အပိုင်း ၁၀၉•၂
” အဆုံးစွန်းအတားအဆီးနှင့် ကြယ်တာရာအကာအကွယ် ”
°°`
ဟယ့်ချိုက်ထို့က ဆက်ပြောလာခဲ့တယ်။
” စွမ်းရည်ကိုနှိုင်းယှဥ်မယ်ဆိုရင် ကျွန်တော်တို့အားသာချက်ရနိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ငွေကြေးစွမ်းအားက ကြယ်တာရာလော့နိုင်ငံတော်နဲ့ ဘယ်လိုများယှဥ်နိုင်မှာလဲ သူတို့အတွက်တော့ ဒီလို၀ိညာဥ်လက်နက်ဆိုတာက ၀ယ်ဖို့အလွယ်လေးဖြစ်နေတယ် ”
လက်ရှိအချိန် အဖွဲ့ထဲမှာအင်အားအကြီးဆုံးဖြစ်တဲ့ မာရှောင်ထောင့်က ဖမ်းဆီးခံလိုက်ရပါပြီ။ ဒါကကျောင်းတော်ရဲ့ အဖွဲ့အတွက်တော့ ကပ်ဆိုက်မှုတစ်ခုပါပဲ။
မင်းသမီးကျိုးကျိုးက သူမရဲ့ ဗျူဟာကိုအစောကြီးကထဲက အစီအစဥ်ချထားတာသိသာနေခဲ့ပါတယ်။ မာရှောင်ထောင့်ထွက်ခွာပြီတဲ့နောက် သူမရဲ့စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလာခဲ့ပါပြီ။ ထူးထပ်တဲ့ကြယ်တာရာအလင်းတွေက အလုံးပုံသဏ္ဍာန်နဲ့ စတင်ဖြစ်ပေါ်လာပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ နေမင်းကြီးလိုတောက်ပနေခဲ့တဲ့ ကြယ်တာရာအလင်းတွေက မြူခိုတွေကိုပြင်းပြင်းထန်ထန် ဖယ်ရှားလိုက်ပါပြီ။ လက်ရှိအချိန်မှာတော့ အမျက်ဒေါသကျောင်းတော်ရဲ့ လူခုနှစ်ယောက်က သူ့ဘေးနားမှာရှိနေခဲ့ပါတယ်။
အလင်းအလွှာရဲ့အပေါ်ဖက်မှာကတော့ ကြယ်တာရာဆယ်ရှစ်ခုလုံးက တောက်တောက်ပပလင်းလက်ရင်း ပေါ်ထွက်လာပါတော့တယ်။ ၀မ်ဟယ်ယွီနဲ့ ယိချန်တို့ကတော့ မာရှောင်ထောင့်ကို တိုက်ခိုက်နေရာကနေ ထိုက်ယွဲ့ဟန်ဆီကို ပြေး၀င်သွားခဲ့ပါပြီ။ ၀ိညာဥ်ဘုရင်လေးယောက်က သူ့ကို၀န်းရံလို့ထားခဲ့ပြီ ပေ့ပေ့ကတော့ လက်ရှိအချိန်မှာ သူလုံခြုံရေးကိုတောင် အာမမခံနိုင်တော့အထိ ဖိအားပေးတိုက်ခိုက်ခံနေခဲ့ရပါတယ်။
မင်းသမီးကျိုးကျိုးကတော့ မြူခိုအလွှာတွေရဲ့အထဲကိုကြည့်နေရင်း နှုတ်ခမ်းကိုတွန့်ကာပြုံးလိုက်ပြီ မျက်နှာသေနဲ့သာရှိနေခဲ့ပါတော့တယ်။ လက်ရှိအချိန် သူမတိုက်ပွဲထဲမှာ မ၀င်ရသေးတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်ရှိနေဆဲပါ။
” မကောင်းတော့ဘူး ”
ရေခဲမြူခိုထဲမှာတော့ လင်းလော့ချန်ရဲ့မျက်နှာအမူအရာက အရမ်းကိုတည်ငြိမ်လေးနက်လို့နေခဲ့ပါတော့တယ်။ လက်ရှိအချိန်မှာ ရေခဲမြူခိုတွေကို သူမက ခပ်မြန်မြန်သုံးရင်းဖန်တီးလို့နေခဲ့တယ်။ ဒါပေမယ့် တစ်ဖက်မှာရှိနေတဲ့ ကြယ်တာရာအလင်းကတော့ မြူခိုတွေကိုတားဆီးနေဆဲပါ။ သူတို့အနေနဲ့ လုံး၀အခြေမချနိုင်ပါဘူး။ ကြယ်တာရာအလင်းဆယ်ရှစ်ခုဆီကနေ နောက်ထပ်တောက်ပမှုတွေက ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါတယ်။ ကြယ်တာရာတွေ မပျက်မစီးချင်းဒီအလင်းတန်းအတားအဆီးက ပြိုကွဲသွားမှာမဟုတ်တာ သိသာနေခဲ့တယ်။
မင်းသမီးကျိုးကျိုးက လက်ရှိပြိုင်ပွဲထဲမှာ အမျက်ဒေါသကျောင်းတော်ကို အဖွဲ့နှစ်ဖွဲ့ဖြစ်အောင်ခွဲထုတ်နိုင်ခဲ့ပါပြီ။ ဒါ့အပြင် လင်းလော့ချန်လဲ ပြဿနာကိုသိရှိတာက အတော်ကိုနောက်ကျသွားခဲ့ပါတယ်။ သူတို့တွေက အလင်းတန်းရဲ့အတားအဆီးထဲမှာရောက်နေခဲ့ပြီ အပြင်ကလူတွေကို ကာကွယ်မပေးနိုင်ပါဘူး။
၀မ်သုန့်နဲ့ ဟို့ယွိဟောင်က တိုက်ခိုက်နိုင်ပေမဲ့ သူတို့ရဲ့ကျင့်ကြံဆင့်က အရမ်းကိုအားနည်းနေခဲ့ပါတယ်။
အဆုံးစွန်းရေခဲက လင်းလော့ချန်ရဲ့ ၀ိညာဥ်စွမ်းအားကို အထောက်အပံ့ပြုရေးရုံသာ တတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် မပြောင်းလဲပေးနိုင်ပါဘူး။ ကံမကောင်းစွာနဲ့ပဲ လင်းလော့ချန်က ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့ပြီ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်မဟုတ်ပဲရှိနေခဲ့ပါတော့တယ်။ သူမက တိုက်ခိုက်မှုတွေကို တားဆီးနိုင်စွမ်းတစ်ခုသာရှိနေခဲ့တယ်။
မြို့နံရံပေါ်မှာကတော့ ကြယ်တာရာဧကရာဇ်က ပြုံးနေခဲ့ပါတယ်။
” အမျက်ဒေါသအတွက်တော့ ရှုံးတယ်ဆိုတာက ဆိုးတဲ့ကိစ္စမဟုတ်ဘူးလေ ကြယ်တာရာအတားအဆီးက ငါတို့ကြယ်တာရာလော့မျိုးနွယ်တွေအတွက် နှစ်ပေါင်းသောင်းနဲ့ချီအောင်ကြာအောက် မပျက်စီးပဲထိန်းသိမ်းထားနိုင်တဲ့အရာပဲ တိုက်ကြီးတစ်ခုလုံးမှာလဲ ရှားပါးတဲ့၀ိညာဥ်ပညာရှင်လို့ပြောနိုင်တယ်.. ငါတို့ရဲ့၀ိညာဥ်ပညာရှင်လို လောကကြီးထဲမှာ တခြားဓာတ်သဘောသဘာ၀တွေအားလုံးကို သီးခြားခွဲထုတ်နိုင်လောက်တဲ့အထိ အင်အားကြီးတဲ့ခုခံရေးအမျိုးအစား၀ိညာဥ်စွမ်းရည်ရှိနေမှန်း လူတွေမေ့သွားကြမှာကိုတောင် ငါစိုးရိမ်မိတယ်…ဒီလိုအစွမ်းအစမျိုးက ဟို့ယွိဟောင်ရဲ့ အဆုံးစွန်းရေခဲနဲ့ ရင်ဆိုင်ချိန်မှာတော့ အသုံး၀င်သေးမှန်းတော့ သိပါတယ်…ငါညီမငယ်လေးကတော့ ဒီကလေးကို ငါအရမ်းချီးကျူးနေလို့မကျေမနပ်ဖြစ်ပြီ ပညာတွေပြနေပြီ ဒီကလေးသာကြီးပြင်းလာခဲ့မယ်ဆိုရင် ကြယ်တာရာအတားအဆီးနဲ့ သူ့ရဲ့အဆုံးစွန်းရေခဲကြားက ရလဒ်ဘယ်လိုဖြစ်လာမလဲဆိုတာ မြင်ချင်ပါသေးရဲ့ ”
ဒီတစ်ကြိမ်မှာတော့ အန္တရာယ်အများဆုံးသူက ထိုက်ယွဲ့ဟန်ဖြစ်နေခဲ့ပါတော့တယ်။
ကြယ်တာရာလော့ကျောင်းတော်ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုက လေနဲ့မီးပေါင်းစည်းလိုက်ချိန်မှာတော့ ပိုပြီးပြင်းထန်လာခဲ့ပါပြီ။ နတ်မီးငှက်မီးလျှံတွေရဲ့ ဖိနှိမ့်မှုမရှိခင်ချိန်မှာတော့ ယိချန်ကသူ့ရဲ့လစ်ဟာနေတဲ့လက်တွေကို အသုံးပြုရင်းထိုက်ယွဲ့ဟန်ကို မီးလျှံတွေကြားထည့်လိုက်ပါတော့တယ်။ ထိုက်ယွဲ့ဟန်လဲ မီးလျှံတွေရဲ့ အလင်းစက်ကွင်းထဲကနေ မရှောင်ရှားနိုင်ခဲ့ပါဘူး။ ဒီအလင်းကို လျော့လိုက်မယ်ဆိုရင် ကြယ်တာရာအလင်းအတားအဆီးနေရာကို သူရောက်သွားမှာဖြစ်တာကြောင့်ပါ။
လေထိန်းချုပ်ရေး၀ိညာဥ်ဘုရင် ၀မ်ဟယ်ယွီကလဲ တူညီတဲ့အလင်းလှိုင်းတွေကို ထုတ်လွှတ်နေခဲ့ပါတယ်။ အနီးရောင်အလင်းတစ်ခု အစိမ်းရောင်အလင်းတစ်ခုက တစ်ခုနဲ့တစ်ခုထပ်ရင်း တစ်ပြိုင်နက်ထဲမှာ ပေါက်ကွဲပါတော့တယ်။ မီးလောင်ရာလေပင့်ဆိုတဲ့အတိုင်း သူတို့နှစ်ယောက်ရဲ့စွမ်းအားက လိုက်ဖက်ညီနေခဲ့ပါပြီ။ အလင်းတန်းနှစ်ခုဆင်းသက်လို့လာချိန်မှာတော့ ရုတ်တရက်ပေါက်ကွဲမှုတွေက ထိုက်ယွဲ့ဟန်ရဲ့ ခန္ဓာကိုယ်ကို အလယ်ဗဟိုပြုရင်းတိုက်ခိုက်ပါတော့တယ်။ မီးရဲ့စွမ်းအားကို လေရဲ့အားဖြည့်ပေးမှုက ပိုမိုကြမ်းတမ်းပြီ ခက်ထန်လာစေခဲ့တယ်။ ကြီးမားတဲ့အသားကြိတ်စက်ကြီးလိုမျိုး သူတို့ဘေးနားမှာရှိသမျှအရာအားလုံးကို ပြင်းပြင်းထန်ထန်ကြိတ်ချေဖို့အသင့်ဖြစ်နေခဲ့ပါပြီ။
လေနဲ့မီးရဲ့ ပေါင်းစည်းမှုကို ထုတ်လွှတ်ပြီတဲ့နောက် ၀မ်ဟယ်ယွီ တုကူရှန်ကွမ်း ယိချန်နဲ့ ချန်ရှောင်ကျဲ့တို့က တိုက်ခိုက်ဖို့အတွက် အခွင့်အရေးကို မဖန်တီးတော့ပါဘူး။ အဲ့ဒီအစား ခပ်မြန်မြန်ပဲ စုစည်းရင်း အတန်းလိုက်ရပ်နေခဲ့ကြပါတော့တယ်။
အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်ဧကရာဇ်တွေရဲ့ အစွမ်းအစကို သူတို့မြင်ခဲ့ပြီသားပါ။ မာရှောင်ထောင့်ကို သူတို့ကပြင်းပြင်းထန်ထန် ဖိနှိမ့်ထားခဲ့ပေမဲ့ ထိုက်ယွဲ့ဟန်က တစ်စက်လေးတောင် ကြောက်မနေခဲ့ပါဘူး။ လေနဲ့မီးရဲ့အတူအောက်မှာ ၀မ်ဟယ်ယွီနဲ့ တုကူရှန်ကွမ်းတို့က သူ့ကိုဖိအားမပေးနိုင်ပဲရှိနေခဲ့ပါတယ်။ အဲ့ဒီအစား ပိုပြီးကြမ်းတမ်းလာအောင်တွန်းအားပေးသလိုဖြစ်နေခဲ့တယ်။
လေနဲ့မီးရဲ့အလင်းတန်းတွေ အရှေ့ကိုပိုရောက်လာချိန်မှာကတော့ ပြင်းထန်တဲ့ဖိအားကြောင့် ဆံပင်တွေတောင်ထောင်လာခဲ့ပါပြီ။ ဒါပေမယ့် ထိုက်ယွဲ့ဟန်က မိုးကောင်းကင်ပေါ်ကို မျက်နှာမူရင်းစတင်ဟိန်းဟောက်ပါတော့တယ်။ သူ့ရဲ့လက်သီးကိုရင်ဘတ်မှာထောက်လိုက်ပြီတဲ့နောက် ရွှေရောင်အလင်းတန်းတွေကလဲ သူ့ခန္ဓာကိုယ်ပေါ်ကနေ ဆက်တိုက်ထုတ်လွှတ်လာပါတော့တယ်။ နဖူးမှာရှိတဲ့ ဘုရင်ဆိုတဲ့စကားလုံးကတော့ ဆက်တိုက်တောက်ပလို့လာခဲ့ပြီ သူရဲ့ခန္ဓာကိုယ်အနောက်ဖက်မှာ ပုံရိပ်ယောင်အသွင်နဲ့ ကျားဖြူတစ်ကောင်က ပေါ်ထွက်လာပါတယ်။ ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်ကိုအရှေ့ဖက်ဆီကွေးညွတ်လိုက်ပြီတဲ့နောက် လက်သီးနဲ့မြေပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပါတယ်။
ခိုင်မာတဲ့စင်မြင့်ပေါ်ကို ဒီလက်သီးချက်ကျရောက်သွားချိန်မှာကတော့ အရာအားလုံးက တည်ငြိမ်သယောင်ထင်ရပါတယ်။ ဒီလိုတိတ်ဆိတ်မှုနဲ့အတူ ကြီးမားကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးက လေနဲ့မီးတိုင်လုံးရဲ့ အောက်ဖက်မှာပေါ်ထွက်လို့လာခဲ့ပြီ အပိုင်းအစတွေအဖြစ် ပြိုကွဲသွားစေခဲ့ပါတယ်။
ထိန်းချုပ်ရေး၀ိညာဥ်ဘုရင်နှစ်ယောက်ကို မင်းသမီးကျိုးကျိုးရဲ့ကြယ်အလင်းမန္တန်က အားဖြည့်ပေးထားတာကို မေ့ထားလို့မရပါဘူး။ သူတို့ရဲ့မူလတွက်ချက်မှုအရဆိုရင် ၀ိညာဥ်ဧကရာဇ်တစ်ယောက်က သူတို့ရဲ့ပေါင်းစည်းတိုက်ခိုက်မှုကို အပြင်းအထန်ခုခံရုံသာ တတ်နိုင်မှာပါ။ ဒါပေမယ့် ထိုက်ယွဲ့ဟန်ကတော့ သူ့ရဲ့သန်မာတဲ့အင်အားကို အသုံးချပြီး ခုခံရုံတင်မက ဖျက်ဆီးပြစ်လိုက်ပါတယ်။ လေနဲ့မီးရဲ့စွမ်းအားကို မြေကမ္ဘာစွမ်းအားကို အသုံးချရင်းတန်ပြန်တိုက်ခိုက်လိုက်တာပါ။
မင်းသမီးကျိုးကျိုးရဲ့အကြည့်က သူ့ဆီရောက်လာပါတော့တယ်။ အစိမ်းရောင်နဲ့ အနီရောင်အလင်းတန်းတွေ ပေါက်ကွဲသွားချိန်မှာတော့ ထိုက်ယွဲ့ဟန်က ခေါင်းကိုမော့ရင်း မင်းသမီးကျိုးကျိုးဘက်ကို လှည့်ကြည့်နေခဲ့ပါပြီ။
အကြည့်ချင်းဆုံသွားချိန်မှာတော့ မင်းသမီးရဲ့အမူအရာက အေးစက်လို့သွားပါတယ်။ ထိုက်ယွဲ့ဟန်ရဲ့ မျက်လုံးကတော့ ထူးဆန်းတဲ့အလင်းတန်းတွေ တလက်လက်တောက်ပနေပါပြီ။ သူ့ခန္ဓာကိုယ်က အရှေ့ကိုနောက်ထပ်ပိုကွေးသွားခဲ့ရင်း လျှပ်စီးလက်သလိုအရှိန်နှုန်းနဲ့ မင်းသမီးကျိုးကျိုးဆီကို ပြေး၀င်လို့လာပါတော့တယ်။ ဒီပြဿနာတွေအားလုံးရဲ့ အရင်းအမြစ်ကို ဖယ်ရှားနိုင်ဖို့ ခေါင်းဆောင်ကို တိုက်ခိုက်တာအကောင်းဆုံးပါ။
ဒါပေမယ့် သူမရဲ့အရှေ့မှာရှိနေတဲ့လူလေးယောက်ကတော့ ထိုက်ယွဲ့ဟန်ကို တားဆီးလိုက်ပါတယ်။ ထိုက်ယွဲ့ဟန်က အရှေ့မှာဘာတွေထူးထူးဆန်းဆန်းဖြစ်နေလဲဆိုတာကို မမြင်နိုင်ပါဘူး။ သူသတိမထားမိတဲ့အရာကတော့ အဲ့ဒီလူလေးယောက်စလုံးရဲ့ ခန္ဓာကိုယ်ပေါ်မှာဖြူဖျော့ရောင်အလင်းတန်းတွေ တောက်ပနေခဲ့တာပါပဲ။
ဒီအလင်းတန်းတွေက အကာအကွယ်စည်းပုံသဏ္ဍာန်နဲ့ ရှိနေခဲ့ပြီ လိပ်ခွံတစ်ခုလိုအသွင်နဲ့ သူတို့ကိုဖုံးလွှမ်းလို့ထားခဲ့ပါတယ်။
အနောက်ဆုံးမှာရပ်နေခဲ့တဲ့ ယိချန်က ၀မ်ရှန်ယွီရဲ့ကျောကို လက်နဲ့ဖိချလိုက်ပါတယ်။ ၀မ်ရှန်ယွီကလဲ တုကူရှန်ကွမ်းကို ဖိချလိုက်ပြီတဲ့နောက် တုကူရှန်ကွမ်းကတော့ လက်နှစ်ဖက်ကိုအသုံးချရင်း ၀မ်ဟယ်ယွီရဲ့နောက်ကျောကို လက်နဲ့ဖိထားလိုက်ပါတယ်။ သူတို့အားလုံးက တစ်သားထဲဖြစ်သွားခဲ့ပါပြီ။ ၀မ်ဟယ်ယွီရဲ့အရွယ်အစားကတော့ အရင်ကထက်ပိုပြီးကြီးမားလာပါတော့တယ်။ ထိုက်ယွဲ့ဟန် ခုန်၀င်လာချိန်မှာတော့ ၀မ်ဟယ်ယွီက ရုတ်တရက်သူ့ရဲ့လက်၀ါးနဲ့စည်းပြီရိုက်ချလိုက်တယ်။ သူတို့နှစ်ယောက်ထိမိချိန်မှာတော့ ၀မ်ဟယ်ယွီတစ်ယောက် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်ပါပြီ။ ဒီဟိန်းဟောက်သံက အမှောင်ထုရဲ့အင်အားကို အများကြီးစုဝေးထားတာကြောင့် ထိုက်ယွဲ့ယန်နဲ့ ထိတွေ့မိချိန်မှာတော့ ကြီးမားပြင်းထန်တဲ့ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာပါတော့တယ်။ ထိုက်ယွဲ့ဟန်လဲ သံပြားကြီးတစ်ပြားနဲ့ ၀င်တိုက်သလိုခံစားရပြီတဲ့နောက် နောက်ကိုလွှင့်စင်လို့သွားခဲ့ရင်း ကြယ်တာရာအကာအကွယ်အတားအဆီးနဲ့ ၀င်တိုက်မိပါတော့တယ်။ သူ့ရဲ့ကိုယ်တွင်းကလီစာတွေကတော့ မီးနဲ့မြိုက်ထားခံရတဲ့အတိုင်း ပူပြင်းနေခဲ့ပါပြီ။ သူထရပ်ဖို့ကြိုးစားပေမဲ့ မထနိုင်ပဲ သွေးတွေဆက်တိုက်အန်နေခဲ့ပါတယ်။
မဖြစ်နိုင်လိုက်တာ ပထမဆုံးသူခေါင်းထဲ၀င်လာတဲ့ အတွေးကတော့ ဒါပါပဲ။
သူ့ရဲ့ပြိုင်ဘက်တွေက ၀ိညာဥ်ဘုရင်တစ်ယောက်သာ ဖြစ်ပါတယ်။ ဘာကြောင့်၀ိညာဥ်စွမ်းအားက ဒီလောက်ကြီးနေရတာလဲ။ သူ့ရဲ့ပြိုင်ဘက်က ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့၀ိညာဥ်သူတော်စင်ဖြစ်နေခဲ့ရင်တောင် သိုင်းပညာ၀ိညာဥ်ရဲ့ စစ်မှန်တဲ့ခန္ဓာကိုယ်မပါ၀င်ပဲ ဒီလိုဖန်တီးဖို့က မဖြစ်နိုင်သလောက်ပါ။
ပြိုင်ပွဲရဲ့အောက်ဖက်မှာကတော့ ၀မ်ယန်က အနည်းငယ်စိတ်ပူပန်နေခဲ့ရပါပြီ။ ဟယ့်ချိုက်ထို့ကိုဆွဲရင်း သူမေးလိုက်ပါတယ်။
” အဲ့ဒီ၀ိညာဥ်လက်နက်က ဘာကြီးလဲ ”
ဟယ့်ချိုက်ထို့က ခါးသီးသီးနဲ့ ရယ်မောရင်းပြောလိုက်ပါတယ်။
” ဒါကကိုးသွယ်အသွင်ပြောင်း၀ိညာဥ်ပေါင်းစည်းမှုလို့ခေါ်တယ်..ရှားပါး၀ိညာဥ်လက်နက်ပဲ သူတို့ရဲ့အဓိကဗျူဟာက ထူးခြားတဲ့သတ္ထုဖြစ်တဲ့ ဆူပူမှုငွေကိုအသုံးပြုပြီး ဖန်တီးရတာ သူ့ရဲ့အကြီးမားဆုံးစွမ်းအားကတော့ ဘယ်လို၀ိညာဥ်အမျိုးအစားတွေကိုမဆို တစ်ခုထဲအဖြစ် ပြောင်းလဲနိုင်တာပဲ ဘယ်လို၀ိညာဥ်စွမ်းအားကိုပဲထည့်ထည့် အဆုံးစွန်းပေါက်ကွဲနေတဲ့ ၀ိညာဥ်စွမ်းအားကိုထည့်ရင်တောင် သူကတစ်မျိုးထဲအဖြစ် ပြောင်းလဲပြီစုပ်ယူနိုင်တယ်…ဒီလိုအသွင်ပြောင်းမှုကို အဆင့်ဆင့်ဖြစ်ပြီရင် ၀ိညာဥ်ပညာရှင်တွေက လူတစ်ယောက်ထဲပေါ်မှာ ၀ိညာဥ်စွမ်းအားတွေကို ပုံအောပြစ်နိုင်တယ်…ဒါ့အပြင် သူတို့ရဲ့စွမ်းအားလမ်းကြောင်းအပြောင်းအလဲကိုလဲ မဖြည့်နိုင်အောင်ကောင်းကောင်းကိုင်တွယ်ပြီ တခြားသူ့ရဲ့၀ိညာဥ်စွမ်းအားနဲ့ ပေါင်းစည်းရင်း စွမ်းအားအကုန်လုံးကို မြင့်တင်နိုင်တယ်လေ ဒါကို၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းမဖြစ်သေးတဲ့ ဘယ်၀ိညာဥ်ပညာရှင်မဆိုသုံးလို့ရတယ်…အကယ်၍ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းထက်ပိုပြီး သန်မာတဲ့ပညာရှင်တွေသုံးမယ်ဆိုရင်တော့ လက်နက်ကမခံနိုင်ပဲနဲ့ ပေါက်ကွဲသွားလိမ့်မယ်…ဒါမှမဟုတ်ရင်လဲ အရမ်းကိုအားကောင်းတဲ့ကြီးမားလွန်တဲ့ ၀ိညာဥ်လက်နက်ကို လိုအပ်မယ် ”
ထိုက်ယွဲ့ဟန်ကို ရိုက်ပြီတဲ့နောက် ၀မ်ဟယ်ယွီရဲ့မျက်နှာကလဲ နီရဲလို့သွားပါတယ်။ သူ့ရဲ့ပုခုံးတစ်ခုလုံးက အတော်ကိုနာကျင်သွားခဲ့ပါပြီ။ ဒီပြိုင်ပွဲပြီရင်တော့ သူ့ရဲ့စွမ်းအားလှည့်ပတ်မှုလမ်းကြောင်းတွေကို ကုသဖို့တစ်လလောက်အနားယူရမှာပါ။ ဒါပေမယ့် ဒီနေရာမှာတော့ ဒါတွေကိုဂရုမစိုက်အားပါဘူး။ မင်းသမီးကျိုးကျိုးရဲ့ အားဖြည့်ပေးမှုတင်မက ၀ိညာဥ်ဘုရင်ငါးယောက်ရဲ့ပေါင်းစည်းစွမ်းအားက ထိုက်ယွဲ့ဟန်ကို အထိနာသွားစေခဲ့တာပါ။ ဒါပေမယ့် မာရှောင်ထောင့်ကိုတော့ တစ်သက်လုံးတားဆီးထားလို့မရနိုင်ပါဘူး။ အနိုင်ရဖို့အတွက် မာရှောင်ထောင့်မလွှတ်လာခင် အကုန်လုံးကို အဆုံးသတ်ရမှာဖြစ်ပါတယ်။ အသန်မာဆုံး၀ိညာဥ်ဘုရင်ကို ရင်ဆိုင်ဖို့အတွက် သူတို့ခုနှစ်ယောက်စလုံးရဲ့အင်အားလဲ ပေါင်းစည်းမှရလိမ့်မယ်။
ဒါကြောင့် ၀မ်ဟယ်ယွီက နောက်တစ်ကြိမ် ချက်ချင်းဆိုသလို တိုက်ခိုက်ပါပြီ။ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ချက်ချင်းဆိုသလို ပေါ်ထွက်လို့လာပါတော့တယ်။ ဒါကတော့ မာရှောင်ထောင့်နဲ့တိုက်ခိုက်ချိန်မှာ အသုံးခဲ့တဲ့ နတ်ဆိုးကျားတုန်ခါမှုပါ။
ဒီတစ်ကြိမ်မှာကွာခြားချက်ကတော့ ကြောက်စရာ၀ိညာဥ်စွမ်းအားရဲ့ ဖိအားပါပဲ။ ထိုက်ယွဲ့ဟန်ရဲ့အရှေ့ကို သူရောက်နေပြီဖြစ်သလို ထိုက်ယွဲ့ဟန်ကို တိုက်မိဖို့အနည်းငယ်သာလိုပါတော့တယ်။
ကြယ်တာရာအတားအဆီးထဲမှာရှိတဲ့ အခြေအနေက အတော်ကိုအန္တရာယ်များနေခဲ့ပါပြီ။ အတားအဆီးရဲ့အပြင်မှာရော ဘယ်လိုလဲ။
ဟို့ယွိဟောင်နဲ့ တခြားသူတွေအားလုံး ထိုက်ယွဲ့ဟန် တိုက်ခိုက်ရတော့မဲ့အခြေအနေကိုမြင်ချိန်မှာတော့ အရာအားလုံးဆိုးရွားသွားမယ်ဆိုတာကို လူတိုင်းသဘောပေါက်မိသွားကြပါတော့တယ်။ ဒါပေမယ့် သူတို့အရှေ့မှာရှိတဲ့အလင်းတန်းအတားအဆီးကို မကျော်ဖြတ်နိုင်ဘူးဆိုရင် ဘာမှကိုလုပ်လို့မရပါဘူး။ ဒါပေမယ့် သူတို့မှာ ဒီလိုလုပ်ဖို့ဘယ်လိုစွမ်းအားရှိမှာလဲ။
ရှုစန်းရှီလဲ တကယ်ပဲရွှမ်၀ူလိပ်နတ်ဘုရားအခြေအနေကို ၀င်ရောက်ချင်ပြီဖြစ်ပေမဲ့ လက်ရှိအချိန်မှာ သူစိတ်ရှိတိုင်းထုတ်သုံးလိုမရတဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။ အကယ်၍ ကျန်းနန်နန်သာ ပိတ်မိနေသူဖြစ်မယ်ဆိုရင်တော့ အခြေအနေကမတူညီပဲ ပြောင်းလဲသွားမှာပါ။ သူမသာမရှိဘူးဆိုရင် သူလဲ ဒါကိုမထုတ်လွှတ်နိုင်ပါဘူး။
လင်းလော့ချန်ကတော့ သူ့ရဲ့မြူခိုတွေကို အသုံးချရင်း အတားအဆီးကိုဆက်တိုက်တိုက်ခိုက်နေပါတယ်။ အပေါ်မှာရှိတဲ့ ကြယ်တာရာတွေက ဆက်တိုက်ဆိုသလိုမှိန်ဖျော့နေခဲ့ပေမဲ့ လက်ရှိအချိန်မှာ မာရှောင်ထောင့်ကို လွှတ်ပေးဖို့ကလဲ မလွယ်ကူသေးပါဘူး။
” ငါတို့ဘာာလုပ်ကြမလဲ ”
၀မ်သုန့်က ဟို့ယွိဟောင်ကို စိုးရိမ်တကြီးမေးလိုက်ပါတယ်။
အပိုင်း ၁၀၉•၂ ပြီး၏။