အပိုင်း ၁၁၁•၂
” မြူခိုကြားကမီးလျှံ ကောင်းကင်ဧကရာဇ်ရဲ့တူ ”
°°°
မာရှောင်ထောင့်က ဟို့ယွိဟောင်ကို တတ်နိုင်သလောက်တင်းတင်းကျပ်ကျပ်ဖက်ထားရင်းနဲ့ သန့်စင်ခန်းထဲကို ၀င်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ချက်ချင်းဆိုသလို ရေတွေကို ဖွင့်ချလိုက်ပြီ ဟို့ယွိဟောင်နဲ့သူမကို ရေအေးအေးထဲမှာ နစ်ချပြစ်လိုက်ပါတော့တယ်။
ရေတွေကအေးစက်နေပေမဲ့ သူမနဲ့ထိတွေ့ပြီချင်မှာတင် ချက်ချင်းဆိုသလို ပွက်ပွက်ဆူလာပါတော့တယ်။ ထူးထပ်တဲ့ရေနွေးငွေ့တွေက အခန်းတစ်ခုလုံးထဲကို ချက်ချင်းဆိုသလိုဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ ပြင်ပမြင်ကွင်းတစ်ခုလုံးလဲ ဝေ၀ါးသွားပါတော့တယ်။ မာရှောင်ထောင့်လဲ သူမ ရေအေးနဲ့စိမ်းလိုက်ပြီးပြီချင်မှာတင် သက်သောက်သက်သာရှိတဲ့လှိုင်းတွေက ဖြတ်သန်းစီးဆင်းသွားတာကို ခံစားလိုက်ရပါတော့တယ်။ အဲ့ဒီနောက် သက်ပြင်းချလိုက်မိပြီ အံကြိတ်ထားရင်းနဲ့ သူမရဲ့ ၀ိညာဥ်စွမ်းအားတွေကို ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲထည့်သွင်းတော့တယ်။
အခုအချိန်မှာ တခြားဘာလုပ်ရမှန်းမသိ သူမသိတော့ပါဘူး။ သူမလဲ မတည်ငြိမ်တဲ့စိတ်အနေအထားက ဟို့ယွိဟောင်ရဲ့လက်ရှိအခြေအနေကို မေ့လျော့သွားစေခဲ့ပါတော့တယ်။ သူမအကောင်းဆုံးကြိုးစားပြီဖိနှိမ့်နေခဲ့ပေမဲ့ ဒီလိုကြောက်စရာကောင်းလွန်လှတဲ့ပူပြင်းလောင်မြိုက်မိစ္ဆာမီးလျှံက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်သွားပြီးပြီချင်မှာပဲ ချက်ချင်းဆိုသလို အရှုပ်အထွေးတွေကဖြစ်ပေါ်လာခဲ့ပါပြီ။
ဟို့ယွိဟောင်က ရွှေလိုအသက်ကိုသာ မစုပ်ယူထားခဲ့တယ်ဆိုရင် ဒီအခြေအနေတစ်ခုထဲကတင် သူ့ကိုဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပါစေလိမ့်မယ်။ ဒါပေမယ့် အရင်အခြေအနေတွေထက် အများကြီးတောင့်ခံနိုင်စွမ်းမြင့်မားလာပြီဖြစ်တာကြောင့် ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ပြီ သူခန္ဓာကိုယ်ရဲ့စွမ်းအားအရင်းအမြစ်ဖြတ်သန်းစီးဆင်းတဲ့နေရာတွေကလဲ လုပ်ဆော်ခံလိုက်ရပါတော့တယ်။ ဒါကြောင့် သူမရဲ့မိစ္ဆာမီးလျှံတချို့ကသာ သူ့ရဲ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်သွားခဲ့တယ်။
ဒါကြောင့် ဟို့ယွိဟောင်လဲ သတိပြန်လည်လာခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတဲ့ လက်တစ်စုံကိုအရင်ဆုံးမြင်လိုက်ရပြီ အရမ်းကိုနွေးထွေးနူးညံ့တဲ့တစ်စုံတစ်ရာက သူ့ရင်ဘတ်ကို ဖိထားမှန်းချက်ချင်းဆိုသလိုသတိထားမိပါတော့တယ်။
ဘာတွေဖြစ်နေတာလဲ ဟို့ယွိဟောင်ချက်ချင်းဆိုသလို မျက်လုံးပြူးသွားခဲ့ပြီတဲ့နောက် သူ့ခန္ဓာကိုယ်ထဲကြောက်စရာကောင်းတဲ့မီးလျှံတွေ မထိန်းကွပ်နိုင်လောက်အောင် ၀င်ရောက်လာနေတာကို ခံစားမိပါတော့တယ်။
သူသတိလစ်သွားပြီတဲ့နောက် ပြိုင်ပွဲရလဒ်ဘယ်လိုဖြစ်ခဲ့မှန်း မသိခဲ့ပေမဲ့ မိစ္ဆာမီးလျှံကတော့ သူအရမ်းရင်းနှီးနေတဲ့အရာပါ။ မမျှော်လင့်ထားနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့နာကျင်မှုကို တစ်ကြိမ်တစ်ခါတုန်းက ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါကြောင့် ဘာတွေဖြစ်နေလဲမသိပါဘူး။ ချက်ချင်းဆိုသလို သိသွားခဲ့ပါပြီ။ တိုက်ပွဲဘယ်လိုပဲအဆုံးသတ်ပါစေ မာရှောင်ထောင့်ရဲ့မိစ္ဆာမီးလျှံက နောက်တစ်ကြိမ် သူမထိန်းချုပ်မှုအောက်ကနေ လွှတ်သွားခဲ့ပြန်ပါတယ်။
ရေငွေ့တွေက သူတို့ရဲ့မြင်ကွင်းတွေကိုတားဆီးထားပေမဲ့ မာရှောင်ထောင့်ရဲ့အသက်ရှုသံတွေကိုတော့ သူကြားနေရပါတော့တယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေခဲ့ပြီ ဟို့ယွိဟောင်ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်ကတော့ မိစ္ဆာမီးလျှံရဲ့ နှိမ့်စက်မှုအပြင် ထူးခြားတဲ့နာကျင်မှုကိုပါ ခံစားနေခဲ့ရပါတယ်။
” အစ်မကြီးရှောင်ထောင့်ကျွန်တော်နို့ပုလင်းရဲ့ အကူအညီကိုယူမှဖြစ်မယ် ”
ဟို့ယွိဟောင်က ရုန်းကန်ရင်ပြောနေခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ ၀ိညာဥ်စွမ်းအားကအများကြီးမကျန်တော့ပါဘူး။ ဒါပေမယ့် ရေခဲဧကရီရဲ့အရိုးက ရှိနေဆဲဖြစ်တာကြောင့် မိစ္ဆာမီးလျှံကိုခုခံဖို့အတွက် အဆုံးစွန်းရေခဲကချက်ချင်းဆိုသလို ပြန်လည်တုန့်ပြန်ပါတော့တယ်။
ဒီလိုအဆုံးစွန်းရောက်နေတဲ့အအေးဓာတ်က မာရှောင်ထောင့်ကို နှစ်ပေါင်းများစွာကြာအောင် ရေငတ်နေတဲ့သူတစ်ယောက်ရေသောက်လိုက်ရသလိုမျိုး စိတ်ကျေနပ်မှုကိုရသွားစေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့အသံကိုကြားချိန်မှာတော့ သူမလဲနောက်တစ်ကြိမ်သက်ပြင်းရှည်ကြီးကို ချလိုက်ပြန်ပါပြီ။
သူတို့ရဲ့လက်ရှိအခြေအနေကို စဥ်းစားပြီ အေးဆေးတည်ငြိမ်တဲ့ စိတ်အခြေအနေနဲ့ သူ့ရဲ့ပြောဆိုမှုကို နားလည်မှုလွဲသွားပါတော့တယ်။
” ခွေးမသားလေး ဒီလိုအခြေအနေမျိုးမှာ ငါ့ကိုအခွင့်ကောင်းယူချင်နေတယ်ပေါ့ ”
မာရှောင်ထောင့်က ဒေါသထွက်လာပြီ ဟို့ယွိဟောင်ကို တွန်းလိုက်ပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်နဲ့ မထိတွေ့တော့တဲ့အချိန်မှာပဲ မီးလျှံကနောက်တစ်ကြိမ်ပြန်ပြီးအားကောင်းလာခဲ့ပါပြီ။ ဒါကြောင့် ချက်ချင်းဟို့ယွိဟောင်ကို ပြန်ဆွဲယူပြီဖက်ရပါတော့တယ်။
ဟို့ယွိဟောင်လဲ နောက်တစ်ကြိမ်ထူးထဲလုံး၀င်းတဲ့ အသားနှစ်ခုရဲ့ဖိနှိမ့်မှုကို ခံစားရပါတော့တယ်။ ဒီလိုထိတွေ့မှုက အံ့ဩစရာကောင်းနေခဲ့ပြီ မီးလျှံတွေက သူ့ဆီနောက်တစ်ကြိမ်ပြန်ရောက်လာနေမှန်း ခံစားလိုက်မိပါတော့တယ်။ မိစ္ဆာမီးလျှံတွေက သူ့ကိုယ်နောက်တစ်ကြိမ်နာကျင်စေခဲ့ပြန်ပါပြီ။ ဒါကြောင့် မာရှောင်ထောင့်ကို ချက်ချင်းဆိုသလို တွန်းလွှတ်ဖို့ပြင်ပါတော့တယ်။
ဟို့ယွိဟောင်က အရင်လိုသေးငယ်တဲ့ကလေးတစ်ယောက်မဟုတ်တော့ပါဘူး။ မာရှောင်ထောင့်ထက်တော့ အနည်းငယ်အရပ်ပုနေဆဲပါ။ ဒါ့အပြင် မာရှောင်ထောင့်ရဲ့ တင်းတင်းကျပ်ကျပ်ဆွဲဖက်ထားခဲ့မှုကြောင့် လက်နှစ်ဖက်ကို အပေါ်မမြောက်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူတွန်းလွှတ်လိုက်ချိန်မှာတော့ မာရှောင်ထောင့်ရဲ့ခါးကိုသာ တွန်းလွှတ်မိသားဖြစ်သွားခဲ့တယ်။
မာရှောင်ထောင့်ရဲ့ အရှေ့ကိုပြေး၀င်လာခဲ့မှုကြောင့် သူလဲအရှိန်နဲ့ပြန်တွန်းခံလိုက်ရပြီ လက်လဲချော်သွားခဲ့ပါတယ်။ ဒါကြောင့် မာရှောင်ထောင့်ရဲ့ခါးအစား တင်ပါးကိုသာဆွဲလိုက်မိတယ်။ ပထမဆုံးအနေနဲ့ လုံး၀င်းတဲ့အရာတချို့ကို ဟို့ယွိဟောင်သူ့လက်ထဲမှာ ခံစားလိုက်ရပေမဲ့ ပူပြင်းနေခဲ့တဲ့ဒီခပ်လုံးလုံးအရာနှစ်ခုက ဖော့တုံးကိုကိုင်ရတဲ့အတိုင်း နူးညံ့လို့နေခဲ့ပါတယ်။
မာရှောင်ထောင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာမီးလျှံကသွေးကြောတဲ့အထိစိမ့်၀င်နေခဲ့တာပါ။ ဒါကြောင့် သူမခန္ဓာကိုယ်က မူလအခြေအနေထက် ဆယ်ဆမကပိုပြီးတော့ထက်ကို သာလွန်နေခဲ့ပါတယ်။ ဒါ့အပြင် ကျစ်ကျစ်တောက်ပူပြင်းနေခဲ့တဲ့အတွက် သတိလစ်သွားနိုင်ချေလဲများနေခဲ့တယ်။ သူမကစွမ်းအားအပြည့်ဆုံးအချိန်မှာလဲ ရှိနေခဲ့တာပါ။ ဒီလိုမျိုးမြင့်မားနေတဲ့ အာရုံခံနိုင်မှုတွေကို ပုံမှန်အချိန်တွေမှာ ပြိုင်ဘက်တွေကိုတိုက်ခိုက်ဖို့အတွက် အဓိကအသုံးချပါတယ်။ ဒါကြောင့် လက်ရှိအချိန် သူ့ခန္ဓာကိုယ်ပေါ်အထိ ကျရောက်လာချိန်မှာတော့ ဘယ်လောက်အထိ ခက်ခဲသွားမယ်မှန်း တွေးကြည့်ဖို့လွယ်ကူနေခဲ့တယ်။
သူမ ဘယ်လောက်ပဲကြမ်းတမ်းခက်ထန်းတဲ့သူဖြစ်ပါစေ အခုအချိန်အထိ လက်မထပ်ရသေးသူအမျိုးသမီးတစ်ယောက်ဖြစ်နေဆဲပါ။ ဟို့ယွိဟောင်က ငယ်ရွယ်ပေမဲ့ သူကအသက်ဆယ့်နှစ်နှစ်အရွယ်ကလေးတစ်ယောက်နဲ့တောင် မတူနေတော့ပါဘူး။ မာရှောင်ထောင့်က သူ့ကိုပိုပြီးတော့တောင် တင်းတင်းကျပ်ကျပ်ပြန်ဖက်မိသွားပါတော့တယ်။ ဒါကြောင့် မိစ္ဆာမီးလျှံတွေကလဲ ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်တိုက်ဆိုသလို ၀င်ရောက်နေခဲ့ပါပြီ။
မီးတောင်ပေါက်ကွဲသွားသလိုအပူလှိုင်းတွေက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို ဖက်ပေါင်းစုံကနေ တိုက်ခိုက်နေပါတော့တယ်။ ဒီလိုရုတ်တရက်အပူလှိုင်းစီးဆင်းမှုက ဟို့ယွိဟောင်တစ်ကိုယ်လုံးမီးမြိုက်ခံနေရသလိုပါပဲ။ သူ့ခန္ဓာကိုယ်က အားနည်းနေဆဲဖြစ်တာကြောင့် လက်ရှိအချိန်မှာ ဘာဆက်လုပ်ရမှန်းမသိဖြစ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်နေချိန်မှာ သူ့လက်တွေကလဲ မလှုပ်ရှားနိုင်ခဲ့ပါဘူး။ အဲ့ဒီအစား ပိုပြီးတင်းတင်းကျပ်ကျပ်သာ ဖြစ်ညစ်လို့ထားခဲ့ပါတော့တယ်။ သူတို့နှစ်ယောက်က ဒီလိုအခက်တွေ့တဲ့အချိန်မျိုးမှာ ခဏတာကြာရှိလို့နေခဲ့တယ်။
ရေအေးတွေက လက်ရှိအချိန်မှာပြင်းထန်လွန်တဲ့အပူချိန်ကြောင့် အတော်ကိုလျော့သွားခဲ့ပါပြီ။ သန့်စင်ခန်းတစ်ခုလုံးကလဲ ကြီးမားတဲ့ရေနွေးငွေ့အခန်းကြီးလို ပုံသဏ္ဍာန်ပြောင်းနေခဲ့သလို ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ၀တ်ထားတဲ့အ၀တ်အစားတွေအားလုံးကလဲ ပွက်ပွက်ဆူလို့လာခဲ့ပြီ မကြာခင်မှာ အရှင်လတ်လတ်အချက်ပြုတ်ခံရတော့မလိုတောင် တွေးထင်နေခဲ့မိပါတယ်။
သူ့ရဲ့အဆုံးစွန်းရေခဲစွမ်းအားက အခုအချိန်မှာတော့ အစွမ်းပြလာပါတော့တယ်။ အဆုံးစွန်းရေခဲက ဟို့ယွိဟောင်ခံစားနေခဲ့ရတဲ့ မီးစွမ်းအားကိုတန်ပြန်တိုက်ခိုက်နိုင်စွမ်းလဲ ရှိတာပါ။ ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီက ဟို့ယွိဟောင်ဒီလိုမီးလှ်ိုင်းတွေနဲ့ ရင်ဆိုင်နေရတဲ့ချက်ချင်းဆိုသလို တုန့်ပြန်ပါတော့တယ်။ သူကရေခဲဧကရီလို အင်အားကြီးတဲ့လူတစ်ယောက်မဟုတ်ပေမဲ့ ဟို့ယွိဟောင်က ဒီမီးလျှံအရှိန်နဲ့တော့ အရည်မပျော်သွားပါဘူး။
ရေခဲဧကရီရဲ့အရိုးဆီကနေထွက်ပေါ်လာနေတဲ့ ရေခဲလှိုင်းတွေက သူ့ရဲ့ကိုယ်ပိုင်အတွင်းကလီစာတွေကို ကာကွယ်လိုက်ပါပြီ။ မိစ္ဆာမီးလျှံကအရမ်းကို အင်အားကြီးလွန်ပေမဲ့ သူ့ကိုဘယ်အရာကမှ ရင်မဆိုင်နိုင်ခဲ့တာမဟုတ်ပါဘူး။ တစ်ဖက်မှာအဆုံးစွန်းရေခဲကတော့ သူ့ကိုရင်ဆိုင်နိုင်ပါတယ်။
ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်တစ်ခုလုံးက ရွှေလိုအသက်ကို ၀ါးမြိုပြီချိန်ကစလို့ အများကြီးတိုးတက်လာခဲ့ပါတယ်။ စိတ်၀ိညာဥ်စွမ်းအားတွေတိုးတက်လာရုံတင်မက ကိုယ်ပိုင်ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တဲ့အစွမ်းကလဲ အရင်ကထက်အများကြီးပိုပြီးကောင်းမွန်နေခဲ့ပါပြီ။ ရေခဲဧကရီ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ အကြီးအကဲလျှပ်စီးဧကရာဇ်တို့တောင် သူ့ရဲ့ခန္ဓာကိုယ်ကို အလွယ်တကူအသုံးမချနိုင်တော့ပါဘူး။
ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ခံထားရတာကြောင့် ရေခဲဧကရီက သူမရဲ့စွမ်းအားကိုတော့ ထိန်းချုပ်နိုင်စွမ်းရှိနေဆဲပါ။
မီးတွေကဟို့ယွိဟောင်ရဲ့ နှလုံးသားကို ရောက်ရှိလုနီးပါးဖြစ်လာခဲ့မယ်ဆိုရင် ဟို့ယွိဟောင်လုပ်ခဲ့သမျှအရာအားလုံးက ပျက်စီးသွားမှာပါ ဒါမျိုးကိုရေခဲဧကရီက ဘယ်လိုများဒီအတိုင်းကြည့်နေမှာလဲ မှားယွင်းနေတာကို သိသိချင်ဆိုသလို သူမရဲ့ချိတ်ပိတ်စည်းတစ်ပိုင်းတစ်စကို ခပ်မြန်မြန်ဖြည်းလျော့လိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့နောက်ကျောဖက်မှာရှိနေတဲ့ ရေခဲကျောက်စိမ်းကင်းမြီးကောက်ပုံရိပ်ကြီးက ချက်ချင်းဆိုသလို တောက်ပလာခဲ့ပါပြီ။ ရေခဲအရှိန်အ၀ါတွေက သူ့ခန္ဓာကိုယ်ထဲကို ချက်ချင်းစီး၀င်လာခဲ့ပြီ မာရှောင်ထောင့်ရဲ့ ပူပြင်းလောင်မြိုက်နတ်မီးငှက်မီးလျှံတွေကို ဖယ်ရှားပါတော့တယ်။
ရေခဲဧကရီက ဒါမျိုးကိုနောက်ဆုံးအကြိမ်ကဖြစ်ခဲ့မယ်ဆိုရင် မကြိုးစား၀ံ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ စွမ်းအားဖြတ်သန်းစီးဆင်းမှုနေရာတွေက ပြင်းပြင်းထန်ထန်ပျက်စီးသွားနိိုင်တာကြောင့်သာ သူမဒီလိုလုပ်နေခဲ့ရတာပါ။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က ရေခဲနတ်မီးငှက်နှစ်ခုကြားမှာ အချိန်မရွေးပျက်စီးသွားနိုင်ပါတယ်။ ဒါပေမယ့် ရွှေလိုအသက်ကိုစုပ်ယူပြီတာကြောင့် သူကခံနိုင်ရည်ရှိနေနိုင်ခဲ့တယ်။
စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ပုန်းအောင်နေခဲ့တဲ့ အသက်ပုလဲက လက်ရှိအချိန်မှာ များပြားတဲ့အသက်စွမ်းအားတွေနဲ့စတင်တောက်ပလာခဲ့ပါပြီ။ ရေခဲဧကရီထုတ်လွှတ်တဲ့ စွမ်းအားတွေနဲ့အတူတူ စတင်ပြီလှည့်ပတ်ပါတော့တယ်။ ဒီလိုနည်းနဲ့ဟို့ယွိဟောင်ရဲ့စွမ်းအားဖြစ်သန်းမှုနေရာတွေအားလုံးက မီးလျှံတွေရဲ့တိုက်စားမှုကို ပိုပြီးခံနိုင်ရည်ရှိလာပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က ရေခဲနဲ့မီးရဲ့တိုက်စားမှုအောက်မှာ နောက်တစ်ကြိမ် ထပ်မံသန့်စင်ခံနေခဲ့ရပါပြီ။
ဖြစ်စဥ်တစ်ခုလုံးက အတော်ကိုမြန်ဆန်းပေမဲ့ ဟို့ယွိဟောင်ကတော့ ရေခဲနဲ့မီးကြားမှာ ပြင်းပြင်းထန်ထန်နာကျင်မှုကို ခံစားနေခဲ့ရပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က ခေါင်းဆောင်အစခြေဖျားအထိ အေးစက်မှုကြောင့် နာကျင်လာခဲ့ပြီ နောက်တစ်ကြိမ်မီးလျှံရဲ့အောက်မှာအရည်ပျော်သွားရပါတယ်။ သူ့တစ်ကိုယ်လုံးက ဗလာကြီးဖြစ်နေတဲ့အတိုင်း ခံစားနေခဲ့ရတယ်။
မာရှောင်ထောင့်ရဲ့ ခံစားမှုကတော့လုံး၀ကို ကွာခြားနေခဲ့ပါတယ်။ သူမအနေနဲ့ ရေခဲမီးလျှံတွေကို လျှပ်စီးတွေကပိုပြီး တွန်းအားပေးနေသလိုမျိုး မြန်မြန်ဆန်ဆန်စွမ်းအားလှည့်ပတ်မှုကို ခံစားနေခဲ့ရတယ်။ ဒါ့အပြင် ရေခဲလှိုင်းတွေရဲ့၀င်ရောက်လာခဲ့မှုက သူ့ကို သက်သောက်သက်သာဖြစ်သွားစေခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာပဲ ဟို့ယွိဟောင်ရဲ့ လက်တွေကချက်ချင်းဆိုသလို အေးစက်လို့လာခဲ့ပြီ သူမရဲ့တင်ပါးတွေကတစ်ဆင့် ခန္ဓာကိုယ်တွေဆီကို အအေးလှိုင်းတွေပိုမို၀င်ရောက်လာပါတော့တယ်။
ဒီခံစားချက်က အတော်ကိုထူးခြားနေခဲ့ပါတယ်။ သူမအနေနဲ့ ဟို့ယွိဟောင်လိုမျိုးစွမ်းအားဖြတ်သန်းမှုစီးဆင်းနေရာတွေကို ကာကွယ်ထားတဲ့အသက်စွမ်းအားမပိုင်ဆိုင်ထားခဲ့ပါဘူး။ ဒါပေမယ့် သူမရဲ့ကျင့်ကြံဆင့်က အတော်ကိုခိုင်မာနေခဲ့တဲ့အတွက် ဒီပြင်းထန်တဲ့အအေးဓာတ်ကိုလဲ တောင့်ခံထားနိုင်နေခဲ့ပါပြီ။
သူမရဲ့နှလုံးသားကိုဆက်တိုက် တိုက်စားနေခဲ့တဲ့ မိစ္ဆာမီးလျှံက ဟို့ယွိဟောင်ရဲ့ ထိတွေ့မှုနဲ့အတူ ပြန်လည်တုန့်ပြန်နေခဲ့ပါပြီ။ အစောပိုင်းတုန်းက ကျစ်ကျစ်တောက်ပူပြင်းနေခဲ့တဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်လွန်လှတဲ့ရေခဲနဲ့ ထိတွေ့ချိန်မှာတော့ မာရှောင်ထောင့်ခန္ဓာကိုယ်တစ်ခုလုံးက သက်သောက်သက်သာဖြစ်တဲ့ခံစားချက်တွေက ဖြတ်သန်းစီးဆင်းနေခဲ့ပါတော့တယ်။
မာရှောင်ထောင့်လဲ ဆက်တိုက်ဆိုသလို တုန်ရီနေခဲ့ပြီ မိစ္ဆာမီးလျှံရဲ့တိုက်စားမှုကို ခုခံကာကွယ်နေရင်း ဟို့ယွိဟောင်ကို ဆက်တိုက်တင်းတင်းကျပ်ကျပ်ဖက်ထားခဲ့ပါတယ်။ အဲ့ဒီနောက် သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာထွက်ပေါ်နေတဲ့အသံတွေက ပိုလို့တောင်ပြင်းထန်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူမလိုမျိုးကြမ်းတမ်းခက်ထန်းတဲ့သူတစ်ယောက်က တစ်ကိုယ်လုံးစွမ်းအားတစ်မျှင်မှမကျန်တော့အထိ ပျော့ညံ့နေသလိုခံစားလိုက်ရပါတယ်။ ဒါ့အပြင် အပူနဲ့အအေးကြားလှည့်ပတ်မှုကြောင့် သူမရဲ့ခန္ဓာကိုယ်က ပြန်လည်ပြီထိန်းကွပ်နိုင်တဲ့အနေအထားအထိကို ရောက်ရှိလာရပါပြီ။
” ငါဘာကြောင့်များ ငါ့ရဲ့ဒီမိစ္ဆာမီးလျှံကို အခုလိုမျိုးရင်ဆိုင်နေရတာလဲ “:
မာရှောင်ထောင့် သတိပြန်၀င်လာချိန်မှာတွေးမိလိုက်ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ ပုခုံးပေါ်ကိုသူမှောက်ချလိုက်ပါတယ်။ သူမရဲ့မျက်နှာက နီရဲနေခဲ့ပြီ ခန္ဓာကိုယ်ထဲမှာ ရေခဲနဲ့မီးရဲ့တိုက်စားမှုကြောင့် စိတ်ထဲကအတားအဆီးတွေအားလုံးကို လွှတ်ချထားခဲ့မိရင်း သူ့ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့အထိ ဖြစ်နေခဲ့ပါတယ်။
ကံကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်ကလဲ သတိလက်လွှတ်အခြေအနေမှာရှိနေဆဲပါ။ သူတစ်ကိုယ်လုံးထဲမှာ ဖြစ်ပေါ်နေတဲ့ရေခဲနဲ့မီးရဲ့ တိုက်စားမှုကြောင့်နာကျင်မှုက သူ့အသိစိတ်ကိုဖုံးကွယ်လို့ထားခဲ့ပါတယ်။ ကိုယ်တွင်းကလီစာတွေနဲ့ စွမ်းအင်အရင်းအမြစ်ဖြတ်သန်းမှုလမ်းကြောင်းတွေက ခုခံစစ်ကိုအဓိကလုပ်ဆောင်နေခဲ့ပြီ ၀ိညာဥ်စွမ်းအားက ခပ်မြန်မြန်ပဲ ပြန်လည်ဖြည့်တင်းလို့လာခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးက ထူးခြားတဲ့တရားထိုင်မှုအခြေအနေမှာ ရောက်ရှိနေသလိုမျိုး တည်ငြိမ်သွားခဲ့ပါပြီ။ ဒီလိုထူးဆန်းတဲ့ ပွေ့ဖက်ထားမှုပုံစံအတိုင်းဆက်တိုက်ဆိုသလိုရှိနေခဲ့ပြီ သူ့တို့ရဲ့စိတ်အခြေအနေတွေက ဝေ၀ါးလို့သွားခဲ့ပါပြီ။
သန့်စင်ခန်းထဲမှာရှိနေခဲ့တဲ့ မြူခိုတွေက ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ ရေခဲမြူခိုတွေက အစားထိုး၀င်ရောက်လာပါတော့တယ်။ အခန်းတစ်ခုလုံးက အရမ်းကိုတည်ငြိမ်နေခဲ့ပြီ ဒီတည်ငြိမ်မှုကိုဖျက်ဆီးနိုင်တဲ့ တစ်ခုတည်သောအရာကတော့ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာတောက်ပနေတဲ့ရေခဲကျောက်စိမ်းကင်းမြီးကောက်ရဲ့ အလင်းရောင်ပါ။
အချိန်တွေဘယ်လောက်ကုန်ဆုံးသွားလဲဆိုတာ ဘယ်သူမှမသိခဲ့ပါဘူး။ မာရှောင်ထောင့်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ ပထမဆုံးသတိပြန်၀င်လာတဲ့အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ သူမအသိပြန်၀င်လာလာချင်မှာပဲ ပထမဆုံးခံစားလိုက်ရတဲ့အရာက အဆုံးစွန်းရောက်နေတဲ့ရေခဲရဲ့အေးစက်မှုပါ။ ဒါမျိုးကို သူဘယ်တုန်းကမှမတွေ့ကြုံခဲ့ဖူးပါဘူး ဒါကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းစိမ့်လာပါတော့တယ်။
သူမရဲ့ဒီလှုပ်ရှားမှုက အတော်ကိုသေးငယ်ပေမဲ့ ချက်ချင်းဆိုသလို အက်ကွဲသံတွေက ထွက်ပေါ်လာခဲ့ပါပြီ။ သူမရဲ့ခန္ဓာကိုယ်ပေါ်ကနေ ရေခဲအလွှာတွေကွာကျသွားတာကို မြင်လိုက်ပြီချိန်မှာတော့ တအံ့တဩအော်မိပါတော့တယ်။
အပိုင်း ၁၁၁•၂ ပြီး၏။