အပိုင်း ၁၁၀•၃
” ဒုတိယမြောက်ပေါင်းစည်းစွမ်းရည် ”
°°°
ပိုပြီးထူးဆန်းတဲ့မြင်ကွင်းက ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ မီးလျှံအလင်းတန်းတွေက အမှောင်ထုလေမုန်တိုင်းကို ဖြတ်သန်းလာရင်း နောက်ပြန်ရိုက်ခတ်ပျက်စီးကာပျောက်ကွယ်သွားစေပါတယ်။ သူတို့တွေက အပြည့်အ၀ဖြည့်စည်းနိုင်စွမ်းစေဖို့မလုံလောက်ပေမဲ့ အချိန်နဲ့အမျှအားနည်းလို့သွားစေခဲ့ပါတယ်။ တုကူရှန်ကွမ်းတို့ဆီကို မာရှောင်ထောင့်ရောက်ရှိချိန်မှာတော့ အမှောင်ထုလေမုန်းတိုင်းရဲ့တစ်၀က်ကျော်က ပျက်စီးသွားပြီဖြစ်နေခဲ့တယ်။
တုကူရှန်ကွမ်းတို့ကသာ ဘာမှကိုလုပ်နိုင်စွမ်းမရှိတော့ပါဘူး။ သူမကို တန်ပြန်တိုက်ခိုက်ဖို့က မဖြစ်နိုင်သလောက်ဖြစ်နေခဲ့ပါတယ်။ သူတို့သုံးယောက်ထဲနဲ့ မာရှောင်ထောင့်ရဲ့ အရှိန်ကိုဘယ်လိုများအနိုင်ယူန်ိုင်မှာလဲ။
တုကူရှန်ကွမ်းရဲ့ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပြီ သူ့ရဲ့အားအကောင်းဆုံးတိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် ဒေါသထွက်နေတဲ့မာရှောင်ထောင့်ကို ဘယ်သူမှတားလို့မရနိုင်ခဲ့ပါဘူး။
စင်တစ်ခုလုံးက ပြင်းထန်တဲ့မီးလျှံတွေအောက်မှာ ၀ါးမြိုခံနေခဲ့ရပါပြီ။ မာရှောင်ထောင့်ရဲ့မီးလျှံတွေပြန့်ထွက်လာချိန်မှာပဲ ကြည့်ရှု့နေသူတွေအားလုံးကတော့ လေထဲကိုလူသုံးယောက်မြောက်တက်သွားတာ မြင်လိုက်ရပါတော့တယ်။ ဒီလူသုံးယောက်ကို ကောင်းကင်ရန်သူတော်သော့်လော့က ကယ်တင်လိုက်ရတာပါ။ ဒါပေမယ့် တစ်ဖက်လူရဲ့တိုက်ခိုက်ပြင်းထန်တဲ့ရိုက်ခတ်မှုတွေကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ရပါတယ်။ ဒါ့အပြင် သူတို့တွေ၀တ်ဆင်ထားခဲ့တဲ့ စွမ်းအားပေါင်းစည်းမှုကလဲ ပျက်စီးသွားခဲ့ရပါပြီ။
တကယ်တော့လေးယောက်တိတိ အပေါ်ကိုလွှင့်ထွက်လာခဲ့တာပါ။ စွမ်းအားအလွန်အကျွံစိုက်ထုတ်ပြီတဲ့နောက် ပြိုလဲလုမတတ်ဖြစ်နေခဲ့တဲ့ ၀မ်ဟယ်ယွီကိုလဲ ကောင်းကင်ရန်သူတော်သော့်လော့က ကယ်တင်လိုက်ရပါတယ်။
ထိုက်ယွဲ့ဟန်နဲ့ မာရှောင်ထောင့်နှစ်ယောက်ထဲနဲ့တင် တိုက်ပွဲတွေကိုအဆုံးသတ်နိုင်တာမဟုတ်ပါဘူး။ ပေ့ပေ့ကလဲ သူ့ရဲ့အရမ်းကို ပြဿနာရှာနိုင်လွန်တဲ့ပြိုင်ဘက်ကို တစ်ပြိုင်နက်ထဲမှာပဲ အနိုင်ယူနိုင်ခဲ့ပါတယ်။ သူ့ကိုယ်ပိုင်အင်အားကို အသုံးချရင်းလုပ်နိုင်ခဲ့တာတော့မဟုတ်ပါဘူး။
သူ့ရန်သူတော်က အရမ်းကိုရက်စက်လွန်လှတဲ့အပြင် လျှပ်စီးတွေကိုလဲ အတိုင်းအတာအထိ အသုံးချနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပေ့ပေ့ရဲ့ လျှပ်စီးတွေကိုသူက ခုခံနိုင်စွမ်းရှိနေခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ပေ့ပေ့က သူ့ရဲ့မိုးပြာနဂါးဧကရာဇ်ခန္ဓာကိုယ်ကြောင့် အများကြီးသန်မာနေခဲ့တာပါ။ ဒီလိုကြောင့်သာ မဟုတ်ရင်တိုက်ပွဲထဲမှာ အခုလောက်အထိ တောင့်ခံနိုင်မှာမဟုတ်ပါဘူး။ ကြယ်တာရာအတားအဆီးပျက်စီးသွားပြီချိန်မှာပဲ ချန်ရှောင်ကျဲ့က တစ်စုံတစ်ရာလွဲမှားနေတာကို သတိထားမိလိုက်ပါတယ်။ ဒါကြောင့်အားအကောင်းဆုံးတိုက်ခိုက်မှုကို အသုံးပြုပြီး ပေ့ပေ့ကို တိုက်ခိုက်ချင်ခဲ့တယ်။ ဒီအချိန်မှာပဲ အနက်ရောင်အလင်းတန်းတစ်ခုက သူ့နောက်ဖက်မှာ ပေါ်ထွက်လို့လာခဲ့ပြီ ရုတ်တရက် သူ့ကို၀င်တိုက်ပါတော့တယ်။ ရှိရှိသမျှစွမ်းအားတွေအားလုံးနဲ့ ဒီအရာကိုခုခံပေမဲ့ အဲ့ဒီထူးထပ်အားကောင်းလွန်လှတဲ့ ရေခဲတွေက သူ့ကို၀ါးမြိုလို့သွားခဲ့တယ်။
ထူးဆန်းမြေအောက်လောကနေရာပြောင်းမှုက ဒီပြိုင်ပွဲမှာသူ့ရဲ့အသုံး၀င်မှုကို ကောင်းကောင်းဖော်ပြခဲ့တယ်။ နောက်ဆုံးမှာတော့ ထူးဆန်းမြေအောက်လောကနေရာပြောင်းရွေ့မှုရဲ့ အသုံး၀င်နိုင်စွမ်းက ပေါ်ထွက်လို့လာခဲ့ပါပြီ။ ဒီအချိန်မှာတော့ ပြောင်းရွေ့ခံလိုက်ရတဲ့သူက အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့ဖြစ်နေခဲ့ပါတယ်။ ပေ့ပေ့ရဲ့ဒဏ်ရာတွေက အတော်ကိုများပြားပေမဲ့ အပေါ်ယံအသားကိုသာ ထိရှတဲ့ဒဏ်ရာတွေဖြစ်နေခဲ့တာပါ။ ဒါကြောင့် ရှုစန်းရှီကသူ့နေရာကို ၀င်ယူလိုက်တဲ့အချိန်မှာတော့ ချက်ချင်းဆိုသလို လိုက်လျောဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါ့အပြင် သူကလဲ အချိန်ကိုက်လှုပ်ရှားတာဖြစ်နေခဲ့သလို ချန်ရှောင်ကျဲ့ရဲ့တစ်ကိုယ်လုံးကတော့ အစောပိုင်းတိုက်ခိုက်မှုကြောင့် တုန်ရီလို့နေခဲ့ပါပြီ။
ရှုစန်းရှီက ချန်ရှောင်ကျဲ့ကို သူ့ရဲ့အင်အားနဲ့နှေးကွေးအောင်မလုပ်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းရည်က မယှဥ်သာနိုင်လောင်အောင်မြန်တဲ့ ချန်ရှောင်ကျဲ့ကို လိုက်မီဖို့အတွက် လိုနေခဲ့ပါသေးတယ်။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့ထဲမှာ နောက်ထပ်ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်ရှိနေခဲ့သေးတယ်။ ရှုစန်းရှိီက ပေ့ပေ့နဲ့နေရာပြောင်းလိုက်ပြီးပြီချင်မှာပဲ ရေခဲပြာရောင်အလင်းတန်းတွေက ချန်ရှောင်ကျဲ့ရဲ့ခြေထောက်အောက်မှာ ပေါ်ထွက်လာခဲ့ပါပြီ။ ဒါကတော့ လင်းလော့ချန်ရဲ့ ပဥ္စမမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ရေခဲအလင်းတန်းတွေပါ။
ဒါပေမယ့် ဒီရေခဲအလင်းတန်းတွေက ပြိုင်ဘက်ကိုချုပ်နှောင်ဖို့အသုံးပြုတာမဟုတ်ပဲ တစ်ဖက်လူကိုဗဟိုပြုရင်း ပြုလုပ်တာဖြစ်ပါတယ်။ လင်းလော့ချန်ရဲ့ ထိန်းချုပ်မှုအောက်မှာ အလင်းတန်းတွေက အပြင်ကိုပြန့်ထွက်သွားခဲ့ပါပြီ။ တစ်ဖက်လူအနေနဲ့ ဘယ်လောက်ပဲမြန်ဆန်ပါစေ ဒီအလင်းတန်းတွေအောက်မှာ တိုက်ခိုက်ခံရမှာအမှန်ပါ။
လင်းလော့ချန်ကို ဟို့ယွိဟောင်က မထောက်ပံ့ပေးထားတော့တဲ့အတွက် သူ့ရဲ့ရေခဲတွေထဲမှာလဲ အဆုံးစွန်းရေခဲပါမနေခဲ့ပါဘူး။ ဒါပေမယ့် သူမအနေနဲ့ သူ့ထက်ပိုပြီးအားနည်းတဲ့အမြန်နှုန်းအမျိုးအစား၀ိညာဥ်ပညာရှင်ကိုတော့ ကောင်းကောင်းတားဆီးနိုင်ပါသေးတယ်။ ယာယီအေးခဲထားဖို့လဲ အဆင်ပြေနေခဲ့ပြီ အရှိန်နှုန်းကို ထိန်းချုပ်မှုက အနိုင်ရနိုင်တယ်ဆိုတဲ့ ရှေးရှေးကထဲက အယူအဆကို သက်သေပြနိုင်နေခဲ့တယ်။
ဒါဆိုရင် ရှုစန်းရှီလိုလူမျိုးက ဘယ်နေရာမှာအစွမ်းပြရမှာလဲ။ သူကမြေပြင်ပေါ်ရောက်နေပြီသားဖြစ်တဲ့ ကျောက်တုံးတစ်တုံးကို ပိုလွှင့်ထွက်သွားအောင် ကန်နိုင်တဲ့သူတစ်ယောက်ပါ။ ချက်ချင်းဆိုသလို တတိယ၀ိညာဥ်စွမ်းရည်ကို အသုံးပြုပြီတဲ့နောက် ပထမ၀ိညာဥ်စွမ်းရည်ကိုပါပေါင်းထည့်ပါတော့တယ်။ သူ့ရဲ့ဒိုင်ကာကြီးကို အသုံးပြုရင်း ချန်ရှောင်ကျဲ့ကို ဆက်တိုက်ဆိုသလိုရိုက်နှက်နေခဲ့တာပါ။ တိုက်ခိုက်မှုစွမ်းအားက သိပ်ပြီမပြောပြပေမဲ့ သူဒိုင်းကာကြီးနဲ့ ဖိနှိမ့်ခံထားရတာကတော့ ခံစားရမကောင်းလှပါဘူး။ ရွှမ်၀ူလိပ်နတ်ဒိုင်းကာကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖူးမှသာ ဒီဒိုင်းကာကြီးဘယ်လောက်လေးလံအီးစိမ့်နေမှန်းသိတယ်။ ဒါ့အပြင် မြေအောက်လောကအပြင်အင်အားနဲ့ မြေအောက်လောကတုန်ခါမှုနှစ်ခု အားဖြည့်ပေးထားမှုကြောင့် ချန်ရှောင်ကျဲ့ရဲ့ခန္ဓာကိုယ်က အလွန်အမင်ဒေါသထွက်နေတဲ့ပေ့ပေ့ဆီကို လွှင့်စင်ထွက်သွားပါတော့တယ်။ ပေ့ပေ့ကတော့ ပုံမှန်အတိုင်းနွေးထွေးတဲ့ကျောင်းတော်သားတစ်ယောက်လိုပြုံးနေဆဲပါ။ အဲ့ဒီနောက် မိုးကြိုးပြစ်သံတွေက စင်ပေါ်မှာဆက်တိုက်ဆိုသလို ထွက်ပေါ်လာပါတော့တယ်။ ကောင်းကင်ရန်သူတော်သော့်လော့က နာမည်ဘွဲ့ထူးရတဲ့ သော့်လော့တစ်ယောက်ဖြစ်နေခဲ့ပြီ ဒါပေမယ့် ပြိုင်ပွဲထဲမှာရှိရှိသမျှပြိုင်ပွဲ၀င်တိုင်းကို ကယ်တင်ဖို့တာ၀န်ကျလာချိန်မှာတော့ သူကိုယ်တိုင်လဲယောင်ရဲ့ခတ်နေခဲ့ပါတယ်။ အထူးသဖြင့် တိုက်ပွဲသုံးခုစလုံးက ဆက်တိုက်ပြီးဆုံးသွားချိန်မှာတော့ ပိုပြဿနာတက်နေခဲ့ရပါပြီ။
ဒါကြောင့် အန္တရာယ်အများဆုံးအခြေအနေကို ရင်ဆိုင်နေရသူတွေကို ဦးစားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ချန်ရှောင်ကျဲ့က ပေ့ပေ့ပြင်းပြင်းထန်ထန် ရိုက်နှက်တာခံနေခဲ့ရပြီ သူက၀ိညာဥ်ဘုရင်တစ်ယောက်ဖြစ်နေဆဲပါ။ သူကတော့ ၀ိညာဥ်ဘိုးဘေးအဆင့်သာရှိပါသေးတယ်။ ဒါကြောင့် ကောင်းကင်ရန်သူတော်သော့်လော့အနေနဲ့ ချန်ရှောင်ကျဲ့ဒဏ်ရာပြင်းပြင်းထန်ထန် မတွေးခဲ့ပါဘူး။ ဒါ့အပြင် ဘယ်လိုပဲကြည့်ပါစေ ပေ့ပေ့က နွေးထွေးကြင်နာတတ်တဲ့သူတစ်ယောက်ပုံစံပေါ်နေခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ ကောင်းကင်ရန်သူတော်သော့်လော့အနေနဲ့ ဒီလိုနွေးထွေးပြီကြည့်ကောင်းလှတဲ့လူငယ်လေးတစ်ယောက်က မျက်နှာနှစ်ဖက်ရှိနေခဲ့တာကို ဖောက်ထွင်းလို့မမြင်နိုင်ခဲ့ပါဘူး။
အစောပိုင်းတုန်းက ချန်ရှောင်ကျဲ့ရဲ့ရက်ရက်စက်စက်တိုက်ခိုက်ခံရတဲ့ပေ့ပေ့အနေနဲ့ တစ်ကိုယ်လုံးက သွေးအလိမ့်လိမ့်ဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် သူဒေါသကိုထိန်းထားနေရတာကလဲ အချိန်အတော်ကိုကြာနေခဲ့ပြီဖြစ်ပါတယ်။ ပေ့ပေ့က ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ကျေးဇူးကန်းသူတစ်ယောက်မဟုတ်ပေမဲ့ အငြိုးအတေးကိုဘယ်လိုကောင်းကောင်းချေမှုန်ရမလဲဆိုတာကို သိသူတစ်ယောက်ဖြစ်နေခဲ့တယ်။ ချန်ရှောင်ကျဲ့ပုခုံးကို သူ့နဂါးလက်သည်းနဲ့ကုတ်ဆွဲလိုက်ပြီတဲ့နောက် မြေပြင်ပေါ်မှာဖိထားပါတော့တယ်။ အဲ့ဒီနောက် လေပေါ်ကိုခုန်လိုက်ရင်း တံတောင်နှစ်ဖက်ကို အသုံးပြုကာချန်ရှောင်ကျဲ့ရဲ့ကျောကို စောင့်ချလိုက်ပါတယ်။
ပိုပြီးရက်စက်တဲ့ တိုက်ခိုက်မှုကတော့ ရှုစန်းရှီကပါ လေထဲမှာတစ်ပြိုင်နက်ထဲခုန်တက်ပြီ ပေ့ပေ့အတိုင်းလိုက်လုပ်ခဲ့တာပဲ။ သူတို့နှစ်ယောက်စလုံးက ချန်ရှောင်ကျဲ့ကို ငရုတ်ဆုံနဲ့ထောင်သလိုထောင်နေခဲ့ကြတာပါ။
ချန်ရှောင်ကျဲ့ကတော့ နာလို့အော်နေရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။ သူမလုပ်နိုင်ခင်အချိန်မှာပဲ ပေ့ပေ့က မိုးကြိုးတွေကိုအသုံးပြုရင်း မရေမတွက်နိုင်တဲ့ လျှပ်စီးတန်းတွေနဲ့အတူ မိုးကြိုးပြစ်ချပါတော့တယ်။
ရှုစန်းရှိီကလဲ တစ်ဖက်မှာသူ့ရဲ့မြေအောက်လောကတုန်ခါမှုတွေကို အသုံးပြုပြီး သူ့ဆီရောက်လာတဲ့လျှပ်စီးတန်းတွေကို တားဆီးလို့နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့အောက်မှာရှိနေခဲ့တဲ့ ပေ့ပေ့ကြောင့် သူလဲလွှင့်ထွက်သွားခဲ့ရပြန်ပါပြီ။ ပေ့ပေ့က ရှုစန်းရှိီကိုပါ ကန်ထုတ်လိုက်တာပါ။ မကြာခင်အချိန်မှာပဲ ပေ့ပေ့က မိုးကြိုးလက်သည်းရိုက်ချက်ဆယ့်ရှစ်ကွက်ကို ချန်ရှောင်ကျဲ့ပေါ်မှာ ဆက်တိုက်ဆိုသလို အသုံးပြုပါတော့တယ်။ချန်ရှောင်ကျဲ့ကတော့ လက်ရှိအချိန် ကောင်းကင်ရန်သူတော်သော့်လော့သာ လာမကယ်ခဲ့ရင်း ပေ့ပေ့ရဲ့လက်ထဲမှာသေချာပေါက် အသားကင်ကြွပ်ကြွပ်ရွရွလေးဖြစ်သွားလောက်ပါပြီ။
အမှန်တကယ်မှာတော့ တိုက်ပွဲအခြေအနေအပြောင်းအလဲက အသက်ရှုချိန် ခုနှစ်ကြိမ်လောက်သာကြာမြင့်ခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်အနေနဲ့ ထုတ်ဖော်ပြသခဲ့တဲ့အရာကတော့ ပူးပေါင်းဆောင်ရွက်မှုတွေတင်မကပဲ ကြောက်စရာကောင်းလောက်အောင် ပြင်းထန်တဲ့ပေါက်ကွဲဒေါသတွေပါ။
ကြယ်တာရာလော့ကျောင်းတော်ရဲ့ ကျောင်းသားခုနှစ်ယောက်ထဲမှာ ခြောက်ယောက်ကထုတ်ပယ်ခံလိုက်ရပါပြီ။ ထိုက်ယွဲ့ဟန်ကတော့ မင်းသမီးကျိုးကျိုးရဲ့အရှေ့မှာရပ်နေခဲ့ပါတယ်။ သူမကို သူကမတိုက်ခိုက်ခဲ့ပါဘူး။ အဲ့ဒီအစား အေးအေးဆေးဆေးသာ စိုက်ကြည့်နေခဲ့တယ်။
မင်းသမီးကျိုးကျိုးက စင်တစ်ဖက်ရဲ့အစွန်းကိုရောက်နေခဲ့ပြီသားဖြစ်နေခဲ့တယ်။ သူမတိုက်ခိုက်ခံရပြီတဲ့အချိန်ကစလို့ စိတ်အခြေအနေက ထိခိုက်လို့သွားခဲ့ရပါပြီ။ သူသတိပြန်၀င်လာချိန်မှာတော့ တိုက်ပွဲအခြေအနေတော်တော်များများက အဆုံးသတ်လို့နီးပါးဖြစ်နေခဲ့ပါတယ်။
ဘာတွေးလို့တွေးရမှန်းမသိဖြစ်နေခဲ့တဲ့ မင်းသမီးကျိုးကျိုးက စိတ်ထဲမှာပြောချင်နေတဲ့စကားတစ်ခွန်းရှိပါတယ်။ ငါရဲ့အသန်မာဆုံးတိုက်ခိုက်မှုကိုတောင် မသုံးရသေးဘူး။ ဒါဘယ်လိုလုပ်အဆုံးသတ်ရမှာလဲ။ လက်ရှိအချိန်မှာတော့ ဒါတွေပြောနေလို့အသုံးမ၀င်တော့မှန်း သူကိုယ်တိုင်လဲ ရှင်းရှင်းလင်းလင်းသိနေခဲ့ပါတယ်။ သူ့ရဲ့ကြယ်တာရာသရဖူက အခုထက်ပိုသန်မာနေခဲ့မယ်ဆိုရင်တောင် အမျက်ဒေါသအဖွဲ့တစ်ဖွဲ့လုံးကို သူတစ်ယောက်ထဲနဲ့ အနိုင်မယူနိုင်ပါဘူး။
” ကျိုးကျိုးအရှုံးပေးလိုက်တော့ ”
ထိုက်ယွဲ့ဟန်က ပြောလာခဲ့ပါတယ်။ ကြယ်အလင်းလေလံပွဲက သေချာပေါက် သူတို့ပထမဆုံးတွေ့ဆုံခဲ့တဲ့နေရာမဟုတ်ခဲ့ပါဘူး။ သူမကိုကြည့်တဲ့သူ့ရဲ့အကြည့်တွေက ထူးဆန်းရှုပ်ထွေးနေခဲ့သလို နွေးထွေးမှုတွေလဲ ပါ၀င်လို့နေခဲ့ပါတယ်။
” ငါနင့်ကိုအရှုံးမပေးနိုင်ဘူး ”
ကျိုးကျိုးက အေးစက်မှုအပြည့်နဲ့သာ ပြန်ဖြေခဲ့ပါတယ်။ အဲ့ဒီနောက် ပြိုင်ပွဲစင်မြင့်ကနေ လှည့်ထွက်ကာခုန်ချလို့သွားခဲ့ပြီ အဖွဲ့လိုက်တိုက်ပွဲပြီးဆုံးမှုကို အချက်ပြလို့သွားခဲ့တယ်။
ပြိုင်ပွဲကအတော်ကို တိုတောင်းခဲ့သလို ကြည့်နေရှုသူတွေတော်တော်များများကလဲ အကောင်းမွန်ဆုံးတိုက်ပွဲတွေကို မမြင်လိုက်ရပါဘူး။ ဒါပေမယ့် တိုက်ပွဲရဲ့ပြင်းထန်မှုက စင်ရဲ့ပျက်စီးမှုနဲ့အတူ ရှင်းရှင်းလင်းလင်းထွက်ပေါ်နေခဲ့ပါတယ်။
တိုက်ပွဲတစ်ခုလုံးကို ကြယ်တာရာလော့ကျောင်းတော်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့အခြေအနေကနေ အမျက်ဒေါသကျောင်းတော်ရဲ့ ရုတ်တရက်ပြောင်းပြန်လှန်မှုက ဖြစ်ပေါ်လာခဲ့ပါတယ်။ တိုက်ပွဲတစ်ခုလုံးက ပြင်းထန်ရုံတင်မကပဲ အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းနေခဲ့တယ်။ အထူးသဖြင့် တိုက်ပွဲတစ်ခုလုံးထဲမှာ စိတ်ခံစားချက်အမြင့်အနှိမ့်ပေါင်းစုံကို ကြုံတွေ့ခဲ့ရတဲ့အမျက်ဒေါသကျောင်းတော်အတွက်တော့ ပိုပြီးမှန်ကန်ခဲ့ပါတယ်။
မာရှောင်ထောင့်က သူ့ရဲ့ပြိုင်ဘက်စင်ပေါ်က ခုန်ဆင်းသွားတာကို ကြည့်ရင်း လင်းလော့ချန်ဆီကို ချက်ချင်းပြေး၀င်လို့သွားခဲ့ပြီ အော်ပါတော့တယ်။
” ငါကိုဖိနှိမ့်ဖို့ မြန်မြန်ကူညီပေး ”
လက်ရှိအချိန်မှာ သူမရဲ့ မျက်လုံးတွေက အရမ်းကိုအရောင်ပြောင်းနေခဲ့ပြီဖြစ်သလို ရူးသွားမဲ့ပုံစံလဲပေါ်နေခဲ့ပါတယ်။ လင်းလော့ချန်လဲ လုံး၀ကိုအချိန်မဖြုန်းပါဘူး။ သူမရဲ့ရေခဲတုတ်ချောင်းကို မာရှောင်ထောင့်နဖူးပေါ်မှာတင်လိုက်ရင်း ရေခဲအလင်းတန်းတွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။ ပေါက်ကွဲထွက်မတတ်ဖြစ်နေခဲ့တဲ့ မီးလျှံတွေကို သူမပြင်းပြင်းထန်ထန် ဖိနှိမ့်လိုက်ပါပြီ။
အေးစက်တဲ့အငွေ့အသက်တွေက မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီတဲ့နောက်မှာပဲ သူမရဲ့အမူအရာကလဲ အနည်းငယ်ပြန်ကောင်းမွန်လာပါတော့တယ်။ ဒါပေမယ့် မျက်၀န်းထဲမှာရှိနေတဲ့ အနီရင့်ရောင်အလင်းတန်းကတော့ အပြည့်အ၀ပြန်မကောင်းသေးပါဘူး။
မင်းသမီးကျိုးကျိုးခုန်ဆင်းသွားတာကိုကြည့်ရင်း ထိုက်ယွဲ့ဟန်ကတော့ အဲ့ဒီနေရာမှာတင် ရပ်နေခဲ့ပါတော့တယ်။ သိပ်မကြာခင်အချိန်မှာပဲ ပြန်လှည့်လို့လာခဲ့ပြီ သေးငယ်တဲ့အပြောင်းအလဲတချို့ကသူ့ရဲ့ မျက်လုံးထဲမှာ ဖြတ်ပြေးလို့သွားခဲ့ပါတယ်။ ပိုမိုအေးစက်တဲ့အလင်းတန်းတချို့က လှဲကျနေတဲ့ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုကြည့်လိုက်ချိန်မှာတော့ သူ့မျက်၀န်းထဲမှာ ထင်ရှားလို့လာခဲ့ပါပြီ။
အမှန်ပါပဲ။ မင်းသမီးကျိုးကျိုးကို အနိုင်ယူလိုက်တာ သူမဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းက သူကိုယ်တိုင်လဲ ဒဏ်ရာအနည်းငယ်ရနေခဲ့တာပါ။ ဒါ့အပြင် သူရင်ဆိုင်နေရတဲ့ လူလေးယောက်ကို အနိုင်ယူနိုင်ဖို့အင်အားအပြည့်အ၀လဲရှိမနေခဲ့ပါဘူး။ ဒီလူလေးယောက်ကို ချန်ရှောင်ကျဲ့နဲ့ တိုက်ခိုက်နေရတဲ့ပေ့ပေ့ကလဲ မတိုက်ခိုက်နိုင်တာအမှန်ပါ။ အဲ့ဒီအချိန်မှာ ဒီအဖွဲ့တစ်ဖွဲ့လုံးကို သူတစ်ယောက်ထဲနဲ့ ထိန်းထားနိုင်မယ်ဆိုရင်တောင် အသက်ရှင်နိုင်ချေက ဘယ်လောက်များမှာလဲ တိုက်ပွဲရလဒ်ကိုပြောပြဖို့က ခက်ပါလိမ့်မယ်။ အနည်းဆုံးတော့ တစ်ဖက်လူတွေအနိုင်ရနိုင်ချေက ပိုပြီးများနေခဲ့တယ်။
အမှန်တကယ်သာ စဥ်းစားကြည့်မယ်ဆိုရင်တိုက်ပွဲတစ်ခုကိုတောင် ပြောင်းပြန်ဆွဲလှန်ပြစ်နိုင်တာကတော့ လှဲကျနေတဲ့ကလေးနှစ်ယောက်ပါပဲ။ ဒါပေမယ့် သူတို့တွေဘယ်လိုများ လုပ်နိုင်ရတာလဲ အခုအချိန်မှာ သတိလစ်နေပြီဖြစ်တာကြောင့် သူတို့ကိုမေးလို့လဲမရနိုင်ခဲ့ပါဘူး။ သူတို့တွေက အဖွဲ့ရဲ့အနိုင်ရရှိမှုအတွက် စစ်မှန်တဲ့သော့ချက်တွေဖြစ်နေခဲ့ပါတယ်။ လင်းလော့ချန်နဲ့ ရှုစန်းရှီတို့ကသာ သူတို့ဘယ်လိုလုပ်လိုက်လဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတာပါ။
အပိုင်း ၁၁၀•၃ ပြီး၏။