Switch Mode

Chapter – 111.3

မြူခိုးကြားကမီးလျှံ ကောင်းကင်ဧကရာဇ်ရဲ့တူ

အပိုင်း ၁၁၁•၃

” မြူခိုကြားကမီးလျှံ ကောင်းကင်ဧကရာဇ်ရဲ့တူ ”
°°°
ရေခဲတွေတွေ အက်ကွဲသွားခဲ့တာမဟုတ်ပါဘူး။ အစောပိုင်းတုန်းက မီးအပူရှိန်ပြင်းပြင်းနဲ့ အကင်ခံထားရပြီ ရေခဲအအေးခံထားရတဲ့ သူမရဲ့အ၀တ်အစားတွေကပါ အတူတူပြုတ်ကျကုန်ပါတော့တယ်။ မာရှောင်ထောင့်ကတော့ ရေခဲတွေအားလုံးကိုဖယ်ရှားပြီချိန်မှာ အပ်ချည်တစ်မျှင်တောင် ၀တ်ထားချင်မရှိတော့ပါဘူး။

မာရှောင်ထောင့် အထိတ်တလန့်အော်လိုက်ပေမဲ့ သူမမလှုပ်ရှားနိုင်တာကို သတိထားမိသွားပါတယ်။ သွေးကြွေးတွေတောင်အေးခဲနေခဲ့ပြီ သွေးလှည့်ပတ်စီးဆင်းမှုကလဲ အရမ်းကိုနှေးကွေးလို့သွားခဲ့ရပါတယ်။ ဒါ့အပြင် သူမရဲ့နတ်မီးငှက်မီးလျှံတွေကိုတောင် တစ်စလေးတောင်မမြင်ရသလို မိစ္ဆာမီးလျှံတွေဆိုရင် ပိုလို့တောင် မမြင်ရပါဘူး။ သူ့ရဲ့တစ်ကိုယ်လုံးက ရေခဲရုပ်ထုကြီးလိုမျိုးတောင့်တင်းလို့နေပါတော့တယ်။

မာရှောင်ထောင့်ရဲ့ အထိတ်တလန့်လှုပ်ရှားမှုက ဟို့ယွိဟောင်ကိုနိုးလာစေခဲ့ပါပြီ။ အလိုအလောက်နိုးလာတဲ့လူတစ်ယောက်က သူ့ရဲ့ခန္ဓာကိုယ်ကို ချက်ချင်းလှုပ်ရှားမိပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာလွှမ်းခြုံထားခဲ့တဲ့ ရေခဲအလွှာတွေကလဲ မြေပြင်ပေါ်ကို တစ်ခုပြီတစ်ခုပြုတ်ကျသွားတော့တယ်။ သူလဲ မာရှောင်ထောင့်အခြေအနေနဲ့ အတူတူပါပဲ။ သူ့ရဲ့ခါးမှာပတ်ထားခဲ့တဲ့ လရောင်ဖြာတံတားနှစ်ဆယ်လေးစင်းအပါအ၀င်ရှိရှိသမျှပစ္စည်းတွေအားလုံးက မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ပါပြီ။

ဟို့ယွိဟောင်ကလဲ မာရှောင်ထောင့်လို တအံ့တဩထပြီအော်လိုက်မိပါပြီ။။ အဲ့ဒီနောက် သူ့ရဲ့မျက်စိရှေ့မှာ အဖြူရောင်အပိုင်းအစတွေသာ မြင်လိုက်ရပါတော့တယ်။

” နင်ဘာတွေအော်နေတာလဲ ပြီးတော့နင်ပဲ အများကြီးဆုံးရှုံးသွားတဲ့အတိုင်းပဲ ငါထက်တောင်ပိုကျယ်ကျယ်အော်သေးတယ်လား ”

မာရှောင်ထောင့်က ဒေါသထွက်လာပါတော့တယ်။ ဟို့ယွိဟောင်အခုအချိန်မှာ သူ့ရှေ့မှာရှိသူက ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါပြီ။ ဒီလိုမျက်စိရှေ့မှာရှိနေတဲ့မြင်ကွင်းကို ဘယ်လိုများစကားနဲ့ဖော်ပြလို့ရမှာလဲ အရမ်းကိုလုံး၀င်းနူးညံ့ပြီ တောက်ပနေတဲ့ ပန်းပွင့်တွေလိုအရာပါ။

” နင်မျက်စိကိုပိတ်လိုက်စမ်း ”

မာရှောင်ထောင့်က ချက်ချင်းအော်ပါတော့တယ်။ ဟို့ယွိဟောင်လဲ သတိပြန်၀င်လာလာချင် သူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကို လက်နဲ့ဖုံးလိုက်ပြီ မျက်လုံးကိုလဲ ပိတ်ချလိုက်ပါတယ်။ ဒါပေမယ့် သူမြင်လိုက်ရတဲ့အရာက စိတ်ထဲမှာနက်နက်ရှိုင်းရှိုင်း၀င်ရောက်သွားဆဲပါ။ သူမျက်စိတွေကိုပိတ်ထားရင်းတောင် ပိုပြီးရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်။

မာရှောင်ထောင့်ကတော့ အခုအချိန်အထိ တောင့်တင်းနေဆဲပဲဖြစ်ပါတယ်။ အချိန်ခဏကြာပြီချိန်မှသာသူ့ရဲ့ သွေးစီဆင်းလှည့်ပတ်မှုက ချောမွေ့လာတာကို ခံစားလိုက်ရပါတယ်။ ခန္ဓာကိုယ်အင်အားက သာမန်လူတွေထက် အများကြီးသာလွန်တာကြောင့် ဒီလိုအ​ချိန်တိုအတွင်း ပြန်ကောင်းနိုင်တာ မထူးဆန်းပါဘူး။

သူ့ရဲ့စိတ်ပိုင်ဆိုင်ရာလှည့်ပတ်မှုကို အသုံးချရင်း နတ်မီးငှက်မီးလျှံတွေကို နောက်တစ်ကြိမ်ပြန်လည်ဆင့်ခေါ်လိုက်ပါတော့တယ်။ သူမအံ့ဩစရာကောင်းလောက်အောင် ရှာဖွေတွေ့ရှိသွားရတာကတော့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ မိစ္ဆာမီးလျှံတွေကို ဖိနှိမ့်နိုင်မှုက အရင်ထက်အများကြီးပိုပြီးပြီးပြည့်စုံသွားတာပါပဲ။ သူမရဲ့ချက်အောက်ပိုင်း၀မ်းဗိုက်နေရာမှာ ၀ိညာဥ်စွမ်းအားတွေက အနက်ရောင်ပုလဲအသွင်နဲ့ တည်ရှိပါတယ်။ လက်ရှိအချိန်မှာ ဒီစွမ်းအားတွေက ပိုမိုကြည်လင်တောက်ပလာခဲ့ပြီ မိစ္ဆာမီးလျှံတွေကို တစ်စလေးတောင်ရှာမတွေ့တော့ပါဘူး။

အဆုံးစွန်းရေခဲက အင်အားကြီးလိုက်တာ မာရှောင်ထောင့်လဲ နောက်ဆုံးမှာတော့ နားလည်သွားခဲ့ရပါတယ်။ အကယ်၍ သူမသာ ဟို့ယွိဟောင်ရဲ့အလွန်အကျွံ​မောပန်းနေတဲ့ခန္ဓာကိုယ်ကို ဒီလိုမျိုးမီးလျှံကို ဖိနှိမ့်ဖို့အတွက် အသုံးချခဲ့တာက အရမ်းကိုမသင့်တော်လွန်တဲ့ကိစ္စပဲ ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်ကိုလဲ အများကြီးထိခိုက်နိုင်စေပါတယ်။

” နင်အဆင်ပြေရဲ့လား ”

မာရှောင်ထောင့်က မေးလိုက်ပါတယ်။

” ကျွန်တော်အဆင်ပြေပါတယ် ”

ဟို့ယွိဟောင်က အခုအချိန်မှာ အော်ငိုချင်နေပါပြီ။ ဒါပေမယ့် မျက်လုံးထဲမှာ မျက်ရည်တွေကတော့ ရှိမနေခဲ့ပါဘူး။ သူ့လိုမျိုးငယ်ရွယ်တဲ့ကလေးတစ်ယောက်အနေနဲ့ မြင်သင့်ပြီတဲ့အရာကို မြင်ပြီအချိန်မှာ ဒီလိုတုန့်ပြန်မှုကရှိလာတာအမှန်ပါ။ လက်ရှိအချိန်မှာ သူခန္ဓာကိုယ်ကို တတ်နိုင်သလောက်သေးငယ်အောင် ကျုံ့ထားရင်နဲ့သာ ဖုံးကွယ်ဖို့ကြိုးစားနေခဲ့ရပါတယ်။ မာရှောင်ထောင့်လဲ နောက်ထပ်မမေးတော့ပါဘူး။ ဒီအခန်းတစ်ခုလုံးရဲ့အခြေအနေက ထူးထူးခြားခြားတည်ငြိမ်လို့သွားပါတော့တယ်။ မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ မီးလျှံတွေပေါ်လာတာတစ်ပြိုင်နက်ထဲ တောင့်တင်းအေးခဲနေမှုကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူမရဲ့တစ်ကိုယ်လုံးကို သူ့ရဲ့ကိုယ်ပိုင်စွမ်းအားဖြတ်သန်းစီးဆင်းသွားပြီချိန်မှာတော့ သက်သောက်သက်သာ ဖြစ်သွားပါတော့တယ်။

သူမရဲ့ ကျေနပ်အားရမှုကို ဖော်ပြဖို့အတွက် အသံထွက်ချင်ပေမဲ့ ဒီနေရာမှာ ဟို့ယွိဟောင်ရှိနေတာကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။ မိစ္ဆာမီးလျှံကို အဆုံးစွန်းအထိ တားဆီးလိုက်နိုင်ပြီလား မာရှောင်ထောင့်လဲ ဒီအဖြေကိုရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ သူမရဲ့ခန္ဓာကိုယ်က နောက်ထပ်တောင့်တင်းမနေတော့တာကြောင့် ထူးခြားတဲ့ပြောင်းလဲမှုတွေကို ခံစားနေခဲ့ရပါတယ်။ လက်ရှိအချိန်မှာ သူ့ကိုပိုပြီစိးတ်ပျက်စေတဲ့အရာကတော့ ခန္ဓာကိုယ်တစ်ခုလုံးက စွမ်းအားပြည့်နေပေမဲ့ အားနည်းခဲ့သလို ခံစားနေခဲ့ရတာပါပဲ။

ဒါကြောင့် ကျိန်ဆဲလိုက်ပြီတဲ့နောက် သူမရဲ့ မျက်နှာက မကြာခင်မှာ သွေးရောင်ပြန်လွှမ်းလာပါတော့တယ်။ ချက်ချင်းဆိုသလို သူမသတိရပြီချိန်မှာ ဟို့ယွိဟောင်ကို ကန်ထုတ်လိုက်ပြီ ရေချိုးခန်းတံခါးကို ပိတ်ချလိုက်ပါတော့တယ်။

” နင်အ၀တ်အစားပြန်၀တ်ပြီ ငါ့ကို အပြင်မှာစောင့်နေ အခုကစပြီလုံး၀ထွက်မသွားရဘူး ”

မာရှောင်ထောင့်ရဲ့ကန်ချက်က အတော်ကို လေးလံပြီပြင်းထန်ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကိုအပြင်လွှင့်ထွက်သွားစေရုံလောက်ပဲဖြစ်ပြီ ဒဏ်ရာကတော့ မရစေခဲ့ပါဘူး။ ဟို့ယွိဟောင်က တစ်ဖက်ကိုလိမ့်သွားခဲ့ပြီ နတ်ဘုရားတစ်ပါးရဲ့ ခွင့်လွှတ်မှုကိုရတဲ့အတိုင်း အေးအေးဆေးဆေးဖြစ်သွားခဲ့ပါတော့တယ်။

အဲ့ဒီနောက် ခပ်မြန်မြန်ထရင်းနဲ့ အသက်ကိုပြင်းပြင်းရှုသွင်းနေခဲ့ရပါတယ်။

” ဒါက တကယ်နှိမ့်စက်ခံရတာကြီးပါပဲ လက်ရှိအချိန်မှာ သူကထိတ်လန့်စရာလဲကောင်းနေခဲ့ပါတယ်…ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ အာရုံလွဲစေနိုင်တဲ့အတွေးကို ဘယ်လောက်အများကြီးရှိလာရမှာလဲ ဒါပေမယ့် မတူညီတဲ့လူတွေဖြစ်နေခဲ့တာကြောင့် ဒီနှစ်ယောက်ရဲ့ကြားထဲမှာ သိလိုစိတ်တွေကတော့ ရှိနေဆဲပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ ကြောက်တာကလွဲပြီ တခြားဘာကိုမှမသိတော့ပါဘူး။ ဟို့ယွိဟောင်လဲ သူ့ရဲ့လရောင်ဖြာတံတားနှစ်ဆယ့်လေးစင်းထဲမှာသိုလှောင်ထားတဲ့အ၀တ်တချို့ကို ခပ်မြန်မြန်ဆွဲထုတ်ပြီ ပြန်၀တ်လိုက်ပါတော့တယ်။ မာရှောင်ထောင့်ရဲ့ ဒီအခန်းရှေ့မှာရပ်နေခဲ့ပြီ ခြေထောက်တွေကလဲ တုန်လို့နေခဲ့ပါပြီ။ လက်ရှိအချိန် သူ့အခန်းသူအမြန်ဆုံးပြေးသွားချင်ပေမဲ့ သူဒီလိုသာပြေးသွားခဲ့မယ်ဆိုရင် မာရှောင်ထောင့်က သူ့ကိုခွင့်လွှတ်မှာလား ခွင့်မလွှတ်ဘူးလားဆိုတာ မသိနိုင်ခဲ့ပါဘူး။

ဒါ့အပြင် သူ့ကိုပိုပြီးစိတ်ပူပန်စေတဲ့အရာကတော့ အစောပိုင်းတုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေပါပဲ။ သူကမာရှောင်ထောင့်ရဲ့တင်ပါးတွေကို ဒီအတိုင်းကြီးကိုင်ခဲ့မိတာပါ။ ဒါကိုတစ်ဖက်လူကရော ခွင့်လွှတ်မှာလား။

မာရှောင်ထောင့်က ဟို့ယွိဟောင်လိုမျိုး စိတ်ပူပန်နေတာတွေ စိတ်ဖိစီးနေတာတွေမရှိပါဘူး။ သူက နတ်မီးငှက်မီးလျှံကို အသုံးပြုရင်း အထဲမှာရှိနေတဲ့ ရေခဲတွေကိုအရည်ပျော်အောင်လုပ်လိုက်ပါတယ်။ အဲ့ဒီနောက် ရေတွေကိုသူ့ခန္ဓာကိုယ်ပေါ်ကို စီးဆင်းစေလိုက်ပြီ တစ်ကိုယ်လုံးကို သန့်စင်နေပါတော့တယ်။

သူကလက်ရှိအချိန်မှာ အသက်ဆယ့်ကိုးနှစ်ရှိနေခဲ့ပါပြီ။ ဒါကြောင့် ဟို့ယွိဟောင်လို စိတ်ရောလူပါ အများကြီးပိုပြီးရင့်ကျက်စေပါတယ်။ အစောပိုင်းတုန်းက ဖြစ်သွားခဲ့တဲ့ကိစ္စတွေကြောင့် ရှက်နေဆဲဖြစ်ပေမဲ့ သူ့ရဲ့လက်ရှိအတွေးကတော့မတူညီပါဘူး။

မာရှောင်ထောင့်က အစောပိုင်းရေနဲ့မီးကြားက စွမ်းအားတုန့်ပြန်မှုအကြောင်းကို ပြန်လည်စဥ်းစားနေခဲ့မိပါတယ်။ ဒါကသူ့ကိုအများကြီးပျော်ရွှင်စေတဲ့ အချိန်ကာလပါပဲ။

” ဒီကောင်စုတ်လေးက လက်စားချေတာများလား ”

ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်ကို သူ့အသက်အန္တရာယ်ပြုမိမတတ်ဖြစ်ခဲ့တဲ့အချိန်တွေကို သူပြန်တွေးမိပါတော့တယ်။

” ဘယ်လိုပဲဖြစ်ဖြစ် ငါသူ့ကိုကျေးဇူးတော့တင်ရမှာပဲ ”

မာရှောင်ထောင့်က သူ့ရဲ့မိစ္ဆာမီးလျှံရှိတဲ့နေရာကို နောက်တစ်ကြိမ် စစ်ဆေးလိုက်ပြီတဲ့နောက် သူ့ဘာသာသူတွေးနေခဲ့မိပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ထိတ်လန့်ကြောက်ရွံ့နေတဲ့ပုံစံကို ပြန်စဥ်းစားမိပြီချိန်မှာတော့ သူမပုံမှန်လို မျက်နှာထားခပ်တင်းတင်းဖြစ်သွားပါတော့တယ်။ ဒီလိုအဖြစ်အပျက်ကလေးက မတော်မဆမှုလို့ပြောရမှာပါ။ ဒါ့အပြင် ဒုတိယအကြိမ်လဲ ဖြစ်နေခဲ့ပါတယ်။

” ယွိဟောင်က ကလေးပဲရှိသေးတယ်…ငါသူ့ကိုဒီလိုမျိုး စိတ်ဓာတ်ပျက်ပြားစေလို့မရဘူး ”

အဲ့ဒီနောက် သူမရဲ့အတွေးတွေက ခပ်မြန်မြန်ပဲ ရပ်တန့်လို့သွားပါတော့တယ်။ သူ့ကိုယ်သူခြောက်သွေ့အောင်မီးလျှံနဲ့လုပ်လိုက်ပြီတဲ့နောက် အ၀တ်အစားအသစ်တွေကိုပြောင်းရင်း အခန်းပြင်ကိုထွက်လာခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ ခေါင်းငိုက်စိုက်ချရင်း ခုံပေါ်မှာထိုင်နေဆဲပါ။ သူ့ရဲ့ကျောကတော့ မတ်နေခဲ့ပြီ ရုပ်သွင်ကတော့ အမှားလုပ်ထားတဲ့ကလေးတစ်ယောက်လိုမျ်ိုး နီရဲလို့နေခဲ့ပါတယ်။

မာရှောင်ထောင့်ကတော့ သူ့ရဲ့ပုံသဏ္ဍာန်က အတော်လေးချစ်စရာကောင်းတယ်လို့ ခံစားမိတာကြောင့် စတင်ပြီရယ်မောမိတော့တယ်။

ဟို့ယွိဟောင်ကတော့ အထိတ်တလန့်ထရပ်မိလိုက်ပါပြီ။ သူက မာရှောင်ထောင့်ကို ကြည့်တောင်မကြည့်၀ံ့ပါဘူး။ အခုအချိန်အထိ ခေါင်းငုံ့ထားဆဲဖြစ်ပြီ ပြောလာခဲ့ပါတယ်။

” အစ်မကြီး ကျွန်တော်အမှားလုပ်မိပါတယ်…တမင်တကာလုပ်တာမဟုတ်ပါဘူး. ”

” တော်ပြီ ဘာလို့ဒါတွေပြောနေရဦးမှာလဲ ငါကသာတောင်းပန်သင့်တာပါ ”

မာရှောင်ထောင့်က သူ့ရဲ့လေသံကိုတည်ငြိမ်နိုင်သလောက် တည်ငြိမ်အောင်ထိန်းထားရင်းနဲ့ ဟို့ယွိဟောင်ရဲ့ခေါင်းကို ပုတ်လိုက်ပါတယ်။

” ထိုင်လိုက်ဦး ”

ဟို့ယွိဟောင်ကတော့ ဒီလိုအပြုအမူကြောင့်အနည်းငယ်လန့်သွားခဲ့ရပါတယ်။ မာရှောင်ထောင့် သူ့ကိုဒေါသထွက်တော့မယ်လို့ ထင်ပေမဲ့ မာရှောင်ထောင့်က ဟို့ယွိဟောင်ကို ပြန်ဆွဲခေါ်လာခဲ့ပြီ ထိုင်ခိုင်းစေလိုက်တယ်။

” ယွိဟောင် ငါတောင်းပန်ပါတယ်…မိစ္ဆာမီးလျှံက ငါရဲ့နှလုံးကို ဆက်တိုက်တိုက်ခိုက်နေတာကြောင့် ငါလဲ ငါရဲ့မီးလျှံတွေကို နင်ရဲ့ခန္ဓာကိုယ်ထဲဆက်တိုက်ထည့်လိုက်မိတယ်..ကံကောင်းပြီနင်မထိခိုက်သွားလို့တော်ပါသေးတယ်..နင်ကသာဘာမှအမှားမလုပ်ခဲ့ဘူး ငါကသာ အမှားလုပ်ခဲ့မိတယ်…ငါကဒေါသကြီးလွန်တာကြောင့် ကောင်းကောင်းမတွေးတောနိုင်ပဲ မိစ္ဆာမီးလျှံကို အများကြီးဆွဲခေါ်လိုက်မိတယ်။ ဒါကြောင့် နင်သတိလစ်နေတယ်ဆိုတာကိုတောင် မေ့သွားပြီ နတ်မီးငှက်မီးလျှံတွေကို ဖိနှိမ့်ဖို့ပဲအများကြီးစိတ်ဆောနေခဲ့တာပါ နင်အခုအဆင်ပြေနေတာကိုပဲ ကျေးဇူးတင်ပါတယ်…မဟုတ်ရင် ငါသေတဲ့အထိနောင်တရနေတော့မှာပဲ ”

မာရှောင်ထောင့်ရဲ့လေသံက အရမ်းပိုလေးနက်ပြီ တည်ငြိမ်နေခဲ့ပါတယ်။ သူမရဲ့မျက်နှာက မှန်ကန်တဲ့စိတ်ရင်းကို အထင်သားထင်ဟပ်နေစေခဲ့တာပါ။ ဟို့ယွိဟောင်ကတော့ သူ့ကိုဒီအတိုင်းသာကြည့်နေခဲ့ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့အူကလီစာထဲမှာရှိနေခဲ့တဲ့ စိတ်လှုပ်ရှားမှုနဲ့ ပူပန်မှုတွေက သွေးအန်မတတ်ပြင်းထန်လာနေခဲ့ပါပြီ။

မာရှောင်ထောင့်က ဆက်ပြောလာခဲ့ပါတယ်။

” ကံကောင်းလို့နင်ဘာမှမဖြစ်တာ ဘာတွေဖြစ်သွားလဲဆိုတာ နင်လဲရှင်းပြလို့ရမယ်မထင်ဘူး ငါလဲအတူတူပဲ မိစ္ဆာမီးလျှံက ငါရဲ့စိတ်နဲ့ကျိုးကြောင်းဆီလျော်နိုင်စွမ်းကို အများကြီးထိခိုက်သွားစေခဲ့တယ်…နောက်ပိုင်းဖြစ်လာမဲ့ကိစ္စတွေ ”

သူမရဲ့မျက်နှာက နီရဲလာပြီ သူ့ရဲ့စိတ်ခံစားချက်တွေကို ခပ်မြန်မြန်ထိန်းချုပ်ရင်း ဆက်ပြောပြန်ပါတယ်။

” ဒါတွေအားလုံးကလဲ မတော်မဆပဲ မတော်မဆဖြစ်သွားခဲ့တာလေ ဒါကြောင့် နင့်ကိုလဲစိတ်ဒဏ်ရာမရစေချင်ဘူး ယွိဟောင် နင်ကငယ်သေးတယ်…ဒါ့အပြင် အမျိုးသမီးတွေနောက်ကို စိတ်လိုက်မြန်ပါအာရုံစိုက်သင့်တဲ့အရွယ်မဟုတ်သေးဘူး..အများကြီးမစဥ်းစားနဲ့ အခုလုပ်သင့်တဲ့အရာက လေ့ကျင့်ဖို့ပဲ နားလည်လား ”

” ကျွန်တော်နားလည်ပါတယ် ”

ဟို့ယွိဟောင်လဲ ဆက်တိုက်ဆိုသလိုအာမခံနေခဲ့ပါတယ်…မာရှောင်ထောင့်က ဒီလိုမျိုးမေးခွန်းပြောမယ်လို့ မထင်ထားခဲ့ပါဘူး..သူစိတ်အေးလက်အေးဖြစ်သွားပြီတဲ့နောက် သူရှေ့မှာရှိနေတဲ့ အမျိုးသမီးကို လေးစားအားကျတဲ့စိတ်က တိုးပွားလာပါတော့တယ်။

မာရှောင်ထောင့်က သူ့ရဲ့ပုံသဏ္ဍာန်ကိုကြည့်ရင်း စက္ကန့်နဲ့အမျှ ပိ​ြချစ်စရာကောင်းတယ်လို့တောင် ခံစားလာခဲ့ရပါပြီ။ နောက်ဆုံးမှာသူမဆက်ပြောပြန်ပါတယ်။

” ကောင်းပြီလေ နောက်ထပ်အများကြီးပြောစရာမရှိတော့ဘူး ..ငါကဒီတစ်ကြိမ်မှာ နင့်ကိုအသက်အန္တရာယ်ထိခိုက်အောင်လုပ်မလိုဖြစ်သွားခဲ့တယ်…ဒါပေမယ့် ငါမိသားစု၀င်တွေကလွဲပြီ ငါခန္ဓာကိုယ်ကို ထိတွေ့တဲ့သူက နင်ပထမဆုံးပဲ ဒါ့အပြင် ဒါပေမယ့် ပထမဆုံးလဲမဟုတ်တော့ပါဘူး ”

ဟို့ယွိဟောင်က ရှင်းပြချင်ပေမဲ့ ဘာပြောရမှန်းမသိဖြစ်မနေခဲ့ပါဘူး။ မာရှောင်ထောင့်က ရယ်မောရင်းနဲ့ ပြန်ပြောလာခဲ့ပါတယ်။

” ကိစ္စမရှိပါဘူး နင်ကငယ်သေးတာပဲလေ ငါလဲဘာမှပြောချင်တာမဟုတ်ဘူး နင်ငါ့ရဲ့ခန္ဓာကိုယ်ကိုထိတွေ့ခဲ့တယ်..ဒါ့အပြင် နင်ကကလေးပဲရှိသေးတယ်..ဒီကိစ္စနဲ့ပတ်သက်ပြီ ဘာမှထွေးထွေးထူးထူးမထင်ထားပါဘူး..ငါထက်ရှစ်နှစ်ထက်တောင် ငယ်နေမှာတော့ အစ်မကြီးလို့ခေါ်လို့ရတယ်..ဒါဆိုရင် နင်ကိုယ်လဲငါရဲ့မိသားစုအဖြစ် သတ်မှတ်လိုက်မယ် ..ငါရဲ့ဂုဏ်သတင်းနဲ့ ကျန်တဲ့ကိစ္စတွေကလဲ ပြဿနာရှိတော့မှာမဟုတ်ဘူး…နောက်တစ်ကြိမ်မှာ မိစ္ဆာမီးကို ဖြေရှင်းဖို့လိုအပ်လာပြီဆိုရင်လဲ အခုအကူအညီက လိုအပ်လိမ့်မယ်..ဒါပေါ့ ငါရဲ့မွေးစားမောင်ငယ်လေးဖြစ်တာကလဲ ကောင်းတဲ့အချက်ပဲမဟုတ်လား နင့်ကိုအနိုင်ကျင့်၀ံ့တဲ့ဘယ်သူမဆို ငါသွားပြီလက်စားချေပေးလို့ရတယ်..သူ့ကိုဖုရောင်ပြီ၀က်လိုပုံစံပြောင်းသွားတဲ့အထိ ကင်ပြစ်ပေးမယ်..ဒါဆိုဘယ်လိုလဲ ”

” ကောင်းပါပြီ အစ်မကြီး ”

ဟို့ယွိဟောင်ရဲ့ နှာခေါင်းတစ်ခုလုံး စူးရှလာခဲ့ပြီ မျက်ရည်တွေလဲ စီးကျလာပါတော့တယ်။

ဒီမျက်ရည်တွေက ကြီးမားတဲ့စိတ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့မျက်ရည်တွေက မာရှောင်ထောင့်ရဲ့စကားက သာမန်လူတွေအတွက်တော့ ဘာမှသိပ်ပြီမကြီးမားတဲ့ ကိစ္စမဟုတ်ပေမဲ့ သူ့အတွက်တော့ မတူညီခဲ့ပါဘူး။

ဟို့ယွိဟောင်က မွေးဖွားလာတဲ့အချိန်ကစလို့ သူ့အမေနဲ့သာ နှစ်ဦးနှစ်ဖက်မှီခိုအားထားရင်း ရှင်သန်လာခဲ့ရတာပါ။ ဒါ့အပြင် မြို့စားအိမ်တော်ရဲ့ ခွဲခြားမှုတွေကိုလဲ အတော်လေးကျင့်သားရနေခဲ့ပါပြီ။ သူ့ရဲ့ဘ၀မှာ အတော်လေးကလွဲပြီ တခြားဘယ်သူမှမရှိခဲ့ပါဘူး။

ပေ့ပေ့နဲ့ထန်ယာ့တို့ကို အမျက်ဒေါသကျောင်းတော်ဆီ၀င်ရောက်ချိန်မှာ စတင်တွေ့ရှိခဲ့ပြီတဲ့နောက် သူ့ရဲ့ရေခဲလိုနှလုံးသားက ဖြည်းဖြည်းချင်းပြောင်းလဲလို့လာခဲ့ပါတယ်။ ဒီနှလုံးသားကလဲ တဖြည်းဖြည်းချင်းဆီ ပိုမိုနွေးထွေးလာခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့အနီးဆုံးဖြစ်တဲ့ ၀မ်သုန့်တောင်မှ သူ့ရဲ့အတွေးတွေကို ဒီလောက်အထိလေးလေးနက်နက်မသိနိုင်ပါဘူး။ ဟို့ယွိဟောင်က သူ့ကိုယ်သူအကောင်းဆုံးကြိုးစားနေတဲ့သူတစ်ယောက်သာထင်ရပေမဲ့ တကယ်တမ်းမှာတော့ သူ့ဘေးနားကလူတွေကိုအများကြီးဂရုစိုက်တဲ့သူလဲဖြစ်နေခဲ့တယ်။ အချိန်တိုင်းမှာ မြို့စားအိမ်တော်အပေါ်ထားရှိတဲ့ သူ့ရဲ့အမုန်းတရားက ပိုပိုပြီးကြီးမားလာခဲ့သလို မြို့စားအိမ်တော်တစ်ခုလုံးရဲ့ သွေးသားတွေနဲ့ မျိုးနွယ်တွေအားလုံးကို အမြစ်ဖြတ်ပြစ်ချင်တဲ့အထိ ကြီးထွားတဲ့အမုန်းတရားလဲ ရှိနေခဲ့ပါသေးတယ်။

အပိုင်း ၁၁၁•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset