Switch Mode

Chapter – 107.1

အကြိုဗိုလ်လုပွဲ ရွေးချယ်ခံရသူများ

အပိုင်း ၁၀၇•၁

” အကြိုဗိုလ်လုပွဲ ရွေးချယ်ခံရသူများ ”
°°°
ဟို့ယွိဟောင်က သူ့ရဲ့ခြေထောက်မှာ အင်အားတွေကိုစုစည်းလိုက်ပြီတဲ့နောက် မြေပြင်ကနေ ထရပ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ၀မ်သုန့်ရဲ့ခြေချင်း၀တ်တွေကို ဆွဲလိုက်ပါပြီ။

၀မ်သုန့်ရဲ့ခန္ဓာကိုယ်က အရှေ့ကိုကွေးကျလာခဲ့ပြီ ဟို့ယွိဟောင်ရဲ့လည်ပင်းကို သူခြေထောက်တွေနဲ့ရစ်ပတ်ဖို့အတွက် ကြိုးစားပါတော့တယ်။ ဟို့ယွိဟောင်က နှစ်ဖက်စလုံးကို သူ့ရဲ့လည်ပင်းနားဆီပြန်လည်ဆုတ်ခွာလိုက်ပြီတဲ့နောက် ၀မ်သုန့်ရဲ့ ခြေချင်း၀တ်ကိုနောက်တစ်ကြိမ် ဆွဲလိုက်ပြန်တယ်။

” မင်းလက်မောင်းတွေက ငါပေါင်ကိုလိမ်မချိုးနိုင်ပါဘူး “‘

၀မ်သုန့်က ပြောလိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့ တိုက်ခိုက်မှုကို သူခုန်မရှောင်ခဲ့ပါဘူး။ အဲ့ဒီအစား အပေါ်ခန္ဓာကိုယ်ကို အသုံးပြုရင်း လက်နှစ်ဖက်ကို ကြမ်းပြင်မှာထောက်လိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်ရဲ့လည်ပင်းကို နောက်ထပ်ပုံစံတစ်မျိုးနဲ့အတူ ရစ်ပတ်ဖို့လုပ်နေခဲ့ပါပြီ။

ဒါပေမယ့် ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ခြေချင်း၀တ်တွေကို တင်းတင်းကျပ်ကျပ်ဆွဲကိုင်လို့ထားပါတယ်။ သံပြုတ်တူကြီးတစ်ခုလိုမျိုး ခိုင်မာလွန်တာကြောင့် ရုန်းကန်ရင်သူ့ခြေထောက်တွေကို တစ်လက်မတောင် ရှေ့မတိုးနိုင်ပါဘူး။

ဟို့ယွိဟောင်က ရယ်မောလိုက်ပါတော့တယ်။

” မင်းကအားနည်းလွန်ပါသေးတယ်…ဒါမျိုးကိုပြိုင်ဘက်ကင်းပေါင်တံတွေလို့ ခေါ်သင့်တယ်မဟုတ်ဘူးလား မီးကျီးဆံလိုပဲ ”

၀မ်သုန့်က ဆက်တိုက်အင်အားစိုက်ထုတ်ပေမဲ့ မယုံနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ သူ့ကိုတင်းတင်းကျပ်ကျပ်ဆွဲထားဆဲပါ။ ဒါ့အပြင် ၀မ်သုန့်ရဲ့ခြေထောက်တွေကိုလဲ ဖြည်းဖြည်းချင်းဆွဲဖြဲနေပါသေးတယ်။

” မဖြစ်နိုင်လိုက်တာ မင်းမှာ၀ိညာဥ်စက်ကွင်းနှစ်ကွင်းပဲရှိသေးတယ်မဟုတ်လား ဘယ်လိုလုပ်ငါထက် သန်မာလာရတာလဲ ”

” ငါမှာ၀ိညာဥ်အရိုးရှိလို့လေ ”

” ငါမှာလဲရှိတာပဲ ”

၀မ်သုန့်က မယုံနိုင်သေးပါဘူး။ ဟို့ယွိဟောင်ကတော့ ဒါကိုကြားချိန်မှာတော့ ရေခဲဧကရီကင်းမြီးကောက်ရဲ့ အရိုးအကြောင်းပြောဖို့တွေးမိလိုက်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာကတော့ ဒီလိုစွမ်းအားအပြည့်အ၀တိုးတက်လာခဲ့မှုက ရွှေလိုအသက်ရဲ့အစွမ်းအစကြောင့် ဖြစ်လာခဲ့တာပါ။ ဒါကြောင့်သာမဟုတ်ဘူးဆိုရင် ၀မ်သုန့်ရဲ့ခြေထောက်ကို အလွယ်လေးခုခံနိုင်မှာမဟုတ်ပါဘူး။

၀မ်သုန်လို တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကို ပိုင်ဆိုင်ထားသူက အားနည်းလိုက်မယ်လို့ မထင်ထားပါနဲ့ သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစတွေက သေးသွယ်တဲ့ခန္ဓာကိုယ်နဲ့ မလိုက်ဖက်အောင်ကို ကြီးမားနေခဲ့ပါတယ်။ ဒုတိယသိုင်းပညာ၀ိညာဥ်က တိုက်ကြီးတစ်ခုလုံးမှာ အသန်မာဆုံးအင်အားသိုင်းပညာ၀ိညာဥ်ဖြစ်နေခဲ့တဲ့အပြင် သူတို့ရဲ့ မျိူးရိုးစဥ်ဆက်ဆက်ခံမှုကြောင့်လဲ သန်မာမှုက ယှဥ်လို့မရနိုင်ခဲ့ပါဘူး။

ဟို့ယွိဟောင်အနေနဲ့ ၀မ်သုန့်ကို ကျင့်ကြံမှုစွမ်းအားမသုံးပဲ ပုံမှန်အနေအထားမှာအနိုင်ရဖို့မလွယ်ကူပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်မှာအင်အားကို လက်ရှိအချိန်မှာကတော့ ကောင်းကောင်းအသုံးချရင်း ၀မ်သုန့်ကိုဖိနှိမ့်လိုက်ပါပြီ။

” ဒါပေါ့ လက်ရှိအချိန်မှာ ဘယ်သူမှ၀ိညာဥ်စွမ်းအားမသုံးရသေးလို့ ဒီလိုအခြေအနေရှိတာပါ ”

၀မ်သုန့်ကတော့ အားကုန်ထုတ်ရင်းအသုံးပြုနေပေမဲ့ သူ့ခြေထောက်တွေကို လုံး၀မလှုပ်နိုင်ပါဘူး။ ခြေထောက်တွေကတော့ ဆက်တိုက်ဆိုသလို ဆွဲယူခံလိုက်ရရင်း သူတို့နှစ်ယောက်က အတော်ကို ရှုပ်ထွေးရစ်ပတ်နေပါတော့တယ်။ တစ်ယောက်က လက်နှစ်ဖက်ကို အားပြုရင်းထောင်နေခဲ့ပြီ နောက်တစ်ကတော့ သူ့ရဲ့ ခြေထာက်တွေရဲ့အပေါ်မှာရှိနေခဲ့ပါတယ်။ ဒါ့အပြင် ၀မ်သုန့်ရဲ့ခန္ဓာကိုယ်တစ်၀က်နီးပါးက အခန်းအပြင်ကိုရောက်နေခဲ့ပါပြီ။

” မင်းတို့တွေဘာလုပ်နေတာလဲ ဒီလောက်တောင်မှ ချစ်ကြည်နူးနေဖို့ လိုသေးလို့လား ”

ရှုစန်းရှီရဲ့အသံနဲ့အတူ ပေ့ပေ့နဲ့ မာရှောင်ထောင့်တို့ကလဲ အခန်းထဲ၀င်လာပါတော့တယ်။ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ကို အပြင်ထွက်နေတာကိုသူတို့ကြည့်လိုက်ရုံနဲ့တင် မြင်နေခဲ့တာပါ။ ၀မ်သုန့်ကတော့ အတော်လေးရှက်သွားခဲ့ပြီ အဲ့ဒီနောက် ပြောပါတော့တယ်။

” ငါ့ကိုလွှတ်လိုက်စမ်း ”

ဟို့ယွိဟောင်လဲ နောက်ဆုံးမှာလွှတ်ပေးလိုက်ပါပြီ။ အဲ့ဒီနောက် ၀မ်သုန့်က နောက်ဖက်ကိုဂျွန်ပြစ်သွားရင်း နှစ်ပတ်လောက်ပတ်ပြီသွားချိန်မှာ မားမားပြန်ထရပ်ပါတော့တယ်။ အဲ့ဒီနောက် ရှုစန်းရှီတို့ဖက်ကို လှည့်ရင်းပြောလာခဲ့တယ်။

” ပေါင်းစည်းစွမ်းရည်ကို လေ့ကျင့်နေတာ ဘာများမှားလို့လဲ ”

ဟို့ယွိဟောင်က သူတင်ပါးကို လာနှိမ့်ပေးတာကြောင့် ရန်ဖြစ်နေရတယ်လို့ ထုတ်ပြောလို့မရနိုင်ပါဘူး။ ဟို့ယွိဟောင်ကလဲ သူ့နှာခေါင်းကို ပွတ်ရင်းပြုံးနေခဲ့တယ်။ မာရှောင်ထောင့်ကတော့ ရယ်နေခဲ့ပါပြီ။

” ဒါဆိုရင်လဲ ဆက်လုပ်ကြလေ လူငယ်လူရွယ်တွေဆိုတာ တက်တက်ကြွကြွနေသင့်တယ် ”

” အစ်မကြီးထောင့်ကလဲ မအိုသေးပါဘူး ”

” ကောင်းပြီ သွားကြစို့ ဆရာ၀မ်က ငါတို့ကို အကြိုပြိုင်ပွဲအတွက် အစည်းအဝေးခေါ်ထားတယ် .မနက်ပြိုင်ပွဲပြိုင်ရမယ်ဆိုတော့ ပြင်ဆင်ရဦးမှာပဲ ”

၀မ်ယန်ရဲ့ သင်ကြားပြသမှုကို နားထောင်ပြီတဲ့နောက် မာရှောင်ထောင့်ရဲ့ ဒေါသကလဲ အတော်လေးလျော့ပါးသွားခဲ့ပါပြီ။ သူမက အရမ်းရူးသွပ်တဲ့ပုံစံမဟုတ်တော့ပဲ အေးအေးဆေးဆေးဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ရှိသင့်ရှိထိုက်တဲ့အရည်အသွေးတွေကို ထုတ်ဖော်ပြသပြီဖြစ်နေခဲ့တယ်။

” မနက်ဖြန်လား ”

ဟို့ယွိဟောင်က တအံ့တဩပြောပါတော့တယ်။

” အစ်မကြီးတို့ အရင်တုန်းကပြောခဲ့တယ်မဟုတ်လား သဘက်ခါမှပြိုင်ရမယ်လို့ပြောတယ်မဟုတ်လား မနေ့တုန်းကမှ ယှဥ်ပြိုင်ခဲ့တာလေ တခြားအဖွဲ့သားတွေက ဒီနေ့အကြိုဗိုလ်လုပွဲမတိုင်ခင်မှာပြိုင်ပွဲတွေပြိုင်နေရမှာမဟုတ်လား တစ်ရက်နားပြီးတော့မှ အဲ့ဒီပြိုင်ပွဲတွေ အဆုံးသတ်သွားမှာဟုတ်တယ်ဟုတ် အစ်မကြီးနေ့တွေများ အမှတ်များနေလား ”

” အစ်မကြီးထောင့် သူပြောတာအထင်မလွဲနဲ့ ဒီကောင်ကတစ်ရက်နဲ့တစ်ညလုံးလုံး အလေးအနက်တရားထိုင်တာကို လုပ်နေခဲ့တာ ကျွန်တော်မှာသူ့ကိုကာကွယ်ရလို့ မောပြီသေမတတ်ဖြစ်နေပြီ ဒါတောင် သူကကျွန်တော်ကို အနိုင်ကျင့်နေသေးတယ် ”

ဟို့ယွိဟောင်လဲ သူ့ရဲ့တရားထိုင်မှုက တစ်ရက်နဲ့တစ်ညတိတိကြာမြင့်ခဲ့တယ်လို့ မထင်ထားခဲ့ပါဘူး။ ဒီအချိန်မှာသာ ၀မ်သုန့်ရဲ့မျက်ကွင်းညိုညိုတွေကို သူသတိထားမိပါတော့တယ်။

ပေ့ပေ့က ဟို့ယွိဟောင်ကို လက်မထောင်ပြလိုက်တယ်။

” ငါ့ရဲ့ညီလေးကတော့ တကယ်အံ့ဩစရာကောင်းတာပဲ သွားကြရအောင် ”

” အစ်ကိုကြီးက တကယ်ဘက်လိုက်လွန်တာပဲ ဒီအဖွဲ့ထဲမှာ ကျွန်တော်က အငယ်ဆုံးလေ ကျွန်တော်ကိုမှညီငယ်လေးလို့ ခေါ်သင့်တာမဟုတ်ဘူးလား ”

ပေ့ပေ့က ထူးထူးဆန်းဆန်းကြီး ကြည့်လာခဲ့ပါတယ်။

” တကယ်ကြီးလား တကယ်ပဲငါရဲ့ညီငယ်လေး ဖြစ်ချင်လို့လား ”

၀မ်သုန့်အနေနဲ့ ဒီလိုစိုက်ကြည့်ခံရတဲ့အချိန်မှာကတော့ လျှာထုတ်ပြီပြောင်ပြလိုက်ပါတယ်။

” ဘာပဲဖြစ်ဖြစ်လေ သွားကြစို့ ”

အဲ့ဒီနောက် သူအရင်ဆုံးပြေးထွက်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က စိတ်ရှုပ်ထွေးလာတာကြောင့် မေးလာခဲ့ပါတယ်။

” အစ်ကိုကြီးဘာကြောင့် သူ့ကိုဒီလိုမျိုး လွယ်လွယ်ကူကူနှင်ထုတ်နိုင်ရတာလဲ ”

ပေ့ပေ့က ရယ်မောလိုက်ပါတော့တယ်။

” အများကြီးမမေးနဲ့ အခုကတော့ ကိစ္စမရှိသေးဘူး သွားကြစို့ ငါတို့အစည်းအဝေးရှိသေးတယ်..မနက်ဖြန်ပြိုင်ပွဲက လုံး၀လွယ်ကူမှာမဟုတ်ဘူး ”

ဟို့ယွိဟောင်အနေနဲ့လဲ သူအကြာကြီးတရားထိုင်ခဲ့တာကို သိလိုက်ရတဲ့အတွက် လန့်နေခဲ့ရပါတယ်။ သူကိုယ်သူခဏလေးတရားထိုင်တယ်လို့သာ ထင်ခဲ့တာပါ။ မိနစ်ပိုင်းလောက်သာကြာတယ်လို့တွေးမိပေမဲ့ တကယ်တော့ လေးနက်တဲ့တရားထိုင်မှုက အချိန်တွေကုန်ဆုံးမှုကိုတောင် မေ့ပျောက်သွားစေခဲ့ပါတယ်။ ဒါ့အပြင် တစ်ယောက်ထဲလေ့ကျင့်မှုအတွက် အကောင်းဆုံးပါပဲ။ ၀ိညာဥ်ပညာရှင်တိုင်းက ဒီလိုအခွင့်အရေးမျိုးရချင်နေတာ မဆန်းကြပါဘူး။

ဒီအတွေးတွေတွေးပြီတာနဲ့ ဟို့ယွိဟောင်က အစည်းအဝေးအခန်းထဲကို တခြားသူတွေနဲ့အတူတူ၀င်သွားပါတော့တယ်။

၀မ်ယန်ကတော့ အစောကြီးကထဲက ရောက်နေတာ အသိအသာကြီးပါ။ အားလုံးရောက်လာတာကို မြင်ချိန်မှာတော့ သူပြောလိုက်ပါတယ်။

” ကောင်းပြီ စကြစို့ ”

” မနက်ဖြန်မှာ အကြိုဗိုလ်လုပွဲပွဲစဥ်တွေက စတော့မယ်…ဒါကကိစ္စမရှိသေးဘူး..ငါတို့တွေက သေချာပေါက် ပထမဆုံးပြိုင်ပွဲမှာ ပြိုင်ရမှာပဲ..နောက်ထပ် ပြိုင်ပွဲကတော့ မနက်ဖြန်မှာ ဖြစ်လိမ့်မယ်…အကြိုဗိုလ်လုပွဲပြီးတဲ့နောက်မှာ တကယ်ဗိုလ်လုပွဲကြီးမတိုင်ခင် သုံးရက်တိတိ အချိန်ကြာလိမ့်မယ် ”

” ဆရာ၀မ် ဒီတစ်ခေါက် ဘယ်သူနဲ့တိုက်ခိုက်ရမှာလဲ ”

” ဒါကိုတော့ မသေချာသေးဘူး တရားမျှတဖို့အတွက် အားလုံးကိုမဲခွဲပြီ ဆုံးဖြတ်ရမှာ ပြိုင်ပွဲကြီးတစ်ခုလုံးရဲ့ချန်ပီယံနေရာကို ရယူဖို့အတွက်သေချာပေါက် ငါတို့တွေ မနက်ဖြန်ပြိုင်ပွဲမှာ ပြိုင်ကြရမှာပဲ ပြိုင်ဘက်ကိုပစ်မှတ်ထားဖို့အတွက် ထူးခြားတဲ့လေ့လာပြင်ဆင်မှုတွေဘာမှလုပ်လို့မရသေးဘူး…ငါတို့ရွေးချယ်စရာတစ်ခုတည်သောကိစ္စကတော့အားလုံးအပြည့်အ၀ပြင်ဆင်ထားဖို့ပဲရှိမယ်…ဒီကိစ္စမှာ မထင်မှတ်ထားတဲ့ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပေမဲ့ ငါတို့ရဲ့ ပြိုင်ဘက်တွေအားလုံးကလဲ ငါတို့နဲ့တူညီနေတဲ့အချိန်ကို ရင်ဆိုင်ရလိမ့်မယ်…ဒါ့အပြင် ဘယ်သူနဲ့ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာလဲ ဘယ်သူမှမသေချာကြဘူး ”

” ကျန်ရစ်တဲ့အဖွဲ့လေးဖွဲ့က နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော် ငါတို့ကျောင်းတော် ကြယ်တာရာလော့နိုင်ငံတော်ရဲ့ နိုင်ငံတော်တော်၀င်ကျောင်းတော် ဒါ့အပြင် ထူးဆန်းတော်၀င်ကျောင်းတော် လေးခုပဲ ”

” တခြားကျောင်းတော်သုံးခုစလုံးက ငါတို့ရဲ့အရင်ပြိုင်ဘက်ဟောင်းတွေပဲလေ သူတို့ကအရမ်းအင်အားကြီးကြတယ်…သေချာပေါက် အကြီးမားဆုံးပြိုင်ဘက်က နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ပဲ သူတို့ကို အကြိုဗိုလ်လုပွဲမှာမတွေ့ခဲ့ဘူးဆိုရင် သေချာပေါက် ဗိုလ်လုပွဲမှာတွေ့မှာပဲ အဲ့ဒီနောက် ကောင်းကောင်းဗျူဟာဆွဲပြီ ပစ်မှတ်ထားဖို့လိုလိမ့်မယ် ”

” မင်းတို့အားလုံးကို အတိုချုပ်ပြောပြမယ်…ဒီအဖွဲ့သုံးဖွဲ့စလုံးကို ယှဥ်ပြိုင်ဖို့အတွက် သူတို့နဲ့သက်ဆိုင်တဲ့ဗျူဟာတွေကို လိုအပ်တယ် ”

” နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ငါတို့ပြိုင်ဘက်သုံးဖွဲ့ထဲမှာ အင်အားအကြီးဆုံးပဲ အဖွဲ့ခေါင်းဆောင်မာယုလုံက ပေါ်မလာသေးဘူး…အစောပိုင်းပွဲစဥ်တွေအရ ကြည့်မယ်ဆိုရင် မာယုလုံက ၀ိညာဥ်ဧကရာဇ်တစ်ယောက်ဖြစ်နေလိမ့်မယ်…ကံကောင်းလို့သူတို့အဖွဲ့ထဲမှာ သူတစ်ယောက်ထဲ၀ိညာဥ်ဧကရာဇ် ရှိနေခဲ့တာ ”

” နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ လူဆယ့်လေးယောက်ထဲမှာ မာယုလုံအပြင် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ကလဲ မယှဥ်ပြိုင်ရသေးဘူး..ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ နှစ်ယောက်စလုံးက အကြိုအဖွဲ့ကလူတွေ မုန့်ဟုန်ချန်ဆိုတာက ၀မ်သုန့်သွားပြီစနှောက်နေတဲ့ မိန်းမပျိုလေးပေါ့ ”

၀မ်ယန်က ၀မ်သုန့်ဘက်ကိုလှည့်ကြည့်ပါတော့တယ်။

၀မ်သုန့်ကတော့ စိတ်ထဲတောင်ထားတဲ့ပုံမပေါ်ပါဘူး။ အဲ့ဒီနောက် ၀မ်ယန်က ဆက်ပြောပြန်တယ်။

” သူတို့အဓိကအဖွဲ့ရဲ့ ကျန်ရစ်တဲ့သူတွေထဲမှာ အားလုံးက၀ိညာဥ်ဘုရင်တွေကြီးပဲ နှစ်ယောက်ကတော့ အဆင့်ငါးဆယ်ငါးအထက်ကို ရောက်နေပြီကျန်တဲ့သူတွေက အဆင့်ငါးဆယ်ငါးအောင်တဲ့ အဆင့်ငါးဆယ်အထက်မှာရှိတယ်…သူတို့တွေအားလုံးက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအတွက် အသုံး၀င်တဲ့စရိုက်တွေကိုပိုင်ဆိုင်ထားတဲ့ သိုင်းပညာ၀ိညာဥ်တွေကို အမွေဆက်ခံရရှိထားတယ်..အရမ်းကြီးထူးချွန်ထက်မြက်နေကြတာတော့ မဟုတ်ဘူး..သူတို့ရဲ့အဓိကအားသာချက်က ၀ိညာဥ်လက်နက်တွေကြီးပဲ အကြိုအဖွဲ့ရဲ့ လူငါးယောက်ကတော့ ပြိုင်ဆိုင်ပြီးသွားပြီ နှစ်ယောက်က ၀ိညာဥ်ဘိုးဘေးတွေနဲ့ သုံးယောက်က ၀ိညာဥ်အကြီးအကဲတွေပဲ ဒါပေမယ့် ဒီအကြိုအဖွဲ့လူတွေအားလုံးကို ငါတို့မမြင်သင့်ဘူးမဟုတ်လား ”

” နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ငါတို့ရဲ့ အသန်မာဆုံးပြိုင်ဘက်ဖြစ်လာခဲ့တာ ငါတို့နဲ့ယှဥ်နိုင်တဲ့ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်တာကြောင့်မဟုတ်ဘူး..သူတို့ရဲ့၀ိညာဥ်လက်နက်တွေက အားကောင်းလွန်တာကြောင့်ပဲ သေချာပေါက် ပြိုင်ပွဲထဲမှာ မသုံးရသေးတဲ့၀ိညာဥ်လက်နက်တွေက အများကြီးရှိနေလိမ့်မယ်..ဒီလက်နက်တွေကို ငါတို့အတွက် သီးသန့်ဖယ်ပေးထားတာလဲ ဖြစ်နိုင်တယ်…ဒါတွေကအရင်ပြိုင်ပွဲတွေကို ကြည့်လိုက်တာနဲ့သိသာနေမှာပဲ…လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ လက်နက်တွေက တစ်ဆထက်တစ်ဆပိုမြန်တဲ့အရှိန်နှုန်းနဲ့ ပြောင်းလဲနေတယ်…ကိုင်တွယ်ဖို့ကလဲ ပိုခက်ခဲလာတာ ဒါကြောင့်သာငါတို့ဗျူဟာက သူတို့နဲ့ရင်ဆိုင်ချိန်မှာ ဆက်တိုက်ပြောင်းလဲဖို့လိုတာပဲ အဖွဲ့လိုက်ပွဲစဥ်တွေမှာ သူတို့ရဲ့၀ိညာဥ်လက်နက်တွေနဲ့ ရင်ဆိုင်ရလို့ကတော့ ငါတို့အုပ်စုလိုက်ပြိုင်ရင်း အနိုင်မရနိုင်တော့ဘူး..ဒါပေမယ့် နှစ်ယောက်နှစ်ယောက် သုံးယောက်ချင်တိုက်ပွဲတွေဖြစ်စေ တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲပဲဖြစ်စေ သေချာပေါက် ငါတို့နိုင်ဖို့အခွင့်အရေးရှိတယ် ”

ဟို့ယွိဟောင်က မေးလိုက်ပါတယ်။

” ဆရာ၀မ် နောက်ဆုံးဗိုလ်လုပွဲမှာ အပြောင်းအလဲတွေထပ်ရှိလာဦးမှာလား ”

၀မ်ယန်က ခေါင်းညိတ်ရင်းပြန်ဖြေပါတယ်။

” အဖွဲ့တစ်ဖွဲ့က ပတ်လည်ပွဲစဥ်တွေအဖြစ် ပြန်ပြီးစီစဥ်တယ်…တစ်ယောက်ချင်ပွဲတွေအပြင် တစ်ယောက် နှစ်ယောက် သုံးယောက်ပြိုင်ပွဲတွေမှာရှိလာမယ်…ဒါ့အပြင် ဒီပြိုင်ပွဲပုံစံသုံးမျိုးက ယှဥ်ပြိုင်ရမဲ့လူခုနှစ်ယောက်စလုံးကို အဖွဲ့နှစ်ဖွဲ့က ရွေးချယ်မိတဲ့အချိန်မှသာ ဆုံးဖြတ်တာပဲ ဒါ့အပြင် တစ်ပြိုင်နက်ထဲ ပြိုင်ပွဲသုံးခုစလုံးကိုလဲ လုပ်ဆောင်ရတယ်…လုံး၀နားချိန်လဲမရှိဘူး..ဒါ့အပြင် သုံးပွဲမှာနှစ်ပွဲမှာသာ နိုင်တယ်လို့ဆုံးဖြတ်ရတာ ”

ဟို့ယွိဟောင်လဲ ဒါကိုကြားချိန်မှာမျက်လုံးပြူးသွားပါတော့တယ်။ ဒီပြိုင်ပွဲကြီးတစ်ခုလုံးရဲ့ ချန်ပီယံဖြစ်လာဖို့ မလွယ်ကူနိုင်ပါဘူး။ ၀မ်ယန်က ပြောလိုက်ပါတယ်။

” ဒါပေမယ့် အခုထျန်းဟွမ်နိုင်ငံတော်ရဲ့ ထူးဆန်းအံ့ဖွယ်ကျောင်းတော်ကလဲ ငါတို့ပြိုင်ဘက်ပဲ ငါတို့တွေနဲ့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရယ် ထူးဆန်းအံ့ဖွယ်ကျောင်းတော်ရယ်မှာပဲ အံ့ဖွယ်ဧကရာဇ်တွေက အများကြီးရှိကြတာ အဲ့ဒီတော်၀င်ထူးဆန်းအံ့ဖွယ်ရာကျောင်းတော်က ထျန်းဟွမ်နိုင်ငံတော်ရဲ့ တော်၀င်ကျောင်းတော်လဲ ဖြစ်နေသေးတယ်…နိုင်ငံတော်မှာရှိရှိသမျှတော်၀င်မိသားစုတွေအားလုံးက ကျောင်းတော်ထဲကို၀င်ရောက်ပြီ သင်ကြားရတယ်..ဒါကြောင့်သာ သူတို့ရဲ့ လူစီစဥ်ပုံက အရမ်းကြီးကို သန်မာလွန်တယ်..၀ိညာဥ်ဧကရာဇ်တစ်ယောက် ၀ိညာဥ်ဘုရင်ခြောက်ယောက်တိတိရှိတယ်..ဒါပေမယ့် ၀ိညာဥ်ပညာရှင်တွေက အဓိကအင်အားတွေပဲ သူတို့ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ၀ိညာဥ်ပညာရှင်တွေကို အဓိကအားဖြစ်ပေးတယ်…အဓိကအဖွဲ့ရဲ့လူခုနှစ်ယောက်ထဲမှာ ၀ိညာဥ်ဘုရင်နှစ်ယောက်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ ငါရဲ့လေ့လာမှုအရဆိုရင် သူတို့တွေက အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တော့ မဖြစ်နိုင်ဘူး..အဆင့်လေးတော့ ဖြစ်နိုင်တယ်…ဟယ့်ချိုက်ထို့လောက် အဆင့်တူဖြစ်လိမ့်မယ် ”

” နောက်ဆုံးပြိုင်ဘက်ဖြစ်တဲ့ ကြယ်တာရာလော့နိုင်ငံတော်ကြီးကျောင်းတော်ကတော့ ကြယ်တာရာလော့နိုင်ငံတော်ကလာပဲ ပြိုင်ဘက်သုံးယောက်ထဲမှာ ဒီကျောင်းတော်ကအားအနည်းဆုံးပဲဖြစ်ပေမဲ့ ရင်ဆိုင်ဖို့လွယ်ကူတာတော့ မဟုတ်ဘူး..သူတို့တွေက သူတို့ရဲ့အမိမြေကို အားကိုးပြီတိုက်ခိုက်ရမှာလေ ဒါ့အပြင် သူတို့အားလုံးရဲ့ ပေါင်းစည်းစွမ်းအားကလဲ ဒီလောက်အားမနည်းဘူး..၀ိညာဥ်ဧကရာဇ်တစ်ယောက်မရှိပေမဲ့ ၀ိညာဥ်ဘုရင်ခြောက်ယောက်တိတိ ရှိတယ်…သူတို့အတွက် အခုအချိန်အထိ ချောချောမွေ့မွေ့နဲ့ဆက်တိုက်တက်လှမ်းလာနိုင်ခဲ့တာ ငါတို့ထက်တောင် ပိုပြီးကံကောင်းနေသေးတယ် ”

” နောက်ဆုံးတိုက်ပွဲတစ်ခုက ငါတို့အတွက်တော့ ကြောက်စရာကောင်းလိမ့်မယ်..ငါတို့မှာ ရှောင်ထောင့်နဲ့ ယွဲ့ဟန်တို့လို ၀ိညာဥ်ဧကရာဇ်နှစ်ယောက်ရှိပေမဲ့ ပြိုင်ဘက်တွေကလဲ အားလုံးပေါင်းစည်းလိုက်တဲ့စွမ်းအားမှာပိုကောင်းမွန်နေသေးတယ်..သူတို့ရဲ့အကုန်လုံးပေါင်းစွမ်းအားက ငါတို့နဲ့သိပ်မကွာဘူး နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်နဲ့ တော်၀င်ထူးဆန်းအံ့ဖွယ်ရာကျောင်းတော်နှစ်ခုစလုံးက အားလုံးပေါင်းတဲ့အင်အားမှာသာလွန်နေတယ်..အစွမ်းကုန်ကြိုးစားတိုက်ခိုက်မှသာ ငါတို့တွေချန်ပီယံဖြစ်လာနိုင်လိမ့်မယ်..မိုးထိလွှာကျောင်းတော်နဲ့ ပထမဆုံးရင်ဆိုင်ရတဲ့အချိန်ကလိုပဲ တိုက်ပွဲက ပြင်းထန်နေမှာသေချာနေပြီ ”

၀မ်ယန်က အေးအေးဆေးဆေးရှိမနေခဲ့ပါဘူး။ အမျက်ဒေါသကျောင်းတော်ရဲ့လူတွေအားလုံးလဲ စိတ်နှလုံးသားထဲမှာ လေးလံသွားပါတော့တယ်။

အမှန်တကယ်ပဲ သူတို့တွေက ၀ိညာဥ်ဧကရာဇ်နှစ်ယောက်နဲ့ ၀ိညာဥ်ဘုရင်တစ်ယောက်ရှိပေမဲ့ သူတို့ရဲ့အကြိုအဖွဲ့လူတွေအားလုံးက ပြိုင်ဘက်တွေထက် အားနည်းနေတာပါပဲ။

၀ိညာဥ်ဘိုးဘေးလေးယောက်ထဲမှာ ရှုစန်းရှီရဲ့စွမ်းအားက အဆင့်လေးဆယ်ခုနှစ်ရှိပါတယ်။ ကျန်တဲ့သူတွေကတော့ ပိုဆိုးခဲ့တယ်။ နောက်ဆုံးမှာတော့ ၀မ်သုန့်တစ်ယောက်သာ ၀ိညာဥ်အကြီးအကဲဖြစ်နေခဲ့တာပါ။ ရှောင်းရှောင်းကတော့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ပါပဲ။ ဟို့ယွိဟောင်ကလဲ ၀ိညာဥ်မဟာပညာရှင်သက်သက်သာရှိနေခဲ့တယ်။ သူတို့မှာ အမွှာသိုင်းပညာ၀ိညာဥ်တွေရှိပေမဲ့ ကျင့်ကြံဆင့်တွေက အရမ်းကိုအားနည်းတာကြောင့် ဒီလိုထိပ်တန်းအဆင့်ပြိုင်ပွဲမျိုးမှာ ဘယ်လိုများစွမ်းဆောင်နိုင်မှာလဲ။

အပိုင်း ၁၀၇•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset