အပိုင်း ၁၁၀•၁
” ဒုတိယမြောက်ပေါင်းစည်းစွမ်းရည် ”
°°°
” မင်းတို့တွေဘာကို စောင့်နေကြတာလဲ မာကျောတဲ့အတားအဆီးပြုတ်ကျသွားတဲ့အချိန် မင်းတို့ဖောက်ထွက်ဖို့လိုတယ် ”
ရွှေရောင်လမ်းအဆုံးသတ်သွားတဲ့အချိန်မှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ခန္ဓာကိုယ်တွေကို ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်က လက်တွေကိုဆန့်ထုတ်ထားခဲ့ပြီ ၀မ်သုန့်ကတော့ သူ့ရဲ့ညာဘက်လက်ကို မြောက်ထားခဲ့တယ်။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ချိန်မှာတော့ မျက်၀န်းတွေထဲမှာ ကိုယ်ပုံရိပ်ကို ကိုယ်မြင်နေကြရပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့၀ိညာဥ်တွေက ချိတ်ဆက်လို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်က ၀မ်သုန့်ညာဘက်လက်ကို ဆုပ်ကိုင်လိုက်ရင်း သူ့ရဲ့လက်ဖ၀ါးနှစ်ခုကြားထဲမှာ ညှပ်ထားခဲ့ပါတယ်။ လောကတစ်ခုလုံးထဲမှာ တန်ဖိုးအကြီးဆုံးရတနာကို ကာကွယ်ထားတဲ့အတိုင်း ပြုမှုနေခဲ့တယ်။ သူ့ရဲ့လက်ဖ၀ါးတွေထိစက်သွားတဲ့အချိန်မှာကတော့ ဟို့ယွိဟောင်ရဲ့လက်တွေက ရေခဲဖြူရောင်အဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ တစ်ဖက်မှာ၀မ်သုန့်ရဲ့ညာဘက်လက်ကတော့ ထူးထူးဆန်းဆန်းရွှေရောင်ပြောင်းသွားခဲ့ပါတယ်။ လက်ဖ၀ါးသုံးခုချိတ်ဆက်နေချိန်မှာတော့ သူတို့ခန္ဓာကိုယ်ထဲကနေ ရုတ်တရက်ဆိုသလို ကြောက်စရာကောင်းတဲ့လေစီးကြောင်းလေးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။
မူလအချိန်တုန်းက ရှိနေခဲ့တဲ့မြူခိုတွေအားလုံးကလဲ လေပေါ်မှာမှိုပွင့်ကြီးအသွင်ပြောင်းလဲနေပြီ ထိတ်လန့်မှုတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ အခုအချိန်မှာတော့ လင်းလော့ချန်နဲ့ ရှုစန်းရှီတို့ဘာတွေဖြစ်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်းခံစားသိမြင်သွားရတော့တယ်။ လက်ရှိအချိန်သူတို့ရဲ့ခံစားချက်ကို စကားနဲ့ထုတ်မပြောနိုင်ပါဘူး။ အရှေ့မှာရှိနေခဲ့တဲ့ မြင်ကွင်းကလဲ လန့်စရာကောင်းလို့ပါပဲ။
ရွှေရောင်အလင်းတန်းတွေထဲမှာ အဖြူရောင်ရောင်စဥ်တွေက ဖြာထွက်လို့နေခဲ့ပြီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ခန္ဓာကိုယ်တွေက ပျောက်ကွယ်သွားပါတော့တယ်။ အဲ့ဒီနောက် အလင်းတန်းတွေရဲ့ အနောက်ဖက်မှာ ပိန်ပါးသေးသွယ်တဲ့ လူရုပ်သွင်တစ်ခုက ထွက်ပေါ်လာခဲ့ပါပြီ။
နှစ်မီတာ၀န်းကျင်ရှိတဲ့ အဲ့ဒီရုပ်သွင်က အတော်လေး ပိန်ပါးသွယ်လျတဲ့ခန္ဓာကိုယ်နဲ့အတူ ရှည်လျားတဲ့အနက်ရောင်ဆံပင်တွေက သူ့ပုခုံးပေါ်ကို ၀ဲကျလို့နေခဲ့ပါတယ်။ ဒါ့အပြင် စိန်ပွင့်တွေနဲ့ စီးချယ်ထားတဲ့ တရုတ်ရိုးရာ၀တ်စုံကိုလဲ ၀တ်ဆင်လို့ထားခဲ့တယ်။ သူ့ရဲ့မျက်လုံးတွေက ကျောက်စိမ်းရောက်တောက်ပလို့နေခဲ့ပြီ စူးရှတဲ့ကျောက်စိမ်းရောင်နဲ့မတူညီပဲ ကျောက်မျက်ရတနာတစ်ခုကို အဆုံးမဲ့တဲ့အစွမ်းအစတွေနဲ့ ပြည့်နှက်လို့နေခဲ့ပါတယ်။ ရုပ်ရည်တစ်ခုထဲနဲ့တင် သူက ဟို့ယွိဟောင်နဲ့ ရှစ်ဆယ်ရာခိုင်နှုန်းတူညီနေခဲ့တာပါ။ သူကြီးပြင်းလာခဲ့ရင် ဖြစ်ပေါ်လာမဲ့ရုပ်သွင်လဲ ဖြစ်လာနိုင်ချေရှိပါတယ်။
သူပေါ်ထွက်လာတာနဲ့ ရေခဲမြူခိုတွေက ကြောက်စရာကောင်းလွန်တဲ့အရှိန်နှုန်းနဲ့ ပျောက်ကွယ်လို့သွားခဲ့ပြီ ပင်လယ်ထဲစီးဆင်းသွားတဲ့ မြစ်တစ်စင်းလိုမျိုး ပျောက်ဆုံးသွားပါတော့တယ်။ လင်းလော့ချန်ရဲ့ ကိုယ်ပိုင်စွမ်းအားတွေတောင် မြန်မြန်ဆန်ဆန်စုပ်ယူခံနေရပြီ။
လင်းလော့ချန်က အတော်လေးထက်မြက်တဲ့သူဖြစ်တာကြောင့် ဒီစွမ်းအားစုပ်ယူမှုကို မတားဆီးခဲ့သလို နှောင့်ယှက်ဖို့လဲမလုပ်ခဲ့ပါဘူး။ တခြားတစ်ဖက်မှာကတော့ သူ့ရဲ့ရေခဲမြူခိုတွေကို အစွမ်းကုန်ထုတ်လွှတ်နေခဲ့ပါတော့တယ်။ မြူခိုတွေအမြန်အဆန်ပျောက်ကွယ်နေပေမဲ့ လင်းလော့ချန်က သူတို့ကိုဖုံးကွယ်တော့မဲ့အနေအထားတစ်ခုချန်ထားဆဲပါ။
တစ်ဖက်မှာရှိနေခဲ့တဲ့ ရုပ်သွင်က၀ိုးတ၀ါးဖြစ်နေခဲ့ပေမဲ့ တကယ်အစစ်အမှန်လို ခံစားချက်ကိုပေးစွမ်းနေခဲ့ပါတယ်။ သူ့ရဲ့ညာဘက်လက်ကို ဆန့်ထုတ်ပြီ အလင်းလုံးတစ်ခုကို လက်ပေါ်မှာဖန်တီးလိုက်ပါတယ်။ အလင်းတန်းက ရုတ်တရက်ဆိုသလို အစိုင်အခဲတစ်ခုအသွင်ပေါ်ပေါက်လို့လာခဲ့ပြီတဲ့နောက် အဲ့ဒီလူကလဲ လေထဲမှာပျောက်ကွယ်သွားပါတော့တယ်။ သူပျောက်ကွယ်သွားပြီချိန်မှာပဲ ရှုစန်းရှီနဲ့ လင်းလော့ချန်တို့ရဲ့ နှလုံးသားတစ်ခုလုံးကြောက်စရာကောင်းတဲ့အရှိန်အဟုန်တစ်ခုနဲ့ တိုက်ခိုက်ခံလိုက်ရတာကို ခံစားလိုက်ရပါတယ်။ မကြာခင်အချိန်အတွင်းမှာပဲ ကြယ်တာရာအတားအဆီးရဲ့ရှေ့မှာရှိတဲ့ လေဟာနယ်က ကြိုးပြတ်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ကြီးမားတဲ့တူကြီးတစ်လက်ပေါ်လာပါတော့တယ်။
တူကြီးရဲ့ခေါင်းက ဘယ်လိုမဲမှောင်နေခဲ့ပြီ အစွန်းနှစ်ဖက်မှာကတော့ ကျောက်စိမ်းရောင်လိုအချွန်တွေ ပါ၀င်လို့နေခဲ့ပါတယ်။ သူ့ရဲ့လက်ကိုင်တစ်ဖက်ကတော့ စိန်ပွင့်တွေနဲ့ ပြုလုပ်ထားတာပါ။ ဒီတူကြီးပေါ်လာတာနဲ့ ထူးခြားပြီဘယ်တုန်းကမှ မကြားဖူးမမြင်ဖူးခဲ့တဲ့ တစ်၀ှီး၀ှီးမြည်သံတွေလဲ လေထဲမှာထွက်ပေါ်လာပါတော့တယ်။ လေထုကိုယ်တိုင်ကိုက သူ့ရဲ့တည်ရှိမှုနဲ့အတူ ဝေ့၀ဲရိုတ်ခတ်နေသလိုပါပဲ။ တူရဲ့အစွန်းနှစ်ဖက်မှာရှိနေတဲ့ အချွန်တွေက ကျောက်စိမ်းရောင်အလင်းတန်းတွေနဲ့ တောက်ပလို့လာခဲ့ပြီ တူရဲ့ခေါင်းကတော့ ရွှေရောင်အလင်းတန်းတွေ ဖြာထွက်လို့နေခဲ့ပါတယ်။ လက်ကိုင်ကတော့ ရေခဲဖြူရောင်အလင်းတန်းတွေ တောက်ပလို့နေခဲ့ပြီ မတူညီတဲ့အလင်းသုံးခုက တစ်ပြိုင်နက်ထဲပေါက်ကွဲထွက်လို့လာတော့တယ်။ အဲ့ဒီနောက် ထူးခြားဆန်ပြားတဲ့ တူကြီးက ရုတ်တရက်ဆိုသလို သုံးမီတာကျော်ကြီးမားလို့သွားခဲ့ပြီ သွေးနီရောင်အလင်းတန်းတွေ ပြောင်းလဲလို့သွားပါပြီ။
သွေးနီရောင်အလင်းတန်းက ရှိရှိသမျှအလင်းသုံးခုစလုံးကို စုပ်ယူ၀ါးမြိုလိုက်တာကြောင့် အရှေ့မှာရှိနေခဲ့တဲ့ ကြယ်တာရာအတားအဆီးတောင်မှ တုန်ခါလာပါတော့တယ်။ မမြင်ရတဲ့လက်တစ်စုံက ကြီးမားတဲ့တူကြီးကို ထိန်းချုပ်နေတဲ့အတိုင်း အရှေ့ကိုပြေးထွက်လာရင် တိုက်ခိုက်လာပါပြီ။
မင်းသမီးကျိုးကျိုးမြင်လိုက်တဲ့ တစ်ခုတည်သောအရာကတော့ တူကြီးဆင်းသက်လာတာပါပဲ။ ကြယ်တာရာအတားအဆီးပေါ်ကို သွေးနီရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားတာသာ ခံစားလိုက်ရပြီတဲ့နောက် သူမရဲ့နှလုံးသားပေါ်ကို ပြင်းထန်တဲ့ရိုက်ချက်တစ်ခု ကျဆင်းလာနေမှန်း သိလိုက်ရပါတော့တယ်။ အဲ့ဒီနောက် ကျယ်လောင်တဲ့အသံနဲ့အတူ သူမရဲ့နဖူးပေါ်မှာရှိနေတဲ့ကြယ်တာရာသရဖူက တစ်ချွင်ချွင်မြည်သံနဲ့အတူ ပျက်စီးလို့သွားခဲ့ပါပြီ။
ကြယ်တာရာသရဖူရဲ့အလယ်ဗဟိုမှာရှိတဲ့ ကျောက်မျက်ရတနာကလဲ စတင်အက်ကွဲလာတော့မဲ့အရိပ်အယောင်တွေပြနေပါတော့တယ်။ အဲ့ဒီနောက် သူမရဲ့အတားအဆီးကလဲ ချက်ချင်းဆိုသလို ပျက်စီးလို့သွားခဲ့ပါပြီ။ သွေးနီရောင်အလင်းတန်းက တစ်စလေးတောင်မချန်ပဲ ပျက်စီးလို့သွားပြီတဲ့နောက် ရေခဲမြူခိုတွေလဲ အလိုလိုပျောက်ကွယ်သွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ စင်ပေါ်မှာနောက်တစ်ကြိမ်ပေါ်ထွက်လာခဲ့ပါပြီ။ လက်ရှိအချိန်မှာ ၀မ်သုန့်က ဟို့ယွိဟောင်ရဲ့နောက်ကျောပေါ်မှာ မီထားခဲ့ပြီ သတိလစ်နေပုံပါပဲ။
ဟို့ယွိဟောင်ကတော့ ခေါင်းကြည်နေဆဲဖြစ်သလို ပူပြင်းလောင်မြိုက်တဲ့အကြည့်တွေနဲ့ အရှေ့ကိုကြည့်နေခဲ့ပါတယ်။ ညာဘက်လက်ကတော့ နဖူးကိုဖိထားခဲ့ပြီ လေထဲကိုတော့ ဒုတိယ တတိယနဲ့ စတုတ္ထလက်ချောင်းတွေသုံးရင် ညွှန်ပြထားခဲ့ပါတယ်။
ချက်ချင်းဆိုသလို ထူးဆန်းတဲ့အစိမ်းရောင်အလင်းတန်းက ကောင်းကင်မှာတစ်ချက် ပေါ်လာပြီတဲ့နောက် ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် အဲ့ဒီအလင်းတန်းက မာရှောင်ထောင့်ကို ပိတ်ဆို့ထားခဲ့တဲ့ အဆုံးစွန်းအတားအဆီးဆီ ပြေ၀င်သွားခဲ့တာပါ။
သူဒီလိုလက်ညိုးညွှန်လိုက်ပြီမှာပဲ ဟို့ယွိဟောင်ရဲ့ မျက်၀န်းအကြည့်တွေက မှောင်မိုက်လို့သွားပါတော့တယ်။ အဲ့ဒီနောက် အဝေးမှာရှိတဲ့ မင်းသမီးကျိုးကျိုးကို ထူးမခြားနားပုံစံနဲ့ သူလှမ်းကြည့်ခဲ့တယ်။ နောက်ဆုံးမှာတော့ ၀မ်သုန့်နဲ့အတူတူ မြေပြင်ပေါ်ကိုလှဲကျလို့သွားပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့မျက်၀န်းတွေထဲမှာ မောက်မာမှုတွေတင်မကပဲ ကျေနပ်တာထက်ပိုတဲ့ အရိပ်အယောင်တွေအပြည့်ရှိနေခဲ့တာပါ။
” ဒင် ”
ရုတ်တရက်ဆိုသလို အဆုံးစွန်းအတားအဆီးရဲ့အပေါ်မှာရှိတဲ့သံသတ္ထုဘောလုံးကလဲ ပြင်းထန်တဲ့အက်ကွဲသံနဲ့အတူ စတင်အက်ကွဲပါတော့တယ်။ မူလအချိန်မှာတောက်ပနေခဲ့တဲ့ ရွှေရောင်အလင်းတန်းက ကြောက်စရာကောင်းလောက်တဲ့အရှိန်နှုန်းနဲ့ မှောင်မိုက်လို့လာပြီတဲ့နောက် အသက်ရှုချိန်နှစ်ကြိမ်အတွင်းမှာပဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ မီးခိုရောင်ပြောင်းလဲသွားခဲ့တဲ့ သံသတ္ထုဘောလုံးအရောင်နဲ့အတူ အတားအဆီးကလဲ အရမ်းကိုပါးလျလို့လာပါတော့တယ်။ ရေခဲမြူခိုတွေက စင်ပေါ်ကိုမဖုံးကွယ်ထားတော့ကြောင့် ကြည့်နေသူတွေနဲ့ကြယ်တာရာလော့ဧကရာဇ်တို့လဲ ဘာတွေဖြစ်နေမှန်း ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။
သူ့ရဲ့ညီမငယ်လေးလိုပဲ ကြယ်တာရာလော့ဧကရာဇ်တောင် ပြောလိုက်မိတဲ့စကားတစ်ခွန်းတောင် မဖြစ်နိုင်လိုက်တာ မဖြစ်နိုင်လိုက်တာ။
အပြင်ကနေကြည့်မယ်ဆိုရင် ကြယ်တာရာအတားအဆီးက မင်းသမီးကျိုးကျိုးရဲ့ လေးခုမြောက်၀ိညာဥ်စွမ်းရည်ပါ။ အမှန်တကယ်မှာတော့ ဒီအရာကအလွယ်တကူသုံးနိုင်တဲ့ အရာမဟုတ်ပါဘူး။ ကြယ်တာရာသရဖူရဲ့ အစွမ်းအစက သာမန်သိုင်းပညာ၀ိညာဥ်တွေထက်ကို အများကြီးပိုပြီးသာလွန်ပါတယ်။ အားကောင်းတဲ့သိုင်းပညာ၀ိညာဥ်တော်တော်များများတောင် သူ့ကို ယှဥ်နိုင်ဖို့မလွယ်ကူနိုင်ပါဘူး။ ဒါပေမယ့် သူ့ကိုလေ့ကျင့်မှုထက် ပိုပြီးခက်ခဲတဲ့အရာကတော့ ဘယ်လိုအသုံးပြုရမလဲဆိုတာပါပဲ။ ကြယ်တာရာသရဖူကို ပိုင်ဆိုင်ထားတဲ့၀ိညာဥ်ပညာရှင်တစ်ယောက်က ညအချိန်မှာသာ လေ့ကျင့်နိုင်မှာဖြစ်သလို သူတို့ရဲ့ကျင့်ကြံဆင့်ကို ပိုတိုးမြင့်စေလာဖို့အတွက် ကြယ်တာရာတွေရဲ့စွမ်းအားကို အသုံးချဖို့လိုအပ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့၀ိညာဥ်စွမ်းရည်တွေကိုစုစည်းထားတဲ့ ကြယ်တာရာစွမ်းအားတွေ ထုတ်သုံးရင်းနဲ့သာ အသုံးပြုနိုင်ပါလိမ့်မယ်။ ဒါကြောင့်သာ ကြယ်တာရာစွမ်းအားတွေကို အများဆုံးအသုံးပြုရတဲ့ စွမ်းအားက ကြယ်တာရာအတားအဆီးဖြစ်နေခဲ့တာပါပဲ။
မင်းသမီးကျိုးကျိုးရဲ့နဖူးပေါ်မှာရှိနေခဲ့တဲ့ ကြယ်တာရာဆယ်ရှစ်လုံးက ဆယ့်ရှစ်ရက်တိတိစွမ်းအားတွေကို စုပ်ယူထားရတာပါ။ ဒါပေမယ့် ကြယ်တာရာအတားအဆီးရဲ့စွမ်းအားက ပိုင်ရှင်ဖြစ်သူရဲ့ကျင့်ကြံဆင့်တိုးတက်လာရုံနဲ့အတူ ဆက်တိုက်ဆိုသလို တိုးမြင့်နိုင်စွမ်းရှိတဲ့အပြင် ၀ိညာဥ်စက်ကွင်းတွေရဲ့ အရေအတွက်အလိုက်သက်ရောက်မှုမရှိနိုင်တဲ့တစ်ခုတည်သောရှားပါးစွမ်းရည်ပါပဲ။ သူ့ရဲ့တန်ပြန်ရိုက်ခတ်မှုဆိုးကျိုးတွေကလဲ သိသာထင်ရှားပါတယ်။ တစ်ကြိမ်သုံးပြီခဲ့ပြီဆိုရင် နောက်တစ်ကြိမ် ထပ်သုံးနိုင်ဖို့အတွက် ဆယ်ရှစ်ရက်တိတိစောင့်ဆိုင်းရမှာပါ။
ဒီလိုများပြားတဲ့အကြောင်းအရင်းတွေကြောင့်သာ ကြယ်တာရာအတားအဆီးရဲ့ ခုခံနိုင်စွမ်းကလဲ သူမတူအောင်ထူးခြားပြီကြောက်စရာကောင်းနေခဲ့တာဖြစ်ပါတယ်။ ခုခံမှုစွမ်းရည်တစ်ခုတင်မကပဲ လက်ရှိအချိန်မှာ မင်းသမီးကျိုးကျိုးကို ခုခံရေးအမျိုးအစား ၀ိညာဥ်ဧကရာဇ်တစ်ယောက်ရဲ့ အစွမ်းအစရနိုင်လောက်တဲ့အထိ ကူညီပေးနိုင်တဲ့အစွမ်းသတ္တိလဲ ဖြစ်နေခဲ့တယ်။ ဒါကြောင့်သာ သူမရော ဧကရာဇ်ကိုယ်တ်ိုင်ပါ ဒီပြိုင်ပွဲကိုယုံကြည်ချက်အပြည့်ရှိနေခဲ့ကြတာလဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာကတော့ သူတို့ယုံကြည်အားကိုးထားခဲ့ရတဲ့ခုခံစစ်က ပျက်စီးလို့သွားခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့ လက်ရှိအခြေအနေကို ကြည့်လိုက်မယ်ဆိုရင် သူတို့အနေနဲ့ ဒီလိုလုပ်ဆောင်ချက်မျိုးကို အောင်မြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးနီးပါပဲ။ ဒါပေမယ့် ကြယ်တာရာအတားအဆီးရဲ့အကာအကွယ်က သက်သေပြနေတာတစ်ခုထဲရှိပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ မြူနှင်းထဲကကျောင်းတော်သားလေးယောက်ထဲမှာ တစ်ယောက်က ကြယ်တာရာအတားအဆီးကို ဖျက်ဆီးနိုင်တဲ့အစွမ်းအစရှိနေတာပါ။
အဲ့ဒီနောက် ပိုပြီးကြောက်စရာကောင်းတဲ့မြင်ကွင်းက ဖြစ်ပေါ်လာပါတော့တယ်။ ပိုပြီးတော့တောင် အားကောင်းသေးတဲ့ အဆင့်ခုနှစ်အမျိုးအစား၀ိညာဥ်လက်နက်တစ်ခုက အဆုံးစွန်းခုခံမှုအတားအဆီးတစ်ခုအဖြစ်ကျော်ကြားတာပါ။ အဲ့ဒီအရာကလဲ ပျက်စီးလို့သွားခဲ့ရပါတယ်။
°°°°
” ငါသန့်စင်ပြီတဲ့နောက်မှာ ၀ိညာဥ်၀ါးမြိုထွင်းထုရေးဓားက မပျောက်ကွယ်သွားဘူး…သူ့အထဲမှာ ပါ၀င်နေတဲ့ရွှေလိုအသက်ရဲ့ ကြီးမားတဲ့အသက်စွမ်းအားတွေက မင်းအနေနဲ့ လက်ရှိအချိန်မှာ လက်ခံနိုင်ဖို့မလုံလောက်သေးဘူး ဒါကြောင့်သာ ပြီးပြည့်စုံတဲ့ ထွင်းထုရေးဓားအသစ်တစ်ခုကို မင်းပိုင်ဆိုင်နိုင်တာပဲ ရွှေလိုအသက်ရဲ့တကယ်စွမ်းအားအစစ်အမှန်ကို ဖော်ပြနိုင်ဖို့က အများကြီးလိုမယ်…ဒါကိုအတော်လေး စဥ်းစားလိုက်ပြီတဲ့နောက် ငါသူ့ကို နာမည်ပြောင်းဖို့ဆုံးဖြတ်လိုက်ပြီးပြီ အသက်ကာကွယ်ရေးအစောင့်အရှောက်တဲ့ ဒီအသက်ကာကွယ်ရေးအစောင့်အရှောက်က အသက်စွမ်းအားကို ထိန်းသိမ်းထားနိုင်ရုံတင်မကဘူး အသက်စွမ်းအားကိုလဲ ထိန်းသိမ်းနိုင်တယ်…ဒီထူးခြားတဲ့စွမ်းရည်က လူတစ်ယောက်ရဲ့ အသက်စွမ်းအားကို အဆုံးအဖြတ်ပေးတာကြောင့် သူ့ကိုပြန်လည်ရှင်သန်ထမြောက်မှုလို့ခေါ်မယ်…ဒါ့အပြင် စုပ်ယူခံရတဲ့ အသက်စွမ်းအားကလဲ အသက်စွမ်းအားရဲ့အစောင့်အရှောက်ဆီကို ပြန်ပြီးရောက်ရှိနိုင်တယ် ”
ဒီလောကထဲမှာရှိရှိသမျှ လူတိုင်းကအသက်စွမ်းအားကို ပိုင်ဆိုင်ပါတယ်။ ဒါပေမယ့် ပြန်လည်ရှင်သန်ထမြောက်မှုကတော့ ကိုယ်ပိုင်အသက်စွမ်းအားတွေကို မစောင့်ရှောက်ထားသူသာ ပစ်မှတ်ထားတာပါ။ အကယ်၍ ခုခံမှုနဲ့ကြုံတွေ့ရမယ်ဆိုရင်တော့ သူ့ရဲ့သက်ရောက်မှုတွေအားလုံးကို ဆုံးရှုံးရမှာဖြစ်ပါတယ်။ ဒါ့အပြင် လောကကြီးထဲမှာ ရှိရှိသမျှ၀ိညာဥ်လက်နက်တွေအားလုံးကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ အင်အားကြီး၀ိညာဥ်လက်နက်တစ်ခုဖြစ်လာလိမ့်မယ်။
°°°
မာရှောင်ထောင့်က ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံမယ်ဆိုရင် သူ့နာမည်မာရှောင်ထောင့်လို့ခေါ်နေမှာတောင်မဟုတ်ပါဘူး။ အဆုံးစွန်းအတားအဆီးထဲမှာ ပိတ်ဆို့ခံနေရတဲ့ အချိန်တစ်လျှောက်ဒီနေရာကနေ လွှတ်မြောက်နိုင်ဖို့ဆက်တိုက်ကြိုးစားနေခဲ့ပါတယ်။ မာရှောင်ထောင့်ရဲ့စိတ်အခြေအနေက ဘယ်လိုများရှိတဲ့သူလဲ သူမက မီးပွားလေးနည်းနည်းကျလိုက်ရုံနဲ့ ဆက်တိုက်ပေါက်ကွဲနိုင်တဲ့ ယမ်းစလိုသူမက ဒါ့အပြင် ဒေါသကြောင့်ခေါင်းကိုအမှောင်ဖုံးခံစေမဲ့သူမျိုးလဲ မဟုတ်ပါဘူး။ တခြားတစ်ဖက်မှာကတော့ သူမရဲ့ရမ်းကားတတ်တဲ့စိတ်နဲ့ ဆန့်ကျင်ဖက်ဖြစ်အောင်ပဲ ထက်မြက်မှုကိုပိုင်ဆိုင်လို့ထားခဲ့ပါတယ်။
စမ်းသပ်တိုက်ခိုက်မှုပြီးတဲ့နောက်မှာတော့ ဒီအတားအဆီးကို သူ့ရဲ့ကျင့်ကြံဆင့်နဲ့ မဖျက်ဆီးနိုင်မှန်း နားလည်လို့သွားပါတော့တယ်။ အနည်းဆုံးတော့ ဒီအချိန်တိုလေးအတွင်းမှာပဲ ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီနောက် ကောင်းမွန်ဆုံးရွေးချယ်မှုကို သူမစတင်လုပ်ဆောင်ပါတော့တယ်။ ဒါကတော့ အတားအဆီးထဲမှာ တင်ပလ္လင်ခွေချိတ်ရင်း သူမကုန်ဆုံးသွားခဲ့တဲ့၀ိညာဥ်စွမ်းအားတွေအားလုံးကို ပြန်လည်ဖြည့်တင်းနေတာပါပဲ။ တစ်ချိန်ထဲမှာပဲ အပြင်မှာဖြစ်နေတဲ့ကိစ္စတွေအားလုံးကို ဆက်တိုက်လေ့လာလို့နေခဲ့ပါတယ်။
အကယ်၍ သူမသာ ဒီအတားအဆီးထဲကအရာအားလုံးကို တစ်ချက်ထဲနဲ့ ရှင်းပြစ်နိုင်မယ်ဆိုရင် အနိုင်ရမယ်ဆိုတာကို သိနေခဲ့တယ်။ ဒါပေမယ့် ပြိုင်ဘက်တွေက သူမကိုတန်ပြန်တိုက်ခိုက်ဖို့ ဒီလို၀ိညာဥ်လက်နက်အထိ သုံးထားပြီဆိုမှတော့ သူမဘယ်လောက်ပဲ တိုက်ခိုက်ပါစေ ထိုက်ယွဲ့ဟန်လို ထိုးဖောက်ဖို့မလွယ်ကူနိုင်ပါဘူး။ ဒါကြောင့် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းဖို့သာ ဆုံးဖြတ်လိုက်ပါတယ်။
သူတို့ပြိုင်ဘက်တွေက ဘယ်လိုနည်းလမ်းကိုပဲအသုံးပြုပါစေ သူမရှိနေသရွေ့ ဒီပြိုင်ပွဲက အလွယ်လေးအဆုံးသတ်မှာမဟုတ်ပါဘူး။ အမျက်ဒေါသကျောင်းတော်ရဲ့ စွမ်းအားအလုံးစုံက သူမကိုဆုံးရှုံးမှသာ ပျက်စီးသွားမှာပါ။ ထိုက်ယွဲ့ဟန် ဦးဆောင်တဲ့အဖွဲ့ကလဲ အလွယ်လေးအနိုင်ယူနိုင်ဖို့မလွယ်ကူပါဘူး။ အနည်းဆုံးတော့ သူတို့ရဲ့ ပြိုင်ဘက်တွေက သူတို့ကို အနိုင်ရဖို့အတွက် အတော်လေးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လို၀ိညာဥ်လက်နက်ကများ မိုးကောင်းကင်ကို မှထားနိုင်တဲ့အထိ အချိန်အကြာကြီးတိုက်ခိုက်နိုင်မှာလဲ။ ဒါကြောင့်သာ မာရှောင်ထောင့်အနေနဲ့ အတားအဆီးပျက်စီးချိန်မှာ စွမ်းအားအပြည့်အ၀ရှိနေပြီ ပြိုင်ဘက်တွေကို တိုက်ခိုက်နိုင်တာပါ။ သူမက တိုက်ပွဲထဲမှာဖြစ်နေမဲ့အရာအားလုံးကို ဆက်တိုက်အာရုံစိုက်နေခဲ့ပါတယ်။ ပြိုင်ဘက်တစ်ယောက်ချင်းဆီတိုင်းရဲ့ အခြေအနေရဲ့ အစွမ်းအစတွေကို ကောင်းကောင်းလေ့လာသုံးသပ်နေခဲ့တယ်။ တန်ပြန်တိုက်ခိုက်ဖို့ကို သူမစောင့်ဆိုင်းနေတယ်ဆိုတာ ပြိုင်ဘက်တွေရဲ့အားအနည်းဆုံးအရာတွေကို ထိခိုက်အောင်လုပ်နိုင်ဖို့ပါပဲ။ သူမက ဘယ်တုန်းကမှ ကိုယ့်ကိုကိုယ်ယုံကြည်ချက်နှိမ့်ပါးတဲ့သူမဟုတ်ခဲ့ပါဘူး။ ဒီယုံကြည်ချက်က သူမရဲ့အဆုံးစွန်းအင်အားကနေလာတာပါ။ သူမ မကျရှုံးသရွေ့ သူမရဲ့အဖွဲ့လဲ လုံး၀မရှုံးနှိမ့်နိုင်ဘူးဆိုတာ ကောင်းကောင်းသိနေခဲ့ပါတယ်။
အပိုင်း ၁၁၀•၁ ပြီး၏။