Switch Mode

Chapter – 112

မိသားစုမေတ္တာ

အပိုင်း ၁၁၂

” မိသားစုမေတ္တာ ”
°°°
ဟို့ယွိဟောင်က အတော်ကိုငယ်ရွယ်သေးပါတယ်။ ဒါပေမယ့် သူ့ရဲ့အပေါင်းအဖော်တွေနဲ့အတူ အချိန်ဖြုန်းတာပိုပိုပြီး များလာပြီတဲ့နောက် လွှမ်းမိုးမှုကလဲ ကြီးလာခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူ့ရဲ့အထီးကျန်မှုက ကျန်ရှိနေဆဲပါ။ နောက်ဆုံးတော့လဲ ဒီလိုမိတ်ဆွေအပေါင်းအသင်းတွေဆိုတာက မိသားစုမဟုတ်ခဲ့ပါဘူး။ ဒီလောကကြီးထဲမှာ ဆွေးမျိုးမိတ်သဟာလဲ တစ်ယောက်မှမရှိတော့တဲ့အတွက်ကြောင့် ညအချိန်အိပ်မက်ထဲမှာတောင် လွမ်းဆွတ်တမ်းတမှုမဖြစ်စေဖို့အတွက် ဆက်တိုက်လေ့ကျင့်နေခဲ့တာလဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မာရှောင်ထောင့်ပြောလိုက်တဲ့ စကားကို ကြားပြီချိန်မှာ သူဆက်တိုက်ဆိုသလို ငိုကြွေးမိပါတော့တယ်။

” နင့်ကို အနိုင်ကျင့်၀ံ့တဲ့ဘယ်သူကိုမဆို ငါလက်စားချေပေးပြီ ဖုယောင်နေတဲ့အထိ ၀က်လိုဖြစ်အောင်ကင်ပြစ်မယ် ”

အကယ်၍ သူမှာသာ သူ့ရဲ့သွေးရင်းသားရင်းအစ်မကြီးတစ်ယောက်ရှိခဲ့မယ်ဆိုရင် သေချာပေါက် ဒီလိုပဲလုပ်မိမှာပါ ဒါ့အပြင် မာရှောင်ထောင့်က သူ့ကိုမိစ္ဆာမီးလျှံဖြေရှင်းဖို့အတွက် ပွင့်ပွင့်လင်းလင်းအကူအညီတောင်းရုံတင်မက သူ့ကိုကာကွယ်ပေးသလို စောင့်လဲစောင့်ရှောက်ပေးပါတယ်။ သွေးရင်းသားရင်းအစ်မကြီးဆိုတဲ့စကားက တကယ်ကိုမရင်းနှီးတဲ့ခေါ်ဝေါ်အသုံးအနှုန်းတစ်ခုပါပဲ။

” ဘာကြောင့်ငိုနေရတာလဲ ”

မာရှောင်ထောင့်ကတော့ ဟို့ယွိဟောင်ငိုနေတာကို မြင်ချိန်မှာမျက်လုံးပြူးသွားပါတော့တယ်။ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို သူခုံပေါ်ကနေခုန်ထရင်း မာရှောင်ထောင့်ကို ပြေးဖက်ပါတော့တယ်။ တကယ်တော့ သူ့ရဲ့စိတ်ခံစားချက်တွေက အရမ်းကို ရှုပ်ထွေးလို့နေခဲ့ပြီ ပြင်ပကိစ္စတွေကိုတောင် ခွဲခြားနားမလည်နိုင်တော့ပါဘူး။ ဒါကြောင့် သူခေါင်းက မာရှောင်ထောင့်ရဲ့ရင်ခွင်ထဲကို နစ်၀င်သွားပါတော့တယ်။ မာရှောင်ထောင့်ကတော့ လန့်သွားခဲ့ပြီ စိတ်ထဲကနေမသက်မသာ ဖြစ်မှုကဖြစ်ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင် ဘာကြောင့်ဒီလောက်အထိ သနားစရာကောင်းလောက်အောင် ငိုကြွေးနေရလဲနားမလည်နိုင်ခဲ့ပါဘူး။ သူ့ရဲ့စိတ်ခံစားချက်အပြောင်းအလဲကိုတော့ ကောင်းကောင်းသိနေခဲ့ပါတယ်။ ဒါ့အပြင် စိတ်သက်သာယာရဖို့အတွက် ဒီလိုခုန်၀င်လာမှန်းလဲ နားလည်နေခဲ့တယ်။

အမျိုးသမီးတွေအားလုံးက အလိုအလောက်မိခင်စိတ်ထားရှိကြတဲ့သူတွေပါ။ သူတို့တွေဘယ်လောက်ပဲ သန်မာပါစေ မိခင်စိတ်ထားကတော့ မပြောင်းလဲခဲ့ပါဘူး။ မာရှောင်ထောင့်က တခြားသူတွေအရှေ့မှာ အရမ်းကို မာကျောတဲ့ပုံစံရှိပေမဲ့ တကယ်တမ်းမှာတော့ သူ့ရဲ့အတွင်းစိတ်ကနူးညံ့ပါတယ်။ ဒါ့အပြင် အပေါ်ယံမှာကြမ်းတမ်းခက်ထန်လို့မြင်ရတဲ့သူတွေကလဲ အတွင်းပိုင်းမှာ အရိုးရှင်းဆုံးသူဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့အပြူအမူက သူ့ရဲ့မိခင်စိတ်ထားကို လုပ်ဆွပေးလိုက်ပါပြီ။

ဒါကြောင့် ဟို့ယွိဟောင်ရဲ့နောက်ကျောကို ပွတ်ပေးနေရင်း နောက်ထပ်စကားမပြောတော့ပါဘူး။ ဒီလိုအတိုင်းငိုခိုင်းတာက အကောင်းဆုံးဖြစ်မယ်မှန်း သိနေခဲ့ပါတယ်။

ဟို့ယွိဟောင်က အရမ်းကို၀မ်းပန်တနည်းနဲ့ ငိုကြွေးနေခဲ့ရင်း ရှိရှိသမျှစိတ်ခံစားချက်တွေအားလုံးကို ပွင့်ထုတ်နေခဲ့ပါပြီ။

မြို့စားမင်းအိမ်တော်မှာတုန်းက အဖြစ်အပျက်တွေအားလုံးကို သူပြန်လည်မြင်ယောင်နေခဲ့ပါတယ်။ ဆောင်ရာသီက သူအကြောက်ဆုံးရာသီတစ်ခုဖြစ်ခဲ့ရတယ်။ ဆောင်းတွင်းတိုင်းမှာ သူ့အမေနဲ့အတူ ညတိုင်းခိုက်ခိုက်တုန်နေတဲ့ အအေးဓာတ်ကနေလွှတ်အောင် ကြိုးစားရင်းနှိမ့်စက်ခံရသလို နေ့အချိန်တွေမှာလဲ အိမ်မှုကိစ္စတွေကို ကူညီပြီအလုပ်လုပ်ရပါတယ်။ သူ့အမေရဲ့လက်တွေက အေးခဲတောင့်တင်းနေခဲ့ပြီ မြို့စားမင်းအိမ်တော်ရဲ့ အဆင့်မြင့်အစေခံတွေအတွက် အ၀တ်လျှော်ပေးရလွန်လို့ ပေါက်ပြဲလို့နေပါတော့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်ကလဲ အတူတူပါပဲ။

သူ့အမေရဲ့မျက်၀န်းအကြည့်က အမြဲတမ်းနွေးထွေးနူးညံ့ပြီ ကြင်နာနေခဲ့တာပါ။ ဒါ့အပြင် ဘယ်တော့မှဖြေရှင်းမပေးနိုင်တဲ့ ၀မ်းနည်းမှုတွေလဲ ပါ၀င်လို့နေခဲ့ပါသေးတယ်။ တစ်ကြိမ်တစ်ခါတုန်းက သူ့အမေရဲ့ ၀မ်းပန်းတနည်းငိုရှိုက်မှုကို ရှင်းရှင်းလင်းလင်းပြန်မှတ်မိလာခဲ့တယ်။ ဒီလိုငိုကြွေးစေတဲ့အကြောင်းအရင်းကတော့ သူမရဲ့မေးခွန်းကြောင့်ပါပဲ။

” အမေကျွန်တော်တို့ဘယ်တော့ဗိုက်ပြည့်အောင်စားရမှာလဲ ”

” အမေကျွန်တော်တို့ဘယ်အချိန်များမှ ဗိုက်ပြည့်အောင်စားရမှာလဲ ”

ဟို့ယွိဟောင်က အိပ်ရင်းနဲ့ယောင်ယမ်းနေသူလိုမျိုး ပါးစပ်ကနေလွှတ်ကခဲထွက်သွားခဲ့မိပါတယ်။ ဒီရိုးရှင်းတဲ့စကားတစ်ခွန်းက မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်ကို တုန်ရီသွားစေခဲ့ပါပြီ။ ဟို့ယွိဟောင် ငယ်ငယ်တုန်းက ဘယ်လောက်အထိ ကြမ်းတမ်းခက်ခဲတဲ့ဘ၀ကို ပိုင်ဆိုင်ခဲ့လဲဆိုတာ သူမတွေးကြည့်ရုံနဲ့တင် မျက်ရည်၀ဲလာပါတော့တယ်။

ဟို့ယွိဟောင်ကတော့ နာနာကျင်ကျင်နဲ့ ဆက်တိုက်ဆိုသလို အော်ညီးနေခဲ့မိပါတယ်။ ဒါပေမယ့် မသိလိုက်ခင်မှာပဲ သူဖြည်းဖြည်းချင်းဆိုသလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ပါပြီ။ ဆယ့်ငါးမိနစ်တိတိ ငိုကြွေးပြီတဲ့နောက် မာရှောင်ထောင့်ကိုဖက်ရင်း သူအိပ်ပျော်သွားပါတော့တယ်။

သူ့အမေရဲ့နွေးထွေးတဲ့ပွေ့ဖက်မှုကို အင်မတန်လွမ်းဆွတ်နေတာကြောင့်လဲ ဒီလိုပင်ပန်းသွားခဲ့တာဖြစ်နိုင်ပါတယ်။ မာရှောင်ထောင့်ကတော့ သူ့ကိုစိတ်မဆိုးခဲ့ပါဘူး။ အရမ်းသနားစရာကောင်းတယ်လို့သာတွေးနေခဲ့မိပါတယ်။

လူတိုင်းက သူတို့ရဲ့မိခင်ကိုလွမ်းဆွတ်ကြတာပုံမှန်ပါပဲ ဒါပေမယ့် သူငိုကြွေးနေတဲ့ပုံအရ ရိုးရှင်းတဲ့လွမ်းဆွတ်မှုက ဘယ်လိုများဖြစ်နိုင်မှာလဲ။ အရိုးထဲအသားထဲအထိ နစ်၀င်နေတဲ့နာကျင်မှုတွေကို သူမလဲ ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။ ဒါ့အပြင် အိပ်နေချိန်မှာဟို့ယွိဟောင်ယောင်ယမ်းရင်းနဲ့ ငယ်စဥ်ဘ၀အကြောင်း၀ိုးတ၀ါးပြောနေတာကို သူမကြားနေခဲ့ရတယ်။

ဟို့ယွိဟောင်ကို အိပ်ရာပေါ်တိုက်ရိုက်ဒီအတိုင်းချမပေးလိုက်ပါဘူး။ သူ့ကိုဖက်ထားရင်းနဲ့သာ အိပ်ရာပေါ်မှာအတူတူလှဲလိုက်ပါတယ်။ ဒီအတိုင်းသူ့အမေပွေ့ဖက်ထားသလိုမျိုး ပွေ့ဖက်ပေးထားရင်း ကျောကိုဖွဖွလေးပုတ်ကာ ချော့သိပ်လို့နေခဲ့တယ်။

သူတို့ရဲ့ပြိုင်ပွဲက မနက်စောစောမှာ ပြီးသွားခဲ့တာ ဒါပေမယ့် အခုအချိန်မှာတော့ တော်၀င်တည်ခိုဆောင်တစ်ခုလုံး မီးလျှံတွေအပြည့် ထွန်းညှိထားပါပြီ။ ဟို့ယွိဟောင်ကတော့ အခုအချိန်အထိ အရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်သလို သူ့ရဲ့အိပ်မက်ထဲမှာ သူ့အမေကအသက်ပြန်လည်ရှင်သန်လာခဲ့ပြီ အရင်တုန်းကအတိုင်း သူကိုပွေ့ဖက်ရင်းချော့သိပ့်နေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ဒီလောက်အထိငြိမ်ချမ်းမှုမျိုးကို မခံစားရခဲ့တာ အတော်ကိုကြာမြင့်နေခဲ့ပါပြီ။

သူ့အမေကို တင်းတင်းကျပ်ကျပ်ပြန်ဖက်ထားခဲ့ရင်း ဆက်တိုက်ဆိုသလို လွမ်းဆွတ်နေတဲ့အကြောင်းပြောနေခဲ့ပါတယ်။ အခုသူမငိုကြွေးတော့ပဲ နွေးထွေးမှုနဲ့ တမ်းတမှုတွေသာ ရှိနေခဲ့တယ်။

နှလုံးသားထဲမှာ အချိန်အကြာကြီးဖိနှိမ့်ခံထားရတဲ့ ၀မ်းနည်းမှုနဲ့ အမုန်းတရားတွေကို ဖွင့်ထုတ်ပြီတဲ့နောက်မှာတော့ ဒီလိုနွေးထွေးတဲ့ပွေ့ဖက်မှုက သူ့ကိုလုံး၀သက်သောက်သက်သာဖြစ်သွားစေခဲ့ပါတယ်။ သူ့ရဲ့နှလုံးသားထဲမှာရှိနေခဲ့တဲ့ ကြိုးထုံတွေကမဖြည်ရသေးပေမဲ့ အနည်းဆုံးတော့ ဆွေးမြည့်နေတဲ့ကြိုးတစ်ချောင်းမဟုတ်တော့ပါဘူး။

ယောင်္ကျားတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုမျိုးကို အမျိုးသမီးတစ်ယောက်နဲ့ ဘယ်တော့မှအလှမ်းမဝေးခဲ့တာအမှန်ပါ။ အမေတစ်ယောက် အစ်မတစ်ယောက် ချစ်သူရည်စားတစ်ယောက် ဇနီးသည်သို့မဟုတ် သမီးစတာတွေအထိ သူ့ရဲ့ဘ၀ထဲမှာ လစ်ဟာနေခဲ့တာမျိုး မရှိခဲ့ဖူးပါဘူး။ မာရှောင်ထောင့်ရဲ့ အမေလိုအစ်မလိုမျိုးပွေ့ဖက်မှုအောက်မှာ ဟို့ယွိဟောင်ကတော့ ပိုပိုပြီးသက်သောက်သက်သာဖြစ်လာပါတော့တယ်။

နောက်တစ်နေ့မနက်နေရောင်ခြည်က ဟို့ယွိဟောင်ရဲ့မျက်နှာပေါ် ကျရောက်လာချိန်မှာတော့ သူလဲဖြည်းဖြည်းချင်းနိုးလာပါတော့တယ်။ သူ့တစ်ကိုယ်လုံးက နွေးထွေးနေခဲ့ပြီ အရမ်းကိုသက်သောက်သက်သာရှိနေခဲ့တယ်။ စိတ်၀ိညာဥ်စွမ်းအားတွေကလဲ ကောင်းကောင်းမွန်မွန်လှည့်ပတ်နေသလို နှလုံးသားကလဲ ပေါ့ပါးနေခဲ့တာအမှန်ပါ။ ဒါ့အပြင် မကောင်းတဲ့ခံစားချက်တွေအားလုံး ကျယ်ပြန့်သွားတဲ့အတိုင်း ခံစားနေခဲ့ရပါတယ်။

” သက်သောက်သက်သာရှိလိုက်တာ ”

ခေါင်းကိုတစ်ဖက်လှည့်လိုက်ရင်း နေရောင်ကိုရှောင်ရှားဖို့အတွက် သူကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်စိတ်ကြည်လင်သွားချိန်မှာတော့ ပုံမှန်မဟုတ်လောက်အောင် နူးညံ့နေတဲ့တစ်စုံတစ်ရာကို ထိတွေ့သွားခဲ့ပါပြီ။

သူ့ရဲ့လက်တွေကို လှုပ်ရှားလိုက်ချိန်မှာတော့ အားတချို့က လက်ဖျားထိပ်ကနေ စီးဆင်းလို့သွားပါတော့တယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်နိုးလာခဲ့ပါပြီ။ သူမျက်လုံးဖွင့်လိုက်ချိန်မှာတော့ ပျင်းရိနေပေမဲ့ အတော်ကိုလေးလေးနက်နက် ရှိနေခဲ့တဲ့မျက်နှာတစ်ခုက သူ့ကိုစိုက်ကြည့်နေမှန်း တွေ့လိုက်ရပါတော့တယ်။ သူ့ရဲ့လက်တွေက အဲ့ဒီလူရဲ့ရင်ဘတ်ပေါ်ကို ရောက်နေခဲ့ပြီ တစ်ဖက်လူရဲ့လက်ကိုဆွဲလိုက်မိတာပါ။

” အစ်မကြီး အစ်မကြီး ဒါအထင်လွဲတာပါ ”

ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ပြန်လည်လက်လွှတ်လိုက်ရင်း ထထိုင်ပါတော့တယ်။ သူ့မျက်နှာကတော့ နီရဲနေခဲ့ပါပြီ။

” ဘယ်လိုခေါ်လိုက်လဲ ”

မာရှောင်ထောင့်က မျက်နှာတင်းတင်းနဲ့သာ ပြောနေခဲ့ပါတယ်။

” မနေ့ညတုန်းကဖက်ထားတာ ဒီလိုခေါ်လို့လား ”

ဟို့ယွိဟောင်က နောက်ဆုံးမှာတော့ သူသတိရသွားပါတော့တယ်။ အဲ့ဒီနောက် သူခေါင်းပြန်ငုံ့သွားပြီ ပြောလိုက်တယ်။

” မမကြီး ”

မာရှောင်ထောင့်က မားမားရပ်လိုက်ပြီတဲ့နောက် သူ့ရဲ့နာကျင်နေတဲ့ခန္ဓာကိုယ်ကို အကြောဆန့်ကာဟို့ယွိဟောင်ရဲ့ခေါင်းကိုပုတ်ရင်းပြောလာပါတယ်။

” နင်အခန်းနင်ပြန်ပြီ မျက်နှာသစ်လိုက်တော့ ”

မာရှောင်ထောင့်ရဲ့ ဒီလိုနွေးထွေးတဲ့တုန့်ပြန်ပုံက ဟို့ယွိဟောင်ခံစားနေရတဲ့ရှက်ရွံ့မှုတွေကို ပြေပျောက်သွားစေခဲ့ပါတယ်။ ဒါကြောင့် သူခေါင်းမော့ရင်းနဲ့ ပြန်ပြီခေါ်လိုက်တယ်။

” မမကြီး ”

မာရှောင်ထောင့်ကတော့ ပြုံးပြရင်းကျေကျေနပ်နပ်နဲ့ ပြန်ဖြေလိုက်ပါတယ်။

” ဒါဆိုရင် ပိုကောင်းသွားပြီ ”

အဲ့ဒီနောက်ပြောရင်း ဟို့ယွိဟောင်ကိုအိပ်ရာပေါ်ကနေ ပြန်ဆွဲချကာ အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပေးလိုက်ပါတယ်။ ဆေးကြောသုတ်သင်ပြီ တစ်ခုခုသွားစားတော့ မစောတော့ဘူး ငါတို့တွေယှဥ်ပြိုင်ရဦးမယ် ”

” ကောင်းပါပြီ ”

ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။ မျက်နှာကနီရဲနေဆဲဖြစ်ပေမဲ့ အခုအချိန်မှာစိတ်ကတော့ အတော်လေး ပြန်တည်ငြိမ်သွားခဲ့တယ်။

အဲ့ဒီနောက် အခန်းတံခါးဆီကိုလျှောက်သွားရင်း သူတံခါးဖွင့်လိုက်ချိန်မှာမာရှောင်ထောင့်က ပြောလာလိုက်တယ်။

” ယွိဟောင် အကယ်၍ နင်ပြောပြချင်တယ်ဆိုရင် နင်အကြောင်းကိုငါနားထောင်ချင်ပါတယ် ”

ဟို့ယွိဟောင်က ပြုံးပြရင်းနဲ့ မာရှောင်ထောင့်ဘက်ကို ပြန်လှည့်လာခဲ့ပါတယ်။

” ကျွန်တော်ပြောပြပါ့မယ် ”

မာရှောင်ထောင့်က ဟို့ယွိဟောင်နဲ့ အကြည့်ဆုံသွားချိန်မှာတော့ ရင်းနှီးနွေးထွေးတဲ့အငွေ့အသက်တွေကို ခံစားလိုက်ရပါတော့တယ်။

ဟို့ယွိဟောင်လဲ တံခါးကိုပြန်ပိတ်လိုက်ပြီတဲ့နောက် သက်ပြင်းချလိုက်ပါတယ်။ သူတစ်ခါမှမခံစားခဲ့ရဖူးတဲ့ စိတ်အားတက်ကြွမှုကို ခံစားနေခဲ့ရပါတယ်။ ၀ိညာဥ်စွမ်းအားတွေတောင်မှ တစ်ဆင့်ကွာသွားခဲ့ပါပြီ။ ဒီလိုမျိုး လွှတ်လပ်ပေါ့ပါးနေမှုကြောင့် ထပ်ပြီတောင်အော်လိုက်ချင်စိတ်တွေပေါ်နေခဲ့ပါတယ်။ သူမှာအခုအစ်မကြီးတစ်ယောက်ရှိပြီဖြစ်တဲ့အကြောင်း တစ်လောကလုံးကိုအော်ပြီ ကြော်ငြာချင်နေခဲ့တယ်။

သူ့အခန်းကိုပြန်ပြီတဲ့နောက် အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာတော့ ၀မ်သုန့်ရဲ့ကားယားကြီးအိပ်နေတဲ့ပုံကိုမြင်လိုက်ရပါတော့တယ်။ ၀မ်သုန့်ကိုမြင်ချိန်မှာတော့ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲနွေးထွေးမှုတွေက ပိုပြီးတောက်ပလာခဲ့ပါပြီ။ ၀မ်သုန့်က သူသေချာပေါက် ပြန်လာတာကို စောင့်နေတာဖြစ်ပါလိမ့်မယ်။ သူတို့တွေမနေ့တုန်းက အတော်ကိုမောမောပန်းပန်းနဲ့ အိပ်ပျော်သွားတာကြောင့် ကောင်းကောင်းအနားယူမှသာ စွမ်းအားတွေပြန်တိုးလာနိုင်မှာပါ။ ဒါကြောင့် ခြေသံမထွက်အောင်ခပ်ဖွဖွနင်းရင်း အိပ်ရာဘေးကိုလျှောက်သွားပြီ လက်တစ်ဖက်ကိုမြောက်ကာ ၀မ်သုန့်ရဲ့တင်ပါးကိုရိုက်ချလိုက်ပါတယ်။

” ထဖို့အချိန်တန်ပြီ ”

၀မ်သုန့်က နာကျင်မှုအပြည့်နဲ့ ထခုန်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်လဲ ဒီလို၀မ်သုန့်ကိုရိုက်ရင်း မာရှောင်ထောင့်ကို ညကဖက်ထားခဲ့မိတဲ့အကြောင်းပြန်ပြီ ​တွေးလိုက်မိပါတယ်။ ၀မ်သုန့်ရဲ့တင်ပါးကအများကြီးသေးပေမဲ့ ဒီလိုလုံး၀ိုင်းပြီ ဖောင်းကြွနေတဲ့ပုံစံကတော့ အတူတူပါပဲ။ ၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့အကြည့်ကိုမြင်ချိန်မှာတခဏတာရပ်တန့်နေခဲ့ပါတယ်။ အဲ့ဒီနောက် အပေါ်အောက်ကို သေသေချာချာအကဲခတ်နေပြီတဲ့နောက်တစ်စုံတစ်ရာကို သတိထားမိသွားပုံပါပဲ။

” မင်းမနေ့တုန်းက ဒီအင်္ကျီ၀တ်ထားတာမဟုတ်ဘူးလေ ”

ဟို့ယွိဟောင်က ပုံမှန်အတိုင်းပြန်ဖြေလိုက်ပါတယ်။

” ဒါပေါ့ ငါမနေ့တုန်းက ငါရဲ့မမကြီးကို မိစ္ဆာမီးလျှံဖယ်ရှားပေးဖို့အတွက် ကူညီပေးခဲ့တာ ဒါကြောင့်ငါရဲ့အင်္ကျီတွေ မီးကျွမ်းသွားလို့ အသစ်တွေပြန်ပြီး၀တ်လိုက်ရတာလေ ”

” မမကြီးတဲ့လား ဘယ်ကလဲ ”

၀မ်သုန့်ရဲ့အသံက ပိုပြီးတော့ကျယ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်က အလေးအနက်ခေါင်းညိတ်ရင်း ပြောလာခဲ့ပါတယ်။

” အစ်မကြီးရှောင်ထောင့်ပြောခဲ့တာ သူ့အနေနဲ့ဘယ်သူဆီကမှ ကျေးဇူးကြွေးတင်တာကို မခံချင်ဖူးတဲ့ အကယ်၍ ငါသာသူ့ရဲ့မွေးစားမောင်လေးလုပ်မယ်ဆိုရင် ငါ့ကိုအနာဂတ်မှာ ကူညီပြီကာကွယ်ပေးမယ်…၀မ်သုန့် ငါဘယ်လောက်ပျော်နေလဲဆိုတာ မင်းသိလား ငါ့အမေဆုံးပါးသွားပြီတဲ့အချိန်ကစလို့ ငါကမိဘမဲ့ဖြစ်လာခဲ့တာလေ အခုတော့ငါ့မှာ အစ်မကြီးတစ်ယောက်ရှိလာပြီ ”

၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့တောက်ပတဲ့ မျက်လုံးတွေကိုကြည့်ရင်း အနည်းငယ်စိတ်ထိခိုက်လို့သွားခဲ့ပါတယ်။ သူချက်ချင်းဆိုသလို ပြောလိုက်မိတယ်။

” မင်းမှာ ငါရှိသေးတယ်လေ ”

အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့မျက်လုံးထဲက ထူးဆန်းတဲ့အရိပ်တွေကို မြင်လိုက်ရပါတော့တယ်။

” ငါတို့ကညီအစ်ကိုတွေလေ မင်းကငါ့ကိုညီအစ်ကိုလို့ မထင်ဘူးလား ”

ဟို့ယွိဟောင်က ရယ်မောလိုက်ပါတယ်။

” ဒါကမတူဘူးလေ ”

” ဘယ်လိုမတူတာလဲ ”

” အစ်မကြီးက ငါ့ကိုအမေလိုမျိုး နွေးထွေးမှုပေးတယ်..ငါတို့တွေက ညီအစ်ကိုတွေဆိုမှတော့ မတူတာတွေအများကြီးပေါ့ ”

၀မ်သုန့်ကတော့ တစ်ခုခုပြောချင်ပေမဲ့ သူ့ဘာသာသူပြန်ထိန်းလိုက်ပါတယ်။

” မင်းကအဲ့ဒီမမကြီးနဲ့ အချိန်ကောင်းတွေပိုင်ဆိုင်နေတဲ့အချိန် ငါကတော့ ဒီမှာစောင့်နေရတယ်…အကယ်၍ သူတို့သာ ငါ့ကိုရှာခွင့်မပြုရင် ငါသေချာပေါက်အပြေးလာနေလောက်ပြီ “‘

ဟို့ယွိဟောင်က ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။

” မင်းကဒါကိုစောင့်နေတယ်လို့ ခေါ်တာလား ငါ၀င်လာတာကိုတောင် မင်းမသိပဲနဲ့များ ငါ့ကို၀က်လိုအိပ်နေတာလေ ”

” မင်းကမှ၀က် ”

၀မ်သုန့်က ချက်ချင်းဆိုသလို သူ့ဆီကိုခုန်အုပ်ပါတော့တယ်။ ဟို့ယွိဟောင်ကတော့ လှည့်ထွက်ရင်းထွက်ပြေးဖို့ပြင်ကာ ပြောလာခဲ့တယ်။

” စမနေနဲ့တော့ ငါတို့တွေမနက်စာမစားခင် မျက်နှာသစ်ပြီသန့်ရှင်ရေးလုပ်မှရမယ်ပြိုင်ပွဲပြိုင်ဖို့ လိုသေးတယ် ”

” တစ်ယောက်ချင်ပြိုင်ပွဲကို ပြိုင်ဖို့မလိုတော့ဘူး မနေ့ကအဖွဲ့လိုက် ပြိုင်ပွဲပြီတဲ့နောက် ကြယ်တာရာလော့နိုင်ငံတော်က အရှုံးကို၀န်ခံလိုက်ပြီးပြီ သူတို့ရဲ့အဓိကအဖွဲ့၀င်တွေအားလုံး ဒဏ်ရာရထားမှတော့ ငါတို့နဲ့ တိုက်ခိုက်ဖို့ဘယ်သူကိုလွှတ်ဖို့လိုဦးမှာလဲ ငါတို့တွေ ဒီနေ့သွားစရာမလိုဘူး..ငါတို့မနက်ဖြန်လဲ နားရမယ် နောက်ဆုံးနေ့က သဘက်ခါမှရောက်မှာ ”

ဒီနေ့ ယှဥ်ပြိုင်စရာမလိုတဲ့အကြောင်း ကြားပြီတဲ့နောက် ဟို့ယွိဟောင်လဲ စိတ်အေးသွားပါတော့တယ်။

“:မပြိုင်ရတာကောင်းတာပဲ တခြားအဖွဲ့ရဲ့ပြိုင်ပွဲကရော ဘာဖြစ်သွားလဲ “:

၀မ်သုန့်က ပြန်ဖြေလိုက်ပါတယ်။

” ငါလဲ သတိလစ်နေတာလေ ဘာဖြစ်သွားလဲဘယ်သိမလဲ အစ်ကိုကြီးပြောတာတွေအရဆိုရင် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က အပြတ်အသတ်အနိုင်ရသွားတယ်တဲ့ ဒါပေမယ့် သူတို့က တစ်ယောက်ချင်းပြိုင်ပွဲတော့ ဆက်လုပ်ဦးမှာ ”

” အပြတ်အသတ်အနိုင်ရတာလား ”

ဟို့ယွိဟောင် ရုတ်တရက်ဆိုသလို စိတ်ထဲတင်းကျပ်သွားပါတော့တယ်။ သူတို့မကြုံတွေ့လိုက်ရတဲ့ကျောင်းတော်က ၀ိညာဥ်ဧကရာဇ်တစ်ယောက် ၀ိညာဥ်ဘုရင်ခြောက်ယောက်ရှိတာက ဗျူဟာကိုမသုံးရင်တောင် သူတို့ရဲ့အစွမ်းအစက ​ကြယ်တာရာလော့နိုင်ငံတော်ကျောင်းတော်ရဲ့အထက်မှာရှိနေခဲ့ပါတယ်။ မင်းသမီးကျိုးကျိုးသုံးတဲ့ ၀ိညာဥ်လက်နက်တွေကို သူတို့မသုံးခဲ့ဘူးဆိုရင်တောင် အစွမ်းအစကအတူတူလောက်ပဲရှိမှာပါ။ ဟို့ယွိဟောင်ရဲ့နှလုံးသားကတော့ ပိုပြီးလေးလံလာခဲ့ရပါပြီ။

၀မ်သုန့်က ခေါင်းညိတ်ရင်းပြောလာခဲ့ပါတယ်။

” ငါတို့လောက်အောင် အချိန်ကြာကြာမတိုက်ခိုက်ရဘူးလို့ပြောတယ်…အစကနေအဆုံးအထိ နေလကျောင်းတော်ကနေ ကိုယ်တိုင်ဖိနှိမ့်ထားလို့ တစ်ဖက်ကျောင်းတော်ကတိုက်ခိုက်ဖို့ အချိန်မရလိုက်ဘူးတဲ့ ဒါ့အပြင် နေလကျောင်းတော်ရဲ့ခေါင်းဆောင်က အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေပြီလို့ကြားတယ်…တအားကိုအစွမ်းထက်တယ်တဲ့ ”

” ယွိဟောင် ငါမနေ့တုန်းကနိုးလာတဲ့အချိန် အကြံတစ်ခုရလိုက်တယ် ”

၀မ်သုန့်က ပိုပြီးစိတ်လှုပ်ရှားလာပါတော့တယ်။

” ဘာအကြံလဲ “‘

” ငါတို့က ငါတို့ရဲ့သိုင်းပညာ၀ိညာဥ်ကို အတူတူပေါင်းစည်းပြီတိုက်ခိုက်မယ်ဆိုရင် လူတစ်ယောက်ထဲဖြစ်သွားတယ်လို့ မင်းထင်လား ဒါမှမဟုတ်မင်းနှစ်ယောက်ဖြစ်နေတယ်လို့ထင်လား ”

ဟို့ယွိဟောင်က ဘာဖြေရမှန်းမသိစိတ်ရှုပ်နေရင်း ခေါင်းခါလိုက်ပါတယ်။

” ပြောဖို့မလွယ်ဘူး အကယ်၍ တစ်ယောက်ထဲသာဆိုရင် ငါတို့က သာမန်၀ိညာဥ်ပညာရှင်တွေနဲ့ ကွာခြားချက်ပိုများတယ်လေ ”

၀မ်သုန့်က သူ့ရဲ့ကြီးမားလှပတဲ့ မျက်လုံးတွေကို အသုံးပြုကာ စူးစူးစိုက်စ်ိုက်ကြည့်နေရင်း ပြောလာခဲ့ပါတယ်။

” အကယ်၍ အစ်ကိုကြီးရှုကသာ ထူးဆန်းမြေအောက်လောကနေရာပြောင်းမှုကို ငါတို့ဆီသုံးပြီ ငါတို့ပြိုင်ဘက်ရဲ့အလယ်တည့်တည့်ကို ထည့်နိုင်မယ်ဆိုရင် ငါတို့တွေ ”

သူတို့နှစ်ယောက်က အရမ်းကိုသဟဇာတဖြစ်တာကြောင့် ၀မ်သုန့်ပြောတာကို သူချက်ချင်းနားလည်သွားပါတော့တယ်။

” မင်းပြောတာကို ငါနားလည်ပြီ ဒါကတကယ်ဖြစ်နိုင်လို့လား ”

” မကြိုးစားကြည့်ရင်း မသိဘူးလေ အစ်ကိုကြီးကို သွားမေးရအောင် ”

” ကောင်းပြီသွားကြစို့ ”

ဟို့ယွိဟောင် ချက်ချင်းပြန်ဖြေလိုက်ပါတယ်။ သူတို့ဆေးကြောသုတ်သင်ပြီ မနက်စာစားပြီတဲ့နောက် ရှုစန်းရှီကိုသွားရှာရင် သူတို့အကြံကိုပြောပါတော့တယ်။

သူတို့ပြောပြတဲ့အကြောင်းတွေ လေးလေးနက်နက်နားထောင်ပြီတဲ့နောက် ရှုစန်းရှီက ခေါင်းခါလိုက်တယ်။

” အတော်လေးခက်မှာကို ငါကြောက်မိတယ်..အကယ်၍ ငါသာရွှမ်၀ူလိပ်နတ်ကို အပြည့်အ၀ထုတ်သုံးမယ်ဆိုရင်တောင် အောင်မြင်ကောင်းအောင်မြင်နိုင်ပေမဲ့ ဒီလိုပြောင်းရွေ့မှုက လူတိုင်းကိုပြောင်းလဲနိုင်တာမဟုတ်ဘူး..ငါပြောင်းရွေ့ဖို့လုပ်နေတဲ့သူက ခုခံရေးအမျိုးအစား၀ိညာဥ်စွမ်းရည်ရှိမနေမှပဲ ပြောင်းရွေ့နိုင်တာ ဒါကြောင့်သာ ငါမင်းသမီးကျိုးကျိုးကို မပြောင်းနိုင်တာပဲ ၀ိညာဥ်ပညာရှင်တစ်ယောက်က သူရဲ့၀ိညာဥ်စွမ်းရည်ကိုသုံးလိုက်ပြီဆိုရင် ငါကသူ့ကို နေရာရွေ့ဖို့အတွက် အင်အားနှစ်ဆကုန်တယ်…၀ိညာဥ်စွမ်းအားက ပိုသန်မာလေလေ စွမ်းအားကုန်ဆုံးမှုက ပိုမြန်လေပဲ ဒါကြောင့် သူ့ကိုလဲဆက်တ်ိုက်အသုံးပြုလို့မရဘူး..မင်းတို့တစ်ယောက်ပဲဖြစ်ဖြစ် နှစ်ယောက်ပဲဖြစ်ဖြစ် ဒီကိစ္စကို ထည့်မတွက်လို့ရတယ်..မင်းတို့နှစ်ယောက်သိုင်းပညာ၀ိညဥ်ပေါင်းစည်းမှုကို သုံးနေတဲ့အချိန်မှာ စွမ်းအားကအရမ်းကိုသန်မာလွန်တယ်…ဒါကြောင့် နှစ်ယောက်စလုံးကို အောင်အောင်မြင်မြင် နေရာပြောင်းနိုင်မှာမဟုတ်ဘူး…အကယ်၍ ငါသာရွှမ်၀ူလိပ်နတ်ကို အသုံးပြုထားနိုင်မယ်ဆိုရင် အောင်မြင်ကောင်းအောင်မြင်နိုင်ပေမဲ့ တစ်ဖက်လူက ငါရဲ့စွမ်းအားနဲ့ အစားထိုးနိုင်လောက်တဲ့အခြေအနေမျိုးရှိနေမှရမှာ ”

အပိုင်း ၁၁၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset