အပိုင်း ၁၀၉•၃
” အဆုံးစွန်းအတားအဆီးနှင့် ကြယ်တာရာအကာအကွယ် ”
°°°
ဟို့ယွိဟောင်လဲ ဘာလုပ်ရမလဲတောင်မသိခဲ့ပါဘူး။ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက အသုံးမ၀င်တော့တာကြောင့် အတော်လေးကို အကြပ်တွေ့တဲ့အချိန်မှာ ရောက်နေခဲ့ပါပြီ။ ၀မ်သုန့်ရဲ့ စိုးရိမ်တကြီးအသံက သူ့ရဲ့စိတ်ဖိစီးမှုကို ပိုပြီးတိုးမြင့်စေပါတယ်။ ဒီပြိုင်ပွဲရဲ့ပွဲစဥ်က အတော်ကို ကျုံ့နိုင်စွမ်းဖြစ်နေခဲ့ပါပြီ။ ဒီလိုကူကယ်ရာမဲ့နေမှုက သူလုံး၀ကို လိုက်မမီနိုင်ပဲ ကျင့်ကြံဆင့်ကွာခြားချက်ကြောင့် အဓိကဖြစ်နေတာပါ။
” မင်းဘာဖြစ်လို့ ဒီလိုမျိုးကူကယ်ရာမဲ့နေလဲသိရဲ့လား ”
သူခေါင်းထဲမှာအိုမင်းတဲ့အသံတစ်သံက ထွက်ပေါ်လာပါတော့တယ်။
” အကြီးအကဲယိ ”
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို အသိစိတ်ကနေပြန်ပြောလိုက်ပါတယ်။
( လျှပ်စီးဧကရာဇ် ညီမျှခြင်းအကြီးအကဲယိ )
လျှပ်စီးဧကရာဇ်က သူ့ရဲ့ကိုယ်ပိုင်မေးခွန်းကို သူဘာသာသူပြန်ဖြေလိုက်ပါတယ်။
” ဘာကြောင့်လဲဆိုတော့ မင်းကိုယ်ကိုအပြည့်အ၀နားမလည်သေးလို့ပဲ မင်းကစွမ်းအားထိန်းချုပ်မှုကို အပြည့်အ၀ကျုံ့နိုင်တဲ့အဆင့်အထိ မရောက်သေးဘူး…အသုံးလဲမပြုထားဘူး လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို မြင့်တင်တာက အရေးကြီးပေမဲ့ အကယ်၍ မင်းကကိုယ်ပိုင်အစွမ်းအစကို နားမလည်နိုင်ဘူးဆိုရင် ဘယ်လောက်ပဲကြိုးကြိုးစားစားကျင့်ကြံပါစေ ထိပ်ဆုံးကိုရောက်နိုင်မှာမဟုတ်ပါဘူး…ဒီပြိုင်ပွဲပြီတဲ့နောက် မင်းကိုတံခါးပိတ်ကျင့်ကြံနေစေချင်တယ်..အဲ့ဒီစွမ်းအားက အရာအားလုံးကို တစ်ချိန်ထဲမှာ ဆုံးဖြတ်နိုင်ဖို့ကူညီပေးလိမ့်မယ်…မင်းပိုင်ဆိုင်သမျှအရာအားလုံးကို ထိန်းချုပ်နိုင်မဲ့စွမ်းရည်က မသင့်တော်တဲ့အခြေအနေမျိုးမှာ ကြုံတွေ့ရမဲ့ပြဿနာတွေအားလုံးကို ဖြေရှင်းပေးနိုင်တယ်…ဒါမှသာစစ်မှန်တဲ့အင်အားကို ရရှိနိုင်မှာပဲ အခုတော့ငါမင်းကိုပြောတဲ့အတိုင်း ဆက်ပြီလုပ်ရမယ် ”
” ယွိဟောင် ငါတို့ဘာလုပ်ကြမလဲ ”
၀မ်သုန့်ရဲ့ မျက်လုံးထဲမှာဟို့ယွိဟောင်က လုံး၀ကို ရပ်တန့်နေခဲ့တာပါ။ ဒီလိုအခြေအနေက အရမ်းကိုအရေးကြီးနေခဲ့ပါပြီ။ သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ဒီအလင်းတန်းအတားအဆီးကို မဖောက်ထွက်နိုင်မှန်းလဲ သိနေခဲ့ပါတယ်။ ဒီတိုက်ပွဲထဲမှာ သူနဲ့ဟို့ယွိဟောင်ပေါင်းစည်းမှသာအနိုင်ရနိုင်ချေကရှိပါတယ်။
ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေက တောက်ပလာပြီတဲ့နောက် သူအော်လိုက်ပါတော့တယ်။
” အစ်မကြီးလင်း ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကို ဖုံးကွယ်တားဆီးထားဖို့ ရေခဲမြူခိုတွေရဲ့စွမ်းအားကို ဆက်ပြီထိန်းထားပေး ၀မ်သုန့် ငါတို့တိုက်ခိုက်မယ် ”
သူပြောပြီတဲ့နောက် ရုတ်တရက်ဆိုသလို လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ၀မ်သုန့်ကို တင်းတင်းကျပ်ကျပ်ဖက်လိုက်ပါပြီ။ သူ့ရဲ့စိတ်၀ိညာဥ်နဲ့ ၀ိညာဥ်စွမ်းအားတွေက တစ်ပါးထဲဖြစ်အောင်ပေါင်းစည်းသွားပါတော့တယ်။
°°°
” ပြိုင်ဘက်ရဲ့အင်အားက ကြယ်တာရာအစွမ်းကနေလာတာ ကြယ်တာရာအစွမ်းရဲ့ မူလအရင်းအမြစ်ဆိုတာဘာလဲ အလင်းပဲ သူတို့တွေဘယ်လောက်ပဲ အထဲပိုင်းမှာခိုင်မာနေပါစေ အားလုံးကအလင်းတန်းတွေနဲ့ ပြုလုပ်ထားတာ ပြောရမယ်ဆိုရင် အားလုံးက အလင်းတန်းတွေရဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်ပဲ ”
လျှပ်စီးဧကရာဇ်က ပြောနေခဲ့ပါတယ်။
°°°
ရေခဲမြူခိုထဲမှာတော့ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ရွှေရောင်ဖျော့ဖျော့တောက်ပနေခဲ့ပါပြီ။ တခြားတစ်ဖက်မှာတော့ ၀မ်သုန့်က တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကို ထုတ်လွှတ်လို့ထားခဲ့ပါတယ်။ အပြာရောင် ခရမ်းရောင်နဲ့ ရွှေရောင်တွေက ဆက်တိုက်ဆိုသလို ပေါင်းစည်းပြီတဲ့နောက် ကြီးမားတဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က စိတ်၀ိညာဥ်မျက်လုံးကြီးနဲ့ ပေါင်းဖက်လိုက်ပါတော့တယ်။ ဒီလိုဝေ၀ါးတဲ့အလင်းတန်းနဲ့အတူ ကြီးမားတဲ့ရွှေရောင်မျက်၀န်းကြီးက အရှေ့ကို စိုက်ကြည့်လိုက်ပါပြီ။ အပြာရောင် ခရမ်းရောင်နဲ့ ရွှေရောင်အလင်းတန်းတွေ တစ်ခုနဲ့တစ်ခု ပေါင်းစည်းပြီတဲ့နောက် အဆုံးမဲ့တဲ့လောကကြီးကို မြင်တွေ့စေတဲ့မျက်၀န်းက စတင်ဖြစ်ပေါ်လာပါတော့တယ်။
လှပလွန်တဲ့မှော်ဆန်းဆန်အရောင်တွေနဲ့အတူ အလင်းတန်းတွေက ကြယ်တာရာအတားအဆီးကို တိုက်ခိုက်ပါတော့တယ်။
မြူခိုတွေနဲ့ တားဆီးခံထားရတာကြောင့် ကြည့်နေသူဘယ်သူကမှ ကြယ်တာရာအတားအဆီးထဲမှာ ဘာတွေဖြစ်နေလဲမမြင်နိုင်ပါဘူး။ မင်းသမီးကျိုးကျိုးတောင်မှ နေရာကိုသာသိနိုင်ပြီ ဘာတွေဖြစ်နေလဲမသိပဲရှိနေခဲ့ပါတယ်။
ရေခဲမြူခိုတွေက ရုတ်တရက်ပြောင်းလဲလို့သွားခဲ့ပါပြီ။ အဆုံးစွန်းစွမ်းအားတွေ ပျောက်ကွယ်သွားသလိုပါပဲ။ ဒါပေမယ့် မင်းသမီးကျိုးကျိုးရဲ့ အာရုံစိုက်မှုကတော့ ထိုက်ယွဲ့ဟန်ဆီမှာသာ ရှိနေခဲ့ပါတယ်။ ၀မ်ဟယ်ယွီရဲ့ ဒုတိယတိုက်ခိုက်မှုက ထိုက်ယွဲ့ဟန်ကို ထိတော့မှာပါ။ ဒါကအနိုင်ရဖို့အဓိကအကြောင်းအရင်းပါပဲ။ အကာအကွယ်အတားအဆီးရဲ့ အပြင်ဘက်မှာရှိတဲ့ လူလေးယောက်ကို လုံး၀လျစ်လျုရှုထားလိုက်ပါပြီ။ ဟို့ယွိဟောင်က အင်မတန်ပါရမီရှိသူမှန်း သူမသိပေမဲ့ သူအတွက်တော့ခြိမ်းခြောက်မှုတစ်ခုမဟုတ်ခဲ့ပါဘူး။
ဒါပေမယ့် မင်းသမီးကျိုးကျိုးရဲ့ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားရပါတော့တယ်။ ကြယ်တာရာအတားအဆီးရဲ့ ရွှေရောင်တောက်ပမှုက ရုတ်တရက်ဆိုသလို တောက်ပတဲ့ရွှေရောင်အလင်းတန်းကြီးအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ အစောပိုင်းတုန်းက ကြယ်အလင်းတွေနဲ့ တူညီတဲ့အလင်းတန်းက နောက်တစ်ကြိမ် တောက်ပလာပါတော့တယ်။ သူမရှေ့မှာဖြစ်နေတဲ့အရာတွေကို ၀ိုးတ၀ါးသာ မြင်လိုက်ရပြီတဲ့နောက် ကြီးမားတဲ့မျက်လုံးကြီးတစ်စုံပေါ်ထွက်လာတာကို သတိထားမိလိုက်ပါတော့တယ်။
မကြာခင်အချိန်အတွင်းမှာပဲ ကြောက်စရာကောင်းလောက်အောင် ရှာဖွေတွေ့ရှိသွားရတာကတော့ သူ့ရဲ့ကြယ်တာရာအတားအဆီးက အရည်ပျော်သွားခဲ့တာပဲ ဖြစ်နေခဲ့တယ်။ တစ်စက်စက်ကျဆင်းနေတဲ့ ရွှေရောင်အလင်းတန်းတွေက အတားအဆီးရဲ့မျက်နှာပြင်ပေါ်မှာ ရှိနေခဲ့ပါပြီ။ ဒါ့အပြင် သူမအစောပိုင်းတုန်းက ဆက်တိုက်ဆိုသလိုထည့်သွင်းအသုံးပြုနေခဲ့တဲ့ ၀ိညာဥ်စွမ်းအားကလဲ အတင်းအကြပ်တားဆီးခံရပြီ ရပ်တန့်သွားပါတယ်။
မဖြစ်နိုင်လိုက်တာ လက်ရှိအချိန်မှာတော့ ထိုက်ယွဲ့ဟန်ကို တိုက်ခိုက်ဖို့သူအတွေးရှိမနေတော့ပါဘူး။ အပြင်ဘက်မှာရှိတဲ့လူလေးယောက် ဘယ်လိုများလုပ်လိုက်လဲဆိုတာ မတွေးတတ်ပဲဖြစ်နေခဲ့ပါတယ်။
လောကကြီးထဲမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပဲဖြစ်နေခဲ့တယ်။ ကြယ်တာရာအတားအဆီးဖြတ်ထုတ်ခံရပြီတဲ့နောက် ထိုက်ယွဲ့ဟန်က ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို ပြန်တုန့်ပြန်လိုက်ပါတယ်။
မျက်စိကျိန်လောက်တဲ့ အဖြူရောင်အလင်းတန်းတွေ သူ့ခန္ဓာကိုယ်က ရုတ်တရက်ထွက်ပေါ်လာပြီတဲ့နောက် ကြီးမားတဲ့ကျားဖြူအသွင်သဏ္ဍာန်ကြီးက သူ့ခန္ဓာကိုယ်နဲ့ပေါင်းစည်းသွားပါတော့တယ်။ ထိုက်ယွဲ့ဟန်က ဒေါသတကြီးနဲ့ ဟိန်းဟောက်ရင်း သူ့ရဲ့ပထမ တတိယ ပဥ္စမနဲ့ ဆဋ္ဌမ၀ိညာဥ်စက်ကွင်းတွေအားလုံးကို အတူတူပေါင်းစည်းလိုက်ပါတယ်။
အင်အားကိုအားဖြည့်ပေးတဲ့ စွမ်းအားသုံးခုစလုံးက တစ်ပြိုင်နက်ထဲမှာ အထွဠ်အထိပ်အဆင့်ကို ရောက်ရှိလို့သွားပါပြီ။
ဒါ့အပြင် တစ်ပေကျော်ရှည်လျားတဲ့ ရွှေရောင်ကျားလက်သည်းတွေက အေးစက်တဲ့အလင်းတန်းတွေနဲ့ တောက်ပလို့နေခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်က ရုတ်တရက်လေထဲမှာ ပျောက်ကွယ်လို့သွားခဲ့ပြီ ရွှေရောင်အလင်းတန်းတွေနဲ့အတူ ကြီးမားတဲ့ သတ်ဖြတ်သင်္ကေတကြီးက လေထဲမှာနောက်တစ်ကြိမ်ထပ်မံပေါ်ထွက်လာခဲ့ရင်း ကျားရဲ့ခန္ဓာကိုယ်နဲ့ တိုက်ခိုက်ပါတော့တယ်။ လက်ရှိအချိန်မှာတော့ ပြင်းထန်တဲ့ဆွဲဖြဲသံတွေက ကြယ်တာရာအတားအဆီးထဲမှာ ဖြစ်ပေါ်နေခဲ့ပါပြီ။ ကျားနှစ်ကောင်ရဲ့ အော်သံကပတ်၀န်းကျင်တစ်ခုလုံးကို မွှေနှောက်ပြစ်ပါတော့တယ်။
၀မ်ဟယ်ယွီရဲ့ တခြားသူတွေက တကယ်ကို အင်အားကြီးတာအမှန်ပါ။ စွမ်းအားပေါင်းစည်းမှုကို အသုံးပြုထားတဲ့အတွက် ၀ိညာဥ်သူတော်စင်အလယ်အဆင့်လောက်အထိကို အင်အားရှိနေခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်ကတော့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်အဖြစ်သာ ရှိပါသေးတယ်။
မင်းသမီးကျိုးကျိုးက ၀မ်ဟယ်ယွီကို အရှေ့ဆုံးမှာ ရွေးချယ်ခံထားရတာ အကြောင်းအရင်းတစ်ခုသာရှိပါတယ်။ သူမက ထိုက်ယွဲ့ဟန်ရဲ့ ကျားဖြူသိုင်းပညာ၀ိညာဥ်နဲ့ အင်မတန်ကိုရင်းနှီးတာကြောင့် ထိုက်ယွဲ့ဟန်ကို တန်ပြန်တိုက်ခိုက်ဖို့အတွက် အထူးဗျူဟာကို သေချာဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် ကွာခြားချက်ကသိပ်ပြီမကြီးမားပါဘူး။ သူမရဲ့အားဖြည့်မဲ့အကူအညီနဲ့အတူ ၀ိညာဥ်စက်ကွင်းတွေရဲ့ဖိနှိမ့်မှုက ပျောက်ကွယ်သွားနိုင်ပါတယ်။ လက်ရှိအချိန်မှာ သူတို့က ထိုက်ယွဲ့ဟန်ကို ဘာအကြောင်းမှကြောက်စရာအကြောင်းမှရှိမနေခဲ့ပါဘူး။
ကိစ္စတွေကတော့ အစီအစဥ်အတိုင်းဖြစ်မလာပဲရှိနေပါတယ်။ မင်းသမီးကျိုးကျိုးမထင်မှတ်ထားမိတဲ့ကိစ္စကတော့ တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်လာခဲ့တဲ့ ၀မ်ဟယ်ယွီက ဒုတိယရဲ့တိုက်ခိုက်မှုအရှုံးကြောင့် စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲဖြစ်သွားမှာပါပဲ။
ဒီလိုစိတ်ပိုင်ဆိုင်ရာအပြောင်းအလဲက ထိုက်ယွဲ့ဟန်ကြောင့်မဟုတ်ပဲ အစောပိုင်းတုန်းက သူတိုက်ခိုက်ဖူးတဲ့မာရှောင်ထောင့်ကြောင့် ဖြစ်နေခဲ့ပါတယ်။ မာရှောင်ထောင့်ရဲ့အင်အားက တွေးမထားနိုင်လောက်တဲ့အထိကို ကြီးမားနေခဲ့သလို မင်းသမီးကျိုးကျိုးရဲ့ အထောက်အပံ့ကို ရပြီတာတောင် သူမနဲ့တိုက်ခိုက်ချိန်မှာ ၀မ်ဟယ်ယွီက လုံး၀ကို ကူကယ်ရာမဲ့ခဲ့ရပါတယ်။ မာရှောင်ထောင့်က ထိုက်ယွဲ့ဟန်ထက်အများကြီးပိုပြီး သန်မာတာကို ရှင်းရှင်းလင်းလင်းသူမြင်ခဲ့ရတယ်။ ထိုက်ယွဲ့ဟန်ကို သူတို့အနိုင်ယူပြီတဲ့နောက် သူတို့ရဲ့နောက်ပစ်မှတ်က မာရှောင်ထောင့်ဖြစ်လာတော့မှာပါ။
ဒါကြောင့် အစောပိုင်းအစီအစဥ်အရ ထိုက်ယွဲ့ဟန်ကို အနိုင်ယူဖို့အတွက် သူ့ရဲ့ပဥ္စမ၀ိညာဥ်စွမ်းရည်ကို ၀မ်ဟယ်ယွီထုတ်မသုံးခဲ့ပါဘူး။ အဲ့ဒီအစား တတိယ၀ိညာဥ်စွမ်းရည်ကို ထုတ်သုံးခဲ့ပါတယ်။ ဒါက နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်ထက် သိသိသာသာကို အားနည်းတဲ့နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်တစ်ခုပါ။ ဒါပေမယ့် ဆက်တိုက်ဆိုသလို သွေးတွေအန်ပြီ လှဲကျလုမတတ်ဖြစ်နေခဲ့တဲ့ ထိုက်ယွဲ့ဟန်က မကြာခင်အချိန်အတွင်းမှာ သူတို့ကို အလဲထိုးနိုင်မဲ့ပုံစံဖြစ်နေခဲ့ပါတယ်။
အပေါင်းအဖော်တွေရဲ့ အကူအညီနဲ့အတူ သူအသုံးပြုလိုက်တဲ့ နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်က ၀ိညာဥ်သူတော်စင်တစ်ယောက်ရဲ့စွမ်းအားကိုတောင် လိုက်မီနိုင်ဖို့တူညီလုနီးပါးအဆင့်ရှိနေပါတယ်။ ဒါကြောင့် သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကို မာရှောင်ထောင့်နဲ့ရင်ဆိုင်ဖို့အဆင်သင့်ပြင်ထားပြီတဲ့အခြေအနေမှာ ရောက်နေခဲ့ပါပြီ။ လူလေးယောက်ရဲ့ပေါင်းစည်းစွမ်းအားနဲ့ ၀ိညာဥ်စွမ်းရည်ကို အသုံးပြုတာက သူခန္ဓာကိုယ်ခံနိုင်စွမ်းအတွက် များပြားလွန်နေခဲ့ပါတယ်။ ဒါကြောင့်သာ သူတို့က လူလေးယောက်ကိုသာပေါင်းစည်းပြီ ငါးယောက်ကိုမပေါင်းစည်းခဲ့တာပါပဲ။ လူငါးယောက်ရဲ့၀ိညာဥ်စွမ်းအားကို တောင့်ခံနိုင်ဖို့အတွက် ၀မ်ဟယ်ယွီရဲ့ခန္ဓာကိုယ်က အားနည်းလို့နေခဲ့ပါသေးတယ်။
နောက်ထပ် လူတစ်ယောက်ကိုတိုက်ခိုက်ရဦးမှာဖြစ်တာကြောင့် ၀မ်ဟယ်ယွီရဲ့ဆုံးဖြတ်ချက်က အတော်လေးကို မှန်ကန်ခဲ့ပါတယ်။ ဒါပေမယ့် ထိုက်ယွဲ့ဟန်က အမျက်ဒေါသကျောင်းတော်ရဲ့လူတစ်ယောက်ပါ။ သူက မိစ္ဆာတစ်ကောင်လိုလဲ ကျော်ကြားသူဖြစ်တဲ့သူအပြင် အရမ်းကို အတွေ့အကြုံကြွယ်၀လွန်သူလဲ ဖြစ်နေခဲ့ပါတယ်။ လွှတ်လမ်းမရှိတာကို သိပြီတဲ့နောက် သူ့ရဲ့အဆုံးစွန်းအလားအလာက ပိုမိုတိုးတက်လို့သွားခဲ့ပါပြီ။ ဒီလိုအချိန်တိုလေးအတွင်းမှာပဲ ၀မ်ဟယ်ယွီရဲ့ အားနည်းချက်ကို ချက်ချင်းအမိဖမ်းနိုင်သွားခဲ့ပါတယ်။
လူလေးယောက်၀ိညာဥ်စွမ်းအားပေါင်းစည်းမှုရဲ့ရလဒ်က လူတစ်ယောက်ရဲ့၀ိညာဥ်စွမ်းအားကို အဆုံးစွန်းအထိ ကြောက်စရာကောင်းလောက်အောင် မြင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် တန်ပြန်ရိုက်ခတ်မှုကလဲ ရှိနေခဲ့တယ်။ ဒီဆိုးကျိုးရိုက်ခတ်မှုက အင်မတန်ကိုရိုးရှင်းသလို သူတို့ရဲ့တိုက်ခိုက်မှုတွေက တစ်ကြိမ်တစ်ခါသာ အသုံးပြုနိုင်မှာပါ။
နတ်ဆိုးကျားရဲ့ တုန်ခါမှုကို စွမ်းအားအပြည့်နဲ့အသုံးချပြီတဲ့နောက် ဒီအရာက ခပ်မြန်မြန်မပြောင်းလဲနိုင်တော့ပါဘူး။ ထိုက်ယွဲ့ဟန်က သူ့ရဲ့အသန်မာဆုံး၀ိညာဥ်စွမ်းရည်ကို အသုံးချပြီအင်အားဖြည့်တင်းတဲ့ စွမ်းအင်သုံးခုရဲ့အနောက်မှာ နောက်ထပ် ၀ိညာဥ်စွမ်းရည်တစ်ခုကို ထပ်ပေါင်းထည့်လိုက်ပါတော့တယ်။
ကျားဖြူဖယ်ရှားမှု
ဒီအနီးကပ်တိုက်မှုစွမ်းရည်က သူ့ကိုခုန်ရှောင်နိုင်အောင် ကူညီပေးရုံတင်မကပဲ ဆက်တိုက်ရောက်ရှိလာတဲ့ ဘေးဘက်ကတိုက်ခိုက်မှုခြောက်ခုကိုလဲ အားကုန်သုံးပြီ ဖယ်ရှားစေနိုင်ခဲ့ပါတယ်။
ထိုက်ယွဲ့ဟန်က သွေးတွေပူပြီအန်နေခဲ့ပေမဲ့ ဒီအခြေအနေကိုအသုံးချရင်း အဝေးမှာရှိတဲ့ ပေ့ပေ့ဆီကို ခုန်၀င်လို့သွားပါပြီ။
အခွင့်အရေးကို ဆုံးရှုံးသွားပြီတဲ့နောက် နောက်ထပ်ဆိုးကျိုးတစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။ တစ်ဖက်မှာရှိတဲ့လူလေးယောက်က ပေါင်းစည်းမှုအင်အားလျော့နည်းနေဆဲပါ။ ထိုက်ယွဲ့ဟန်ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် သူ့ရဲ့ပြိုင်ဘက်တွေက နေရာအတိအကျမသိသရွေ့ နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ထိခိုက်အောင်လုပ်ဖို့မလွယ်ကူနိုင်ပါဘူး။
” ငတုံးကောင်တွေ ”
မင်းသမီးကျိုးကျိုးက စိတ်မထိမ်းနိုင်ပဲအော်ဆဲပါတော့တယ်။ ဆိုးရိုးစကားရှိတဲ့အတိုင်းပါပဲ။ အားနည်းတဲ့အဖွဲ့တစ်ခုက အားကောင်းတဲ့ပြိုင်ဘက်တစ်ယောက်ကို ထိခိုက်အောင်မလုပ်နိုင်ပါဘူး။
သူမပိုပြီးအခြေအနေဆိုးသွားစေတဲ့ကိစ္စကတော့ သူ့ရဲ့ကြယ်တာရာအတားအဆီးက ပေါက်ကွဲသံကြီးနဲ့အတူ ပျက်စီးသွားတာပါပဲ။
” မင်းတို့သိုင်းပညာ၀ိညာဥ် ပေါင်းစည်းစွမ်းရည်ဖြစ်တဲ့ ရွှေရောင်လမ်းရဲ့အင်အားက အရာအားလုံးကို ပျော်ကြပြီတိုက်စားစေနိုင်တယ်…ဒါကအလင်းနဲ့ စိတ်၀ိညာဥ်စွမ်းအားရဲ့ပေါင်းစည်းမှုပဲ မင်းတို့လူငယ်တွေရဲ့ စွမ်းအားက မျဥ်းဖြောင့်တစ်ကြောင်းထဲသွားပေမဲ့ ဒီလိုတည်ငြိမ်နေတဲ့ အတားအဆီးကို ထိခိုက်အောင်လုပ်ဖို့ ပြဿနာမရှိနိုင်ဘူး…အကယ်၍ ပြိုင်ဘက်မှာသာ တခြားပစ္စည်းတွေအားလုံးကိုသီးခြားခွဲခြားပြစ်နိုင်တဲ့ ၀ိညာဥ်စွမ်းရည်ရှိနေမယ်ဆိုရင် မင်းတို့အနေနဲ့ လုပ်ဖို့လိုတဲ့တစ်ခုတည်သောအရာက ရွှေရောင်လမ်းကိုအသုံးပြုပြီး အထဲကနေတိုက်စားပြစ်ဖို့ပဲ ”
လျှပ်စီးဧကရာဇ်က ဒီလိုပြောခဲ့ပါတယ်။
ရွှေရောင်လမ်းက ကြယ်တာရာအတားအဆီးကို တိုက်ခိုက်ချိန်မှာပဲ တိုက်စားမှုစတင်ဖြစ်ပေါ်လာတာကို ဟို့ယွိဟောင်ခံစားမိပါတော့တယ်။
အတိတ်အချိန်မှာ ရွှေရောင်လမ်းက သူ့ရဲ့လမ်းဖြောင့်မဖြောင့်အတိုင်းရှိနေတဲ့ ဘယ်အရာကိုမဆို တိုက်စားပြစ်နိုင်ပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ သူတားဆီးခံရတာပါပဲ။ ဒါပေမယ့် ချက်ချင်းဆိုသလို တောက်ပတဲ့သုံးရောက်ခြယ်အလင်းတန်းတွေက ကြယ်တာရာအတားအဆီးပေါ်ကို ဆက်တိုက်ဆိုသလို ဖြန့်ကျက်ရင်းနေရာယူပါတော့တယ်။
သူ့ရဲ့စိတ်ထဲမှာ တစ်စုံတစ်ရာဆူပွက်လာနေတာကို ဟို့ယွိဟောင် ရုတ်တရက်ခံစားလိုက််မိပါတယ်။ ထူးဆန်းတဲ့စွမ်းအားက သူ့နဖူးတည့်တည့်ကနေ ဖြတ်သန်းလို့သွားပြီတဲ့နောက် သူ့ရဲ့စိတ်ကိုလမ်းညွှန်ရင်း ရွှေရောင်လမ်းကိုထိန်းကျောင်းပေးနေခဲ့ပါတယ်။ ဒီထူးဆန်းတဲ့စွမ်းအားရဲ့အကူအညီနဲ့အတူ ပျက်စီးတိုက်စားမှုတွေရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့ရပါပြီ။
ဟို့ယွိဟောင်က စိတ်၀ိညာဥ်စွမ်းအားကို ဆက်တိုက်ထိန်းချုပ်နေခဲ့ရင်း တိုက်စားမှုကို အရှိန်မြင့်တင်ပါတော့တယ်။ သူ့အတွက်တော့အရာအားလုံးက ဖြစ်ပျက်နေတဲ့အင်မတန်ကို နှေးကွေးလွန်လှတယ်။ ဒါပေမယ့် အမှန်တကယ်မှာကတော့ မျက်တောင်တစ်ခတ်အတွင်းပြီးဆုံးလို့သွားခဲ့တာပါ။
အပိုင်း ၁၀၉•၃ပြီး၏။