Switch Mode

Chapter – 108.1

မင်းသမီး

အပိုင်း ၁၀၈•၁

” မင်းသမီး ”
°°°
ကြယ်တာရာလော့ဧကရာဇ်က ပြုံးပြရင်းနဲ့ ပြောလာခဲ့ပါတယ်။

” အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ၀င်တွေနဲ့ ဗိုလ်လုပွဲပြိုင်ပွဲ၀င်တွေကို အသက်အန္တရာယ်လုံခြုံစိတ်ချစေဖို့အတွက် နိုင်ငံတော်ရဲ့အကာအကွယ်သော့်လော့တွေက ကျန်ရှိတဲ့ပွဲစဥ်တွေမှာ ဒိုင်လူကြီးအဖြစ်နဲ့ရော ကြီးကြပ်သူအဖြစ်အနေနဲ့ပါ ဆောင်ရွက်ကျစေဖို့ကိုတော့ ဆုံးဖြတ်လိုက်ပါပြီ။ ဆရာကြီး၀မ်ချင်းရှုက ပထမဆုံးအကြိမ်အချီအတွက် ပြိုင်ပွဲကိုကြီးကြပ်ပေးမဲ့သူဖြစ်ပါလိမ့်မယ်…သူ့ရဲ့ဘွဲ့နာမည်ကတော့ ကောင်းကင်ရန်သူတော်အထိီးကျန်ကြယ်ပွင့်သော့်လော့ပါ ”

ဧကရာဇ်ရဲ့ ညွှန်ကြားချက်က ကြည့်ရှု့နေသူမြို့တော်သူမြို့တော်သားတွေကို တအံ့တဩအော်သံတွေ ထွက်ပေါ်လာစေခဲ့ပါတော့တယ်။ ဒါပေမယ့် ပါ၀င်ယှဥ်ပြိုင်တဲ့အဖွဲ့တွေအားလုံးကတော့ လန့်နေခဲ့ကြပါပြီ။

၀မ်ယန်ကတော့ တအံ့တဩနဲ့မှတ်ချက်ပြုလာခဲ့ပါတယ်။

” ကောင်းကင်ရန်သူတော်သော့်လော့ ၀မ်ချင်းရှုသူသေသွားတာကြာလှပြီလို့ ငါထင်နေခဲ့တာပဲ ဒါပေမယ့် ကြယ်တာရာလော့နိုင်ငံတော်ကို ၀င်ရောက်သွားမယ်လို့ ဘယ်သူများတွေးမိမှာလဲ ”

မာရှောင်ထောင့်က စင်ပေါ်ကိုတက်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က ပေ့ပေ့အနားကိုကပ်ပြီပြောလိုက်ပါတယ်။

” အစ်ကိုကြီး ဒီကောင်းကင်ရန်သူတော်သော့်လော့က အရမ်းအင်အားကြီးတဲ့သူလား ”

ပေ့ပေ့က တစ်ချက်လေးတောင်မတွေဝေပဲ ခေါင်းညိတ်ပြလိုက်ပါတယ်။

” ဟုတ်တယ် သူကအရမ်းကိုအင်အားကြီးတယ်…ကြယ်တာရာလော့နိုင်ငံတော်က သူတို့ရဲ့ခြိမ်းခြောက်နိုင်စွမ်းနဲ့ နိုင်ငံတော်အင်အားကို ကောင်းကောင်းကြီးထုတ်ဖော်ပြသလိုက်တာ သိသာနေပြီ ကောင်းကင်ရန်သူတော်သော့်လော့ရဲ့ သိုင်းပညာ၀ိညာဥ်က အရမ်းကိုထူးခြားတယ်…သူက ကောင်းကင်ပေါ်မှာရှိတဲ့ကြယ်တာရာတွေကို သူ့ရဲ့ကိုယ်ပိုင်သိုင်းပညာ၀ိညာဥ်အဖြစ်အသုံးပြုနိုင်တယ်..ဒဏ္ဍာရီတွေအရတော့ သူမွေးဖွားတဲ့အချိန်မှာ တစ်နေ့တာလုံးအရမ်းကိုထွန်းလင်းနေတဲ့ကြယ်တစ်ပွင့်ရှိခဲ့တယ်တဲ့ မွေးပြီးပြီချင်အချိန်မှာပဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က အလိုအလောက်ထွက်လာခဲ့တယ်..တူညီတဲ့ညမှာပဲ သူ့ရဲ့အမေက သွေးထွက်လွန်ပြီ သေသွားခဲ့သလို သူ့အဖေကလဲ သူ့အသက်ရှစ်နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ရတယ်…အဲ့ဒီနောက်မှာတော့ ဘေးမှာရှိသမျှမိတ်ဆွေသူငယ်ချင်းတွေလဲ တစ်ယောက်ပြီတစ်ယောက် သေဆုံးကုန်ကြတယ်တဲ့ နောက်ပိုင်းမှာရှာဖွေတွေ့ရှိလာရတာကတော့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ဖြစ်တဲ့ ကောင်းကင်ရန်သူတော်အထီးကျန်ကြယ်ပွင့်က မိသားစုနဲ့ ရှိသမျှမိတ်ဆွေသူငယ်ချင်းတွေအားလုံးကို ပစ်မှတ်ထားပြီတိုက်ခိုက်နေတာကြောင့် ဒီလိုတွေဖြစ်လာရတယ်လို့ နားလည်လိုက်ရတယ်…ဒါကြောင့်သာ တစ်ဘ၀တာလုံးအထီးကျန်ဆန်ဆန်နဲ့ တစ်ယောက်ထဲဖြတ်သန်းဖို့ ကံကြမ္မာဖန်လာတယ်လို့ ရေသားထားတာကို ငါဖတ်ဖူးတယ် ”

ဟို့ယွိဟောင်ကတော့ ပါးစပ်အဟောင်သားနဲ့ ဖြစ်နေခဲ့ရပါပြီ။

” ဒီလိုသိုင်းပညာ၀ိညာဥ်ရှိလာနိုင်တယ်လား ”

ပေ့ပေ့က ပြုံးပြရင်ပြန်ဖြေလိုက်ပါတယ်။

” ၀ိညာဥ်ပညာရှင်တွေမှာ သိုင်းပညာ၀ိညာဥ်ဆိုတာက ဘယ်လိုအရာကိုမဆို ဖြစ်နိုင်တယ်လေ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ ဒီကောင်းကင်ရန်သူတော်အကြီးအကဲရဲ့ သိုင်းပညာ၀ိညာဥ်က သူ့ရဲ့မိသားစုကို ဆုံးရှုံးစေတဲ့တစ်ချိန်ထဲမှာပဲ သူမတူအောင်ထူးခြားတဲ့ အင်အားကိုလဲပေးစွမ်းနိုင်တယ်…ဆရာတစ်ယောက်ရဲ့ သင်ကြားပြသမှုမရှိပဲနဲ့ သူကျင့်ကြံခဲ့ပြီ သိသမျှအရာအားလုံးကလဲ ကိုယ်ပိုင်သင်ကြားမှုလို့ အခိုင်အမာပြောတာတောင် ငါကြားဖူးတယ်..ဒါ့အပြင် ဒီနှစ်တစ်လျှောက်လုံးမှာ တစ်ယောက်ထဲပဲ ဆက်တိုက်ဖြတ်သန်းနေခဲ့ရင်း ကောင်းကင်ရန်သူတော်သော့်လော့ဆိုတဲ့ဘွဲ့ကိုတောင် ရယူနိုင်ခဲ့သေးတယ်လေ အခုနှစ်မှာသူအသက်က ခြောက်ဆယ်၀န်းကျင်ရှိနေခဲ့ပြီ ဒါကြောင့် အဆင့်ကိုးဆယ်တစ် ကိုးဆယ်နှစ် ရောက်နေမှာပဲ ဒါပေမယ့် သူ့ရဲ့ထူးခြားတဲ့သိုင်းပညာ၀ိညာဥ်ကြောင့် အဆင့်ကိုးဆယ်ငါး ထူးကဲသာလွန်သော့်လော့တွေကိုတောင် သူတစ်ယောက်ထဲနဲ့ တိုက်ခိုက်နိုင်တယ်လို့တောင် ပြောကြတယ် ”

” သူက အရာအားလုံးကို ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရင်း လုပ်ဆောင်လာခဲ့ရတာလေ ငယ်ငယ်ရွယ်ရွယ်ထဲက ရှိသမျှမိတ်ဆွေတွေ သူငယ်ချင်းတွေ မိသားစုတွေကိုပါ ဆုံးရှုံးလိုက်ရတာကြောင့် သူ့မှာလဲ မှီခိုစရာမရှိတော့ဘူး ဒါကြောင့်သာ အချိန်မရွေးရက်စက်ကြမ်းတမ်းပြီ အဆင့်အမျိုးမျ်ိုးပြောင်းလဲနိုင်တဲ့ ခက်ထန်းကြမ်းတမ်းတဲ့သူဖြစ်တယ်လို့ သူ့ကိုပြောကြတယ်..ဒါပေမယ့် ကောလဟာလတွေအရတော့ သူကလွန်ခဲ့တဲ့အချိန်တွေမှာ အင်အားကြီးမျိုးနွယ်စုတွေအများကြီးနဲ့ တိုက်ပွဲဖြစ်ပြီ အဲ့ဒီလူတွေက သူ့ကိုခွေးတစ်ကောင်လိုထွက်ပြေးသွားအောင် မောင်းထုတ်လိုက်တယ်တဲ့ ”

ပေ့ပေ့က ကောင်းကင်ရန်သူတော်သော့်လော့အကြောင်း မိတ်ဆက်ပေးနေချိန်မှာပဲ တစ်ဖက်အဖွဲ့ရဲ့ခေါင်းဆောင်တွေလဲ အသီးသီးရောက်ရှိသွားခဲ့ပါပြီ။

မာရှောင်ထောင့်က အမျက်ဒေါသကျောင်းတော်ကို ကိုယ်စားပြုပြီး မာယုလုံကတော့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို ကိုယ်စားပြုပါတယ်။ ထူးဆန်းတော်၀င်ကျောင်းတော်ရဲ့ ခေါင်းဆောင်ကတော့ ပုခုံးကျယ်ကျယ်သာမန်ကိုယ်ထည်ဖွဲ့စည်းပုံနဲ့ လူငယ်တစ်ယောက်ပါပဲ။ အမူအရာရုပ်သွင်ကတော့ တည်ငြိမ်နေခဲ့ပြီ ကျောက်စိုင်ကျောက်သားလိုမျိုးခိုင်ခံ့မဲ့စိတ်ဓာတ်မျိုးရှိနေတဲ့ပုံပေါ်နေခဲ့ပါတယ်။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ကိုယ်စားပြုအဖွဲ့ခေါင်းဆောင်ကတော့ မိန်းမပျိုလေးတစ်ယောက်ပါ။ အမျိုးသမီးတစ်ယောက်ခေါင်းဆောင်တဲ့အဖွဲ့က မြင်ရတာရှားပါးပါတယ်။ ဟို့ယွိဟောင်နဲ့ တခြားသူတွေလဲ ဒီအမျိုးသမီးကို အရင်ကမြင်ဖူးခဲ့ပြီးပါပြီ။ သူကတော့ ကြယ်တာရာလေလံပွဲရဲ့ လေလံပြစ်သူခေါင်းဆောင်မင်းသမီးကျိုးကျိုးပါပဲ။

အမျက်ဒေါသကျောင်းတော်မှာရှိတဲ့သူတွေတင် ထိတ်လန့်ကုန်ကြတာမဟုတ်ပဲ တခြားကျောင်းတော်က ပါ၀င်ယှဥ်ပြိုင်သူတွေအားလုံးလဲ အထိတ်တလန့်ဖြစ်ကုန်ကြပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ရှိသမျှကျောင်းတော်တွေအားလုံးက ထိပ်တန်းအဆင့်လေလံပွဲမှာ ရှိနေခဲ့ကြလို့ပါ။

ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ကျောင်းတော်၀တ်စုံက အ၀ါဖျော့ဖျော့စစ်သည်တော်၀တ်စုံဖြစ်ပါတယ်။ မင်းသမီးကတော့ အဲ့ဒီနေ့လေလံပွဲကပုံစံနဲ့ ယှဥ်လိုက်မယ်ဆိုရင် အများကြီးကို ကွာခြားလို့နေခဲ့ပါပြီ။ စစ်သည်တော်၀တ်ရုံက သူမရဲ့အရှိန်အ၀ါကိုသာမကပဲ သူရဲကောင်းဆန်တဲ့စိတ်၀ိညာဥ်ကိုပါ ဖော်ထုတ်ပြသလို့နေပါတော့တယ်။ လေနဲ့အတူလွှင့်မျောနေတဲ့ ရွှေရောင်ဆံပင်တွေကို မြင်းမြီးအသွင်ခပ်မြင့်မြင့်မြောက်စည်းထားပြီ လှပတဲ့မျက်နှာမှာတော့ အပြုံးတစ်ပွင့်ရှိနေခဲ့တော့တယ်။

အ၀ါဖျော့ရောင်ကိုယ်ကြပ်၀တ်ရုံက သူမရဲ့ ဆွဲဆောင်ညို့ငင်းနိုင်စွမ်းအပြည့်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပိုပြီးပေါ်လွှင်စေနေခဲ့ပါတယ်။

မာရှောင်ထောင့်ရဲ့အရှိန်အ၀ါက သူနဲ့သိပ်ပြီမကွာပေမဲ့ ရုပ်သွင်မှာကတော့ မာရှောင်ထောင့်က အများကြီးပိုပြီး သာနေခဲ့တယ်။ သူမက ဒီမင်းသမီးထက်ကို သိသိသာသာကျော်တက်နေပုံပါပဲ။

မာယုလုံကတော့ မင်းသမီးကိုတစ်ချက်သာ ကြည့်ပါတယ်။ သူ့ရဲ့မျက်၀န်းထဲမှာရှိနေခဲ့တဲ့ ထိတ်လန့်မှုကတော့ သူ့အမူအရာကို သစ္စာဖောက်လို့နေခဲ့ပါပြီ။ တစ်ဖက်မှာရှိနေခဲ့တဲ့ ကျောင်းတော်ခေါင်းဆောင်ကလဲ မင်းသမီးကျိုးကျိုးကို အချိန်အတော်ကြာကြည့်နေပြီမှသာ အကြည့်လွဲနိုင်ခဲ့တော့တယ်။

၀မ်ယန်ကတော့ မျက်မှောင်ကြုတ်ရင်း စင်ပေါ်ကမင်းသမီးကို စိုက်ကြည့်လို့နေခဲ့တယ်။ သူမက အစောပိုင်းပွဲစဥ်တွေမှာ တစ်ခါမှထွက်ပေါ်မလာခဲ့ဖူးပါဘူး။ သူသိထားရသလောက်အရဆိုရင် ကြယ်တာရာလော့နိုင်ငံတော်ရဲ့ တော်၀င်ကျောင်းတော်က ပြိုင်ပွဲတစ်ခုချင်းဆီတိုင်းမှာ အကြိုအဖွဲ့ကို အမြဲတမ်းဖုံးကွယ်ထားခဲ့ဝာာပါ။

သူရောတခြားကျောင်းတော်တွေကပါ ဒီမင်းသမီးနဲ့ပတ်သက်ပြီ ဘာကိုမှမသိကြပါဘူး။

၀မ်ယန်က ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို သတိရသွားတဲ့အတွက် အထိတ်တလန့်ပြောပါတော့တယ်။

” ငါအခုသတိရသွားပြီ ယွဲ့ဟန် ကြယ်တာရာလော့နိုင်ငံတော်ရဲ့ တော်၀င်မိသားစုသိုင်းပညာ၀ိညာဥ်က အဲ့ဒါပဲဖြစ်ရမယ်. ”

ထိုက်ယွဲ့ဟန်က ၀မ်ယန်ရဲ့အနောက်ဖက်မှာ ရှိနေခဲ့ပြီ ခေါင်းညိတ်လိုက်ပါတယ်။

” ဆရာ၀မ်ယန် ခန့်မှန်းတာမှန်တယ်…ကျွန်တော်အဖေက ပြောခဲ့ဖူးတယ်…ဧကရာဇ်ရဲ့သိုင်းပညာ၀ိညာဥ်နဲ့ပတ်သက်ပြီ သူ့မှာပြောစရာစကားတချို့ပဲရှိတယ်တဲ့ ခန့်မှန့်လို့မရနိုင်သလို ဖောက်ထွက်ဖို့လဲ ခက်လိမ့်မယ်…ဒါ့အပြင် လွန်ခဲ့တဲ့နှစ်သုံးရာအတွင်းရှိခဲ့ဖူးတဲ့သူတွေထဲမှာ ဧကရာဇ်မင်းက ပါရမီအရှိဆုံးနဲ့ နည်းပညာအထက်မြက်ဆုံးသူလို့ သူအခိုင်အမာပြောနိုင်တယ်တဲ့ ဒါပေမယ့် မင်းသမီးအကြောင်းကိုတော့ တစ်ခါမှတောင်မကြားဖူးဘူး ”

၀မ်ယန်ကတော့ လက်ရှိအချိန်မှာ သက်ပြင်းချနေခဲ့ရပါပြီ။

” မဲခွဲဆုံးဖြတ်မှုကို အရင်ကြည့်ရအောင် ”

အဖွဲ့ရဲ့ကိုယ်စားပြုတွေအားလုံးကတော့ စတင်ပြီမဲခွဲကြပါတော့တယ်။

အဖွဲ့ခေါင်းဆောင်လေးယောက်က နိုင်ငံတော်ရဲ့အကာအကွယ်သော့်လော့လေးယောက်အရှေ့မှာ ရှိနေခဲ့ပါပြီ။ ကြယ်တာရာလော့ဧကရာဇ်က ပြုံးပြရင်းပြောလာခဲ့ပါတယ်။

” ဒီလိုမျိုးထူးချွန်တဲ့လူငယ်တွေကို ကိုယ်တိုင်ကိုယ်ကြမြင်တွေ့ရတာ ၀မ်းမြောက်ကြည်နူးစရာပါပဲ ပြိုင်ပွဲမစခင်မှာ အားလုံးကိုသတိပေးစရာရှိပါတယ်…မိတ်ဆွေကြားက ဆက်ဆံရေးဆိုတာ ဘယ်အရာထက်မဆိုအရေးကြီးတယ်…ဒီပြိုင်ပွဲပြီးဆုံးတဲ့အထိဒါကို စိတ်ထဲထားနိုင်မယ်လို့ မျှော်လင့်ပါတယ်…ဒီတစ်ခေါက် မဲခွဲဆုံးဖြတ်ပြီရင်း အားလုံးအတူတူစတင်ကြရပါ့လိမ့်မယ်..အဆင်သင့်ဖြစ်ပြီလား ”

မာရှောင်ထောင့်က မျက်လုံးတွေကိုမှေးဆင်းလိုက်ရင်း ဘေးမှာရှိတဲ့မင်းသမီးကျိုးကျိုးကို ကြည့်လိုက်ပါတော့တယိ။

” အဆင်သင့်ပဲ ”

မင်းသမီးကျိုးကျိုးကတော့ ပြုံးပြနေရင်းနဲ့သာ တုန့်ပြန်လိုက်ပါတယ်။

” အာရုံစိုက်ကြပါ ”

ကြယ်တာလော့ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီတဲ့နောက် သူဘယ်လိုလုပ်လိုက်မှန်းမသိရအောင်ပဲ ဘောလုံးလေးလုံးက လေထဲမှာတစ်ပြိုင်နက်ထဲ လွှင့်မျောလို့သွားခဲ့ပါတယ်။

မာရှောင်ထောင့်က စောင့်ဆိုင်းနေခဲ့တာကြပါပြီ ဒါကြောင့် ချက်ချင်းဆိုသလို ဧကရာဇ်ရဲ့လှုပ်ရှားမှုနဲ့အတူ လေထဲကိုမြင့်တက်လို့သွားတော့တယ်။ သူမရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်ပြီ၀ိညာဥ်စွမ်းရည်တွေကို အသုံးပြုတာက ဒီလိုအချိန်တိုလေးအတွင်းမှာ သူမရဲ့အရှိန်နှုန်းကို မသက်ရောက်သွားစေရပါဘူး။ သူမရဲ့ရွေးချယ်မှုကတော့ တခြားအဖွဲ့ခေါင်းဆောင်တွေနဲ့အတူတူ ဖြစ်သွားပါတော့တယ်။ သူတို့အားလုံးက လေထဲမှာရှိတဲ့ရွှေရောင်ဘောလုံးလေးလုံးကို ဦးတည်နေခဲ့တာပါ။

မင်းသမီးကျိုးကျိုးတစ်ယောက်ကသာ မလှုပ်ရှားပဲရှိနေခဲ့ပါတယ်။ သူက မျက်စိပျက်မျက်နှာပျက်နဲ့ ရပ်နေခဲ့တယ်။

မာရှောင်ထောင့်က အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့ခေါင်းဆောင်ကာပီသပါပေးတယ်။ သူမက အမျိုးသမီးဖြစ်နေတာကြောင့်နဲ့တင် အထင်သေးလျှော့တွက်လို့မရနိုင်ခဲ့ပါဘူး။ ဆွဲဆောင်မှုရှိလွန်လှတဲ့ ပုံရိပ်က လေပေါ်ကိုထိုးတက်သွားချိန်မှာ ချက်ချင်းဆိုသလို ဘောလုံးကိုဖမ်းမိသွားပါတော့တယ်။ သူမ ဆင်းသက်လို့လာချိန်မှာပဲ တစ်ဖက်ခေါင်းဆောင်နှစ်ယောက်ကလဲ ဘောလုံးတွေကိုဖမ်းမိသွားခဲ့ပါပြီ။ မင်းသမီးကျိုးကျိုးကတော့ နောက်ဆုံးကြလာခဲ့တဲ့ ဘောလုံးကိုသာဖမ်းလိုက်ပါတော့တယ်။

သူမကတော့ လက်ထဲမှာရှိတဲ့ဘောလုံးကိုကြည့်ရင်း ပြုံးနေဆဲပါ။ နောက်ဆုံးဘောလုံးကိုသာ သူဖမ်းလိုက်ပေမဲ့ ပထမဆုံးအကြောင်းကြားတဲ့သူဖြစ်လာခဲ့ပါတယ်။

” နံပါတ်တစ် ”

မာယုလုံက ပြောလိုက်ပါတယ်။

” နံပါတ်နှစ် ”

မာရှောင်ထောင့်က မင်းသမီးကျိုးကျိုးရဲ့ မျက်နှာကိုစူးစူးစိုက်စိုက်ကြည့်နေရင်း တစ်ခွန်းသာပြောခဲ့တယ်။

” နံပါတ်တစ် ”

ထူးဆန်းအံ့ဖွယ်ကျောင်းတော်က သူတို့ရဲ့ အရေအတွက်ကို သတင်းမပို့ရသေးပေမဲ့ ရလဒ်ကတော့ သိသာနေခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်က ကြယ်တာရာလော့နိုင်ငံတော်နဲ့ ဒီနေ့တိုက်ခိုက်ရမှာပါ။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကတော့ ထူးဆန်းအံ့ဖွယ်ကျောင်းတော်နဲ့ တိုက်ခိုက်ရပါလိမ့်မယ်။

ကြယ်တာရာလော့ဧကရာဇ်ကိုယ်တိုင်က မဲခွဲဆုံးဖြတ်ပြီတဲ့နောက် ကြည့်ရှု့နေသူတွေဆီကို ရလဒ်ကြော်ငြာလိုက်ပါတော့တယ်။ သူတို့ရဲ့အမိနိုင်ငံအဖွဲ့က အမျက်ဒေါသကျောင်းတော်နဲ့ တိုက်ခိုက်ရတော့မှာကို သိသိပြီချင်း လူတွေလဲပိုမိုတက်ကြွလာခဲ့ပါပြီ။

အကယ်၍ မာရှောင်ထောင့်သာ အမျက်ဒေါသကျောင်းတော်အတွက် ပိုပြီးကောင်းမွန်တဲ့ နံပါတ်ကိုယူနိုင်ခဲ့မယ်ဆိုင် အပေါ်ယံမှာကတော့ အဆင်ပြေလိမ့်မယ်။ ၀မ်ယန်ရဲ့တွက်ချက်မှုအရတော့ဒီအဖွဲ့ရဲ့လေးဖွဲ့ထဲမှာ ကြယ်တာရာလော့အဖွဲ့က အားအနည်းဆုံးပါ။

အကြိုဗိုလ်လုပွဲ ပွဲစဥ်နဲ့ ဗိုလ်လုပွဲတွေအားလုံးက တူညီတဲ့စည်းမျဥ်းကို ကန့်သတ်ထားပါတယ်။ သူတို့တွေက အစောပိုင်းထုတ်ပယ်တဲ့ပွဲစဥ်တွေလိုပဲ အဖွဲ့လိုက်ပွဲစဥ်နဲ့ တစ်ယောက်ချင်းဆီပွဲတွေကိုယှဥ်ပြိုင်ရမှာပါ။ ကွာခြားချက်ကတော့ နှစ်ဖက်စလုံးအနေနဲ့ ဒီပွဲကိုနိုင်မှသာ အဆင့်တက်လို့ရမှာဖြစ်ပါတယ်။ အကယ်၍ နှစ်ဖက်စလုံးကသာ တစ်ယောက်တစ်ပွဲဆီန်ိုင်ခဲ့မယ်ဆိုရင် နှစ်ယောက်နှစ်ယောက် သုံးယောက်သုံးယောက်ပွဲစဥ်တွေဆီကို ပုံစံပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့လိုက်ပွဲစဥ်မှာ အနိုင်ရသူတွေအနေနဲ့ အဖွဲ့လိုက်အားသာချက်ရရှိနိုင်တော့မှာမဟုတ်ပါဘူး။

အကြိုဗိုလ်လုပွဲ ပွဲစဥ်ရဲ့ပြိုင်ပွဲတွေကတော့ နေ့လည်မှာတစ်ချက်နားပြီ ဆက်တိုက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးထုတ်ပယ်မှုပွဲစဥ်မှာကတော့ အုပ်စုလိုက်ထုတ်ပယ်မှုပွဲစဥ် တစ်ယောက်ချင်းပွဲစဥ်နဲ့ နှစ်ယောက်နှစ်ယောက် သုံးယောက်ပွဲစဥ်သုံးခုစလုံးကို တစ်ပြိုင်နက်ထဲ ယှဥ်ပြိုင်မှာလဲဖြစ်ပါတယ်။ အဆုံးသတ်မှာကတော့ အင်အားတစ်ခုထဲကို စမ်းသပ်ရုံတင်မကပဲ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှု တောင့်ခံနိုင်မှုနဲ့ တစ်ယောက်ချင်းဆီရဲ့အင်အားတွေအားလုံးကိုပါ စမ်းသပ်မှာဖြစ်ပါတယ်။

အပိုင်း ၁၀၈•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset