Switch Mode

Chapter – 108.2

မင်းသမီး

အပိုင်း ၁၀၈•၂

” မင်းသမီး ”
°`°
ကြယ်တာရာလော့ဧကရာဇ်က ပြုံးပြရင်းပြောလာခဲ့ပြန်ပါတယ်။

” အဖွဲ့လေးဖွဲ့စလုံး လာမဲ့ပြိုင်တွေမှာ အကောင်းဆုံးကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ်..မဲခွဲဆုံးဖြတ်မှုကို ဒီမှာရပ်နားလိုက်ပါပြီ…ဒါကြောင့် ပြင်ဆင်ထားကြပါ အမျက်ဒေါသကျောင်းတော်နဲ့ ကြယ်တာရာလော့တော်၀င်ကျောင်းတော်ရဲ့ ဒီနေ့ပွဲစဥ်တွေက မကြာခင်မှာစတင်ပါတော့မယ်…ဒုတိယပွဲစဥ်ကတော့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်နဲ့ ထူးဆန်းအံ့ဖွယ်ရာကျောင်းတော်ပါ ”

မာရှောင်ထောင့်က အနားယူတဲ့နေရာဖက်ကို ပြန်သွားခဲ့ပါပြီ။ ၀မ်ယန်က အရင်ဆုံးအရှေ့ထွက်လာရင်း မေးလိုက်ပါတော့တယ်။

” ရှောင်ထောင့် ကြယ်တာရာလော့နိုင်ငံတော်ရဲ့မင်းသမီးနဲ့ပတ်သက်ပြီ မင်းဘယ်လိုခံစားမိလဲ ”

မာရှောင်ထောင့်က ခေါင်းခါလိုက်ပါတယ်။

” သူနဲ့ပတ်သက်ပြီ ဘာမှထွင်းဖောက်မမြင်ရဘူး အရမ်းကိုရှုပ်ထွေးတယ်..ခန္ဓာကိုယ်အင်အားကိုမဲခွဲဆုံးဖြတ်တဲ့ ပြိုင်ပွဲမှာ တွေ့ဖို့မျှော်လင့်ခဲ့ပေမဲ့ သူကလုံး၀မလှုပ်ရှားခဲ့ဘူး…၀ိညာဥ်စွမ်းအားကိုလဲ ထုတ်မသုံးခဲ့တာကြောင့် သူ့အစွမ်းအစတွေကိုဘယ်လိုမှသုံးကြည့်လို့မရဘူး…ယွိဟောင် စိတ်၀ိညာဥ်ထောက်လှမ်းမှုကို စမ်းကြည့်ကြည့် ”

ဟို့ယွိဟောင်က မျက်မှောင်ကြုတ်ရင်း ပြောလာခဲ့ပါတယ်။

” ကျွန်တော်စမ်းကြည့်ပြီးပြီ ဒါပေမယ့် မင်းသမီးက ထူးခြားတဲ့ရတနာတစ်ခုခုကို သုံးပြီးသူ့ကိုယ်သူကာကွယ်ထားပုံပဲ ကျွန်တော်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက သူ့ခန္ဓာကိုယ်ပေါ်ရှာပြီတာနဲ့ ထူးဆန်းတဲ့အလွှာတစ်ခုက ကျွန်တော်ကိုတားဆီးလိုက်တယ်…စိတ်၀ိညာဥ်စွမ်းအားလှည့်ပတ်မှုကို ခန့်မှန်းလို့မရသလို လှုပ်ရှားမှုတွေကိုလဲ မသိနိုင်ဘူး…ဒီလိုမျိုး ကွာခြားချက်ကို လိုက်မီဖို့အတွက် ကျွန်တော်ရဲ့ အစွမ်းအစက နည်းလွန်နေသေးတယ် ”

ဒီတစ်ကြိမ်မှာတော့ အကြိုဗိုလ်လုပွဲစဥ်ရဲ့ ပြိုင်ပွဲတွေကစတင်တော့မှာပါ။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲက အမျက်ဒေါသကျောင်းတော်အတွက် သတင်းကောင်းမဟုတ်ခဲ့ပါဘူး။ သူတို့တွေရဲ့အဓိကအဖွဲ့မှာလူတွေအကုန်အပြည့်အ၀မရှိနေတဲ့အတွက် ဒီအခြေအနေက ပိုလို့ဆိုးလာပါတော့တယ်။

၀မ်ယန်ကတော့ တည်ငြိမ်တဲ့အမူအရာနဲ့ပြောလိုက်ပါတယ်။

” မူလအစီအစဥ်အတိုင်းပဲ ဆက်သွားမယ်…အများကြီးမစဥ်းစားနဲ့ ကိုယ်ရဲ့အစွမ်းအစကိုယုံကြည် ရှောင်ထောင့် ယွဲ့ဟန်နှစ်ယောက်က တစ်ယောက်ချင်းဆီထုတ်ပယ်တဲ့ပွဲစဥ်မှာ အဓိကတိုက်ခိုက်ရမယ်..မင်းသမီးကျိုးကျိုးက အင်အားကြီးတဲ့၀ိညာဥ်ဧကရာဇ်ဖြစ်နေဦးတော့ ငါတို့ရဲ့ယုံကြည်ချက်ကို မပျက်စီးစေရဘူး…ဒီလိုဖြစ်ပြီဆိုမှတော့ အဖွဲ့လိုက်ပွဲစဥ်တွေကို သေချာပေါက်နိုင်မှဖြစ်မယ်..အဖွဲ့လိုက်ပွဲစဥ်တွေအတွက် ဘယ်လိုတိုက်ခိုက်ရမလဲဆိုတဲ့ အစီအစဥ်ကို ငါစပြီပြောပြမယ်. ”

” ရှောင်ထောင့် ယွဲ့ဟန် လော့ချန် ပေ့ပေ့ စန်းရှီ ယွိဟောင် ၀မ်သုန့် မင်းတို့ခုနှစ်ယောက်က ပြိုင်ပွဲကိုစတင်မယ်..ငါတို့တွေဘာမှအမှားအယွင်းဖြစ်စေလို့မရဘူး..ကြယ်တာရာလော့ကျောင်းတော်က နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲကိုရင်ဆိုင်ဖို့အတွက် နည်းလမ်းတစ်ခုခုရှိနေမယ်လို့ ခံစားမိတယ်..အကယ်၍ ပွဲစဥ်မှာရှုံးနှိမ့်သွားခဲ့မယ်ဆိုရင် ပြိုင်ပွဲကလုံး၀ကို ထိန်းချုပ်မှုလွှတ်သွားလိမ့်မယ် ”

အားလုံးက ခေါင်းညိတ်နေခဲ့ပေမဲ့ ဟယ့်ချ်ိုက်ထို့နဲ့ ကျန်းနန်နန်ကတော့ တစ်ယောက်ကိုတစ်ယောက်သာကြည့်လိုက်ပါတယ်။ သူတို့တွေအံ့အားသင့်နေကြဆဲပါ။ အဖွဲ့လိုက်ပွဲစဥ်မှာ သူတို့ကိုထည့်သွင်းမယ်လို့ တွေးမိထားခဲ့ပေမဲ့ အခုမှာတော့ဒီလိုမဟုတ်ခဲ့ပါဘူး။ ဟယ့်ချိုက်ထို့စွမ်းအားနဲ့ ၀ိညာဥ်လက်နက်တွေက အစောပိုင်းပွဲစဥ်မှာ အစွမ်းအစပြခဲ့ပြီသားဖြစ်ပါတယ်။ ကျန်းနန်နန်ရဲ့အဓိကတိုက်ပွဲစွမ်းရည်ကလဲ မယုံနိုင်စရာကောင်းလောက်အောင် ကောင်းမွန်နေခဲ့တယ်။ ၀ိညာဥ်ဘုရင်တွေတောင်မှ သူနဲ့အနီးကပ်တိုက်ခိုက်၀ံ့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ၀မ်ယန်ကတော့ ဟို့ယွိဟောင်နဲ့၀မ်သုန့်တို့ကိုသာ အဓိကပွဲစဥ်မှာရွေးချယ်ခဲ့ပါတယ်။

၀မ်ယန်က ဟို့ယွိဟောင်အရှေ့ကို လျှောက်လာရင်းအသံကိုနှိမ့်လိုက်တယ်။

“:မင်းတို့တွေမတိုက်ခိုက်လဲရတယ်…ဒါပေမယ့် မင်းတို့လှုပ်ရှားပြီဆိုတာနဲ့ သေချာပေါက် အနိုင်ရဖို့ယုံကြည်ချက်ရှိမှပဲ လုပ်ရမယ်..ငါဘာပြောချင်နေလဲဆိုတာ မင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်..ယုံလဲယုံကြည်တယ် ”

” ကောင်းပါပြီ ”

ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။

၀မ်ယန်က အသက်ပြင်းပြင်းရှုသွင်းရင်း ညာဘက်လက်ကိုမြောက်ကာ လက်ကိုမှောက်လိုက်ပြီတဲ့နောက် ပြောလာပါတယ်။

” ငါဒါကိုပြောခဲ့ပြီးပြီကလေးတို့ မင်းတို့တွေအားလုံးက မျှော်လင့်ထားတာထက်ကို အများကြီးကျော်လွန်အောင်လုပ်ဆောင်ခဲ့ပြီးပြီ အစောပိုင်းပြိုင်ပွဲတွေအားလုံးကိုလဲ အောင်အောင်မြင်မြင်တိုက်ခိုက်နိုင်ခဲ့တယ်..ဒီနေ့တိုက်ပွဲမှာငါတို့ဆက်ပြီတောက်ပလာနိုင်ဦးမလားဆိုတာ မင်းတို့အပေါ်ပဲမူတည်နေတယ်..ဆရာတစ်ယောက်လုပ်နိုင်သမျှအရာအားလုံးကို ငါလုပ်ပြီးပြီ ဒီတော့အားလုံးအတွက် ဘေးကနေဆုတောင်းပေးဖို့ပဲ ငါတတ်နိုင်တော့တယ်..မင်းတို့တွေအားလုံးက နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အမျက်ဒေါသကျောင်းတော်ရဲ့ သူရဲကောင်းတွေပဲ မင်းသမီးကျိုးကျိုးကို သေချာပေါက်သတိထား အကယ်၍ ငါထင်တာသာမမှားဘူးဆိုရင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ကြယ်တာရာသရဖူဖြစ်လိမ့်မယ်. ”

၀မ်ယန်ရဲ့လက်ပေါ်မှာတစ်ယောက်ပြီတစ်ယောက် လက်ထပ်လိုက်ကြပါတယ်။ မာရှောင်ထောင့်က သူ့ရဲ့ညာလက်ကို နောက်ဆုံးမှာလက်ထပ်ပြီတဲ့နောက် ၀မ်ယန်ကို အလေးအနက်စိုက်ကြည့်ရင်းပြောလိုက်တယ်။

” ဆရာ၀မ်ယန် ကျွန်မတို့ရဲ့ တိုက်ခိုက်လိုစိတ်ကို မြင့်တင်းပေးချင်မှန်းသိပါတယ်..မစိုးရိမ်ပါနဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့သားအနေနဲ့ စိတ်ဆုံးဖြတ်ချက်ခိုင်မာမှုက တခြားသူတွေထက် လုံး၀မလျော့စေရပါဘူး..အမျက်ဒေါသကျောင်းတော်ရဲ့ အောင်မြင်မှုမီးလျှံကိုပိုတောက်ပစေဖို့အသက်ကို အသုံးပြုရမယ်ဆိုရင်တောင် သေချာပေါက် တွေဝေနေမှာမဟုတ်ဘူး ”

” နိုင်ရမယ် ”

အားလုံးက တစ်ညီတစ်ညွတ်ထဲအော်လိုက်ကြပါတယ်။ လက်ရှိအချိန်မှာ သူတို့တ်ိုက်ခိုက်လိုစိတ်တွေကတော့ တစ်ဟုန်းထိုးမြင့်တက်သွားခဲ့ပါပြီ။

အမျက်ဒေါသကျောင်းတော်ရဲ့အရှိန်အ၀ါနဲ့ ယှဥ်လိုက်မယ်ဆိုရင် ကြယ်တာရာလော့နိုင်ငံတော်ကြီးကတော့ အတော်လေးအေးဆေးလို့နေခဲ့ပါတယ်။ သူတို့တွေရဲ့ ပြိုင်ပွဲ၀င်တွေက တစ်ယောက်ပြီတစ်ယောက်တက်လာခဲ့ပါပြီ။ မင်းသမီးကျိုးကျိုးကတော့ အရှေ့ဆုံးမှာရပ်နေပြီ ဒီအတိုင်းအေးအေးဆေးဆေးသာ ရှိနေခဲ့ပါတယ်။ တစ်ဖက်မှာတော့ အမျက်ဒေါသကျောင်းတော်ရဲ့ ခေါင်းဆောင်မာရှောင်ထောင့်ကို ကြည့်မနေပဲ ဟို့ယွိဟောင်ကိုသာ ရှာဖွေလို့နေခဲ့တယ်။

ဟို့ယွိဟောင်က သူ့ကိုလှမ်းကြည့်လိုက်ချိန်မှာပဲ ချက်ချင်းဆိုသလို မျက်လုံးဆုံသွားပါတော့တယ်။ ရုတ်တရက်ဆိုသလို မင်းသမီးရဲ့မျက်လုံးထဲမှာ မြင်နေလိုက်ရတဲ့ ပျက်ရယ်ပြုလိုစိတ်က ဟို့ယွိဟောင်ကို ထိတ်လန့်လို့သွားစေခဲ့တယ်။

” သူငါ့ကိုဘာလို့ရန်လာစနေတာလဲ ငါကသူနဲ့တိုက်ခိုက်ရမဲ့သူလို့ ထင်နေတာလား ”

ဟို့ယွိဟောင် အနည်းငယ်တော့ ကြောင်အလို့သွားခဲ့ပါတယ်။ သူမျက်လုံးကိုအသုံးချရင်း အနည်းငယ်လှုပ်ရှားလိုက်ချိန်မှာတော့ အစိမ်းရောင်အလင်းတန်းက ထွက်ပေါ်လာခဲ့ပါပြီ။ နှစ်ဖက်စလုံးက ထူးဆန်းတဲ့လောကတစ်ခုကွာခြားသလိုဖြစ်ပေမဲ့ သူ့ရဲ့မျက်လုံးအလင်းရောင်ကြောင့် မင်းသမီးကျိုးကျိုးရဲ့စိတ်မှာကျောချမ်းသွားခဲ့ရပါတယ်။

” နှစ်ဖက်ကျောင်းတော်ရဲ့ယှဥ်ပြိုင်သူလို့ ကျေးဇူးပြုပြီး စင်ပေါ်တက်လာခဲ့ကြပါ ”

ဒီနေ့ပြိုင်ပွဲရဲ့ အဓိကဒိုင်လူကြီးဖြစ်သူ ကောင်းကင်ရန်သူတော်သော့်လော့က ပြောလိုက်ပါတော့တယ်။

ကြယ်တာရာလော့ဧကရာဇ်က လက်ရှိအချိန်တခြားသုံယောက်သော့်လော့ရဲ့အကာအကွယ်အောက်မှာရှိနေခဲ့ပါပြီ။ မြို့နံရံပေါ်ကနေ သူစောင့်ကြည့်လို့နေခဲ့ပါတော့တယ်။

မာရှောင်ထောင့်က အရှေ့ဆုံးမှာရှိနေခဲ့ပြီ ထိုက်ယွဲ့ဟန် လင်းလော့ချန် ပေ့ပေ့ ရှုစန်းရှီ ဟို့ယွိဟောင် ၀မ်သုန့်တို့က အနောက်မှာကပ်လိုက်လာခဲ့ပါတယ်။ အကြိုဗိုလ်လုပွဲက မစတင်သေးပေမဲ့ အဖွဲ့နဲ့သူတို့ကြားမှာရှိတဲ့ တင်းမှာမှုက မီးပွားတွေထပေါက်လို့မတတ်ပြင်းထန်လို့နေခဲ့ပါတော့တယ်။

မင်းသမီးကျိုးကျိုးရဲ့ မျက်လုံးတွေက ပြောင်းလဲလို့သွားခဲ့ပါပြီ။ မူလအခြေအနေမှာ အစဥ်လာတောက်ပနေတဲ့ မျက်လုံးတွေက ရွှေရောင်ဖျော့ဖျော့အလင်းတန်းတွေနဲ့ လင်းလက်လို့နေခဲ့ပြီ ပင်လယ်သမုဒ္ဒရာကြီးတစ်ခုလိုမျိုး ကျယ်ပြန့်လို့နေပါတော့တယ်။ မာရှောင်ထောင့်ရဲ့မျက်လုံးတွေကတော့ မီးလျှံကြီးလိုအသွင်နဲ့ ပြိုင်ဘက်ကိုဖိအားပေးလို့နေခဲ့ပါပြီ။

ကောင်းကင်ရန်သူတော်သော့်လော့က မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီတဲ့နောက် သူ့ရဲ့မျက်၀န်းထဲမှာ ထိတ်လန့်မှုက ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ပြန်ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူ့ရဲ့မျက်လုံးတွေက အေးဆေးလို့နေခဲ့ပြီ။

” ထိန်းလိုက်စမ်း ပြိုင်ပွဲမစတင်သေးခင်အချိန်အထိ ဘယ်သူမှ သိုင်းပညာ၀ိညာဥ်ကိုထုတ်မသုံးရဘူး ”

နှစ်ဖက်အဖွဲ့က အသီးသီးနေရာယူလိုက်ကြပေမဲ့ သူတို့ရဲ့မျက်လုံးတွေကတော့ လုံး၀ကိုအကြည့်မခွာခဲ့ကြပါဘူး။ သူတို့ဆုတ်ခွာနေတဲ့အချိန်မှာ နှစ်ဖက်စလုံးရဲ့ဗျူဟာက ပြောင်းလဲလို့သွားပါတော့တယ်။

အမျက်ဒေါသရဲ့ကျောင်းတော်ကတော့ အရင်တုန်းကပြိုင်ခဲ့တဲ့ပုံစံနဲ့ မတူညီတဲ့ပုံစံကိုထုတ်ဖော်လို့လာခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်နဲ့ မာရှောင်ထောင့်က ဦးဆောင်ထားဆဲပါပဲ။ ဒါပေမယ့် ရှုစန်းရှီကတော့ အနောက်မှာရပ်နေခဲ့ပြီ သူ့ရဲ့အနောက်တည့်တည့်မှာတော့ လင်းလော့ချန်ရှိပါတယ်။ ဟို့ယွိဟောင် ၀မ်သုန့်နှစ်ယောက်ကတော့ ဘေးချင်ယှဥ်လျက်ရှိနေခဲ့ပြီ လင်းလော့ချန်ရဲ့အနောက်တည့်တည့်မှာရှိနေခဲ့တယ်။ ပေ့ပေ့ကတော့ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့ရဲ့ ဘေးအစွန်းတစ်ဖက်မှာရှိနေခဲ့ပြီ အားကောင်းတဲ့သုံးယောက်တိုက်ခိုက်မှုပုံစံကို ထုတ်ဖော်ထားခဲ့ပါတယ်။

ကြယ်တာရာလော့ကျောင်းတော်ကလဲ ပြိုင်ဘက်ကင်းဗျူဟာနဲ့ရှိနေခဲ့တာပါ။ လူခြောက်ယောက်က တြိဂံပုံစံရှိနေခဲ့ပြီ အရှေ့ဆုံးမှာတစ်ယောက် သူ့နောက်မှာနှစ်ယောက်နဲ့ နောက်ဆုံးမှာကတော့ သုံးယောက်အသီးသီးရှိနေခဲ့ပါတယ်။ မင်းသမီးကျိုးကျိုးကတော့ ဒီလူခြောက်ယောက်တြိဂံရဲ့ အနောက်တည့်တည့်မှာရပ်နေခဲ့ပြီ သူမရဲ့ရွှေရောင်မျက်လုံးတွေက ပိုမိုနက်ရှိုင်းလို့လာပါတော့တယ်။ အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ အုပ်ချုပ်သူတစ်ယောက်လိုမျိုး သူ့ရဲ့အသွင်ကရှိနေခဲ့တာပါ။

ရှုစန်းရှီကတော့ မင်းသမီးကိုကြည့်ရင်း သူ့ရဲ့မျက်လုံးတွေက ကောက်ကျစ်မှုအပြည့်နဲ့ ပြောင်းလဲလို့နေပါတော့တယ်။ သူ့ရဲ့နေရာလဲစွမ်းကိုအားလုံးကရင်းနှီးနေကြပြီဖြစ်နေတာကြောင့် ဒီအကွက်ကိုတန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြမှာပါ။ ဘယ်လိုပဲရင်းနှီးနေကြပါစေ တူညီတဲ့လှည့်ကွက်ထဲကို မကျရောက်စေရဘူးလို့ အာမခံချက်လဲမရှိနိုင်ပါဘူး။ အစောပိုင်းတုန်းက မိုးထိလွှာကျောင်းတော်ကို အမျက်ဒေါသကျောင်းတော်က ဒီလိုနည်းနဲ့အနိုင်ယူခဲ့တာပါ။

အမျက်ဒေါသကျောင်းတော်အနေနဲ့ တူညီတဲ့နည်းလမ်းကို နောက်ထပ်မသုံးနိုင်တော့ဘူးလို့ လူတိုင်ကတွေးနေခဲ့ပါတယ်။ ဒါပေမယ့် သူလှုပ်ရှားလိုက်တာနဲ့ ရှုစန်းရှီက တူညီတဲ့လှည့်ကွက်ကို ချက်ချင်းဆိုသလိုသုံးတာပါ အဲ့ဒီတုန်းက ယဲ့၀ူချင်းကိုသူ့ရဲ့ကိုယ်ပိုင်ဗျူဟာထဲဆွဲထည့်လိုက်ပါတယ်။

ယဲ့၀ူချင်းကတော့ ရှောင်နိုင်ချေတောင်မရခဲ့ပါဘူး။ တစ်ဖက်လူတွေက အရမ်းကိုပေါက်ကွဲအားပြင်းထန်တဲ့၀ိညာဥ်လက်နက်ကို အသုံးပြုထားခဲ့ပေမဲ့ ပြန်သုံးချိန်တောင်မရလိုက်ပဲရှိနေခဲ့ပါတယ်။ ရှုစန်းရှီက တကယ်ကိုပဲရှိရှိသမျှအင်အားကို အသုံးပြုပြီး ပြိုင်ဘက်တွေအားလုံးကို လွှင့်ထွက်အောင်လုပ်နိုင်ခဲ့တာပါ။ ပြိုင်ဘက်တွေသူ့ကိုမ၀န်းရံနိုင်ခင်အချိန်မှာပဲ စင်ပေါ်ကနေလဲခုန်ဆင်းလို့သွားခဲ့ပါသေးတယ်။

မိုးထိလွှာကျောင်းတော်က ယဲ့၀ူချင်းတောင်မရှိပဲနဲ့ အခွင့်အရေးတစ်ခုတောင် မရခဲ့တဲ့ကိစ္စကလူတိုင်းရဲ့စိတ်ထဲမှာ ထင်ထင်ရှားရှားရှိနေဆဲပါ။ မင်းသမီးကျိုးကျိုးကတော့ ရှုစန်းရှီရဲ့ကောက်ကျစ်တဲ့မျက်နှာထားကိုကြည့်ရင်း လန့်လို့သွားခဲ့ပါတယ်။ တစ်ဖက်လူရဲ့၀ိညာဥ်စွမ်းအားကို စိတ်ပူနေတာအသိအသာကြီးပါပဲ။

” စတင်မယ် ”

နှစ်ဖက်စလုံးတစ်ယောက်ကိုတစ်ယောက် ဒီလိုအကဲခတ်နေချိန်မှာပဲ ဒိုင်လူကြီးရဲ့ကြော်ငြာသံက ထွက်ပေါ်လို့လာခဲ့ပါပြီ။ စက္ကန့်ပိုင်းအတွင်းမှာပဲ သော့်လော့ပညာရှင်က ပျောက်ကွယ်လို့သွားပါတော့တယ်။ နှစ်ဖက်ရဲ့လှုပ်ရှားမှုကလဲ မြန်ဆန်လှသလိုပထမဆုံးအကြိမ်မှာပဲ သိုင်းပညာ၀ိညာဥ်တွေအားလုံးကို သူတို့ထုတ်သုံးလိုက်ပါပြီ။

ဟို့ယွိဟောင်ကလဲ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ချက်ချင်းအသုံးပြုလိုက်ပါတယ်။ အဲ့ဒီနောက် မင်းသမီးကျိုးကျိုးကို သူအာရုံစိုက်နေခဲ့တယ်။ သူမရဲ့သိုင်းပညာ၀ိညာဥ်က ဘာလဲဆိုတာသူသိချင်နေခဲ့တာပါ။ ၀မ်ယန်က သူ့ကိုအသေးစိတ်ရှင်းပြဖို့အချိန်တောင်မရခဲ့ပါဘူး။ အထောက်အကူပြုရေး တိုက်ပွဲပညာရှင်တစ်ယောက်ဖြစ်တယ်လို့သာ ပြောခဲ့ပါတယ်။

” ဒါဆိုသူက လက်နက်ပုံစံကိုအသုံးပြုတာများလား ”

ဟို့ယွိဟောင် သံသယရှိနေဆဲပါ။ ဒါပေမယ့် သူသိပ်ပြီတွေစရာမလိုပါဘူး။

မင်းသမီးရဲ့ကျိုးကျိုးရဲ့ နဖူးပေါ်မှာရွှေရောင်အလင်းတန်းတစ်ပွင့်က စတင်ဖြစ်ပေါ်လာပါတော့တယ်။ ဒါကတော့ စိန်ပွင့်သဏ္ဍာန်ကျောက်မျက်ရတနာတစ်ခုပါပဲ။ ရွှေရောင်တောက်ပနေတဲ့ ဒီကျောက်မျကိရတနာကို မြင်မြင်ချင်အသက်မျက်၀န်းကိုဟို့ယွိဟောင်သတိရသွားပါတော့တယ်။ ဒါကသူ့မှာရှိနေတာနဲ့တူတူပဲလား။

ဒါပေမယ့် မင်းသမီးကျိုးကျိုးမှာ တတိယမျက်လုံးရှိမနေခဲ့ပါဘူး။ ရွှေရောင်စိန်ပွင့်ပုံသဏ္ဍာန်အဲ့ဒီကျောက်မျက်ရတနာက တခဏတာတောက်ပလာပြီတဲ့နောက် ခပ်မြန်မြန်ပဲ သူမရဲ့နဖူးပတ်လည်ကို စီးဆင်းလို့သွားပါတော့တယ်။ အဖိုးတန်ပြီတောက်ပတဲ့ သရဖူတစ်ခုက ချက်ချင်းဆိုသလို သူမရဲ့ခေါင်းပေါ်မှာဖြည်းဖြည်းချင်းနေရာယူထားခဲ့ပါပြီ။

ဒီသရဖူက ကြယ်တာရာနဂါးငွေ့တန်းကြီးနဲ့ ပြုလုပ်ထားသလိုမျိုး တလက်လက်တောက်ပလို့နေခဲ့ပြီ ကြီးမားတဲ့ကြယ်ပွင့်ကြီးဆယ်ရှစ်ခုက ထူးခြားတဲ့အသွင်နဲ့နေရာယူလို့ထားခဲ့ပါတယ်။ ကြယ်တာရာသရဖူ ဒါကမင်းသမီးကျိုးကျိုးရဲ့သိုင်းပညာ၀ိညာဥ်ပါပဲ။

သူမရဲ့ခန္ဓာကိုယ်ပတ်လည်မှာ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ခု ခရမ်းရောင်၀ိညာဥ်စက်ကွင်းနှစ်ခုနဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းတစ်ခုတို့ပေါ်လာခဲ့ပါတယ်။ သူမက အမှန်တကယ်အင်အားကြီးတဲ့၀ိညာဥ်ဘုရင်ပါပဲ။ အရှေ့မှာရှိနေခဲ့တဲ့ လူခြောက်ယောက်က ၀မ်ယန်လေ့လာထားတဲ့သူဖြစ်တာကြောင့် သူတို့ရဲ့အချက်အလက်တွေကို အမျက်ဒေါသကျောင်းတော်က သိထားပြီသားဖြစ်ပါတယ်။ အားလုံးကလဲ၀ိညာဥ်ဘုရင်တွေကြီးပါပဲ။ သူတို့ရဲ့တစ်ဖွဲ့လုံးက ၀ိညာဥ်ဘုရင်တွေနဲ့အပြည့်အ၀ဖွဲ့စည်းထားတာဖြစ်နေခဲ့တယ်။

ရှုစန်းရှိီရဲ့ သိုင်းပညာ၀ိညာဥ်ကလဲ ထွက်ပေါ်လို့လာခဲ့ပါပြီ။ တခြားသူတွေမသိမှာစိုးရိမ်နေတဲ့အတိုင်း သူကမိုးကောင်းကင်ပေါ်ကို မျက်နှာမူရင်အော်ဟစ်လိုက်ပါတယ်။

” ထူးဆန်းမြေအောက်လောကနေရာလဲမှု ”

ရွှမ်၀ူဒိုင်းကာကြီးကနေ အနက်ရောင်အလင်းတန်းတွေ ထွက်ပေါ်လို့လာခဲ့ပြီ အလင်းတန်းတွေက မင်းသမီးကျိုးကျိုးဆီကို ဦးတည်လိုက်ပါတော့တယ်။

ဒီအချိန်မှာပဲ မင်းသမီးကျိုးကျိုးရဲ့ခေါင်းပေါ်ကနေ ရွှေရောင်အလင်းတန်းတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ သူမရဲ့တတိယ၀ိညာဥ်စက်ကွင်းက အလင်းတန်းတွေနဲ့အတူ ရွှေရောင်တ်ိုင်လုံးကြီးက ကောင်းကင်ပေါ်ကိုမြင့်တက်လို့သွားပါတော့တယ်။

ရွှေရောင်တိုင်လုံးကြီးရဲ့အတွင်းနယ်မြေတွေကတော့ မြူခိုတွေနဲ့ပြည့်နှက်လို့နေခဲ့ပြီ ထူးဆန်းအံ့ဖွယ်အသွင်နဲ့အတူ အလင်လှိုင်းလိုပုံစံနဲ့ ဖြာထွက်လာခဲ့ပါတယ်။

အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့က အရှေ့ကိုပြေးထွက်သွားချိန်မှာပဲ မာရှောင်ထောင့်ကဦးဆောင်လို့နေခဲ့ပါတယ်။ ထိုက်ယွဲ့ဟန်နဲ့ ပေ့ပေ့ကတော့ အနောက်ကနေကပ်လိုက်လာခဲ့တယ်။ လင်းလော့ချန်ရဲ့ရေခဲတုတ်ချောင်းကတော့ သူမရဲ့လက်ထဲမှာပေါ်လာခဲ့ပြီ ခေါင်းပေါ်ကိုမြောက်ထားခဲ့ပြန်ပါတယ်။ အေးစက်တဲ့မြူခိုတွေက ပတ်၀န်းကျင်တစ်ခုလုံးကို လွှမ်းခြုံလို့သွားခဲ့ပါပြီ။ ဒီရေခဲမြူခိုတွေအားလုံးက ပြိုင်ဘက်ရဲ့အရှိန်နှုန်းကို သိသိသာသာလျော့ကျလို့သွားစေခဲ့ပါတယ်။ ရှုစန်းရှိီ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ လင်းလော့ချန်တို့လေးယောက်ကတော့ မြူခိုတွေထဲမှာလုံး၀ကို ပျောက်ကွယ်လို့သွားပါတော့တယ်။ ဒါကတော့ လင်းလော့ချန်အခုအချိန်အထိ ဘယ်တုန်းကမှထုတ်မပြဖူးတဲ့ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်ပါပဲ။

” နည်းနည်းလေးစနှောက်လိုက်တာပါ ”

ရေခဲမြူခိုတွေ၀ါးမြိုခံလိုက်ရပြီတဲ့နောက် ရှုစန်းရှီက မင်းသမီးကျိုးကျိုးကို လှမ်းအော်လိုက်ပါတယ်။ သူဘယ်တုန်းကမှ သူ့ရဲ့နေရာလဲစွမ်းအားကို သုံးဖို့စိတ်ကူးမထားခဲ့ပါဘူး။

မင်းသမီးကျိုးကျိုးကတော့ မျက်နှာသေကြီးဖြစ်သွားပါတော့တယ်။ သူမရဲ့မြူခိုတွေကလဲ ပြန်ပြီပျောက်ကွယ်လို့သွားခဲ့ပါပြိီ။ အဲ့ဒီနောက် နောက်တစ်ကြိမ်ထွက်ပေါ်လာတဲ့အလင်းတန်းတွေက အဖွဲ့သားကို လွှမ်းခြုံလို့သွားပါတော့တယ်။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အဖွဲ့သားအားလုံးက ရွှေရောင်အလင်းတန်းတွေရဲ့အောက်မှာတောက်ပလို့နေခဲ့ပါပြီ။ မင်းသမီးကျိုးကျိုးရဲ့ခန္ဓာကိုယ်ကတော့ သူ့ရဲ့သရဖူအောက်မှာ အင်မတန်ကိုအားကောင်းတဲ့အလင်းတန်းနဲ့ တောက်ပလို့နေခဲ့ပါတယ်။

မာရှောင်ထောင့်က လျှပ်စီးလက်သလိုမျိုး ပြိုင်ဘက်တွေရှေ့ကို ရောက်ရှိလို့သွားခဲ့ပါတယ်။ သူ့မရဲ့မီးလျှံတွေက အရှေ့မှာရှိတဲ့၀ိညာဥ်ဘုရင်ကို တိုက်ရိုက်ဦးတည်နေတာပါ။

၀ိညာဥ်ဘုရင်ရဲ့ နာမည်ကတော့ ၀မ်ဟယ်ယွိီဖြစ်ပါတယ်။ သူကအရှေ့ဆုံးမှာရပ်နေတာဖြစ်တာကြောင့် သေချာပေါက် ကြယ်တာရာလော့နိုင်ငံတော်ရဲ့ တိုက်ခိုက်ရေးသမားပါပဲ။

သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကလဲ ကြောက်စရာကောင်းပါတယ်။ သိုင်းပညာ၀ိညာဥ်ထုတ်လိုက်တာနဲ့ အနက်ရောင်စွမ်းအင်တွေက သူ့တစ်ကိုယ်လုံးပေါ်ကို လွှမ်းခြုံလို့သွားခဲ့ပါပြီ။ ကြွက်သားတွေကလဲ ကြီးမားလို့လာခဲ့ပြီ ဘုရင်ဆိုတဲ့စကားလုံးက နဖူးတည့်တည့်မှာပေါ်လာပါတော့တယ်။ ဒါက ထိုက်ယွဲ့ဟန်နဲ့ အတော်ကိုတူညီတာပါ။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာပေါက်လာခဲ့တဲ့ အမွှေးတွေက အနက်ရောင်စစ်စစ်ကြီးဖြစ်နေတာကလွဲပြီ ကျန်တဲ့ကွာခြားချက်မရှိခဲ့ပါဘူး။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က အမှောင်ထုနတ်ဆိုးကျားဖြစ်ပါတယ်။ ရှားပါးတဲ့အမှောင်ထုအမျိုးအစားသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားပေမဲ့ သူက မိစ္ဆာ၀ိညာဥ်ပညာရှင်တော့ မဟုတ်ခဲ့ပါဘူး။ ကြောက်စရာအမှောင်ထုက ထိုက်ယွဲ့ဟန်ရဲ့ ကျားဖြူထက်နဲ့ယှဥ်ရင်း သဘာ၀ကသိပ်မကွာပဲရှိနေခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာပဲ ရွှေရောင်အလင်းတန်းတွေက သူ့ရဲ့အနောက်ဖက်မှာပေါ်လာခဲ့ပြီ သူ့ကိုတွန်းအားပေးပါတော့တယ်။ ဒီအလင်းတန်းတွေက အမှောင်ထုနဲ့မတိုက်ခိုက်ပဲ ခန္ဓာကိုယ်ထဲကိုကြယ်တာရာအလင်းတန်တွေအဖြစ် ၀င်ရောက်သွားခဲ့ပါပြီ။ အနက်ရောင်နဲ့ ကြယ်အလင်းတောက်ပမှုနှစ်ခုပေါင်းစည်းလို့သွားချိန်မှာတော့ အံ့ဩစရာကောင်းနေခဲ့ပါတော့တယ်။

၀မ်ဟယ်ယွီရဲ့ အော်သံက ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားခဲ့ပြီ မာရှောင်ထောင့်ရဲ့မီးလျှံတွေကို သူရင်ဆိုင်ပါတော့တယ်။ လက်သီးကိုအသုံးပြုရင်း ဆက်တိုက်ဆိုသလို ပြေးထွက်လို့နေခဲ့ပြီ အ၀ါဖျော့ရောင်အလင်းတန်းတွေက သူ့ရဲ့အရှေ့ပတ်လည်တစ်မီတာအကွာမှာ ဖြစ်ပေါ်လို့နေခဲ့ပါတယ်။ မီးပွားတွေထွက်နေခဲ့ပေမဲ့ နတ်မီးငှက်မီးလျှံတွေကတော့ ဆက်တိုက်ဆိုသလို အားကောင်းလို့နေဆဲပါ။ သူလဲတစ်လက်မတောင် မဖောက်ထွက်နိုင်ခဲ့ပါဘူး။ ပထမဆုံး၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ အမှောင်ထုလှိုင်းတွေကို သူအသုံးပြုနေခဲ့ပေမဲ့ မာရှောင်ထောင့်ကတော့ အေးအေးဆေးဆေးရှိနေခဲ့ပါတယ်။

သူ့အရှေ့မှာရှိနေခဲ့တဲ့ လှိုင်းတွေက လေလှိုင်းကြောင့်အနောက်ကိုပြန်ရိုက်ခတ်လာနေတာကို မြင်လိုက်ရပြီးပြီချင်မှာပဲ မာရှောင်ထောင့်လဲ အနည်းငယ်မျက်လုံးပြူးလို့သွားခဲ့ရပါတယ်။

သူ့ရဲ့မီးတွေက ပထမ၀ိညာဥ်စွမ်းရည်သာဖြစ်ပေမဲ့ အားကောင်းတဲ့၀ိညာဥ်ဧကရာဇ်တစ်ယောက်ဖြစ်တဲ့သူမအတွက် ဘယ်လိုလုပ်ပြိုင်ဘက်က သူ့ကိုယှဥ်နိုင်မှာလဲ။ ဒါပေမယ့် ပြိုင်ဘက်ကတော့ ပထမ၀ိညာဥ်စွမ်းရည်ကို အသုံးပြုရင်းသူ့ရှေ့ကို ရောက်လာနေခဲ့ပါပြီ။

အမှောင်ထုလှိုင်းတွေက သူ့ရှေ့ရောက်လာလာချင်မှာပဲ မာရှောင်ထောင့်က ညာဘက်လက်ကိုအသုံးပြုရင်း တစ်ဖက်လူရဲ့လှိုင်းတွေကို ချေမွပြစ်လိုက်ပါတယ်။ မီးတွေအပြည့်နဲ့သူမရဲ့လက်တွေက ပြိုင်ဘက်ဆီကို ပြေးထွက်လို့သွားခဲ့ပါပြီ။ ဒါကတော့ ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မီးလျှံသန့်စင်မှုပါပဲ။

မာရှောင်ထောင့်ရဲ့ ကြောက်စရာနဲ့ရင်ဆိုင်ရချိန်မှာတော့ ၀မ်ဟယ်ယွီက သူ့ခန္ဓာကိုယ်ကို နောက်ပြန်ဆုတ်ရင်း စောင့်ကြောင့်ထိုင်ချလိုက်ပါတယ်။ တတိယ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပြီတဲ့နောက် တောက်ပကြည်လင်တဲ့ကျားဟိန်းသံနဲ့အတူ ကျားအသွင်အလင်းတန်းက မာရှောင်ထောင့်ရဲ့မီးလျှံတွေကို ပြစ်လိုက်ပါတော့တယ်။ ဒါကသူ့ရဲ့ တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ နတ်ဆိုးကျားကောင်းကင်ထိတ်လန့်မှုပါ။ နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်လဲဖြစ်ပါတယ်။

မာရှောင်ထောင့်ရဲ့အာရုံခံနိုင်စွမ်းက အနီးကပ်တိုက်ပွဲတွေမှာ ပိုမိုတိကျပြီ ပြိုင်ဘက်ရဲ့အစွမ်းအစကို ရှင်းရှင်းလင်းလင်းနားလည်နိုင်ပါတယ်။ တစ်ဖက်လူရဲ့လှိုင်းတွေနဲ့တိုက်ခိုက်ချိန်မှာ ဖြစ်ပေါ်လာတဲ့ကြယ်တာရာအလင်းတန်းတွေက သူမရဲ့မီးလျှံတွေကို ဆက်တိုက်ဖျက်ဆီးတိုက်စားနေမှန်း သူမနားလည်လို့သွားပါတော့တယ်။ ဒါကြောင့်သာ သူ့ရဲ့တိုက်ခိုက်မှုစွမ်းအားတွေက နောက်ကျလို့သွားခဲ့တာပါ။ မာရှောင်ထောင့်ရဲ့၀ိညာဥ်စွမ်းအားအပြည့်အ၀က ရွှေရောင်ကြယ်အလင်းတန်းကြောင့်သာ မာရှောင်ထောင့်ကို တိုက်ခိုက်နိုင်သာဖြစ်ပါတယ်။

ဒီလိုထိတ်လန့်စရာကောင်းတဲ့ တည်ရှိမှုကြောင့်မာရှောင်ထောင့်က မင်းသမီးကျိုးကျိုးကို လှမ်းကြည့်လိုက်မိတော့တယ်။ ဘယ်လိုသိုင်းပညာ၀ိညာဥ်မျိုးက ဘယ်လိုမျိုးလုပ်နိုင်တာလဲ။ တကယ်ပဲ အဖွဲ့သားကိုဒီလောက်အထိ အားကောင်းအောင်ထောက်ပံ့ပေးနိုင်တာလား။ ဒါကရတနာခုနှစ်သွယ်ဘုံကျောင်းထက်တောင် ပိုပြီး အားကောင်းနေတဲ့အထောက်အပံ့ပြုရေးစွမ်းရည်ရှိနေပါသေးတယ်။

မာရှောင်ထောင့်က လက်ရှိအချိန်စိတ်ထဲမှာ​အဖြေရှာနေခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ သူ့ရဲ့အသိပညာက ပိုပြီးကျယ်ပြန့်ပါတယ်။ ဒါကြောင့် ဒီသိုင်းပညာ၀ိညာဥ်အကြောင်းကို ခပ်မြန်မြန်ပဲ သူရှာတွေ့သွားပါတော့တယ်။

တိုက်ကြီးတစ်တိုက်လုံးမှာတွေ့ဖို့ရှားပါးတဲ့ဒီသိုင်းပညာ၀ိညာဥ်က တည်ရှိနေခဲ့တာ အင်မတန်ကိုကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။ အတိတ်အချိန်မှာ ပေါ်လာခဲ့တဲ့ အကြိမ်အရေအတွက်က နည်းပါးလွန်တာကြောင့် မေ့လျော့တာခံလိုက်ရပါတယ်။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်အနေနဲ့ကတော့ သင်ခန်းစာတစ်ခုကို သေသေချာချာလေး မိတ်ဆက်ပြီးသင်ကြားထားရပါတယ်။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ ဒါတွေကို သိနားလည်နိုင်တဲ့အခြေအနေ မရှိသေးပါဘူး။

ကြယ်တာရာသရဖူ၀ိညာဥ်က ထျန်းလော့တိုက်ထဲမှာ အတော်လေးကို တန်ဖိုးထားခံရတဲ့ သိုင်းပညာ၀ိညာဥ်တစ်ခုဖြစ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့နှစ်တစ်သောင်းကျော်ကျော်ကာလမှာ ရှေ့အကျဆုံးထိပ်တန်းအဆင့်သိုင်းပညာ၀ိညာဥ်အဖြစ်ကို သတ်မှတ်ခြင်းခံရတယ်။

နှစ်ပေါင်းတစ်သောင်းကျော်ကြာပြီတဲ့နောက်မှာကတော့ ၀ိညာဥ်ခန်းမလို့ခေါ်တဲ့ ၀ိညာဥ်ပညာရှင်တွေက ဒါတွေကိုစုပေါင်းပြီကိုင်တွယ်ခဲ့တာပါ။ အဲ့ဒီနောက် ကြယ်တာရာလော့နိုင်ငံတော်ဧကရာဇ်နဲ့ ကောင်းကင်သုန့်နိုင်ငံတော်နှစ်ခုက အင်အားအကြီးဆုံးနဲ့ နိုင်ငံတော်အဖြစ်တည်ရှိခဲ့တာကြောင့် သူတို့ကိုထိန်းသိမ်းခဲ့ရပါတယ်။

တစ်ချိန်တုန်းက အင်မတန်ကိုအားကောင်းလှတဲ့ ပြိုင်ပညာ၀ိညာဥ်ခြောက်ခုကို ၀ိညာဥ်ခန်းမကပိုင်ဆိုင်ခဲ့တယ်။ နိုင်ငံတော်တစ်ခုချင်းဆီတိုင်းကလဲ အင်အားအကြီးဆုံးဖြစ်တည်မှုတွေနဲ့ လောကကိုလှုပ်ခတ်နိုင်တဲ့သူတွေကြီးပါပဲ။ အဲ့ဒီထဲမှာ တစ်စုံတစ်ယောက်ကတော့ ကြယ်တာရာသရဖူကိုပိုင်ဆိုင်ထားသူဖြစ်နေခဲ့တယ်။

အဲ့ဒီအချိန်ကာလမှာတော့ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ တော်၀င်မိသားစုက ကျားဖြူမြို့စားမင်းရဲ့သွေးသားတွေကိုပိုင်ဆိုင်ထားသူပါ။ ကျားဖြူသိုင်းပညာ၀ိညာဥ်က အံ့ဖွယ်ရာသိုင်းပညာ၀ိညာဥ်ခြောက်ခုထဲမှာ ရှိမနေခဲ့ပါဘူး။ အဲ့ဒီအစား ကြယ်တာရာသရဖူကသာ ကြယ်တာရာလော့နိုင်ငံတော်ကနေ ရင်ဆိုင်တဲ့အသန်မာဆုံးသိုင်းပညာ၀ိညာဥ်ဖြစ်နေခဲ့ပါတယ်။

တစ်ခုတည်သောပြဿနာကတော့ သူကအရမ်းကိုအမွေဆက်ခံနိုင်စရာအခွင့်အရေးက တန်ဖိုးနည်းလွန်တာပါပဲ။ ဒါကြောင့် တွေ့မြင်ဖို့လဲခက်ခဲလွန်ပါတယ်။ ပုန်းကွယ်နေတဲ့မျိုးနွယ်စုတစ်ခုနဲ့တူညီတဲ့ဒီအရာက နှစ်ပေါင်းလေးထောင်ကြာပြီချိန်မှာသာ ထွက်ပေါ်လို့လာခဲ့တာပါ။

ကြယ်တာရာလော့နိုင်ငံတော်က ဦးဆောင်ပြီပြင်ပဖိအားတွေအများကြီးကို ဖြေရှင်းပေးခဲ့ပါတယ်။ ဒါကြောင့် ကျားဖြူမြို့စားမင်းတို့တွေက တော်၀င်မိသားစုတွေနဲ့ ညှိနိုင်ပြီမျိုးမသုန်းသွားစေဖို့အတွက် အလဲအလှယ်လုပ်ခဲ့ကြရတယ်။ ဒီအချိန်ကာလမှာ ကြယ်တာရာသရဖူမျိုးနွယ်စုက သီးခြားနေထိုင်ရာကနေ အရှေ့ကိုထွက်လာခဲ့ပြီ နိုင်ငံတော်ရဲ့တပ်တွေအားလုံးကို စုစည်းပြီရန်သူတော်ကိုတိုက်ခိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ကြောက်မခန်းလိလိတိုက်ပွဲတွေကို တွေ့ရပြီတဲ့နောက်မှာတော့ ကြယ်တာရာလော့နိုင်ငံတော်ဧကရာဇ်နေရာကို သူတို့ရဲ့ဦးဆောင်သူကရယူနိုင်ခဲ့ပါပြီ။ ကျားဖြူမြို့စားမင်းတို့ရဲ့ သွေးသားတွေကတော့ အရင်မင်းဆက်ဟောင်းရဲ့ မျိုးနွယ်စုအဖြစ်သာကျန်ရစ်ပါတော့တယ်။ တော်၀င်မိသားစုနေရာကို လက်လွဲပေးပြီတဲ့နောက်မှာတော့ ကြယ်တာရာသရဖူမျိုးဆက်တွေက ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ခေါင်းဆောင်အသစ်တွေဖြစ်လာပါတော့တယ်။ အသစ်ဖြစ်ပေါ်လာတဲ့တော်၀င်မိသားစုတွေက ကျားဖြူမြို့စားမင်းရဲ့သွေးသားကို ကိုင်တွယ်ဖို့အတွက် မသန့်ရှင်းတဲ့နည်းလမ်းတွေကို မရွေးချယ်ခဲ့ပါဘူး။ ပြည်သူပြည်သားတွေရဲ့စိတ်နှလုံးကို အရယူနိုင်ခဲ့ပြီတဲ့နောက် သင့်တော်တဲ့နည်းလမ်းတွေနဲ့ နိုင်ငံတော်ကိုကောင်းကောင်းအုပ်ချုပ်ရင်း နှစ်ပေါင်းထောင်ချီအတွင်းမှာကြွယ်၀လာအောင် လုပ်နိုင်ခဲ့ပါတယ်။

သုန့်လင်းနိုင်ငံတော်နဲ့ ကောင်းကင်၀ိညာဥ်နိုင်ငံတော်နှစ်ခုစလုံး အင်အားပေါင်းစည်းမယ်ဆိုရင်တောင် ကြယ်တာရာလော့နိုင်ငံတော်ကို မယှဥ်နိုင်သာနိုင်လောက်တဲ့အထိ သူတို့က အင်အားကြီးမားလာခဲ့ပါတယ်။

ကြယ်တာရာသရဖူတွေက ဒီနှစ်ပိုင်းတွေမှာ ပြဿနာတွေအများကြီးကို ပြောင်းပြန်လှန်ပြစ်ခဲ့တာပါ။ သူ့ရဲ့ထူးခြားတဲ့စွမ်းအားကိုလဲ ကောင်းကောင်းပြသနိုင်ခဲ့ပါတယ်။ သန့်စင်တဲ့အထောက်အပံ့အသက်စွမ်းရည်တွေနဲ့တင် ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ထက်တောင် သူတို့က ကျော်လွန်နေပါပြီ။ ဒါပေမယ့် သူတို့က ထောက်လှမ်းရုံတင်မကပဲ မယုံနိုင်စရာကောင်းတဲ့တိုက်ခိုက်ရေးစွမ်းအားကိုလဲ ပိုင်ဆိုင်လ်ို့ထားခဲ့ပါတယ်။ အထောက်အပံ့ပြုရေးစွမ်းရည်သာဖြစ်ပေမဲ့ တိုက်ခိုက်နိုင်စွမ်းကိုအများကြီးတိုးမြင့်နိုင်သလို တိုက်ပွဲတွေအတွက် သီးသန့်ဖြစ်တည်လာတဲ့သိုင်းပညာ၀ိညာဥ်လို့ ပြောစမှတ်ပြုရမှာပါ။

ကြယ်တာရာသရဖူမျိုးနွယ်စုက နိုင်ငံတော်ကို အရယူပြီတဲ့အချိန်ကနေစပြီ သူတို့တွေက နောက်တစ်ကြိမ် သိုသိုသိပ်သိပ်နေကြပါတော့တယ်။ နှစ်ပေါင်းထောင်ချီကုန်ဆုံးသွားပြီတဲ့နောက် ကြယ်တာရာလော့နိုင်ငံတော်ရဲ့ တော်၀င်မိသားစုတွေက အတိတ်အချိန်မှာ အင်အားအကြီးဆုံး၀ိညာဥ်ပညာရှင်မျိုးနွယ်စုရဲ့ မျိူးဆက်တွေဖြစ်နေမှန်းလူတော်တော်များများက မေ့ပျောက်လို့သွားပါတော့တယ်။ ဒါ့အပြင် အပြင်လောကမှာကြယ်တာရာသရဖူသိုင်းပညာ၀ိညာဥ်တွေကိုလဲ မတွေ့ကြရတော့ပါဘူး။

မာရှောင်ထောင့်က သတင်းအချက်အလက်တွေကို ကောင်းကောင်းမှတ်မိပေမဲ့ သူမရဲ့လှုပ်ရှားမှုတွေက တစ်စက်လေးမှအရှိန်မလျော့ပဲရှိသွားခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့အစွမ်းကို မင်းသမီးကျိုးကျိုးက ဆက်တိုက်ဆိုသလိုအားဖြည့်ပေးနေခဲ့ပေမဲ့ မာရှောင်ထောင့်ဆီကို ရောက်ချိန်မှာကတော့ သူ့အစွမ်းအစတွေက အလုပ်မဖြစ်တော့ပါဘူး။

မာရှောင်ထောင့်က အေးစက်စက်ဟိန်းဟောက်လိုက်ပါတယ်။ ဆုတ်ခွာမဲ့အစား ရှေ့တိုးပြီနတ်ဆိုးကျားဆီကို ပြေး၀င်လို့သွားပါတော့တယ်။ သူမရဲ့ဟိန်းဟောက်သံနဲ့အတူ အတောင်ပံတွေက ဆန့်ထွက်လို့သွားခဲ့ပြီ တကယ်နတ်မီးငှက်ဆယ့်တစ်ကောင်ပုံစံကို သူမပြောင်းလဲသွားခဲ့ပြန်ပါတယ်။ မီးလျှံတွေက အဖြူရောင်အလင်းတန်းတွေနဲ့အတူ ကြောက်စရာအပူရှိန်ကို ထုတ်လွှတ်ရင်းအရှေ့ကိုပြေးထွက်တာကြောင့် ထိုက်ယွဲ့ဟန်နဲ့ ပေ့ပေ့တို့တောင် သူမနဲ့ ခပ်ခွာခွာနေခဲ့ရပါတော့တယ်။

မာရှောင်ထောင့်ရဲ့ ခန္ဓာကိုယ်က နောက်တစ်ကြိမ်လေထဲမှာ ပြန့်လွှင့်လို့လာခဲ့ပြီတဲ့နောက် သူ့ပြိုင်ဘက်ကိုအနီးကပ်တိုက်ခိုက်ပါတော့တယ်။ ဒီတစ်ကြိမ်မှာ နတ်မီးငှက်မီးလျှံတွေကတော့ လုံး၀ကိုဖြူစင်ကြည်လင်လို့နေခဲ့ပါပြီ။

ပုံမှန်အချိန်တွေမှာ သူမရဲ့ နတ်မီးငှက်မီးလျှံတွေကို ဒီလောက်အထိအရှိန်မြင့်အောင် မလုပ်၀ံ့ပါဘူး။ အကြောင်းအရင်းကတော့ ဒီလိုမီးလျှံတွေကို သူမအလွန်အမင်ထုတ်သုံးတာက ခန္ဓာကိုယ်ထဲမှာရှိနေခဲ့တဲ့ မိစ္ဆာမီးလျှံကို နိုးထစေနိုင်ဖို့ပါပဲ။ ကောင်းကောင်းမွန်မွန်မထုတ်လွှတ်နိုင်ဘူးဆိုရင် စိတ်လွှတ်သွားနိုင်ချေများပါတယ်။

ဒီတစ်ကြိမ်မှာကတော့ သူမရဲ့အနောက်မှာအဆုံးစွန်းရေခဲသိုင်းပညာ၀ိညာဥ်ရှိနေတဲ့အတွက် ကြောက်မနေတော့ပါဘူး။ ဟို့ယွိဟောင်သာရှိမယ်ဆိုရင် သူလဲနာကျင်မှုတွေကို ခံစားဖို့အတွက် ကြောက်စရာမရှိတာအမှန်ပါ။ အစောပိုင်းတုန်းကလဲ အကူအညီရခဲ့တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီတွေးတောင်မတွေးထားပါဘူး။

မာရှောင်ထောင့်အနေနဲ့ ထိုက်ယွဲ့ဟန်ကိုဖြတ်သန်းပြီအဖွဲ့ခေါင်းဆောင်ဖြစ်လာတာ သူမရဲ့ကြောက်စရာစွမ်းအားတွေကြောင့်ပါ။ အမျက်ဒေါသကျောင်းတော်က သူမလိုမျိုးအလွန်အမင်စိတ်မရှည်ပဲ စိတ်ဆိုးဒေါသထွက်လွယ်တဲ့သူတစ်ယောက်ကို ဘယ်လိုကြောင့်များသတိလက်လွှတ်ခေါင်းဆောင်အဖြစ်ထားနိုင်မှာလဲ။ ဒါပေမယ့် သူမက သေချာပေါက်သူမအသက်အရွယ်ထဲမှာ အင်အားအကြီးဆုံးလဲ ဖြစ်နေခဲ့တယ်။ ထိုက်ယွဲ့ဟန်က သူမထက်အတန်းတစ်တန်းကြီးပေမဲ့ မာရှောင်ထောင့်ကတော့ သူမသာတကယ်ပေါက်ပေါက်ကွဲကွဲတိုက်ခိုက်မယ်ဆိုရင် ကြောက်စရာအကောင်းဆုံးကျောင်းသားဖြစ်တယ်လို့ ပြောရမှာပါ။

၀မ်ယန်က သူတို့ရဲ့တိုက်ခိုက်လိုစိတ်တွေကို ဆက်တိုက်ဆိုသလိုလှုပ်ခတ်အောင်လုပ်နိုင်ခဲ့ပါတယ်။ သူမမဖော်ပြပေမဲ့ ဘယ်လိုလုပ်မသက်ရောက်ပဲနေမှာလဲ။ အစောပိုင်းတုန်းက ဖိနှိမ့်ထားခဲ့ရတဲ့ အင်အားတွေအားလုံးအခုအချိန်မှာ ထွက်ပေါ်လို့လာခဲ့ပါပြီ။

သူရှေ့မှာရှိတဲ့မီးတွေကိုကြည့်ရင်း ၀မ်ဟယ်ယွီကတော့ အရမ်းကိုလန့်နေခဲ့ပါတော့တယ်။ ပြင်းထန်ကြီးမားတဲ့အကြောက်တရားနဲ့အတူ သူတွေ့လိုက်ရတဲ့အရာကတော့ သူလုံး၀ကိုမခုခံနိုင်တော့ဘူးဆိုတာပါပဲ။ အဖြူရောင်မီးလျှံတွေက လုံး၀ကို နေရာအနှံ့ကနေ တိုက်ခိုက်လို့နေပါတော့တယ်။ ကြွက်ကြွက်ဆူမတတ်ပူနေခဲ့တဲ့ အပူရှိန်တွေက သူ့ကိုကာကွယ်ထားခဲ့တဲ့အရာအားလုံးကို ဖောက်ခွဲပြစ်လိုက်ပြီ မင်းသမီးကျိုးကျိုးရဲ့ အထောက်အပံ့ကလဲ သူ့ဆီကိုမရောက်ရှိလာတော့ပါဘူး။

၀မ်ဟယ်ယွီရဲ့အခြေအနေအင်မတန်အန္တရာယ်များနေတဲ့အချိန်မှာပဲ မာရှောင်ထောင့်ရဲ့ မီးလျှံတွေကဘေးကို ရွေ့သွားပြီဖိအားလဲ လျော့သွားသလိုခံစားလိုက်ရပါတော့တယ်။

အမျိုးသမီးတစ်ယောက်က ၀မ်ဟယ်ယွီရဲ့မနီးမဝေးနေရာမှာ ပေါ်လာခဲ့ပါပြီ။ သူမရဲ့ ရုပ်သွင်ကအတော်လေးကို ရုပ်ကြမ်းရေကြိုပါပဲ။ ရိုးရှင်းတဲ့မိန်းမပျိုလေးတစ်ယောက်သာထင်ရပေမဲ့ တောက်ပတဲ့ခရမ်းရောင်ဆံပင်ရှည်တွေက အနောက်ကျောဖက်မှာ၀ဲကျလို့နေခဲ့ပါတယ်။ မျက်နှာပေါ်မှာမှဲ့ခြောက်တွေလဲရှိနေခဲ့ပြီ ကြည့်လို့အကောင်းဆုံးမျက်နှာအသွင်အပြင်ကတော့ မျက်လုံးတွေပါပဲ။ မီးလျှံတွေနဲ့တောက်ပနေတဲ့ ဒီမျက်၀န်းတွေက မာရှောင်ထောင့်ရဲ့မီးလျှံတွေကို ဖြည်းဖြည်းချင်းဆိုသလို တားဆီးလို့နေပါတော့တယ်။ သူက မာရှောင်ထောင့်ရဲ့မီးလျှံတွေကို ဖယ်ရှားပေးတဲ့သူပါ။ မီးကိုထိန်းချုပ်တဲ့သူ မာရှောင်ထောင့်ရဲ့စိတ်ထဲမှာ အတွေးပေါ်လာပါတယ်။ ၀မ်ယန်လဲ ဒီခရမ်းရောင်ဆံပင်နဲ့ မိန်းကလေးအကြောင်းကို သတိပေးပြီသားပါ။ မင်းသမီးကျိုးကျိုးမပေါ်လာခင်တုန်းက ၀မ်ယန်ရဲ့စိတ်ထဲမှာ အင်အားအကြီးဆုံးလို့သတ်မှတ်ထားတဲ့သူနှစ်ယောက်ရှိပါတယ်။ အဲ့ဒီနှစ်ယောက်ထဲမှာ သူလဲ ပါနေခဲ့တယ်။

အပိုင်း ၁၀၈•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset