Switch Mode

Chapter – 113

ကောင်းကင်တုန်ခါတံဆိပ်

အပိုင်း ၁၁၃

” ကောင်းကင်တုန်ခါတံဆိပ် ”
°°°
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက ရှုစန်းရှီရဲ့စကားကိုကြားပြီချိန်မှာတော့ စိတ်ပျက်သွားပါတော့တယ်။ အကယ်၍ ထူးဆန်းမြေအောက်လောကနေရာပြောင်းရွေ့မှုက သူ့တို့ရဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှု ပြုလုပ်နေချိန်မှာ အသုံးပြုလို့ရနိုင်ခဲ့မယ်ဆိုရင် သေချာပေါက် အဖွဲ့လိုက်တိုက်ပွဲမှာ ကြီးမားတဲ့မဟာဗျူဟာကြီးဖြစ်လာပါလိမ့်မယ်။

” ကောင်းပြီ ဒီလိုကြီး မျက်နှာပျက်မနေကြပါနဲ့တော့ အခုလိုအသက်ငယ်ငယ်ရွယ်ရွယ်မှာတောင် မင်းတို့နှစ်ယောက်က အရေးတကြီးအခြေအနေကို ထိန်းချုပ်နိုင်သွားပြီ မင်းတို့ဘာများထပ်ပြီလိုချင်သေးလို့လဲ ဆရာ၀မ်က မင်းတို့ရဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်အကြောင်းကို လုံး၀မေးခွင့်တောင် မပြုထားဘူး…ဒါပေမယ့် အဲ့ဒီနေ့ကကောင်းကောင်းမြင်လိုက်တယ်..အရမ်းကိုအင်အားကြီးတာပဲ အကယ်၍ အခွင့်အရေးသာရှိမယ်ဆိုရင် ငါတစ်ခါလောက် စမ်းကြည့်ချင်ပါသေးရဲ့ “:

၀မ်သုန့်က ရယ်မောရင်ပြောလိုက်ပါတယ်။

” အစ်ကိုကြီးရှု တစ်ခုစမ်းမလား ဒါမှမဟုတ်နှစ်ခုကို စမ်းချင်လား ”

ရှုစန်းရှီအကြံရိုက်သွားပါတော့တယ်။

” သေချာပေါက် တစ်ခုပဲစမ်းမှာပေါ့ မင်းငါ့ကိုအသေသတ်ချင်နေတာလား ”

သူဒီအချိန်အထိ ပြောပြီတဲ့နောက် မကြာခင်မှာပဲ မျက်၀န်းထဲကနေ ကောက်ကျစ်မှုအရိပ်အယောင်ပြေးသွားပါတော့တယ်။

” မင်းတို့တွေ တစ်ယောက်ချင်းဆီပြိုင်ပွဲမှာ ဘာတွေဖြစ်သွားမလဲဆိုတာ သိချင်ကြတယ်မလား ဒါဆိုရင် အရင်ဆုံးကိုယ့်ကိုကိုယ် ပြန်ကောင်းအောင်လုပ်ရမယ်. ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိပါတယ်။ သူတို့တွေပိုပြီး စိတ်လှုပ်ရှားလာတာကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါပြီ။ ကြယ်တာရာလော့ကျောင်းတော်က လက်ရှိအချိန်မှာ အရှုံးကို၀န်ခံပြီသားဖြစ်တဲ့အတွက် သူတို့တွေတစ်ယောက်ချင်းဆီပြိုင်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်စရာမလိုတော့ပါဘူး။ ဒါပေမယ့် နေလကျောင်းတော်ရဲ့ပြိုင်ပွဲကတော့ ရှိနေဦးမယ်။ ၀မ်ယန်က နေလကျောင်းတော်အကြောင်းကို ရှင်းရှင်းလင်းလင်းပြောပြထားပြီဖြစ်ပေမဲ့ သူတို့တွေကိုယ်တိုင်မမြင်ရသေးပါဘူး။ ဒါ့အပြင် တစ်ယောက်ချင်းဆီပြိုင်ပွဲက အချိန်သိပ်မယူမှန်းသိနေခဲ့တယ်။

” အစ်ကိုကြီးရှုစန်းရှီ ကျွန်တော်တို့သုံးယောက်ပဲကြည့်မှာလား ”

ရှုစန်းရှီက ပြောလိုက်ပါတယ်။

” သုံးယောက်ဆိုလောက်ပြီလေ ဘာကြောင့်လူတွေအများကြီးလိုနေဦးမှာလဲ ပေ့ပေ့နဲ့ အစ်ကိုကြီးထိုက်နှစ်ယောက်က ဒဏ်ရာတွေကနေ ပြန်ကောင်းမွန်လာအောင်လုပ်နေရသေးတယ်..ယွိဟောင် အစ်မကြီးမာက မင်းကိုမနေ့ကတစ်ခုခုလုပ်ခဲ့သေးလား ”

ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။

” မမကြီးက ကျွန်တော်ကိုကောင်းကောင်းဆက်ဆံပါတယ် ”

ရှုစန်းရှီလဲ ဒီအခေါ်အဝေါ်ကိုကြားချိန်မှာတော့ မျက်နှာအမူအရာပြောင်းသွားပါတော့တယ်။

” မင်းကလူတော်လေပဲ ကိုယ့်ကိုကိုယ်တိုးတက်အောင် မြန်မြန်လုပ်နိုင်သား ”

ဟို့ယွိဟောင်က စပြီပြောလာခဲ့ပါတယ်။

” အစ်ကိုကြီးရှု ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် မောင်နှမတွေအဖြစ် အသိအမှတ်ပြုလိုက်ကြပြီးပြီ အကယ်၍ တစ်ယောက်ယောက်ကသာ ကျွန်တော်ကို အနိုင်ကျင့်၀ံ့တယ်ဆိုရင် သိတဲ့အတိုင်းသူကရိုက်ပြစ်မှာပေါ့ ”

ရှုစန်းရှီ ကျောချမ်းသွားပါတော့တယ်။ မင်းကတော့ တကယ်အကျိုးရှိသွားပြီ မင်းရဲ့ အစ်မကြီးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် ကိစ္စမရှိတော့ဘူး ငါတို့အမြန်ပြင်ဆင်ကြရအောင် ငါတို့မှာအချိန်သိပ်မရှိဘူး ”

” သွားကြမယ်လေ ”

ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှုစန်းရှီတို့က ခပ်မြန်မြန်ပဲ သိလိုစိတ်အပြည့်နဲ့ ခိုးထွက်ဖို့လုပ်ပါတော့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ တပည့်သားတွေဖြစ်တဲ့အပြင် သူတို့တွေက နောက်ဆုံးဗိုလ်လုပွဲ ပွဲစဥ်ရဲ့ ပြိုင်ပွဲ၀င်တွေပါ။ ဒါကြောင့် တစ်ဖက်အဖွဲ့သားတွေအတွက် ပြင်ဆင်ထားတဲ့ထိုင်ခုံတွေဆီကို ၀င်ခွင့်ရှိပါတယ်။

အခုအချိန်မှာတော့ နှစ်ဖက်ကျောင်းတော်က ပြိုင်ပွဲထဲကို၀င်ရောက်သွားခဲ့ပါပြီ။ သူတို့အနားယူတဲ့နယ်မြေထဲမှာ ရှိနေချိန်မှာပဲ ကျောင်းတော်နှစ်ခုစလုံးက သူတို့သုံးယောက်ဆီကို အကြည့်ရောက်လာပါတော့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အနားယူတဲ့နယ်မြေက ၀မ်ယန်ရှိနေခဲ့ပြီသားပါ။ သူတို့သုံးယောက်ကိုမြင်ချိန်မှာတော့ ၀မ်ယန်က မျက်မှောင်ကြုတ်သွားပါတော့တယ်။

” ဆရာ၀မ် ”

ရှုစန်းရှီက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို ခေါ်လာပြီ ၀မ်ယန်ကိုဂါရ၀ပြုလိုက်ပါတယ်။

” မင်းတို့တွေ နားနေရမှာမဟုတ်ဘူးလား ဘာကြောင့်ရောက်နေတာလဲ ယွိဟောင်မင်းအဆင်ပြေရဲ့လား ”

ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။

” ဆရာ၀မ် မစိုးရိမ်ပါနဲ့ ကျွန်တော်က အစ်မကြီးရဲ့မိစ္ဆာမီးလျှံကို ဖြေရှင်းပြီးပါပြီ ”

လက်ရှိအချိန်မှာ တခြားဘယ်သူကိုမှ အထင်မလွဲစေချင်တဲ့အတွက် မမကြီးလို့မခေါ်တော့ပါဘူး။ သူတို့တွေစုစည်းပြီမှသာ ပြောပြတာအကောင်းဆုံးဖြစ်မှာပါ။

” ကောင်းပြီလေ ဒီလိုဖြစ်မှတော့ အားလုံးအတူတူကြည့်ကြတာပေါ့ ”

သူတို့သုံးယောက်လဲ အထဲ၀င်ထိုင်လိုက်ပါတယ်။ ရှုစန်းရှီကတော့ မေးလာခဲ့တယ်။

” ဆရာ၀မ် မနေ့ကဘာဖြစ်သွားတာလဲ အပြတ်အသတ်အနိုင်ရသွားတယ်ဆိုပဲ ကျွန်တော်ကြားလိုက်ရတယ်…နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ဘယ်လိုများလုပ်လိုက်တာလဲ ”

၀မ်ယန်ကတော့ ခါးသီးတဲ့အပြုံးနဲ့သာ ပြန်ဖြေလိုက်ပါတယ်။

” သူတို့တွေရဲ့ပြိုင်ပွဲတွေကို ဘာကြောင့်မင်းတို့ကိုမကြည့်ခိုင်းလဲသိလား ”

ရှုစန်းရှီရဲ့အကြည့်က ပြောင်းလဲသွားပါတော့တယ်။

” ကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေ ပြိုလဲသွားမှာကို ကြောက်လို့လား ”

၀မ်ယန်က မျက်လုံးပြူးသွားရင်း ပြန်ဖြေလိုက်ပါတယ်။

” မင်းကထက်မြက်သားပဲ ဒါပေမယ့် ဒါအကြောင်းရင်းတွေထဲကတစ်ခုပဲရှိသေးတယ်..နောက်ထပ်အကြောင်းအရင်းကတော့ ဒီနေရာမှာ သူတို့ယှဥ်ပြိုင်တာကို ကြည့်စရာအကြောင်းမရှိလို့ပဲ ”

သူ့ရဲ့အသံက ပိုပြီးလေးနက်လာပါတော့တယ်။

” နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ဒီပြိုင်ပွဲအတွက်ကို သိသိသာသာကြီး ပြင်ဆင်လာခဲ့တယ်…ငါရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောပြမယ်…သူတို့တွေက ငါတို့ရဲ့အကြီးမားဆုံးပြိုင်ဘက်တွေပဲ ဒါကြောင့် ပြိုင်ပွဲအစကထဲကနေ သူတို့ကို ငါမျက်စိဒေါင့်ထောက်ကြည့်လာခဲ့တာ သူတို့ယှဥ်ပြိုင်တဲ့ပွဲစဥ်တိုင်းကို တစ်ခုမှငါအလွှတ်မပေးဘူး…ဒါပေမယ့် ငါဘာကိုတွေ့လိုက်လဲ မင်းသိလား သူတို့တွေက ပြိုင်ပွဲတစ်ခုချင်းဆီတိုင်းမှာ တူညီတဲ့နည်းဗျူဟာကို ဘယ်တော့မှမသုံးဘူး အထူးသဖြင့် အဖွဲ့လိုက်ပြိုင်ပွဲတွေမှာပါပဲ ဒါကြောင့် သူတို့ကိုကြည့်တာ ဘာများအသုံး၀င်ဦးမှာလဲ ဒါကမင်းတို့ရဲ့ ယုံကြည်ချက်ကိုပဲ ပြောင်းလဲစေလိုက်မယ် ”

” သူတို့ရဲ့အဖွဲ့ခေါင်းဆောင် မာယုလုံက မနေ့ကယှဥ်ပြိုင်ခဲ့တယ်…လုံး၀ကိုမယှဥ်သာနိုင်လောက်တဲ့အထိ အစွမ်းထက်တဲ့သူပဲ ကျောင်းတော်တစ်ခုလုံးကို အပြတ်အသတ်အနိုင်ယူဖို့အတွက် အဆင့်ခုနှစ်၀ိညာဥ်လက်နက်နှစ်ခုတိတိကို သူအသုံးပြုခဲ့တယ်..ဒါ့အပြင် တခြားခြောက်ယောက်က ၀ိညာဥ်လက်နက်ခံတပ်ကိုပဲ တည်ဆောက်ထားတာ ၀ိညာဥ်လက်နက်ခံတပ်ခြောက်ခုက တစ်ပြိုင်နက်ထဲပြစ်လွှတ်တဲ့အချိန်မှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ မင်းတွေးကြည့်လိုက်စမ်း စင်တစ်ခုလုံးက သူတို့ရဲ့ပေါက်ကွဲတ်ိုက်ခိုက်မှုတွေနဲ့ပဲ ပြည့်နှက်နေတာပေါ့ တစ်ဖက်ကျောင်းတော်က သူတို့ရဲ့စွမ်းအားအစစ်အမှန်ကို ထုတ်ပြခွင့်တောင်မရလိုက်ဘူး..သူတို့ရဲ့၀ိညာဥ်ဧကရာဇ်တောင်မှ အရှေ့ကိုထွက်ထွက်လာချင်းတိုက်ခိုက်ခံလိုက်ရတာကြောင့် ချက်ချင်းစင်ပေါ်ကနေ ပြုတ်ကျသွားခဲ့ရတယ်။ အဲ့ဒီနောက် ပြိုင်ပွဲကလဲ ပြီးသွားတော့တာပဲ ”

၀မ်ယန်ပြောတာကို ကြားပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ သူ့အပေါင်းအဖော်နှစ်ယောက်ရဲ့ အမူအရာတွေလဲ ပြောင်းလဲသွားပါတော့တယ်။ ဒီလိုကြောက်စရာကောင်းတဲ့အဖြစ်မျိုးကို တွေးထားပြီသားဖြစ်ပေမဲ့ ဒီလောက်ကြီးကြောက်စရာကောင်းနေမယ်လို့ မထင်ထားခဲ့မိပါဘူး။ အကယ်၍ အဲ့ဒီလိုသာဖြစ်မယ်ဆိုရင် သူတို့ဘယ်လိုများတိုက်ခိုက်ရမှာလဲ။

” မနေ့ကအဖွဲ့လိုက်ပြိုင်ပွဲကို ကြည့်လိုက်ပြီတဲ့နောက် ဘယ်လိုပဲဖြစ်ဖြစ်ကိစ္စမရှိတော့ဘူးလို့ တွေးလိုက်မိတယ်…ငါတို့တွေနောက်ဆုံးပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ကြမယ် ”

ရှုစန်းရှီက အသံတိုးတိုးနဲ့မေးလာခဲ့ပါတယ်။

” ဆရာ၀မ် ကျွန်တော်တို့ရဲ့အဓိကအဖွဲ့၀င်တွေအားလုံးက ဒီနေရာကို ရောက်နေပြီ ယှဥ်ပြိုင်မယ်ဆိုရင် အသားစီးရနိုင်မယ်လို့ မင်းထင်လား ”

၀မ်ယန်က တခဏတာ စဥ်းစားရင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။

” သူတို့အတွက်တောင် ခက်လိမ့်မယ်”

ရှုစန်းရှီလဲ သက်ပြင်းချလိုက်ရပါပြီ။

” ဒီလိုဖြစ်မှတော့ ကျွန်တော်လဲသိပ်​ပြီတွေးမနေတော့ဘူး…ကျွန်တော်တို့က ဒီစင်မြင့်ပေါ်အထိ ရောက်အောင်ပြိုင်ရမယ်ဆိုတာ ကျွန်တော်တို့တာ၀န်လို့ ပြောခဲ့တယ်မလား အနာဂတ်မှာ နိုင်နိုင်ရှုံးရှုံးကိုယ်နဲ့ထိုက်တန်ကိုပဲ ကိုယ်ရမှာပဲလေ ကျွန်တော်တို့တွေက တစ်ချီပဲကျန်တော့တယ်ဆိုမှတော့ ရှုံးမယ်ဆိုရင်တောင် သေချာပေါက် အစွမ်းကုန်တိုက်ခိုက်ရမှာပေါ့ ဒါ့အပြင် အံ့ဖွယ်ရာတွေကို ဖန်တီးတယ်ဆိုတာ ပထမဆုံးအကြိမ်မှမဟုတ်ပဲ ကျွန်တော်တို့က အမျက်ဒေါသရဲ့ကျောင်းသားတွေပဲလေ ”

” မင်းကတကယ်စိတ်ကောင်းကောင်းထားတတ်တာပဲ မင်းဒီလိုယှဥ်ပြိုင်တဲ့အချိန်မှာ အားလုံးတူညီတဲ့စိတ်ထားရှိနေမယ်ဆိုရင် ငါတော့အများကြီးစိတ်သက်သာယာရလိမ့်မယ်..ကျောင်းတော်ပဲဖြစ်ဖြစ် ငါပဲဖြစ်ဖြစ် ရလဒ်ကိုသိပ်ပြီဂရုမစိုက်နေဘူး…ဒါပေမယ့် ငါတို့ရှုံးမယ်ဆိုရင်တော့ လူတွေရဲ့အမြင်ကို မင်းတို့တောင့်ခံရလိမ့်မယ်…မင်းတို့ကအတော်လေး ငယ်သေးတာကြောင့် ဒီလိုမျိုးလူတွေရဲ့အပြောအဆိုကို မခံနိုင်မှာပဲ ငါစိုးရိမ်မိတယ်…ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် ငါကကျောင်းတော်အတွက် အပြစ်သားဖြစ်နေတော့မှာပဲ ”

ရှုစန်းရှီက ရယ်မောရင်း ပြောလိုက်ပါတယ်။

” ဘယ်ဟုတ်မလဲဆရာ၀မ် အတွေးတွေလွန်နေပါပြီ ကျောင်းတော်က ကျွန်တော်တို့ကို ဒီလိုအခွင့်အရေးပေးတယ်ဆိုတာ ကျွန်တော်တို့အားလုံးက ဆုံးဖြတ်ချက်ခိုင်မာပြီပြတ်သားနေကြလို့ပဲ ဒါ့အပြင် အကယ်၍ ကျွန်တော်တို့ရှုံးမယ်ဆိုရင် ကျောင်းတော်ကို ချက်ချင်းပြန်လို့ရတယ်လေ ကျောင်းတော်ထဲကို လာပြီတော့ မဟုတ်တရမ်းပေါက်ကရတွေပြော၀ံ့တဲ့သူရှိမယ်လို့ မထင်ဘူးမလား ”

သူတို့ပြောနေချိန်မှာပဲ ဒိုင်ကစင်ပေါ်ကိုရောက်သွားခဲ့ပါပြီ။ ကြယ်တာရာလော့ဧကရာဇ်က ပြိုင်ပွဲကို မြို့နံရံကနေကြည့်နေခဲ့ပါတယ်။ သူတို့ကို ရှုံးနှိမ့်ခဲ့တဲ့မင်းသမီးကျိုးကျိုးကလဲ ဧကရာဇ်ရဲ့ဘေးမှာရပ်နေခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ သူ့ကိုတစ်ယောက်ယောက်က စောင့်ကြည့်နေတာကို ခံစားမိတဲ့အတွက် ခေါင်းမော့ကြည့်လိုက်မိပါတယ်။ ချက်ချင်းဆိုသလို မင်းသမီးကျိုးကျိုးသူ့ကိုလှမ်းကြည့်နေမှန်း သတိထားမိသွားပါပြီ။ သူမရဲ့မျက်နှာက ဒေါသတွေအပြည့်ဖြစ်နေခဲ့ပါတယ်။ ဒါကို ဟို့ယွိဟောင်ကို ရှင်းရှင်းလင်းလင်းမြင်ရအောင် သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးကြောင့်ပါ။ သူ့ဘေးနားမှာရှိနေတဲ့သူကတော့ သတိမထားပါဘူး။

မြို့နံရံပေါ်မှာကတော့ အခြေအနေတွေဒီလိုဖြစ်နေခဲ့ပါတယ်။

” အစ်ကိုတော် ကျွန်မလုံး၀မကျေနပ်ဘူး တကယ်ဆို နိုင်သင့်တာမဟုတ်လား ”

မင်းသမီးကျိုးကျိုးက မကျေမနပ်ပြောနေခဲ့ပါတယ်။ ဧကရာဇ်ကတော့ ပြုံးနေခဲ့တယ်။

” ဘာများမကျေနပ်စရာရှိလို့လဲ မင်းတို့ရှုံးသွားပြီဆိုတာက မှန်တဲ့ကိစ္စပဲလေ ”

” ဒါပေမယ့် အသန်မာဆုံးစွမ်းရည်ကိုတောင် မသုံးရသေးဘူးလေ ”

ဧကရာဇ်က ပြောလာခဲ့ပါတယ်။

” ဒါပေမယ့် အဲ့ဒါကိုမင်းမသုံးချင်ဘူးမဟုတ်လား ဘာပဲဖြစ်ဖြစ် ဒါ့အပြင် အကယ်၍ မင်းဒါကိုသုံးလိုက်မယ်ဆိုရင်တောင် ရလဒ်ကိုပြောင်းလဲနိုင်မှာမဟုတ်ဘူး..ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ကြယ်တာရာသရဖူကို ဖိနှိမ့်ထားနိုင်တဲ့ ၀ိညာဥ်စွမ်းရည်တစ်ခုကို မထုတ်လုပ်နိုင်ပေမဲ့ မင်းတို့အားလုံးပေါင်းနိုင်မယ်လို့ဆိုရင်တောင် အဲ့ဒီမီးငှက်ကို အနိုင်ယူနိုင်မယ်ထင်လား မာရှောင်ထောင့်ရဲ့သိုင်းပညာ၀ိညာဥ်က မိစ္ဆာမီးလျှံငှက်ပဲ သူက မာဟုန်ကျွင့်ရဲ့မျိုးဆက်ပဲလေ ပထမဆုံးအမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့မျိုးဆက်ထဲက တိုက်ရိုက်ဆက်ခံလာတဲ့သူပဲ ဒါ့အပြင် အဆင့်ခြောက်ဆယ်ခုနှစ်၀ိညာဥ်ဧကရာဇ်ဖြစ်နေသေးတယ်..သူ့ရဲ့ကျင့်ကြံဆင့်က ပြိုင်ပွဲထဲမှာရှိသမျှလူတိုင်းထက် ပိုပြီးသာလွန်နေပြီသား မင်းမနေ့ကမြင်လိုက်ရတဲ့အတိုင်းပဲ ၀ိညာဥ်ဘုရင်သုံးယောက် ပူးပေါင်းတာတောင် သူ့ကိုဘယ်သူမှစိန်မခေါ်နိုင်ကြဘူး…အကယ်၍ မင်းတို့ကြိုးစားမယ်ဆိုရင်တောင် နိုင်ကြမယ်ထင်လား ဒါက တစ်ယောက်ချင်းဆီ ပြိုင်ပွဲအတွက်ပိုလို့တောင်ဆိုးဦးမယ်…မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်သာ ရှိသေးသရွေ့ မင်းတို့အားလုံးအခွင့်အရေးမရှိနိုင်ဘူး..ဒါကလုံး၀ကို အပြတ်အသတ်အင်အားကွာခြားနေလို့ပဲ အမျက်ဒေါသကျောင်းတော်က ဒီတစ်ကြိမ်မှာ သူတို့ရဲ့အသန်မာဆုံးသူတွေကို မပို့လွှတ်နိုင်ခဲ့ဘူး…ဒါတောင် သူတို့ရဲ့အခြေခံခိုင်မာမှုက ဘယ်သူမှမေးခွန်းထုတ်လို့မရအောင် ကြီးမားနေသေးတယ်လေ ဒီကလေးတွေသာ နောက်ငါးနှစ်အတွင်း အရွယ်ရောက်လာပြီရင် ကိစ္စတွေဘယ်လိုဖြစ်သွားမလဲဆိုတာကို ငါတကယ်မြင်ချင်မိတယ်…အတော်လေးလဲ စိတ်လှုပ်ရှားနေမိပြီ ”

မင်းသမီးကျိုးကျိုးက နှာခေါင်းရှုံ့ရင်းပြောလာခဲ့ပါတယ်။

” နောက်ငါးနှစ်ကြာပြီရင် ဘယ်လိုဖြစ်မလဲဆိုတာ မသိဘူး…ဒါပေမယ့် ဒီပြိုင်ပွဲကနေ အရှက်တကွဲနဲ့ထွက်သွားရတော့မှာ အမှန်ပဲ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က အင်အားကြီးလွန်တယ်…ဒါ့အပြင် ဒီတစ်ခေါက်ပြိုင်ပွဲအတွက် အကုန်လုံးပြင်ဆင်လာပြီသား အမျက်ဒေါသကျောင်းတော်က ပြဿနာတက်ထားတယ်လေ သူတို့ရဲ့အဓိကအဖွဲ့တစ်ဖွဲ့လုံး အပြည့်အစုံရှိနေမယ်ဆိုရင်တောင် အခွင့်အရေးမရနိုင်ဘူး ”

ကြယ်တာရာလော့ဧကရာဇ်က ရယ်မောနေခဲ့ပါတယ်။

” ညီမငယ်လေး မင်းကဒီရလဒ်အကြောင်းကို အတော်ကြီးအာရုံစိုက်နေတာပဲ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကလဲ မင်းနဲ့တူတယ်…ဒီပြိုင်ပွဲကိုအရမ်းကြီးအလေးအနက်ထားလွန်တယ်…တစ်ချိန်ထဲမှာပဲ မင်းနဲ့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်နှစ်ခုစလုံးက အောင်မြင်ကျော်ကြားမှုနဲ့ ကံကြမ္မာဆိုတာကို အရမ်းကြီးစိတ်ထဲထားလွန်နေတယ်…ဒါကြောင့်သာ အမျက်ဒေါသကျောင်းတော်က မှားယွင်းတဲ့လုပ်ဆောင်မှုကို လုပ်လိုက်မိပြီလို့ မင်းတို့တွေအခိုင်အမာပြောနေကြတာပဲ အမှန်တကယ်တော့ သူတို့တွေ ဒီလိုလုပ်ကြတယ်ဆိုတာ ပိုပြီးလေးနက်တဲ့ အဓိပ္ပါယ်အတွက်လုပ်နေကြတာ ”

မင်းသမီးကျိုးကျိုးက ပဟေဠိဖြစ်လာခဲ့ပါတယ်။

” ပိုပြီးလေးနက်တဲ့ အဓိပ္ပါယ်တဲ့လား ”

ကြယ်တာရာလော့ဧကရာဇ်က ခပ်တိုးတိုးမေးလာခဲ့ပါတယ်။

” ကျိုးကျိုး ငါတို့ရှုမိသားစုရဲ့ အစွမ်းအစကို မင်းဘယ်လိုထင်လဲ ”

မင်းသမီးကျိုးကျိုးရဲ့ နာမည်ကလဲ ရှုကျိုးကျိုးပါ သူကချက်ချင်းပြန်ဖြေလိုက်ပါတယ်။

” ငါတို့တွေက အင်အားကြီးတယ်လေ ဒါ့အပြင် နိုင်ငံတော်တစ်ခုလုံးကို ငါတို့ရဲ့အင်အားနဲ့ ထိန်းချုပ်ထားတဲ့အပြင် ရန်သူတွေကိုလဲ အကုန်ဖယ်ရှားပြစ်လိုက်ပါတယ်..ဒါ့အပြင် မြို့စားမင်းအိမ်တော်မျိုးဆက်တွေနဲ့လည်ပြီ ဒီနိုင်ငံတော်ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တာ ငါတို့မိသားစုရဲ့စွမ်းအားကြောင့်ပဲလေ ငါတို့မိသားစုလိုမျိုး ကြီးမားတဲ့မျိုးနွယ်ကို ဒီတိုက်ကြီးထဲမှာတွေ့ရဖို့တော့ ရှားပါးသွားပြီ သိုင်းပညာ၀ိညာဥ်ခန်းမက အဲ့ဒီအချိန်တုန်းက မောက်မောက်မာမာလုပ်နေခဲ့ပေမဲ့ ထိတောင်မထိပါးနိုင်ပဲ ”

ကြယ်တာရာလော့ဧကရာဇ်က ခေါင်းညိတ်လိုက်ပါတယ်။

” မင်းပြောတာမှန်တယ် ငါတို့မိသားစုလုံးက အင်အားကြီးတယ် ..ဒါပေမယ့် နိုင်ငံတော်အခက်တွေ့တဲ့အချိန်မှာ ဘယ်လိုလှုပ်ရှားလဲသိလား ပညာရှိတဲ့လူတစ်ယောက်က အရေးကြုံရချိန်မှာ ထွက်လာတဲ့ရွေးချယ်မှုလုပ်တာမဟုတ်ဘူး …ငါတို့တွေက အဓိကအင်အားကိုစုစည်းပြီ သင့်တော်တဲ့အချိန်မှာ တိုက်ခိုက်တာပဲ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီအတွင်းမှာ ငါတို့မိသားစုက ပိုပိုပြီးသေးငယ်လာတယ်..ငါတို့မျိုးဆက်သစ်တွေထဲမှာ မင်းနဲ့ငါနှစ်ယောက်ပဲ ကြယ်တာရာသရဖူကို အမွေဆက်ခံထားရတော့တယ်…အခုအမျက်ဒေါသကျောင်းတော်ရဲ့ အခြေခံကိုစဥ်းစားကြည့်လိုက်စမ်း အမျက်ဒေါသကျောင်းတော်က လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်အတွင်းမှာ တစ်စထက်တစ်စ ပိုကြီးထွားလာသေးတယ်…ဒါ့အပြင် တိုက်ကြီးတစ်ခုလုံးက လျှို့၀ှက်ပြီလုပ်ဆောင်ပေးနေတာတွေ အများကြီးလဲ နိုင်ငံတော်ကြီးတွေကလဲ သူတို့ကို တော်တော်လေးကြောက်ကြတယ်…ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ရဲ့ တကယ်အနက်ရှိုင်းဆုံးအပိုင်းမှာ ဘယ်သူရှိနေတယ်လို့မင်းထင်လဲ ..ဒါ့အပြင် ဒီလောက်အထိကြီးမားတဲ့ကျောင်းတော်ကြီးကို အုပ်ချုပ်တဲ့သူက မိုက်မဲတဲ့အမှားတစ်ခုကိုပြုလုပ်မယ်လို့မင်းထင်လား ဒါ့အပြင် အမျက်ဒေါသကျောင်းတော်အနေနဲ့ အကယ်၍ သူတို့သာလုပ်ချင်ခဲ့တယ်ဆိုရင် နောက်ထပ် အဖွဲ့တစ်ဖွဲ့ကို အချိန်မရွေးစေလွှတ်နိုင်တယ်..အမျက်ဒေါသကျောင်းတော်မှာ ပါရမီရှင်ဆိုတာက ဘယ်တော့မှမရှားပါဘူး ”

မင်းသမီးကျိုးကျိုးက သံသယအပြည့်နဲ့မေးလာခဲ့ပါတယ်။

” အစ်ကိုတော်ပြောနေတာ အမျက်ဒေါသကျောင်းတော်က ဒီပြိုင်ပွဲကိုတန်ဖိုးမထားဘူးလို့ ပြောချင်တာလား ”

°°°
အပိုင်း ၁၁၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset