အပိုင်း ၁၁၁•၁
” မြူခိုကြားကမီးလျှံ ကောင်းကင်ဧကရာဇ်တူ ”
°°°
ကြယ်တာရာအတားအဆီးကို ဖျက်ဆီးပြီတဲ့နောက် အဆုံးစွန်းအတားအဆီးကိုပါ ဖျက်ဆီးနိုင်ခဲ့တာက ကြယ်တာရာလော့နိုင်ငံတော်ကျောင်းတော်ရဲ့ တိုက်ပွဲနည်းလမ်းတွေနဲ့ ဗျူဟာတွေအားလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ထိုက်ယွဲ့ဟန်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဆီကို လျှောက်သွားပြီတဲ့နောက် အတော်လေးကို စဥ်းစားရခက်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီနှစ်ယောက်ကို သူ မချီလိုက်ပါပြီ။
အဲ့ဒီအချိန်မှာပဲ လက်တစ်စုံကသူ့ရှေ့ကို ရောက်လာပါတော့တယ်။ ပေ့ပေ့က ထိုက်ယွဲ့ဟန်ရဲ့ရှေ့မှာကားဆီးလို့ထားခဲ့ပြီ ပြောလာခဲ့တယ်။
” အစ်ကိုကြီး ကျွန်တော်လုပ်လိုက်မယ် ”
ထိုက်ယွဲ့ဟန်က တခဏတာမျက်လုံးပြူးသွားပြီတဲ့နောက် သူ့ရဲ့စိတ်ကလဲ ပြန်ကြည်လင်လို့သွားခဲ့သလို နောက်ကိုခြေတစ်လှမ်းပြန်ဆုတ်လိုက်ပါတယ်။
” ငါ့ကိုပေးလိုက် ”
ကျစ်ကျစ်တောက်ပူနေတဲ့ လက်တစ်စုံက ဟို့ယွိဟောင်ကို ပေ့ပေ့လက်ထဲကနေ ဆွဲယူလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ သူမရဲ့ဂျိုင်းထဲမှာ ညှပ်ချီခံလိုက်ရရင်း စင်ပေါ်ကနေချက်ချင်းဆိုသလို ခုန်ပျံထွက်လို့သွားပါတော့တယ်။ သူတို့တွေက မြင်ကွင်းထဲကနေ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
ပေ့ပေ့ရဲ့နောက်မှာရှိနေခဲ့တဲ့ ရှုစန်းရှီကတော့ နှုတ်ခမ်းကိုတွန့်ပြီ သက်ပြင်းချရင်းပြောလာခဲ့ပါတယ်။
” ဒီကလေးအတွက် စိတ်မကောင်းဘူး…ဒါပေမယ့် ကျေးဇူးတင်ရမယ်…သူရောက်လာပြီတဲ့နောက် အစ်မကြီးရှောင်ထောင့်က ငါ့ကိုပြဿနာမရှာတော့ဘူး ”
” အမျက်ဒေါသကျောင်းတော်က ကြယ်တာရာလော့နိုင်ငံတော်ကျောင်းတော်ကို အဖွဲ့လိုက်ပြိုင်ပွဲအကြိုဗိုလ်လုပွဲ ပွဲစဥ်မှာ အနိုင်ယူခဲ့ပြီးပါပြီ ”
ကောင်းကင်ရန်သူတော်သော့်လော့ရဲ့အေးစက်တဲ့အသံက ရလဒ်ကြော်ငြာမှုနဲ့အတူ ထွက်ပေါ်လာခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်ဖက်မှာ ထိုက်ယွဲ့ဟန်နဲ့ ပေ့ပေ့တို့က ဒဏ်ရာအများဆုံးရထားသူဖြစ်ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ စွမ်းအားကုန်ဆုံးမှုကြောင့် မောပန်းသွားခဲ့ကြတာပါ။ သူတို့ရဲ့ကျင့်ကြံဆင့်က ပြိုင်ပွဲအတွက် နှိမ့်ပါးလွန်နေခဲ့တယ်။ မာရှောင်ထောင့်က သူမရဲ့မီးလျှံတွေတိုက်စားမှုကြောင့် အတော်လေးအခက်တွေ့နေခဲ့ရပြီ လင်းလော့ချန်ရဲ့အကူအညီနဲ့သာ ဒီမီးလျှံတွေကို ပြင်းပြင်းထန်ထန်ဖိနှိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့် သူမပြန်လည်ကုသကောင်းမွန်နိုင်ဖို့အတွက် ဟို့ယွိဟောင်အဆုံးစွန်းအထိရေခဲကို လိုအပ်နေခဲ့တယ်။ ဒါကြောင့်သာ သူ့ကိုအတင်းဖမ်းပြီ ထွက်ပြေးတာပါ။
ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အခြေအနေကတော့ မကောင်းမွန်ခဲ့ပါဘူး။ မင်းသမီးကျိုးကျိုးက ဒဏ်ရာရသွားခဲ့ပြီ ၀မ်ဟယ်ယွီက ထိပ်တန်းတိုက်ခိုက်ရေးသမားဖြစ်ပေမဲ့ များပြားတဲ့၀ိညာဥ်စွမ်းအားတွေကို စုပ်ယူလိုက်ရတာကြောင့် အတွင်းဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ အချိန်အတော်ကြာကြာအထိ သူတန်ပြန်တိုက်ခိုက်နိုင်တော့မှာမဟုတ်ပါဘူး။
နောက်ထပ် တိုက်ခိုက်ရေးသမားဖြစ်တဲ့ တုကူရှန်ကွမ်းနဲ့အတူ လေနဲ့မီးစုံတွဲကလဲ မာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုကြောင့် အတော်လေးကို ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ကောင်းကင်ရန်သူသော့်လော့ရဲ့အချိန်မီကယ်တင်မှုကြောင့်သာ မဟုတ်ရင်သူတို့အားလုံးက သူမရဲ့မီးတောက်တွေအောက်မှာ အသက်ပျောက်သွားကြရမှာပါ။
အခုအချိန်မှာအခြေအနေပိုဆိုးသူကတော့ ဧရာမလင်းယုန်၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့ပါတယ်။ သူ့အတောင်ပံတွေကတော့ ဆွဲဖြဲခံလိုက်ရပါပြီ။ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့ အရေးကြီးဆုံးစိတ်အပိုင်းအစဖြစ်တဲ့ သိုင်းပညာ၀ိညာဥ်က ပြင်းပြင်းထန်ထန် ဖျက်ဆီးလို့သွားခဲ့တာပါ။ လက်ရှိအချိန် ကြယ်တာရာလော့နိုင်ငံတော်အဖွဲ့အဓိကခုနှစ်ယောက်ထဲမှာ မနက်ဖြန်ကျင်းပမဲ့ တစ်ယောက်ချင်းဆီပြိုင်ပွဲကို စွမ်းအားအပြည့်နဲ့ တိုက်ခိုက်နိုင်မဲ့သူက တစ်ယောက်တောင်မရှိတော့ပါဘူး။ ဒါ့အပြင် သူတို့က ပထမတိုက်ပွဲကို ရှုံးနှိမ့်ပြီဖြစ်တာကြောင့် တစ်ယောက်ချင်းဆီပြိုင်ပွဲမှာ အနိုင်ယူနိုင်မှသာ နှစ်ယောက်နှစ်ယောက် သုံးယောက်တိုက်ပွဲကို ဆက်သွားလို့ရမှာဖြစ်ပါတယ်။
” ဆရာ၀မ် ယွိဟောင်နဲ့ ၀မ်သုန့်ဘယ်လိုလုပ်လိုက်တာလဲ ”
ထိုက်ယွဲ့ဟန်က ၀မ်ယန်အနားကို တိုးကပ်ရင်းနဲ့မေးနေခဲ့ပါတယ်။
၀မ်ယန်က သူ့ကိုကြည့်ရင်းခေါင်းခါလိုက်တယ်။
” ငါလဲစင်ပေါ်က အခြေအနေကို မမြင်လိုက်ဘူးဘယ်လိုသိရမှာလဲ ”
လင်းလော့ချန်လဲ တွေးနေပြီတဲ့နောက် ပြောလာခဲ့ပါတယ်။
” ဒါက သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်တစ်ခုနဲ့တူတယ်…သူတို့ရဲ့ရွှေရောင်လမ်းက မင်းသမီးကျိုးကျိုးရဲ့အတားအဆီးကို တိုက်ခိုက်လိုက်တယ်…အဲ့ဒီနောက် နောက်ထပ်ပေါင်းစည်းစွမ်းရည်တစ်ခုကို ထပ်ပြီသုံးလိုက်ပြန်တယ်…အဲ့ဒီ၀ိညာဥ်စွမ်းရည်က ပြိုင်ဘက်ကင်းပြီ ကြောက်စရာကောင်းတဲ့ စွမ်းအားသက်သက်ခမ်းနားမှုတွေပဲ အဲ့ဒီတိုက်ခိုက်မှုတွေနောက်မှာ ရပ်နေခဲ့ရတဲ့ငါတောင် ဘယ်လိုပြောပြရမှန်းမသိဘူး..ဒါပေမယ့် သိလိုက်ရတဲ့တစ်ခုတည်သောအချက်ကတော့ သူတို့ရဲ့ တိုက်ခိုက်မှုက အလင်းအတားအဆီးကို လုံး၀ဖောက်ထွက်သွားနိုင်တယ်ဆိုတာပဲ ဒါ့အပြင် သူတို့အနေနဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုကို ပိုင်ဆိုင်ထားတာ ဖြစ်နိုင်မလား။
၀မ်ယန်က လင်းလော့ချန်ရဲ့မျက်လုံးတွေကို စူးစူးစိုက်စိုက်ကြည့်လိုက်ရင်း အသံကိုနှိမ့်လိုက်ပါတယ်။
” ဒီကိစ္စကို ငါတို့တွေနောက်ထပ်မပြောကြတော့ဘူး ပြန်ကြမယ် ”
ထိုက်ယွဲ့ဟန်လဲ မျက်မှောင်ကြုတ်လိုက်ပါတယ်။
” နေလနိုင်ငံတော်ရဲ့တိုက်ပွဲတွေကို မကြည့်တော့ဘူးလား ”
၀မ်ယန်က ခေါင်းခါလိုက်ပါတယ်။
” ဒီနေ့ပြိုင်ပွဲကနေ မင်းသိလာတာမရှိဘူးလား နေလတော်၀င်ကျောင်းတော်က ငါတို့နဲ့ စင်ပေါ်မှာတိုက်ရိုက်မရင်ဆိုင်ခင်အထိ သူတို့အထူးသိမ်းဆည်းထားတဲ့နည်းလမ်းတွေကို ထုတ်သုံးမှာမဟုတ်ဘူး…သူတို့ကို ဒီနေရာမှာကြည့်တာက အချိန်ဖြုန်းရုံသက်သက်ပဲ ဖြစ်လိမ့်မယ်…ဒါကြောင့် ငါတို့မြန်မြန်ပြန်ပြီး စွမ်းအားဖြည့်ရမယ်…မကြာခင်ကြုံလာရမဲ့ပြိုင်ပွဲအတွက် စိုးရိမ်စရာသိပ်ရှိဘူးဆိုရင်တောင် သတိလက်လွှတ်တော့နေလို့တော့မရဘူး ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့သုံးလိုက်တဲ့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်က စမ်းသပ်ချက်အနေအထားမှာတင်ရှိနေသေးတယ်ဆိုတာအမှန်ပါ။ အတိအကျပြောရမယ်ဆိုရင် ဒါကသူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ပါပဲ။
သူတို့ရဲ့ပေါင်းစည်းစွမ်းရည်က ကျင့်ကြံဆင့်မြင့်တက်လာမှုနဲ့အတူ ပိုပိုပြီးသန်မာလာပါတယ်။ အထူးသဖြင့် ဟောင်သုန့်စွမ်းအားကို လှည့်ပတ်ပြီ စွမ်းအားအပြည့်ရှိနေချိန်မှာ အစွမ်းထက်ဆုံးပါ။ ဒါ့အပြင် ဟောက်သုန့်စွမ်းအားနဲ့ဆိုရင် သူတို့ရဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုကြောင့် စွမ်းအားကုန်ဆုံးမှုကလဲ လျော့ကျသွားပါလိမ့်မယ်။
တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်က ရွှေလိုအသက်နဲ့ပေါင်းစည်းပြီတဲ့နောက် သူ့ရဲ့ခန္ဓာကိုယ်စွမ်းအားနဲ့ စိတ်စွမ်းအားနဲ့ ခံနိုင်ရည်စွမ်းအားအားလုံးက အများကြီးတိုးတက်လို့လာခဲ့ပါပြီ။ ဒါကြောင့် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုနှစ်ခုကို တစ်ပြိုင်နက်ထဲ အသုံးပြုနိုင်ရတာလဲ ဖြစ်နေခဲ့တယ်။
ဟို့ယွိဟောင်အနေနဲ့ အကြီးအကဲလျှပ်စီးဧကရာဇ်မပြောခင်အထိ ဒီလိုမျိုးနှစ်ခုကို တစ်ပြိုင်နက်ထဲသုံးလို့ရနိုင်တယ်ဆိုတာ ဘယ်တုန်းကမှမသိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအရာသာ ကျရှုံးသွားခဲ့မယ်ဆိုရင် သေချာပေါက် သူသေသွားနိုင်လို့ပါ။
သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်တစ်ခုကို ထုတ်လွှတ်တာက လူနှစ်ယောက်ရဲ့သိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်စွမ်းအားတွေအဆုံးစွန်းအထိ ပေါင်းစည်းသွားတာလဲ ဖြစ်သလို ကွဲပြားခြားနားတဲ့စွမ်းအားအသစ်တစ်ခုကိုလဲ ထုတ်လွှတ်လို့ဖြစ်နေခဲ့တယ်။ ဒါ့အပြင် သူ့ကိုဘယ်လိုထုတ်လွှတ်လဲဆိုတဲ့အပေါ် မူတည်ပြီ အဓိကအရေးကြီးနေခဲ့ပါသေးတယ်။
ဟို့ယွိဟောင်အနေနဲ့ ရွှေရောင်လမ်းကို ထုတ်လွှတ်ချိန်မှာ အဓိကဦးဆောင်ပေးသူဖြစ်ရတာကတော့ မေးခွန်းထုတ်စရာမရှိပါဘူး။ ဒုတိယ၀ိညာဥ်စွမ်းရည်ကို ထုတ်သုံးချိန်မှာတော့ သူပိုပြီးတော့တောင့်ခံရပါသေးတယ်။ ရေခဲဧကရီရဲ့ အရိုးကိုရရှိချိန်မှာ ရွှေရောင်လမ်းကို တောင့်ခံတာက သူ့အတွက်ပြဿနာမဟုတ်တော့ပါဘူး။
ရွှေလိုအသက်နဲ့ပေါင်းစည်းပြီတဲ့နောက် ကျင့်ကြံဆင့်တိုးမြင့်လာမှုနဲ့အတူ ဒုတိယ၀ိညာဥ်စွမ်းရည်ပေါင်းစည်းမှုကလဲ သူနဲ့၀မ်သုန့်အတွက် လက်ရှိအတိုင်းအတာမှာ အလွန်ဆုံးဖြစ်လာခဲ့ပါတယ်။ ၀မ်သုန့်ကတော့ ဒီအချက်ကြောင့် ချက်ချင်းသတိလစ်လို့သွားခဲ့ပြီ ဟို့ယွိဟောင်ကလဲ ရှိရှိသမျှစွမ်းအားတွေအားလုံးကို အကန့်အသတ်လွန်တဲ့အထိ ထုတ်သုံးခဲ့တယ်။
သူတို့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုက ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်နဲ့ ကောင်းကင်ဖြိုခွင်တူတို့ရဲ့ ပေါင်းစည်းမှုက ဖြစ်လာတာပါ။
စိတ်၀ိညာဥ်မျက်လုံးက ပထမတစ်ခုရဲ့ အဓိကဦးဆောင်သူဖြစ်ခဲ့ပြီ အလင်းနဲ့စိတ်၀ိညာဥ်စွမ်းအားနှစ်ခုကြားပေါင်းစည်းမှုဖြစ်ပါတယ်။ ရွှေရောင်လမ်းနဲ့ ယှဥ်လိုက်မယ်ဆိုရင် ဒုတိယပေါင်းစည်းစွမ်းရည်က ခန္ဓာကိုယ်ပိုင်ဆိုင်ရာကို ပိုပြီးအလေးထားတဲ့ ပေါင်းစည်းစွမ်းရည်ဖြစ်နေခဲ့တယ်။
ဖျက်ဆီးနိုင်စွမ်းနဲ့ တိုက်ခိုက်မှုရဲ့ အဆုံးစွန်းအထွဠ်အထိပ်ဖြစ်တဲ့သိုင်းပညာ၀ိညာဥ်နှစ်ခုမှာ တစ်ခုကတော့ အဆုံးစွန်းရေခဲ၀ိညာဥ်ပါ။ နောက်တစ်ခုကတော့ တိုက်ကြီးတစ်ခုလုံးမှာ ကြောက်စရာအကောင်းဆုံးတိုက်ခိုက်ရေးအမျိုးအစားသိုင်းပညာ၀ိညာဥ်ဖြစ်နေခဲ့ပါတယ်။ သူတို့ရဲ့ပေါင်းစည်းမှုက လူတွေကို ကြောက်ရွံ့ထ်တ်လန့်သွားစေခဲ့လောက်တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းမှုက ရွှေရောင်လမ်းလိုပဲ ရှည်လျားတဲ့နာမည်ကို ပိုင်ဆိုင်ထားပါတယ်။ မြူခိုကြားကမီးလျှံ ကောင်းကင်ဧကရာဇ်ရဲ့တူ။
အဆုံးစွန်းရေခဲသိုင်းပညာ၀ိညာဥ်ဖြစ်တဲ့ ရေခဲဧကရီက ဒီတိုက်ခိုက်မှုကို အဓိကထိန်းချုပ်လို့ထားခဲ့ပြီ ကြည်လင်ကောင်းကင်တူကတော့ စွမ်းအားကို စုစည်းထုတ်လွှတ်ပေးတဲ့ ကြားခံဖြစ်ပါတယ်။ ဟို့ယွိဟောင်ရဲ့ အရွယ်ရောက်ပြီသားပုံရိပ်က ဒီကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုမလာခင် ပုံရိပ်ယောင်ထင်ဟပ်မှုအဖြစ်ရောက်နေခဲ့တယ်။ ထိတ်လန့်စရာကောင်းတဲ့ စွမ်းအားတွေက သူတို့ရဲ့ဟောင်သုန့်စွမ်းအားကို အခြေခံလိုက်ချိန်မှာတော့ ပိုပြီးကြောက်စရာကောင်းသွားပါတယ်။
သိုင်းပညာ၀ိညာဥ်တွေရဲ့ လိုက်ဖက်ညီနိုင်မှုက တစ်ရာရာခိုင်နှုန်းအဖြစ် ဖြစ်နေတာကြောင့်သာ ဒီလိုအောင်မြင်မှုကို ရရှိခဲ့တာပါ။
နည်းလမ်းတကျတွေးမယ်ဆိုရင် အမြွှာ၀ိညာဥ်ကိုပိုင်ဆိုင်ထားတဲ့ သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ပေါင်းစည်းစွမ်းရည်လေးခုကို ထုတ်လွှတ်နိုင်မှာဖြစ်ပါတယ်။ ရွှေရောင်လမ်းအပြင် နောက်ထပ်သုံးခုကိုလဲ သူတို့အောင်မြင်ခဲ့ပြီးပါပြီ။ ဒါကြောင့်သာ ၀မ်ယန်က သူတို့နှစ်ယောက်ကို အကြိုဗိုလ်လုပွဲ ပွဲစဥ်ထဲကိုထည့်သွင်းလိုက်ရပါတယ်။ ဒီလိုသာမဟုတ်ရင် ကလေးနှစ်ယောက်က ဟယ့်ချိုက်ထို့နဲ့ နန်နန်ကို ယှဥ်နိုင်မှာမဟုတ်ပါဘူး။
၀မ်ယန်ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ကြောင်းရလဒ်ကသက်သေပြနေခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ရဲ့ အားကောင်းတဲ့၀ိညာဥ်စွမ်းရည်ပေါင်းစည်းမှုက အမျက်ဒေါသကျောင်းတော်ကို အောင်နိုင်စေတဲ့အထိ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်စေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမျှဝေမှုက အများကြီးအားနည်းသွားခဲ့ပေမဲ့ အမျက်ဒေါသကျောင်းတော်ကတော့ နောပ်တစ်ကြိမ် တိုက်ပွဲမှာအနိုင်ရသွားခဲ့ပြီ ဖြစ်ပါပြီ။
လက်ရှိအချိန်မှာကတော့ ဟို့ယွိဟောင်က ပြဿနာတက်နေခဲ့ပါတယ်။ မာရှောင်ထောင့်က သူ့ကိုတော်၀င်တည်ခိုဆောင်ဆီကို ဆွဲခေါ်လို့သွားခဲ့ပြီ သူမရဲ့ အခန်းထဲကို လေမုန်တိုင်းတိုက်သလိုမျိုး ပြေး၀င်လို့သွားရင်း တံခါးကိုပိတ်ကာသော့ခတ်လိုက်ပါတော့တယ်။
လက်ရှိအချိန် သူ့တစ်ကိုယ်လုံးက မီးသွေးတုံးကြီးလိုကျစ်ကျစ်တောက်ပူပြင်းနေပြီဖြစ်သလို အရေးပြားရဲ့အပေါ်ယံအလွှာကလဲ ပန်းနုရောင်သန်းနေခဲ့ပါတယ်။ မိစ္ဆာမီးလျှံရဲ့ ဆိုးကျိုးတွေကြောင့် သူမရဲ့ မျက်၀န်းတွေက ပိုပိုပြီးမှောင်မိုက်လို့လာနေခဲ့သလို ဆံပင်တွေကလဲ နီရဲတောက်ပလွန်းလို့ သွေးတွေတောင်စီးကျတော့မဲ့အတိုင်းရှိနေခဲ့တယ်။
သူက ဟို့ယွိဟောင်ကို အစွမ်းရှိသလောက် လှုပ်ခတ်နေရင်း နိုးထလာအောင် ကြိုးစားလို့နေခဲ့ပါတယ်။
” ထလိုက် နင်အခုဒီလိုအိပ်နေလို့မရဘူး ”
ဟို့ယွိဟောင်က ၀ိညာဥ်စွမ်းအားတွေအများကြီးကုန်ဆုံးသွားတာကြောင့် သူ့ခန္ဓာကိုယ်က တောင့်ခံနိုင်စွမ်းထက်ကို ကျော်လွန်သွားခဲ့ပါပြီ။ ဒါကြောင့် ပြိုင်ပွဲမပြီးခင်ကထဲကနေ သတိလစ်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုဒီလိုလှုပ်ခတ်နေတာက သတိမလည်လာစေခဲ့ပါဘူး။ လက်ရှိအချိန်မှာ မာရှောင်ထောင့်ရဲ့ အခြေအနေက အရမ်းကို အပူတပြင်အရေးကြီးလို့နေခဲ့ပါတယ်။
နောက်ဆုံးတစ်ကြိမ်တုန်းက ဟို့ယွိဟောင်ရဲ့အဆုံးစွန်းရေခဲအကူအညီနဲ့ သူ့ရဲ့မီးလျှံကို ဖိနှိမ့်နိုင်ခဲ့သလို တိုက်ပွဲအပေါ်ထားရှိတဲ့ သူမရဲ့စိတ်ကလဲ ပြောင်းလဲလို့သွားခဲ့ပါတယ်။ သူ့ကိုယ်သူအထိန်းအကွပ်မရှိပဲ တိုက်ခိုက်မယ်ဆိုရင်တောင် အန္တရာယ်မဖြစ်နိုင်ဘူးလို့ တွေးမိခဲ့တယ်။ ဒီလိုစိတ်ဓာတ်အပြောင်းအလဲကြောင့် ကုသပြီဖြစ်တဲ့ ဒဏ်ရာတွေရဲ့နာကျင်မှုကိုလဲ မေ့သွားခဲ့ပါတယ်။ အထူးသဖြင့် ဟို့ယွိဟောင် သူ့ဘေးနားရှိနေချိန်မှာ သူ့ရဲ့မီးလျှံကို ပိုပြီးသတိလက်လွှတ်ထားမိခဲ့တယ်။
လက်ရှိအချိန်မှာ မိစ္ဆာမီးလျှံက သူ့ခန္ဓာကိုယ်ကို ဆူပွက်နေစေခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ အကူအညီကို ခပ်မြန်မြန်တောင်းခံပြီ ဒီမီးလျှံကိုဖိနှိမ့်ဖို့ သူအစောကြီးထဲက တွေးနေမိခဲ့တယ်။
လက်ရှိပြိုင်ပွဲမှာကတော့ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့်သာ ဒီမီးလျှံတွေက တောက်ပလာခဲ့တာပါ။ ဒါကြောင့် သူမနောက်ထပ်မထိန်းချုပ်နိုင်တော့လောက်တဲ့အခြေအနေအထိကို ရောက်ရှိနေခဲ့ပါပြီ။ သူမထိန်းချုပ်မယ်ဆိုရင်တောင် ခက်ခဲနေပါတယ်။ လင်းလော့ချန်ရဲ့ရေခဲစွမ်းအားက အင်အားကြီးပေမဲ့ ကျင့်ကြံမှုကွာခြားချက်က များလွန်နေတာကြောင့် သူမရဲ့သာမန်ရေခဲကလဲ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်သာ အမြန်ဆုံးပြန်ပြေးလာခဲ့ရတာလဲ ဖြစ်ပါတယ်။
ကံကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်က ရေခဲလိုအေးစက်လို့နေခဲ့သလို သူ့ခန္ဓာကိုယ်ထဲမှာလဲ ရေခဲဧကရီရဲ့အရိုးကလဲ ရှိနေခဲ့ပါတယ်။ မာရှောင်ထောင့်က သူ့ကိုပိုပြီးပြင်းပြင်းထန်ထန် ဖက်ရင်းနဲ့အအေးဓာတ်ကို ရှာဖွေနေခဲ့ရတယ်။ လက်ရှိအချိန် သူမအရမ်းကို တင်းတင်းကျပ်ကျပ်ဖက်ထားတာကြောင့် သူ့ရဲခန္ဓာကိုယ်က ဟို့ဟွိဟောင်ရဲ့ခန္ဓာကိုယ်ထဲ နစ်၀င်နေပြီဆိုတာတောက် သတိမထားလုနီးပါးဖြစ်နေခဲ့ပါတယ်။
” ငါဘာလုပ်ရမလဲ ငါဘာလုပ်ရမလဲ ဒီကလေးက ဒီအတိုင်းနိုးလာမှာမဟုတ်ဘူး ”
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို ချီထားရင် မာရှောင်ထောင့်က သူမရဲ့မီးလျှံတွေကြောင့် ဦးနှောက်လဲအရည်ပျော်မတတ်ဖြစ်နေခဲ့ပါပြီ။ သူအချိန်မရွေးသတိလစ်သွားနိုင်တဲ့အကြောင်း ပြင်းပြင်းထန်ထန် ခံစားနေခဲ့ရပါတယ်။ ဒီနေရာကြီးက လူအပြည့်နဲ့နေရာကြားမှာရှိနေခဲ့တာပါ။ သူမသာ ရူးသွပ်သွားခဲ့မယ်ဆိုရင် ဒီနေရာမှာရှိရှိသမျှလူတွေအားလုံးသေကြေသွားမှာကို တွေးမိရုံနဲ့တင် ထိတ်လန့်လာပါတော့တယ်။
အပိုင်း ၁၁၁•၁ ပြီး၏။