်ကြံဆင့်သာ အားမနည်းနေခဲ့ရင်း သေချာပေါက် အဆင့်ခုနှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ် အသိအမှတ်ပြုခံရမှာပါ။ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်း ခရမ်းရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်း အနက်ရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းက တစ်ပြိုင်နက်ထဲ ပေါ်လာပါတော့တယ်။ ငွေရောင်အလင်းတန်းဘောလုံးက ကျန်စဖန်းဆီကို ပြေး၀င်သွားခဲ့ပါပြီ။ ကျန်ဖန်းရဲ့ အနားကိုကြောက်စရာကောင်းတဲ့အရှိန်နှုန်းနဲ့နီးကပ်သွားတဲ့ အဲ့ဒီဘောလုံးက သတိမမူဖြစ်နေခဲ့တဲ့ ကျန်းဖန်းဆီကို တန်းတန်းမတ်မတ်ရောက်သွားပါတော့တယ်။ ကျန်းဖန်းက မာယုလုံတိုက်ခိုက်တာကို မြင်ချိန်မှာချက်ချင်းခုန်ရှောင်လိုက်ပါတယ်။ သူ့ရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းတောက်ပမှုနဲ့အတူ လက်သုံးချောင်းပုံသဏ္ဍာန်အလင်းတန်းက ပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် လူနှစ်ယောက်က ဘေးချင်ယှဥ်လျက်ဖြစ်ပေါ်လာပါတော့တယ်။ အလယ်လက်ချောင်းကတော့ ငွေရောင်အလင်းလုံးကို ခုန်ရှောင်ရင် တိုက်ခိုက်ဖို့ပြင်နေခဲ့တယ်။

မာယုလုံက ဒါကိုမျှော်လင့်ထားပုံပါပဲ။ ကျန်းဖန်းရဲ့ ပုံစံတူတုပမှုက သိပ်ပြီထူးခြားတဲ့ပုံမပေါ်ပါဘူး။ ငွေရောင်အလင်းတန်းဘောလုံးရုတ်တရက်ရပ်တန့်သွားပြီတဲ့နောက် ကြောက်စရာကောင်းတဲ့ပေါက်ကွဲမှုက ဖြစ်ပေါ်လာပါတော့တယ်။ အဖြူရောင်အလင်းတန်းတွေက ကြီးမားပြင်းထန်လွန်တာကြောင့် ကြယ်တာရာလော့ရင်ပြင်မှာရှိနေသူတွေလဲ မျက်လုံးပိတ်လိုက်ရပါပြီ။ ကျန်းဖန်းက လူသုံးယောက်ဖြစ်အောင်ခွဲလိုက်ပေမဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် မျက်လုံးကိုချက်ချင်းပိတ်လိုက်ရပါတော့တယ်။ သူအရှေ့မှာရှိတဲ့အရာအားလုံးကတော့ အဖြူရောင်ပြောင်းနေခဲ့ပါပြီ။

အပိုင်း ၁၁၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset