Switch Mode

Chapter – 106.1

အသက်မျက်လုံး

အပိုင်း ၁၀၆•၁

” အသက်မျက်လုံး ”
°°°
မျက်လုံးပိတ်သွားပြီတာနဲ့ လျှပ်စီးဧကရာဇ်ရဲ့ အရှိန်အ၀ါတွေကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။ မကြာခင်အချိန်မှာပဲ သူလောကကြီးတစ်ခုလုံး ချာချာလည်သွားသလို ဟို့ယွိဟောင်ခံစားလိုက်ရပါပြီ။ မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာကတော့ အိပ်ရာပေါ်ကို ပြန်ရောက်လာပါတော့တယ်။ ဒါကြောင့် ပထမဆုံးလုပ်တဲ့ကိစ္စကတော့ နဖူးကိုချက်ချင်းထိမိလိုက်လို့ပါပဲ။ သူ့ကိုအံ့အားသင့်သွားစေတဲ့အရာကတော့ နဖူးကချောမွေ့လို့နေခဲ့တယ်။ တတိယမျက်လုံးဘယ်ရောက်သွားပြီလဲ။

အစောပိုင်းတုန်းက ကြုံတွေ့လိုက်ရတဲ့ နာကျင်မှုတွေအားလုံးက မခံမရပ်နိုင်လွန်အောင် ရှည်လျားလွန်တာကြောင့် ဒါတွေကို အမှန်မှန်းသူသိတာပါ။ ဒါပေမယ့် ထင်ယောင်ထင်မှားတွေဖြစ်နေတာများလား။

ခေါင်းကိုဘယ်ညာခါရမ်းရင်းနဲ့ နောက်တစ်ကြိမ် အထဲကိုကြည့်လိုက်မိပါတယ်။ ဒါတွေကလုံး၀ကို ထင်ယောင်ထင်မှားပုံရိပ်ယောင်တွေ မဟုတ်ခဲ့ပါဘူး။ စိတ်၀ိညာဥ်စွမ်းအားတွေက အားကောင်းလွန်တာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းဆီကို သူမြင်နေခဲ့ရပါပြီ။ အထဲပဲကြည့်ကြည့် အပြင်ပဲကြည့်ကြည့် ဖြူစင်တောက်ပနေတဲ့ အလင်းတန်းတွေက ထူးဆန်းကောင်းကင်နည်းလမ်းနဲ့အတူ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတာကို မြင်လိုက်ရပါတော့တယ်။ သူ့ခန္ဓာကိုယ်ရဲ့ရှိရှိသမျှအသေးစိတ်နေရာတွေတိုင်းက ရွှေလိုအသက်ရဲ့ အစိတ်အပိုင်းတွေနဲ့ ပေါင်းစည်းလို့ထားပြီ သူ့ခန္ဓာကိုယ်ကလဲ ဆက်တိုက်စုပ်ယူလို့နေခဲ့ပါတယ်။

ဟို့ယွိဟောင် ထရပ်ရင်းနဲ့ အကြောဆန့်လိုက်ပါပြီ။ သူအံ့ဩစရာကောင်းလောက်အောင်ပဲ တွေ့လိုက်ရတဲ့အရာကတော့ သူ့ရဲ့အရိုးအဆစ်တစ်ခုချင်းဆီတိုင်းက အရမ်းကိုပျော့ပြောင်းနေတာပါပဲ။ ခေါင်းကိုလှည့်လိုက်ချိန်မှာကတော့ သူ့ရဲ့လည်ပင်းက တစ်ရာရှစ်ဆယ်ဒီဂရီနီးပါးလှည့်နေနိုင်တာကို ရှာတွေ့သွားရပါတယ်။ ညာဘက်ခြေထောက်ကို အနောက်ဖက်မြောက်လိုက်ချိန်မှာကလဲ သူ့ခေါင်းသူပြန်ထိဖို့အတွက် သိပ်ပြီအားမသုံးလိုက်ရပါဘူး။

သူ့ကိုပိုပြီးအံ့အားသင့်သွားစေတဲ့အရာကတော့ ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ လှည့်ပတ်မှုအရှိန်နှုန်းပါပဲ။ တရားထိုင်နေဖို့လဲ မလိုတော့သလို ဒီအတိုင်းအသက်ရှုရုံနဲ့ စွမ်းအားကသူ့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေခဲ့တာပါ။ အသက်ရှုသွင်းရှုထုတ်လိုက်တိုင်းမှာ စွမ်းအားကသူ့ခန္ဓာကိုယ်ထဲ လှည့်ပတ်နေခဲ့ပါတယ်။

ထူးဆန်းကောင်းကင်နည်းလမ်းက အလိုအလောက်လှည့်ပတ်လို့နေခဲ့ပြီသူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေက အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလို့နေပါတော့တယ်။ ၀ိညာဥ်စွမ်းအားကတော့ စက္ကန့်နဲ့အမျှ ပိုအားကောင်းလို့မြန်ဆန်နေခဲ့ပါပြီ။

ဟို့ယွိဟောင်လဲ အပြင်ဘက်နေရာကို လှမ်းကြည့်လိုက်မိပါတယ်။ ချက်ချင်းဆိုသလို သူ့ရဲ့စိတ်တစ်ခုလုံးလဲ ပျော်ရွှင်လို့သွားခဲ့ရတယ်။ သဘာ၀ထဲမှာ တစ်ကိုယ်လုံးနစ်မြုပ်သွားသလိုပါပဲ ဒီပစ္စည်းက တကယ်အင်အားကြီးလိုက်တာ ခန္ဓာကိုယ်တစ်ခုလုံးက သူ့စွမ်းအားအောက်မှာ နောက်ထပ်အဆင့်တစ်ခုကို မြင့်တက်သွားခဲ့ပါပြီ။ စိတ်၀ိညာဥ်ပင်လယ်ထဲကို တစ်ချက်အာရုံစိုက်မိလိုက်ပါတယ်။ အရင်မြင်ခဲ့တဲ့အရာတွေအားလုံးက ရှိနေဆဲပါပဲ။ ကြည်လင်နေတဲ့ ရေကန်အပြင် လှပတဲ့ပုလဲကလဲ အေးအေးဆေးဆေးရှိနေခဲ့တယ်။

ရေကန်ထဲမှာကတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီနှစ်ယောက်စလုံးလဲ ရှိနေဆဲပါ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကို လေ့လာနေကြပုံပါပဲ။ ကောင်းကင်ကိုကြည့်လိုက်ချိန်မှာတော့ ဟို့ယွိဟောင်လဲ သူ့ကိုကြည့်နေမှန်သတိထားမိပါတော့တယ်။

ဒီတစ်ကြိမ်မှာတော့ အင်အားကြီးသားရဲကောင်နှစ်ကောင်က ဖြူဖျော့ဖျော့အလင်းတန်းတွေနဲ့ တောက်ပနေတာပါ။ အထူးသဖြင့်ရွှေရောင်ဖျော့ဖျော့တောက်ပနေတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က စိတ်၀ိညာဥ်ပင်လယ်ထဲမှာ လွှင့်မျောနေတာပါပဲ။ သူ့ကိုယ်သူ၀ိညာဥ်စွမ်းအားတွေနဲ့ ပေါင်းစည်းရင်းအားဖြည့်နေပုံရပါတယ်။

ရေခဲဧကရီကတော့ ရေခဲအဖြူရောင်အလင်းတန်းတွေနဲ့ အစိမ်းရောင်အလင်းတန်းနှစ်ခုကိုရောနှောရင်း ထုတ်လွှတ်နေခဲ့ပါတယ်။ ဒီအလင်းတန်းတွေက ဟို့ယွိဟောင်နဲ့ သူမခန္ဓာကိုယ်မပေါင်းစည်းခင်ကထဲက အလင်းတန်းထက်အများကြီးဖျော့တော့လို့နေခဲ့တယ်။

သူတို့နှစ်ယောက်စလုံးက ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားကို တိုးမြင့်အောင်မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ သိုင်းပညာ၀ိညာဥ်တွေဖြစ်လာခဲ့ပြီတဲ့နောက် ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ ၀ိညာဥ်စွမ်းအားတွေက သူတို့အတွက် အင်အားတစ်ခုဖြစ်လာပါတော့တယ်။ လက်ရှိအချိန်မှာ ဒီလိုစွမ်းအားမြင့်တက်လာမှုက ဟို့ယွိဟောင်အတွက်တော့ မေးခွန်းထုတ်စရာမလိုတော့တဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် ဒီလိုအပြောင်းအလဲက ရှိရှိသမျှခန္ဓာကိုယ်စွမ်းအားနဲ့ ၀ိညာဥ်စက်ကွင်းတစ်ခုချင်းဆီတိုင်းရဲ့ အင်အားကိုမြင့်တင်ပေးပြီသားဖြစ်နေခဲ့ပါတော့တယ်။

ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးချရင်း ပတ်၀န်းကျင်ကို အနည်းငယ်ထောက်လှမ်းလိုက်ပါတယ်။ အဲ့ဒီနောက်မှသာ သူ့ရဲ့စုပ်ယူမှုကိုစတင်တော့တယ်။ ဒါပေမယ့် သူက အကြားအမြင်ရနေတဲ့သူတော့မဟုတ်ပါဘူး။ သူ့ရဲ့ကိုယ်ပိုင်အာရုံခံနိုင်စွမ်းတွေက သာမန်လူတွေထက် ပိုသာနေရုံသာရှိပါတယ်။ ရွှေလိုအသက်က ခန္ဓာကိုယ်ကိုအပြောင်းအလဲဖြစ်စေနိုင်ရုံပေမဲ့ အင်အားတွေကတော့ အများကြီးမတိုးတက်သေးပါဘူး။ သူ့ရဲ့အနာဂတ်အလားအလာကို ပိုကောင်းစေရုံသက်သက်ပါပဲ။

ဟို့ယွိဟောင်လဲ ရေချိုးခန်းထဲအမြန်ပြေး၀င်ရင်း သူတစ်ကိုယ်လုံးကို ရှင်းလင်းသုတ်သင်ပါတော့တယ်။ အဲ့ဒီနောက် အ၀တ်အစားအသန့်တွေကို လှဲလှယ်လိုက်ပါပြီ။ ဒီတစ်ကြိမ်မှာကတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားလဲ ရှင်းရှင်းလင်းလင်းမြင်ရပါတော့တယ်။ သူ့ကိုယ်သူမှန်ထဲမှာ ကြည့်ရင်းနဖူးတည့်တည့်မှာ တတိယမျက်လုံးရှိမရှိကိုသေချာအောင် လုပ်နေခဲ့တယ်။ အကယ်၍ အဲ့ဒီမျက်လုံးသာမတည်ရှိခဲ့ဘူးဆိုရင် ဒီလောက်တောင်ရှင်းရှင်းလင်းလင်းခံစားနေခဲ့မိတာလဲ။

နောက်ဆုံးမှာတော့ သိပ်ပြီအများကြီးမတွေးနေတော့ပဲ အိပ်ရာပေါ်ကိုပြန်လာပါတော့တယ်။ ထူးဆန်းကောင်းကင်နည်းလမ်းကို တရားထိုင်ရင်း စတင်လှည့်ပတ်ဖို့လုပ်နေခဲ့ပါပြီ။ မှိန်ဖျော့ဖျောခံစားချက်က သူ့အတွက် အသင့်တော်ဆုံး ကျင့်ကြံမှုဆိုတဲ့ ခံစားချက်ကို ပေးစွမ်းပါတော့တယ်။

၀မ်သုန့်ပြန်လာတာမြင်ချိန်မှာကတော့ နက်နက်ရှိုင်းရှိုင်းအာရုံစိုက်မှုအပြည့်နဲ့ တရားထိုင်နေတဲ့ဟို့ယွိဟောင်ပါပဲ။

သူ့ကိုကြည့်ရင်း၀မ်သုန့်လဲ အံ့ဩနေခဲ့မိပါတယ်။ ဟို့ယွိဟောင်က အပေါ်ယံမှာအပြောင်းအလဲသိပ်ဖြစ်သွားတဲ့ပုံမပေါ်ပေမဲ့ ၀မ်သုန့်ကတော့ သူ့သူငယ်ချင်းနဲ့ ပတ်သက်ပြီတစ်စုံတစ်ရာပြောင်းလဲသွားတာကို ခံစားနေမိခဲ့တယ်။ ဒါကအရှိန်အ၀ါပြောင်းလဲမှုလဲ ဖြစ်နိုင်ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ရုပ်ရည်သွင်ပြင်က သာမန်ရွက်ကြမ်းရေကြိုရုပ်ရည်ထက် အနည်းငယ်သာသာပေမဲ့ ရုတ်တရက်ဆိုသလို သစ်လွှင်တောက်ပပြီ ပြိုင်ဘက်ကင်းတဲ့ဆွဲဆောင်မှုတစ်ခုကို ပိုင်ဆိုင်ရရှိလိုက်သလိုပါပဲ။

ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် ခိုင်မာမှုတွေနဲ့အတူ လေးနက်တဲ့ပုံစံက လူငယ်တစ်ယောက်ရဲ့ တက်ကြွလှုပ်ရှားမှုတွေလဲ မပျောက်ကင်းခဲ့ပါဘူး။

” ဒီကောင်က အရမ်းကြိုးစားအားကြီးလွန်တယ်..သူ့ဘာသာသူတစ်ယောက်ထဲ လေ့ကျင့်နေမယ်ဆိုရင်တောင် ဆက်ပြီတိုးတက်နိုင်မှာပဲ အခုတော့တစ်ယောက်ထဲနဲ့တောင် နက်နက်ရှိုင်းရှိုင်းတရားထိုင်နေပြီ ”

အမွှာ၀ိညာဥ်ပညာရှင်တွေက လေ့ကျင့်တဲ့အချိန်မှာ ကိစ္စရပ်တစ်ခုကို အဓိကကြုံတွေ့ခဲ့ရပါတယ်။ ပုံမှန်တရားထိုင်တာနဲ့ လေးလေးနက်နက်တရားထိုင်တာပါပဲ။ ပုံမှန်တရားထိုင်မှုတွေက ပြင်ပလူတွေနှောင့်ယှက်တာကို ခံရနိုင်ပါတယ်။ ဒါကြောင့် ၀ိညာဥ်ပညာရှင်တွေက အလိုအလောက်နိုးထလို့လာပြီ ပြင်ပလှုပ်ရှားမှုတွေအားလုံးကို တုန့်ပြန်နိုင်ကြပါတယ်။ အကယ်၍ ပတ်၀န်းကျင်အပြောင်းအလဲမှာတစ်ခုခုကို အာရုံခံမိမယ်ဆိုရင်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ထိခိုက်မှုတစ်ခုခုဖြစ်လာနိုင်တာပဲဖြစ်ဖြစ် ချက်ချင်းဆိုသလို တုန့်ပြန်ကြတယ်။ ဒါကြောင့် ဒီလိုတရားထိုင်မှုမျိုးက ပေါ့ပါးတဲ့ကျင့်ကြံဆင့်လို့ပြောကြတာပါ။

၀မ်သုန့်နဲ့ဟို့ယွိဟောင်တို့ ဟောင်သုန့်စွမ်းအားကို ထိန်းချုပ်တဲ့အချိန်မှာ ဒီလိုအဆင့်မျိုးကို အဓိကသုံးပါတယ်။ နောက်ဆုံးတော့လဲ ဟောင်သုန့်စွမ်းအားကို ဆက်တိုက်ဆိုသလို လှည့်ပတ်နေရဖို့လိုအပ်တဲ့အတွက် သူတို့ရဲ့၀ိညာဥ်စွမ်းအားတွေကို စိတ်ရှိလက်ရှိလွတ်လွတ်လပ်လပ်လျှောက်မလုပ်ခိုင်းစေချင်ပါဘူး။

တခြားတစ်ဖက်မှာတော့ လေးနက်တဲ့တရားထိုင်မှုက အရာအားလုံးကို လျစ်လျူရှုမေ့ပျောက်ထားရင်း တစ်ယောက်ထဲသာရှိနေသလိုမျိုး ဖြစ်တည်စေတဲ့တရားထိုင်မှုလဲ ဖြစ်ပါတယ်။ တရားထိုင်တဲ့အသိစိတ်က သူ့ရဲ့လေ့ကျင့်မှုထဲမှာသာ နစ်မြုပ်လို့နေတာပါ။ ဒါ့အပြင် သူတစ်ကိုယ်လုံးကလဲ တားဆီးခံလိုက်ပြီဖြစ်သလို အပြင်လောကရဲ့အပြောင်းအလဲတွေကိုလဲ ဘာမှသိနိုင်တော့မှာမဟုတ်ပါဘူး။ အချိန်ကြလာမှသာ နိုးထလာရပါတော့မယ်။

၀ိညာဥ်ပညာရှင်တွေရဲ့ ၀ိညာဥ်စွမ်းအားကလဲ အလိုအလောက်လှည့်ပတ်လို့နေခဲ့ပြီ ဒီလိုအလေးအနက်တရားထိုင်မှုရဲ့အောက်မှာ ပုံမှန်တရားထိုင်မှုတွေထက် ပိုမြန်ဆန်တဲ့အရှိန်နှုန်းနဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ အဲ့ဒီ၀ိညာဥ်ပညာရှင်က ပိုပြီးအားကောင်းတဲ့စုပ်ယူမှုကို ကြုံတွေ့ရမှာဖြစ်သလို လေးနက်တဲ့တရားထိုင်မှုကြောင့် ခက်ခဲတဲ့ကိစ္စတွေအများကြီးကိုလဲ ရိုးရိုးရှင်းရှင်းနဲ့ဖြေးရှင်းနိုင်သွားမှာပါ။ ဒါကြောင့် ဒီလိုလေးနက်တဲ့တရားထိုင်ဖို့လုပ်ချိန်မှာ ၀ိညာဥ်ပညာရှင်တွေအနေနဲ့ အရင်ကထက်ပိုပြီးကြည်လင်သန့်စင်နေတာက လက်ခံနိုင်စရာပါပဲ။

ဘယ်၀ိညာဥ်ပညာရှင်မဆို သူ့အနေနဲ့ လေးနက်တဲ့တရားထိုင်မှုကို အဆင့်ကျော်တိုးတက်မဲ့အချိန်ကာလမှာ လုပ်နိုင်ဖို့မျှော်လင့်နေမှာပါ။ အကယ်၍ ၀ိညာဥ်ပညာရှင်တွေကသာ ကံကောင်းပြီ လုံလောက်တဲ့တရားထိုင်မှုကို ရှိခဲ့မယ်ဆိုရင် အောင်မြင်မှုရနိုင်ချေက ရှစ်ဆယ်ရာခိုင်နှုန်းရှိပါတယ်။

ဒါကြောင့်သာ ဒီိလိုမျိုးအဆင့်တက်တဲ့အချိန်မှာ လေးလေးနက်နက်တရားထိုင်မှုက အလိုအလောက်နားလည်သဘောပေါက်မှုနဲ့ လေးနက်တဲ့အသိပညာတွေကို ရရှိစေပါတယ်။ ဒီလိုလူတွေအကြောက်ဆုံးကတော့ အနှောင့်အယှက်ခံရမှာပဲ အကယ်၍ နှောင့်ယှက်ခံရမယ်ဆိုရင် ရူးသွပ်ပြီစိတ်ဖောက်လို့သွားနိုင်တဲ့ အန္တရာယ်ကြီးကိုလဲ ကြုံတွေ့ရနိုင်ပါတယ်။ ဒါက ခန္ဓာကိုယ်ကိုလဲ အများကြီး ထိခိုက်နိုင်စေခဲ့တယ်။

ပုံမှန်တရားထိုင်မှုနဲ့ လေးနက်တဲ့တရားထိုင်မှုကြား ကွာခြားချက်ကို အလွယ်တကူခွဲခြားလို့ရနိုင်နေပါပြီ။ ပုံမှန်တရားထိုင်မှုမှာတော့ ပြင်ပအခြေအနေမှာရော ပေါ်ထွက်လာမှုရုပ်သွင်ရော ပြောင်းလဲမှုမရှိပါဘူး။ ခန္ဓာကိုယ်ထဲမှာ ၀ိညာဥ်စွမ်းအားတည်ရှိမှုက ဒီအတိုင်းလှည့်ပတ်နေရုံသာဖြစ်မှာပါ။ နည်းစနစ်အသုံးပြုပုံပေါ်မူတည်ပြီ ပြင်ပကိုထွက်ပေါ်တဲ့အရှိန်အ၀ါကသာ အနည်းငယ်ကွာခြားပါလိမ့်မယ်။ ဒါပေမယ့် ဟောင်သုန့်စွမ်းအားကို လေ့ကျင့်နေတဲ့အချိန်မှာတော့ ဟို့ယွိဟောင်ကကော ၀မ်သုန့်ရောခန္ဓာကိုယ်နှစ်ခုစလုံးက ပုံမှန်တရားထိုင်မှုတွေထက် ပိုအားကောင်းတဲ့အရှိန်နှုန်းနဲ့ စွမ်းအားလှည့်ပတ်နိုင်ပါတယ်။

ကိုယ်ပိုင်အခြေအနေကို ကာကွယ်ဖို့လိုအပ်တာကြောင့် ၀ိညာဥ်ပညာရှင်တွေရဲ့၀ိညာဥ်စွမ်းအားက လေးနက်တဲ့တရားထိုင်မှုတွေမှာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့တည်ရှိနေပါတယ်။ ဒါ့အပြင် သူတို့ရဲ့အရှိန်အ၀ါတွေကိုလဲ ချက်ချင်းဆိုသလို ဖုံးအုပ်လိုက်တယ်။

ဟို့ယွိဟောင်က လက်ရှိအချိန်ဒီလိုအခြေအနေမျိုးမှာ အပြည့်အ၀ရှိနေခဲ့တာပါ။ အဖြူရောင်အလင်းတွေက သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ တလက်လက်တောက်ပလို့နေခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးကတော့ အလင်းတန်းတွေကြားမှာ တောက်ပနေတဲ့ကျောက်မျက်ရတနာတစ်ခုလိုပါပဲ။

တခြားသူတွေအနေနဲ့ ဒီလိုမျိုးလေးနက်တဲ့တရားထိုင်မှုကို မြင်ချိန်မှာမနာလိုဖြစ်ကြမှာအမှန်ပါ။ ဒါပေမယ့် ၀မ်သုန့်ကတော့ မတူညီပါဘူး။ ဟို့ယွိဟောင်အတွက် ၀မ်းသာမိပါတယ်။ အဲ့ဒီနောက် သူခုံတစ်လုံးကို ယူထိုင်လိုက်ရင်းသူ့သူငယ်ချင်းကို ကာကွယ်ဖို့ဆုံးဖြတ်လိုက်တော့တယ်။ ဟို့ယွိဟောင်ကို ဘယ်သူကမှ လာမနှောင့်ယှက်စေရပါဘူး။

သူတရားထိုင်ရာကနေနိုးလာပြီတဲ့နောက် ဟို့ယွိဟောင်တစ်ကိုယ်လုံးလဲ နွေးထွေးလို့နေခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့အစိမ်းရောင်အလင်းတန်းတွေကတော့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားကလဲ တော်တော်များများကို တိုးတက်လို့လာပါတော့တယ်။ သူကအစောပိုင်းအချိန်မှာတင် အဆင့်နှစ်ဆယ်ရှစ်ကိုရောက်ရှိတာပါ။ ဒါပေမယ့် အခုတော့နှစ်ဆယ်ကိုးကို ရောက်ဖို့သုံးပုံတစ်ပုံလောက်ဖြတ်ကျော်ခဲ့ပြီမှန်း သိနေခဲ့ပါတယ်။ ဟောင်သုန့်စွမ်းအားနဲ့ လေ့ကျင့်တာက သူ့ရဲ့နေ့စဥ်ဓူ၀ကိစ္စဖြစ်နေပါပြီ။ ဒါကြောင့် ဒီလိုမျိုးလေးလေးနက်နက်တရားထိုင်လိုက်တာက အများကြီးအကူအညီရသွားစေခဲ့ပါတယ်။

ဟောင်သုန့်စွမ်းအားကို ၀မ်သုန့်နဲ့အတူတူလေ့ကျင့်တဲ့အချိန်ကနေ ယှဥ်မယ်ဆိုရင် ဒီလိုတစ်ယောက်ထဲထိုင်ပြီလေ့ကျင့်မှုက အများကြီးပိုပြီးမြငိ့မားလို့နေခဲ့တယ်။ ဒါကလဲ ကံကောင်းပြီရလာတဲ့အခွင့်အရေးပါ။

ဟို့ယွိဟောင်လဲ အိပ်ရာပေါ်ကခုန်ထလိုက်ပါတယ်။ ငှက်မွှေးလေးတစ်ခုလိုပေါ့ပါးနေတယ်လို့ သူ့ကိုယ်သူခံစားလိုက်မိတယ်။ ဒီလိုသက်သောက်သက်သာဖြစ်မှုက သူ့အနေနဲ့လှပတယ်လို့ပြောတာထက်တောင် ပိုနိုင်တဲ့အရာပါပဲ။

ဒီအရာအားလုံးက ကွာခြားသွားသလို သူ့ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုကလဲ ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။ နောက်ဆုံးတော့ ဒီကြီးကျယ်မြင့်မြတ်မှုနဲ့ နီးစပ်နိုင်ပြီးလား ဟို့ယွိဟောင်လက်သီးကိုစုပ်ရင်းအပြင်ကိုကြည့်လိုက်ပါတယ်။ နေ့လည်နေခင်းဖြစ်နေပုံရပေမဲ့ သူ့ရဲ့စိတ်ထဲမှာကတော့ မီးလျှံတွေ တောက်ပနေခဲ့ပါပြီ။

” ၀မ်သုန့်ဘာလို့ပြန်မလာသေးတာလဲ ရေချိုးတာကြာလိုက်တာ ”

ဟို့ယွိဟောင်အနေနဲ့ သူတရားထိုင်တာသိပ်ကြာတယ်လို့ မထင်ပါဘူး။ ဒါကြောင့် မနက်တုန်းက ၀မ်သုန့်နဲ့အတူတူလေ့ကျင့်နေခဲ့တာကို မှတ်မိနေခဲ့ပါတယ်။ ၀မ်သုန့်က ရေသွားချိုးတဲ့အချိန် သူကလေ့ကျင့်နေခဲ့တာပါ ဒါဆိုရင်ပြန်ရောက်သင့်ပါပြီ။

ချက်ချင်းဆိုသလို ဒီအတွေးတွေးလိုက်ရင်း တံခါးကိုဆွဲလိုက်ပါတော့တယ်။ အပြင်ကနေ တစ်ယောက်ယောက်တိုး၀င်လာတာကို ရုတ်တရက်သူခံစားမိလိုက်ရတယ်။ အလန့်တကြားဖြစ်သွားတာကြောင့် နောက်ကိုချက်ချင်းခုန်လိုက်ပြီ သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်လိုက်ချိန်မှာတော့ ပါးစပ်အဟောင်းသားဖြစ်သွားရပါတော့တယ်။

” ဘန်း “‘

၀မ်သုန့်ကတော့ သူ့ရဲ့ခုံနဲ့အတူ နောက်ကိုလှန်းကြလာခဲ့ပါပြီ။ ဟို့ယွိဟောင်က သူ့ကိုချက်ချင်းဆိုသလိုသွားပြီ ထူးပါတော့တယ်။

” မင်းဘာတွေလုပ်နေတာလဲ ဘာဖြစ်လို့အပြင်မှာစောင့်နေတာလဲ ၀င်လာခဲ့လေ ”

တစ်ချိန်လုံးအပြင်မှာထိုင်နေခဲ့တဲ့ ၀မ်သုန့်ကတော့ တံခါးကိုမှီရင်းထိုင်နေခဲ့တာပါ။ သူက ငိုက်တောင်ငိုက်နေခဲ့ပါပြီ။ ဒါကြောင့် တံခါးပွင့်လာတဲ့အချိန်မှာ ၀မ်သုန့်က သူခုံနဲ့အတူ နောက်ပြန်ကျလာပါတော့တယ်။

” တကယ်ကျေးဇူးမသိတတ်လိုက်တဲ့ကောင် ငါက မင်းကိုကာကွယ်ပေးနေတာလေ မင်းကတော့ နိုးနိုးချင်ငါ့ကိုဇောင့်ထိုးကျအောင် လုပ်တယ်လား အကယ်၍ ငါသာဒီလိုကြောင့် ဒုက္ခတိဖြစ်သွားမယ်ဆိုရင် မင်းကငါကိုလာစောင့်ရှောက်ပေးမှာလား ”

” ငါတစ်သက်လုံးမင်းကို စောင့်ရှောက်လာတာမဟုတ်လား မင်းဘယ်တုန်းကများ ငါတို့အခန်းကို ရှင်းဖူးလို့လဲ ကြမ်းပြင်ကိုရောလှဲဖူးလား ဒါမှမဟုတ် ပြတင်းပေါက်တွေရော ဖုံသုတ်ဘူးလား မင်းဘာကိုများလုပ်ဖူးလို့လဲ မင်းရဲ့အ၀တ်ဗီရိုကိုတောင် ငါကိုယ်တိုင်ပဲရှင်းပေးရတာလေ နေ့တိုင်းနေ့တိုင်မင်းက လူမိုက်ခေါင်းဆောင်သူဌေးကြီးလိုမျိုး ပြုမှုနေပြီတော့ ”

” ငါ ”

၀မ်သုန့် ပြန်ပြောချင်ပေမဲ့ သင့်တော်တဲ့ငြင်းဆိုစကားကို ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် သူစိတ်တိုတိုနဲ့အော်ပါတော့တယ်။

” မင်းမဟုတ်တရမ်းတာတွေ စွပ်စွဲပြီ အာကျယ်မနေနဲ့ ဒီတစ်ကြိမ်တော့ ငါမင်းကိုအလွှတ်ပေးလိုက်မယ်…ကောင်းကောင်းလေ့ကျင့်လိုက်လို့ အချိန်ကောင်းရသွားတဲ့ပုံပဲ ငါတင်ပါးကြီးကတော့ အခုထိုင်ရလွန်လို့ ကွဲတောင်ထွက်ချင်နေပြီ ”

ဟို့ယွိဟောင်က ချက်ချင်းဆိုသလို လက်လှမ်းလိုက်ရင်း ပြောလိုက်ပါတော့တယ်။

” ဒါဆိုရင်လဲ နှိမ့်ပေးရအောင် ”

၀မ်သုန့်က ငယ်ရွယ်တဲ့သူဖြစ်ပေမဲ့ သူတင်ပါးတွေကတော့ အတော်ကို လုံးလုံး၀ိုင်း၀ိုင်းနဲ့ တောင့်တင်းလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်က အနည်းငယ်နှိမ့်နယ်​ပေးပြီတဲ့နောက် ဒီလက်တွေရဲ့အထိအတွေ့က အတော်ကောင်းတာကို ခံစားလိုက်မိတော့တယ်။ ဟို့ယွိဟောင်က အတော်ကို မြန်ဆန်ပါတယ်။ သူ့စကားဆုံးပြီ လက်ရောက်သွားပြီတဲ့နောက် မကြာခင်မှာပဲ ၀မ်သုန့်တစ်ကိုယ်လုံးက တောင့်တင်းလို့သွားပါတော့တယ်။

ဟို့ယွိဟောင်က နောက်ထပ် နည်းနည်းပါးပါး နှိမ့်နယ်ပြီတဲ့နောက် တစ်စုံတစ်ရာလွဲနေတာကို သတိထားမိပါပြီ။ ၀မ်သုန့်ကို လှမ်းကြည့်လိုက်ချိန်မှာတော့ ၀မ်သုန့်ကသူ့ကိုမျက်စောင်းကြီးထိုးပြီ စိုက်ကြည့်လို့နေခဲ့ပါတယ်။ သူ့ရဲ့မျက်နှာတစ်ခုလုံးကတော့ မဲမှောင်လို့နေခဲ့ပြီ မျက်လုံးတွေကလဲ မီးတွေတောက်နေသလိုပါပဲ။

” တော်တော်လေး နေလို့ကောင်းနေလို့လား ”

အေးစက်တဲ့အသံက သူ့သွားကြားကနေ ထွက်ပေါ်လာခဲ့ပါတယ်။

” အဲ့ဒီလောက်ကြီးလဲ မဆိုးလှပါဘူး ”

ဟို့ယွိဟောင်က သတိလက်လွှတ်နဲ့ ပြန်ဖြေလိုက်မိပါပြီ။

” သွားသေလိုက်တော့ ”

၀မ်သုန့်က သူ့ရဲ့ဘယ်ဘက်ခြေထောက်ကိုမြောက်ရင်း ဟို့ယွိဟောင်ရဲ့နဖူးကိုတည့်တည့်ကန်ထုတ်လိုက်ပါတော့တယ်။

ဟို့ယွိဟောင်က ခေါင်းကိုအနောက်ဆုတ်ရင်း ကန်ချက်ကို ရှောင်ရှားလိုက်ပါပြီ။

ဒါပေမယ့် ၀မ်သုန့်ရဲ့ခန္ဓာကိုယ်က အရမ်းကို ကျုံ့အားဆန့်အားကောင်းနေခဲ့တယ်။ သူ့ရဲ့ညာခြေထောက်က ခန္ဓာကိုယ်ကို အထောက်အပံ့ပြုလို့ထားခဲ့ရင်း စတင်ပြီ လေ၀ဲတစ်ခုလိုလှည့်ပတ်ပါတော့တယ်။ ဘယ်ဘက်ခြေထောက်က ဟို့ယွိဟောင်ခန္ဓာကိုယ်ပေါ်ကို နောက်တစ်ကြိမ် ထပ်ပြီဖြတ်သွားခဲ့ပါပြီ။

ဟို့ယွိဟောင်ကတော့ ဘယ်ညာဆက်တိုက်ဆိုသလို ရှောင်ရှားရင်းမျက်လုံးကိုတောင် မသုံးပဲ၀မ်သုန့်ကန်သမျှအားလုံးကို ဆက်တိုက်ဆိုသလို လိမ့်ရှောင်နေခဲ့ရပါတယ်။

၀မ်သုန့်ရဲ့ လှည့်ပတ်နေတဲ့ဘယ်ဘက်ခြေထောက်ကတော့ မကြာခင်မှာလေထဲရပ်သွားခဲ့ပြီ အောက်ဖက်ကိုဆင်းလာရင်း ဟို့ယွိဟောင်ရဲ့ဗိုက်ကိုကန်တော့တယ်။ ဟို့ယွိဟောင်ကတော့ လေထဲမှာတစ်ပတ်ဂျွန်းပြစ်လိုက်ပြီတဲ့နောက် သူ့ညာဘက်ခြေထောက်ကို အပေါ်ထောင်ထားရင်း ဒူးကို၀မ်သုန့်ဘယ်ဘက်ခြေသလုံးပေါ်ဖိကာ လှုပ်ရှားမှုတွေအားလုံးကို ရပ်တန့်လိုက်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့ညာဘက်ခြေထောက်က တစ်ပတ်ပြန်လှယ်သွားခဲ့ပြီ အောက်ပြန်ကျလာကာ ၀မ်သုန့်ရဲ့ညာဘက်ခြေထောက်ကို ကြာပွတ်တစ်ခုအတိုင်း သွားပြီရစ်ပတ်တော့တယ်။ အဲ့ဒီနောက် လက်နှစ်ဖက်နဲ့ မြေပြင်ကိုထောက်ထားခဲ့ရင်း အနောက်ဖက်ကို ပြန်ဆွဲလိုက်ပါတော့တယ်။ နှစ်ယောက်စလုံးကတော့ ခြေထောက်တွေချိတ်ထားရင်း ဇောင့်ထိုးကျကုန်ကြပါပြီ။

၀မ်သုန့်အနေနဲ့ ဟို့ယွိဟောင် ဒီလောက်တောင် အပြောင်းအလဲမြန်မြန်လုပ်နိုင်မယ်လို့ မမျှော်လင့်ထားတာအမှန်ပါ။ ဟို့ယွိဟောင်ကို အထိတ်တလန့်ကြည့်နေရင်း ပြောလာခဲ့ပါတယ်။

” ဘယ်တုန်းက မင်းဒီလောက်မြန်ပြီ ခန္ဓာကိုယ်ပျော့ပြောင်းသွားရတာလဲ ”

” ငါကတစ်ကိုယ်လုံး အမြဲပျော့နေတာလေ ”

ဟို့ယွိဟောင်က ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ ပြောလာခဲ့ပါတယ်။

” ပြီးတော့ လူကြီးလူကောင်းတွေဆိုတာက စကားနဲ့ပဲစစ်ထိုးတယ်…လက်သီးနဲ့စစ်မထိုးဘူး ”

အပိုင်း ၁၀၆•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset